← Chapters

အခန်း (၄၁၁-၄၁၅)

Vol. 28 Ch. 411-415

အခန်း (၄၁၁-၄၁၅)

Vol. 28 Ch. 411-415

အခန်း ၄၁၁

ဒါရှေးဟောင်းဂူသင်္ချိင်းမဟုတ်ဘူးလား?

“ကျွန်မအလောင်းပုပ်နံ့ရတယ်။ အဲ့ဒီဘက်ကိုသွားကြည့်ကြည့်ရအောင်!” ကုနင်းပြောလိုက်သည်။

“ဘာ?အလောင်းဟုတ်လား?” ထိုနေရာတွင် တစ်စုံတစ်ယောက်သေနေမှန်း ကြားလိုက်ရ၍ အားလုံးအံ့အားသင့်သွားကြပေမည့် အရင်တုန်းကလဲ လူသေအလောင်းများကို သူတို့မြင်ဖူးထားကြပြီးဖြစ်၍ ဘယ်သူမှမကြောက်သွားကြပေ။

ထို့နောက် လီမြောင်စုန့်တို့လဲ ကုနင်းနောက်ကလိုက်သွားလိုက်ကြသည်။

သူတို့ အလောင်းရှေ့သို့ရောက်သွားကာ မျက်နှာကိုမြင်လိုက်ရချိန်တွင်တော့ လီမြောင်စုန့်တို့အဖွဲ့အလွန်အံ့ဩသွားကြကာ၊

“ကျောက်လောင်အာ့!”

“ဘာလို့ ကျောက်လောင်အာ့က ဒီမှာသေနေရတာလဲ?”

“ဒီနားမှာ တကယ်ပဲရှေးဟောင်းဂူသင်္ချိုင်းရှိနေတာလား? သူ့ကိုကော သူ့အဖော်တွေကသတ်လိုက်တာလား?”

ကျောက်လောင်အာ့သည်လဲ သင်္ချိုင်းဖောက်ထွင်းရေးသမားတစ်ယောက်ဖြစ်ပြီး သတင်းများကြားပြီးသည်နှင့် ရှေးဟောင်းဂူသင်္ချိုင်းကိုရှာဖွေရန်အတွက် ဤနေရာသို့လာခဲ့ခြင်းဖြစ်ရပေမည်။

“သူ့အလောင်းနားမှာရှာကြည့်ကြရအောင်၊” ကုနင်းပြောလိုက်သည်။ အနက်ရောင်တွင်းကြီးကို သူမရှာတွေ့ထားပြီးသားဖြစ်သော်လည်း လီမြောင်စုန့်တို့သံသယမဝင်စေရန်အတွက် ဒီအတိုင်းထုတ်ပြောလိုက်၍မဖြစ်ပေ။

ကုနင်း၏စကားကိုကြားတော့မှ သူတို့အားလုံးချက်ချင်းပင် စတင်ရှာဖွေကြကာ ကုနင်းသည်တော့ အနက်ရောင်တွင်းထဲတွင် ဘာရှိလဲဆိုသည်ကို သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့် စစ်ဆေးနေခဲ့သည်။

ထိုအနက်ရောင်တွင်းပေါက်သည် အောက်ဘက်တွင်၃မီတာခန့်ကျယ်ကာ အဝင်ပေါက်တွင်တော့ ကျောက်တုံးကြီးတစ်တုံးဖြင့်ပိတ်ဆို့ထားလေသည်။ ပုံမှန်လူများဆိုလျှင်တော့ ထိုတွင်းတွင် ပုံမှန်မဟုတ်သည့်အကြောင်းတစ်စုံတစ်ရာကို ရှာတွေ့ကြလိမ့်မည်မဟုတ်ပေ။

ဝင်ပေါက်ကနေဆက်ပြီး ၁၀မီတာကျော်ရှည်လျားနေသေးသောပြီး ဘုရားကျောင်းအောက်ခြေသို့ပင်ရောက်လုနီးပါးပင်။ အဆုံးတွင်တော့ စတုရန်း၅မီတာကျယ်သည့်အခန်းတစ်ခုရှိကာ တခြားဘာပစ္စည်းမှတော့ ရှိမနေပေ။

အထဲမှရှိသည့်ပစ္စည်းအားလုံးကို အခြားသော သင်္ချိုင်းဖောက်ထွင်းသူများယူသွားလောက်ပြီဖြစ်သောကြောင့် ဘာမှမကျန်ခဲ့ခြင်းဖြစ်နိုင်သည်။ သို့ပေမည့် ထိုအခန်းမှနေပြီး အခြားမြေအောက်လှိုဏ်ခေါင်းတစ်ခုပင်ရှိမနေပေ။ ဒါသာမာန်ဂူတစ်ခုပဲလား? သို့သော်လည်း သာမာန်ဂူတစ်ခုသာဖြစ်လျှင်တောင်မှ အခေါင်းတစ်လုံးလောက်တော့ရှိသင့်ပေသည်။ သင်္ချိုင်းဖောက်ထွင်းရေးသမားများကတော့ အခေါင်းကိုခိုးလိမ့်မည်မဟုတ်ပေ။

ကုနင်းကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ အသေအချာထပ်ကြည့်လိုက်သော်လည်း ထိုအခန်းငယ်တွင်တစ်စုံတစ်ရာမှားယွင်းနေသည့်ပုံစံမျိုးမတွေ့ရပေ။ ထိုအခန်း၏ဘေးကပ်ရပ်တွင်တော့ နောက်ထပ်အခန်းတစ်ခုရှိနေကာ နံရံမှာလဲ ၁မီတာသာထူလေသည်။

နောက်အခန်းသည်လဲ ဘာမှမရှိဘဲ အလွတ်ဖြစ်နေသော်လည်း ထိုအခန်းနှင့်ဆက်ရက်တွင်လှိုဏ်ခေါင်းတစ်ခုရှိနေသည်ကို ကုနင်းတွေ့လိုက်ရလေသည်။ ပုံစံအရ ပထမအခန်းသည် အကာအကွယ်မျှသာဖြစ်ပြီး ဤနေရာသို့လာခဲ့သည့် သင်္ချိုင်းဖောက်ထွင်းရေးသမားများသည်လဲ ထိုနံရံနောက်တွင်နောက်ထပ်အခန်းတစ်ခုရှိနေသည်ကို မသိနိုင်ကြပေ။

အခြားဘယ်သူမှမကြည့်နေသည့်အချိန်တွင် ကုနင်း တွင်းအားဖုံးထားသည့်ကျောက်တုံးကြီးအား ဖယ်ရှားလိုက်ကာ တွင်း၏တစ်စိတ်တစ်ပိုင်းကိုသာမြင်စေလိုက်ပြီး၊

“အိုး၊ဒီမှာကြည့်! တွင်းတစ်တွင်းရှိနေတယ်!” ကုနင်းအခုမှပဲစရှာတွေ့သည့်ပုံစံဖြင့်ပြောလိုက်သည်။

လီမြောင်စုန့်တို့အဖွဲ့လဲ ချက်ချင်းအပြေးသွားလိုက်ကာ ထိုကျောက်တုံးကိုအဆုံးထိဖယ်လိုက်ကြပြီး ဓါတ်မီးများဖြင့် တွင်းထဲသို့ထိုးကြည့်လိုက်ကြသည်။

“ဒါဂူသင်္ချိုင်းဝင်ပေါက်ပဲ။” လီမြောင်စုန့်ကပြောလိုက်သည်။

“ကျွန်မအရင်ဆုံးဝင်ကြည့်လိုက်မယ်။ ရှင်တို့ကျွန်မနောက်ကနေမှလိုက်ခဲ့ကြပေါ့။” ကုနင်းပြောလိုက်ပြီးသည်နှင့် တွင်းထဲသို့တွယ်ဆင်းသွားတော့သည်။ လူတိုင်းကလဲ ကုနင်း၏ဆုံးဖြတ်ချက်ကိုသဘောတူကြသည်။ ကုနင်းက အဖွဲ့ကိုဦးဆောင်ခြင်းဖြင့် တစ်စုံတစ်ခုဆိုးရွားတာဖြစ်လာလျှင် သူတို့ကို သူမကာကွယ်ပေးနိုင်လေသည်။ ကုနင်းကလဲ ထိုသို့ကာကွယ်ပေးပါမည်ဟု ကတိပေးထားပြီးဖြစ်လေသည်။ သူတို့အားလုံးတွင်းထဲသို့ဆင်းလာကြချိန်တွင်တော့ ကုနင်း နောက်ဆုံးဝင်လာသည့်လူအား အခြားလူများ ဝင်ပေါက်ကိုမမြင်စေရန်အတွက် ကျောက်တုံးဖြင့်ပြန်ပိတ်ခိုင်းလိုက်သည်။

တွင်းပေါက်သည် အောက်ခြေသို့ရောက်အောင် ၁မီတာသာနက်သောကြောင့် ခနလေးအတွင်းမှာပဲ သူတို့အားလုံး ဂူထဲသို့ရောက်လာကြတော့သည်။

ကုနင်း သူမ၏ညလင်းပုလဲအားထုတ်ယူလိုက်သည်နှင့် အနက်ရောင်တွင်းမှာ ခနချင်းပင် ထွန်းလင်းသွားတော့သည်။ လီမြောင်စုန့်တို့အဖွဲ့၏ဓါတ်မီးများသည်တော့ ညလင်းပုလဲကြောင့် အသုံးမဝင်ကြတော့ပေ။

ကုနင်း၏ညလင်းပုလဲကိုထပ်မြင်လိုက်ရသည်နှင့် လီမြောင်စုန့်တို့ ထပ်ပြီးသဘောကျသွားကြပြန်သည်။ သို့သော်လည်း ခိုးယူဖို့ရန်တော့ ရည်ရွယ်ချက်မရှိကြပေ။

ရာနှုန်းပြည့်ကောင်းသည့်လူလဲမရှိသလို ရာနှုန်းပြည့်ဆိုးသွမ်းသည့်လူလဲမရှိပေ။ သူတို့အခုလို သင်္ချိုင်းဖောက်ထွင်းခြင်းက တရားမဝင်လုပ်ရပ်ဖြစ်သောကြောင့် သူတို့သည်မကောင်းသည့်လူများဟု ညွှန်ပြနေသော်လည်း သူတို့သည် အခြားလူများအားမသတ်ဖြတ်သလို ဘယ်လိုကျေးဇူးသိတတ်ရမည်ဆိုသည်ကိုလဲ နားလည်သဘောပေါက်ကြ၍ အတိုင်းအတာတစ်ခုအထိတော့ ကောင်းသည့်လူများဟုဆိုနိုင်ပေသည်။

သူတို့အားလုံး အခန်းငယ်ထဲတွင်လျှောက်ပတ်ကြည့်နေပေမည့် လှိုဏ်ခေါင်းတစ်ခုပင်မတွေ့ရပေ။

“ဒါက…”

“လှိုဏ်ခေါင်းတစ်ခုတောင်မရှိဘူးလား?”

“ဒါဂူသင်္ချိုင်းမဟုတ်ဘူးလား?” လီမြောင်စုန့်တို့အဖွဲ့မှာ စိတ်ပျက်သွားကြရသည်။

ကုနင်း ဒုတိယအခန်းသို့ကျောက်စိမ်းမျက်ဝန်းဖြင့်ကြည့်လိုက်ချိန်တွင် ဘာအန္တရာယ်မှရှိမနေသည်ကိုတွေ့ရသောကြောင့် လီမြောင်စုန့်တို့အဖွဲ့ဘက်ကိုလှည့်လိုက်ကာ၊

“ရှင်တို့ ကျွန်မကိုယုံလား? ကျွန်မမှာအကြံတစ်ခုရှိတယ်။”

သူတို့အားလုံးရုတ်တရက်ကြောင်အသွားကြပေမည့် ကုနင်းက ဒီဂူသင်္ချိုင်းအကြောင်းပြောနေခြင်းမှန်း သိလိုက်ကြသည်။ ကုနင်းဘာကိုပဲလုပ်ပါစေ သူတို့သေချာပေါက် သူမ၏ဦးဆောင်မှုနောက်ကိုလိုက်ကြပေမည်။

“မိန်းကလေးကု၊ မင်းနောက်ထပ်ဘာပဲဆက်လုပ်လုပ် ငါတော့မင်းရဲ့ဦးဆောင်မှုနောက်ကိုလိုက်မယ်။” လီမြောင်စုန့်ကစဖြေလိုက်သည်။ ယခုအချိန်တွင် ကုနင်းကို သူတို့အဖွဲ့၏ခေါင်းဆောင်အဖြစ်သတ်မှတ်ထားပြီဖြစ်သောကြောင့် မကောင်းသည့်ကိစ္စဖြစ်နိုင်လျှင်ပင် သူမ၏ဦးဆောင်မှုနောက်ကိုလိုက်ကြမည်ဖြစ်သည်။

“ငါတို့လဲအတူတူပဲ!” ကျန်လူများကလဲ တစ်ပြိုင်နက်ပြန်ဖြေလိုက်ကြသည်။

“အဲ့လိုဆိုကောင်းတာပေါ့။” ကုနင်းကျေနပ်သွားကာ သူတို့ရှေ့မှနံရံအားညွှန်ပြလိုက်ပြီး၊

“ဒီနံရံကိုဖြိုလိုက်ပါ။”

“ဟုတ်ပြီ။” ဘာကြောင့်ဖြိုခိုင်းသည်လဲ ဆိုသည်အား ဘယ်သူမှမမေးကြဘဲ ချက်ချင်းပင် အလုပ်စကြတော့သည်။ နံရံကိုဖြိုဖို့ရန်အတွက် အမျိုးသားလေးဦးသည် အပိုင်းနှစ်ပိုင်းခွဲကာတာဝန်ယူလိုက်ကြသည်။

တစ်ချိန်တည်းတွင်ပဲ လင်ရှောင်းထင်သည်လဲ အလုပ်အားသွားသောကြောင့် ကုနင်းကိုဖုန်းဆက်လိုက်ပေမည့် ဖြေကြားသူမရှိပေ။

ထို့ကြောင့် ကုနင်းရှေးဟောင်းဂူသင်္ချိုင်းရှာဖို့သွားလောက်ပြီဖြစ်ကြောင်း လင်ရှောင်းထင်တွေးမိသွားကာ စိုးရိမ်သွားရတော့သည်။ သို့ပေမည့် သူလုပ်နိုင်တာဆိုလို့ ကုနင်း သူ့ကိုပြန်ဆက်သွယ်လာသည်အားပြန်ဆက်သွယ်လာသည်ကိုစောင့်ရန်သာရှိလေသည်။

နာရီဝက်ကြာသည့်နောက်တွင်တော့ ၁မီတာထူသည့်နံရံဖြိုနိုင်ခဲ့သည်။ လီမြောင်စုန့်တို့အဖွဲ့သည်တော့ ထိုနံရံ၏နောက်တွင် နောက်ထပ်အခန်းတစ်ခန်းရှိနေသည်ကိုမြင်လိုက်ရပြီး အလွန်အံ့အားသင့်သွားကြတော့သည်။ ကုနင်း ကံကောင်းသွားခြင်းသာဖြစ်မည်ဟု သူတို့မယုံကြည်နိုင်ကြသော်လည်း အခုချိန်က မေးခွန်းများမေးနေဖို့ရန် အချိန်ကောင်းမဟုတ်သည်ကိုတော့ သိကြလေသည်။ ကုနင်းကသာ သူမ၏ကံကောင်းမှုနှင့် အာရုံခံစားမှုကြောင့် ပြောလိုက်ခြင်းဟုပြောလာလျှင်လဲ ထိုသို့သာမှတ်ယူရပေမည်။

သို့ပေမည့် သူတို့ဖြိုနိုင်ခဲ့သည့် အပေါက်အရွယ်အစားမှာ လူတစ်ယောက်ဝင်ဆံ့ဖို့ရန်ပင်အလွန်သေးသောကြောင့် လီမြောင်စုန့်နှင့် ကျောက်ကျန်းချွမ်က ဆက်ပြီး ဝင်ပေါက်ကြီးလာစေရန် ဆက်ဖြိုကြတော့သည်။

နောက်ထပ်နာရီဝက်အကြာတွင်တော့ လူတစ်ယောက်လေးဘက်ထောက်ဝင်ဖို့ရန်အထိ ကျယ်ဝန်းသည့်အပေါက်တစ်ခုရရှိသွားခဲ့သည်။

သူတို့အတွက် ဝင်လို့ရသည့်ပမာဏသာလိုအပ်ပြီး အရမ်းအကြီးကြီးတူးနေရန်မလိုအပ်ပေ။

ယခုအချိန်ကတော့ ကုနင်းရှေ့ဆုံးမှနေကာ စတင်လှုပ်ရှားရတော့မည့်အချိန်ပင်။

အချိန်ခနကြာပြီးသည်နှင့် သူတို့အားလုံး တစ်ဖက်အခန်းသို့ရောက်သွားကြသည်။ ထိုအခန်းသည်က အချိန်ကြာမြင့်စွာပိတ်ဆို့ထားခြင်းကြောင့် စိုထိုင်းကာအေးစက်လို့နေပေမည့် အရင်ရှေးဟောင်းဂူတုန်းကကဲ့သို့ အပုပ်နံ့များတော့မရပေ။

ထိုဒုတိယအခန်းသည်လဲ အလွတ်သာဖြစပေမည့် နှစ်ဖက်စလုံးတွင် လှိုဏ်ခေါင်းများရှိနေလေသည်။ ထိုလှိုဏ်ခေါင်းနှစ်ခု၏အဆုံးတွင် တံခါးပေါက်နှင့် တတိယမြောက်အခန်းရှိပေမည်။

“ဘယ်လှိုဏ်ခေါင်းက နောက်အခန်းကိုဆက်ထားမလဲဆိုတာကြည့်ရအောင်။” လီမြောင်စုန့်ကပြောလိုက်ရင်း ညာဘက်လှိုဏ်ခေါင်းသို့သွားလိုက်ကာ စွန်းချောင်သည်တော့ ဘယ်ဘက်လှိုဏ်ခေါင်းသို့သွားလိုက်သည်။

ကုနင်းသည်တော့ ကျောက်စိမ်းမျက်ဝန်းဖြင့်သာကြည့်လိုက်သောကြောင့် ဘယ်ဘက်တွင်က တံခါးပေါက်ရှိပြီး ညာဘက်တွင်က တတိယအခန်းရှိကြောင်းသိလိုက်သည်။ သို့သော်လည်း ထိုအကြောင်းကိုတော့ဖြင့် ထုတ်မပြောတော့ပေ။

ဤဂူသင်္ချိုင်းတွင် အခန်းသုံးခန်းရှိကာ သူတို့လဲ ဒုတိယအခန်းကိုဖြတ်ပြီး တတိယအခန်းသို့ ဆက်လက်ချီတက်လာခဲ့ကြသည်။

“ညာဘက်လမ်းကိုသွားကြတာပေါ့။”

မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ သူတို့ကျောက်တံခါးတစ်ချပ်ကိုတွေ့လိုက်ရကာ၊

“ဖွင့်ကြည့်လိုက်!”

“အင်း၊” လီမြောင်စုန့်က ကျောက်တံခါးကိုတွန်းကြည့်လိုက်ပေမည့် မမျှော်လင့်ထားစွာပဲ ထိုတံခါးမှာအလွန်လေးလွန်းသောကြောင့် လုံးဝမရွေ့သွားခဲ့ပေ။

“ကျွန်မလုပ်ကြည့်လိုက်မယ်။” ကုနင်းရှေ့သို့လျှောက်လာကာ လီမြောင်စုန့်နားသို့သွားလိုက်သည်။

ကုနင်း ပုံမှန်အားဖြင့်သာ တံခါးကိုတွန်းကြည့်လိုက်ပေမည့် မရွေ့သွားခဲ့ပေ။ ထို့ကြောင့် ကုနင်း သူမ၏စွမ်းအားများကိုအသုံးပြုပြီး ခွန်အားကိုတိုးပွားအောင်ပြုလုပ်လိုက်ပေသည်။

***

အခန်း ၄၁၂

မင်္ဂလာသရဖူ

အသံတချို့ထွက်လာကာ ကျောက်တံခါးသည်လဲ စတင်ရွေ့သွားသောကြောင့် လီမြောင်စုန့်တို့အဖွဲ့ အလွန်အံ့ဩသွားကြတော့သည်! ကုနင်းက အရမ်းကိုသန်မာတာပဲ! ကုနင်းဆက်ပြီး ကျောက်တံခါးကိုတွန်းဖွင့်လိုက်သည်။ အခြားလူများထပ်မံမထိတ်လန့်စေရန်အတွက် သူမအမြန်တွန်းမဖွင့်ပဲ ဖြည်းဖြည်းချင်းသာအားစိုက်တွန်းနေသလို ဟန်ဆောင်လိုက်သည်။ တံခါးအဆုံးထိပွင့်သွားချိန်တွင်တော့ ကုနင်းတို့အားလုံးအထဲသို့ဝင်လာခဲ့လိုက်ကြသည်။

တတိယမြောက်အခန်းသည် ၁၀မီတာကျယ်ဝန်းသော်လည်း ထိုအခန်းသည်အလဲအလွတ်သာဖြစ်သည်။ ထိုအခန်း၏အရှေ့ဘက်၊ ဘေးဘယ်ညာတွင်တော့ ဥမင်လှိုဏ်ခေါင်းသုံးခုရှိနေသေးသည်။

“ဘယ်လှိုဏ်ခေါင်းထဲကိုအရင်သွားသင့်လဲ?” ကျောက်ကျန်းချွမ်ကမေးလိုက်သည်။

ကုနင်းကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ကြည့်လိုက်ချိန်တွင်တော့ ဤဂူသင်္ချိုင်းသည် ရှုပ်ထွေးသည့်ဝင်္ကပါတစ်ခုပုံစံမျိုးဖြစ်နေကြောင်း မြင်လိုက်ရသည်။ အခြားလူများသည်တော့ ဤဂူသင်္ချိုင်းထဲတွင် အလွယ်တကူလမ်းပျောက်သွားနိုင်သလို တစ်နေရာတည်းတွင်ပဲ အချိန်ကြာမြင့်စွာ ထပ်ခါထပ်ခါလှည့်ပတ်နေမိနိုင်ပေသည်။ သာမာန်လူများအတွက် အဓိကမြေအောက်ခန်းကိုရှာတွေ့ရန်မှာ ခက်ခဲလှသော်လည်း ကုနင်းအတွက်ကတော့ဖြင့် တစ်ချက်လောက်ကြည့်လိုက်ရုံဖြင့်ကို အဓိကမြေအောက်ခန်းကိုတွေ့နိုင်ခဲ့ပေသည်။ သို့ပေမည့် ထိုအခန်းသို့ရောက်ရန်အတွက် သူတို့နောက်ထပ်ထူထဲသည့်ရွှံ့နံရံတစ်ချပ်ကို ဖြိုချရန်လိုအပ်ပေသေးသည်။

“ကျွန်မနောက်ကလိုက်ခဲ့ကြ။” ကုနင်းပြောလိုက်ကာ ညာဘက်လှိုဏ်ခေါင်းသို့လျှောက်သွားလိုက်သည်။

သူတို့အားလုံး နာရီဝက်ကြာ ဟိုဟိုဒီဒီပတ်လျှောက်ပြီးသွားချိန်တွင်တော့ အားလုံးရပ်လိုက်ကြကာ ကုနင်းက၊

“ဒီမှာပဲ၊ ရွှံ့နံရံကိုဖြိုလိုက်ပါ။”

ပြီးခဲ့သည့်တစ်ခေါက်နံရံတူးထားသည့်အတွေ့အကြုံအရ ကုနင်း၏ဆုံးဖြတ်ချက်ကို လီမြောင်စုန့်တို့သံသယမဝင်ကြတော့ဘဲ ချက်ချင်းပင် ကိရိယာများကိုထုတ်ကာ စတင်တူးထုတ်ကြတော့သည်။ နာရီဝက်အတွင်းတွင်ပဲ ၁မီတာထူသည့်ရွှံ့နံရံကို ဖောက်နိုင်သွားခဲ့သည်။ ထိုရွှံ့နံရံ၏တစ်ဖက်တွင်တော့ ကျောက်တံခါးတစ်ခုရှိနေကာ အဓိကမြေအောက်ခန်းအတွက် ဝင်ပေါက်ပင်ဖြစ်သည်။

အဓိကမြေအောက်ခန်းမကို ကျောက်တံခါးတစ်ချပ်အပြင် ရွှံ့နံရံဖြင့်ပါ ကာရံထားခြင်းဖြစ်သည်။ ကုနင်းပါလာခြင်းကြောင့်သာမဟုတ်လျှင် လီမြောင်စုန့်တို့ဘယ်တော့မှ ထိုအဓိကမြေအောက်ခန်းကိုရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။

ထိုကျောက်တံခါးကိုဖွင့်ဖို့ဆိုလျှင် တံခါးအားကာရံထားသေးသည့် ရွှံ့အားလုံးကိုဖယ်ရှားပစ်ရမည်ဖြစ်သည်။ ကျောက်တံခါးသည် ၂မီတာမြင့်ကာ ၁မီတာကျယ်သောကြောင့် အတော်လေးလုပ်ယူရမည်ဖြစ်၍ ငါးယောက်လုံးအတူတကွစတင်လှုပ်ရှားလိုက်ကြတော့သည်။ နောက်ထပ်၂နာရီခန့်အကြာတွင်တော့ တံခါးအားကာထားသည့်ရွှံ့အားလုံးကိုဖယ်ထုတ်သွားပြီးကြကာ ကုနင်းကပဲ ကျောက်တံခါးကိုတွန်းဖွင့်လိုက်သည်။ သို့ပေမည့် ဤတစ်ကြိမ်တွင်တော့ ကုနင်းထိုတံခါးအားရွေ့အောင်မတွန်းနိုင်ခဲ့ပေ။ ကုနင်းလဲ အံ့အားသင့်သွားကာ အခြားလူများ၏အကြည့်များမှာလဲ ပြောင်းလဲသွားကုန်တော့သည်။

တံခါးနားတစ်ဝိုက်ကို ကုနင်းရှာဖွေကြည့်လိုက်ချိန်တွင်တော့ သံကွင်းတစ်ခုကိုတွေ့လိုက်ရ၍ ကုနင်း ချက်ချင်းပင် ကိုယ်ကိုကိုင်းလိုက်ကာ ထိုသံကွင်းအားဆွဲလိုက်တော့သည်။ ထို့နောက်တွင်တော့ မြည်သံရှည်ကြီးတစ်ခုပေါ်လာကာ ကျောက်တံခါးမှာရွေ့လျားကာ ပွင့်သွားခဲ့ပြီး အဓိကမြေအောက်ခန်းမသည်လဲ သူမတို့၏မြင်ကွင်းရှေ့တွင် ထွက်ပေါ်လာတော့သည်။

ညလင်းပုလဲ၏အလင်းရောင်ကြောင့် အဓိကမြေအောက်ခန်းတစ်ခုလုံးထွန်းလင်းနေခဲ့သောကြောင့် သွားလာရလွယ်ကူသွားကြသည်။ ထိုအခန်းသည် ၁၀စတုရန်းမီတာကျယ်ဝန်းကာ အခန်း၏အလယ်တွင်တော့ ခေါင်းတလားနှစ်လုံးရှိနေပြီး နံရံဘက်တွင်တော့ သတ္တာသုံးလုံးရှိနေလေသည်။

ထိုသတ္တာသုံးလုံးကိုမြင်လိုက်သည်နှင့်အားလုံးစိတ်လှုပ်ရှားသွားကြတော့သည်။ လီမြောင်စုန့်တို့ကတော့ ထိုသတ္တာကိုအရမ်းသွားဖွင့်ကြည့်ချင်နေကြပေမည့် ကုနင်း၏ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေသေးသည်။

“သတ္တာတွေကိုသွားဖွင့်ကြည့်ကြပါ။” ကုနင်းပြောလိုက်သည်နှင့် တပြိုင်နက် လီမြောင်စုန့်တို့အဖွဲ့ချက်ချင်း အပြေးသွားကြတော့သည်။ ကုနင်းသည်တော့ သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့် ခေါင်းတလားနှစ်လုံးကိုစစ်ဆေးကြည့်လို့နေသည်။

ဤရှေးဟောင်းဂူသင်္ချိုင်းသည် ဘုရားကျောင်း၏အောက်ဘက်တွင်တည်ရှိခြင်းကြောင့် ယင်စွမ်းအင်လဲရှိမနေသလို ဖုတ်ကောင်လဲရှိမနေပေ။

ဘယ်ဘက်ခေါင်းတလားထဲတွင်တော့ အလောင်းမှာ အရိုးစုအဖြစ်သို့ပင်ပြောင်းလဲသွားပြီဖြစ်၍ ထိုအမျိုးသား၏အဝတ်အစားများကိုကြည့်ကာ ဘယ်ခေတ်ကာလကလူလဲဆိုသည်လောက်ကိုပင် ကုနင်းခန့်မှန်းနိုင်တော့သည်။ ထိုလူ၏ခရမ်းနုရောင်ရုံးတော်ဝတ်စုံအရ ထန်ခေတ်မှအရာရှိတစ်ဦးဖြစ်နိုင်ပေသည်။

ညာဘက်ခေါင်းတလားအတွင်းရှိ အရိုးစုသည်တော့ တောက်ပသည့်အနီရောင်မင်္ဂလာဝတ်စုံနှင့် မင်္ဂလာသရဖူကိုဝတ်ဆင်ထားသည့် အမျိုးသမီးအရိုးစုဖြစ်ပေသည်။

ထိုမင်္ဂလာသရဖူကိုတွေ့လိုက်ရချိန်တွင်တော့ အလွန်လှပလွန်းသောကြောင့် ကုနင်းသတိလက်လွတ်ငေးကြည့်နေမိခဲ့သည်။

“မိန်းကလေးကု၊ ဒီကိုတစ်ချက်လောက်လာကြည့်၊ကြည့်ပါဦး!” လီမြောင်စုန့်က ကုနင်းကိုလှမ်းခေါ်လိုက်သည်။

လီမြောင်စုန့်၏အသံကိုကြားလိုက်တော့မှ ကုနင်းလဲ မင်္ဂလာသရဖူအား အကြည့်လွှဲလိုက်ကာ ထိုလူများထံသို့လျှောက်သွားလိုက်သည်။

နံရံနားရှိသတ္တာသုံးလုံးတွင် လက်ဝတ်ရတနာများ၊ ကြွေထည်ပစ္စည်းများ နှင့်အခြားသော အဖိုးတန်ရှေးဟောင်းပစ္စည်းများ သီးသန့်ပိုင်းခြားကာထည့်ထားလေသည်။

“ဒါတွေကိုသယ်ဖို့ အိတ်တွေပါလာရဲ့လား?” ကုနင်းမေးလိုက်သည်။

“ပါလာတာပေါ့၊” အားလုံးဖြေလိုက်ပြီးသည်နှင့် သူတို့အိတ်များကိုဆွဲထုတ်ကြတော့သည်။

ပစ္စည်းထည့်မည့်အိတ်များသည် အထူးကုန်ကြမ်းများဖြင့်ပြုလုပ်ထားသောကြောင့် အထဲတွင်ထည့်မည့်ပစ္စည်းများမှာ မည်မျှပင် ချွန်ထက်သည့်အရာများဖြစ်ပါစေ မပေါက်ပြဲသွားနိုင်ပေ။

“အိတ်နှစ်လုံးကိုက လက်ဝတ်ရတနာတွေထည့်လိုက်ပါ။” ကုနင်းက အစီစဉ်ချပေးကာ အမျိုးသားများက သူမပြောသည့်အတိုင်းလိုက်လုပ်ကြလေသည်။

ထို့နောက်တွင်တော့ ကုနင်း ဒုတိယမြောက်သတ္တာထဲရှိ ကြွေထည်ပစ္စည်း၁၂မျိုးထဲမှ ၅မျိုးကိုယူလိုက်ကာ တတိယသတ္တာထဲရှိ ရှေးဟောင်းပစ္စည်းအမျိုး၂၀ထဲမှ ၈မျိုးကိုလဲ ထုတ်ယူလိုက်သည်။

“ဒါကျွန်မလိုချင်တာအကုန်ပဲ၊ ကျန်တာရှင်တို့ပဲယူကြတော့။” ကုနင်းပြောလိုက်သည်။

“မိန်းကလေးကု၊ ဒါက….” သူတို့အစကသဘောတူခဲ့ကြသည်မှာ ပစ္စည်းများကိုတစ်ဝက်ခွဲကြမည်ဟုဖြစ်သော်လည်း ကုနင်းက သူတို့အတွက်တစ်ဝက်မကချန်ထားပေးခဲ့လေသည်။

“ကျွန်မအများကြီးမသယ်နိုင်ဘူးလေ။” ကုနင်းလိမ်ညာလိုက်သည်၊ တကယ်တမ်းတွင်လဲ ကုနင်းသည် လောဘကြီးသူမဟုတ်သလို သူမကတစ်ယောက်တည်းဖြစ်ပြီး လီမြောင်စုန့်တို့ဘက်တွင်က လေးယောက်တောင်ရှိနေခဲ့သည်။ ထို့အတွက်ကြောင့် သူတို့အတွက် တစ်ဝက်မကချန်ပေးခဲ့ခြင်းသည့် ကိစ္စကြီးတစ်ခုမဟုတ်ပေ။

လက်ဝတ်ရတနာများကိုတော့ ကုနင်း၅ပုံနှစ်ပုံခန့်ကိုသာယူလိုက်ပြီး ကျန်သုံးပုံကို လီမြောင်စုန့်တို့အားပေးလိုက်ပေသည်။ လီမြောင်စုန့်တို့ကတော့ ကုနင်းကို အလေးအနက်ဖြင့်ကို ကျေးဇူးတင်နေကြတော့သည်။

ထို့နောက်တွင်တော့ ခေါင်းတလားနှစ်လုံးအား ဖွင့်ဖို့အလှည့်ကျလာတော့သည်။ ကုနင်းသည်တော့ ညာဘက်ခေါင်းတလားဘက်သို့တန်းသွားလိုက်ကာ လီမြောင်စုန့်တို့ကတော့ ဘယ်ဘက်ခေါင်းတလားထံအရင်သွားကြသည်။

ဘယ်ဘက်ခေါင်းတလားတွင်က ရှေးခေတ်မှနာမည်ကျော်စာရေးဆရာများရေးသားထားသည့် စာအုပ်အချို့ရှိနေသည်။ ညာဘက်ခေါင်းတလားအတွင်းတွင်တော့ မင်္ဂလာသရဖူကလွဲပြီး လက်ကောက်နှစ်စုံနှင့်အခြားလက်ဝတ်ရတနာများသာရှိသည်။

“ဒီညာဘက်ခေါင်းတလားထဲက ရှင်တို့ကြိုက်တာယူလို့ရတယ်၊ ကျွန်မလဲ ကျွန်မလိုချင်တာကိုယူလိုက်မယ်။” ကုနင်းပြောလိုက်သည်နှင့် အားလုံးကလဲ ချက်ချင်းကိုသဘောတူကြလေသည်။

လီမြောင်စုန့်နှင့်အခြားလူများမှာ ညာဘက်ခေါင်းတလားထဲတွင် ဘာရှိလဲဆိုသည်ကို မသိကြသေးသောကြောင့် ကုနင်း မင်္ဂလာသရဖူအား အလျင်အမြန်ပင် သူမ၏စိတ်စွမ်းအင်အာကာပြင်အတွင်းသို့ ထည့်သိမ်းထားလိုက်လေသည်။

ထို့နောက်တွင်တော့ သူမဝေစုဖြစ်သည့်ရှေးဟောင်းပစ္စည်းများကို သတ္တာတစ်လုံးထဲထည့်လိုက်ကာ ကြိုးဖြင့်သေချာတုတ်နှောင်လိုက်သည်။ ကျောက်ကျန်းချွမ်က သူမ၏သတ္တာကိုကူသယ်ပေးဖို့ပြောပေမည့် တကယ်တမ်းသယ်လိုက်ချိန်တွင် သတ္တာမှာအလွန်လေးလွန်းနေသောကြောင့် မသယ်နိုင်ခဲ့ပေ။ သို့ပေမည့် ကျောက်ကျန်းချွမ်သာ သယ်နိုင်ခဲ့မည်ဆိုလျှင်တောင်မှ သူတို့အားလုံးတွင် ကိုယ်ပိုင်အထုတ်အပိုးအလေးကြီးများကိုသယ်ထားနေကြရပြီးဖြစ်၍ ကုနင်း သယ်ခိုင်းမည်မဟုတ်ပေ။ ထို့အပြင် ထိုလူအားလုံးသည် သာမာန်လူများသာဖြစ်ပြီး ကုနင်းသည်တော့ နှစ်ပေါင်းများစွာ သိုင်းပညာကိုလေ့ကျင့်သင်ကြားထားသူဖြစ်သောကြောင့် ထိုသာမာန်လူများထက် ပို၍သန်မာသလို သူမတွင်က မှော်စွမ်းအားလဲရှိနေသေးသည်။

သူတို့ပြန်ထွက်လာကြချိန်တွင်လဲ လာရာလမ်းအတိုင်းချောချောမွေ့မွေ့ လျင်လျင်မြန်မြန်နှင့်အပြင်ထွက်နိုင်အောင် ကုနင်းကပဲလမ်းပြပေးခဲ့သည်။

အချိန်ခနအကြာပြီးသည်နှင့်သူတို့အားလုံးအပြင်သို့ပြန်ထွက်လာနိုင်ကြသည်။ ထိုအချိန်မှာပဲ ကောယိယန်က ရှေးဟောင်းသုတေသီများရှိရာဘက်သို့လှမ်းမျှော်ကြည့်လိုက်ကာ၊

“ဒီတစ်ခေါက်သူတို့ဘာမှရှာတွေ့နိုင်မှာမဟုတ်ဘူးလို့ ငါလောင်းရဲတယ်။”

“ဟုတ်တာပေါ့၊ သူတို့ရှာနေတာ တစ်ပတ်တောင်ရှိပြီ အခုထိဘာမှရှာမတွေ့ကြသေးဘူး။ သနားတောင်သနားလာပြီ။” ကျောက်ကျန်းချွမ်ကလဲ ထောက်ခံလိုက်သည်။

“ဒါနဲ့များ မင်းသူတို့ဆီသွားပြီး ဒီမှာရှေးဟောင်းဂူသင်္ချိုင်းရှိနေပါတယ်လို့ သွားမပြောတာလဲ?” စွန်းချောင်ကစနောက်လိုက်သည်။

“မပြောပါဘူး! ငါ့အကြောင်းပေါ်သွားမှာပေါ့! ဆုံးရှုံးထိခိုက်ရမယ့်အလုပ်မျိုးမလုပ်နိုင်ပါဘူး။ ကျောက်ကျန်းချွမ်ကပြန်ဖြေလိုက်သည်။

“မိန်းကလေးကု၊ အခုလိုကူညီပေးတာအတွက် ကျေးဇူးအများကြီးတင်ပါတယ်! မင်းအကူအညီနဲ့သာမဟုတ်ရင် ငါတို့လဲဒီရှေးဟောင်းဂူသင်္ချိုင်းကိုရှာတွေ့မှာမဟုတ်သလို ပစ္စည်းတွေကိုလဲ လွယ်လွယ်ကူကူရလာခဲ့မှာမဟုတ်ဘူး။ နောက်ငါတို့ရှေးဟောင်းဂူသင်္ချိုင်းတွေအကြောင်း သတင်းရခဲ့ရင် မင်းကိုကောခေါ်လိုက်လို့ရမလား? ရလာတဲ့ပစ္စည်းတွေကို တစ်ဝက်စီခွဲလို့ရတာပဲ။” ထိုကမ်းလှမ်းချက်မှာ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရှိသည့်ကိစ္စဖြစ်သောကြောင့် သူတို့အားလုံးကတော့ ကုနင်းနှင့်အလွန်ပူးပေါင်းချင်နေကြသည်။

ကုနင်းတွင်လဲ ထိုသို့အတွေးမျိုးရှိထားပြီးဖြစ်သောကြောင့် သဘောတူလိုက်တော့သည်။

ယခုတစ်ခေါက် ဤနေရာအကြောင်းကို သူမမတော်တစသိခဲ့ရခြင်းသာဖြစ်ပြီး လီမြောင်စုန့်တို့သည်က ကျွမ်းကျင်သင်္ချိုင်းဖောက်ထွင်းသူများဖြစ်သောကြောင့် သတင်းရဖို့အခွင့်အရေးပိုများလေသည်။

“ဟုတ်သားပဲ၊ မိန်းကလေးကု ဘယ်ကိုသွားမှာလဲ? ကားမပါလာခဲ့ရင် ငါတို့လိုက်ပို့ပေးမယ်လေ။” လီမြောင်စုန့်က စေတနာဖြင့် မေးလိုက်လေသည်။

***

အခန်း ၄၁၃

မြင်းပြိုင်ပွဲကြည့်ခြင်း

“ကျေးဇူးပါ၊ ဒါပေမယ့် ကျွန်မချိန်းထားတာလေးရှိလို့ အပန်းဖြေစခန်းကိုရောက်ရင်တော့ လမ်းခွဲကြတာပေါ့!” ကုနင်းပြန်ဖြေလိုက်သည်။

“ရတာပေါ့။” ကုနင်းတွင် သူမအစီစဉ်နှင့်သူမရှိနေကြောင်းသိရ၍ ပြန်လိုက်ပို့ပေးရန်အတင်းပြောမနေကြတော့ပေ။

သူတို့အဖွဲ့ အပန်းဖြေစခန်းနားသို့ရောက်ခါနီးတွင်တော့ ကုနင်း၏အိတ်ကပ်ထဲမှ ဖုန်းမှာ ဖုန်းလိုင်ပြန်မိသွားကာ ချက်ချင်း တုန်ခါလာတော့သည်။ ကုနင်းထုတ်ယူကြည့်လိုက်တော့ ခေါ်ဆိုသူမှာ လင်ရှောင်းထင်ဖြစ်နေပေမည့် ဖုန်းကိုင်ဖို့အချိန်ကောင်းမဟုတ်သေးသောကြောင့် ချက်ချင်းပြန်မဆက်ခဲ့ပေ။

ကုနင်းနှင့် လီမြောင်စုန့်တို့အဖွဲ့လမ်းခွဲပြီးသွားသည့်နောက်တွင်တော့ ကုနင်း နမ်ရွှေရွာထဲသို့လမ်းလျှောက်သွားလိုက်သည်။ လီမြောင်စုန့်တို့ကတော့ ကုနင်းကို ထိုနေရာတွင်တစ်ယောက်ယောက်လာကြိုမည်ဟုသာ တွေးလိုက်မိကြသည်။

လီမြောင်စုန့်တို့ကားကိုမမြင်ရလောက်အောင်ဝေးသွားပြီဆိုကာမှ ကုနင်း ရှေးဟောင်းပစ္စည်းသတ္တာကို စိတ်စွမ်းအင်အကာပြင်ထဲသို့ထည့်လိုက်ပြီးမှ အပန်းဖြေစခန်းသို့ပြန်သွားလိုက်ကာ ဟိုတယ်တွင်အခန်းတစ်ခန်းငှားလိုက်လေသည်။

အခန်းထဲသို့ရောက်ပြီးချိန်တွင်မှပဲ ကုနင်း လင်ရှောင်းထင်အား ဖုန်းပြန်ဆက်လိုက်တော့သည်။

လင်ရှောင်းထင်ဘက်ကလဲ ဖုန်းဝင်လာသည်နှင့်ချက်ချင်းပင်ပြန်ဖြေလေသည်။ ယခုအချိန်က မနက်၃နာရီပင်ရှိနေပြီဖြစ်သော်လည်း လင်ရှောင်းထင်မှာ ကုနင်းကိုစိုးရိမ်နေမိခြင်းကြောင့် အိပ်မပျော်နိုင်သေးခဲ့ပေ။

“နင်းနင်း၊” လင်ရှောင်းထင်၏အသံမှာ စိုးရိမ်နေပုံရပြီး၊

“အခြေနေဘယ်လိုလဲ?”

“အားလုံးအဆင်ပြေတယ်၊ ဂူက ထန်ခေတ်ရဲ့အရာရှိတစ်ယောက်ယောက်ရဲ့ဂူသင်္ချိုင်းပဲ၊ ပြီးတော့ ကျွန်မ လီမြောင်စုန့်တို့နဲ့လဲ ထပ်တွေ့ခဲ့သေးတယ်။ ကျွန်မတို့အတူတူ ဂူထဲကိုဝင်ကြပြီး ရှေးဟောင်းပစ္စည်းတွေကို ခွဲယူခဲ့ကြတယ်။” ကုနင်း အကျဉ်းချုပ်ပြန်ပြောပြလိုက်သည်။

လင်ရှောင်းထင်သည်တော့ ရှေးဟောင်းပစ္စည်းများကိုလုံးဝဂရုမစိုက်ဘဲ ကုနင်း၏ဘေးကင်းလုံခြုံရေးတစ်ခုတည်းကိုသာ ဂရုစိုက်လေသည်။ သူမအဆင်ပြေနေသည်ကိုသိရတော့မှဘဲ စိတ်အေးသွားတော့ကာ၊

“တော်သေးတာပေါ့၊ မင်းဘယ်တော့အိမ်ပြန်လာမှာလဲ?”

“နောက်နှစ်ရက်လောက်နေရင်တော့ ပြန်လာဖြစ်လောက်ပါမယ်။ ဆရာကြီးထန်က ကျွန်မBမြို့ကိုရောက်နေတာသိသွားပြီလေ၊ ပြီးတော့ ကျွန်မကလဲ အားတာနဲ့လာလည်ပါ့မယ်လို့ ကတိပေးထားရတယ်။”

ဆရာကြီးထန်ဆိုသူမှ ကုနင်း၏ ‘အဘိုး’ ဖြစ်ကြောင်း လင်ရှောင်းထင်သိထားပြီးဖြစ်၍ သူတို့နှင့် ကုနင်းအဆင်ပြေပြေရင်းရင်းနှီးနှီးနေကြမည်ကို သူလဲသဘောတူပေသည်။ ထို့အပြင် ကုနင်း၏အသံမှာလဲ ပျော်ရွှင်နေပုံရသည်။ သူတို့နှစ်ဦး ခနေလောက်စကားဆက်ပြောခဲ့ကြပြီးမှဘဲ ဖုန်းချလိုက်ကြတော့သည်။ လင်ရှောင်းထင်ကတော့ ဖုန်းမချလိုက်ချင်သေးပေမည့် အခုက အရမ်းနောက်ကျနေပြီဖြစ်သလို ကုနင်းကောင်းကောင်းအနားယူဖို့ရန်လဲ လိုအပ်ကြောင်း သိသောကြောင့်သာ ဖုန်းချလိုက်ခြင်းဖြစ်သည်။

ဖုန်းချပြီးသွားသည်နှင့် ကုနင်းအရင်ဆုံးရေချိုးလိုက်ပြီးကာမှ အိပ်ရာဝင်လိုက်ပြီး မြန်မြန်ဆန်ဆန်ပဲအိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင်တော့ မနက်၈နာရီမှာပဲ ကုနင်းအိပ်ယာနိုးလာခဲ့သည်။ ထို့နောက်တွင်တော့ သူမအခန်းကိုပြန်အပ်လိုက်ကာ Bမြို့သို့ပြန်လာခဲ့လိုက်သည်။

ပြန်ရောက်လာချိန်က စောနေသေးသောကြောင့် သူမ ဒီလိုမနက်စောစောစီးစီး ထန်ဟိုင်ဖုန်း၏အိမ်သို့သွားလည်၍မဖြစ်သေးသောကြောင့် ထိုအစား ဖန်းကျီရွေ့နှင့်သာ နေ့လည်စာအတူစားရန်အတွက် ဖုန်းဆက်ခေါ်လိုက်သည်။

ဖန်းကျီရွေ့သည် သူမ၏အဖွဲ့ဝင် ဖြစ်တာမကြာသေးသောကြောင့် သူနှင့်အတူအချိန်များများဖြုန်းပေးသင့်လေသည်။ ထိုသို့သာမဟုတ်လျှင် ဖန်းကျီရွေ့နှင့်နောက်တစ်ကြိမ် ထပ်တွေ့ဖို့ရန် အချိန်ဘယ်လောက်ကြာဦးမည်လဲဆိုသည်ကို သူမမသိပေ။

ဖန်းကျီရွေ့သည်တော့ ကုနင်းထံမှဖုန်းဆက်ခေါ်သည်နှင့် အလွန်ပျော်ရွှင်ဝမ်းသာနေတော့သည်။ ယခုသူ့သူငယ်ချင်းများနှင့် မြင်းပြိုင်ပွဲကြည့်ရန်ချိန်းထားခဲ့ခြင်းဖြစ်ပြီး အခုပဲသွားဖို့ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ပေမည့် သူ့သူငယ်ချင်းများကိုထားခဲ့ကာ ကုနင်းနှင့်တွေ့ဖို့ရန် ဆုံးဖြတ်လိုက်တော့သည်။

ဖန်းကျီရွေ့၏သူငယ်ချင်းများသည်လဲ ဖန်းကျီရွေ့ကအခြားလူတစ်ဦးအားဘော့စ်ဟု ခေါ်နေသည်ကိုကြားလိုက်ရ၍အလွန်အံ့အားသင့်နေကြတော့သည်။ ဖန်းကျီရွေ့ဆိုသူမှာ အလွန်မာနကြီးသည့်လူစားမျိုးဖြစ်၍ အခြားလူတစ်ယောက်ကို သူ၏ဘော့စ်အဖြစ်သတ်မှတ်မည့်လူမျိုးမဟုတ်ပေ။

အခုလိုအချိန်နီးကာမှ ဖန်းကျီရွေ့အစီစဉ်ပြောင်းသွားသည့်အပေါ် သူ့သူငယ်ချင်းများအပြစ်တင်ကြတော့သည်။ ထိုအသံများကိုဖုန်းမှတစ်ဆင့် ကုနင်းကြားလိုက်ရတော့ သူတို့၏အစီစဉ်ကို သူမဖျက်ဆီးမိသလိုဖြစ်သွား၍ အပြစ်မကင်းသလိုခံစားလိုက်ရကာ၊

“ကျွန်မတို့နောက်တစ်ခေါက်မှတွေ့ကြရင်ရော?”

“မဖြစ်ဘူး။” ဖန်းကျီရွေ့ချက်ချင်းငြင်းဆိုလိုက်သည်၊

“မင်းအခုဘယ်မှာလဲ? ကျွန်တော်လာခဲ့မယ်။”

“ရှင့်သူငယ်ချင်းတွေကို ဒီအတိုင်းကြီးထားခဲ့တာကတော့မကောင်းဘူးလို့ထင်တယ်။”

“ရတယ်၊ ကျွန်တော့်အတွက်တော့ ဘော့စ်ကပိုအရေးကြီးတယ်။”

ထိုစကားကိုကြားလိုက်ရတော့ ကုနင်းရယ်ချင်မိသွားသည်။

“သခင်လေးဖန်း၊ မင်းဘော့စ်ကို ငါတို့နဲ့အတူ မြင်းပွဲကြည့်ဖို့ဖိတ်လိုက်ပါလား? မင်းဒီပွဲကိုလွတ်သွားရင်က မကောင်းဘူးနော်။” ဖန်းကျီရွေ့၏သူငယ်ချင်းတစ်ဦးကပြောလိုက်သည်။

“ဘော့စ်၊ ကျွန်တော်တို့နဲ့အတူ မြင်းပွဲကြည့်ချင်လား?” ဖန်းကျီရွေ့က ကုနင်းအားမေးလိုက်သည်။

ကုနင်းလဲ သူမသာငြင်းလိုက်လျှင် ဖန်းကျီရွေ့က သူ၏သူငယ်ချင်းများကိုထားခဲ့ကာ သူမကိုသာလာတွေ့မည်ဖြစ်ကြောင်း နားလည်၍ ထိုသို့မဖြစ်စေချင်သောကြောင့် သူမကသာသဘောတူလိုက်ရတော့သည်။

ဖန်းကျီရွေ့က ကုနင်းကိုကိုယ်တိုင်လာခေါ်ပေးမည်ဟုပြောသော်လည်း ကုနင်းကတားလိုက်ကာ သူမဘာသာ တက္ကစီဖြင့်သွားခဲ့သည်။

နာရီဝက်အကြာတွင်တော့ ဖန်းကျီရွေ့တို့သူငယ်ချင်းအုပ်စုမှာ မြင်းပြိုင်ပွဲကွင်းသို့ရောက်နေပြီဖြစ်ပေမည့် အထဲသို့မဝင်ကြသေးပေ။ သူတို့အားလုံးအပြင်ဂိတ်ပေါက်ဝတွင်သာစောင့်နေကြလေသည်။ ဖန်းကျီရွေ့က သူတစ်ယောက်သာ ကုနင်းအားစောင့်ပါမည်ဟု ဆိုသော်လည်း သူ့သူငယ်ချင်းများကပါ သူနှင့်အတူလိုက်စောင့်ပေးလေသည်။

ဖန်းကျီရွေ့တို့သူငယ်ချင်းအုပ်စုတွင် ယောက်ျားလေး၅ယောက် မိန်းကလေး၅ယောက်ပါရှိလေသည်။ ယောက်ျားလေးများကသာအဓိကဖြစ်ပြီး မိန်းကလေးများသည်တော့ အပျော်သဘောတွဲလာကြခြင်းသာဖြစ်ပေသည်။

ချမ်းသာသည့်မိသားစုများမှ အမွေဆက်ခံသူအနည်းငယ်ကသာ အတည်တကျတွဲသည့်မိန်းကလေးရှိကြပြီး အများစုသည်က မိန်းကလေးများကိုအပျော်သဘောကစားကြလေသည်။ သို့ပေမည့် သူတို့အားလုံးကတော့ ထိုသို့မဟုတ်ပေ။ သူတို့ထဲမှ၂တွဲသည်က အမှန်တကယ်စုံတွဲများဖြစ်ကြပေသည်။ သူတို့နှစ်တွဲထဲမှ တစ်တွဲသည်ကတော့ စေ့ပင်စေ့စပ်ထားပြီးပြီဖြစ်ကာ နောက်လအနည်းငယ်အတွင်းမှာပဲ မင်္ဂလာဆောင်ကြတော့မည်ဖြစ်သည်။

၁၀မိနစ်ကြာသည့်အထိ ကုနင်းမရောက်ရှိလာခဲ့သေးပေ။ အအေးဒဏ်ကြောင့် အနည်းငယ်တုန်ရီနေသည့်မိန်းကလေးတစ်ဦးကနေပြီး သူမ၏တွဲဖက်ကို နှုတ်ခမ်းလေးဆူပြကာ ချစ်စဖွယ်ဟန်ဆောင်လိုက်ပြီး၊

“သခင်လေးကွမ်း၊ ကျွန်မအေးနေပြီ!” သူမအထဲသို့ဝင်ချင်၍ပြောနေကြောင်းသိသာပေသည်။

သခင်လေးကွမ်းဟုခေါ်သည် လူငယ်လေးက ထိုမိန်းကလေးအား အထင်သေးဟန်ဖြင့်ကြည့်လိုက်ကာ၊

“ဒါဆို ဘာလို့အဝတ်အစားကို သေချာမဝတ်ခဲ့လဲ?”

ထိုမိန်းကလေးသည် ဆွဲဆောင်မှုရှိစေရန်အတွက် အဝတ်အစားကိုတိုကပ်ကပ်သာဝတ်ခဲ့ပေမည့် အခုချိန်သည် ဆောင်းရာသီဖြစ်သောကြောင့် ချမ်းအေးလှပေသည်။ ထိုမိန်းကလေးလဲ ဒေါသထွက်သွားခဲ့ပေမည့် ဘာမှတော့ပြန်ခံမပြောရဲခဲ့ပေ။ သူမသာ သခင်လေးကွမ်းကို စိတ်အနှောက်အယှက်ပြုမိမည်ဆိုလျှင် သေချာပေါက်စွန့်ပစ်ခံရပေလိမ့်မည်။ သို့ပေမည့် တစ်စုံတစ်ယောက်ကတော့ မီးလောင်ရာလေပင့်ရုံမက ဓါတ်ဆီပါလောင်းထည့်လို့လာလေသည်၊

“နန၊ နင်နေမကောင်းသေးဘူးမဟုတ်လား? ကိုယ့်ကိုကိုယ်သေချာဂရုစိုက်သင့်တယ်။ နင်သာထပ်ပြီး အအေးမိနေမယ်ဆိုရင် သခင်လေးကွမ်းကိုလဲ ကူးသွားလိမ့်မယ်။”

“နင်…” ချောင်နနဟုခေါ်သည့်မိန်းကလေး ဒေါသထွက်သွားကာ၊

“ဟောင်မန်ချီ၊ နင့်ပါးစပ်ကိုပိတ်ထား!”

“ဘာလို့လဲ? ငါအမှန်ကိုပြောလိုက်ရုံပဲကို။” ဟောင်မန်ချီဆိုသည့်မိန်းကလေးက အပြစ်ကင်းစင်သည့်ပုံစံဟန်ဆောင်ပြလိုက်သည်။

“နင်…”

“တော်တော့!” ဖန်းကျီရွေ့သည့် အမျိုးသမီးများ စကားများရန်ဖြစ်သည်ကိုကြားရခြင်းအား အလွန်မုန်းတီးလေသည်။

ထိုမိန်းကလေးနှစ်ဦးလဲ ချက်ချင်းပါးစပ်ပိတ်သွားကြကာ သူတို့၏တွဲဖက်များကလဲ သူတို့ကိုတိတ်တိတ်ဆိတ်ဆိတ်နေရန်အတွက် သတိပေးသည့်အကြည့်များဖြင့်ကြည့်လာကြသည်။

အမျိုးသမီးများရှိနေသည့်နေရာသည် တိုက်ပွဲတစ်ခုကဲ့သို့ပင်။ ထိုမိန်းကလေးနှစ်ဦးသည် အတူတူနှင့်အနူနူချည်းသာဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦးသဘောမကျကြပေ။ တကယ်တော့ သူတို့နှစ်ဦးသည် အကြောင်းတစ်ခုကြောင့် ယခုလိုမတည့်ကြခြင်းဖြစ်သည်။

ချောင်နန၏တွဲဖက်ဖြစ်သည့် သခင်လေးကွမ်းသည် ဟောင်မန်ချီ၏တွဲဘက်သခင်လေးထက်ပို၍ ကြည့်ကောင်းလေသည်။ ဟောင်မန်ချီက အရင်ဦးစွာ သခင်လေးကွမ်းအား သဘောကျနှစ်သက်ခဲ့သော်လည်း သခင်လေးကွမ်းသည် ရင်သားကြီးသည့်မိန်းကလေးများကိုသာ နှစ်သက်သဘောကျလေသည်။

ဟောင်မန်ချီ၏ရင်သားများသည်လဲ သေးသည့်အထဲတွင်မပါဝင်ပေမည့် ကြီးသည့်အထဲတွင်လဲမပါဝင်သောကြောင့် သခင်လေးကွမ်းက သူမကိုစိတ်မဝင်စားခြင်းဖြစ်သည်။

သို့ပေမည့် ယောက်ျားတစ်ယောက်သည် သူ့ထံသို့လိုလိုလားလားဝင်ရောက်လာသည့်အမျိုးသမီးတစ်ဦးကို ဘယ်သောအခါမှငြင်းလွှတ်လေ့မရှိပေ။ ထို့ကြောင့် ဟောင်မန်ချီသည်လဲ သခင်လေးကွမ်းနှင့် အကြိမ်အနည်းငယ်အိပ်ခဲ့ဖူးသည်။ သို့ပေမည့် ထိုအတွက်ကြောင့် သူမယခုအချိန်တွင် ချောင်နနကိုအလွန်မနာလိုဖြစ်မိကာ ချောင်နန၏အပြုအမူတိုင်းကို အပြစ်ရှာဖွေနေခြင်းဖြစ်သည်။ ချောင်နနသည်တော့ သခင်လေးကွမ်းနှင့် ဟောင်မန်ချီကြားတွင်ဖြစ်ပျက်ခဲ့သည်များကို မသိထားပေ။ ဟောင်မန်ချီကလဲ သခင်လေးကွမ်းစိတ်ဆိုးမည်ဆိုသောကြောင့် ထိုအကြောင်းကိုထုတ်မပြောရဲပေ။ အဆိုးဆုံးကတော့ သူမ၏အခုတွဲဖက်ဖြစ်သည့် ငွေအိတ်ကိုပါလက်လွှတ်ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။ ထိုသူဌေးသားများသည် သူတို့ကသာ တစ်ချိန်တည်း မိန်းကလေးပေါင်းများစွာနှင့် ပျော်ပါးသော်လည်း သူတို့တွဲနေသည့်မိန်းကလေးများကိုတော့ဖြင့် အခြားတစ်ယောက်နှင့်အိပ်ခြင်းမျိုးကို ခွင့်မပြုကြပေ။ ထိုအကြောင်းသာသိခဲ့လျှင် ထိုမိန်းကလေးများကို ချက်ချင်းစွန့်လွှတ်လိုက်ကြလေသည်။

***

အခန်း ၄၁၄

မိန်းမတွေက စိတ်အနှောက်အယှက်ပဲ

သူတို့သာ ငယ်ရွယ်သည့်သူဌေးသားကလေးများကို ရှာနိုင်ခဲ့ပြီဆိုလျှင် ကမ္ဘာပေါ်တွင် သူတို့မဖြစ်ချင်ဆုံးအရာသည်က ထိုသူဌေးသားလေးမှ သူတို့ကို အချိန်တိုတိုမစွန့်ပစ်သွားခြင်းပင်။ ထို့ကြောင့် ထိုမိန်းကလေး အများစုမှာ သူတို့၏မကောင်းသည့်ကိစ္စများကို ပြည်ဖုံးကားချကာလျှို့ဝှက်ထားကြရတော့သည်။

မိနစ်၄၀ကြာပြီးနောက်တွင်တော့ ကုနင်းမြင်းပြိုင်ပွဲကွင်းသို့ရောက်ရှိလာခဲ့တော့သည်။ ကုနင်းလာသည်ကိုမြင်သည်နှင့် ဖန်းကျီရွေ့ချက်ချင်းသွားလိုက်ကာ ကြိုဆိုလိုက်သည်။

“မင်္ဂလာပါ၊ ဘော့စ်။”

ဖန်းကျီရွေ့၏ဘော့စ်မှာ မိန်းမငယ်လေးတစ်ဦးဖြစ်ကြောင်းအားလုံးတွေ့လိုက်ရချိန်တွင်တော့ အလွန်ထိတ်လန့်အံ့ဩသွားကြတော့သည်။ သူတို့အားလုံး ဖန်းကျီရွေ့၏ဘော့စ်မှာ သေချာပေါက် သန်သန်မာမာနှင့် အရွယ်ရောက်အမျိုးသားတစ်ဦးဖြစ်လိမ့်မည်ဟု တွေးထင်ထားခဲ့ကြခြင်းဖြစ်လေသည်။ မမျှော်လင့်ထားစွာပင်…. ဘုရားရေ! ငရဲပြည်ကြီးပဲ အေးခဲသွားတာလား? ဒါမှမဟုတ် ဖန်းကျီရွေ့ကိုယ်ထဲ တခြားဝိဉာဉ်တစ်ခုခုဝင်ပူးနေတာလား? ဖန်းကျီရွေ့၏သူငယ်ချင်းအားလုံး သူတို့မျက်လုံးကိုသူတို့မယုံကြည်နိုင်ဖြစ်နေကြတော့သည်။

“ဘော့စ်၊ လာ,လာ ကျွန်တော်မိတ်ဆက်ပေးဦးမယ်။ သူတို့က ကျိုးကွမ်လွေ့၊ ကွမ်းပင်း၊ ကောရုန်ခမ်း၊ ဟူဟောက်တဲ့။ သူတို့အားလုံးက ကျွန်တော့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေပဲ။” ဖန်းကျီရွေ့ သူ့သူငယ်ချင်းများကို ကုနင်းနှင့်မိတ်ဆက်ပေးလိုက်ကာ တစ်ဖန် သူ့သူငယ်ချင်းများဘက်လှည့်ပြီးတော့လဲ၊

“ဘာတွေကြည့်နေကြတာလဲ? ဒါကငါတို့ရဲ့ဘော့စ်ပဲ။”

ကုနင်းအံ့အားသင့်သွားရသည်။ သူမကဘယ်အချိန်ကစပြီး ဖန်းကျီရွေ့သူငယ်ချင်းများ၏ဘော့စ်ပါဖြစ်သွားရတာလဲ? ကျိုးကွမ်လွေ့တို့သည်လဲ ကြောင်အသွားကြလေသည်။ မိန်ကလေးတစ်ဦးကို ဘော့စ်ဟုခေါ်ဖို့ရန်က အလွန်အဓိပ္ပါယ်မရှိသည့် ကိစ္စဖြစ်လေသည်။

“သူတို့ကဘာလို့ ကျွန်မကိုဘော့စ်လို့ခေါ်ရမှာလဲ?” ကုနင်းထုတ်မေးလိုက်သည်။

ထိုအခါတွင်တော့ ဖန်းကျီရွေ့က အခြားလူများကအထက်စီးမှဆက်ဆံနေကြဖြစ်၍ ယခုတစ်ခေါက်တွင်လဲ ကျေနပ်စွာဖြင့်၊

“သူတို့က ကျွန်တော့်ရဲ့အခင်ဆုံးသူငယ်ချင်းတွေလေ၊ ဒီတော့ ကျွန်တော့်ရဲ့ဘော့စ်က သူတို့ဘော့စ်ပဲပေါ့။”

ကျိုးကွမ်လွေ့နှင့်ဟူဟောက်တို့ကတော့ ဖန်းကျီရွေ့အပြောကိုသဘောတူကာ ချက်ချင်းပင်ကုနင်းအားဘော့စ်ဟု ခေါ်လိုက်ကြပေမည့် ကွမ်းပင်းနှင့် ကောရုန်ခမ်းသည်တော့ မခေါ်ကြပေ။

“သခင်လေးဖန်း၊ ဒီလိုမိန်းမငယ်လေးတစ်ယောက်ကိုတောင် မင်းရဲ့ဘော့စ်အဖြစ်သတ်မှတ်တယ်ဆိုတော့ မင်းဦးဏှောက်များမကောင်းတော့တာလား?” ကွမ်းပင်းက သူသဘောမကျကြောင်းကို ဖုံးကွယ်မနေဘဲပြောလိုက်သည်။

“မင်းမိန်းမတွေကိုအထင်သေးတယ်မဟုတ်ဘူးလား? ဘာလို့ရုတ်တရက်ကြီးပြောင်းလဲသွားရတာလဲ? မိန်းကလေးတစ်ယောက်ကို မင်းဘာသာမင်းဘော့စ်လို့ခေါ်တာက မင်းအပိုင်းပဲ၊ ဒါပေမယ့် ငါကတော့ မင်းခေါ်တိုင်းလိုက်ခေါ်မှာမဟုတ်ဘူး။”

ထိုစကားကိုပြောနေရင်းဖြင့် ကုနင်းကိုလဲအထင်သေးစွာကြည့်နေသေးသည်။ သူ့အမြင်တွင်တော့ ကုနင်းသည် သူမ၏အလှတရားဖြင့် ဖန်းကျီရွေ့ကို ဖမ်းစားထားခြင်းသာဖြစ်ရမည်ဟု ထင်မိလေသည်။ ထိုမိန်းကလေးအား ဘော့စ်ဟုခေါ်မည်တော့မဟုတ်ပေမည့် ကုနင်း၏အလှသည်မိတ်ကပ်မလိမ်းချယ်ထားတာတောင်မှာ အတော်လေးမှင်သက်သွားစေနိုင်သည်ကိုတော့ အသိအမှတ်ပြုမိပေသည်။ ဖန်းကျီရွေ့ကသာ သူမကိုဘော့စ်ဟုခေါ်ရန် အတင်းဖိအားမပေးခဲ့လျှင် သူမလိုအလှလေးတစ်ယောက်နှင့် တခါတလေအချိန်ဖြုန်းဖို့ရန် စိတ်ဝင်စားလေသည်။

“ဟုတ်တာပေါ့၊ သခင်လေးဖန်း၊ ငါတို့ကိုပါ ခေါ်ဖို့ဖိအားမပေးသင့်ဘူး။ မင်းဘာသာမင်း မိန်းကလေးတစ်ယောက်ကိုဘော့စ်လို့ခေါ်တာ မင်းရဲ့ဆုံးဖြတ်ချက်လေ။” ကောရုန်ခမ်းသည်လဲ ကွမ်းပင်းနှင့် ထင်မြင်မှုခြင်းတူညီလေသည်။

“မင်းတို့…” ထိုစကားများသည် ကုနင်းကိုအထင်သေးစော်ကားခြင်းမျိုးဖြစ်သည်ဟု ဖန်းကျီရွေ့တွေးမိသွားသောကြောင့် အလွန်ဒေါသထွက်လာခဲ့သည်။

“သူတို့ပြောတာမှန်တယ်လို့ထင်တယ်။ ဒါကရှင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်လေ၊ တခြားလူတွေကိုပါ လိုက်လုပ်ဖို့ဖိအားမပေးသင့်ဘူး။ ပြီးတော့ ရှင်ဒီကိစ္စအတွက် ကျွန်မရဲ့အတွေးကိုလဲမမေးဘူးနော်။” ကုနင်း ဖန်းကျီရွေ့အားတားလိုက်သည်။

ဖန်းကျီရွေ့မှာ အခြားလူများ၏စကားကိုတော့ နားမထောင်ပေမည့် ထိုထဲတွင်ကုနင်းမပါဝင်ပေ။ ထို့ကြောင့် အဆုံးတွင်တော့ သူကပဲအလျှော့ပေးလိုက်ရတော့သည်။

“ထားပါတော့၊ သူ့ကို မိန်းကလေးကုလို့သာခေါ်ကြ၊ ဟုတ်ပြီလား?”

ဖန်းကျီရွေ့အလျှော့ပေးလိုက်သည်ကိုသိရတော့ အားလုံးထပ်မံပြီးထိတ်လန့်အံ့ဩသွားကြပြန်သည်။ ဖန်းကျီရွေ့ဘက်အချိန်ကစပြီး ဒီလောက်ရိုကျိုးသွားရတာလဲ?

“အထဲဝင်ကြရအောင်!” ဖန်းကျီရွေ့ပြောလိုက်ကာ ကုနင်းကိုအထဲသို့လမ်းပြခေါ်ဆောင်သွားခဲ့သည်။ သို့ပေမည့် သူ၏တွဲဖက်မိန်းကလေးကိုတော့ဖြင့် ချန်ထားခဲ့လေသည်။ ထိုမိန်းကလေးမှာတော့ ဖန်းကျီရွေ့၏ချန်ထားခြင်းကိုခံရသည့်အပြင် ချောင်နနနှင့် ဟောင်မန်ချီကပါ လှောင်ပြောင်သလိုကြည့်နေသောကြောင့် ဒေါသထွက်လာတော့သည်။

အခြားမိန်းကလေးနှစ်ယောက်သည်တော့တော့ ထိုသို့သောသိုက်တူးသမားများနှင့် သူမတို့ကိုသူမ ဘယ်တုန်းကမှ တန်းညှိမဆက်ဆံခဲ့ပေ။

တကယ်တော့ အစမှအဆုံးထိ ဖန်းကျီရွေ့သည် သူ၏တွဲဖက်မိန်းကလေးအကြောင်းကို ကုနင်းရှေ့တွင် အစပင်မဖော်သွားခဲ့ပေ။ သူ့အမြင်တွင်တော့ ကုနင်းကလွဲ၌ အခြားအမျိုးသမီးအားလုံးသည် အသုံးမဝင်သည့် အသုံးအဆောင်ပစ္စည်းများသာဖြစ်လေသည်။

“သခင်လေးဖန်း၊ ကျွန်မကိုမမေ့ခဲ့နဲ့လေ!” ထိုမိန်းကလေးလဲ စိတ်အလိုမကျစွာဖြင့် ဖန်းကျီရွေ့အားအော်ပြောလိုက်သည်။

“မင်းဘာသာမင်းလာခဲ့ပါလား!” ဖန်းကျီရွေ့ကတော့ စိတ်မရှည်စွာဖြင့်ပြန်ပြောလိုက်ပြီး ထိုမိန်းကလေးရှိရာသို့ တစ်စက္ကန့်မျှပင် လှည့်မကြည့်ခဲ့ပေ။

ထိုမိန်းကလေးသည်တော့ အလွန်ဒေါသထွက်သွားကာ ကုနင်းကိုသေမတတ်မုန်းတီးနေတော့သည်။ သူမအမြင်တွင်တော့ ကုနင်းသည် သူမ၏လူအားခိုးယူသွားသည့် စနိုက်ကြော်သာဖြစ်လေသည်။ ထိုသို့သာမဟုတ်လျှင် မိန်းမမုန်းတီးရေးသမားဟုကျော်ကြားသည့် သခင်လေးဖန်းက သူမကို ထိုမျှ နူးညံ့ကြင်နာစွာဘယ်တော့မှ ဆက်ဆံနေမည်မဟုတ်ပေ။ သို့ပေမည့် ထိုမိန်းကလေးဘယ်လောက်ပဲစိတ်တိုနေပါစေ သူမ၏ဒေါက်ဖိနပ်ကြီးတကားကားဖြင့် ဖန်းကျီရွေ့တို့အားမီအောင်အမြန်လိုက်ရတော့သည်။

ကုနင်းကတော့ ထိုမိန်းကလေး၏မုန်းတီးသည့်အကြည့်များကို သေချာပေါက်ခံစားမိသော်လည်း ဂရုစိုက်မနေပေ။ ထိုမိန်းကလေးသာ သူမကိုလာမထိသ၍ သူမဘက်ကလဲ အကြည့်တစ်ခုတည်းကြောင့်ပင် အလုပ်ရှုပ်ခံကာ ပညာပြန်ပေးနေမည်မဟုတ်ပေ။

ထိုအချိန်တွင်ပဲ ဖန်းကျီရွေ့က မကျေမနပ်ဖြင့်၊

“မိန်းမတွေများ စိတ်အနှောက်အယှက်ကိုပေးလွန်းတယ်။”

“ဘာ?” ကုနင်း၏ အန္တရာယ်များလွန်းသည့် အကြည့်စူးစူးများက ချက်ချင်းပင် ဖန်းကျီရွေ့ထံကျရောက်လို့သွားခဲ့သည်။

ထိုအကြည့်ကိုမြင်လိုက်တော့မှ ဖန်းကျီရွေ့ ချက်ချင်းကိုပြန်ရှင်းပြဖို့လုပ်ရတော့သည်။

“ဘော့စ်၊ မင်းကိုပြောတာမဟုတ်ဘူး။”

သို့ပေမည့် ထိုသို့ပြောလိုက်ပုံက ပို၍ထူးဆန်းနေလေသည်။ သူပြောပုံအရ ကုနင်းကိုမိန်းမတစ်ယောက်ဟုမတွေးသလိုပုံပေါက်သွားသောကြောင့် ချက်ချင်း စကားကိုပြန်ပြောင်းရတော့သည်။

“မဟုတ်ဘူး-မဟုတ်ဘူး။ ကျွန်တော်ပြောတာက ဘော့စ်က အဲ့လိုစိတ်ရှုပ်စရာကောင်းတဲ့မိန်းမတွေနဲ့မတူဘူးလို့ပါ။”

ဖန်းကျီရွေ့၏တွဲဖက်မိန်းကလေးက ဖန်းကျီရွေ့အနားသို့အမြန်လျှောက်လာလိုက်ကာ သူ့လက်မောင်းကိုကိုင်ရန်ပြင်လိုက်သည်။ သူမက တမင်သက်သက် ဖန်းကျီရွေ့က သူမလူဖြစ်ကြောင်း ပြသလိုချင်းသာဖြစ်သည်။ သို့ပေမည့် သူမလက်က ဖန်းကျီရွေ့ကိုထိကာနီးအချိန်တွင်ပဲ ဖန်းကျီရွေ့က ချက်ချင်းရှောင်ထွက်လိုက်ကာ၊

“မင်းဘာမင်း လွတ်လွတ်ကင်းကင်းလျှောက်စမ်း။”

“ကျောင်းကျောင်း၊ နင့်မျက်လုံးများမကောင်းတော့တာလား? သခင်လေးဖန်းက သူ့ဘော့စ်နဲ့စကားပြောနေတယ်လေ၊ နင်သူတို့ကြားသွားမနှောက်ယှက်သင့်ဘူး။” ဟောင်မန်ချီသည် အခြားသော အမျိုးသမီးများအား လှောင်ပြောဖို့အခွင့်ရေးရှိလာလျှင် လုံးဝအလွတ်မပေးပေ။ အထူးသဖြင့် ဘော့စ်ဆိုသည့်နေရာတွင် အသံကိုဖိပြောလိုက်ပေသည်။ သို့ပေမည့် အမျိုးသားများသည်ကတော့ ထိုအသံနေအသံထားကွာခြားချက်ကို ဘယ်တော့မှနားမလည်နိုင်ကြသည့်လူမျိုးဖြစ်လေသည်။

“ဟုတ်တယ်၊ ငါဘော့စ်နဲ့စကားပြောနေတာ မတွေ့ဘူးလား? တိတ်တိတ်ဆိတ်ဆိတ်နေရင်နေ၊ မဟုတ်ရင် ထွက်သွားတော့၊” ဖန်းကျီရွေ့သည်လဲ ဟောင်မန်ချီ၏ ကုနင်းအပေါ်ရွဲ့စောင်းပြောဆိုသည့်အသံကို နားမလည်နိုင်ခဲ့ဘဲ သူမ၏စကားကိုထောက်ခံကာ ရှားကျောင်းကို အပြစ်ပင်တင်လိုက်သေးသည်။

ရှားကျောင်း အလွန်ဒေါသထွက်သွားပေမည့် ဘာမှတော့ပြန်မပြောနိုင်ခဲ့ပေ။

“ဟုတ်သားပဲ၊ ဘော့စ်က ဘယ်ကလဲ?” ဖန်းကျီရွေ့ အခုမှပင် ကုနင်းအကြောင်းသိပ်မသိသေးသည်ကို သတိရသွားကာ မေးလိုက်သည်။

“Fမြို့က၊”

ထိုအဖြေကိုကြားသည်နှင့် ကွမ်းပင်း၊ ကောရုန်ခမ်း၊ ချောင်နန၊ ဟောင်မန်ချီနှင့် ရှားကျောင်းတို့က ချက်ချင်းပင် သူတို့၏အထင်မြင်သေးမှုများကို ထုတ်ပြလာကြသည်။ သူတို့အမြင်တွင်တော့ Fမြို့ဆိုသည်မှာ သာမာန်သေးငယ်သည့် တတိယတန်းစားမြို့တစ်မြို့သာဖြစ်လေသည်။ တကယ်တမ်း Fမြို့သည် မြို့ငယ်လေးတစ်မြို့တော့မဟုတ်ပေမည့် Bမြို့နှင့်တော့ ဖွံ့ဖြိုးတိုးတက်မှုခြင်း နှိုင်းယှဉ်၌မရပေ။

သူတို့အဖွဲ့ထဲမှ အခြားလူများသည်တော့ ထိုသို့ဘဝင်မြင့်သည့်လူမျိုးမဟုတ်ပေ။ ကုနင်းဘယ်ကလာသလဲဆိုသည်ကို သူတို့ဂရုမစိုက်ဘဲ တစ်ကိုယ်ကောင်းဆန်သမားများသည်သာ သူတို့ကိုယ်သူတို့ အခြားလူများထက်ပို၍သာလွန်သည်ဟု ယုံမှားလွန်ကဲနေကြခြင်းဖြစ်လေသည်။

***

အခန်း ၄၁၅

လူတစ်ယောက်ကို သုံးမီတာပျံထွက်သွားအောင်ကန်ခြင်း

ဖန်းကျီရွေ့မှနေပြီး၊ “ဒါဆိုမင်းဘယ်တော့ အိမ်ပြန်မှာလဲ? မင်းအလျင်မလိုသေးရင်၊ Bမြို့ရဲ့ပျော်စရာနေရာတွေကို ကျွန်တော်ခေါ်သွားပြပေးမယ်လေ။”

“ကျွန်မအကြာကြီးမနေဖြစ်ပါဘူး။ ပြီးတော့ လုပ်စရာကိစ္စလေးတွေလဲရှိနေသေးတယ်။” ကုနင်းပြန်ဖြေလိုက်သည်။

“ဟုတ်ပါပြီ၊” ကုနင်းမအား၍ ဖန်းကျီရွေ့အနည်းငယ်စိတ်ပျက်သွားရသည်။

မြင်းပြိုင်ပွဲမစတင်ခင် မြင်းများနှင့် မြင်းစီးသမားများ၏သရုပ်ပြပွဲအရင်စတင်လေသည်။ မြင်းပွဲပရိတ်သတ်များသည် မြင်းများ၏ အရောင်အသွေး၊ ပြေးလွှားနိုင်သည့်အဟုန်၊ မျက်လုံးအရောင်စသည်တို့ကို အနီးကပ်ကြည့်ရှုနိုင်ကာ ထိုမြင်းများ၏ပြိုင်ပွဲတွင်ဖြစ်နိုင်မည့်အခြေအနေများကို ဆွေးနွေးနိုင်ကြလေသည်။ သူတို့ဆွေးနွေးထားသည့် အချက်အလက်များအပေါ်မူတည်ကာ ဝါရင့်မြင်းပွဲပရိတ်သတ်များသည် လောင်းကြေးများထပ်ကြလေသည်။

ထိုသို့သရုပ်ပြအပြီးတွင်တော့ မြင်းစီးသမားများက ကိုယ်တိုင်သူတို့စီးရမည့်မြင်းများဖြင့် ဂိတ်ပေါက်သို့ရောက်အောင်စီးလာကြမည်ဖြစ်သည်။ ထိုအချိန်သည်ကတော့ မြင်း၏အခြေအနေကိုအကဲခတ်ရန် အကောင်းဆုံးအချိန်ပင်ဖြစ်လေသည်။ သူတို့၏မြင်းစီးပုံများကိုကြည့်၍လဲ ဘယ်မြင်းသည်တော့ ယနေ့အတွက် အခြေအနေကောင်းနေသည် ဘယ်မြင်းကတော့ဖြင့် လွယ်လွယ်မောနိုင်သည်စသည်ဖြင့် အကဲဖြတ်နိုင်ကြသည်။

ထို့ကြောင့် ကုနင်းတို့အားလုံး ဗီအိုင်ပီအခန်းထဲသို့မသွားသေးခင် မြင်းများကိုအကဲခတ်ရန်အတွက် ပြိုင်ကွင်းဘက်သို့လာခဲ့ကြသည်။ သို့ပေမည့် လမ်းတစ်ဝက်တွင်ပဲ ပြဿနာနှင့်တည့်တည့်တိုးတော့သည်။

“အိုး၊ ဒါသခင်လေးဖန်းမဟုတ်လား? ဘာလဲ? မင်းက ဒီနေ့မင်း ရည်းစားအပြင် နောက်ထပ်မိန်းကလေးတစ်ယောက်ကိုပါခေါ်လာတာလား? ဝိုး၊ မင်းတော်တော်လေးအဆင်ပြေနေတာပဲ။” တစ်ဖက်မှ အမျိုးသားတစ်ယောက် လှောင်ပြောင်ဟန်ဖြင့်ပြောလိုက်သောကြောင့် ကုနင်းတို့အဖွဲ့၏ခြေလှမ်းများရပ်သွားကြကာ ထိုအမျိုးသားအားကြည့်လိုက်ကြသည်။

ထိုလူသည်လဲ နောက်ထပ်လူ၇နှစ်ယောက်နှင့်အတူ သူမတို့ဘက်သို့လျှောက်လာခဲ့သည်။ ထိုထဲတွင် အမျိုးသား၄ဦးပါကာ အမျိုးသမီးလဲ၄ဦးပါရှိလေသည်။ ဦးဆောင်လာသည့် အမျိုးသားကတော့ သူ့နှုတ်ခမ်းထက်တွင် ဆေးလိပ်တစ်လိပ်ရှိနေသည်။ သူ၏ပုံစံအရ အတော်လေး မောက်မာကာ ရိုင်းစိုင်းမည့်ပုံပင်။

ထိုလူပြောလိုက်သည့် စကားကြောင့် ဖန်းကျီရွေ့ဒေါသထွက်သွားကာ၊

“ကျောက်ခန်းလင်၊ မင်းပါးစပ်ကိုပိတ်ထားစမ်း! ငါ့ဘော့စ်ကို မစော်ကားနဲ့။”

“ဘော့စ်?” ကျောက်ခန်းလင်တို့တစ်ဖွဲ့လုံး အလွန်ရယ်ရသည့်ဟာသတစ်ပုဒ်ကိုကြားလိုက်ရသလိုမျိုး ကျယ်လောက်စွာထရီလိုက်သည်။

“ဟ-ဟ၊ ဟ-ဟ ဖန်းကျီရွေ့၊ ဒီမိန်းကလေးက မင်းရဲ့ဘော့စ်လို့ မင်းပြောတာလား? ” ကျောက်ခန်းလင် ကုနင်းကိုညွှန်ပြကာပြောလိုက်သည်။

“သူကအတော်လှတာပဲ! သူက အိပ်ရာထဲမှာပဲ မင်းရဲ့ဘော့စ်ဖြစ်ရမယ်၊ ဟုတ်တယ်မလား? သူဒီလောက်ကောင်းနေရင်လဲ ငါ့ကိုနှစ်ရက်လောက်ငှားလိုက်ပါလား၊ ဘယ်လိုလဲ?”

ထိုစကားကိုပြောပြီးသည်နှင့် ကျောက်ခန်းလင်တို့အဖွဲ့ထပ်မံအော်ရယ်လိုက်ကြပြန်သည်။ ကွမ်းပင်းနှင့်ကုနင်းကိုသဘောမကျသည့် အခြားလူများတောင်မှ ကြိတ်ကာ ဝမ်းသာလို့နေသည်။

ကုနင်းလဲ မကျေမနပ်ဖြစ်သွားကာ ထိုသို့စော်ကားပြောဆိုမှုများကို သူမဘယ်လိုမှသည်းမခံနိုင်ပေ။ သို့ပေမည့် ကုနင်းဘက်ကအရင်စမလှုပ်ရှားရသေးခင်တွင်ပဲ ဖန်းကျီရွေ့က ဒေါသတကြီးပြေးထွက်သွားကာ၊

“ကျောက်ခန်းလင်၊ ခွေးကောင်!”

ရန်ဖြစ်ကြတော့မည်ကိုသိလိုက်သည်နှင့် အနားရှိလူများမှာ ချက်ချင်းပင် သူတို့ဖုန်းများကို ထုတ်ကာ ဗီဒီယိုရိုက်ကူးကြတော့သည်။

ဖန်းကျီရွေ့အလွန်ဒေါသထွက်နေသာ်လည်း ကျောက်ခန်းလင်ကတော့ ဂရုစိုက်မနေဘဲ၊

“ဖန်းကျီရွေ့၊ မင်းဘယ်တုန်းကများ ငါ့ကိုနိုင်အောင်ချနိုင်လို့လဲ?” ထိုသို့ပြောနေရင်းဖြင့်ပင် ဖန်းကျီရွေ့၏လက်သီးကိုလှမ်းဆွဲကာ ဖန်းကျီရွေ့၏ဝမ်းဗိုက်ဆီသို့ ကန်လိုက်တော့သည်။

ဖန်းကျီရွေ့သည်လဲ အားနည်းသည်လူမဟုတ်၍ ချက်ချင်းပင် ကျောက်ခန်းလင်၏ကန်ချက်ကိုရှောင်ရှားလိုက်သည်။ ထို့နောက် ကျောက်ကျန်းလင်ကို ပြန်ဖမ်းဖို့လုပ်လိုက်ပေမည့် ဖမ်းမမိခဲ့ပေ။

ဆူဆူညံညံအသံများကြောင့် လုံခြုံရေးအစောင့်များလဲ အပြေးရောက်ချလာတော့သည်။ သို့ပေမည့် သူတို့ ထိုနှစ်ယောက်ကိုမတားရသေးခင်တွင်ပဲ ဖန်းကျီရွေ့နှင့် ကျောက်ခန်းလင်တို့က၊

“အနားကပ်မလာနဲ့!”

ဤနေရာသည် မြင်းပြိုင်ပွဲကွင်းဖြစ်ပေသည်။ ရန်ဖြစ်သည့်အဖွဲ့ဝင်များကသာ လုံခြုံရေးများကို ဝင်မပါစေချင်လျှင် သူတို့ဘက်ကလဲ ဝင်ပါလိမ့်မည်မဟုတ်ပေ။ သို့ပေမည့် တစ်ဖက်ဖက်က ပြင်းပြင်းထန်ထန်ထိခိုက်သွားမည် သို့မဟုတ် သေဆုံးသွားခဲ့မည်ဆိုလျှင်တော့ မြင်းပြိုင်ကွင်းဘက်က ထိုကိစ္စ၏နောက်ဆက်တွဲပြဿနာများကို တာဝန်ယူမည်မဟုတ်ပေ။

ဖန်းကျီရွေ့နှင့် ကျောက်ခန်းလင်တို့ အချိန်အတော်ကြာတိုက်ခိုက်ပြီးသွားချိန်တွင်တော့ ကျောက်ခန်းလင်က ဖန်းကျီရွေ့၏ညာဘက်ရင်ဘက်အား အမိအရထိုးမိသွားကာ ဖန်းကျီရွေ့လဲ ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ရသည်။

ဖန်းကျီရွေ့သည် ရန်အများကြီးဖြစ်ခဲ့ဖူးသောကြောင့် အတိုက်အခိုက်ကောင်းလေသည်။ သို့ပေမည့် ကျောက်ခန်းလင်သည်က စစ်ထဲတွင်၃နှစ်မျှတာဝန်ထမ်းဆောင်ခဲ့ပြီး စနစ်တကျလေ့ကျင့်ပေးခြင်းကို ခံထားရလေသည်။ ထို့အတွက်ကြောင့် ဖန်းကျီရွေ့သည် ကျောက်ခန်းလင်၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

“သခင်လေးဖန်း၊ အဆင်ပြေရဲ့လား? လူနာတင်ယာဉ်ခေါ်လိုက်ရမလား?” လုံခြုံရေးအစောင့်တစ်ဦးက ဖန်းကျီရွေ့ထံရောက်လာကာ မေးလိုက်သည်။

“ကျီရွေ့၊ မင်းအဆင်ပြေရဲ့လား?” ကျိုးကွမ်လွေ့လဲ ရောက်လာကာ ဖန်းကျီရွေ့အားမေးမြန်းလိုက်သည်။

“ရတယ်၊ အဆင်ပြေတယ်။” သူ၏ရင်ဘက်ကအတော်လေးနာကျင်နေသော်လည်း သည်းခံနိုင်သည့်အတိုင်းအတာအတွင်းတွင်သာရှိသေးလေသည်။ ထို့အပြင် ဤကဲ့သို့နာကျင်မှုများနှင့်လဲ ကျင့်သားရနေပြီးသားဖြစ်သည်။

ကုနင်း ချက်ချင်းပင် ဆေးတစ်ပုလင်းကိုထုတ်ယူကာ ဖန်းကျီရွေ့အားပေးလိုက်လေသည်။

“ဒါသောက်လိုက်။”

စွမ်းအင်သလင်းကျောက်များသည် အလွန်အဖိုးတန်သော်လည်း ကုနင်းအနေဖြင့် သူမ၏သူငယ်ချင်းတစ်ဦးအတွက်ဆိုလျှင်တော့ သေချာပေါက် ပေးမည်ဖြစ်သည်။

“ဒါဘာကြီးလဲ?” ဖန်းကျီရွေ့ပြန်မေးလိုက်သည်။

“ဆေး၊”

ကုနင်း၏အဖြေကြားသည်နှင့် ဖန်းကျီရွေ့ဆေးပုလင်းကိုယူလိုက်ကာ အဖုံးဖွင့်ပြီး ချက်ချင်းပင် သူ့ပါးစပ်ထဲသို့လောင်းထည့်လိုက်တော့သည်။

ဆေးလုံးများ ဝင်သွားသည်နှင့် ချက်ချင်းအရည်ပျော်သွားကာ အေးမြသည့်စီးကြောင်းလေးတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း အလျင်အမြန်စီးဆင်းသွားခဲ့ပြီး သက်သောင့်သက်သာဖြစ်သည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ မကြာခင်တွင်ပဲ ရင်ဘက်မှနာကျင်မှုမှာ အများကြီးသက်သာသွားခဲ့သောကြောင့် ဖန်းကျီရွေ့အလွန် အံ့အားသင့်သွားတော့သည်။

ထိုဆေးအကြောင်း ကုနင်းကိုမေးဖို့ရန် ဖန်းကျီရွေ့ပြင်နေစဉ်မှာပဲ ကုနင်းသည် ကျောက်ခန်းလင်အနားသို့လျှောက်လို့သွားပြီဖြစ်သည်။

“အိုး၊ အလှလေး၊ ဘာလဲ? မင်းလူ ဘယ်လောက်ပျော့ညံ့လဲဆိုတာသိသွားတော့ ကိုယ်ဆီလာတော့မယ်ပေါ့။”

“ခွေးကောင်!” ကုနင်း ကျောက်ခန်းလင်အား ဆဲလိုက်ကာ ကန်လိုက်တော့သည်။ ကုနင်း၏လှုပ်ရှားမှုမှာ အလွန်လျင်မြန်သလို ကျောက်ခန်းလင်ကလဲ သူမယခုလို သူ့အားကန်ရဲလိမ့်မည်ဟု မမျှော်လင့်ထား၍ ပြင်ဆင်ချိန်တော်မရလိုက်ဘဲ အကန်ခံလိုက်ရတော့သည်။

“အား!” ကျောက်ခန်းလင်မှာ အကန်ခံရမှုကြောင့် လေထဲသို့သုံးမီတာခန့်အထိလွင့်သွားခဲ့ကာ မြေပြင်သို့အရှန်ပြင်းပြင်းပြန်ပြုတ်ကျလာခဲ့ပေမည့် ချက်ချင်းရပ်သွားခြင်းမဟုတ်ဘဲ လှေကားတစ်ခုနှင့်မဆောင့်မိခင်အထိ တရွတ်တိုက်လွင့်သွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းအလွန်ထိတ်လန့်သွားကြရသည်။ ဘာလဲ? ဒီမိန်းကလေးက ကျောက်ခန်းလင်ကို လေထဲလွင့်သွားအောင်ကန်ပစ်တာလား? ထိုမြင်ကွင်းမှာ အလွန်မယုံကြည်နိုင်စရာကောင်းလွန်းသောကြောင့် ဘယ်သူမှ သူတို့ကိုယ်တိုင်မြင်ခဲ့ရသည်ကို မယုံကြည်နိုင်ကြသေးပေ။

“ဝိုး၊ ဘော့စ်ကတော့ အရမ်းမိုက်တယ်!” ဖန်းကျီရွေ့က စိတ်လှုပ်ရှားစွာဖြင့် ကုနင်းအားအော်ဟစ်ပြောလိုက်သည်။ ကုနင်းက သိုင်းပညာရှင်တစ်ဦးဖြစ်လောက်ကြောင်း ဖန်းကျီရွေ့သိထားပြီးသားဖြစ်၍ အလွန်မထိတ်လန့်သွားခဲ့ပဲ ပို၍ပင်လေးစားသွားတော့သည်။

ဖန်းကျီရွေ့၏အော်သံကိုကြားမှပင် အားလုံး၏အသိစိတ်များပြန်ဝင်လာကြတော့သည်။

သူတို့မျက်စိရှေ့တွင်ပင် ကုနင်းကအမှန်တကယ်ကို ကျောက်ခန်းလင်အား လေထဲမြောက်သွားအောင် ကန်လိုက်သည်ပဲ။ မယုံနိုင်စရာဖြစ်ရပ်တစ်ခုဖြစ်သော်လည်း သူတို့ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရခြင်းဖြစ်လေသည်။ ဘုရားရေ! သူအရမ်းသန်မာတာပဲ! လူတိုင်းထိုသို့တွေးလိုက်မိကြကာ ကုနင်းသည် သိုင်းပညာရှင်တစ်ဦးဖြစ်မည်ဟု ယုံကြည်သွားကြတော့သည်။

ကျောက်ခန်းလင်၏သူငယ်ချင်းများနှင့် လုံခြုံရေးအစောင့်များလဲ ကျောက်ခန်းလင်အနားသို့ အမြန်ပြေးသွားကြသည်။ ကျောက်ခန်းလင်မှာ နာကျင်မှုကြောင့် အလွန်ဖြူဖျော့ကာ လှုပ်ပင်မလှုပ်နိုင်တော့သည်ကိုမြင်လိုက်ရတော့ သူတို့အားလုံး၊

“သခင်လေးကျောက်၊ အဆင်ပြေရဲ့လား?”

ထိုမေးခွန်းကိုကြားလိုက်ရသည်နှင့် ကျောက်ခန်းလင်အလွန်ဒေါသထွက်သွားရတော့သည်။ သူ့တစ်ကိုယ်လုံးအလွန်နာကျင်နေရပြီး အသက်ရှုပ်ရပ်တော့မတတ်ဖြစ်နေပေမည့် ဒီလူတွေက သူ့ကိုအဆင်ပြေလားဟု မေးနေသည်တဲ့လား? ကျောက်ခန်းလင်သာ စကားပြန်ပြောနိုင်မည်ဆိုလျှင် ထိုလူများကိုသေချာပေါက် ဆဲလိုက်မိမည်သာ။ သေစမ်း! ဒီကောင်မလေးက တကယ့်ကိုသန်တာပဲ! ကျောက်ခန်းလင် တွေးလိုက်မိပြီး ကုနင်းကိုပြန်လက်စားချေရန်အတွက် စဉ်းစားနေတော့သည်။

ကံကောင်းစွာဖြင့် ကျောက်ခန်းလင်သည် သန်မာကြံ့ခိုင်သည့်လူမျိုးဖြစ်သောကြောင့်သာမဟုတ်လျှင် သေချောပေါက် ဤကန်ချက်ဖြင့် အသက်ထွက်သွားလောက်ပေပြီ။

ကျောက်ခန်းလင် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသည်ကိုမြင်သည်နှင့် လုံခြုံရေးတစ်ဦးက ချက်ချင်းပင် လူနာတင်ယာဉ်ကိုဖုန်းဆက်ခေါ်လိုက်တော့သည်။

ကျောက်ခန်းလင်သည် မြင်းပွဲကွင်းနှင့်ဘာမှမပတ်သတ်သော်လည်း သူ့ကိုဒီအတိုင်းသေအောင်ပစ်ထားလိုက်ဖို့မဖြစ်နိုင်ပေ။

ထိုအချိန်တွင်တော့ ကွမ်းပင်းအပါအဝင် ကုနင်းကိုသဘောမကျသည့်လူအားလုံး အလွန်ထိတ်လန့်အံ့ဩသွားခဲ့ကြရသည်။ ယခုတော့ဖြင့် ဖန်းကျီရွေ့က ဘာကြောင့်သူမကို ဘော့စ်အဖြစ်အသိအမှတ်ပြုမှန်း နားလည်သွားကြပေပြီ။ ထို့အပြင် ဘယ်သူမှလဲ ကုနင်းကို စိတ်အနှောက်အယှက် မပြုရဲကြတော့ဘဲ ခပ်ခွာခွာနေလိုက်ကြတော့သည်။

All Chapters