← Chapters

အခန်း (၂၁၇၉-၂၁၈၄)

Vol. 133 Ch. 2179-2184

အခန်း (၂၁၇၉-၂၁၈၄)

Vol. 133 Ch. 2179-2184

အခန်း ၂၁၇၉ အဲဒါအတွက် ရှင် ကျွန်မကို အပြစ်ပေးမှာလား။

“ကျွန်မ…” ကျန်းယွီရူက ရုတ်တရက် ဘာပြောရမှန်း မသိ။ သူမ ငြင်းချင်သော်လည်း ပြောပြီးသွားပြီဖြစ်သောကြောင့် နောက်ကျသွားပြီ။

"မင်း ငါ့ဆီက အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားနေသေးတာလား" ယွမ်ဝမ်ယဲ့က သူမကို ငေါက်သည်။

ခင်ပွန်းဖြစ်သူထံမှ ဖုံးကွယ်မထားနိုင်မှန်း သိလိုက်သည်နှင့် ကျန်းယွီရူက သတ္တိမွေးလိုက်တာ "ကောင်းပြီ ကျောက်ရှောင်ရှီကိုသတ်ခဲ့တဲ့သူက စုန့်ယန်ဆိုတာ ကျွန်မသိတယ်။ ကျောက်ရှောင်ရှီကို သေလောက်အောင်မုန်းတယ်။ သူ့ရဲ့ ဖြစ်တည်မှုက ကျွန်မအတွက် အရှက်ရစရာပဲ။ သူ့ကိုမြင်တိုင်း ရှင်ကျွန်မကို သစ္စာဖောက်ခဲ့တယ်ဆိုတာကို သတိရမိပေမယ့် သူ့ကိုသတ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ဒါဟာ မတော်တဆပါ။ စုန့်ယန်က ကျောက်ရှောင်ရှီကို စွန့်လွှတ်ချင်ခဲ့တာ။ ဒါပါပဲ။ စုန့်ယန်ကို ကျွန်မသတ်ဖို့ ပြောခဲ့တာမဟုတ်ဘူး။ ကျွန်မနဲ့ဘာမှမဆိုင်ဘူး!"

သူမသည် အမှန်တရားကို အပြည့်အစုံ မပြောခဲ့ပေ။

နဂိုက ကျောက်ရှောင်ရှီကိုသတ်ရန် ရည်ရွယ်ချက်မရှိခဲ့သော်လည်း သူမအား ညှဉ်းပန်းနှိပ်စက်ရန် ရည်ရွယ်ခဲ့သည်။ ကျောက်ရှောင်ရှီ သေဆုံးမှုသည် အမှန်တကယ်ပင် မတော်တဆမှုတစ်ခုဖြစ်သည်။ သို့သော်လည်း သူမကြောင့်ဖြစ်ရတာဖြစ်လို့ ကျန်းယွီရူမှာ အပြစ်ရှိတယ်လို့ ခံစားနေရသည်။

ကျန်းယွီရူပြောတဲ့ သစ္စာဖောက်တယ်ဆိုတာကို ကြားတာနဲ့ ယွမ်ဝမ်ယဲ့ဟာ သူ့အမှားဖြစ်ပြီး ကျန်းယွီရူကို နာကျင်စေခဲ့တယ်ဆိုတာ သူသိနေတာကြောင့် အနည်းငယ် အပြစ်ရှိစိတ်၀င်လာသည်။ ထို့ကြောင့် သူ၏ ဒေါသသည် အနည်းငယ် လျော့ပါးသွားသည်။ သို့သော် ၎င်းသည် အလွန်ပြင်းထန်သောကြောင့် အကြောင်းရင်းအမှန်ကို ရှာဖွေရန် သူလက်မလွှတ်နိုင်ပေ။ “မင်း သူ့ကို မြို့တော်ကနေ ထွက်သွားခွင့်ပေးလို့ရတယ်။ မင်းဘာလို့ သူ့ကိုသတ်ခိုင်းရတာလဲ။ ငါ့အမှားမှန်း ငါသိတယ်၊ ဒါပေမယ့် မင်သူ့ကိုလွှတ်ထားဖို့ သဘောတူလိုက်တာ မဟုတ်ဘူးလား"

“ဟုတ်တယ် လွှတ်ထားဖို့ သဘောတူပေမယ့် လွှတ်ထားလို့မရလို့လေ။ ကျွန်မလည်း ဘယ်တတ်နိုင်မလဲ! ကျောက်ရှောင်ရှီ သေသွားတာ ကြာပြီ။ စုန့်ယန်လည်း သေသွားပြီ။ အဲ့တော့ ဒါအတွက် ရှင် ကျွန်မကို အပြစ်ပေးမှာလား" ကျန်းယွီရူက မေးသည်။ ယွမ်ဝမ်ယဲ့က သူမကို တကယ်အပြစ်ပေးမှာမဟုတ်ဘူးလို့ ယုံကြည်တာကြောင့် ယွမ်ဝမ်ယဲ့ကိုထိုစကားပြောဖို့ သတ္တိရှိခဲ့ခြင်းဖြစ်သည်။

ကျန်းယွီရူသည် ယွမ်ဝမ်ယဲ့ကို ချစ်၍ အပြစ်ပေးမည်မဟုတ်ဟု ယုံကြည်သောကြောင့် မဟုတ်ပါ။ သူတို့ကြားမှာ ချစ်ခြင်းမေတ္တာဆိုတာ မရှိတော့ပါ။ ယွမ်ဝမ်ယဲ့သည် သူတို့မှာ ကလေး‌တွေရှိနေသောကြောင့် သူမကို အပြစ်ပေးမည်မဟုတ်ဟု သူမယုံကြည်ခဲ့သည်။

ယွမ်ဝမ်ယဲ့သည် နာမည်ကောင်းလည်း လိုအပ်သောကြောင့် အထိအခိုက်ခံမည်မဟုတ်ပါ။

“မင်း…” ယွမ်ဝမ်ယဲ့ ဒေါသထွက်သွားသည်။ သူတကယ်ဒေါသထွက်နေပေမယ့် ကျန်းယွီရူကို အပြစ်တင်၍မရနိုင်ပါ။ ကျန်းယွီရူ ပြောသည့်အတိုင်း ကျောက်ရှောင်ရှီ သေဆုံးသွားခဲ့တာ နှစ်တော်တော်ကြာပြီဖြစ်ပြီး သူမကိုသတ်ခဲ့သော စုန့်ယန်သည်လည်း ယခုပင် သေဆုံးသွားခဲ့ပြီဖြစ်သည်။

ကျန်းယွီရူမှာ လုံးဝအပြစ်မကင်းပေမယ့် သားသမီးတွေနဲ့ သူ့နာမည်ဂုဏ်သတင်းကြောင့် သူမကို အပြစ်ပေးလို့မရပါ။ အရေးကြီးဆုံးကတော့ သူ့က ကျောက်ရှောင်ရှီကို သိပ်ချစ်တာမဟုတ်တဲ့အတွက် သူမရဲ့ဘဝကို သိပ်လည်းဂရုမစိုက်ပါ။

သို့သော် သူသည် ကျောက်ရှောင်ရှီကို မချစ်ခင်သော်လည်း ကျောက်ရှောင်ရှီသည် သူ့သမီးဖြစ်သည်။ သူ့မိန်းမက သူ့သမီးကိုသတ်ပြီး လျှို့ဝှက်ထားခဲ့တာ ကြာပြီ။ သူစိတ်မဆိုးဖို့ဆို မဖြစ်နိုင်‌ပေ။ အဲဒီအတွက် သူ့မိန်းမကို အပြစ်ပေးမှာ မဟုတ်သော်လည်း အခု သူ့ကိုတွေ့ဖို့ ဝန်လေးနေမိသည်။

"ငါ မင်းကို အပြစ်ပေးမှာ မဟုတ်ဘူး၊ လူသတ်မှုက ယွမ်မိသားစုနဲ့ ပတ်သက်တယ်ဆိုတာ တခြားလူတွေကို မသိစေချင်လို့ပဲ။ ဒီရက်ပိုင်း ငါစာဖတ်ခန်းထဲပဲနေမယ်” ဟု ယွမ်ဝမ်ယဲ့က အေးစက်စွာပြောပြီးနောက် မတ်တပ်ထရပ်ကာ အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။

“…” ယွမ်ဝမ်ယဲ့၏ နောက်‌ကျောကို ကြည့်လိုက်တော့ ကျန်းယွီရူက တစ်ခုခုပြောချင်သော်လည်း သူမ ဘာပြန်ပြောရမှန်း မသိပေ။ ယွမ်ဝမ်ယဲ့သည် သူမလုပ်ခဲ့သမျှကို စိတ်တိုမယ်မှန်း သူမသိသည်။ မဟုတ်ပါက သူမသည် ဤမျှကြာအောင် လျှို့ဝှက်ထားမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ဖော်ထုတ်ပြီးသားဖြစ်သောကြောင့် ယွမ်ဝမ်ယဲ့သည် သူမအား ချက်ချင်းခွင့်လွှတ်ရန် မမျှော်လင့်ခဲ့ပေ။ ယွမ်ဝမ်ယဲ့က သူမကို အပြစ်မပေးတာပဲ ရလဒ်ကောင်းတစ်ခု ဖြစ်နေပါပြီ။ သို့သော် ကုနင်းကမည်မျှသိထားပြီး အခြားလူများကို ပြောပြမည်ကို သူမ စိတ်ပူနေပါသည်။

ထို့ကြောင့် ယခုအချိန်တွင် ကျန်းယွီရူသည် ယွမ်ဝမ်ယဲ့က သူမအား အပြစ်မတင်ရုံကြောင့်နှင့် လုံးဝစိတ်မသက်သာသွားပါ။

ဝမ်းနည်းမှုဖြင့် ကုတင်ပေါ်တွင်ထိုင်ရင်း ကျန်းယွီရူ အိပ်မပျော်နိုင်ပေ။

မစ္စယွမ်သည် ယနေ့ညတွင် ကျောက်ရှောင်ရှီအကြောင်းကို သူမကြားလိုက်ရသောကြောင့် သူမစိတ်ထဲတွင် ဗလာဖြစ်နေသည်။

ယွမ်ဝမ်ယဲ့တွင်တရားမ၀င်သမီးတစ်ယောက်ရှိသောကြောင့် ယွမ်ဝမ်ယွဲ့တွင်လည်းတရားမ၀င်ကလေးရှိမရှိ ရုတ်တရက်တွေးမိသွားသည်။

သူ့ခင်ပွန်းက နောက်ကွယ်မှာ တရားမ၀င်ကလေး‌တစ်ယောက်ရှိမှာကို သူမကြောက်ပြီး အဲဒီအကြောင်းကို သိခဲ့ရင် သူမလက်ခံနိုင်‌မည်မဟုတ်ပေ။ ထို့အပြင် သူမသည် ကျန်းယွီရူ၏လျှို့ဝှက်ချက်အကြောင်းကို အခြားသူများကို မပြောရန် ကတိပေးခဲ့သည်။

သူတို့သည် ဆက်ဆံရေးအရမ်းကြီး မ‌ကောင်းသော်လည်း သူမ အနည်းငယ်အားနည်းနေချိန်တွင် ကျန်းယွီရူက သန်မာလွန်းသည်။ သူမသည် ကျန်းယွီရူကို ဆန့်ကျင်ရန် မဝံ့ရဲပေ။

သူတို့နှစ်ယောက်ရဲ့ ဆိုးရွားတဲ့ဆက်ဆံရေးမျိုးရှိခဲ့မယ်ဆိုရင် သူမဟာ ကျန်းယွီရူရဲ့ ညစ်ပတ်တဲ့လျှို့ဝှက်ချက်ကို ဖြန့်ပြီးသားဖြစ်မှာပါ။

ထို့အပြင် ကျန်းယွီရူသည် ကျောက်ရှောင်ရှီ သေဆုံးခဲ့ရခြင်း၏ တရားခံဖြစ်သည်ဟု တွေးကာ သူမသည် ကျန်းယွီရူ၏ရက်စက်မှုကို ကြောက်ရွံ့ခဲ့ပြီး အနာဂတ်တွင် သူမကို မည်သို့ရင်ဆိုင်ရမည်ကို မသိခဲ့ပေ။

ကျန်းယွီရူသည် ကျောက်ရှောင်ရှီအပေါ် မုန်းတီးမှုကို သူမ နားလည်သည်။ အကယ်၍ သူမသာ ကျန်းယွီရူ ဖြစ်ပါက မလက်ခံနိုင်သော်လည်း လူတော့သတ်ရဲမည်မဟုတ်ပါ။

မစ္စယွမ်က အိပ်မပျော်တာကြောင့် သူမ ဘယ်လှည့်ညာလှည့်လုပ်‌နေကာ ယွမ်ဝမ်ယွဲ့ကို နိုးသွား‌စေသည်။ နောက်တော့ ကျန်းယွီရူတို့အခန်းထဲက ခင်ပွန်းဖြစ်သူနဲ့ ကျန်းယွီရူရဲ့ ငြင်းခုံသံကို ကြားလိုက်ရသည်။

သူတို့ ရှင်းရှင်းလင်းလင်း မကြားနိုင်ပေမယ့် မစ္စယွမ်ကတော့ ယွမ်ဝမ်ယဲ့တစ်ယောက် ကျောက်ရှောင်ရှီ မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိသွားတာလို့ မှန်းဆခဲ့သည်။

“အရမ်းနောက်ကျနေပြီကို ဘာလို့ ငြင်းခုန်နေကြတာလဲ" ယွမ်ဝမ်ယွဲ့က ရေရွတ်လိုက်သည်။ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း ညဉ့်နက်မှဖြစ်လျှင် စိတ်အနှောင့်အယှက်ဖြစ်ရသည်။

“မသိဘူး‌‌လေ”

"မင်း အဆင်မပြေဘူးလား? မင်း ဘယ်လှည့်လိုက် ညာ လှည့်လိုက်နဲ့”

“မဟုတ်ပါဘူး ကျွန်မအိပ်လို့မရလို့ပါ” သူမဘာတွေတွေးနေလဲဆိုတာကို သူ့ကို မပြောပြနိုင်ခဲ့ပါ။

ယွမ်ဝမ်ယွဲ့က ဂရုမစိုက်နေတော့ဘဲ မနက်ဖြန် အလုပ်သွားရမှာမို့ ဆက်အိပ်လိုက်သည်။

…

တနင်္လာနေ့တွင် ကုနင်းသည် ကျောင်းမတက်ဘဲ ပန်းဆိုင်ကိစ္စဖြေရှင်းရန် ကျင်းယွင်ယောင်နှင့် မြောင်ကျင်းကျင်းနှင့်အတူ လိုက်ပါခဲ့သည်။

သူတို့ရောင်းတဲ့အပင်တွေမှာ မှော်အစွမ်းတွေ ပါနေတာကြောင့် ပန်းဆိုင်နာမည်က Pavilion of Magic ဟုပေးထားသည်။

မနက်ခင်းမှာ ကုနင်းက ကောင်းယိနဲ့ ချောင်ယအား ပန်းအိုးတွေကို ရှောင်းယောင်တောင်ဗီလာမှာ ရွှေ့ခိုင်းပြီး ကျင်းယွင်ယောင်နဲ့ မြောင်ကျင်းကျင်းကို အရင်သွားခေါ်သည်။

ရှောင်းယောင်တောင်ဗီလာထဲကို ဝင်လိုက်တာနဲ့ ကုနင်းနဲ့ တခြားသူတွေ စိုက်ထားတဲ့ အပင်တွေကနေ ထုတ်လွှတ်လိုက်တဲ့ မှော်စွမ်းအင်တွနေဲ့ ပြည့်နေတဲ့ အငွေ့အစက်ကို ခံစားလိုက်ရသည်။ ထိုအပင်များကို ကုနင်းမှ မှော်အစွမ်းရည်ဖြင့် ဖြန်းထားသောကြောင့် ၎င်းတို့အားလုံးတွင် မှော်အစွမ်းရှိသော်လည်း အလွန်ပါးလွှာသည်။

မှော်အစွမ်းအရည်များဖြင့် ဖြန်းထားသော အပင်များသည် သန်မာပြီး အလွန်ဆွဲဆောင်မှုရှိသည်။

ကျင်းယွင်ယောင်နဲ့ မြောင်ကျင်းကျင်း နှစ်ယောက်စလုံးက ဒါကိုမြင်ရတာ ဝမ်းသာကြသည်။

“အို ဒီအပင်တွေက အရမ်းစိမ်းလန်းပြီး လှလိုက်တာ။ မကြာခင် ရောင်းကုန်မှာပဲ” ဟု မြောင်ကျင်းကျင်းက ပြောသည်။ ဆိုင်ဖွင့်ဖို့ သူမစောင့်နိုင်တော့ပေ။

ကျင်းယွင်ယောင်ကလည်း "ဟုတ်တယ် ဒါကုနင်းကျေး‌ဇူးကြောင့်ပဲ!" သူတို့ရဲ့အပင်တွေက အရမ်းနာမည်ကြီးမယ်ဆိုတာ သူမသိပေသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၁၈၀ ကြီးမားတဲ့နိမိတ်လက္ခဏာပဲ

ကောင်းယိနှင့် ချောင်ယတို့သည် အိုးများကို ရွှေ့ပြီးနောက် အပင်များကို အိုးထဲသို့ စတင် အစားထိုး စိုက်ပျိုးကြသည်။ ကောင်းယိနှင့် ချောင်ယတို့သည် ဤအပင်များသည် အလွန်လှပပြီး သန်စွမ်းလှသည်ကို တွေ့ရတော့ အံ့အားသင့်သွားကြသည်။

မှော်စွမ်းအားအရည်၏ အကျိုးသက်ရောက်မှုဖြစ်သည်ကို သူတို့သိသောကြောင့် မတုန်လှုပ်ခဲ့ကြပေ။

အိုးထဲတွင် လိုအပ်သော အပင်အရေအတွက်ကို စိုက်ပြီးနောက် ကားပေါ်သို့ ရွှေ့ကာ ဆိုင်သို့ သွားကြသည်။

ကားသည် စတိုးဆိုင်ရှေ့သို့ မရောက်နိုင်သောကြောင့် အပင်များကို တွန်းလှည်းဖြင့် အကြိမ်ပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရသည်။

အပင်တွေကို ဆိုင်ထဲကို ရွှေ့ပြီးတာနဲ့ သူတို့ နေရာချလိုက်သည်။ သို့သော် သူတို့သည် ရွက်ကျပင်အိုးဆယ်လုံးထုတ်ပြီးနောက် များမကြာမီမှာပင် အာရုံစူးစိုက်မှုများစွာကို ရရှိခဲ့လေသည်။

"ဝိုး ဒီပန်းက အရမ်းကြည့်ကောင်းတာပဲ! အရမ်းသန်စွမ်းပုံရတယ်” မိန်းကလေးတစ်ယောက် အံ့ဩစွာနဲ့ပြောသည်။

“ဟုတ်တယ် တခြားဆိုင်တွေနဲ့ ယှဉ်လိုက်ရင် အရမ်းကွာခြားတယ်၊ ဒါပေမယ့် တခြားဆိုင်တွေထက် ဈေးပိုများမယ်ထင်တယ်” ဟု အခြားမိန်းကလေးတစ်ဦးက ပြောသည်။

“ဟုတ်တယ် ကောင်းတဲ့ပစ္စည်းတွေက အမြဲတမ်း ပိုစျေးကြီးတာပေါ့။ ဘယ်လောက်လဲလို့ မေးလိုက်အူံးမယ်” ကောင်မလေးက ဆက်၍ “ဟေ့ သူဌေးက ဘယ်သူလဲ သိလို့ရမလား။ ဒီရွက်ကျပင်က ဘယ်လောက်လဲ”

ထိုစကားကိုကြားတော့ ကျင်းယွင်ယောင်က လှမ်းကြည့်ကာ နူးညံ့စွာ ပြုံးလိုက်သည်။ “ရွက်ကျပင်အိုးတစ်လုံးချင်းစီရဲ့ ဈေးနှုန်းက မတူပါဘူး။ ဥပမာ ဒီအပင်နဲ့ ဒီအပင်က မျိုးစိတ်နဲ့ အရွယ်အစား တူညီလို့ သူတို့ရဲ့ ဈေးနှုန်းတွေက အတူတူပါပဲ။ ဒါပေမယ့် ဒီအိုးနှစ်လုံးက မတူဘူး။ ဒီပန်းအိုးက သာမန်ပန်းအိုးဖြစ်ပြီး ဆယ်ယွမ်ပဲဆိုပေမယ့် ဒီပန်းအိုးက ယွမ်ငါးဆယ်ကျပါတယ်။ ဒီပန်းအိုးက သာမန်ပန်းအိုးဖြစ်ပြီး ဒီပန်းအိုးကို ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကပြုလုပ်ထားလို့ သူ့ အရည်အသွေးက အများကြီးပိုကောင်းတယ်။ ဒါကြောင့် အဲ့တာက ဈေးပိုကြီးတယ်။ ဒီအိုးက ယွမ်ခြောက်ဆယ် ကုန်ကျပေမယ့် ဒီအိုးက ယွမ်တစ်ရာ ကုန်ကျတယ်။ ဒီစျေးနှုန်းတွေအပြင် ပိုစျေးကြီးတာတွေ စျေးသက်သာတာတွေလည်းရှိ‌သေးပါတယ်”

အများအားဖြင့် ရွက်ကျပင်တစ်ပင်လျှင် ဆယ်ယွမ်မှ နှစ်ဆယ်အထိ ကုန်ကျသော်လည်း ပန်းအိုးက ပိုကုန်ကျသည်။

ကောင်မလေးနှစ်ယောက်က စျေးနှုန်းကို ကြားလိုက်တဲ့အခါ စျေးမပေါဟု ခံစားမိပေမယ့် အဓိပ္ပာယ်မရှိတယ်လို့ မထင်ကြပါ။ နောက်ဆုံးတွင် ရွက်ကျပန်းများသည် ပေးရသည့်ဈေးနှင့်ထိုက်တန်သည်ဟု ယုံကြည်သည်။

“ကောင်းပြီ ဒါဆို မင်း အားလုံး နေရာချပြီးမှ ကျွန်မ လှည့်ကြည့်မယ်” ကောင်မလေးက ပြောသည်။ အချို့ကို ဝယ်ချင်သော်လည်း အားလုံးကို မကြည့်မချင်း ဆုံးဖြတ်ချက် မချနိုင်ပေ။

"ကောင်းပြီ ကျွန်မသူတို့ကို အခုပဲထုတ်လိုက်မယ်" ကျင်းယွင်ယောင်ကပြောပြီး အပင်တွေကို ဆက်ရွှေ့ဖို့ သွားလိုက်သည်။

အဲဒီနောက်မှာတော့ လူအနည်းစုက အပင်တွေကို မြင်ပြီး ဆွဲဆောင်မိသွားကြသည်။ အပင်များကို စွဲဆောင်မိသူအများစုသည် အပင်များကို စိတ်ဝင်စားကြပြီး အပင်များအကြောင်း သိကြသည်။ မဟုတ်ပါက ဤအပင်များသည် အခြားအပင်များနှင့် မည်သို့မည်ပုံကွဲပြားသည်ကို အလွယ်တကူ မြင်နိုင်မည်မဟုတ်ပါ။

အပင်တွေအကုန်မရွေ့ခင်မှာ အပင်တွေကိုကြည့်ဖို့ လူတွေ ပိုများလာသည်။

ဈေးမေးပြီးနောက် လူတော်တော်များများက တခြားဆိုင်တွေထက် ဈေးပိုကြီးတယ်လို့ ထင်ကြပေမယ့် ဒီကအပင်တွေက စျေးတန်တယ်လို့လည်း ခံစားကြရသည်။ တကယ်တော့ ဒီဆိုင်မှာရှိတဲ့ အပင်တွေက တခြားဆိုင်တွေထက် ပိုပြီး သန်စွမ်းပြီး လှပပါသည်။ ထို့ကြောင့် အပင်ချစ်သူအများစုသည် စျေးနှုန်းကို ဂရုမစိုက်ဘဲ ပေး‌ေချကြသည်။

သို့သော် ပန်းအိုးများအတွက် အများစုက ရိုးရိုးအိုးများကို ရွေးချယ်ကြသည်။ ပန်းအိုးတွေအစား အပင်တွေကိုသာ ကောင်းကောင်းသိတာကြောင့် ပန်းအိုးတွေက အရေးမကြီးဘူးလို့ ခံစားခဲ့ရသည်။

အချို့က အပင်ကောင်းသည် အိုးကောင်းနှင့် ထိုက်တန်သည်ဟု ထင်သောကြောင့် ဈေးကြီးသော အိုးများကို ဝယ်ကြသည်။

အနီးနားရှိ ပန်းဆိုင်ပိုင်ရှင်များနှင့် စာရေးများအားလုံး အံ့သြသွားကြသည်။ ဆိုင်က မဖွင့်ရသေးပေမယ့် လူတော်တော်များများက အပင်တွေကြည့်ဖို့လာပြီး ဝယ်ကြတာက အံ့သြစရာကောင်းသည်။

ထို့အတွက်ကြောင့် လူများစွာသည် မနာလိုမှုကို ပြင်းထန်စွာ ခံစားခဲ့ရသည်။

စတိုးဆိုင်ပိုင်ရှင်သည် လူစိတ်၀င်စားမှုဖန်တီးရန် လူများကို တမင်ငှားရမ်းပြီး ဖောက်သည်များကို ဆွဲဆောင်ရန် ဤနည်းလမ်းကို အသုံးပြု‌နေသလားဟု လူအချို့က အံ့ဩနေကြသည်။

သိရန်အလို့ငှာ စတိုးဆိုင်ပေါင်းများစွာ၏ ပိုင်ရှင်များသည် ဖြစ်ပျက်နေသည့်အရာများကို ကြည့်ရှုရန် လျှောက်လာခဲ့ကြသည်။ သို့သော် ဆိုင်ရှိအပင်များကို မြင်သောအခါ ချက်ခြင်းပင် စွဲလန်းသွားသည်။ ဒီဆိုင်မှာရှိတဲ့ အပင်တွေက လန်းဆန်းတဲ့အပြင် အရမ်းလှသည်။ မဆွဲဆောင်ခံရဖို့ မဖြစ်နိုင်ကြပေ။

ဒီဆိုင်က အပင်တွေက ဘယ်ကလာတာလဲ။

သူဌေးကို မေးကြည့်ရန် လူအနည်းငယ်က အချင်းချင်း တွန်းအားပေးကြသည်။ သူတို့အပင်တွေကို ဘယ်ကဝယ်ရမှန်း သိချင်ပေမယ့် မေးရင်တောင် သူဌေးက သူတို့ကို မပြောဘူးလို့ ခံစားရသည်။ သူဌေးက သူတို့ကို ပြောရင် သူတို့ ဝယ်ဖို့ တစ်နေရာတည်းကို သွားလျှင် ဒီသူဌေးရဲ့ လုပ်ငန်းကို ထိခိုက်နိုင်သည်။

လူတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး သူတို့ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်များကို ဝေမျှလိုစိတ်မရှိကြဘူးလို့ ခံစားကြရသည်။

သူတို့ကိုယ်တိုင်က တခြားသူတွေကို သူတို့ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်တွေကို မပြောတတ်တာကြောင့် သူဌေးက သူတို့ကို မပြောဘူးလို့ ယုံကြည်ကြသည်။ သို့သော် အဖြေမကြားဘဲ ထွက်ခွာရန် တွန့်ဆုတ်နေခဲ့သည်။

အဆုံးတွင် တစ်စုံတစ်ယောက်သည် ထိုမေးခွန်းကို မေးရန် ရှေ့တိုးလာကာ သူမသည် ကျင်းယွင်ယောင်ကို မေးလိုက်သည်။

ကျင်းယွင်ယောင်သည် ၎င်းတို့ထံမှ လျှို့ဝှက်ထားရန် စိတ်မ၀င်စားခဲ့ပေ။ သူမသည် XX ပန်းအခြေစိုက်စခန်းဖြစ်ကြောင်း တိုက်ရိုက်ပြောခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်လုပ်ဆောင်မှုသည် ၎င်းတို့၏လျှို့ဝှက်ချက်ဖြစ်သည်။

အဖြေရပြီးနောက် အမြန်ကြည့်ရန်သွားကြသည်။ ဤအပင်များသည် အလွန်ဆွဲဆောင်မှုရှိသည်။ ဒီအပင်တွေကို ဝယ်ယူမယ်ဆိုရင်လည်း ဖောက်သည်များစွာကို ဆွဲဆောင်နိုင်မှာ သေချာပါသည်။

ဖြတ်သွားဖြတ်လာတွေတင်မကပဲ သူတို့ကိုယ်တိုင်တောင် ဝယ်ချင်လာသည်။

တစ်မနက်တည်းမှာပင် လူတွေက ပန်းပင်အိုးလေးဆယ်ကျော်ဝယ်ကြပြီး အိုးသုံးဆယ်ကျော်က ရွက်ကျပင်များဖြစ်သည်။

“ဆိုင်‌တောင် မဖွင့်ရသေးဘူး။ တစ်မနက်တည်းမှာ အများကြီး ရောင်းကုန်သွားတာ တကယ်ကောင်းတဲ့ လက္ခဏာပဲ!” ကျင်းယွင်ယောင်က ပြောသည်။ တစ်မနက်မှာ အများကြီးရောင်းရလို့ အရမ်းပျော်နေခဲ့သည်။

ကုနင်း : “ဒါတောင် မနက်ပိုင်းပဲ ရှိသေးတယ် လာတဲ့လူကသိပ်မများ‌သေးဘူး။ နေ့ခင်းဘက်ကျရင် ဖောက်သည်အများဆုံးကျလာလိမ့်မယ်။ နေ့ခင်းဘက်ကျ စီးပွားရေး ပိုကောင်းလာလိမ့်မယ်။ ပစ္စည်းမလောက်မှာ စိုးရိမ်နေတာ။ ကံကောင်းထောက်မစွာ ကျွန်မတို့မှာ လက်ကျန်အလုံအလောက်ရှိ‌သေးတယ်” ဒါဟာ အံ့သြစရာအစတစ်ခုမဟုတ်ပေမယ့် သူမြင်ရတာပျော်ရွှင်သည်။

ဘာပဲဖြစ်ဖြစ် ဒါဟာ အစပဲရှိသေးပြီး ဒီလုပ်ငန်းကို ပိုအမြတ်အစွန်းရအောင် ကူညီပေးရပါလိမ့်မည်။

သူမသည် ဤပန်းဆိုင်၏ ရှယ်ယာရှင်တစ်ဦးဖြစ်သောကြောင့် ဤလုပ်ငန်းကို အလေးအနက်ထားသည်။ ထို့ကြောင့် သူမသည် မနက်ဖြန် Weibo တွင် ကြော်ငြာမည်ဖြစ်ပြီး သူမ၏လုပ်ငန်းအဖွဲ့၏ တရားဝင်ဝဘ်ဆိုဒ်တွင်လည်း ကြော်ငြာတင်မည်ဖြစ်သည်။

ယခု ရှန်းနဉ်အုပ်စု၏ ဝဘ်ဆိုဒ်ကို လူအများအပြား ဝင်ရောက်ကြည့်ရှုကြသည်။

မြောင်ကျင်းကျင်း : “ဟုတ်တယ် ငါတို့ဆိုင်နေရာက မထင်ရှားဘူး။ ထင်သာမြင်သာရှိတဲ့ နေရာမှာဆိုရင်တော့ လုပ်ငန်းက ပိုကောင်းလာနိုင်ပေမယ့် ကျော်ကြားမှုရှိနေသရွေ့တော့ ထင်ရှားသည်ဖြစ်စေ မရှင်းသည်ဖြစ်စေ အရေးမကြီးပါဘူး”

ဤ‌နေရာသည် အမှန်တကယ်ပင် ထင်ရှားပေါ်လွင်ခြင်းမရှိပဲ ၎င်းတွင် စီးပွားရေးလုပ်ရန်အတွက် အားနည်းချက်အချို့ရှိသော်လည်း မြောင်ကျင်းကျင်းသည် အလျင်အမြန်အောင်မြင်ရန် စိတ်အားထက်သန်ခြင်းမရှိပေ။ အရည်အသွေးသာကောင်းလျှင် နေရာက အရေးမကြီးဟု သူမထင်သည်။

ဆိုင်မှာ ဖောက်သည်တွေ ဆက်တိုက်ကျရောက်နေသည်။ သူတို့အားလုံးက ဆိုင်သို့ လာခဲ့ကြတာ မဟုတ်သော်လည်း ၎င်းတို့သည် ဖောက်သည်များဖြစ်သောကြောင့် မြောင်ကျင်းကျင်းနှင့် အခြားသူများက ၎င်းတို့ကို ကောင်းမွန်စွာ ဧည့်ခံပြီး နေ့လယ်စာစားရန်ပင် မသွားခဲ့ကြပေ။

ကုနင်းက ကောင်းယိနဲ့ ချောင်ယကို အရင် ထမင်းစားဖို့ ပြောပြီး သူတို့အတွက် စားစရာတချို့ ပြန်ယူလာခိုင်းသည်။

မအံ့သြဘဲ နေ့ခင်းဘက်တွင် ဖောက်သည်များ ပိုများလာသဖြင့် အခြားပန်းဆိုင်ပိုင်ရှင်များ၏ မနာလိုမှုကို နှိုးဆွပေးခဲ့သည်။

ထိုပန်းဆိုင်ပိုင်ရှင်များသည် ကျင်းယွင်ယောင်ထံမှဝယ်ယူခဲ့သော ပန်းအခြေစိုက်စခန်းအကြောင်းသိပြီးနောက် အခြေစိုက်စခန်းသို့အပြေးသွားခဲ့ကြသော်လည်း သူတို့မြင်ရသည့်အပင်များသည် Magic Pavilion of Magic ဆိုင်ကနှင့် မတူပေ။ ထို့ကြောင့်သူတို့အားလုံးသည် လှည့်စားခံရသည်ဟု ခံစားလာရပြီး ကျင်းယွင်ယောင်ကို ဒေါသထွက်ခဲ့ကြသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၁၈၁ ဆိုင်တံခါးပျက်စီးနေခြင်း

ကျင်းယွင်ယောင်က သူတို့ကို မပြောရင်တောင် သူတို့ နားလည်နိုင်ပေမယ့် ကျင်းယွင်ယောင်က သူတို့ကို လိမ်ညာတာကို လက်မခံနိုင်‌ပေ။ ထို့ကြောင့် ပန်းဆိုင်ပိုင်ရှင်က မခံမရပ်နိုင်ဖြစ်ပြီး ကျင်းယွင်ယောင်ကိုရန်တွေ့ရန်သွားခဲ့သည်။

"သူဌေးရှန်း မင်းအပင်တွေ ဘယ်ကရတယ်ဆိုတာ ကို မပြောချင်ရင် ရပါတယ်။ ငါတို့ ဘာမှပြောမှာမဟုတ်ဘူး၊ ဒါပေမယ့် မင်း ငါတို့ကို ပြောဖို့ ဆန္ဒမရှိဘူးသာဆို ဘာလို့ လိမ်‌ပြောခဲ့တာလဲ။ တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်။ အနာဂတ်မှာ ငါတို့က ဆိုင်နီးနားချင်း‌တွေဖြစ်လာကြမှာ။ ဒီလို အလေးအနက်မထားပဲ မလုပ်သင့်ဘူး!" ကျင်းယွင်ယောင်ကို စွပ်စွဲသည်။

ကျင်းယွင်ယောင်သည် သူမအား စွပ်စွဲခံရချိန်တွင် လုံးဝ စိတ်ဆိုးခြင်းမရှိပေ။ အဲဒီအစား ယဉ်ကျေးစွာ ပြန်ဖြေသည်။ “Sir ကျွန်မအဲဒီနေရာက အပင်တွေ၀ယ်ခဲ့တာသေချာတယ်။ ကျွန်မမှာပြေစာလည်းရှိတယ်။ ဒါပေမယ့် အဲဒီကနေ အပင်တွေဝယ်ပြီးတာနဲ့ ကျွန်မအိမ်မှာ ရက်အနည်းငယ်ကြာအောင် စိုက်ပျိုးခဲ့တယ်။ ကျွန်မအိမ်က မြေနဲ့ရေက ကောင်းတယ်။ ဒါကြောင့် ကျွန်မဆိုင်က အပင်တွေက တခြားအပင်တွနေဲ့ မတူဘူး”

“အင်း…”

အဲဒါကိုကြားတော့ ပန်းဆိုင်ပိုင်ရှင်က သံသယတွေရှိနေတုန်းပေမယ့် ကျင်းယွင်ယောင်ရဲ့ရှင်းပြချက်ကိုကြားပြီးတဲ့အခါမှာတော့ သူ ဘာမှပြန်မပြော‌တော့ပေ။

သူမကို ဆက်ပြီးဝေဖန်ရင် သူ့အပြစ်ဖြစ်မှာမို့ သူစိတ်ဆိုးနေသည့်ပုံစံဖြင့်သာ ကြည့်နေလိုက်သည်။

ကုနင်းနဲ့ တခြားသူတွေက ဒါကို စိတ်မ၀င်စားတဲ့အတွက် ပန်းဆိုင်ပိုင်ရှင်ကို အပြစ်ပေးဖို့ အနှောက်အယှက်မပေးခဲ့ကြပေ။

နေ့ခင်းပိုင်းတွင် ကုနင်းသည် မနက်ဖြန် နံနက် ၁၀ နာရီတွင် Pavilion of Magic ဖွင့်ပွဲလုပ်မည့်အကြောင်းကို သူမ၏ သူငယ်ချင်းကောင်းများကို ပြောပြသည်။ မနက်ဖြန်သည် အင်္ဂါနေ့ဖြစ်၍ ချူးဖေ့ဟန်နှင့် အခြားသူများက အတန်းများတက်ရန် လိုအပ်သောကြောင့် ကျောင်းပျက်မည်ဆိုး၍ သူတို့ကို မပြောခဲ့ပါ။

ထို့ကြောင့် ကုနင်းသည် ကျီပိုင်ယင်း၊ ရှုချင်ယင်း၊ ကူအန်းနာနှင့် လင်ရှောက်ရှီတို့နှင့်သာ သတင်းကိုမျှဝေခဲ့သည်။

သူတို့ကို လာဖို့ အတင်းမတိုက်တွန်းဘဲ အချိန်ရှိမရှိပေါ် မူတည်သည်။ ကျီပိုင်ယင်းကလွဲရင် သူတို့အားလုံး အလုပ်လုပ်ဖို့ လိုသည်။

ကျင်းယွင်ယောင်ကလည်း ယွီယင်၊ မစ္စစ်ရှုနှင့် ယန်မင်သို့ သူကိုယ်တိုင် ဖိတ်ကြားစာ ပေးပို့ခဲ့သည်။ သူတို့သည်သာ မြို့တော်ရှိ သူမ၏ အကျွမ်းတဝင်ရှိသူများဖြစ်သည်။ သူမမှာ ထူးခြား‌သော ကိုယ်ပိုင်လက္ခဏာရှိပြီး သူမ၏အသိုင်းအဝိုင်းတွင်ပါဝင်ရန် သူမအတွက် မသင့်လျော်ပါ။ သူမသည် လူများစွာကိုလည်း မသိချင်ခဲ့ပါ။

ပန်းဆိုင်ဖွင့်ပြီးနောက်တွင် သာမန်ဖောက်သည်အချို့နှင့် မိတ်ဖွဲ့လျှင် လုံလောက်ပေလိမ့်မည်။

ပန်းရောင်းဝယ်ရေးစင်တာသည် အများအားဖြင့် ည ၇ နာရီ သို့မဟုတ် ၈ နာရီတွင် ပိတ်သောကြောင့် ပထမနေ့တွင် ညနေ ၇ နာရီ ၃၀ မှာ ထွက်ခွာခဲ့ကြသည်။ ထွက်ခွာပြီးနောက် ညစာစားရန် အနီးနားရှိ စားသောက်ဆိုင်တစ်ခုသို့ တိုက်ရိုက်သွားကြသည်။

ဒီတစ်ကြိမ်မှာတော့ ကျင်းယွင်ယောင်နဲ့ မြောင်ကျင်းကျင်းတို့ဟာ စစ်ဟယ်ယွမ်ကို မသွားဘဲ တောင်မြစ်ကမ်းဥယျာဉ်ကို သွားခဲ့ကြသည်။ သူတို့သည် အမျိုးသမီး နှစ်ယောက်ဖြစ်သောကြောင့် စစ်ဟယ်ယွမ်တွင် တစ်ချိန်လုံးနေရန် အဆင်မပြေပေ။

ကျင်းယွင်ယောင်သည် ထိုအချိန်က သူမကျန်းမာရေးမကောင်းသောကြောင့် စစ်ဟယ်ယွမ်တွင် အကြာကြီးနေခဲ့ရသည်။

မြောင်ကျင်းကျင်းသည် အချိန်အတိုင်းအတာတစ်ခုအထိ ကျင်းယွင်ယောင်နှင့်အတူနေရမည်။ သူမမှာ စုဆောင်းငွေမရှိလို့ တစ်ယောက်တည်းနေလို့မရပါ။ တောင်မြစ်ကမ်းဥယျာဉ်ရှိ သူတို့၏အိမ်သည် အလွန်ကျယ်ဝန်းပြီး ကျင်းယွင်ယောင် တစ်ယောက်တည်း နေထိုင်သောကြောင့် သူတို့အတူတကွ နေလို့ရသည်။

ကုနင်းသည်လည်း ထိုညက တောင်မြစ်ကမ်းဥယျာဉ်တွင် တည်းခိုခဲ့သည်။

နောက်တစ်နေ့တွင် ကုနင်းက ဖွင့်ပွဲပြီးလျှင် ကျောင်းပြန်တက်ရန် လိုအပ်သောကြောင့် ကျင်းယွင်ယောင်နှင့် မြောင်ကျင်းကျင်းတို့ကို အိမ်သို့ မမောင်းပို့နိုင်တော့ပါ။ ထို့ကြောင့် ကျင်းယွင်ယောင်သည် ဆိုင်သို့ ကိုယ်တိုင်ကားမောင်းသွားခဲ့သည်။

လင်ရှောင်းထင်သည် ကျင်းယွင်ယောင်အတွက် ကားတစ်စီးကို ပြင်ဆင်‌ပေးထားသော်လည်း ပုံမှန်အားဖြင့် သူမသည် ၎င်းကို အသုံးပြုရန် မလိုအပ်ပေ။ ဒါပေမယ့် ဒီနေ့လို‌နေမျိုးသာဆို နေ့တိုင်း မောင်းလို့ရသည်။

ကုနင်းနှင့် အခြားသူများသည် နံနက် ၈ နာရီ ၃၀ မိနစ်တွင် Pavilion of Magic သို့ ရောက်ရှိကြသည်။ သို့သော် Pavilion of Magic သို့ ရောက်လုနီးနီးတွင် ကြည့်ရှုသူအများအပြားသည် ၎င်း၏တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကုနင်းနဲ့ တခြားသူတွေက တစ်ခုခုမှားနေပြီဆိုတာ ချက်ချင်းသိလိုက်တဲ့အတွက် သူတို့ အဲဒီနေရာကို ပြေးသွားကြသည်။

Pavilion of Magic ရဲ့တံခါးမှာ ဆေးတွေ ပက်ဖျန်းထားတာကို တွေ့လိုက်ရပြီး ဆေးစက်တွေ အများကြီး တံခါးမှာ ကျန်နေသည်။ တံခါးဆိုင်းဘုတ်ပေါ်မှာလည်း ကြက်ဥအမြောက်အမြား ပစ်‌ပေါက်ထားကြသည်။

တခဏချင်းမှာပဲ ကုနင်းနဲ့ တခြားသူတွေ ဒေါသထွက်သွားသည်။ ဘယ်သူလုပ်တာလဲ။

ကုနင်းနဲ့ တခြားသူတွေဆီကို ပထမဆုံးရောက်လာတဲ့ အ‌တွေးကတော့ မနေ့က အပင်‌တွေ ဘယ်မှာရခဲ့လဲလို့ ကျင်းယွင်ယောင်ကိုလာမေးတဲ့ လူတွေ လုပ်တာဖြစ်နိုင်သလို အဲဒီလူ‌တွေထဲက တစ်ယောက်ယောက်လုပ်တာလည်း ဖြစ်နိုင်သည်။

သူမတို့က သူတို့ကို စိတ်ရင်းနဲ့ ပြောရင်တောင် သူတို့ကို လှည့်စားတယ်လို့ ယုံကြည်ကြလိမ့်မည်။

ကျင်းယွင်ယောင်သည် သူ့အိမ်ခြံဝင်းတွင် အပင်များကို အချိန်အတော်ကြာ ပြုစုပျိုးထောင်ခဲ့ကြောင်း မနေ့က ရှင်းပြခဲ့သော်လည်း မယုံကြည်ခဲ့ကြတာဖြစ်နိုင်သည်။

သူတို့ထဲက တချို့က ယုံကြည်တာမို့ ကုနင်းနဲ့ တခြားသူတွေက သူတို့အပြင် တခြားလုပ်‌ဖော်ကိုင်ဖက်တွေကိုပါ သံသယ၀င်သွားကြသည်။

တခြားလုပ်ဖော်ကိုင်ဖက်တွေက လာမမေးပေမယ့် သူလို့လုပ်တာ မဖြစ်နိုင်ဘူးလို့ မဆိုလိုပါ။ Pavilion of Magic ကို မနာလိုဖြစ်သရွေ့ သူတို့လုပ်နိုင်သည်။

ကုနင်းနဲ့ တခြားသူတွေက ကျန်းတကျွင်းကို မမေ့ခဲ့ကြပါ။

ကုနင်းက အဲဒီလူတွေကို သတိပေးဖို့ ပြောခဲ့ပေမယ့် သူနားမထောင်တာလည်းဖြစ်နိုင်သည်။

ဘယ်သူလုပ်ခဲ့ပါစေ ကုနင်းဟာ အမြစ်အထိ စုံစမ်းဖို့ စိတ်ပိုင်းဖြတ်ထားသည်။ ဒါမှမဟုတ်ရင် တခြားသူတွေက သူတို့ကို အားနည်းပြီး အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်ကောင်းထင်နိုင်သည်။

သူတို့သည် လုံးဝအနိုင်ကျင့်ရန် မလွယ်ကူဘဲ သာမန်လူများထက် ပိုအငြိုးအတေးကြီးသည်။ ထို့ကြောင့် ထိုသူသည် သူတို့နှင့် နှောက်ယှက်ဝံ့လျှင် ရန်သူတို့ကို ပြန်ဆပ်ခိုင်းရပေလိမ့်မည်။

ကုနင်းနှင့် အခြားလူများ ရောက်လာသည်ကို မြင်လိုက်သည်နှင့် ၎င်းတို့သည် အပြစ်ရှိသူဟု အထင်မှားခံရမည်ဆိုး၍ အဝေးသို့ ထွက်ခွာသွားကြသည်။

“အင်း ငါတို့ရောက်လာ‌တော့ မင်းဆိုင်က ဒီလိုဖြစ်နေပြီ။ ငါတို့နဲ့ ဘာမှမဆိုင်ဘူး” Pavilion of Magic ဘေးက ဆိုင်ပိုင်ရှင်က ချက်ချင်းရှင်းပြသည်။

မနေ့က သူတို့အပင်တွေကို ဘယ်မှာဝယ်ခဲ့သလဲလို့ ကျင်းယွင်ယောင်အား မေးပြီး ကျင်းယွင်ယောင်ကို ကြင်နာမှုမရှိဘဲ အပြစ်တင်ဖို့ ပြန်လာခဲ့သည်။

မနေ့က သူလုပ်ခဲ့တာတွေကြောင့် သူ့ကိုပထမဆုံးသံသယ၀င်မှာကို သူသိသည်။

မနေ့က ဖြစ်ပျက်ခဲ့တာ‌ကြောင့် သူတို့ စိတ်ဆိုးခဲ့ကြပေမယ့် ကျင်းယွင်ယောင်က ဘာအမှားမှ မလုပ်ထားတာကြောင့် သူ့ဆိုင်ကို ဖျက်စီးမည်မဟုတ်ပါ။

ထို့အပြင် ၎င်းတို့အားလုံးသည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြင်တွေ့ခဲ့ကြရသည်။ သူတို့က အရမ်းသန်မာတဲ့အတွက် ဘယ်သူကမှ သူတို့နဲ့ မရှုပ်ရဲပေ။

"ဟုတ်တယ် ငါတို့ရောက်လာထဲက ဒီလိုမျိုးဖြစ်နေပြီ"

"မင်း အခု ရဲခေါ်လိုက်ရင် ပိုကောင်းတယ်"

“စောင့်ကြည့်ကင်မရာတွေရှိတာပဲ။ ဘယ်သူလုပ်ထားတာလဲဆိုတာ သိနိုင်ဖို့ ဗီဒီယိုတွေကို ကြည့်လို့ရတယ်”

“ဟုတ်တယ်”

“…”

ကျင်းယွင်ယောင်ကို သူမဝယ်တဲ့အပင်တွေ ဘယ်မှာဝယ်လဲလို့ မေးဖူးတဲ့သူတွေကလည်း သူတို့ ဖျက်စီးတာမဟုတ်ကြောင်း သက်သေပြဖို့အတွက် သူမကို အကြံဉာဏ်တွေပေးခဲ့ကြသည်။

သူတို့ရဲ့ရှင်းပြချက်ကိုကြားတော့ ကုနင်းနဲ့ တခြားသူတွေက သူတို့မှာ အပြစ်မရှိဘူးလို့ ယုံကြည်ကြပါသည်။

ဘာပဲဖြစ်ဖြစ် သူတို့ အခုလုပ်ရမယ့်အရာက တံခါးကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး နောက်ပိုင်းမှသာ စုံစမ်းမှုတွေ လုပ်နိုင်သည်။

"ကောင်းပြီ မင်းတို့ အခုထွက်သွားလို့ရပါပြီ။ ကျွန်မတရားခံကို ဖမ်းမှာပါ” ကုနင်းက ဒေါသထွက်နေပေမယ့် သူ့မျက်နှာမှာ မပြပေ။

ထိုစကားကို ကြားတော့ အားလုံး ထွက်သွားကြသည်။

“ကျွန်မတို့ အချိန်က တစ်နာရီကျော်ပဲ ရှိ‌တော့တယ်။ အခုပဲ ရှင်းလိုက်ရအောင်” ဟု ကုနင်းက ပြောသည်။ သူမသည် စောင့်ကြည့်ဗီဒီယိုများကို စစ်ဆေးရန် သွားမည်ဖြစ်သော်လည်း ရဲကို ဖုန်းဆက်ရန် ရည်ရွယ်ချက်မရှိပေ။

ရဲများသည် ရာဇ၀တ်သားများကို ရက်အနည်းငယ်သာ ချုပ်နှောင်ထားပြီး ငွေအနည်းငယ်ပေးဆောင်ရန်သာ ပြောနိုင်သည်။

ကုနင်းက ပိုက်ဆံမရှိတာမဟုတ်လို့ ရာဇ၀တ်ကောင်တွေကို သူ့ဘာသာသူရှာတာ ပိုကြိုက်သည်။ သူမဟာ သူတို့ကို မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခု ပေးပြီး စတိုးဆိုင်တံခါးကို ပြင်ဖို့ ကုန်ကျစရိတ်ထက် သူတို့ရဲ့ ဒဏ်ရာကို ကုသဖို့အတွက် ကုန်ကျစရိတ် ပိုကုန်ရစေရမည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၁၈၂ ကုနင်းကို မျက်စိစုံမှိတ်ယုံကြည်တယ်

“ဟုတ်ပြီ!”

ကျင်းယွင်ယောင်နှင့် မြောင်ကျင်းကျင်း နှစ်ဦးစလုံး သဘောတူခဲ့ကြသည်။ သူတို့လည်း ဒေါသတွေထွက်နေပေမယ့် တတ်နိုင်သမျှ သပ်ရပ်အောင် လုပ်ရမယ်ဆိုတာ သူတို့နားလည်သည်။ ဖွင့်ပွဲပြီးမှသာ ရာဇ၀တ်ကောင်များကို ရှာဖွေရန် အာရုံစိုက်ရမည်။

မနှောင့်နှေးဘဲ ကုနင်းနဲ့ တခြားသူတွေက သူတို့အလုပ်ကို စလုပ်သည်။

ရာဇ၀တ်ကောင်တွေရဲ့ ရည်ရွယ်ချက်က တံခါးကို ဆေးသုတ်ဖို့လား ဒါမှမဟုတ် ရိုက်ချိုးပြီး အတွင်းမှာရှိတဲ့ ပစ္စည်းတွေကို ပျက်စီးစေချင်တာလား မသိပေမယ့် ကံကောင်းစွာနဲ့ပဲ Pavilion of Magic တံခါးက အရည်အသွေး‌ကောင်းပေသည်။ ချိုးဖျက်ဖို့ မလွယ်ကူပေ။ ကွဲသွားရင် အတွင်းမှာရှိတဲ့ ပစ္စည်းတွေလည်း ပျက်စီးသွားနိုင်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကောင်းယိနှင့် ချောင်ယ ရောက်လာသည်။ အဖြစ်အပျက်ကို မြင်လိုက်သည်နှင့် တပြိုင်နက် ဒေါသထွက်သွားကြသည်။

ကုနင်းက ကောင်းယိနဲ့ ချောင်ယတို့ကို သပ်ရပ်အောင် ကူညီပေးဖို့ ပြောခဲ့ပြီး စောင့်ကြည့်ဗီဒီယိုတွေကို ကြည့်ရှုဖို့ပြောလိုက်သည်။

စတိုးဆိုင်ကိုဝယ်ယူပြီးနောက် ကုနင်းသည် တံခါး၏ညာဘက်အပေါ်ထောင့်တွင် စောင့်ကြည့်ကင်မရာတစ်ခုကို တပ်ဆင်ထားသောကြောင့် စတိုးဆိုင်တွင် မော်နီတာတစ်ခုရှိသည်။

ကုနင်းသည် မော်နီတာအား ကြည့်လိုက်ရာ လူနှစ်ယောက်သည် Pavilion of Magic ၏တံခါးကို ရိုက်ခွဲပြီး ဆေးဖြန်းရန် လာနေသည်ကို တွေ့လိုက်ရသော်လည်း စောင့်ကြည့်ကင်မရာရှိနေကြောင်းကိုလည်း သိသာထင်ရှားစွာ သိသောကြောင့် သူတို့အားလုံး ဦးထုပ်နှင့် နှာခေါင်းစည်းများ ဝတ်ဆင်ထားကြသည်။

အဲဒီနောက် ကုနင်းက K ကိုဖုန်းဆက်ပြီး ဖြစ်ပျက်ခဲ့တာတွေကို ပြောပြသည်။ ထောက်လှမ်းရေးကင်မရာများကို ဟက်ကာ ၎င်းတို့နှစ်ဦးသည် မည်သူမည်ဝါဖြစ်သည်ကို ရှာဖွေရန် ပြောကြားခဲ့သည်။

တံခါးပျက်စီးသွားတဲ့အတွက် အသစ်တစ်ခု လိုအပ်သည်။ သူတို့က တံခါးကို တိုက်ရိုက်ဖြုတ်ပြီး ဆိုင်ဆိုင်းဘုတ်ကို ရှင်းပစ်လိုက်သည်။

အချိန်တိုအတွင်းအားလုံး သန့်ရှင်းသွားကာ နောက်ပိုင်းတွင် ပြီးဆုံးသွားကြသည်။

သာယာသော နံနက်ခင်းကို မရရှိကြသော်လည်း ၎င်းတို့၏ စိတ်အခြေအနေသည် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ဘဲ မကြာမီ ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။ K သည် မကြာမီတွင် ၎င်းတို့နှစ်ဦးသည် မည်သူဖြစ်သည်ကို သိရှိခဲ့သည်။

လူနှစ်ယောက်က တံခါးကို ရိုက်ချိုးပြီး ကားပါကင်ရှိ ဗင်ကားပေါ်တက်ပြီး ထွက်သွားခဲ့သည်။ ကားသည် ဆင်ခြေဖုံးရပ်ကွက်တစ်ခုသို့ မောင်းနှင်သွားခဲ့သည်။

လူနှစ်ဦးသည် ကားပေါ်မှ ဆင်းပြီးနောက် ၎င်းတို့၏ ဦးထုပ်များနှင့် မျက်နှာဖုံးများကို ဖယ်ရှားလိုက်သောအခါ မျက်နှာများ မြင်တွေ့ရသည်။

K သည် ၎င်း၏ လိုင်စင်နံပါတ်ပြားဖြင့် ကားပိုင်ရှင်ကို ရှာဖွေခဲ့ပြီး ကားပိုင်ရှင်မှာ အမျိုးသား နှစ်ဦးအနက်မှ တစ်ဦးဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူသည် ၎င်းတို့၏ အချက်အလက်များကို စုဆောင်းခဲ့သည်။ ဤလူနှစ်ယောက်စလုံးသည် သေးငယ်သောဂိုဏ်းမှ ဂိုဏ်းများဖြစ်သည်။

မြို့တော်မှာ ဂိုဏ်းကြီးတွေ မရှိပေမယ့် ဂိုဏ်းငယ်တွေ အများကြီးရှိသည်။

လူဆိုးဂိုဏ်းကြီးအများစုသည် အမြတ်အစွန်းများသော စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရန် လိုအပ်ပြီး ၎င်းတို့၏ လုပ်ငန်းများသည် တရားမဝင်ပါ။ မြို့တော်သည် နိုင်ငံရေး၏ဗဟိုဖြစ်သောကြောင့် တင်းကျပ်သောစည်းမျဉ်းများရှိသည်။ မြို့တော်တွင် တရားမဝင်စီးပွားရေးလုပ်ငန်းများကို အလွယ်တကူ ဖမ်းဆီးနိုင်သည်။

ထို့ကြောင့် ချင်ဂိုဏ်းနှင့် ကီရင်းဂိုဏ်းတို့သည် မြို့တော်တွင် မလှုပ်ရှားနိုင်တော့ပေ။ သူတို့မှာ အဓိကစီးပွားရေးလုပ်ငန်းတွေက တရားဝင်စီးပွားရေးလုပ်ငန်းများဖြစ်သည်။

တကယ်တော့ မြို့တော်မှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိရင်တောင် ဥပဒေက နေရာတိုင်းကို လွှမ်းမိုးနိုင်မှာ မဟုတ်ပါ။ အစိုးရက အရမ်းအလုပ်ရှုပ်သည်။ ထို့ကြောင့် အစိုးရကို လူသိရှင်ကြား မဆန့်ကျင်ပါက အပြစ်ပေးခံရမည်မဟုတ်ပေ။ အစိုးရသည် တရားမဝင် လုပ်ငန်းများ ပြင်းထန်လာသောအခါတွင်သာ အပြစ်ပေးအရေးယူခြင်းပြုလုပ်ပေသည်။

ထို့ကြောင့် မြို့တော်တွင် လူတစ်ရာခန့်ရှိသော ဂိုဏ်းငယ်များစွာရှိသည်။ အရေးယူချင်သော်လည်း ရာထူးကြီးသူ မဟုတ်တဲ့အပြင် အစိုးရကို အမြဲရှောင်နိုင်သောကြောင့် ကြီးကြီးမားမား ထိခိုက်ခြင်း မရှိပေ။

တချို့က ကံဆိုးပြီး အခန့်မသင့်တဲ့အချိန်တွေမှာ တရားမ၀င်လုပ်တဲ့အတွက် ဖမ်းတာ ဒါမှမဟုတ် အစိုးရက သိမ်းလို်က်တာ အစသဖြင့် အပြစ်ပေးခြင်းခံရသည်။

အစိုးရက သူတို့ကို ပြင်းပြင်းထန်ထန် မနှိမ်နင်းပေမယ့် သူတို့ကို ရံဖန်ရံခါ ကန့်သတ်ထားသည်။ အစိုးရက ဂိုဏ်းများ တည်ရှိမှုကို တစ်စိတ်တစ်ပိုင်း ရယူထားသော်လည်း ၎င်းတို့ကို ပိုင်ရှင်မဲ့ မထားနိုင်ပေ။ မဟုတ်ရင် တရားမဝင် ဂိုဏ်းတွေက ပိုပြီး ပြင်းထန်လာလိမ့်မည်။

၎င်းတို့ တည်ရှိနိုင်သော်လည်း အစိုးရ အာဏာပိုင်များကို စိန်ခေါ်ခြင်း မပြုနိုင်သောကြောင့် သူတို့ထဲက အချို့က အခြားသူများအား သတိပေးခြင်းဖြင့် အပြစ်ပေးအရေးယူရန် လိုအပ်ပါသည်။

သူတို့ရဲ့ အထောက်အထားနဲ့ လိပ်စာကို သိသွားတဲ့အတွက် ကုနင်းက ကောင်းယိနဲ့ ချောင်ယကို အရင်သွားဖမ်းဖို့ ချက်ချင်း စီစဉ်ခဲ့ပြီး သူမက ဆိုင်ကိစ္စ အားလုံးပြီးမှသာ သူတို့ကို စစ်ဆေးမေးမြန်းဖို့ လိုက်လာပါလိမ့်မည်။

သူတို့သည် လူဆိုးဂိုဏ်းများသာဖြစ်သောကြောင့် Pavilion of Magic အား အကြောင်းပြချက်မရှိဘဲ ဒုက္ခပေးမည်မဟုတ်ပေ။ ပျက်ဆီးအောင်လုပ်ဖို့ တစ်စုံတစ်ယောက်က သူတို့ကို ငှားရမ်းခဲ့တာ ထင်ရှားပါသည်။ ထို့ကြောင့် သူမသည် ၎င်းတို့ကို နောက်ကွယ်မှ ချုပ်ကိုင်သူမည်သူဖြစ်သည်ကို ပြောပြခိုင်းရန် လိုအပ်သည်။

…

နံနက် ၉ နာရီတွင် ကျီပိုင်ယင်းသည် မန်တနှင့် နန်တို့သည် ပန်းခြင်းကြီးနှစ်လုံးနှင်အတူ ရောက်လာကြသည်။ အနီရောင် စာအိတ်ထူထူကိုလည်း ပြင်ထားကြသည်။

ကျီပိုင်ယင်း ရောက်သည်နှင့် သူမသည် ကျင်းယွင်ယောင်ကို ဦးစွာ နှုတ်ဆက်သည်။ "ဟိုင်း တွေ့ရတာဝမ်းသာပါတယ် မစ္စကျင်း"

ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏မိခင်ဖြစ်သည်။ သို့သော်သူမသည်အလွန်ငယ်ရွယ်သောပုံပေါက်သောကြောင့် ကျီပိုင်ယင်းသည် ကျင်းယွင်ယောင်ကို သက်ကြီးမျိုးဆက်များထဲမှတစ်ယောက်အဖြစ် မှတ်ယူရန် အနည်းငယ်အားနာသွားသည်။ ကျင်းယွင်ယောင်သည် သူ့ထက် ဆယ်နှစ်သာ အသက်ကြီးပုံရသည်။

သို့သော် ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏မိခင်ဖြစ်သောကြောင့် ကျင်းယွင်ယောင်ကို အသက်ကြီးသူအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး မဟုတ်ပါက ကျင်းယွင်ယောင်ကို သူမ၏အစ်မအဖြစ် မှတ်ယူရမည်ဖြစ်သည်။

သူမသည် ကျင်းယွင်ယောင်နှင့် အမှန်တကယ် ညီအစ်မဖြစ်ချင်သော်လည်း လင်ရှောင်းထင်နှင့် ကုနင်းကို စိတ်မချမ်းသာမဖြစ်စေချင်ပေ။ အဲဒါက မယဉ်ကျေးပါ။

"ဟိုင်း မစ္စကျီ"

ကျီပိုင်ယင်းသည် ကုနင်း၏ သူငယ်ချင်းကောင်းဖြစ်သော်လည်း သူမနှင့် မရင်းနှီးသောကြောင့် သူမကို မစ္စကျီ ဟုသာခေါ်သည်။

ကျင်းယွင်ယောင်ကို နှုတ်ဆက်ပြီးနောက် ကျီပိုင်ယင်းသည် စတိုးဆိုင်ရှိ ရွက်ကျပင်များကို တွေ့ရတော့ စိတ်လှုပ်ရှားသွားသည်။ သူမ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ "ဝိုး၊ ဒီရွက်ကျပင်တွေက အရမ်းချစ်စရာကောင်းတာပဲ!"

သူမသွားရာလမ်းတွင် ကျီပိုင်ယင်းသည် အခြားပန်းဆိုင်များတွင် ရွက်ကျပန်းပင်များစွာကို တွေ့ခဲ့ရသော်လည်း သူမကို ဆွဲဆောင်ခြင်းမရှိပေ။ သို့သော် ကုနင်း၏စတိုးဆိုင်ရှိ ရွက်ကျပင်များကို တွေ့လိုက်သည်နှင့် သူမစိတ်ဝင်စားသွားသည်။

“ဒီအပင်တွေက အရမ်းဆွဲဆောင်မှုရှိတာပဲ။ တခြားပန်းဆိုင်တွေကဟာ‌တွေနဲ့ မတူဘူး”

နန်သည် ရွက်ကျပင်များအကြောင်း သိပ်မသိသလို၊ ရွက်ကျပင်များအပေါ်လည်း စိတ်မ၀င်စားပါ။ ၎င်းတို့သည် အခြားပန်းဆိုင်များနှင့် ကွဲပြားသည်ကို သူမမြင်နိုင်သည်။ ကုနင်း၏ဆိုင်ရှိ ရွက်ကျပင်များသည် ပို၍စိမ်းလန်းပြီး လှပနေပါသည်။

"ဟုတ်တယ် ကုနင်းရဲ့ ထုတ်ကုန်တွေက အမြဲတမ်း အကောင်းဆုံးပဲ!" ကျီပိုင်ယင်းက ဂုဏ်ယူစွာပြောသည်။ ကုနင်း၏ထုတ်ကုန်များသည် အမြဲတမ်းအရည်အသွေးကောင်းသည်ဟု သူမခံစားမိသည်။

ထွေထွေထူးထူး အကြောင်းပြချက် မရှိပါ။ သူမသည် ကုနင်းကို မျက်စိစုံမှိတ်ကာ ယုံကြည်သည်။

ကုနင်းက သဘောကျသွားသည်။

ထို့နောက် ရှုချင်ယင်းနှင့် ကူအန်းနာ ရောက်ရှိလာသည်။ ထန်ချင်းယန်၊ ကျန်းယွေ့ချင်နှင့် စုန့်နန်တို့လည်း ၎င်းတို့နှင့်အတူ လိုက်ပါလာခဲ့သည်။

ကုနင်းက သူတို့ကို မခေါ်ပေမယ့် ထန်ချင်းယန်နဲ့ ရှုချင်ယင်းရဲ့ ဆက်ဆံရေးကိုသိထား၍ သူတို့ဆီ ရောက်လာတာ အံ့သြစရာတော့ မဟုတ်ပါ။ နောက်ဆုံးတော့ သူက ကုနင်းနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသည်။ ကုနင်းသည် သူ့အသက်သခင်‌ကျေးဇူးရှင်ဖြစ်သည်။

ထန်ချင်းယန် သတင်းကို သိလိုက်ကတည်းက ကျန်းယွေ့ချင် နှင့် စုန့်နန် တို့သည်လည်း သိရှိသွားကြသည်။ သူတို့ကလည်း ကုနင်းနဲ့ ဆက်ဆံရေးရှိသည်။ မရင်းနှီးကြသော်လည်း သူစိမ်းတော့ မဟုတ်ပေ။ သူမရဲ့ သူငယ်ချင်းတွေအဖြစ် လာရမှာ သေချာ‌ပေသည်။

သူတို့ အသီးသီးက ပန်းခြင်းတစ်ခုစီ ယူလာတဲ့အတွက် မကြာခင် ပန်းခြင်းများ တံခါးဝမှာ စုပုံလာကြသည်။

"ကုနင်းငါတို့က သူငယ်ချင်းမဟုတ်ဘူးလား။ မင်းဆိုင်ဖွင့်တော့မယ်ဆိုတာကို ဘာလို့မပြောတာလဲ။ ချင်းယင်းက ငါ့ကို ပြောမှပဲသိရတော့တယ်" ထန်ချင်းယန်သည် စိတ်ဆိုးသည့်ပုံဖြင့် ကုနင်းကို ဝေဖန်နေကြောင့် ကုနင်းက အသာပြုံးပြီး တောင်းပန်လိုက်သည်။

"မင်းရဲ့အလုပ်ကို နှောက်ယှက်မိမှာ စိုးရိမ်လို့ပါ"

***

ဖီးနစ်သွေးစက်

အခန်း ၂၁၈၃ မင်းရဲ့အနာဂတ် ယောက္ခမက မင်းကို တကယ်သဘောကျတာပဲ

"ငါတို့က အလေးအနက်မထားတဲ့သူငယ်ချင်းတွေလို့ မင်းထင်‌နေတာလား။ ငါတို့မှာအချိန်မရှိရင် ငါတို့လာမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းငါ့ကိုသတင်းမပြောပြတာက မင်းအပြစ်ပဲ" ကျန်းယွေ့ချင်ကပြောပြီး သူလည်းစိတ်ဆိုးသွားပုံရသည်။

“ကောင်းပါပြီ ငါ့အမှားပါ။ တောင်းပန်ပါတယ်”

“ဟင့်အင်း မင်း တောင်းပန်တာကို ငါတို့ လက်မခံဘူး။ တောင်းပန်ချင်ရင် ပိုသောက်ရမယ်” ဟု စုန့်နန်က ပြောသည်။ ကုနင်းကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ပေ။

"ပြဿနာမရှိဘူး" ကုနင်းမဆိုင်းမတွ သဘောတူလိုက်သည်။ နောက်ပိုင်းမှာ ပိုသောက်ဖို့က သူမအတွက် အရေးမကြီးပါ။

အဲဒီနောက်မှာတော့ မစ္စစ်ရှုနဲ့ အမျိုးသမီးရှုဟာ ယန်မင်နဲ့အတူ ၀င်လာခဲ့သည်။

အမျိုးသမီးရှုသည် ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏မိခင်ဖြစ်သည်ကို သူမသိခဲ့ပေ။ သူမသည် ကျင်းယွင်ယောင်နှင့် ဆက်ဆံရေး သိပ်မရှိသောကြောင့် သူမအပေါ် လေးနက်သော အထင်အမြင်မရှိပေ။ မစ္စစ်ရှုကလည်း သူမကို မပြောခဲ့ပါ။

အမျိုးသမီးရှု ကိုမြင်လိုက်ရတော့ ရှုချင်ယင်းနှင့် ထန်ချင်းယန် နှစ်ယောက်လုံး အနည်းငယ် တုန်လှုပ်သွားကြသည်။ ရှုမိသားစုသည် သူတို့ချိန်းတွေ့နေကြသည်ကို သိသော်လည်း ထန်ချင်းယန်က ရှုမိသားစုနှင့် တရားဝင်တွေ့ဆုံခြင်းမရှိသေးပေ။ သူတို့နှစ်ယောက်ဟာ အချိန်တိုလေးအတွင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြတာမို့ အခုချိန်မှာ မိဘတွေနဲ့ တွေ့ဆုံဖို့ စောလွန်းနေပါသေးသည်။

ထန်ချင်းယန်က ကြောက်ရွံ့နေမှန်းသိသဖြင့် ကျန်းယွေ့ချင်က သူ့ကို တမင်တကာ လှောင်ပြောင်ခဲ့သည်။ "ဟေး ဒါက မင်းကောင်မလေးရဲ့ မိဘတွနေဲ့ တွေ့ဆုံတာ မဟုတ်ဘူးလား"

သူတို့သည် အခြားသူများ၏အမြင်တွင် မည်မျှအောင်မြင်သည်ဖြစ်စေ မိန်းကလေးများ၏ မိဘများနှင့် တွေ့ဆုံခြင်းတွင် မလွှဲသာမရှောင်သာ ကြောက်ရွံ့‌လေ့ရှိကြသည်။ သူတို့နဲ့ပတ်သက်တဲ့ မိန်းကလေးတွေရဲ့ မိဘတွေရဲ့ ထင်မြင်ချက်တွေကို ဂရုစိုက်ကြသည်။ အဲ့တာက အများကြီး အရေးကြီးသည်။

မိန်းကလေးတွေရဲ့ မိဘတွေအပေါ် အထင်ကြီးလေးစားမှု မထားခဲ့ဘူးဆိုရင် သူတို့မိဘတွေက အတူတူမနေဖို့ တားနိုင်သည်။

ထန်ချင်းယန်သည် ကျန်းယွေ့ချင်ကို မျက်စောင်းထိုးလိုက်သည်။ “တော်စမ်း မင်းလည်း အနှေးနဲ့အမြန် အဲ့လိုနေ့‌ရောက်လာလိမ့်မယ်"

အဲဒါကိုကြားတော့ ကျန်းယွေ့ချင် ပခုံးတွန့်ပြလိုက်သည်။ အဲ့လိုနေ့ရောက်လာရင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သူမြင်ချင်သည်။

ထန်ချင်းယန်သည် စိတ်လှုပ်ရှားနေသော်လည်း သူသည် စီးပွားရေးလုပ်ငန်းကြီးတစ်ခု၏ ဥက္ကဌဖြစ်သောကြောင့် သူ့ကိုယ်သူ ထိန်းချုပ်ထားရသည်။ ထို့ကြောင့် မစ္စစ်ရှုနှင့် အခြားသူများ ရောက်လာသောအခါ ထန်ချင်းယန်က သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။ "ဟိုင်း မစ္စစ်ရှု၊ အမျိုးသမီးရှုနဲ့ မစ္စဝမ် တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်တော့်နာမည် ထန်ချင်းယန် ပါ"

မစ္စစ်ရှုနှင့် အမျိုးသမီးရှုသည် ထန်ချင်းယန်ကိုတွေ့သောအခါ အလွန်ဝမ်းသာသွားပုံရသည်။ ဤအနာဂတ်သမက်ကို သူတို့အလွန်ကျနေပ်ကြသည်မှာ ထင်ရှားပါသည်။

ထန်ချင်းယန်က ရှုချင်ယင်းနှင့် မတွဲမီထဲက သူတို့ဟာ ၎င်းတို့ကို အမြဲအတူရှိ‌စေလိုခဲ့သောကြောင့် အဆုံးတွင် သူတို့နှစ်ယောက်အတူရှိနေတာကို တွေ့ရတော့ အရမ်းပျော်မိသည်။

ထန်ချင်းယန်ရဲ့ အကြောင်းကို သူတို့ ရှင်းရှင်းလင်းလင်း မသိကြပေမယ့် သူ့မှာ နာမည်ကောင်းရှိပြီး အလွန်ထူးချွန်သူပါ။

အကြပ်အတည်းကြုံ‌နေသော ထန်အဖွဲ့အစည်းဟာ သူ သိမ်းပိုက်ပြီး မကြာမီမှာပင် တည်ငြိမ်လာခဲ့သည်။ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ဖို့က မလွယ်ပေ။

“ငါတို့ကို ယဉ်ကျေးမနေပါနဲ့ ယောက္ခမနဲ့ အဒေါ်လို့တိုက်ရိုက်ခေါ်လို့ ရပါတယ်” ဟု အမျိုးသမီးရှု က ဆိုသည်။

ထန်ချင်းယန်က မစ္စစ်ရှုကို အဒေါ်ဟုခေါ်နိုင်ပြီး အမျိုးသမီးရှု ယောက္ခမဟုကို ခေါ်နိုင်ပါသည်။

"ဟုတ်ကဲ့ပါ ယောက္ခမကြီး အဒေါ် ‌" ထန်ချင်းယန်က ချက်ချင်းပြောပေမယ့် သူ နည်းနည်းတော့ တုန်လှုပ်နေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က သူနဲ့ နီးနီးကပ်ကပ်နေလို့ အရမ်းပျော်သည်။

"ကောင်းချက်!" အမျိုးသမီးရှုက ကျနေပ်သွားသည်။

"ဟိုင်း အမေ၊ ဒေါ်ဒေါ်နဲ့ အန်တီယန်" ရှုချင်ယင်းကလည်း သူတို့ကို နှုတ်ဆက်သည်။

ထို့နောက် အခြားလူများကလည်း ၎င်းတို့နှင့် အပြန်အလှန် နှုတ်ဆက်ကြသည်။

“ကောင်းပြီ မင်းတို့လူငယ်တွေ မင်းတို့ဘာသာမင်းတို့ ပျော်လို့ရတယ်။ ငါတို့ကို အထူးသတိထားနေစရာ မလိုပါဘူး” အမျိုးသမီးရှုကပြောပြီး မစ္စစ်ရှုနှင့် ယန်မင်တို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။ ထန်ချင်းယန်သည် သူတို့၏ ပထမဆုံးတွေ့ဆုံမှုတွင် ကြောက်ရွံ့နေမှန်း သူမသိသောကြောင့် သူနှင့် စကားသိပ်မပြောဖြစ်ပေ။ သို့သော်လည်း သူမသည် ထန်ချင်းယန်နှင့် စကားများများစားစား မပြောခဲ့သော်လည်း သူမ၏မျက်နှာပေါ်ရှိ ပျော်ရွှင်မှုက သူ့ကို တကယ်နှစ်သက်ကြောင်း သက်သေပြခဲ့သည်။

ရှုချင်ယင်းက ထန်ချင်းယန်ကို သူ့အမေနဲ့ အဒေါ်က သူ့အပေါ် အရမ်းကောင်းတဲ့ သဘောထားရှိကြောင်းကို ပြောပြခဲ့ပြီးသားပါ။ သူတို့ ပေါင်းစည်းနိုင်မည်ဟုလည်း မျှော်လင့်ခဲ့ကြသည်။

ရှုချင်ယင်းသည် ထန်ချင်းယန်ကို စိတ်‌လျော့နိုင်ရန် ကူညီပေးသည်။

"မင်းယောက္ခမ မင်းကို တကယ်သ‌ဘောကျပုံရတယ်" အမျိုးသမီးရှု ထွက်သွားပြီးနောက် စုန့်နန်က နောက်ပြောင်သည်။ ထန်ချင်းယန်သည် သူ၏အနာဂတ် ယောက္ခမ၏ ခွင့်ပြုချက်ကို ရယူနိုင်ခဲ့သည်မှာ ကောင်းပေသည်။

ထန်ချင်းယန်မှာ ရည်းစားရှိဖူးပေမယ့် သူ့ရည်းစားဟောင်းရဲ့မိသားစုက သူ့ထက်ချမ်းသာပြီး မိန်းကလေးရဲ့အမေက သူ့ကို ပိုချမ်းသာတဲ့ယောက်ျားနဲ့ လက်ထပ်စေချင်တာကြောင့် သူတို့နှစ်ယောက်ကို ခွဲခဲ့သည်။

သူ့ရည်းစားဟောင်းက တကယ်ချမ်းသာတဲ့ ယောက်ျားနဲ့ လက်ထပ်ပြီး ချမ်းသာတဲ့ ဇနီးဖြစ်သွားသည်။ သို့သော် ထိုအမျိုးသားသည် တစ်ကြိမ်ကွာရှင်းခဲ့ဖူးပြီး သူမအား စိတ်ရင်းမှန်ဖြင့် မဆက်ဆံခဲ့ပေ။ ပိုဆိုးတာက အဲဒီလူဟာ တနေကုန် ပျော်ပါးနေပြီး သူ့မှာ မရေမတွက်နိုင်တဲ့ အငယ်အနှောင်းတွေ ရှိသည်။

ယောက်ျား၏ ဇနီးဟောင်းသည် သူမကို သစ္စာဖောက်ခဲ့၍ ပြတ်စဲခဲ့ရသော်လည်း ယောက်ျားဖြစ်သူက သူတို့ ပြေလည်မှု မရှိလို့လို့ အပြင်လူများကို ပြောပြသည်။

ထန်ချင်းယန်သည် ၎င်းတို့အား အထူးအာရုံစိုက်ထားသောကြောင့် ဒီအကြောင်းတွေကို သိတာမဟုတ်ဘဲ သူ့သူငယ်ချင်းများက ထိုလူကို သိပြီး အမှန်တရားကို သူ့အား ပြောပြသောကြောင့် ဖြစ်သည်။

သူ့ရည်းစားဟောင်းက ခင်ပွန်းဖြစ်သူရဲ့ နောက်ကွယ်က အပြုအမူတွေကို သတိပြုမိသလား မသိပါ။ ဘာပဲဖြစ်ဖြစ် သူနဲ့ ဘာမှမဆိုင်‌ပေ။ သူတို့မိသားစုအရေးဖြစ်ပြီး သူက အပြင်လူဖြစ်၍ သူမကိုပြောပြဖို့ ရည်ရွယ်ချက်မရှိပါ။

နှစ်နှစ်ကြာ လမ်းခွဲခဲ့ပြီးနောက် တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မရှိခဲ့ကြပါ။ အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးပြီး တစ်ယောက်ကို တစ်ယောက် သူစိမ်းတွေလို ဆက်ဆံကြသည်။

လမ်းခွဲပြီးကတည်းက သူတို့ဟာ သူစိမ်းတွေဖြစ်ခဲ့ကြပြီး ဒါက အချိန်အတော်ကြာခဲ့ပါပြီ။ သူ ကျော်ဖြတ်သွားနိုင်ပြီဖြစ်သည်။

…

ကုနင်းက ဓာတ်ပုံအနည်းငယ်ရိုက်ပြီး Weibo မှာ တင်လိုက်သည်။

ကုနင်း : စိမ်းလန်းပြီး လှပတယ် [ပုံသုံးပုံပူးတွဲ]

သူမသည် Pavilion of Magic ၏တည်နေရာအတိအကျကိုလည်းတင်ခဲ့သည်။

သူမတင်လိုက်တဲ့ ပို့စ်ကို သူမရဲ့ ပရိသတ်တွေက ဖတ်ပြီး ချက်ချင်းပြန်တင်ခဲ့သည်။

“ဝိုး ကုနတ်ဘုရားမက နောက်ဆုံးတော့ ပို့စ်တင်ပြီ။ ဒါက အရမ်းရှားတယ်။ အဲ့မှာ လှတဲ့ ရွက်ကျပင်တွေ အများကြီးပဲ”

“ဟုတ်တယ် ငါအရင်ကမြင်ဖူးတဲ့ ရွက်ကျပင်တွေထက် သူတို့က ပိုဆွဲဆောင်မှုရှိတယ်။ မွမွ ကုနတ်ဘုရားမ!"

"သူတို့က တကယ့်ကို စိမ်းလန်းပြီး လှတယ်!"

"ပုံတွေက photoshop လား"

“အဲလို မထင်ဘူး။ မူရင်းဓာတ်ပုံ‌တွေ ဖြစ်နိုင်တယ်”

“အပင်တွေရော ပန်းတွေရော အရမ်းလှတာပဲ”

“…”

ရွက်ကျအပင်နှင့် ပန်းများနှင့်ပတ်သက်၍ အပြုသဘောဆောင်သော မှတ်ချက်များစွာရှိခဲ့သည်။

“ရွက်ကျပင်တွေကို အာရုံစိုက်မနေနဲ့တော့။ ကုနတ်ဘုရားမက မြို့လယ်က ပန်းရောင်းဝယ်ရေးစင်တာမှာပဲ။ ငါ့နေရာကနေဆို သိပ်မဝေးဘူး။ ငါ့နတ်သမီးကို ဒီအခွင့်အရေးမှာ သွားတွေ့ရမယ်။ အိုး ငါအရမ်းစိတ်လှုပ်ရှားနေပြီ"

"အိုး.. အဲဒါကို သတိမထားမိဘူး! သွားချင်ပေမယ့် အရမ်းဝေးတယ်။ ငါရောက်ရင် ကုနတ်ဘုရားမက ထွက်သွား‌လောက်ပြီ”

"ဒီဆိုင်က ကုနတ်ဘုရားမကပိုင်တာလား"

“ကုနတ်ဘုရားမက Weibo မှာ ပို့စ်တင်တာကို တွေ့ရခဲတယ်။ သူ့့ဆိုင်ဟုတ်ဟုတ်မဟုတ်ဟုတ်၊ သူ့ကို ဆိုင်မှာ တွေ့ရသည်ဖြစ်စေ မတွေ့နိုင်သည်ဖြစ်စေ ဆိုင်ကိုသွားလည်ပြီး ရွက်ကျပင်‌တွေကို ဝယ်ကိုဝယ်ရမယ်”

“…”

ကုနင်းသည် မြို့လယ်ရှိ ပန်းရောင်းဝယ်ရေး စင်တာတွင် ရှိနေသည်ကို တွေ့ရှိပြီးနောက် လူအများက ကုနင်းကို သွားတွေ့မည်ဟု ပြောကြသည်။

ယင်းနောက် မြို့လယ်ရှိ ပန်းစင်တာနှင့် နီးစပ်‌သော အင်တာနက် အသုံးပြုသူသည် ဆယ်မိနစ်အကြာတွင် ရောက်ရှိခဲ့သည်။ ထိုသူဟာ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ကုနင်းကိုမြင်လိုက်ရချိန်မှာတော့ သူမတကယ်ကို စိတ်လှုပ်ရှားမိသွားသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၁၈၄ လူသိရှင်ကြား ရှိုး

သူမသည် စိတ်လှုပ်ရှားနေကာ အနည်းငယ် ကြောက်ရွံ့နေသောကြောင့် ကုနင်းကို သတိထားပြီး နှုတ်ဆက်လိုက်သည်။ "ဟိုင်း ကုနတ်ဘုရားမ တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ ငါက မင်းရဲ့အမာခံပရိတ်သတ်တစ်ယောက်ပါ။ မင်းရဲ့ပို့စ်ကို Weibo မှာ မြင်လိုက်တာပါ။ အဲ့တာ ငါ အနီးအနားမှာ ရှိနေတာနဲ့ လာခဲ့လိုက်တာ…”

ဖော်ရွေတဲ့ လူတွေနဲ့တွေ့တဲ့အခါမှာ သူမလည်း သူတို့အပေါ် သဘောကောင်းပြီး ရိုးသားစွာဆက်ဆံပါသည်။

ကုနင်းက နူးညံ့သည့်အပြုံးလေးတစ်ပွင့်ဖြင့် "ငါ့ကို သဘောကျတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

"အမ် ကုနတ်ဘုရားမ မင်းနဲ့ ဓာတ်ပုံရိုက်လို့ရမလား" မိန်းကလေးက မေးသည်။ သူတို့နှစ်ယောက်က အသက်အရွယ်တူပေမယ့် ကောင်မလေးက ကုနင်းကို ရိုကျိုးစွာဆက်ဆံသည်။

“ရတာပေါ့!”

ကုနင်းသဘောတူတာကိုမြင်တော့ ကောင်မလေးက အရမ်းစိတ်လှုပ်ရှားသွားပြီး ကင်မရာကို ချက်ချင်းထုတ်လိုက်တယ်။ သူမသည် ကုနင်းနှင့် ဓာတ်ပုံအနည်းငယ်ရိုက်ပြီးနောက် သူမအား ကျေးဇူးတင်စကားဆိုသည်။

“ဒါဆို ကုနတ်ဘုရားမ ငါ မင်းကို မနှောင့်ယှက်တော့ဘူး။ ငါ့ဘာသာ လိုက်ကြည့်လိုက်အုံးမယ်။" ကောင်မလေးက ကုနင်းနဲ့ ပိုစကားပြောချင်ပေမယ့် သူမကို အနှောက်အယှက်ပေးမိမှာဆိုးတဲ့အတွက် ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

"ရပါတယ်" ကုနင်းကပြောပြီး‌နောက် ကောင်မလေးက ထွက်သွားသည်။

"Weibo မှာ ပို့စ်တင်လိုက်တာနဲ့ မင်းရဲ့ ဖန်ရောက်လာတယ်။ ဒီမှာ မင်းပရိသတ်‌ေတွ အချိန်တိုအတွင်း ပိုပိုများလာမယ်ဆိုတာ သေချာတယ်။ မင်းမှာ နေစရာနေရာမရှိမှာ‌တောင် ဆိုးရတယ်" ကောင်မလေး ထွက်သွားပြီးနောက် ကျီပိုင်ယင်း ချဉ်းကပ်လာပြီး နောက်ပြောင်လိုက်သည်။

သူမဟာ နောက်ပြောင်နေပေမယ့် ဖြစ်နိုင်ချေ များပါသည်။

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်! ကြော်ငြာလိုက်တာဆိုတာ့ ဒီကိုလူတွေ ပိုပိုလာတာကို တွေ့ရတော့ ဝမ်းသာရမှာ‌ပေါ့” ဟု ကုနင်းက ပြောသည်။ ၎င်းသည် သူမ၏အစီအစဉ်ဖြစ်သောကြောင့် လူပိုများလာကာ Pavilion of Magic ကို လူကြိုက်များလာစေရန် မျှော်လင့်ထားခဲ့သည်။

ကုနင်းက ပို့စ်တင်ပြီး နာရီဝက်အတွင်းမှာပဲ ထန်ရှောင်ရှောင်နဲ့ တခြားလူတွေလည်း ဖတ်ပြီး ပြန်တင်ခဲ့သည်။

ဒီပန်းဆိုင်က ကုနင်းပိုင်တာလား မသေချာပေမယ့် ကုနင်းက Weibo မှာ တင်ထားပြီး ပုံထဲက အပင်တွေက အရမ်းလှသည်။ သူတို့ပြန်တင်တာက ကြီးကြီးမားမားမဟုတ်သလို နောက်ပိုင်းမှာ လူတွေပိုသိလာကြသည်။

အင်တာနက်အသုံးပြုသူ အများအပြားသည် အနီးနားတွင်ရှိနေကြပြီး အများအပြားက ၎င်းကိုဖတ်ပြီးနောက် ရောက်ရှိလာသောကြောင့် လူများ ပိုပိုများလာခဲ့သည်။

ပို့စ်တင်ပြီး မိနစ်နှစ်ဆယ် နံနက် ၉း၃၀ မိနစ်တွင် အင်တာနက်အသုံးပြုသူ သုံးဆယ်ခန့် ရောက်လာသည်။

တကယ်တော့ ဒီနေ့ဟာ ပိတ်ရက်မဟုတ်တာကြောင့် လူတော်တော်များများက အတန်းထဲမှာပဲ ဖြစ်ဖြစ် ဒါမှမဟုတိ အလုပ်ဆင်း‌နေတဲ့အတွက် မလာနိုင်ကြ‌ပေ။ ပိတ်ရက်သာဆိုရင် လူပိုများများလာကြလိမ့်မည်။

ကုနင်းက ဒီကျောင်းသားတွေကို အတန်းမပျက်စေချင်ပေမယ့် ဒီကိုမလာဖို့ သူမ,မတားနိုင်ပါ။ တကယ်လို့ တစ်ယောက်ယောက်က သူမကို ဒီပုံတွေတင်တဲ့အတွက် အပြစ်တင်ရင် ကုနင်းက လက်ခံမှာမဟုတ်ပေ။

Weibo မှာ ရုံးဖွင့်ရက်၊ ကျောင်းဖွင့်ရက်တွေမှာ ပို့စ် မတင်သင့်ဘူးလို့ စည်းမျဉ်း မရှိပါ။ အဲဒီအင်တာနက်အသုံးပြုသူတွေဟာ ကလေးတွေမဟုတ်တဲ့အတွက် သူတို့ဘာလုပ်နေတယ်ဆိုတာကို သိကြပြီး သူတို့ရဲ့အပြုအမူအတွက် သူတို့တာဝန်ခံသင့်သည်။

လူများလွန်းသောကြောင့် ကုနင်းနှင့် ဓာတ်ပုံရိုက်ရန် မည်သူမျှ မလာခဲ့ကြသော်လည်း ကုနင်းက ၎င်းတို့နှင့် အဆက်အသွယ်အဆက်မပြတ်လုပ်ပြီး သူတို့ကို ဘေးမဖယ်ထားခဲ့ပါ။

နောက်တော့ ပန်းဝယ်ဖို့လာတဲ့လူတွေက ထိုအရာကို မြင်တော့ သိချင်စိတ်တွေ ပေါ်လာသည်။ ထို့ကြောင့် ကုနင်း၏ ပန်းဆိုင်တွင် လူများ ပိုပိုများလာသည်။

အင်တာနက်အသုံးပြုသူအားလုံးနီးပါးသည် ကုနင်းကြောင့်လာကြခြင်းဖြစ်သည်။ နောက်ဆုံးတော့ သူတို့ထဲက တော်တော်များများက ကုနင်းရဲ့ နာမည်ကို သိကြပေမယ့် လက်တွေ့မှာတော့ သူမကို တစ်ခါမှ မတွေ့ရဖူးပါ။ ယခု သူတို့သည် သူမကို လူကိုယ်တိုင်တွေ့ပြီးနောက် အံ့သြသွားကြသည်။

လူအများစုသည် ဓာတ်ပုံများထဲတွင် ပိုလှသော်လည်း ကုနင်းသည် အပြင်မှာ ပိုလှသည်။

သူတို့အများစုသည် ကုနင်းကြောင့် ဤနေရာသို့ လာခဲ့ကြသောကြောင့် ရွက်ကျပင်များအတွက် မြင့်မားသောမျှော်လင့်ချက်မရှိခဲ့ကြပေ။ သို့သော် Pavilion of Magic တွင်ရောင်းချသည့်အပင်များကိုမြင်လိုက်သည်နှင့် ထိုအပင်များသည်တကယ်အသက်ဝင်ပြီစိမ်းစို‌နေသောကြောင့် သူတို့ကို ဆွဲဆောင်သွားခဲ့သည်။ ထို့ကြောင့် သူတို့သည် လှည့်ပတ်ကြည့်လာကြသည်။

Pavilion of Magic ဖွင့်ပွဲကို အခြားပန်းဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများ အံ့သြသွားကြသည်။ အတူတူရပ်ပြီး ဆွေးနွေးကြတော့သည်။

"ဒီမှာဘာတွေဖြစ်နေတာလဲ? ဘာလို့ လူတွေ ဒီလောက်များနေတာလဲ။ မယုံနိုင်စရာပဲ။”

“ဟုတ်တယ် စတိုးဆိုင်ဖွင့်တဲ့နေ့မှာ ဒီ‌လောက်ဖောက်သည် အများကြီး မတွေ့ဖူးဘူး။ အများစုက လူငယ်တွေ”

"သူတို့က ကောင်မလေးရဲ့ ကျောင်းနေဖက်ဖြစ်နိုင်မလား"

သူတို့ထဲက အများစုဟာ ကုနင်းလောက် ငယ်ပုံပေါက်တာကြောင့် လူတော်တော်များများက အဲဒီအကြံရခဲ့ကြသည်။

“သူတို့ထဲက တစ်ဝက်လောက်က ကျောင်းနေဖက်တွေ ဖြစ်နိုင်တယ်။ တချို့က ငယ်လွန်းပြီး တချို့က အသက်ကြီးတယ်။ သက်ကြီးရွယ်အိုတွေက သူ့ကျောင်းနေဖက်တွေ မဖြစ်နိုင်ဘူး”

“သူတို့က ဒါကိုစီစဉ်ထားတာပြီး လူသိရှင်ကြား ရှိုးလုပ်တာ ဖြစ်နိုင်လား”

“ဒါလည်း ဖြစ်နိုင်တယ်”

“အဲလို မထင်ဘူး။ သူတို့က မိန်းကလေးငယ်လေးကြောင့် လာတဲ့ပုံပဲ။ ကောင်မလေးကိုတွေ့တော့ အားလုံးက စိတ်လှုပ်ရှားနေပုံရတယ်။ သူမကို ကုနတ်ဘုရားမလို့လည်း ခေါ်ကြတယ်။ ကောင်မလေးက နာမည်ကြီးလား တစ်ခုခုလားပဲ"

“ဟုတ်တယ် အခုခေတ်မှာ မတူညီတဲ့ အိုင်ဒေါတွေရဲ့ ပရိသတ်တွေ အများကြီးရှိတယ်။ သူတို့က အရမ်းရူးသွပ်ကြတယ်”

"ငါတို့က သူတို့ကို သွားမေးကြမလား"

“မင်းလုပ်‌လေ”

“မင်း‌မေးလိုက်”

“…”

လူတော်တော်များများက ဒီမှာ ဘာဖြစ်နေတာလဲဆိုတာ မေးဖို့ အချင်းချင်း တွန်းအားပေးကြသည်။

ဒီမိန်းကလေးဟာ နာမည်ကြီးဖြစ်ပြီး နာမည်ကြီးတွေရဲ့အကျိုးသက်ရောက်မှုကြောင့်ပဲလား၊ ဒါမှမဟုတ် သူတို့ အစီစဉ်တကျ စီစဉ်ထားတာလား။

၎င်းတို့သည် လူသိရှင်ကြားရှိုးတစ်ခုမျှသာ ဖြစ်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ထိုမှသာ Pavilion of Magic သည် အမှန်တကယ်နာမည်မကြီးဟု ဆိုလိုခြင်းဖြစ်တဲ့အတွက် ရှိုးသာဆိုလျှင်ပိုကောင်းပေသည်။

သူတို့သည် Pavilion of Magic ကို မထိခိုက်ရဲတဲ့အတွက် တိတ်တဆိတ်သာ မနာလိုဖြစ်နေကြရသည်။

ခဏအကြာတွင် တစ်စုံတစ်ယောက်က ရှေ့သို့ တိုးလာသည်။ သူသည် ကုနင်းသို့မဟုတ် ကျင်းယွင်ယောင်ကို သွားမ‌မေးဘဲ ကြည့်ရှုသူများကို မေးလိုက်သည်။

"ဟေ့ ကောင်မလေး နင်တို့အားလုံး ဒီကောင်မလေးကြောင့် လာတာလား" သူကမေးသည်။

“ဟုတ်တယ်‌လေ” ကောင်မလေးက ပြန်ဖြေသည်။

"သူက နာမည်ကြီးလား"

"ကုနတ်ဘုရားမက နာမည်ကြီးတွေလိုပါပဲ။ သူက တကယ်ကို အံ့သြစရာကောင်းတယ်။ သူက လှပရုံသာမကပဲ ထူးချွန်တဲ့ ကျောင်းသားလည်း ဖြစ်တယ်။ ကိုယ်ခံပညာလည်း တော်တယ်။ အရေးကြီးဆုံးက သူက အသက် ဆယ့်ကိုးနှစ်ပဲရှိသေးပြီး ယွမ်ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုရဲ့ ဥက္ကဌဖြစ်နေပြီ ရှန်းနဉ်အုပ်စု အကြောင်း ကြားဖူးလား။ ဒါက သူ့စီးပွားရေးအင်ပါယာပဲ‌လေ” ဟု မိန်းကလေးက ပြောသည်။ ကောင်မလေးက ကုနင်းရဲ့ အောင်မြင်မှုတွေကို မိတ်ဆက်ပေးတဲ့အခါ သူမကပဲ အောင်မြင်သူတစ်ယောက်လို စိတ်လှုပ်ရှားနေကာ ခုန်ပေါက်လုမတတ်ဖြစ်နေသည်။

"ဘာ? သူက ယွမ်ဘီလီယံနဲ့ချီပြီး ချမ်းသာတယ်”

ထိုလူက အံ့ဩသွားသည်။ ရှန်းနဉ်အုပ်စု အကြောင်း သူမ မသိသော်လည်း ယွမ်ဘီလီယံက အလွန်များပြားသော ငွေများဖြစ်သည်။

ဒါဟာ သူ စိတ်ကူးမယဉ်နိုင်တဲ့ ကိန်းဂဏန်းတစ်ခုပါ။ တကယ်တော့ သူဟာ ယွမ်ငွေ သန်းချီတောင် မရှာနိုင်‌သေးပါ။ အရေးကြီးဆုံးကတော့ ကုနင်းက ဆယ့်ကိုးနှစ်ပဲ ရှိပါသေးသည်။

မယုံနိုင်လောက်တဲ့ အမှန်တရားဖြစ်ပေသည်။

ကောင်မလေးက ကုနင်းနဲ့ ပိုရင်းနှီးပြီး ဓာတ်ပုံများများရိုက်ချင်တာကြောင့် သူနဲ့ စကားမပြောတော့ပေ။ နောက်တစ်စက္ကန့်တွင် သူမ အလျင်အမြန်ထွက်ပြေးသွားသည်။

ထိုလူသည် ထိတ်လန့်တုန်လှုပ်နေသေးပြီး သူ့ကို ရှေ့သို့သွားရန် တွန်းအားပေးသော အခြားလူများစွာက ဖြစ်ပျက်ခဲ့သမျှကို မေးရန် ချက်ချင်း ရှေ့တိုးလာခဲ့သည်။

"ဘာတဲ့လဲ? ကောင်မလေးက နာမည်ကြီးလား"

“ဟုတ်တယ် ငါတို့ကို ပြောပြ၊ အဲဒီလူတွေကို သူတို့ ငှားခဲ့တာလား ဒါမှမဟုတ် လူသိရှင်ကြား ရှိုးသက်သက်လား”

“…”

***

All Chapters