← Chapters

အခန်း (၁၅၅၅-၁၅၆၀)

Vol. 98 Ch. 1555-1560

အခန်း (၁၅၅၅-၁၅၆၀)

Vol. 98 Ch. 1555-1560

အခန်း ၁၅၅၅ ထန်ကျားခိုင်နှင့်အတူ ပြေးသည်…

ဘာပဲဖြစ်ဖြစ် ထိုနေရာသို့သွားရန် သူတို့တွင် အချိန်အလုံအလောက်

ရှိသောကြောင့် သင့်တော်သောလေယာဉ်ကို သူတို့ စောင့်နိုင်ကြ မှာဖြစ်သည်။ ကုနင်းသည် လင်ရှောင်းထင်အား စောင့်နေချိန်တွင် လေဆိပ်၌ ညစာစားနိုင်မည်ဖြစ်သည်။ သူတို့သည် နေ့လည် (၁)နာရီ (၁၅)မိနစ်အချိန်တွင် ချင်မြို့သို့ ထွက်ခွာမည့် လေယာဉ်အတွက် လက်မှတ်များကို ကြိုတင်ဝယ်ယူကြမည်ဖြစ်သည်။

ထိုကိစ္စ ပြီးပြတ်သွားပြီးနောက် မအိပ်မီ သူတို့ တစ်ယောက်ကို တစ်ယောက် တီတီတာတာပြောနေခဲ့ကြသည်။

သို့သော် ခွန်းလွန်တောင်နှင့်ပတ်သက်ပြီး သူတို့ စိတ်ပူနေကြသောကြောင့် ကုနင်းရော လင်ရှောင်းထင်ပါ ဤည၌ အိပ်မပျော်နိုင်ခဲ့ကြပေ။

ထိုနေရာက လင်ရှောင်းထင်၏မိဘများ မတော်တဆမှု ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။ မသိသေးသော အမှန်တရားက ကျန်နေဆဲဖြစ်ပြီး သူ၏မိခင်ဖြစ်သူ အသက်ရှင်နေသေးသည် ဆိုခြင်းကိုပင် လင်ရှောင်းထင် စုံစမ်းရရှိခဲ့သည်။

သူ၏မိခင် အမှန်တကယ်အသက်ရှင်နေခဲ့လျှင် သူအလွန်အမင်း ပျော်ရွှင်မှာဖြစ်သည်။ သို့သော် မတော်တဆမှုမှ လွန်မြောက်ရန်အတွက် သူ့အမေက သူ့အဖေကို သစ္စာဖောက်ခဲ့သည်ဆိုလျှင် မည်သို့ ရင်ဆိုင်ရမည်ဆိုခြင်းကိုမူ ရှင်းရှင်းပြောရလျှင် သူကိုယ်တိုင်လဲ မသိသေးပေ။

ထို့အပြင် သူအမေ မသေခဲ့လျှင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ့ကို ဘာကြောင့် လာမတွေ့ခဲ့တာလဲ။ ထိုသို့လုပ်ရန် သူမအတွက် ခက်ခဲခဲ့တာလား။ လင်ရှောင်းထင်သည် သူ့အမေက သွေးအေးသူတစ်ယောက် ဖြစ်နိုင်သည်ဆိုခြင်းကို လက်ခံရန် ဝန်လေးနေသော်လည်း ၎င်းက အမှန်တရားဖြစ်နိုင်သောကြောင့် ၎င်းအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရန် လိုအပ်ခဲ့သည်။

ကုနင်းကလည်း ယွင်ယောင်အကြောင်းကို စဉ်းစားနေခဲ့သည်။ ယွင်ယောင်က လင်ရှောင်းထင်၏ မိခင်ဖြစ်သောကြောင့် သူမ အသက်ရှင်နေသေးသည်ဟု ကုနင်းလည်း မျှော်လင့်ထားခဲ့သည်။

သို့သော်ငြားလည်း ယွင်ယောင်သည် လင်ရှောင်းထင်၏ဖခင်ကို သစ္စာဖောက်ခဲ့သောကြောင့် သူမ မသေခဲ့ပါက လင်ရှောင်းထင် ထပ်မံ၍ နာကျင်မှုကို မခံစားရစေရန်အတွက် ကုနင်းက သူမအား သေစေချင်ခဲ့သည်။ တကယ်တော့ လင်ရှောင်းထင်က သူ့မိဘများ သေဆုံးသွားပြီဆိုသော ရလဒ်ကို လက်ခံထားပြီး ဖြစ်လေသည်။

ကုနင်းသည် ခွန်းလွန်တောင်တွင် ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် နည်းလမ်းရှာဖွေနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

မဟုတ်လျှင် သူမသည် လင်ရှောင်းထင်နှင့်အတူ ကြာကြာရှိနိုင်မည် မဟုတ်ပေ။ လင်ရှောင်းထင်က ၎င်းကို စိတ်မဝင်စားပေမယ့် သူ့ထက် သူမ မြန်မြန် အသက်ကြီးခဲ့လျှင် သူမ သဘောကျမည် မဟုတ်ပေ။

ထိုအရာကို တွေးနေသောကြောင့် ကုနင်းမှာ မနက်(၁)နာရီအထိ အိပ်မပျော်နိုင်ခဲ့ပေ။ မကြာမီ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးနောက် တစ်ခုခု ဖြစ်တော့မည်ဟု သူမကို ပြောနေပုံရသော အိပ်မက်တစ်ခုကို သူမ မက်ခဲ့လေသည်။

ကုနင်းသည် ကြီးမြတ်သောနတ်ဘုရား်နေရာ၌ အဖြူရောင် ရိုးရာဝတ်ရုံရှည်ဝတ်ထားသော အမျိုးသမီးတစ်ဦးအား တွေ့ဆုံခဲ့သည်ဟု အိပ်မက်မက်ခဲ့ပေမယ့် သူမ၏မျက်နှာကိုမူ မတွေ့ရပေ။ အမျိုးသမီးက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး အတော်လေး ကျက်သရေရှိသော ပုံစံရှိနေခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် ကုနင်း အိပ်ရာမှ နိုးလာခဲ့ပြီး အချိန်အတော်ကြာ သူမ၏အတွေးထဲမှ ပျောက်ကွယ်နေခဲ့သည်။ အိပ်မက်က တိုက်ဆိုင်မှုသက်သက်လား (သို့မဟုတ်) တစ်ခုခုအတွက်

အရိပ်အမြွက်တစ်ခုလား ဆိုသည်ကို သူမ မသိခဲ့ပေ။ ထို့အပြင် သူမ၏ အိပ်မက်ထဲမှ အမျိုးသမီးက လင်ရှောင်းထင်၏ မိခင် ဟုတ်မဟုတ်ဆိုခြင်းကို သူမ သိချင်မိခဲ့သည်။

ကုနင်းက ခေါင်းကို ခါယမ်းလိုက်ပြီး ထူးဆန်းသော ထိုအိပ်မက်ကို မေ့ပစ်ရန် ကြိုးစားလိုက်သည်။ ကုနင်း၏ မကောင်းသောအရာ တစ်ခုခု ဖြစ်တော့မည်ဟု ကြိုသိနေသော ခံစားချက်တွင် မြင်ကွင်း တစ်ခုပေါ်လာခဲ့လျှင် ၎င်းက ဖြစ်တော့မည်ဆိုခြင်းကို ကုနင်း သေချာ သိပေမယ့် ယခုကတော့ အိပ်မက်ထဲမှာ ဖြစ်သောကြောင့် သူမ မသေချာခဲ့ပေ။

သို့သော် သူမသည် အကြောင်းရင်းကို နားမလည်နိုင်သောကြောင့်

၎င်းကို ဘေးဖယ်ထားလိုက်ကာ ပြေးရန် မနက်(၆)နာရီ၌ အိပ်ယာထ

လိုက်သည်။

"မောနင်း… အဖိုး…"

ကုနင်းက အောက်ထပ်သို့ ဆင်းလျှင်ဆင်းချင်း သူ့အခန်းမှထွက်လာသော ထန်ဟိုင်ဖုန်းကို တွေ့လိုက်ရသည်။

အသက်ကြီးသူများက အအိပ်အနေနည်းသောကြောင့် သူက အလွန်စောစွာ အိပ်ယာထနေခဲ့သည်။

"ကောင်းသောမနက်ခင်းပါ… ရှောင်နင်း…" ချွမ်ပေါ်ဟန်က ကုနင်းကို နှုတ်ဆက်လိုက်သည်။

"မောနင်း… ဦးလေးချွမ်…" ဟု ပြောရင်း ကုနင်းက သူ့ကို ပြုံးပြလိုက်သည်။

"နင်းနင်း… မင်းဘာလို့ အစောကြီးထတာလဲ… နာရီနည်းနည်း လောက် ထပ်အိပ်လို့ရတယ်…" ထန်ဟိုင်ဖုန်းက ပြောခဲ့သည်။

"သမီး မနက်စောစောထတာ ကျင့်သားရနေပါပြီ… အခုက သမီး ပြေးချင်လို့ပါ…"

"ကောင်းတာပေါ့…" ထန်ဟိုင်ဖုန်း ခေါင်းညိတ်လိုက်လေသည်။ ၎င်းက အလေ့အကျင့်ကောင်း တစ်ခုပါပဲ။

"အိုး… ခဏစောင့်အုံး…"

ကုနင်း ထွက်သွားခါနီးအချိန်တွင် ထန်ဟိုင်ဖုန်းက သူမကို တားလိုက်သည်။

"ဘာဖြစ်လို့လဲ အဖိုး…" ဟု ကုနင်းက မေးလိုက်သည်။

"ကျားခိုင်ကိုပါ မင်းနဲ့အတူပြေးဖို့ ပြောလိုက်… မင်းက လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ သူတစ်နေကုန် အိပ်နေလို့ မရဘူး…"

ထိုအခါ ကုနင်းက ရယ်လိုက်ပြီး ၎င်းက ထန်ကျားခိုင်အား ဒုက္ခရောက်စေသည်ဆိုခြင်းကို သိပေမယ့် သူမ အဖိုးဖြစ်သူ၏ စကားကိုတော့ နားထောင်ရမည်ဖြစ်သည်။ ထို့အပြင် မနက်ခင်း၌ ပြေးသော အလေ့အကျင့်တစ်ခုကို သူ ကျင့်သားရနိုင်ခဲ့လျှင် ၎င်းက ထန်ကျားခိုင်၏ ကျန်းမာရေးအတွက် ကောင်းမှာဖြစ်သည်။

သူတို့ ကျန်းမာစေရန်အတွက် ကုနင်း၏ စွမ်းအင်သလင်းကျောက်ရှိသော်လည်း ၎င်းက သူတို့၏ ကိုယ်တွင်းအင်္ဂါများကိုသာ ကာကွယ်နိုင်ပြီး ခြေလက်အင်္ဂါများ သန်မာရန်အတွက်တော့ သူတို့ လေ့ကျင့်ခန်းလုပ်ရန် လိုမှာဖြစ်သည်။

"သမီး သူ့ကို သွားနှိုးလိုက်အုံးမယ်…" ဟု ကုနင်းက ပြောလိုက်ပြီးထန်ကျားခိုင်၏ အခန်းရှိရာသို့ လှည့်ထွက်သွားတော့သည်။

ထို့နောက် သူမ တံခါးခေါက်လိုက်သည်။

ထန်ကျားခိုင်က အအိပ်ဆတ်သောသူဖြစ်သောကြောင့် သူ ချက်ချင်း နိုးလာခဲ့ပေမယ့် မနက်စောစောစီးစီး သူ့တံခါးကို တစ်စုံတစ်ယောက်က လာခေါက်သည့်အတွက် သူ ဒေါသထွက်နေခဲ့သည်။

"ဘယ်သူလဲ… အစောကြီးရှိသေးတယ်… ငါ့ကိုလာမနှိုးနဲ့…"

"ငါပါ… အမှန်တိုင်းပြောရရင် ငါနင့်ကို မနှိုးချင်ပါဘူး… ဒါပေမယ့် အဖိုးက မနက်ခင်းမှာပြေးတဲ့ အလေ့အကျင့်ကောင်း တစ်ခုရအောင် နင့်ကို ကူညီဖို့ ပြောခဲ့တယ်… နင် လေ့ကျင့်ခန်း ပိုလုပ်သင့်တယ်…"

ကုနင်းက သူ့အခန်းအပြင်ဘက်မှ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ကောင်းပြီ… ငါလာပြီ…" ဟု ထန်ကျားခိုင်က ပြောလိုက်သည်။

သူ့မျက်လုံးထဲတွင် ကုနင်းက အလွန်အရေးကြီးသော ညီမငယ်တစ်ယောက်ဖြစ်ပြီး သူမကို ကာကွယ်ရန်အတွက် သူ အမြဲတမ်း သန်မာချင်ခဲ့သည်။ သို့သော် ကုနင်းက အတော်လေး သန်မာပြီး သူ၏ အကာအကွယ်ပေးခြင်းကို မလိုအပ်ခဲ့ပေ။

ထိုအကြောင်းနှင့်ပတ်သက်၍ ထန်ကျားခိုင် ရှက်ရွံ့သွားပြီး အနည်းငယ် မလုံလဲဖြစ်သွားခဲ့သောကြောင့် ကုနင်း သူ့ကို အိပ်ယာမှ နှိုးခြင်းအတွက် လုံးဝ အပြစ်မတင်ခဲ့ပေ။

ကုနင်းက တံခါးခေါက်တာကို ရပ်လိုက်ပြီး အပြင်မှ စောင့်နေလိုက်သည်။

ထန်ကျားခိုင်က အဝတ်အစားများကို အမြန်ဝတ်ကာ တံခါးဖွင့်လိုက်

သည်။ သူက ကုနင်းကို ကမန်းကတန်း တွေ့ရသောကြောင့် သူ၏ဆံပင်က ရှုပ်ပွနေဆဲဖြစ်ပြီး ထိုပုံစံက ကုနင်းကို ရယ်မောစေခဲ့သည်။

"ငါတို့ အလျင်စလိုလုပ်စရာမလိုလို့ အနည်းဆုံး နင့်ရဲ့ဆံပင်ကို သပ်

သပ်ရပ်ရပ်ဖြစ်အောင် ဖြီးနိုင်ပါသေးတယ်…"

"ရပါတယ်… ဘာပဲဖြစ်ဖြစ် ပြေးပြီးရင်လဲ ရှုပ်အုံးမှာပဲ…" ဟု ထန်ကျားခိုင် က ပြောလိုက်ပြီး သူ၏ဆံပင်ကို လက်များဖြင့် သာမန်ကာလျှံကာ သပ်လိုက်လေသည်။

***

အခန်း ၁၅၅၆ ငါ့အဝတ်အစားတွေကို မင်း ဝတ်ရမယ်…

သူက ဆံပင်အတိုနှင့် လူငယ်တစ်ယောက်ဖြစ်သောကြောင့် လက်များဖြင့် ဆံပင်များကို ရှင်းရသည်က သူ့အတွက် အခက်အခဲ မရှိခဲ့ပေ။

ကုနင်းက ၎င်းနှင့်ပတ်သက်ပြီး ဘာမှမပြောတော့ပဲ အောက်ထပ်သို့

သူတို့ အတူတူ ဆင်းလာခဲ့ကြသည်။

ဤအချိန်၌ ထန်ဟိုင်ဖုန်း က ခြံထဲတွင် လေ့ကျင့်ခန်း လုပ်နေခဲ့ပြီး ထန်ကျားခိုင် ကို တွေ့လိုက်သောချိန်ခဏတွင် သူက အပြစ်ပြောလိုက်သည်။

"ထန်ကျားခိုင်… မင်းနင်းနင်းဆီက သင်ဖို့ကောင်းတယ် … အခုကစပြီးပြေးဖို့မနက်စောစောထသင့်တယ်…"

"ဟုတ်ကဲ့…"

ထန်ကျားခိုင်က ချက်ချင်းလက်ခံခဲ့သည်။ တကယ်တော့ ထန်ကျားခိုင်က သူ၏ကျောင်း၌ အမြဲတမ်း မနက်(၆)နာရီခွဲတွင် အိပ်ယာထရသောကြောင့် စောစောထဖို့က သူ့အတွက် လွယ်ကူပေသည်။

ထန်ကျားခိုင်၏ ကောင်းမွန်သောသဘောထားကို တွေ့ရသောအခါ ထန်ဟိုင်ဖုန်းက သူ့အား အပြစ်ပြောခြင်းကို ရပ်လိုက်သည်။ ထို့နောက် ကုနင်းနှင့် ထန်ကျားခိုင်တို့သည် ထန်မိသားစုအိမ်၏ စိမ်းလန်းသောလမ်းမြောင်တွင် လှည့်ပတ်ပြေးရန် ထွက်သွားတော့သည်။

ထန်မိသားစု၏ နေအိမ်အနီးတဝိုက်တွင် အစိမ်းရောင်ရှည်သွယ်သော လမ်းကျဉ်းတစ်ခုရှိပြီး ၎င်းကို လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းများ ပြုလုပ်ရန်အတွက် အသုံးပြုကြသည်။

ကုနင်းသည် သူမပင်ပန်းနွယ်နယ်မှုကို သက်သာစေရန်အတွက် သူမ၏မှော်စွမ်းအင်ကို အသုံးပြုရန် မလိုအပ်လျှင် သူမ လေ့ကျင့်ခန်းလုပ်နေသောအချိန်များတွင် ၎င်းကို မည်သည့်အခါမှ မသုံးခဲ့ပေ။ ထို့ကြောင့် အချိန်အတော်ကြာ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီးနောက် ကုနင်းတွင် ယခုအခါ သန်မာသော ခန္ဓာကိုယ် ရှိလာခဲ့လေပြီ။

ထန်မိသားစုအိမ်အနီးတစ်ဝိုက်ရှိ အစိမ်းရောင်လမ်းသွယ်က မီတာ(၂၆၀)နီးပါး ရှိပြီး ၎င်းကို သူတို့ (၈)ကြိမ် ပတ်ပြေးခဲ့သည်။ ကုနင်းက သိပ်မမောခဲ့ပေမယ့် ထန်ကျားခိုင်က အားမရှိတော့ပဲ ကုနင်းနောက်၌ တဖြည်းဖြည်း ကျန်နေခဲ့တော့သည်။

အချိန်ကြာလာသည်နှင့်အမျှ ကုနင်းသည် ထန်ကျားခိုင်ထက် ပို၍ ပြေးနေခဲ့လေသည်။

ထန်ဟိုင်ဖုန်းက အသက်ကြီးသူတစ်ဦးဖြစ်သောကြောင့် ကြာကြာလေ့ကျင့်ခန်း မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် မကြာမီ သူရပ်လိုက်ပြီး တံခါးပေါက်မှ သူတို့ပြေးနေခြင်းအား ကြည့်နေခဲ့လေသည်။

ထန်ကျားခိုင်က ကုနင်းနောက်၌ ပြတ်ကျန်ခဲ့သောအချိန်၌ ထန်ဟိုင်ဖုန်းက လုံးဝ အားမရမဖြစ်ပဲ ထိုအစား ကုနင်းအတွက် အလွန် ဂုဏ်ယူမိခဲ့သည်။ သူသည် လူတိုင်းတွင် မတူသောအရည်အချင်းများ ရှိသည်ဆိုခြင်းကို သိထားသောကြောင့် ကုနင်းကဲ့သို့ လုပ်ရန် ထန်ကျားခိုင် ကို တွန်းအားပေးမည် မဟုတ်ပေ။

သူတို့၏ ကိုယ်ပိုင်အရည်အချင်းကို အကောင်းဆုံးလုပ်ရန်သာ လိုအပ်လေသည်။ ထန်ကျားခိုင်နှင့် ကုနင်း နှစ်ယောက်စလုံးက သူအလွန်ချစ်ရသော မြေးများဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကို သူ မမျှမတ ဆက်ဆံလိမ့်မည် မဟုတ်ပေ။ အဆုံးတွင် ထန်ကျားခိုင်က အပတ်(၂၀)သာ ပြေးနိုင်ခဲ့ပြီး ကုနင်းက အပတ်ရေ (၄၀) ပြေးခဲ့လေသည်။ ကုနင်းက မမောခဲ့သော်လည်း လေကောင်း လေသန့်ရှူရန်အတွက် ရပ်နားခဲ့သည်။

"နင်းနင်း… မင်း ဘယ်နပတ်ပြေးပြီးပြီလဲ…" ဟု ထန်ကျားခိုင် က ကုနင်းကို မေးလိုက်သည်။

"၄၀.." ဟု ကုနင်းက ပြောလိုက်သည်။

"ဘာ… အပတ်ရေ (၄၀) ဟုတ်လား… မင်း ဘာလို့ အရမ်းမောတဲ့ပုံ မပေါ်ရတာလဲ…" ဟု ပြောရင်း ထန်ကျားခိုင် အလွန်အံ့သြသွားခဲ့သည်။

"ငါကျင့်သားရနေပြီ…" ဟု ကုနင်းက ပြုံး၍ ပြန်ပြောလိုက်သည်။

"ကောင်းပြီ… အခု မနက်စာစားဖို့ ပြန်လာခဲ့ကြ…" ဟု ထန်ဟိုင်ဖုန်းက သူတို့ကို အော်ပြောလိုက်သည်။

ထို့နောက် ကုနင်းနှင့် ထန်ကျားခိုင် တို့သည် မနက်စာမစားမီ ရေချိုးရန် ပြန်လာခဲ့ကြသည်။

ထမင်းစား စားပွဲတွင် သူတို့ ထိုင်လိုက်ချိန်တွင် အခြားသော မိသားစု

ဝင်များလည်း အတူတူ ထိုင်နေခဲ့ကြသည်။ သို့သော် ကုနင်း သူမ၏မနက်စာကို စား၍မပြီးခင် ချောင်ဝမ်ရှင်းက အထဲသို့ ပြေးလာပြီး သူမကို ကျယ်လောင်စွာ ပြစ်တင်ပြောဆိုခဲ့သည်။

"နင်းနင်း၊ နင်အခု Bမြို့မှာရှိနေတာကို ဘာလို့ ငါ့ကိုမပြောခဲ့တာလဲ? နင်ငါ့ကို ဘယ်လိုလုပ်ပြီး မေ့ရဲရတာလဲ?"

ချောင်ဝမ်ရှင်း သည် သူမ၏ ပို့စ်ကို Weibo ပေါ်တွင် မဖတ်ရမချင်း B မြို့တွင် ကုနင်း ယခု ပြန်ရောက်နေကြောင်းကို မသိခဲ့ပေ။

ထိုအခါ ကုနင်းမှာ ရှက်သွားပြီး ချက်ချင်းတောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်၊ ဒါက ငါ့အမှားပါ။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ငါ့ကို ခွင့်လွှတ်ပါနော်၊ နောက်တစ်ခါကျရင် နင့်ကို ငါအရင်ပြောပါ့မယ်… ဟုတ်ပြီလား…"

"ကောင်းပြီလေ၊ နင်သဘောကောင်းလို့ ငါခွင့်လွှတ် ပေးလိုက်မယ်… ဒါပေမယ့် နောက်တစ်ခါ ဒါမျိုး ထပ်မဖြစ်နိုင် တော့ဘူး၊ ဒါနဲ့ နင် ငါ့ကို လက်ဆောင်ပေးဖို့ နင့်ရဲ့ အမှတ် တံဆိပ်အသစ်က ဝတ်စုံတစ်ထည် ပို့ပေးသင့်တယ်။"

ကုဖန်းကို ကုနင်းပိုင်သောကြောင့် ချောင်ဝမ်ရှင်းအတွက် အဝတ်အစားတစ်စုံ ပြင်ပေးဖို့က သူမအတွက် အလွန်လွယ်ကူလှပေသည်။ ထို့အပြင် ၎င်းက ကုနင်း၏ ကုမ္ပဏီအသစ်ဖြစ်သောကြောင့် သူမ၏ မိသားစုဝင်များအတွက် လက်ဆောင်များကို သူမ သေချာပြင်ဆင်ထားခဲ့သည်။

"ဟုတ်တာပေါ့၊ ငါ့မှာ နင့်အတွက် လက်ဆောင်တစ်ခုရှိတယ်၊ တကယ်တော့ တစ်ယောက်ချင်းစီအတွက် လက်ဆောင်တစ်ခုစီကို ပြင်ထားခဲ့တာ။ တစ်ယောက်ချင်းစီတိုင်း ငါ့ရဲ့ တံဆိပ်အသစ်ထဲက အဝတ်တစ်စုံစီ ရမယ်။ ဖွင့်ပွဲအခမ်းအနားတက်ဖို့ ငါ့ရဲ့အဝတ်အစားတွေကို ဝတ်ရမယ်။" သူမသည် သူမ၏မိသားစုကို ကြော်ငြာကောင်းတစ်ခုအဖြစ် အသုံးပြုရန် စီစဉ်ထားခဲ့သည်။

သူတို့ကို ကုနင်း လက်ဆောင်ပေးမည်ဆိုခြင်းကို သူတို့ သိထားခဲ့သော်လည်း သူမ ထုတ်ပြောလာသောအချိန်တွင် သူတို့ အံ့ဩကြ ဆဲဖြစ်သည်။

"ရပါတယ်။" ဟု ချောင်ဝမ်ရှင်းက ပြုံး၍ ပြောလိုက်သည်။

"မင်းရဲ့ တံဆိပ်သစ်က ခုမှ စလုပ်တာမို့လို့ မင်းရဲ့ အဝတ်အစားတွေကို ငါတို့ ဝတ်ရမှာပေါ့။" ဟု ကျန်းလီဟွာက ပြောလိုက်သည်။

"ဟုတ်တယ်… ငါတို့ မင်းကို အားပေးမယ်။" ဟု ထန်ဟိုင်ဖုန်းက ပြောလိုက်သည်။ ကုဖန်းက သူ့မြေးမလေး၏ တံဆိပ်သစ်ဖြစ်ပြီး သူမ၏ကြော်ငြာမှုကို သူ ကူညီချင်တာထက် ပိုတော့သည်။

အခြားသော မိသားစုဝင်များကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြသည်။ တကယ်တော့ သူတို့၏ နေ့စဉ်ဘဝတွင် ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ခဲ့ကြပြီး အရေးကြီးသော ပွဲများ၌သာ ဒီဇိုင်နာအမှတ်တံဆိပ်များကို ဝတ်ဆင်ကြမှာဖြစ်သည်။ နောက်ဆုံး တော့ လူတိုင်းသည် သက်တောင့်သက်သာရှိသော အဝတ်အစားများ ကိုသာ သဘောကျခဲ့ကြသည်။

"နင်းနင်း၊ ငါဒီနေ့ အရေးကြီးကိစ္စရှိလို့ ဒီမနက် မသွားနိုင်မှာကို ငါ

စိုးရိမ်တယ်။ ဒါပေမယ့် မင်းရဲ့လုပ်ငန်းက အမြဲတမ်းလိုလို အမြတ်အစွန်း ထွက်နိုင်ဖို့ ငါမျှော်လင့်ပါတယ်။" ဟု ထန်ယွင်ဟန် ကပြောခဲ့သည်။

"ကျေးဇူးတင်ပါတယ်၊ ဦးလေးယွင်ဟန်။ ဒီနေ့ ဦးလေးမအားရင်

ရပါတယ်။"

၎င်းက ဖွင့်ပွဲအခမ်းအနားတစ်ခုသာဖြစ်ပြီး အကယ်၍ သူမ၏ မိသားစု

ဝင်များမှ မည်သူမဆို မလာနိုင်ခဲ့လျှင် ကုနင်း စိတ်ဆိုးမည် မဟုတ်ပေ။

…

ထန်မိသားစု မနက်စာစားနေစဉ် သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့ကလည်း မြို့တော်တွင် မနက်စာ စားနေခဲ့ကြသည်။။ ထိုစဉ် သူတို့နားမှ လူအချို့က ကုနင်းအကြောင်းပြောနေခြင်းကို နားစွန်နားဖျား ကြားလိုက်ရသည်

"ကုနင်းရဲ့ အဝတ်အစား တံဆိပ်သစ်ဆိုင်က ဒီနေ့ဖွင့်မှာ၊ သူအဲ့ဒီမှာ

ရှိနေလိမ့်မယ်။"

***

အခန်း ၁၅၅၇ B မြို့သို့ …

" အဲ့ဒါကို မြို့တော်မှာ ဖွင့်စေချင်တယ်။ အဲ့ဒါမှ ငါသွားလို့ရမှာ။"

ထိုစကားကိုကြားသောအခါ ဝူရွှမ်းဟွာသည် ကုနင်း၏ အထည်ဆိုင်နှင့် ပတ်သက်သော သတင်းကိုရှာရန် သူ့ဖုန်းကို ချက်ချင်းထုတ်ယူကာ ရှာလိုက်သည့်နောက်မှာတော့ Weibo တွင် တင်ထားသော ကုဖန်း အကြောင်းပို့စ်ကို သူတွေ့လိုက်ရသည်။

၎င်းကို ဖတ်ပြီးနောက် ယနေ့ ကုနင်း ရောက်လာမည့်နေရာကို သူသိသွားတော့သည်။

သုန်းဖန်းကျီယွီသည် မနေ့က ကုနင်းသွားခဲ့သောနေရာကို ရှာရန် တစ်ယောက်ယောက်ကို စီစဉ်ထားခဲ့သောကြောင့် ယခု Bမြို့တွင် ကုနင်းရှိနေကြောင်းကို သူမ သိထားခဲ့ပေမယ့် ယခုအထိ နေရာ အတိအကျကိုတော့ သူမ မသိရသေးပေ။

"လေဆိပ်ကို မောင်းပေးပါ။ အခု ငါ Bမြို့ကိုသွားရမယ်…" ဟု သုန်းဖန်းကျီယွီက ပြောလိုက်ပြီး အလောတကြီးဖြင့် ထရပ်လိုက်သည်။

ထိုအခါ ဝူရွှမ်းဟွာ မှာ မျက်မှောင်ကြုတ်သွားတော့သည်။

"အခု မနက် (၇)နာရီ နဲ့ မိနစ်(၂၀) ရှိနေပြီမို့လို့ B မြို့ကို သွားမယ့် အနီးဆုံးလေယာဉ်ကို မင်းစီးနိုင်ရင်တောင်မှ ဖွင့်ပွဲကို မင်းမီမှာ မဟုတ်ဘူး။ ပြီးတော့ ငါတို့ သူ့နောက်ကိုလိုက်နေတာ ကြာပေမယ့် အသုံးဝင်တာ ဘာတစ်ခုမှ ရှာမတွေ့သေးဘူး။ ဒီတစ်ခါလည်း ထူးမယ်လို့ ငါမထင်ဘူး။"

သူက သုန်းဖန်းကျီယွီ လုပ်ချင်တာလုပ်တာကို မတားရဲပေမယ့် ၎င်းက အဓိပ္ပာယ်ရှိမည်မဟုတ်မှန်း သူတကယ့်ကို ခံစားခဲ့ရသည်။

ထိုအခါ သုန်းဖန်းကျီယွီသည် တစ်စက္ကန့်မျှ ငြိမ်သက်သွားခဲ့သည်။ သူမသည် ဝူရွှမ်းဟွာ၏စကားကိုလက်ခံရမှာဖြစ်ပြီး သူမ B မြို့သို့ ချက်ချင်းလိုက်သွားလျှင်တောင်မှ ဖွင့်ပွဲအခမ်းအနားကို မီမည်မဟုတ်ပေ။ သို့သော် သူမ လက်မလျှော့ချင်ခဲ့ပေ။

သူတို့ အချိန်အတန်ကြာ ကုနင်းနောက်မှ လိုက်ခဲ့တာတောင်မှ အသုံးဝင်သောအရာ ဘာမှရှာမတွေ့ခဲ့သော်လည်း B မြို့တွင် အသုံးဝင်သောတစ်ခုခုကို ရှာတွေ့နိုင်မည်ဟု သူမ မျှော်လင့်ဆဲဖြစ်သည်။ ထို့ကြောင့်ဝူရွှမ်းဟွာကို မြို့တော်တွင်ထားခဲ့ပြီး သူမဘာသာ B မြို့သို့ လိုက်သွားရန် သုန်းဖန်းကျီယွီ ဆုံးဖြတ်လိုက် သည်။

ကုနင်း၏ အချိန်ဇယားကို အထူးဂရုစိုက်ပေးရန် တစ်စုံတစ်ယောက်ကို စီစဉ်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကုနင်း လေယာဉ်လက်မှတ် ကြိုဝယ်လိုက်သည်နှင့် သူမ သိမှာဖြစ်သည်။

…

ထန်မိသားစုအိမ်တွင် ထန်ယွင်ဟန်သည် မနက်စာစားပြီးနောက် အလုပ်သို့သွားခဲ့ပြီး ကျန်မိသားစုဝင်များကတော့ ကုနင်း၏ တံဆိပ်သစ်မှ အဝတ်အစားများကို စောင့်နေခဲ့ကြသည်။

အဝတ်အစားများ ရောက်လာသည်နှင့် သူတို့သည် စိတ်လှုပ်ရှားပြီး ဝိုင်းကြည့်ခဲ့ကြသည်။

"ကြည့်လိုက်၊ အပေါ်မှာ ငါတို့နာမည်တွေပါတယ်။" ဟု သူ၏အမည်ကို ထိုးထားသော လက်ဆောင်ဘူးတစ်ခုကို ယူကာ ထန်ကျားခိုင်က ပြောလိုက်သည်။

ထိုအခါ အချိန်မဆွဲတော့ပဲ သူတို့တစ်ဦးစီ၏ ဘူးကို ယူလိုက်ကြပြီး စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ကြည့်လိုက်ကြသည်။ သူတို့ အဝတ်အစားသစ်များကို မတွေ့ဖူးသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။

ထန်ကျားခိုင်က သူ၏လက်ဆောင်ကို အရင်ဖွင့်ကြည့်ခဲ့သည်။ ၎င်းအထဲတွင် မီးခိုးရင့်ရောင်သက္ကလပ်ဘောင်းဘီရှည်ကွက်၊ အနက်ရောင်ဖန်စီတီရှပ်နှင့် အဖြူရောင် ရိုးရိုးရှူးဖိနပ်တစ်ရံ ပါရှိသည်။

နွေရာသီဖြစ်သောကြောင့် သူတို့၏အဝတ်အစားများအားလုံးကလည်း နွေရာသီအဝတ်အထည်များ ဖြစ်ကြသည်။

ချောင်ဝမ်ရှင်း၏ ဘူးထဲမှာတော့ နက်ရောင် ကြိုးသိုင်းဒေါက်မြင့်တစ်ရံနှင့်အတူ အနက်ရောင်ဝတ်စုံတစ်စုံ ပါရှိသည်။ သူမသည် အမျိုးသမီးများအတွက် အပိုအသုံးအဆောင်

တစ်ခုဖြစ်သော အိတ်တစ်လုံးကိုလည်း ရရှိခဲ့သည်။

"နင်းနင်း၊ နင့်မှာ အမြင်ရှိတယ်၊ ငါဒါတွေကို အရမ်းသဘောကျတယ်၊ အခုပဲ စမ်းဝတ်ကြည့်ရမယ်။" ဟု ချောင်ဝမ်ရှင်း က အပေါ်ထပ်ရှိ သူမ၏အခန်းသို့ ပြေးမသွားမီ ကျေနပ်စွာ ပြောလိုက်သည်။

"ငါလဲ အခုပဲ ဒါတွေကို စမ်းဝတ်ကြည့်ချင်တယ်။" ဟု ပြောကာ ထန်ကျားခိုင်လည်း ပြေးထွက်သွားတော့သည်။

သူတို့အားလုံး သူတို့အဝတ်အစားများကို ရသောအခါ သူတို့လည်း ဝတ်ကြည့်ရန် ထွက်သွားကြတော့သည်။ အချိန်ခဏမျှကြာပြီးနောက် အဝတ်အစားသစ်များနှင့်အတူ သူတို့ ထွက်လာခဲ့ကြသည်။

"ငါ ဒီဝတ်စုံကို ကြိုက်တယ်။" ဟု ထန်ဟိုင်ဖုန်းက ပြောခဲ့သည်။

ကုနင်း သူ့အတွက် ရွေးပေးခဲ့သော အဝတ်အစားများကို သူအတော် လေး ကျေနပ်နေခဲ့သည်။

ကုနင်းကလည်း သာမန်ဝတ်စုံတစ်စုံဖြစ်သော သူမ၏ ကုဖန်း အဝတ်အထည်အသစ်ကို ဝတ်ဆင်ထားခဲ့သည်။ တကယ်တော့ သူမက အလွန်ငယ်ရွယ်လွန်းသောကြောင့် ရင့်ကျက်သော အမျိုးသမီးတစ်ယောက်လို ဝတ်ဆင်ရန် မလိုအပ်ပေ။

ကုမန့်နှင့် ကျန်းလီဟွာ နှစ်ယောက်စလုံးသည် ဝတ်စား ဆင်ယင်ဝတ်ထားကြပြီး သပ်ရပ်ကြော့ရှင်းနေခဲ့ကြသည်။ ကုမန့်က ကိုယ်ဝန်ဆောင်ထားရသောကြောင့် သူမအတွက် ဖိနပ်အပါးတစ်ရံကို ကုနင်းက ပြင်ဆင်ပေးခဲ့သည်။

ကုဖန်းတွင် အသက်အရွယ်အမျိုးမျိုးရှိသူများအတွက် အဝတ်အစားမျိုးစုံရှိလေသည်။ ဖွင့်ပွဲအခမ်းအနားက မနက်(၁၀)နာရီ၌ စတင်မည်ဖြစ်ပြီး ကုနင်းက (၉)နာရီမထိုးမီ အရောက်သွားရန် လိုအပ်သည်။ ထို့ကြောင့် (၈)နာရီခွဲခါနီးသောအခါ ထန်ကျားခိုင်၊ ချောင်ဝမ်ရှင်း နှင့် ကုနင်းတို့သည် အတူတူ ထွက်လာခဲ့ကြသည်။ ထန်ဟိုင်ဖုန်းနှင့် အခြားသူများက နောက်မှ လိုက်လာကြမည်ဖြစ်သည်။

ကုမန့်တွင် ကိုယ်ဝန်ရှိသောကြောင့် လူများသောနေရာတွင် ကြာကြာနေရန်က သူမအတွက် မကောင်းလှပေ။ ထို့ကြောင့် ဖဲကြိုးမဖြတ်မီ (၁၀)မိနစ်အလိုမှ သူတို့ရောက်လာကြမည်ဖြစ်သည်။ တကယ်တော့ ဖွင့်ပွဲအခမ်းအနား၌ သူတို့ ဘာမှလုပ်စရာမရှိသောကြောင့် သူတို့နောက်ကျမှ ရောက်၍ရသည်။

ထန်ကျားခိုင်ရော ချောင်ဝမ်ရှင်းပါ ယနေ့ ကားမောင်းရန်မလိုသောကြောင့် သူတို့ ကုနင်း ကားထဲသို့ သွားခဲ့ကြသည်။

ကုနင်း ကားထဲသို့ ရောက်သည်နှင့် သူမ၏ဖုန်းက မြည်လာ သောကြောင့် ချောင်ဝမ်ရှင်း အား သူမ၏ကားကို မောင်းပေးရန် ပြောလိုက်လေသည်။ ထို့ကြောင့် မက်ဆေ့(ချ်) နှင့် ဖုန်းခေါ်ဆိုမှု အသစ်များကို ဖြေရှင်းရန် သူမ အချိန်ရခဲ့သည်။

ဆိုင်အသစ်တွင် လူအများစုက သူမအား ဂုဏ်ပြုစကားပြောခဲ့ကြပေမယ့် ချီထျန်းလင်ကတော့ သူ့အား စောစော သတင်းမပေး သည့်အတွက် သူမအား ပြစ်တင်ကြိမ်းမောင်းခဲ့သည်။

ကုနင်းက သူ၏လေသံကို သဘောမကျသောကြောင့် သူမ ပြန်ပြော

လိုက်သည်။

"ချီထျန်းလင်၊ ငါတို့က သူငယ်ချင်းတွေဆိုတာကို ငါသိတယ်။ ဒါပေမယ့် ငါ B မြို့ကို ပြန်ရောက်တဲ့အချိန်မှာ နင့်ကိုသတင်းပို့ဖို့က ငါ့တာဝန်မဟုတ်ဘူး။"

ချီထျန်းလင်က ကုနင်း၏ တင်းမာသော သဘောထားကို အရေးမလုပ်ပေမယ့် ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့မှာ လန့်သွားခဲ့ကြသည်။

သူတို့၏ မိသားစုများက B မြို့တွင် ထိပ်တန်းမိသားစုများဖြစ်သော်လည်း တရားမဝင်သော လူဆိုးဂိုဏ်းများက ရက်စက်ကြမ်းကြုတ်သောကြောင့် သူတို့ကို ကြောက်နေရဆဲဖြစ်သည်။

***

အခန်း ၁၅၅၈ သူမကိုတွေ့ဖို့ မစောင့်နိုင်ပါ…

ကုနင်းကတော့ ချီထျန်းလင်ကို လုံးဝမကြောက်ခဲ့ပေ။ သူတို့နှစ်ယောက် ပထမဆုံးအကြိမ်တွေ့ခဲ့သောအချိန်က သူမ သေနတ်နှင့်ပင် ချိန်ခဲ့ဖူးသည်။

ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့မှာ ထိုမြင်ကွင်းကို သတိရသော အချိန်တိုင်း ထိတ်လန့်ခဲ့ရသည်။

ကုနင်းနှင့် ချီထျန်းလင်တို့က ယခုအခါ သူငယ်ချင်းများ ဖြစ်ကြသော်လည်း ထန်ကျားခိုင်နှင့် ချောင်ဝမ်ရှင်းတို့က သူမ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး စိတ်ပူနေကြဆဲဖြစ်သည်။

တကယ်တော့ ချီထျန်းလင်သည် နာမည်ကြီး တရားမဝင် လူဆိုးဂိုဏ်းတစ်ခု၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး သူက ကြင်နာတတ်သောလူတစ်ယောက် မဟုတ်ပေ။ ကုနင်းက သူ့အား စိတ်တိုခဲ့ပြီး သူက သူမအား ဒေါသတကြီးနှင့် အနာတရဖြစ်စေခဲ့လျှင် ဘာဖြစ်မှာလဲ။

"နင် ဒီညအားလား၊ ငါတို့ ဘာလို့ ထမင်းအတူတူ မစားနိုင် ရတာလဲ။" ဟု ချီထျန်းလင်က အထက်စီးဆန်သောလေသံဖြင့် ပြောလိုက်သည်။

"မအားဘူး၊ ငါ့မိသားစုနဲ့ ငါနေရမယ်။"

"မနက်ဖြန်ရောလား၊" ချီထျန်းလင်က ထပ်မေးလိုက်သည်။

"စိတ်မကောင်းပါဘူး။ မနက်ဖြန် ငါ မြို့တော်ကို ပြန်ရမယ်။"

"ဆိုးလှချည်လား။" ချီထျန်းလင်က မျက်မှောင်ကြုတ်ကာ ဒေါသထွက်နေခဲ့သည်။

"မနက်ဖြန် အရေးကြီးတာတွေကို ငါ ဖြေရှင်းရမယ်…" ဟု ကုနင်းကပြောခဲ့သည်။

"ငါ…"

ကုနင်း စကားမဆုံးမီ ချီထျန်းလင်က ဖုန်းချသွားတော့သည်။

သို့သော် ကုနင်းက အရေးမလုပ်ပဲ သူမ၏ မက်ဆေ့(ချ်)များနှင့် အခြားဖုန်းများအား အကြောင်းပြန်ရန် ဆက်လုပ်နေခဲ့သည်။

လမ်းပေါ်တွင် ယာဉ်အသွားအလာများသောကြောင့် သူတို့ ထိုနေရာသို့ ရောက်ဖို့ မိနစ်(၄၀)နီးပါး ကြာမြင့်ခဲ့သည်။ သို့သော် (၉)နာရီထိုးရန်က မိနစ်များစွာ လိုသေးသည်။

ဤအချိန်၌ ကုဖန်း ဆိုင်၏ အပြင်ဘက်တွင် မရေမတွက်နိုင် သောလူများက စုရုံးရောက်ရှိနေပြီဖြစ်သည်။ အများစုက ကုနင်း၏ ဖန်များဖြစ်ပြီး လူအနည်းစုကသာ လမ်းသွားလမ်းလာများ ဖြစ်ကြ သည်။

"ဒါက ဆိုင်အသစ်မဟုတ်လား၊"

"အင်း… ဒါပေမယ့် ဒီမှာ လူတွေအများကြီး ရောက်နေပြီ။"

" ကုဖန်း အကြောင်းကို ငါရင်က တစ်ခါမှ မကြားဖူးပါဘူး။"

"ဒါက အသစ်ထုတ်တဲ့ ဘရန်းတစ်ခုပဲ၊ ဒါပေမယ့် ပိုင်ရှင်ကတော့ JadeBeauty လက်ဝတ်ရတနာနဲ့ ခိုကျီရဲ့ ပိုင်ရှင်ပဲ…"

"ဘာလဲ… အသက်(၁၉)နှစ်အရွယ်မိန်းကလေးကို ပြောတာလား?"

လမ်းသွားလမ်းလာများ၏ အပြန်အလှန်ပြောနေသော စကားများကို ကြားသောအခါ ကုနင်း၏ ဖန်များက သူမအတွက် အတော်လေး ဂုဏ်ယူနေခဲ့ကြသည်။

"မှန်တာပေါ့… ကုဖန်းကို တည်ထောင်တဲ့သူက အရည်အချင်းရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး၊ ပါရမီရှင်၊ ကွန်ဖူးအကျော်အမော်၊ ငါ့ရဲ့ နတ်ဘုရားမဖြစ်တဲ့ ကုနင်းပဲ…"

"ကုနတ်ဘုရားမက ငါ့ရဲ့ အိုင်ဒေါပဲ…"

"သူ့ကို တွေ့ရဖို့ ငါ မစောင့်နိုင်တော့ဘူး…"

"အခု အစောကြီးရှိသေးတယ်…"

"ငါက စောင့်နိုင်ပေမယ့် သူ့ကို ဒီနေ့တွေ့ရမှဖြစ်မယ်။"

"ငါရောပဲ…"

“…”

ဤဆိုင်ကို ကုနင်း ပိုင်ကြောင်း မသိခဲ့ကြသော လမ်းသွားလမ်းလာ တော်တော်များများက သူမအကြောင်း ကြားရသည့်အတွက် အံ့သြ သွားခဲ့ကြသည်။ တကယ်တော့ ကုနင်းက ဆိုရှယ်မီဒီယာပေါ်တွင် အတော်လေး ကျော်ကြားသူဖြစ်သည်။ သို့သော်ငြားလည်း ကုနင်းက ရည်မှန်းချက်ကြီးပြီး စိတ်မြန်လက်မြန်လုပ်လွန်းသည်ဟု သူတို့ ထင်သောကြောင့် အချို့က အဆိုးမြင်နေကြဆဲ ဖြစ်သည်။

သူတို့၏ မျက်လုံးများထဲတွင် ကုနင်းက သူမ၏စီးပွားရေးအင်ပါယာကို အလွန်မြန်ဆန်စွာ တည်ဆောက်ခဲ့သည်ဟု မြင်ကြသည်။ တကယ်တော့ JadeBeauty လက်ဝတ်ရတနာနှင့် ခိုကျီနှစ်ခုစလုံးက ဘရန်းအသစ်များ ဖြစ်ကြပေမယ့် နောက်ထပ် ဘရန်းအသစ်တစ်ခုကို တည်ထောင်ရန် တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။ ကုနင်းတွင် ပိုက်ဆံနှင့် အရည်အချင်း အလုံအလောက် ရှိသော်လည်း အခြားအောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် ယှဉ်သောအခါ သူမက ငယ်လွန်းနေ ခဲ့သည်။

တကယ်တော့ ကုနင်းအပေါ် အဆိုးမြင်သူ လူအများစုသည် သူမကို အထိုက်အလျောက် မနာလိုဖြစ်ခဲ့ကြသည်။ သူမ၏စီးပွားရေးလုပ်ငန်း က ချောမွေ့စွာ တိုးတက်လာကာ သက်တူရွယ်တူများထက် ငွေများစွာရအောင် ပြုလုပ်နိုင်ခဲ့သည်။

"ဝိုး… လူတွေများလိုက်တာ…"

ချောင်ဝမ်ရှင်းသည် စတိုးဆိုင်အပြင်ဘက်တွင် လူအုပ်ကြီးကို မြင်လိုက်ရသောအခါ အရမ်းအံ့အားသင့်သွားခဲ့သည်။

"နင်းနင်းက တကယ်ဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတဲ့ သက်သေပဲ။" ဟု ထန်ကျားခိုင်က ဂုဏ်ယူကာ ပြောလိုက်သည်။ ကုနင်းက သူ၏ ဝမ်းကွဲညီမငယ်ဖြစ်ကြောင်းကို တစ်ကမ္ဘာလုံးအား ပြောပြချင်သောကြောင့် တရွရွဖြစ်နေတော့သည်။ ကုနင်းသည် သူ၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး သူမအတွက် သူအလွန် ဂုဏ်ယူမိခဲ့သည်။

"ဟုတ်တယ်… နင်းနင်းက တကယ့်ကို ဆွဲဆောင်မှုရှိလွန်းတယ်။" ဟု ချောင်ဝမ်ရှင်းက ထောက်ခံခဲ့သည်။

သူတို့ပြောနေသောစကားများကို ကုနင်း ကြားသောအခါ ပြုံးလိုက်ပေမယ့် ၎င်းကို သူမ မငြင်းပယ်ခဲ့ပေ။ သူမက A စာရင်းဝင်ကြယ်ပွင့်များလောက် ရေပန်းမစားသော်လည်း ကျော်ကြား သူတစ်ယောက်တော့ ဖြစ်သည်။ အင်တာနက်ပေါ်တွင် သူမကို သဘောမကျသော မုန်းတီးသူများစွာရှိပေမယ့် သူတို့၏အမြင်များနှင့် ပတ်သက်ပြီး သူမ ဂရုမစိုက်ခဲ့ပေ။ သူမဖန်များ၏ အားပေးမှုအတွက် ကျေးဇူးတင်ပေမယ့် လိုအပ်သောအချိန်တွင် သူမကိုယ်သူမ ကာကွယ်ရန် တုန့်ဆိုင်းနေမည် မဟုတ်ပေ။ ချောင်ဝမ်ရှင်း၊ ထန်ကျားခိုင် နှင့် ကုနင်းတို့ ထွက်လာသည်နှင့် သူတို့သည် လူအများ၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

သူတို့သုံးယောက်က ကြည့်ကောင်းသူများဖြစ်သောကြောင့် အခြားလူများက သူတို့ကို အာရုံမစိုက်ဖို့ဆိုသည်က ခက်ခဲလှပေသည်။ အရေးကြီးဆုံးအချက်မှာ သူတို့သည် သူတို့၏ အဝတ်အစားအသစ်များနှင့် အတော်လေးကို ဆွဲဆောင်မှုရှိသောပုံစံ ပေါက်နေခဲ့ခြင်းဖြစ်သည်။

"အိုး… ကုနတ်ဘုရားမက ဒီမှာပဲ။"

"သူလာနေပြီ။"

***

အခန်း ၁၅၅၉ မင်းတို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်…

ကုနင်းကို မှတ်မိသွားသော လူအများက ချက်ချင်းပင် သူမကို ဝန်းရံ လိုက်ကြပြီး သူမ၏အမည်ကို စီစီညံအောင် အော်ကြတော့သည်။

"ကုနတ်ဘုရားမ… ကုနတ်ဘုရားမ…"

"ကုနတ်ဘုရားမ… ငါက မင်းရဲ့ ဖန်အကြီးစားပဲ…"

"ငါမင်းကိုချစ်တယ်… ကုနတ်ဘုရားမ…"

“…”

"ရှင်တို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။" ဟု ပြောကာ ကုနင်းက သူမ၏ဖန်များကို ပြုံးပြလိုက်သည်။

"အိုး.. နောက်ဆုံးတော့ ကုနတ်ဘုရားမကို အပြင်လောကမှာ ငါတွေ့ရပြီပေါ့… အင်တာနက်ပေါ်က သူ့ပုံတွေထက် ပိုပြီးတောင် လှနေသေးတယ်။"

"ဝိုး… သူ့ရဲ့အသားအရေက အရမ်းကောင်းပြီး ဝင်းလက်တောက်ပ နေတာပဲ…"

" သူ့မျက်နှာပေါ်မှာ မိတ်ကပ်လုံးဝ မတွေ့ရဘူး။"

"သူ့ရဲ့အသားအရေကို ထိန်းသိမ်းဖို့ ခိုကျီ သုံးတာပဲဖြစ်ရမယ်။"

"ငါလဲ ခိုကျီ ကို သုံးနေတာ…"

"ဟေး… ကုနတ်ဘုရားမဘေးမှာ ရပ်နေကြတဲ့ ကောင်လေးနဲ့ ကောင်မလေး ကို ကြည့်လိုက်… သူတို့လဲ ကြည့်ကောင်းကြတယ်…"

"သူ့ရဲ့ဝတ်စုံကို ငါသဘောကျတယ်… သူက အရမ်း ကျော့ရှင်းနေတာပဲ…"

"သူ့ရဲ့ဝတ်စုံမျိုး ငါဝယ်ချင်တယ်…"

"ငါဆိုင်ထဲမှာ တွေ့လိုက်တယ်…"

"တကယ်လား… ငါအဲ့ဒါကို ဝတ်ကြည့်ချင်တာ…"

"ငါရောပဲ…"

“…”

"သတိထားကြပါ၊ အနားက တခြားလူတွေကိုမတွန်းကြပါနဲ့။ လူအုပ်ထဲမှာ မထိခိုက်မိစေနဲ့။" ဟု ပရိသတ်များ ကျိတ်ကျိတ်တိုးကာ ဆူညံလာချိန်တွင် ကုနင်းက ပြောလိုက်သည်။

ထိုအခါ လူအုပ်ကြီးက စက္ကန့်ပိုင်းအတွင်း ငြိမ်ကျသွားသဖြင့် ကုနင်း၏ စကားများက မှော်ဆန်ပုံရခဲ့သည်။

ထို့နောက် ကုနင်းက ဆိုင်ထဲသို့လျှောက်လာခဲ့ပြီး လူများကလည်း သူမနောက်မှ လိုက်လာခဲ့ကြသည်။

ကံအားလျော်စွာဖြင့် ဆိုင်က နေရာကျယ်ဝန်းသောကြောင့် လူအများ ဆံ့နိုင်ခဲ့သည်။

ယနေ့တွင် မည်သည့်မတော်တဆမှုမှ မဖြစ်စေရန်အတွက် လုံခြုံရေးအစောင့်များစွာကိုလည်း သူတို့ ငှားရမ်းထားခဲ့သည်။

မိနစ်ပေါင်းများစွာ ကြာပြီးနောက် ဖိတ်ကြားထားသော သတင်းထောက်များ တက်ရောက်လာကြသည်။ ၎င်းက စီးပွားရေး အင်တာဗျူးတစ်ခုဖြစ်သောကြောင့် မီဒီယာများစွာ လာရောက်ဖို့ ကုနင်းက ရွေးချယ်ထားခဲ့သည်။ သူမက ပထမဆုံး အင်တာဗျူး ဖြေသူလည်း ဖြစ်လေသည်။

စီးပွားရေးအင်တာဗျူး၏ ပါဝင်သည့်အကြောင်းအရာနှင့်ပတ်သက်ပြီး သူတို့ ကြိုပြောထားခဲ့ကြသောကြောင့် သတင်းထောက်များက သူတို့ဘာကိုမေးသင့်ပြီး ဘာကို မမေးသင့်ဘူးဆိုခြင်းကို သိထားခဲ့ကြသည်။

ကုနင်းက သူတို့၏မေးခွန်းများကို အပြုံးမျက်နှာဖြင့် ဖြေဆိုခဲ့ပြီး ပရိသတ်ကို အထင်ကြီးစရာကောင်းအောင် ပြုမူခဲ့သည်။

ထို့နောက် ဖိတ်ကြားထားသော ဧည့်သည်များ ရောက်ရှိလာခဲ့ပြီး ထိုသူအများစုက JadeBeauty လက်ဝတ်ရတနာ ဖွင့်ပွဲအခမ်းအနားကို နောက်ဆုံးအကြိမ် တက်ရောက်ခဲ့သူများဖြစ်ကြသည်။

ထန်မိသားစု၊ လေ့မိသားစု၊ ထန်ဟွမ်အဖွဲ့အစည်း၊ ရှန်းရှစ်အဖွဲ့အစည်း၊ ကျင်းလင်အဖွဲ့အစည်း စသည်တို့မှ လူများကလည်း သူတို့၏ မျက်နှာများကို ပြလာခဲ့ကြပြီး သူတို့သည် နောက်ဆုံးအကြိမ် JadeBeauty လက်ဝတ်ရတနာ၏ ဖွင့်ပွဲအခမ်းအနားမှာ ရောက်လာခဲ့ကြသူများ ဖြစ်ကြသည်။

ယနေ့တွင် ဧည့်သည်များက များလွန်းပြီး အရေးကြီးဧည့်သည်များကို သူမ ကြိုဆိုရန် လိုအပ်သောကြောင့် ကုနင်းသည် သူမ၏မိသားစုနှင့် အတူ တစ်ချိန်လုံး မနေနိုင်ခဲ့ပေ။

ထန်ဟိုင်ဖုန်းနှင့် အခြားသူများက သူမ၏အလုပ်ကို နားလည်ခဲ့ကြပြီး သူတို့ဟာသူတို့ အဆင်ပြေသလို နေခဲ့ကြသည်။ ထို့ကြောင့် ကုနင်းသည် သူမ၏ဧည့်သည်များနှင့်အတူ စကားစမြည် သွားပြောနိုင်ခဲ့သည်။

လူဂုဏ်တန်အသိုင်းအဝိုင်းမှ လူများက ထန်မိသားစုနှင့် ကုနင်းမိသားစု ပတ်သက်မှုအကြောင်းကို သိထားကြပေမယ့် သူမက ထုတ်ဖော်ပြသရန် စိတ်မဝင်စားသောကြောင့် လူတိုင်းက ၎င်းကို သတိမထားမိကြပေ။ ထို့ကြောင့် ကုနင်းက ထန်မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟုသာ လူအချို့က ယုံကြည်နေကြဆဲ ဖြစ်သည်။

တကယ်တော့ သူမသည် ထန်မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိလျှင်တောင်မှ ထန်မိသားစုသည် B မြို့တွင် အလွန်ဩဇာညောင်းသောကြောင့် ၎င်းက အတော်လေး အံ့ဩစရာကောင်းနေပြီဖြစ်သည်။

မနက်(၁၀)နာရီထိုးသောအခါ သူတို့ ဖဲကြိုးမဖြတ်မီ ကုနင်းက အမှာစကား ပြောကြားခဲ့လေသည်။ သူမသည် ဖဲကြိုးဖြတ်ပြီးနောက် ဆိုင်တွင် ကြာကြာနေရန် မလိုအပ်သဖြင့် သူမ၏ အရေးကြီး ဧည့်သည်များနှင့်အတူ နေ့လည်စာစားရန် သွားခဲ့ကြသည်။

ကုမန့်က ကိုယ်ဝန်ဆောင်နေရသောကြောင့် ကုနင်းနှင့် မလိုက်နိုင်ပဲ ထန်ယွင်ဖန်းနှင့်အတူ အိမ်သို့ ပြန်လာခဲ့ကြသည်။

ထို့အပြင် ထန်ဟိုင်ဖုန်းနှင့် အခြားသူများကလည်း အိမ်ပြန်လာခဲ့ကြသည်။

သူမ၏ အရေးကြီးဧည့်သည်များနှင့်အတူ နေ့လည်စာစားပြီးနောက် ကုနင်း၏အလုပ်က ပြီးဆုံးသွားပြီဖြစ်သောကြောင့် သူမ၏ မိသားစုနှင့်အတူ အချိန်ဖြုန်းရန် အိမ်သို့ တန်းပြန်လာခဲ့ကာ ကျန်သောအလုပ်ကိစ္စများအား ကောဝေ့ချောင်ကို လွှဲပေးခဲ့လေ သည်။

…

ကုဖန်း၏ ဖွင့်ပွဲအခမ်းအနားက ကုဖန်းအတွက် အာရုံစိုက်ခံရမှု များကို ပိုတိုးလာစေခဲ့သည်။ လူများသည် ကုနင်းကြောင့် ကုဖန်း၏ အဝတ်အစားများကို ဝယ်ယူခဲ့ကြခြင်းဖြစ်ပေမယ့် ၎င်း၏အရည် အသွေးကလည်း ပေးရသောဈေးနှုန်းနှင့် ထိုက်တန်လှပေသည်။

အင်တာနက်အသုံးပြုသူများကို ကုဖန်း၏ ဖွင့်ပွဲအခမ်းအနား အကြောင်း သတင်းများက ဆွဲဆောင်ခဲ့ပြီး သူတို့သည် ထိုအကြောင်းကို ပြောဆိုနေခဲ့ကြသည်။

အချို့က ကုနင်း၏အရည်အချင်းကို ချီးမွမ်းခဲ့ကြပြီး အချို့က သူမ၏ လုပ်ငန်းဆက်တိုက်လုပ်သောနည်းလမ်းကို သဘောမကျခဲ့ကြပေ။ အမြတ်အစွန်းထွက်သော စီးပွားရေးလုပ်ငန်းကို လည်ပတ်ရန် သူမ၏ အဆက်အသွယ်များအပေါ်၌သာ အားကိုးသည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် အခြားလူများ၏ အကူအညီမပါပဲ မည်သူမျှ အောင်မြင်မှု ရနိုင်မည် မဟုတ်ပေ။

ထို့အပြင် ကုနင်း၏ ကုမ္ပဏီများမှ စီစဉ်ခဲ့သော ထုတ်ကုန်များ (သို့မဟုတ်) ဝန်ဆောင်မှုများသည် သုံးစွဲသူများ၏ အမြင်တွင် အရေးကြီးဆုံးဖြစ်သည့် မြင့်မားသောအရည်အသွေးမျိုး ရှိလေသည်။

ကုဖန်းနှင့် ကုနင်းတို့က ဆွေးနွေးမှုများစွာကို ဖြစ်ပေါ်စေခဲ့ပေမယ့် အင်တာနက်အသုံးပြုသူများက သူတို့အပေါ်တွင် အပြုသဘော ဆောင်သော မှတ်ချက်များကိုသာ ပေးခဲ့ကြသည်။

JadeBeauty လက်ဝတ်ရတနာနှင့် ခိုကျီ နှစ်ခုစလုံးက အတော်လေး အောင်မြင်နေသောကြောင့် ကုနင်းကို ထက်မြက်သော အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် လူများက ပိုပိုပြီး ယုံကြည်လာခဲ့ကြသည်။

အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခုရှိဖို့က မလွယ်ကူပေမယ့် ကုနင်း၏အမည်အောက်တွင် လုပ်ငန်းပေါင်းများစွာ ရှိခဲ့သည်။

ထို့အပြင် စီးပွားရေးသမားများက ကျရှုံးမှုမှ သင်ယူကြသောကြောင့် သူမ၏ မည်သည့် ကုမ္ပဏီမှမဆို အမြတ်အစွန်းမထွက်လျှင် ၎င်းကို နားလည်နိုင်ပေသည်။ ဤကမ္ဘာတွင် မည်သူမှ ပြီးပြည့်စုံခြင်းမရှိပဲ လူတိုင်းတွင် ကိုယ်ပိုင် အားနည်းချက် နှင့် အားသာချက်များ ရှိကြသည်ချည်းသာ ဖြစ်သည်။

ကုနင်းက သူမ၏ သက်တူရွယ်တူ၊ အရည်အချင်းတူသူများကြားတွင် အတော်လေးကို ထူးချွန်နေပြီဖြစ်လေသည်။

***

အခန်း ၁၅၆၀ သမီး သူ့ကို မုန်းတယ်…

သုန်းဖန်းကျီယွီသည် နေ့လည်(၂)နာရီထိုးသည်အထိ ကုဖန်း စတိုးသို့ မရောက်ခဲ့ပေ။ ဤအချိန်တွင် ဖွင့်ပွဲအခမ်းအနားပြီးဆုံးသည်မှာ အတော်ကြာနေပြီဖြစ်သည်။

ထိုမနက် လေဆိပ်သို့ဆင်းသောလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုဖြင့် ကြုံတွေ့ခဲ့ရသောကြောင့် သူမနောက်ကျသွားခဲ့သည်။ နောက်ဆုံး သူမ လေဆိပ်သို့ရောက်ချိန်တွင် အနီးဆုံးခရီးစဉ်ကို တစ်နာရီကြာအောင် စောင့်ခဲ့ရပြန်သည်။

(၂)နာရီနီးပါး ပျံသန်းပြီးနောက် B မြို့၏လေဆိပ်သို့ နေ့လည်(၁၂)နာရီခွဲအချိန်၌ သူမ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူမသည် တက္ကစီစီးကာ လမ်းပေါ်တွင် အချိန်များစွာ ကုန်ဆုံးခဲ့ပြန်သည်။ ထို့ကြောင့် ကုဖန်း၏ ဖွင့်ပွဲအခမ်းအနားကို သူမ လွတ်သွားခဲ့ပြီး ကုနင်းကိုလည်း မတွေ့ရတော့ပေ။

သုန်းဖန်းကျီယွီမှာ အတော်လေး စိတ်မချမ်းမသာ ဖြစ်သွားခဲ့ပေမယ့် ကုနင်းသွားသောနေရာကို ဝန်ထမ်းအားမေးရန်က သူမအတွက် မသင့်တော်ခဲ့ပေ။ ဤနေရာအထိ သူမ နောက်မှ လိုက်နေခြင်းအား ကုနင်း သိသွားနိုင်သောကြောင့် လန့်နေခဲ့သည်။

သူမသည် ကုနင်းအားတွေ့ရန် အကြောင်းပြချက်တစ်ခုကို ပြုလုပ်နိုင်သော်လည်း သူတို့က သူငယ်ချင်းများပင် မဟုတ်ကြချေ။ ယခင်က

သူတို့ တစ်ကြိမ်သာ တွေ့ဖူးခဲ့သောကြောင့် ကုနင်းကိုတွေ့ရန် B မြို့ သို့ တမင်သက်သက် လိုက်လာခဲ့သည်ဆိုလျှင် ၎င်းက ထူးဆန်း နေပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေကာမူ ကုနင်း၏ နောက်ထပ် ခရီးစဉ်ကိုတော့ သူမ စောင့်နိုင်လေသည်။

ထိုအချိန်တွင် ကုနင်းက မြို့တော်သို့သွားသည့် လေယာဉ် လက်မှတ်ကို ကြိုတင်မှာယူခဲ့ပြီး သုန်းဖန်းကျီယွီ သည် မကြာမီ ထိုသတင်း ရရှိခဲ့သည်။ မနက်ဖြန်မနက် (၉)နာရီခွဲ လေယာဉ်အား ကုနင်း စီးမည့်အကြောင်းကို သူမ သိလိုက်ရသည်။

ထို့ကြောင့် သုန်းဖန်းကျီယွီသည် တုန့်ဆိုင်းခြင်းမရှိပဲ ကုနင်းစီးမည့်လေယာဉ်အတွက် လက်မှတ်တစ်စောင်ကို ကြိုတင် ဝယ်ယူလိုက်တော့သည်။ ထို့နောက် သူမသည် ဟိုတယ်တစ်ခုတွင် အနားယူရန် သွားခဲ့သည်။

…

နေ့လည်ပိုင်းတွင် ထန်ယွင်ရုန်နှင့် သူမ၏ခင်ပွန်းက ထန်မိသားစုထံ အလည်အပတ် လာရောက်ခဲ့သည်။

ကုနင်းက သူတို့မိသားစုအတွက် ကုဖန်း၏ အဝတ်အစားများကို လည်း ပြင်ဆင်ထားသည်ဟု သူတို့အား ပြောထားခဲ့လေသည်။ ထို့ကြောင့် သူတို့က ထန်မိသားစုနှင့်အတူ ညစာစားပြီး သူတို့၏ လက်ဆောင်များကို ယူရန် လာရောက်ခဲ့ကြခြင်းဖြစ်သည်။

ထန်ယွင်ရုန်က ကုနင်းကို မတွေ့ရသည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် သူမနှင့်အတူ ညစာစားဖို့ကို ဝမ်းပန်းတသာဖြင့် လက်ခံခဲ့ သည်။

မြို့တော် Y တွင် နေထိုင်သော ထန်ကျားယန်မှလွဲပြီး ထန်မိသားစု ၏ မိသားစုဝင်များအားလုံးက ညစာအတူစားရန်အတွက် ထိုညတွင် စုဝေးရောက်ရှိနေခဲ့ကြသည်။

…

လင်ရှောင်းထင် က ညနေတွင် မြို့တော်သို့ ပြန်လာခဲ့ပြီး ကုနင်းမရှိသောကြောင့် သခင်ကြီးလင်အားတွေ့ရန် လင်မိသားစုအိမ်သို့ သူ ချက်ချင်း ပြန်လာခဲ့သည်။

လင်ရှောက်ကျားက ယခု ဆေးရုံတွင်သာ ရှိသေးပေမယ့် သူမ၏ အခြေအနေက ကံကောင်းထောက်မစွာဖြင့် တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာနေခဲ့သည်။

သို့သော် သခင်ကြီးလင်သည် လင်ရှောက်ကျား၏ ရောဂါအကြောင်းကို အမှန်အတိုင်း ကြားခဲ့ရသောကြောင့် ဤရက်များတွင် စိတ်မကောင်း ဖြစ်နေခဲ့သည်။ လွန်ခဲ့သောနှစ်ရက်က လင်ရှောက်ကျားထံ သူ သွားကြည့်ခဲ့ပေမယ့် သူလာကြောင်းကို ကျန်းရှူးယွမ်အား မပြောထားသောကြောင့် ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့က သူတို့ပြောနေကြသော အကြောင်းအရာကို ဂရုမစိုက်ပဲ ပြောနေခဲ့ကြပေ။

လင်ရှောက်ကျားမှာ နာကျင်မှုများစွာကို ခံစားခဲ့ရသောကြောင့် ကုနင်းကို ယခင်ကထက်ပင် ပိုမုန်းနေခဲ့သည်။

"ကုနင်းက နောက်ဆုံးတစ်ခါမှာ ဘာလို့ အသတ်မခံရတာလဲ? သမီး သူ့ကို မုန်းတယ်။" ဟု ပြောကာ လင်ရှောက်ကျားက အံကြိတ်လိုက်သည်။ သူမက နောက်ဆုံးအကြိမ် ကားမတော်တဆမှုတွင် ကုနင်းကို သေစေချင်ခဲ့သည်။

သူမက ကားမတော်တဆမှု၏ ကြိုးကိုင်သူဖြစ်ကြောင်းကို ကုနင်း ရှာတွေ့သွားမည်ဆိုခြင်းကို သူမ ယုံကြည်ခဲ့သည်။ ကုနင်းကြောင့် သူမ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။

သူမကို ကူညီရန် ကုနင်းက တမင်သက်သက် ငြင်းဆန်ခဲ့ကြောင်းကို သူမ သိခဲ့သည်။ သို့သော် ကုနင်းက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ခဲ့ကြောင်းကို သူမ သိပေမယ့် သူမ၏ မကောင်းသော လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံရလျှင် ၎င်းနှင့်ပတ်သက်ပြီး ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

တကယ်တော့ ကုနင်းက လင်ရှောင်းထင်ကို မတားခဲ့လျှင် လင်ရှောင်းထင်က လင်ရှောက်ကျားကို အစောထဲက ဒုက္ခိတဖြစ်စေခဲ့မှာ ဖြစ်သည်။

လင်ရှောက်ကျားက ၎င်းကို ကောင်းကောင်းသိသောကြောင့် ကုနင်းကွယ်ရာ၌သာ ကျိန်ဆဲရဲခဲ့သည်။

ကံမကောင်းစွာဖြင့် သခင်ကြီးလင်က လူနာဆောင်အပြင်ဘက်တွင် သူတို့ပြောနေသော စကားများအား နားထောင်နေခဲ့သည်ဆိုခြင်းကို သူမ မသိခဲ့ပေ။

ထိုစကားကို ကြားလိုက်ရချိန်တွင် သခင်ကြီးလင်မှာ လုံးဝ ထိတ်လန့်အံ့ဩသွားခဲ့ရသည်။ လင်ရှောက်ကျား ပြောနေသောအရာကို သူ မသိခဲ့ပေမယ့် ၎င်းက အရေးကြီးသော အရာတစ်ခုဖြစ်သည် ဆိုခြင်းကို သူခံစားခဲ့ရသည်။

သခင်ကြီးလင်က ပညာရှိသော လူကြီးတစ်ယောက်ဖြစ်ပြီး လင်ရှောက်ကျားက ကုနင်းကို ယခင်က လျှို့ဝှက်ကြံစည်ဖူးခဲ့သည်ဆိုခြင်းကို မကြာမီ သူ သဘောပေါက်သွားတော့သည်။ ရလဒ်အနေနဲ့ကတော့ ကုနင်းက လင်ရှောက်ကျားကို အပြင်းအထန် ရိုက်နှက်ခဲ့သည်။

ထိုအခြေအနေကြောင့် ကုနင်းက လင်ရှောက်ကျားကို ကူညီရန် ဘာကြောင့် ငြင်းဆိုခဲ့သည်ဆိုခြင်းကို သူ သဘောပေါက်သွားတော့သည်။

သခင်ကြီးလင်သည် အမှန်တရားကို သဘောပေါက်သွားသည်နှင့်တပြိုင်နက် ဒေါသအကြီးအကျယ် ထွက်သွားတော့သည်။ သို့သော် ကုနင်းကတော့ သူ့အတွက်ကြောင့် ဘာမှ မပြောခဲ့ပေ။

သခင်ကြီးလင်က သူ့ဒေါသကို ထိန်းချုပ်ကာ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်လိုက်သောကြောင့် ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့ ပြောနေကြသောအရာကို သူကြားနိုင်ခဲ့သည်။

"ကောင်းပြီး။ သူ့ကို ကျိန်ဆဲနေတာ ရပ်လိုက်တော့။ တခြားလူတွေ တွေ့သွားရင် ဘယ်လိုလုပ်မလဲ။" ဟု ကျန်းရှူးယွမ်က လင်ရှောက်ကျားကို ဟန့်တားလိုက်သည်။

"သမီး သူ့ကို မုန်းတယ်…"

"ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။" ဟု လင်ရှောက်ကျားက ပြောလိုက်သည်။

All Chapters