အခန်း (၂၀၁၁-၂၀၁၆)
Vol. 124 Ch. 2011-2016
အခန်း ၂၀၁၁ ကျန်းဝမ်လန်
“အိုး မင်း အခု ရပေန်းစားနေတယ်နော်။ ဒါတောင် မင်း အခုမှ နာမည်ကြီးဖြစ်တာကို စီနီယာသရုပ်ဆောင်တွေကို နှုတ်ဆက်ဖို့ စိတ်မ၀င်စားတော့ဘူးလား!"
ပိုင်လင်းကို ပြောဆိုနေတဲ့ အမျိုးသမီးဟာ သူတို့ရဲ့ ကုမ္ပဏီမှာ အရေးအကြီးဆုံး မင်းသမီး ကျန်းဝမ်လန် ဖြစ်သည်။ သူမဟာ ဖျော်ဖြေရေးလောကမှာ A-list မင်းသမီးတစ်ယောက်လည်း ဖြစ်ပါသည်။
ကျန်းဝမ်လန်သည် ယခုနှစ်တွင် အသက် 30 ဖြစ်သည်။ အရပ်ရှည်ပြီး ချောမောလှပပေမယ့် သူမရဲ့ ရုပ်ရည်က ဖျော်ဖြေရေးနယ်ပယ်မှာ အလွန်ထူးချွန်သူပါ။
ကျန်းဝမ်လန်သည် သရုပ်ဆောင်ကောင်းပြီး ကံကောင်းသည်။ ထုတ်မဖော်နိုင်သော စည်းကမ်းများကို လက်ခံရန်လည်း မတွန့်ဆုတ်ခဲ့သဖြင့် အတိုင်းအတာတစ်ခုအထိ ချောမွေ့သော အသက်မွေးဝမ်းကျောင်းကို ရရှိခဲ့သည်။ ထို့အတွက်ကြောင့် ကျန်းဝမ်လန် သည် မာနကြီးပြီး ဒေါသပေါက်ကွဲလွယ်ကာ ပါးနပ်သည်။ သူမဟာ သူတို့ကုမ္ပဏီမှာ တခြားအနုပညာရှင်တွေကို အမြဲအနိုင်ကျင့်လေ့ရှိပေသည်။
ကျန်းဝမ်လန်က သူ့ကို အနိုင်ကျင့်တာ မဟုတ်၍ ပိုင်လင်း နဲ့ ဘာမှမဆိုင်ပေ။ ကျန်းဝမ်လန်က သူမကိုမြင်ရင် အထင်အမြင်သေးမှုကို ပြတတ်ကာ သူတို့နှစ်ယောက်ဆုံတိုင်း တစ်ယောက်ကိုတစ်ယောက် စကားမပြောကြပေ။
ဒါပေမယ့် ပိုင်လင်းက ကျန်းဝမ်လန်ကို အကြောင်းပြချက်တစ်ခုကြောင့် မခေါ်မပြောပဲနေခဲ့တာဖြစ်သည်။ တကယ်တော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အစတုန်းကတော့ ဒီလိုမဟုတ်ပါ။ လွန်ခဲ့သော နှစ်နှစ်ခွဲခန့်က သူမသည် ကျန်းဝမ်လန်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည်။ အနည်းဆုံးတော့ အဲဒီအချိန်တုန်းက ကျန်းဝမ်လန်က သူမကို ပြုစုစောင့်ရှောက်ဖို့ ဆန္ဒရှိသည်။
ကုမ္ပဏီတွင် ကျန်းဝမ်လန်ကဲ့သို့ ကျော်ကြားသော အခြားမင်းသမီးတစ်ဦး ရှိသေးသည်။ သူမသည် A-list မင်းသမီးတစ်ဦးဖြစ်ပြီး ကျန်းဝမ်လန်ထက် ၃ နှစ်ပိုကြီးသည်။
ထိုအချိန်တုန်းက သူတို့နှစ်ယောက်ဟာ ခေါင်းဆောင်နေရာအတွက် အချင်းချင်း ပြိုင်ဆိုင်ခဲ့ကြသည်။ သို့သော် ဖျော်ဖြေပွဲမစမီတွင် မင်းသမီးသည် ဓါတ်မတည့်မှု ရုတ်တရက်ဖြစ်ပေါ်ခဲ့ပြီး ဓာတ်မတည့်ခြင်း၏ အကြောင်းရင်းမှာ ရေထဲရှိပျားရည်ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် မင်းသမီးသည် ထိုအင်တာဗျူးကို လွတ်သွားခဲ့သည်။
စုံစမ်းစစ်ဆေးမှုအတွင်း ပိုင်လင်းသည် အထဲမှာ ဘယ်သူမှမရှိသော အလှပြင်ခန်းသို့ ၀င်ရောက်ဖူးသည်။ ကျန်းဝမ်လန်က သူမကို တစ်ခုခုယူဖို့အတွက် ကူညီပေးဖို့ တောင်းဆိုခဲ့တာပါ။ ထို့ကြောင့် လူတွေက ပိုင်လင်းကို သံသယဖြစ်လာသည်။ ကျန်းဝမ်လန်ပင်လျှင် ပိုင်လင်း အားအပြစ်ရှိသည်ဟု အခိုင်အမာဆိုသည်။
ကျန်းဝမ်လန်က သူ့ကို ရည်ရွယ်ချက်ရှိရှိ တစ်ခုခုယူဖို့ ပြောခဲ့တာကို ပိုင်လင်း နောက်ဆုံး သဘောပေါက်သွားသည်။ မည်သို့ပင်ဆိုစေကာမူ အလှပြင်ခန်းတွင် ကင်မရာမရှိသောကြောင့် ပိုင်လင်းသည် သူမ၏အမည်ကို မရှင်းလင်းနိုင်ခဲ့ပေ။
ကံကောင်းစွာနဲ့ပဲ ပိုင်လင်း မိတ်ကပ်ခန်းထဲဝင်သွားပြီးနောက် မင်းသမီးက ရေလုံးဝမသောက်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့သည်။ တစ်နည်းဆိုရသော် ပိုင်လင်း မထွက်မီအချိန်က သူမဟာ ပျားရည်ထည့်ထားသည့်ရေကို သောက်ခဲ့ခြင်းဖြစ်သည်။
အဲဒီအခါမှာ ပိုင်လင်းရဲ့နာမည်က ရှင်းသွားပေမယ့် အပြစ်ရှိတာက ဘယ်သူလဲ။
အလှပြင်ခန်းတွင် စောင့်ကြည့်ကင်မရာမရှိသော်လည်း စင်္ကြံတွင် အချို့ရှိသည်။
စုံစမ်းစစ်ဆေးမှုအပြီးမှာ ကျန်းဝမ်လန်ရဲ့ လက်ထောက်က လုပ်ဆောင်ခဲ့တာဟု ဆိုသည်။ ကျန်းဝမ်လန်ရဲ့ လက်ထောက်က ကျန်းဝမ်လန်က သူ့ကို လုပ်ခိုင်းတဲ့အတွက် သတ္တိရှိရှိ လုပ်ရဲတာပေါ့။ မဟုတ်ရင် ဒါကအဓိပ္ပါယ်မရှိသော လုပ်ရပ်ဖြစ်ပေသည်။
အဆုံးတွင် လက်ထောက်သည် အပြစ်ကို ခံယူပြီးနောက် ပိုင်လင်းနှင့် ကျန်းဝမ်လန်၏ ဆက်ဆံရေးသည် လုံးလုံး ဆိုးရွားသွားခဲ့သည်။ နောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြတော့ပေ။
"ငါတို့ တစ်ယောက်ကိုတစ်ယောက် မနှုတ်ဆက်ခဲ့တာ ၂ နှစ်ကျော်ပြီဆိုတာ မင်းမေ့သွားပြီလား။ မင်းကို ဒီအကြောင်း ဘာမှမပြောဘူး။ ဒီနေ့မှ ဘာလို့ရုတ်တရက်စိတ်ဆိုးနေတာလဲ" ပိုင်လင်း၏ အမူအရာနှင့် လေသံ နှစ်ခုစလုံးမှာ ငြိမ်သက်နေခဲ့သည်။ သူ့နာမည်ကို ခေါ်ဖို့တောင် စိတ်မ၀င်စားပေ။
ကျန်းဝမ်လန်က သူမကို အပြစ်ပုံချဖို့ ကြိုးစားပြီးနောက် ပိုင်လင်းက ကျန်းဝမ်လန်နဲ့ ခင်မင်ဖို့ မဖြစ်နိုင်ပေ။ သူ့ကို ပြန်လက်တုံပြန်မှု မပြုခြင်းသည်ပင် အလွန် ညှာတာဖွယ်ကောင်းနေပေပြီ။
“မင်း…” ကျန်းဝမ်လန်က စိတ်တိုသွားပြီး ပိုင်လင်းက သူ့ကို အရှက်ကွဲစေတဲ့ ထိုကိစ္စကို ပြောမှာစိုးရိမ်တာကြောင့် ဒီအချိန်မှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။
သူတို့ကုမ္ပဏီမှာ ဒါကလျှို့ဝှက်ချက်မဟုတ်ပေမယ့် ရှက်စရာဖြစ်နေတုန်းပါပဲ။
မည်သို့ပင်ဆိုစေကာမူ
“ပိုင်လင်း ငါတို့က ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်တာ။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေအောင်နေလို့ မရဘူးလား? ငါတို့က ရန်သူတွေ ဖြစ်မှရမှာလား” ကျန်းဝမ်လန် က သူမမှာ အပြစ်မရှိသလိုပင်။ သို့သော် ပိုင်လင်းနှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန် သူမရည်ရွယ်တာမဟုတ်ပါ။ သူမဟာ ပိုင်လင်း အပေါ်မကောင်းတာလုပ်တဲ့ သူမရဲ့လုပ်ရပ်အစား ပိုင်လင်းက သူမအပေါ် ကောင်းကောင်းမဆက်ဆံတာကို အထွန့်တက်လိုသည်။ ထို့ကြောင့် သူမသည် ပိုင်လင်းကို အပြစ်တင်နေခြင်းဖြစ်သည်။
ပိုင်လင်းက စိတ်မဆိုးပေ။ သို့သော် လှောင်ရယ်လိုက်ကာ "ကျွန်မကိုယ်ကျွန်မတော့ ကုမ္ပဏီမှာရှိတဲ့ လူတိုင်းနဲ့ အဆင်ပြေတယ်လို့ ထင်တာပဲ"
ပိုင်လင်းက ကျန်းဝမ်လန်ဟာ ခြွင်းချက်လို့ မပြောခဲ့ပေမယ့် သူမကလွဲလို့ လူတိုင်းနဲ့ အဆင်ပြေကြောင်း ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
“မင်း…” ကျန်းဝမ်လန် စိတ်တိုသွားပြီး အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍ရှက်လာသည်။ သူမသည် ပိုင်လင်းကို ပိုပို၍ အမြင်ကပ်လာသည်။
"ကောင်းပြီ ရှန်း ငါ့ကိုတွေ့ချင်နေတာ။ ငါအခုသွားရတော့မယ်" ကျန်းဝမ်လန်ရဲ့ခံစားချက်တွေကို ဂရုမစိုက်ဘဲ ပိုင်လင်းကထွက်သွားပြီး သူမကို ထားခဲ့လိုက်သည်။
“မင်း…” ကျန်းဝမ်လန်က ဒေါသပိုထွက်နေကေမယ့် ကုမ္ပဏီထဲမှာ လူတွေ အများကြီးရှိသည်။ သူ့ပုံရိပ်ကို အာရုံစိုက်ထားရတာကြောင့် ဒေါသကို မပြဝံ့ပေ။
ဒေါသတကြီးဖြင့် ပိုင်လင်း ထွက်သွားတာကို သူမ လှမ်းကြည့်နေရသည်။
“သူကများ နာမည်နည်းနည်းလောက်ကြီးလာတာနဲ့ မာနက တဖွဲသားနဲ့ဖြစ်နပေြီ။ နာမည်ကြီးဖို့ဆိုတာ အရည်အချင်းပေါ်မူတည်တယ်။ ဘယ်လောက်ကြာကြာ လူကြိုက်များနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့” ကျန်းဝမ်လန်က ရေရွတ်လိုက်သည်။ ပိုင်လင်းသည် ကျော်ကြားမှုအချို့ရရှိပြီးနောက် မောက်မာလာသည်ဟု သူမယုံကြည်ခဲ့သည်။
…
လျှောက်သွားပြီးနောက် ပိုင်လင်းသည် ရှန်းကျန်း ရုံးခန်းဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
သူ့ရုံးခန်းရှေ့မှာ မတ်တပ်ရပ်ရင်း သူမ အနည်းငယ် စိတ်ဆိုးနေမိသည်။
ရှန်းကျန်းသည် ယခင်က သူမအား အထင်အမြင်သေးခဲ့ပြီး အခွင့်အရေးများစွာမပေးခဲ့သော်လည်း ထုတ်ဖော်မပြောနိုင်သော စည်းကမ်းများကို လက်မခံလိုသောကြောင့် သူ့ကို အပြစ်မတင်ခဲ့ပေ။
သို့သော် ပိုင်လင်းသည် မနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဖြတ်သန်းပြီးနောက် ရှန်းကျန်းကို မုန်းတီးသော်လည်း သူမ၏ ခံစားချက်အစစ်အမှန်ကို သူမမျက်နှာပေါ်တွင် မပြနိုင်ခဲ့ပေ။
ပိုင်လင်း တံခါးကို ခေါက်ပြီး အထဲကို လျှောက်သွားလိုက်သည်။ "ဟိုင်း ရှန်း ရှင်ကျွန်မကိုတွေ့ချင်တယ်ဆိုလို့"
"အို ဟိုင်း ပိုင်လင်း! ထိုင်ပါ။ ငါ မင်းနဲ့ တစ်ခုခုပြောဖို့ လိုတယ်" ရှန်းကျန်းက ပိုင်လင်းကို ပြုံးပြသည်။ သူက ဒီနေ့ ပိုင်လင်းအပေါ် ထူးထူးခြားခြား စိတ်အားထက်သန်စွာ ဆက်ဆံနေသည်။ “မင်း စာချုပ်ကို အဆုံးသတ်ချင်နေတာ ငါတို့သိပါတယ်၊ ဒါပေမယ့် မင်းက ငါတို့ကုမ္ပဏီအတွက် တကယ့်အရည်အချင်းရှိသူပါ။ ငါတို့က အဲဒါကို မဖြုန်းတီးချင်ဘူး။ မင်း ငါတို့ ကုမ္ပဏီမှာ ဆက်နေနိုင်သရွေ့ မင်းကို ကော်မရှင်ခ 35% တိုးပေးမယ်လို့ ဒုဥက္ကဌက ကတိပေးထားတယ်။ အနာဂတ်မှာ မင်းကို ပိုအရည်အသွေးရှိတဲ့ အလုပ်ေတွရဖို့ ငါတို့ကူညီပေးပါမယ်။ မင်းက အချိန်တိုအတွင်း A-list မင်းသမီးဖြစ်လာမှာပါ"
ကော်မရှင်က 35%? ပိုင်လင်းက သူ့ကိုယ်သူ ပြုံးပြလိုက်သည်။ သူတို့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို သူမ ရှင်းရှင်းလင်းလင်း သိပါသည်။ 35% မဆိုထားနှင့် 40% သို့မဟုတ် 50% ပေးမည်ဟု ကတိပေးရင်တောင် ဤနေရာတွင် ဆက်နေရန် ဝန်လေးပါသည်။
ထို့ကြောင့် ပိုင်လင်း သည် အခြေအနေကို သူမကြားသောအခါ လုံးဝမယုံကြည်ခဲ့ပေ။ "ရှန်း မင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် တောင်းပန်ပါတယ်။ ကျွန်မ စာချုပ်ကို ရပ်ချင်ပါတယ်”
"နည်းနည်းလောက် စဉ်းစားကြည့်လို့ မရဘူးလား" ရှန်းကျန်းက မေးသည်။ ပိုင်လင်းက ထွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားမှန်းသိပေမယ့် သူလက်မလျှော့သေးပေ။ သူမကို ကော်မရှင် 35% ပေးဖို့ အဆိုပြုတာကိုတောင် လုံးဝစိတ်မဝင်စားတာက သူမဟာ ဖုန့်ဟွာအင်တာတိန်းမန့်မှာ ပါဝင်ဖို့ သေချာနေလောက်ပါပြီ။
"မရလို့ပါ" ပိုင်လင်းက စိတ်ပိုင်းဖြတ်ပြီး ပြောလိုက်သည်။
"40% ဆို ဘယ်လိုလဲ။" ရှန်းကျန်းက မေးသည်။
ပိုင်လင်း သည် သူတို့၏ ရည်ရွယ်ချက်ကို သိပြီးဖြစ်သော်လည်း သူမစိတ်ထဲ အနည်းငယ် အံ့ဩသွားသည် ။ "ရှန်း ကျွန်မဆုံးဖြတ်ချက်ချပြီးပြီ။ စာချုပ်သက်တမ်းတိုးမှာမဟုတ်တော့ပါဘူး"
***
ဖီးနစ်သွေးစက်
အခန်း ၂၀၁၂ အဆင့်များကို ဖြတ်ကျော်ခြင်း
ရှန်းကျန်းသည် ရလဒ်ကိုသိထားပြီးဖြစ်သော်လည်း ပိုင်လင်း ပိုနာမည်ကြီးလာပါက ဝင်ငွေများစွာတိုးလာနိုင်သောကြောင့် သူအနည်းငယ်စိတ်ပျက်နေသေးသည်။
“အဲ့လိုသာဆိုရင် ငါမင်းကို အတင်းအကြပ်လုပ်လို့မရဘူးပေါ့။ ငါတို့နဲ့ စာချုပ်ပြီးသွားရင် မင်း ဖုန့်ဟွာအင်တာတိန်းမန့်နဲ့ စာချုပ်ချုပ်တော့မှာလား ငါ့ကိုပြောပြလို့ရလား" ရှန်းကျန်းက မေးသည်။ သူသိပြီးသားမို့ အဖြေမတောင်းဘဲ အတည်ပြုချင်ရုံပင်။
“စဉ်းစားနေတုန်းပါပဲ။ ဒါပေမယ့် ရှင်တို့နဲ့ စာချုပ်ပြီးမှ သူတို့နဲ့ချုပ်မှာပါ။ ကျွန်မလွတ်လပ်သွားတာနဲ့ ကိုယ်ကြိုက်တဲ့ ဘယ်ကုမ္ပဏီမှာမဆို လုပ်နိုင်တယ်လေ။ ကျွန်မ အခုရှင့်အတွက် အလုပ် လုပ်နေတုန်းမို့ လောလောဆယ်တော့ ကျွန်မအလုပ်ကို ကောင်းကောင်း လုပ်မှာပါ” ဟု ပိုင်လင်းက ဆိုသည်။ သူမဟာ ဖုန့်ဟွာအင်တာတိန်းမန့်နဲ့ သဘောတူညီမှုရပြီးပြီဆိုပြီး ရှန်းကျန်းကို ခိုင်လုံတဲ့အဖြေ မပေးခဲ့ပါ။
သူမပြောခဲ့ပေမဲ့ ရှန်းကျန်းက ပိုင်လင်းဟာ ဖုန့်ဟွာအင်တာတိန်းမန့်မှာ ပါဝင်မယ်လို့ ယုံကြည်သည်။
"ကောင်းပြီ မင်း အခုထွက်သွားလို့ရပြီ!" ပိုင်လင်းက စိတ်ပိုင်းဖြတ်ထားမှန်းသိသဖြင့် ရှန်းကျန်းသည် သူမအား စည်းရုံးရန် အချိန်မဖြုန်းတော့ပေ။
"ဟုတ်ပါပြီ" ပိုင်လင်းကပြောပြီး ထွက်သွားသည်။
ပိုင်လင်း မရှိတော့တဲ့အခါ ရှန်းကျန်းက ဒုဥက္ကဌကို ချက်ချင်းဖုန်းဆက်သည်။ ပိုင်လင်းက စိတ်ပိုင်းဖြတ်ထားသောကြောင့် သူတို့ဘာမှမလုပ်နိုင်ကြပေ။ ညစ်ပတ်တဲ့လှည့်ကွက်တွေကို မသုံးနိုင်တဲ့အတွက် ရလဒ်ကို လက်ခံရမည်။
သူတို့ဘာမှ မလုပ်နိုင်တော့တဲ့အတွက် ယခုရလဒ်ကိုသာ သူတို့လက်ခံရပေသည်။
ကုနင်းနှင့် ကျင်းယွင်ယောင် သည် နောက်ပိုင်းတွင် စစ်ဟယ်ယွမ်ထံ ရောက်လာသည်။ ရှန်းကွမ်းယန်သည် ကျင်းယွင်ယောင်ကို မြင်လိုက်သည့်အခိုက်တွင် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည် ။ "ယွင်ယောင်၊ မင်း မကြာခင် အဆင့်တွေကို ကျော်ဖြတ်ဖို့ အလားအလာရှိတယ်။ မင်း မြို့တော်မှာ နေလို့မရဘူး မဟုတ်ရင် အရပ်ရပ်က ကျင့်ကြံသူတွေကို ဒီကို ဆွဲဆောင်မိလိမ့်မယ်”
မြင့်မားသောအဆင့်မှ ကျင့်ကြံသူတစ်ဦးသည် နောက်တစ်ဆင့်သို့ တက်သောအခါ တိမ်မည်းမည်းများ၊ ကျယ်လောင်သော လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းသံများနှင့်အတူ အရပ်ရပ်မှ မှော်စွမ်းအားများ အရှိန်အဟုန်ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
မြို့တော်သည် ကျင့်ကြံသူများ ၎င်းတို့၏ လှုပ်ရှားမှုများကို လုပ်ဆောင်သည့်နေရာဖြစ်သောကြောင့် ထိုအပြောင်းအလဲများ ကြုံလာပါက မြို့တော်ရှိ ကျင့်ကြံသူအားလုံး ၎င်းကို မြင်တွေ့ရမည်ဖြစ်သည်။ ထို့နောက် သူတို့သည် နောက်တစ်ဆင့်သို့ တက်လှမ်းခဲ့သော ကျင့်ကြံသူ၏ တည်နေရာကို သိသွားနိုင်ပြီးအပြေးအလွှား ရောက်လာနိုင်သည်။
ထိုစကားကိုကြားတော့ ကျင်းယွင်ယောင် အံ့သြသွားသည်။ သူမသည် မကြာသေးမီက ကျင့်ကြံနေစဉ်အတွင်း မှော်စွမ်းအားများ စုဆောင်းခြင်းမှ တိုက်ခိုက်မှုကို အမှန်တကယ် ခံစားမိခဲ့ရသည်။ "ဒါဆို ကျွန်မချက်ချင်းပဲ ခွန်းလွန်ဂိုဏ်းကို သွားလိုက်မယ်။"
သူမသည် ထိုနေရာတွင်သာ လုံခြုံလိမ့်မည်။
သူမ နောက်တစ်ဆင့်တက်နိုင်လို့ ဝမ်းသာမိပေမယ့် စိုးရိမ်စရာပါ။ ကျင့်ကြံသူများသည် နောက်တစ်ဆင့်သို့ရောက်တိုင်း မိုးကြိုးဒုက္ခကို ခံစားရမည်ဖြစ်သည်။ ကျင်းယွင်ယောင်သည် ယွမ်ယင်းအဆင့်၏ အထွတ်အထိပ်တွင် ရှိနေသည်။ နောက်တစ်ဆင့်သို့ တက်လှမ်းပြီးနောက် သူမသည် ဂျိဒန်အဆင့်အထိ ခန္ဓာကိုယ်ပြင်ပအဆင့်တွင် ရှိနေမည်ဖြစ်သည်။
အခြေခံတည်ဆောက်ရေးအဆင့်(ချီဓာတ်ကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲသည့်ကာလ) မှ ဂျိဒန်အဆင့်သို့ သွားရန် ကြီးစွာသော ခုန်ပျံကျော်လွှားခြင်း ဖြစ်သောကြောင့် သူမသည် လျှပ်စီးဒုက္ခကို သေချာပေါက် ကျော်ဖြတ်ရမည်ဖြစ်သည်။
လင်ရှောင်းထင်သည် နောက်ဆုံးတစ်ခါက သူ့ကိုယ်သူ သေလောက်မည်ဟု ထင်ရသည့်အကြောင်းရင်းမှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်မှ အခြေခံတည်ဆောက်ရေးအဆင့်အထိသို့ ကူးပြောင်းခြင်းကြောင့် လျှပ်စီးကြောင်းဒုက္ခကို ဖြတ်သန်းခဲ့ရ၍ဖြစ်သည်။
မိုးကြိုးဒုက္ခသည် ကျင့်ကြံသူများအတွက် အလွန်အရေးကြီးပါသည်။ သူတို့ ရှင်သန်လွတ်မြောက်နိုင်ရင် သူတို့ဟာ အလွန်တိုးတက်တဲ့ စွမ်းရည်တွေနဲ့ နောက်တစ်ဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်မှာပါ။ မဟုတ်ပါက ၎င်းတို့သည် အနည်းငယ် ဒဏ်ရာရလျှင် ၎င်းတို့၏ စွမ်းအင်အချို့ ဆုံးရှုံးနိုင်သည် သို့မဟုတ် မူလအဆင့်သို့ ပြန်ရောက်သွားနိုင်သည်။ သို့သော် ပြင်းထန်စွာ ဒဏ်ရာရပါက မသန်မစွမ်းဖြစ်လျှင်ဖြစ် မဟုတ်ပါက သေဆုံးသွားနိုင်သည် အထိဖြစ်နိုင်သည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် မိုးကြိုးဒုက္ခကို ဖြတ်ကျော်ရန် သတ္တိမရှိကြပေ။
အချို့သော ကျင့်ကြံသူများသည် စမ်းသပ်မှုကို မပြုလုပ်လိုသော်လည်း အချိန်မရွေး စမ်းသပ်လာနိုင်သောကြောင့် ၎င်းတို့သည် ဘေးကင်းသည်ဟု မဆိုလိုပါ။ ပြင်ဆင်မှုမကောင်းတဲ့အချိန် လုပ်ရတာက အန္တရာယ်အရှိဆုံးပါပဲ။
“ခွန်းလွန်ဂိုဏ်းရဲ့နေရာက လုံခြုံပေမယ့် ဒီတစ်ကြိမ်စမ်းသပ်မှုက မလွယ်ဘူး။ မင်း ကြီးကြီးမားမား မြန်မြန်ဆန်ဆန် ရွှေ့လျားရမှာ” ဟုရှန်းကွမ်းယန်က ဆိုသည်။ ထို့နောက် ကုနင်းဘက်သို့ လှည့်ပြီး "အင်း ငါမင်းနဲ့လိုက်လို့ရတယ်လေ။ နင်းနင်း ဖြစ်နိုင်ရင် မင်းလည်း ငါတို့နဲ့ လိုက်ခဲ့သင့်တယ်။ ဒီကမှော်အစွမ်းက ခွန်းလွန်တောင်မှာလောက် မများဘူး”
ကုနင်းက “ဟုတ်ပြီ အခု ကျွန်မ အားပါတယ်။ တူတူ လိုက်လို့ရတယ် ဘယ်တော့ ထွက်ကြမလဲ"
ကုနင်းသည် သူမ ကျင့်ကြံသူဖြစ်ရန် လိုအပ်သောကြောင့် မဟုတ်ဘဲ ကျင်းယွင်ယောင်၏ လုံခြုံရေးကို စိုးရိမ်သောကြောင့် ၎င်းတို့နောက်သို့ လိုက်သွားကာ သူမကို စောင့်ကြည့်ဖို့အတွက် အဲဒီကိုသွားဖို့ ဆုံးဖြတ်လိုက်သည်။
"ဒီနေ့ မင်းပစ္စည်းတွေကို ထုပ်ပိုးလိုက်ပါ။ အဆင်သင့်ပြင်ထားပြီး မနက်ဖြန်မနက် ထွက်မယ်” ဟု ရှန်းကွမ်းယန်က ပြောသည်။ အရေးပေါ်အခြေအနေမဟုတ်ပေမယ့် မြန်မြန်သွားလေလေ ပိုကောင်းလေလေပါပဲ။
တကယ်တော့ ကုနင်းဟာ သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲမှာ လိုအပ်တာမှန်သမျှ အကုန်ထုပ်ပိုးထားပြီးသားဖြစ်၍ လုပ်စရာ ဘာမှ မရှိပါ။ ရှန်းကွမ်းယန်က ကျင်းယွင်ယောင်ကို ချန်ခွင်းအိတ်တစ်လုံး ပေးထားသည်။ ထို့ကြောင့် သူမတွင်လည်း မကြာခဏ အသုံးပြုလေ့ရှိသော ပစ္စည်းအချို့ ရှိသည်။
မနက်ဖြန် သူတို့အဲဒီကို သွားမယ်ဆိုရင် ကုနင်းဒီနေ့ သူ့ကုမ္ပဏီကို သွားရမည်။ ကျင်းယွင်ယောင်သည် ယခုကျင့်ကြံရန်မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမလေ့ကျင့်ရင်း နောက်တစ်ဆင့်သို့ အမှတ်တမဲ့ ဖြတ်ကျော်သွားပါက ဒုက္ခရောက်လိမ့်မည်။
"ကောင်းပြီ မနက်ဖြန် မနက်အတွက် လေယာဉ်လက်မှတ်တွေ ကြိုမှာလိုက်မယ်" ကုနင်းကပြောပြီး လေယာဉ်လက်မှတ်ကြိုတင်မှာဖို့ သူ့ဖုန်းကို ထုတ်လိုက်သည်။
မနက်ဖြန် ကောမြို့သို့ အစောဆုံး ပျံသန်းချိန်သည် နံနက် ၈ နာရီ ၁၀ မိနစ်တွင်ဖြစ်သော်လည်း ကုနင်းနှင့် အခြားသူများသည် စောသွားရန်မလိုအပ်သောကြောင့် 9:30 တွင်ထွက်ခွာမည့် လေယာဉ်ကို ရွေးချယ်လိုက်သည်။
မြို့လယ်မှ လေဆိပ်သို့ အနည်းဆုံး မိနစ် ၄၀ ကြာမြင့်ပြီး နံနက် ၈း၃၀ မတိုင်မီ လေဆိပ်တွင် check in လုပ်ရန် လိုအပ်ပါသည်။ ဒါကြောင့် ယာဉ်ကြောပိတ်ဆို့နိုင်တဲ့အတွက် မနက် ၇ နာရီမှာ ထွက်ခွာပြီး လေဆိပ်မှာ မနက်စာစားပါမည်။
နောက်နေ့ ခွန်းလွန်တောင်ကို သွားမှာဖြစ်တဲ့အတွက် ပစ္စည်းတွေပြင်ဖို့ လိုတာကြောင့် ဒီနေ့ ကျင့်ကြံတာ ရပ်လိုက်သည်။
အဓိကအားဖြင့် ကျင့်ကြံနေစဉ်အတွင်း ကျင်းယွင်ယောင်သည် နောက်တစ်ဆင့်သို့ ရောက်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ထမင်းစားပြီးတာနဲ့ ကုနင်းက သူ့ကိစ္စတွေကို စတင်ကိုင်တွယ်ခဲ့သည်။ ခွန်းလွန်တောင်တွင်မည်မျှကြာကြာနေရမည်ကို သူမမသိသလို ဖုန်းလိုင်းလည်းမိမည်မဟုတ်ပေ။
ကုနင်းသည် လင်ရှောင်းထင်သို့ ဦးစွာစာတိုပေးပို့ပြီး ကျင်းယွင်ယောင်သည် နောက်တစ်ဆင့်တက်ရန် ရက်အနည်းငယ်လိုသေးသော်လည်း ၎င်းတို့သည် ထိုနေရာကို စောစီးစွာသွားရမည်ဆိုတာနှင့် သူမ ကောင်းကောင်းပြင်ဆင်ပြီးသည်နှင့် အချိန်မရွေး အဆင့်တက်သွားနိုင်ကြောင်းပြောပြသည်။
ထို့နောက် ကုနင်းသည် လင်ရှောင်းထင်အား သူမပါ ရှန်းကွမ်းယန်နှင့်အတူ ခွန်းလွန်တောင်သို့ သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
လင်ရှောင်းထင်သည် ယခုလေ့ကျင့်နေသောကြောင့် စာများကို မဖတ်နိုင်သေးပေ။
ကုနင်းက C မြို့ရဲ့ အခြေအနေအကြောင်းမေးရန် ချောင်ယကို ဖုန်းဆက်သည်။
ချောင်ယက ပြဿနာတချို့ရှိနေတယ်လို့ ပြောပေမယ့် ပြဿနာက ဖြေရှင်းပြီးသားပါ။ သူမပြန်ရောက်ပြီးနောက် ကုနင်းကို သတင်းပို့ဖို့စီစဉ်ခဲ့ပေမယ့် ကုနင်းက သူမကိုဖုန်းဆက်တာဖြစ်၍ ဖုန်းထဲမှာပင် ကုနင်းကိုပြောပြလိုက်သည်။
အချိန်အားနေ၍ အဲဒီနေ့မွန်းလွဲပိုင်းမှာ မြို့တော်ကို ပြန်သွားမည်။
ကုနင်းက ချောင်ယ ပြန်ရောက်လျှင် မြို့တော်မှာ ခဏလောက်နေဖို့ ပြောလိုက်သည်။ သူမ၏ ဖုန်းကို ပိတ်ထားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုများကို ချောင်ယ၏ ဖုန်းသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ ချောင်ယသည် သူမ နိုင်ငံခြားသို့သွားသော အကြောင်းပြချက်ဖြင့် သူမကို ကူညီဖြေရှင်းပေးလိမ့်မည်။
ထို့အပြင် သူမ၏ သူငယ်ချင်းများ အကူအညီ လိုအပ်ပါက သူမသည် လူကိုယ်တိုင် မသွားနိုင်သောကြောင့် ကူညီရန် ချောင်ယကိုလည်း ပြောကြားခဲ့သည်။
အဲဒီနောက် ကုနင်းက သခင်ကြီးထန်ကို ဖုန်းဆက်ပြီး မနက်ဖြန် နိုင်ငံခြားသွားစရာရှိကြောင်း ပြောပြလိုက်သည်။ သူ သူမထံ မဆက်သွယ်နိုင်လောက်သောကြောင့် သူ့ကို ကြိုပြောထားရန် လိုအပ်သည်၊ မဟုတ်ပါက ထန်မိသားစုသည် သူမကို ရှာမတွေ့လျှငိ စိတ်ပူနေလိမ့်မည်။
ထို့နောက် သူမသည် သူမ၏ဆရာထံဖုန်းဆက်ကာ သူမ နိုင်ငံရပ်ခြားတွင် တစ်ခုခုဖြေရှင်းရန် လိုအပ်သည်ဟူသော တူညီသောအကြောင်းပြချက်ဖြင့် ခွင့်တောင်းသည်။
ကုနင်းက ကျီပိုင်ယင်းနဲ့လည်း သတင်းကို မျှဝေခဲ့သည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၁၃ ဘယ်သူ့ကိုမှ ပြောလို့မရဘူး
အစီအစဉ်များ ချပြီးနောက် ကုနင်းသည် ကျင်းယွင်ယောင်ကို တောင်မြစ်ကမ်းဥယျာဉ်သို့ ပြန်မောင်းပို့ပြီးနောက် ကုမ္ပဏီသို့ သွားခဲ့သည်။
ကုမ္ပဏီအနီးအနားတွင် သူမအား ကြည့်ရှုနေသည့် ကျင့်ကြံသူများရှိနေ၍ ကျင်းယွင်ယောင်ကို သူမနှင့်အတူ ခေါ်ဆောင်လာနိုင်ခြင်း မရှိပေ။ ကျင်းယွင်ယောင် အဲဒီကိုသွားမယ်ဆိုရင် သူမကို ဖော်ထုတ်သွားမိပါလိမ့်မည်။
ဒီကားကို ပစ်မှတ်ထားခံရတာကို ရှောင်ရှားဖို့အတွက် ကုနင်းက ကုမ္ပဏီကို တိုက်ရိုက်မမောင်းခဲ့ပါ။ ကုမ္ပဏီအနီးရှိ ကားပါကင်တွင် ကားရပ်ရန်နေရာရှာပြီးနောက် ခြေလျင်လျှောက်သွားခဲ့သည်။ သို့သော်လည်း ယနေ့ကုမ္ပဏီပြင်ပတွင် ကျင့်ကြံသူ အငွေ့အသက်မရှိပေ။
ကုနင်းသည် နေ့ခင်းဘက်တွင် ကုမ္ပဏီတွင်နေခဲ့ပြီး သူမသည် ခဏမျှထွက်ခွာမည်ဟု ချန်စန်းယိသို့ပြောပြီး ဖုန်းခေါ်ဆိုမှုများကို ချောင်ယ၏ဖုန်းသို့ လွှဲပြောင်းပေးကာ ကုမ္ပဏီ၏အရေးကိစ္စများကို ဂရုစိုက်မည်ဟု ပြောခဲ့သည်။
တကယ်တော့ ကုနင်းက မြို့တော်မှာရှိတုန်းကတောင် ကုမ္ပဏီကို လာတာရှားပြီး ကုမ္ပဏီကိစ္စတွေကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းတာ ရှားပါသည်။ သို့သော် သူနှင့် တစ်ခုခုဆွေးနွေးရန် လိုအပ်လာပါက သူမ ခဏထွက်သွားရမည်ဖြစ်ကြောင်း ချန်စန်းယိအား ပြောပြရန် လိုအပ်ပါသည်။
ထို့ကြောင့် ကုနင်းသည် ချန်စန်းယိအား ဟဲချီမင်၏ ဖုန်းနံပါတ်ကို ပေးခဲ့ကာ သူ မကိုင်တွယ်နိုင်လောက်အောင် ဆိုးရွားသော ပြဿနာတစ်ခုခု ကြုံလာပါက ဟဲချီမင်သို့ အကူအညီတောင်းရန် ပြောလိုက်သည်။ လင်ရှောင်းထင်ကလည်း ချန်စန်းယိကိုကူညီရန် ဟဲချီမင်ကိုပြောထားသည်။
"ဟင်? ဒါက ဟဲချီမင် ရဲ့ဖုန်းနံပါတ်လား။ ရှန်းရှစ်ရဲ့ဥက္ကဌမလား?" ကုနင်းသည် ဟဲချီမင်၏ဖုန်းနံပါတ်ကို ပေးကြောင်းသိပြီးနောက် ချန်စန်းယိ တုန်လှုပ်သွားခဲ့သည်။ ဟဲချီမင်သည် ၎င်းတို့၏ နိုင်ငံရှိ ထိပ်တန်း စွန့်ဦးတီထွင်သူ ၁၀ ဦးထဲမှ တစ်ဦးဖြစ်သောကြောင့် သူ စိတ်လှုပ်ရှားသွားသည်။ ဟဲချီမင်ဟာ သူ့ရဲ့ idol မဟုတ်ပေမယ့် သူလေးစားရတဲ့ သူတစ်ယောက်ဆိုတာကတော့ သေချာပါသည်။
ဟဲချီမင်အပြင် ကုနင်း၏ဖခင် ထန်ယွင်ဖန်းကိုလည်း သဘောကျသည်။
အခြားအောင်မြင်သော စွန့်ဦးတီထွင်သူများရှိသော်လည်း သူတို့သည် အမြတ်အစွန်းများသော စီးပွားရေးအင်ပါယာကို ထူးထူးခြားခြား မြန်ဆန်စွာ ထူထောင်ကာ နာမည်ကောင်းရခဲ့သည်။
တကယ်တော့ ကုနင်းဟာ သူမြင်ဖူးသမျှထဲမှာ အရှိန်အဟုန်နဲ့ အမြန်ဆုံး အောင်မြင်လာသူတစ်ယောက်ပါ။
ကုနင်းသည် နယ်ပယ်အများအပြားတွင် ကုမ္ပဏီများစွာကို မပိုင်ဆိုင်ထားသော်လည်း သူမ၏ကုမ္ပဏီများတွင် ပိုင်ဆိုင်မှု ယွမ် ဘီလီယံငါးဆယ်ကျော်ရှိနေပြီဖြစ်သည်။ လူအများမသိကြသေးသော သူမ၏ ကုမ္ပဏီတချို့များလည်းရှိသေးသည်။
ထို့အပြင် ကုနင်းသည် သူမ၏စီးပွားရေးအင်ပါယာကို တစ်နှစ်မျှသာတည်ဆောက်ခဲ့ရပြီး ကုနင်း၏ချမ်းသာကြွယ်ဝမှုသည် ၃ နှစ်အတွင်း ယွမ်ဘီလီယံတစ်ရာကျော်သွားလိမ့်မည်ဟု ချန်စန်းယိ ထင်ခဲ့သည်။
သို့သော် လက်တွေ့တွင်မူ ကုနင်းသည် တစ်နှစ်အကြာနှင့်ပင် ယွမ်ငွေ ဘီလျံငါးဆယ်ကျော် ရရှိနေပြီဖြစ်သောကြောင့် သူလျှော့တွက်မိသဖြင့် နောက်နှစ်တွင် သူမသည် ယွမ်ဘီလီယံတစ်ရာ ပိုင်ဆိုင်နိုင်ဖွယ်ရှိသည်။
"ဟုတ်တယ် ရှန်းရှစ်ရဲ့ဥက္ကဌ ဟဲချီမင် ပါ" ကုနင်းက အေးဆေးတည်ငြိမ်စွာပြောပေမယ့် ချန်စန်းယိ ရဲ့တုံ့ပြန်မှုကို သူမနားလည်ပါသည်။
ချန်စန်းယိသည် ရှန်းရှစ်၏အကြီးတန်းစီမံခန့်ခွဲရေးမှူးနှင့် ကုနင်း၏ဆက်ဆံရေးကိုသိသော်လည်း သူမသည် ၎င်း၏ ဥက္ကဌကို သိသည်ကို သူတကယ်မသိတာပါ။
ကုနင်း၏ စကားကြောင့် သူတို့သည် အတော်လေး ရင်းနှီးသော ဆက်ဆံရေး ရှိပုံရသည်။
"ဘော့စ် မင်း ဟဲချီမင်ကို ဘယ်လိုသိတာလဲ ပြောပြပါလား" ချန်စန်းယိက စိတ်ဝင်တစား မေးသည်။ သူသည် ဟဲချီမင်နှင့် ကုနင်း၏ဆက်ဆံရေးကို သံသယ၀င်တာမဟုတ်ပဲ ရိုးရှင်းစွာ သိချင်ရုံပင်။
"အင်း၊ တကယ်တော့ ကျွန်မ ဟဲချီမင်နဲ့ မရင်းနှီးပါဘူး၊ ဒါပေမယ့် သူ့သူဌေးနဲ့ ကျွန်မ အရမ်းရင်းနှီးပါတယ်" ဟု ကုနင်းမှ ပြောကြားခဲ့သည်။
"ဘာ?" ထိုစကားကိုကြားတော့ ချန်စန်းယိ အံ့အားသင့်သွားသည်။ ဟဲချီမင်ရဲ့ သူဌေးနဲ့လား။
"ဘော့စ် ရှန်းရှစ်ရဲ့ တကယ့်သူဌေးက တခြားလူလို့ ဆိုလိုတာလား" ချန်စန်းယိက မေးသည်။ အဖြေက ရှင်းနေသော်လည်း သူတကယ်ကို ထိတ်လန့်တုန်လှုပ်နေတာကြောင့် ဒီမေးခွန်းကို မေးလိုက်သည်။
"ဟုတ်ပါတယ် ကျွန်မရှင့်ကို ပြောပြလို့ရတယ် ဒါပေမယ့် ရှင် တခြားသူတွေကို မပြောနဲ့နော်" ဟုကုနင်းကပြောသည်။ ချန်စန်းယိထံမှ ၎င်းကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိပေ။ ဒါဟာ လျှို့ဝှက်ထားပေမယ့် ဆိုးရွားတဲ့အရာ မဟုတ်ပါဘူး ဒါကြောင့် တခြားသူတွေ သိခဲ့ရင်တောင် အရေးမကြီးပါ။
"ကောင်းပြီ ငါ တခြားသူကို ဘယ်တော့မှ မပြောဘူးလို့ ကတိပေးပါတယ်" ဟု ချန်စန်းယိက အလေးအနက် ပြောကြားခဲ့သည်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ သာမန်မဟုတ်မှန်း သူသိပေမယ့် အကျင့်စာရိတ္တပျက်ပြားတာ မဖြစ်နိုင်တဲ့အတွက်ကြောင့် ဒါဟာ အကျင့်စာရိတ္တပျက်ပြားတာလို့ သူ မထင်။ ကုနင်းနှင့် ဟဲချီမင်သည် ဆွေမျိုးများဖြစ်နိုင်သည်ဟု သူထင်ခဲ့သည်။
“ရှန်းရှစ်ရဲ့ တကယ့်သူဌေးက လင်ရှောင်းထင် ပါ” ဟု ကုနင်းက ဆိုသည်။
ဒါကိုသိလိုက်ရတော့ ချန်စန်းယိ အံ့သြသွားသည်။ ရှန်းရှစ် ၏ တကယ့်သူဌေးမှာ လင်ရှောင်းထင် ဖြစ်နေသောကြောင့် အံ့အားသင့်နေမိသည်။ တစ်နည်းအားဖြင့် ကုနင်း၏ ချစ်သူက ရှန်းရှစ်ကို ပိုင်ဆိုင်တာမလား။
လင်ရှောင်းထင်သည် သာမန်လူတစ်ယောက်မဟုတ်ကြောင်း သူအမြဲတမ်းခံစားခဲ့ရပြီး သူသည် စီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခု၏ တကယ့်သူဌေးဖြစ်ခဲ့သည်။
ချန်စန်းယိ မသိသေးသောအချက်မှာ လင်ရှောင်းထင်သည် ရှန်းရှစ်၏ စစ်မှန်သော သူဌေးဖြစ်ရုံသာမက စစ်တပ်တွင် အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီးဖြစ်ပြီး မြို့တော်ရှိ လင်မိသားစု၏ အကြီးဆုံးမြေးဖြစ်သည်။ ချန်စန်းယိ ဒါကိုသိရင် သူ ပိုတုန်လှုပ်သွားလိမ့်မည်။
ကုနင်းသည် လင်ရှောင်းထင်၏ မိသားစု နောက်ခံကို သူတို့အား ပြောပြရန် ဘယ်သောအခါမှ စိတ်မ၀င်စားသောကြောင့် လင်ရှောင်းထင်ကို သူ့ပုံစံကြောင့်သာ သာမန်လူမဟုတ်ဟု ခန့်မှန်းနိုင်ကြသည်။
ဘာပဲဖြစ်ဖြစ် လင်ရှောင်းထင် ဘယ်လောက်ပဲ အစွမ်းထက်နပေါစေ ကုနင်းကလည်း အရမ်းထူးချွန်တာကြောင့် ကုနင်းက သူနဲ့ မထိုက်တန်ဘူးလို့ သူတို့မထင်ကြပါ။
ထို့နောက် သူတို့ထိုအကြောင်းပြောတာ ရပ်လိုက်ကြပြီး ကုနင်းက "အိုး ကော်ပိုရေးရှင်းတည်ထောင်ကြောင်း ကြေညာဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို ပြင်ဆင်ပြီးပြီလား"
"ဟုတ်ကဲ့ အားလုံးပြီးပါပြီ။ နောက်ဆုံးရက်ကို သတ်မှတ်ဖို့ မင်းကို ငါတို့စောင့်နေတာပါ” ဟု ချန်စန်းယိ က ပြောသည်။
“နဂိုက နောက်အပတ် ကျင်းပဖို့ စီစဉ်ထားတာ ဒါပေမယ့် ကိစ္စ တစ်ခုပေါ်လာလို့ ရက်အနည်းငယ်သာ ကြန့်ကြာနိုင်တယ်။ ငါပြန်ရောက်ပြီးရင် ရှန်းနဉ်အဖွဲ့အစည်းကို တရားဝင်ကြေငြာဖို့ သတင်းစာရှင်းလင်းပွဲလုပ်မယ်" ဟု ကုနင်းကပြောသည်။
အချိန်အတော်ကြာ နှောင့်နှေးနေတာကြောင့် အခု ကြေငြာချက်ထုတ်ဖို့ အချိန်တန်ပါပြီ။
"ကိစ္စမရှိပါဘူး" ချန်စန်းယိ ကပြောသည်။
ချန်စန်းယိနှင့် စကားပြောအပြီတွင် ကုနင်းသည် သူမ၏ရုံးခန်းသို့ ပြန်သွားခဲ့သည်။
ခဏအကြာတွင် နျဲ့ချန်ယန်ထံမှ ဖုန်းဝင်လာသည်။
"ကုနင်း မနက်ဖြန် နေ့လည် အားလား ကုန်သည်ကြီးများအသင်းမှာ ကျွေးမွေးကြမလို့။ မင်းလာမှာလား?" နျဲ့ချန်ယန်က မေးသည်။
"တောင်းပန်ပါတယ် စီနီယာနျဲ့ နက်ဖြန်ကျွန်မ အလုပ်ရှိလို့ မလာနိုင်လောက်ဘူး" ကုနင်းက တောင်းပန်ပြီး ငြင်းလိုက်သည်။
“ကောင်းပြီ” နျဲ့ချန်ယန်က အတင်းအကြပ်မလုပ်ပါ။ ကုန်သည်ကြီးများအသင်းသည် ၎င်း၏အဖွဲ့ဝင်များအတွက် တင်းကျပ်သောစည်းမျဉ်းများ မရှိပါ။ အဖွဲ့ဝင်အချို့ လာမလာနိုင်လျှင်ပင် အစည်းအဝေးများတွင် ပါဝင်ရန် အတင်းအကျပ် ဖိအားပေးမည်မဟုတ်ပါ။ ၎င်းတို့သည် ရာသီတိုင်းတွင် တစ်ကြိမ်သာ ရန်ပုံငွေရှာဖွပေြီး အချိန်ရပါက လက်ခံသူများဆီကို အတူတူသွားရောက်လည်ပတ်ကြမည်ဖြစ်သည်။
၎င်းတို့၏ ရန်ပုံငွေရှာဖွေရေး ရည်မှန်းချက်မှာ ကျောင်းတက်ရာတွင် ထူးချွန်သူသော်လည်း ဆင်းရဲသော မိသားစုအခြေအနေကြောင့် ကျောင်းမတတ်နိုင်ကြသူများအတွက်ဖြစ်သည်။
ရန်ပုံငွေရရှိသော ကျောင်းသားများသည် တက္ကသိုလ်မှ ဘွဲ့ရသည်အထိ ကျူရှင်ခမပါဘဲ ကျောင်းသို့ တိုက်ရိုက်တက်နိုင်သည်။ စာသင်ချိန်တိုင်းတွင် စားဝတ်နေရေး စရိတ်စကများ ရှိမည်ဖြစ်သော်လည်း လစဉ် ငွေကို စားသောက်ကတ်သို့ တိုက်ရိုက်လွှဲပေးသောကြောင့် ၎င်းတို့ကို အစားအစာအတွက်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
တက္ကသိုလ်မှ ဘွဲ့ရသည်အထိ ကျူရှင်ကြေးမပါဘဲ တိုက်ရိုက်ကျောင်းတက်နိုင်သည့် ကျောင်းသားများတွင် လိုက်နာရမည့် အခြေအနေတစ်ခုရှိပေသည်။ ၎င်းတို့၏ ပညာရေးစွမ်းဆောင်ရည်သည် သတ်မှတ်ထားသော ကျောင်းသားအရေအတွက်ထက် ကျော်လွန်နေရမည် မဟုတ်ပါက ၎င်းတို့သည် အရည်အချင်းပြည့်မှီတော့မည်မဟုတ်ပါ။
ထိုအခြေအနေက သိပ်မပြင်းထန်ပါ၊ ကျောင်းသားတွေက ကျောင်းနေဖက်ထက်ဝက်ကျော်လွန်ပါက ရန်ပုံငွေ ရနိုင်သည်။ ကျောင်းစည်းကမ်းကိုလည်း လိုက်နာရမည်။ စည်းကမ်းဖောက်ဖျက်မှုအတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပါကလည်း အရည်အချင်းပြည့်မှီမည်မဟုတ်ပါ။
…
ညနေ ၅ နာရီတွင် ကုနင်းသည် ကုမ္ပဏီမှ ထွက်ခွာလာသည်။
သူမသည် စစ်ဟယ်ယွမ် သို့သွားရန်အဆင်သင့်ဖြစ်ပြီဖြစ်သည်။ မနက်ဖြန် မနက်စောစော လေဆိပ်သွားရမှာဖြစ်၍ ကုနင်းနဲ့ ကျင်းယွင်ယောင်က ဒီည စစ်ဟယ်ယွမ် မှာနေဖို့ ဆုံးဖြတ်လိုက်သည်။ ရှန်းကွမ်းယန်က ကျောက်တုံးလေးကို ကျင်းယွင်ယောင်ကို သွားခေါ်ခိုင်းပြီးပြီမို့ ကုနင်းက အဲဒီကိုသာ တိုက်ရိုက်သွားလိုက်တော့သည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၁၄ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးတာ ကောင်းတဲ့လုပ်ရပ်မဟုတ်ဘူး
သို့သော် သူမသွားရာလမ်းတွင် ကုနင်းသည် ကျင့်ကြံသူနှင့် နင်ဂျာများကို တွေ့ခဲ့သည်။ အတိအကျပြောရလျှင် သူမသည် နင်ဂျာများနှင့် တိုက်ခိုက်နေသော ကျင့်ကြံသူ တစ်ဦးကို တွေ့လိုက်ရသည်။
ကျင့်ကြံသူသည် ၁၆ နှစ်ခန့် ဆယ်ကျော်သက်အရွယ် ရုပ်ချောသူတစ်ဦးဖြစ်သည်။
နင်ဂျာ ၂ ယောက်ရှိပြီး တိုက်ဆိုင်စွာပင် ကုနင်းက သူတို့နှစ်ယောက်လုံးနှင့် ဆုံဖူးသည်။ သူတို့ဟာ Bမြို့မှာ သူမတွေ့ဖူးတဲ့ ခဲတို တိုးယာ နဲ့ ကူရာကီ အာခဲမီတို့ဖြစ်ပေသည်။
ကျင့်ကြံသူနဲ့ နင်ဂျာတွေကြား ရန်ပွဲဖြစ်တာကြောင့် အရမ်းတင်းမာပေသည်။
လူသွားလူလာများသော လမ်းမပေါ်တွင် ဖြစ်သဖြင့် ကြည့်ရှုသူ အများအပြားရှိနေသည်။ ထိခိုက်ဒဏ်ရာရမှာဆိုး၍ အဝေးမှာ ရပ်နေကြပေမယ့် ဇာတ်ကားတစ်ကားကြည့်နေရသလို စိတ်လှုပ်ရှားနေကြသည်။
လူအချို့က ဆယ်ကျော်သက်ကို အနိုင်ကျင့်မှုအတွက် ယောက်ျားနှင့် မိန်းမကို ဝေဖန်ကြသည်။ သူတို့မျက်လုံးထဲမှာတော့ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်လေးဟာ ကလေးတစ်ယောက်ပါပဲ။
တစ်ယောက်က ရဲကိုခေါ်ထားပေမယ့် ရဲတွေမလာသေးပေ။
ကုနင်းသည် ခဲတို တိုးယာ နှင့် ကူရာကီ အာခဲမီသည် ဆယ်ကျော်သက်က ကျင့်ကြံသူဖြစ်ကြောင်းကို သိသည် မသိသည်ကို မသိသော်လည်း ဆယ်ကျော်သက်သည် ၎င်းတို့နှင့် မယှဉ်နိုင်သည်မှာ ထင်ရှားသောကြောင့် သူမသည် ၎င်းတို့ကို ယခုတားရတော့မည်။
ထို့ကြောင့် ကုနင်းသည် ဆယ်ကျော်သက်က သူ၏ မှော်အတတ်ပညာကို အသုံးပြုရန် တွန်းအားပေးခံရမည်ကို စိုးရိမ်နေခဲ့ပြီး ၎င်း၏အထောက်အထားကို ဖော်ထုတ်နိုင်သွားနိုင်မည်ကို စိုးရိမ်နေမိသည်။ ထိုအချိန်တွင် နင်ဂျာများသာမက အခြားသော သေမျိုးများကလည်း ၎င်းကို သိရှိသွားမည်ဖြစ်သည်။
ထို့ကြောင့် ကုနင်းသည် လမ်းဘေးတွင် ကားကို ချက်ချင်းရပ်လိုက်ပြီး နင်ဂျာ ၂ ယောက်ကို တိုက်ခိုက်ရန် ဆယ်ကျော်သက်ကို ကူညီ ပူးပေါင်းခဲ့သည်။
ဆယ်ကျော်သက်လေးသည် သူ့အား မှော်အတတ်ပညာကို အတင်းအကျပ်သုံးခိုင်းမည်ကို စိုးရိမ်သောကြောင့် တစ်စုံတစ်ဦးမှ သူ့ကိုကူညီလိုက်သောအခါ စိတ်သက်သာရာရသွားသည်။
ကုနင်းသည် သန်မာသော သေမျိုးမျှသာဟု သူထင်သော်လည်း သူမသည် ပျော့ညံ့ခြင်းမရှိကြောင်း သူမြင်နိုင်သည်။
ကူရာကီ အာခဲမီနှင့် ခဲတို တိုးယာတို့သည် ကုနင်းကိုတွေ့သောအခါ သူမကို မှတ်မိသွားသည်။ သူတို့အရင်က ကုနင်းကို ရှုံးနိမ့်ဖူးတာကြောင့်၊ အခုအချိန်မှာ သူမကို တိုက်ခိုက်ဖို့ အချိန်မဖြုန်းချင်တော့ပါ။ သူတို့အားလုံး ရှုံးရတော့မှာမို့ ခဏအကြာ နောက်ပြန်ဆုတ်သွားကြသည်။
“ဟေး၊ ပြဿနာတစ်ခုရှိရင် ကောင်းကောင်းစကားပြော ဖြေရှင်းလို့မရဘူးလား။ ဘာကြောင့် လူသိရှင်ကြား တိုက်ခိုက်နေရတာလဲ။ ဘယ်သူ့မှ အကျိုးမရှိစေဘူး” ဟု ဖျန်ဖြေသူ၏ သဘောထားဖြင့် ကုနင်းက ပြောသည်။
“သူတို့က ကျွန်တော်သူတို့ ပစ္စည်းတွေ ခိုးသွားတယ်လို့ ပြောကြပေမယ့် ကျွန်တော်မခိုးဘူး။ သူတို့က မယုံဘဲ ကျွန်တော့်ခန္ဓာကိုယ်ကို ရှာဖွေချင်ကြတယ်။ ရှက်စရာကောင်းလွန်းတယ်လေ။ ကျွန်တော်သူတို့ကို ဒီလိုလုပ်ဖို့ ခွင့်မပြုလို့ ကျွန်တော့်ကို တိုက်ခိုက်ကြတော့တာပဲ” ဟု လူငယ်ကဒေါသတကြီးပြောသည်။ သူ အလွန်စိတ်ဆိုးပုံရသည်။
လူငယ်၏တုံ့ပြန်မှုမှ ကုနင်းသည် သူလိမ်ညာနေခြင်းမဟုတ်ကြောင်း သိနိုင်သည်။ လူငယ်က သူ့ကို အပြစ်ပုံချသည်ဟု စွပ်စွဲသောအခါတွင် သူလုံးဝအထိတ်တလန့်မဖြစ်နေပေ။
ထိုအခြေအနေတွင် နားလည်မှုလွဲမှားတာသာမဟုတ်ရင် အစီအစဉ်တစ်ခုဖြစ်နိုင်သည်။ အစီအစဉ်တစ်ခုသာဖြစ်လျှင် လူငယ်သည် ခဲတို တိုးယာ သို့မဟုတ် ကူရာကီ အာခဲမီ ၏ပစ္စည်းများကို မခိုးယူခဲ့ဟု ဆိုလိုသော်လည်း ၎င်းတို့သည် လူငယ်သည် သေမျိုးဟုတ်မဟုတ်ကို သေချာမသိရှိသော်လည်း သူ့ကိုသံသယရှိနေသောကြောင့် ဖြစ်နိုင်သည်။ ရလဒ်အနေနဲ့ သူတို့သည် လူငယ်အား သူခိုးဟု တမင်တကာပြောပြီး တိုက်ပွဲမှာ သူ့ရဲ့ မှော်အတတ်ပညာကို အသုံးပြုခိုင်းတာဖြစ်နိုင်သည်။
ကုနင်းရဲ့ မှန်းဆချက်သာဖြစ်ပေမဲ့ ခဲတို တိုးယာနဲ့ ကူရာကီ အာခဲမီက သူတို့နိုင်ငံကို လာရတဲ့အကြောင်းရင်းအမှန်ကို သူမ သိတာကြောင့် လူငယ်ကို ယုံခဲ့သည်။ ဆယ်ကျော်သက်မှာ အပြစ်ကင်းစင်တယ်ဆိုတာ ဖြစ်နိုင်သည်။
“မင်း ငါတို့ကို တိုက်သွားပြီးတော့ ငါတို့ပစ္စည်းတွေ ပျောက်သွားတယ်လေ။ အဲဒါကြောင့် ငါတို့မေးတာ ဘာဖြစ်လဲ" ကူရာကီ အာခဲမီက အမှန်အတိုင်းလိုလို ဒေါသတကြီး ငြင်းခုံခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် မှန်ကန်စွာ ခန့်မှန်းခဲ့သည်။ သူတို့သည် လူငယ်၏ အစစ်အမှန်လက္ခဏာကို အမှန်တကယ် သိချင်သောကြောင့် သူ့ကို ရည်ရွယ်ချက်ရှိရှိ တိုက်လိုက်ပြီးနောက် ၎င်းတို့၏ ပစ္စည်းများ ပျောက်ကွယ်သွားကြောင်း လိမ်ညာခဲ့ကြသည်။ သူတို့သည် လူငယ်အား ၎င်းတို့၏ ပစ္စည်းများကို ခိုးယူခြင်းအတွက် အပြစ်တင်ကြပြီး ဆယ်ကျော်သက်သည် အမှန်တကယ် ကျင့်ကြံသူ ဟုတ်မဟုတ် သိနိုင်ရန် ရန်ဖြစ်အောင်တွန်းအားပေးခဲ့သည်။ ကံမကောင်းစွာပဲ သူတို့က အဲဒါကို မသိနိုင်ခဲ့ပေ။
ကားတိုက်ခံရလုနီးပါးဖြစ်နေတဲ့ အဘိုးအိုကို ကယ်တင်ခဲ့တဲ့ လူငယ်ရဲ့ အစစ်အမှန်အထောက်အထားကို သူတို့ သိချင်ကြသည်။ သူ၏ အရှိန်သည် ထူးထူးခြားခြား မြန်သောကြောင့် သူတို့၏ သိချင်စိတ်ကို နှိုးဆွသွားသည်။ သို့သော် အချို့သောသေမျိုးများသည် အလွန်လျင်မြန်စွာ ရွေ့လျားနိုင်သောကြောင့် လူငယ်သည် အမှန်တကယ် ကျင့်ကြံသူဖြစ်ကြောင်း သူတို့သေချာမသိခဲ့ကြပါ။ ကုနင်းလိုမျိုး သူတို့ထဲက တစ်ချို့ကို အရင်က တွေ့ဖူးသည်။
အချို့သော လူသတ်အဖွဲ့များမှ လူသတ်သမားများသည်လည်း အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်သည်။
"ရယ်စရာပဲ! ငါမင်းကိုမတိုက်ခဲ့ဘူး။ မင်းသာ ငါ့ကိုလာတိုက်တာ!" လူငယ်သည် ဒေါသထွက်ကာ ကူရာကီ အာခဲမီကို လက်ညှိုးထိုးကာ ပြောသည်။
သို့ဆိုလျှင် ကုနင်းသည် ဒါကခဲတို တိုးယာနှင့် ကူရာကီ အာခဲမီ၏အစီအစဥ်ဖြစ်ကြောင်း သေချာသွားသည်။
“ငါ မင်းကို တိုက်ခဲ့ပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ ငါ မင်းကို တောင်းပန်ပြီးပြီ။ ရုတ်တရက် ငါ့ပစ္စည်းတွေ ပျောက်သွားလို့ မေးရတာ။ မင်းဘာသာမင်း ဒေါသစိတ်အရမ်းမြန်ပြီး အရင်ဆုံး အကြမ်းဖက်ခဲ့တာပဲ" ဟု ကူရာကီ အာခဲမီက ၎င်းကို ခွင့်လွှတ်ကြောင်း ပြောကြားခဲ့သည်။ သူမသည် အခြားလူများကို တိုက်ခိုက်ရန် ဝန်လေးနေကြောင်း သူမပြောခဲ့သည်။
“မင်း…” ဆယ်ကျော်သက်က စိတ်တိုသွားသည်။ တကယ်တော့ သက်သေမပြဘဲ ပစ္စည်းခိုးတယ်လို့ စွပ်စွဲခံရပြီး ရှာဖွေခံရတဲ့အခါ ဘယ်သူမှ အေးအေးဆေးဆေး နေနိုင်မည်မဟုတ်ပါ။ ကြီးစွာသောအရှက်ခွဲခြင်းဖြစ်ပေသည်။
"အိုး မင်းဘာတွေ ပျောက်သွားတာလဲ ငါသိလို့ရမလား" ကုနင်းက လူငယ်စကားကို နှောင့်ယှက်ပြီး ကူရာကီ အာခဲမီကို မေးလိုက်သည်။
လူငယ်သည် အနည်းငယ် စိတ်မြန်သည်ဟု သူမမြင်နိုင်သော်လည်း ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီ၏စွပ်စွဲချက်သည် အမှန်တကယ်ပင် အရှက်ရစပေါသည်။
"ငါ့ကျောက်စိမ်းပုတီးလက်ကောက်။ အဲဒါ အမေ့ရဲ့ မွေးနေ့လက်ဆောင်။ အရမ်းတန်ဖိုးရှိပါတယ်” ဟု ကူရာကီ အာခဲမီက ဝမ်းနည်းဟန်ဖြင့် ပြောသည်။
အဲဒါကိုမြင်တော့ လူတော်တော်များများက ကူရာကီ အာခဲမီကို စာနာစိတ်ဝင်လာသည်။ သို့သော် လူငယ်၏ တုံ့ပြန်မှုကြောင့် သူ့ကိုသူခိုးဟု လုံးဝမထင်ပါ။ လက်ကောက်က တခြားနေရာမှာ ပြုတ်ကျသွားတာ ဖြစ်နိုင်သည်။
လူတိုင်းတွင် ထိုအကြံအစည်ရှိသော်လည်း ကျယ်လောင်စွာ မပြောဝံ့ကြပေ။
ဆန့်ကျင်ဘက်အနေနဲ့ ကုနင်းက ချက်ချင်းပဲ “မင်း အဲ့ဟာကို မြေပေါ်မှာ ရှာကြည့်ဖူးလား။ အထူးသဖြင့် ဒီလမ်းကြားတစ်နေရာရာမှာ ပြုတ်ကျတာလည်းဖြစ်နိုင်တာပဲ။ အဲ့ထဲကို ပြုတ်ကျသွားရင် မင်း သတိထားမိလိုက်မှာမဟုတ်ဘူး”
ကုနင်းသည် မည်သည့်ကျောက်စိမ်းပုတီးလက်ကောက်ကိုမျှ မတွေ့ခဲ့ရသော်လည်း သူမသည် လက်ကောက်ကို တွေ့ခဲ့သလိုပြောလိုက်သည်။
သူမသည် ကြင်နာတတ်သူမဟုတ်သော်လည်း ၎င်းတို့နှင့် ငြင်းခုံရန် သူမအတွက် မလိုအပ်ပါ။ အထူးသဖြင့် လက်ရှိအခြေအနေမှာ ဘယ်လိုမှ ပြေလည်မှာ မဟုတ်ပါ။ ဘယ်သူမှ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားရတာလည်းမဟုတ်ပေ။
“ဟုတ်တယ်၊ သက်သေမပြနိုင်ပဲ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးတာ ကောင်းတဲ့လုပ်ရပ်မဟုတ်ဘူး မင်း သေသေချာချာ ရှာပြီးပြီလား" လူငယ်လေးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဒါဟာ ပထမဆုံးအကြိမ် လူသိရှင်ကြား အရှက်ခွဲခံရတာဖြစ်ပြီး တော်တော်စိတ်ပျက်စရာကောင်းပါသည်။
သူသည် သူ့ဆရာ၏စကားကို စိတ်ထဲ၌ မှတ်သားထား၍ သေမျိုးလောက၌ သတ္တဝါတို့နှင့် ရန်ဖြစ်ခြင်းမှ ရှောင်ကြဉ်ပေသည်။ သူသည် ၎င်းတို့အား ထိခိုက်နာကျင်စေခြင်း သို့မဟုတ် သူ၏အစစ်အမှန်အထောက်အထားကို ထုတ်ဖော်ပြသခြင်းမပြုလိုသောကြောင့် သူ၏မှော်ပညာစွမ်းရည်ကို အသုံးမချရဲခြင်းသာဖြစ်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၁၅ မင်းကို တစ်ခုလောက်မေးပါရစေ
သို့သော် လူနှစ်ဦးသည် ပြင်းထန်လွန်းလှသည်။ မှော်အတတ်ပညာကို အသုံးမပြုလျှင် အနိုင်ရဖို့ မဖြစ်နိုင်ပါ။
ထို့ကြောင့် သူ့တွင် ရွေးချယ်မရှိသောအခါတွင် မှော်အတတ်ပညာကို အသုံးပြုရန် စိတ်အားထက်သန်လာသည်။ ကံကောင်းစွာနဲ့ တစ်စုံတစ်ယောက်က သူ့ကို ကူညီပေးလာခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူ့ကို ကူညီတဲ့ ဒီမိန်းကလေးက အံ့မခန်းပါပဲ။
ထို့ကြောင့် လူငယ်သည် ကုနင်းကို အနည်းငယ် စိတ်ရှုပ်ထွေးစွာနဲ့ စိုက်ကြည့်နေသည်။ ကုနင်းသည် သူ့အကြည့်ကို ခံစားမိသော်လည်း ၎င်းကို ဂရုမစိုက်ပေ။
ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီတို့သည် ကုနင်းက ၎င်းတို့အား ဖြေရှင်းပေးသည်ကို နားလည်သော်လည်း သူမ၏ ရည်ရွယ်ချက်ကို နောက်ထပ် မစဉ်းစားခဲ့ကြပေ။ လူငယ်အတွက် သူမ ကာကွယ်ပေးသည်ဟု မထင်ခဲ့ကြဘဲ ဒီတိုင်း ဖျန်ဖြေလိုခြင်းဟုသာ ထင်ကြသည်။
ကုနင်းက ရောက်လာတဲ့အခါ ခဲတို တိုးယာနဲ့ ကူရာကီ အာခဲမီတို့ဟာ ပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့ တူညီတဲ့ စိတ်ကူးရှိကြသည်။ သူတို့လည်း အချိန်ပိုမဖြုန်းချင်ကြပေ။
ထို့ကြောင့် သူတို့သည် ကုနင်းပေးသော အခွင့်အရေးကို ဆုပ်ကိုင်လိုက်ကြသည်။
သို့သော်လည်း အနီးနားရှိ အလယ်အလတ်မှ ကျောက်စိမ်းပုတီးလက်ကောက်ကို အမှန်တကယ် တွေ့ရှိပါက ၎င်းတို့သည် လူငယ်၏ ဂုဏ်သိက္ခာကို အမှန်တကယ် ထိခိုက်စေခဲ့ကြောင်း သက်သေပြနိုင်သွားမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် လူငယ်နှင့် ဆက်လက်ငြင်းခုံနပေါက ပိုမိုဆိုးရွားသောရလဒ်ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
ရလဒ်အနေဖြင့် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီးနောက်၊ ကူရာကီ အာခဲမီသည် ခဲတို တိုးယာ၏ အချက်ပြမှုအောက်တွင် အနီးနားရှိ အလယ်အလတ်ကို ဟန်ဆောင်ရှာဖွေရန်သွားခဲ့သည်။
အချိန်အတော်ကြာရှာဖွေပြီးနောက် ကူရာကီ အာခဲမီသည် အခြားသူများ၏အမြင်ကို တမင်ပိတ်ဆို့ကာ သူမ၏လက်ကောက်ဝတ်ပေါ်ရှိ ကျောက်စိမ်းပုတီးစေ့ကို မြေပြင်ပေါ်သို့ ပစ်ချပြီးနောက် ၎င်းကို ရှာတွေ့ဟန် ဟန်ဆောင်ခဲ့သည်။
ကုနင်းမှလွဲ၍ ထိုမြင်ကွင်းကို မည်သူမျှ မမြင်လိုက်ပါ။ လူငယ်ကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးကြောင်း ကုနင်းကသိသောကြောင့် မအံ့သြမိပေ။
ကူရာကီ အာခဲမီက သူတို့ဆီ လျှောက်သွားရင်း ကျောက်စိမ်းပုတီးလက်ကောက်ကို ကိုင်ထားပြီး တောင်းပန်သည်။ “တောင်းပန်ပါတယ် အဲဒါကို ဂရုတစိုက်မရှာဘဲ သဘောထားဆိုးနဲ့ မေးမိသွားတယ်။ မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တဲ့အတွက် ငါ့ရဲ့တောင်းပန်မှုကို လက်ခံပေးပါ"
ကူရာကီ အာခဲမီသည် ကျောက်စိမ်းပုတီးလက်ကောက်ကို တွေ့ရှိပြီးသည်နှင့် သူမသည် လူငယ်အား အရှက်မဲ့စွာ တောင်းပန်ခဲ့သည်။ သူမသည် အလွန်ရိုးသားပုံပေါက်ပြီး သူ့ကိုပင် ဦးညွှတ်နေလေသည်။
"တောင်းပန်ပါတယ်" ခဲတို တိုးယာက ဦးမညွှတ်ဘဲ ရိုးရိုးသားသား တောင်းပန်ခဲ့သည်။
သူတို့ဟာ အပေါ်ယံမှာ ရိုးသားပုံပေါက်ပေမယ့် တကယ်တော့ ဒါဟာ လုပ်ရပ်တစ်ခုသာ ဖြစ်ပါသည်။ နောက်ဆုံးတော့ သူတို့ဟာ လူငယ်ကို အကြောင်းပြချက်မရှိဘဲ အရှက်ရစေခဲ့သည်။ သူတို့ ရိုးသားမှု မပြရင် ဒီအဖြစ်အပျက်ကို အဆုံးသတ်ဖို့ ခက်လိမ့်မည်။
ကုနင်းသည် သူတို့သရုပ်ဆောင်ရုံမျှသာဖြစ်သည်ကို သိသော်လည်း အခြားသူများက ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီတို့အား ရိုးသားသည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် လူငယ်သည် ကျောက်စိမ်းပုတီးလက်ကောက်ကို တွေ့ရှိပြီးနောက် ဒူးထောက်ကာ တောင်းပန်ခိုင်းရန် စိတ်ကူးကို စွန့်လွှတ်ခဲ့သည်။ အရင်က ဒီလို ဆဲရေးတာ တစ်ခါမှ မခံရဖူးပေ။ ကျင့်ကြံရေး လောကတွင် ဖြစ်ပျက်ခဲ့မည်ဆိုလျှင် သူသည် ၎င်းတို့အတွက် ကြီးမားသောတန်ဖိုးကို ပေးဆောင်ခိုင်းမည်မှာ သေချာသည်။
သို့သော်လည်း ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီတို့၏ ရိုးသားသော သဘောထားကို မြင်လိုက်ရသဖြင့် ဒူးထောက်၍ တောင်းပန်ခိုင်းရန် အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။
“ကောင်းပြီ ငါ့နာမည် ရှင်းသွားပြီပဲ။ ရပါတယ် မင်းတို့ အခုသွားလို့ရပါပြီ" လူငယ်က သူ့လက်ကို ဝှေ့ယမ်းပြီး သွားခိုင်းလိုက်သည်။
"ခွင့်လွှတ်ပေးလို့ ကျေးဇူးတင်ပါတယ်" ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီက သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။
ထို့နောက် ကြည့်ရှုသူအားလုံး လူစုခွဲသွားကြသည်။ ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီ ထွက်သွားသည်ကိုမြင်တော့ ကုနင်းလည်း လှည့်ထွက်သွားသည်။
သို့သော် ဆယ်ကျော်သက်က သူမကို ချက်ချင်းတားလိုက်သည်။ “မစ္စ ခဏစောင့်ပါဦး”
"ငါ ဘာကူညီပေးရမလဲ?" ကုနင်းက မေးသည်။
"ငါ့ကိုကူညီပေးတာကျေးဇူးတင်ပါတယ်။ ထမင်း၀ယ်ကျွေးလို့ရမလား" ထိုလူငယ်က မျှော်လင့်ချက်ကြီးစွာဖြင့် မေးလိုက်သည်။ ကုနင်းကို ကျေးဇူးတင်ချင်လို့ဖြစ်ပြီး သူ့ကို စိတ်ဝင်စားတာကြောင့် ထမင်းစားဖို့ ဖိတ်ခေါ်ခဲ့တာပါ။ သူ့မှာ မကောင်းတဲ့ အကြံအစည် မရှိပါဘူး။
“ဒါက ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး။ မင်းငါ့ကိုကျေးဇူးတင်စရာ မလိုဘူး။ ထမင်းစားဖို့ မလိုဘူးလို့ ထင်ပါတယ်။ ငါ့မိသားစုက အိမ်မှာထမင်းစားဖို့စောင့်နေတယ်" ကုနင်းက ငြင်းသည်။
“အိုး ကောင်းပြီ” သူမပြောကတည်းက လူငယ်က အတင်းအကြပ်မတိုက်တွန်းခဲ့ပေမယ့် သူအရမ်းစိတ်ပျက်သွားသည်။ နောက်တော့ သူက စပ်စုစွာနဲ့မေးလိုက်သည်။ “ဒါနဲ့ မင်းရောက်လာတော့ လူ ၂ ယောက်က ဘာလို့ ရပ်သွားတာလဲ။ စောစောက ဘယ်လိုရှင်းပြရှင်းပြ ငါ့ကို မယုံကြဘူး”
ကုနင်းသည် သူတို့နှင့် တအုပ်စုတည်းဖြစ်ကာ သူ့အားတမင်တကာ ဒုက္ခပေးတာဟု သူမထင်မိပေ။ သူ့မှာ သူတို့လိုချင်တာ ဘာမှမရှိဘူးလေ။
"ဘာလို့လဲဆိုတော့ ငါက သူတို့နှစ်ယောက်လုံးကို နိုင်ခဲ့ဖူးတယ်။ ငါနဲ့ ဆက်တိုက်ရင် သူတို့ ဘာရမယ်ထင်လို့လဲ” ကုနင်းက မေးသည်။
"ဘာ? နှစ်ယောက်စလုံးကို အနိုင်ယူဖူးတာလား။ မင်းသူတို့ထက် သန်မာတယ်ဆိုတာ ငါမယုံနိုင်ဘူး!" လူငယ်က အံ့သြစွာပြောသည်။
သူသည် မြင့်မားသောအဆင့်မဟုတ်သော်လည်း သူနှင့်ရွယ်တူများကြားတွင် ထူးချွန်သူဖြစ်သည်။ မှော်အတတ်ပညာမရှိရင်တောင် အားမနည်းပေမယ့် ထိုသေမျိုး၂ ယောက်ကို အနိုင်မယူနိုင်သေးပါ။
တစ်ယောက်ကို အနိုင်ယူဖို့က သူ့အတွက် ပြဿနာမရရှိပေမယ့် အံ့သြစရာကောင်းစွာနဲ့ ဒီ အသက် 20 လောက်ရှိတဲ့ ဒီမိန်းကလေးက သူတို့နှစ်ယောက်လုံးကို အနိုင်ယူနိုင်ခဲ့တယ်တဲ့။ ဆိုလိုတာက သူမက သူ့ထက် အများကြီး ပိုသန်မာနိုင်တယ်!
"မင်း မြို့တော်မှာနေတာ မဟုတ်ဘူးမလား" ကုနင်းသည် ကျင့်ကြံရေးလောကမှ ကျင့်ကြံသူဖြစ်ကြောင်း သူမသိသောကြောင့် သေချာအောင်မေးလိုက်သည်။
"မင်းဘယ်လိုသိတာလဲ?" လူငယ်က အံ့သြသွားပြန်သည်။ “ဟုတ်ပါတယ် ကျွန်တော် မြို့တော်မှာ မနပေါဘူး။ ဆွေမျိုးတွေဆီ အလည်လာတာ။ သူတို့က ဒီ အနီးအနားမှာ နေကြတယ်လေ”
“မြို့တော်က အပေါ်ယံကြည့်ရင် အေးချမ်းပုံရပေမယ့် တကယ်တော့ လူအမျိုးမျိုးရှိတယ်။ တခြားသူတွေနဲ့ ရန်မဖြစ်တာ အကောင်းဆုံးပဲ။ ပြဿနာတွေကို တတ်နိုင်သမျှ ပြေလည်အောင် ကြိုးစားပါ၊ ဒါမှမဟုတ်ရင် ရဲကို အကူအညီတောင်းပါ” ဟု ကုနင်းက ဆိုသည်။
အမှန်တော့ လူငယ်သည် အခြားသူများနှင့် ပဋိပက္ခများတွင် မှော်အတတ်ပညာကို အတင်းအကျပ်သုံးခိုင်းပါက လူငယ်သည် ၎င်း၏အစစ်အမှန်အထောက်အထားကို ထုတ်ဖော်မိမည်ကို သူမစိုးရိမ်နေသည်။ ထို့အပြင် လူငယ်သည် အနည်းငယ် စိတ်မြန်သည်ကို သူမ,မြင်နိုင်သောကြောင့် သတိထားရန် ကြင်နာစွာ သတိပေးခဲ့သည်။
တကယ်တော့ သည်းခံခြင်းသည် ပြဿနာတိုင်းကို မဖြေရှင်းနိုင်ပါ။ ဥပမာအားဖြင့် ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီတို့သည် ယနေ့ လူငယ်ကို တမင်ဒုက္ခပေးရန် ရည်ရွယ်သည်။ သူ့ခန္ဓာကိုယ်ကို ရှာဖွေခွင့်ပြုလိုက်ရငိတောင်မှ သူ့အဝတ်ထဲမှာ ပစ္စည်းကိုဖွက်ပြီး သူ့ခန္ဓာကိုယ်ကနေ တွေ့ရှိတယ်လို့ ပြောနိုင်တဲ့အတွက် ရန်ပွဲက ရှောင်လွှဲလို့ ရမှာမဟုတ်ပါ။
အဲဒီအခါမှာ သူတို့နဲ့ ရန်ဖြစ်မယ့်အစား ရဲကို ခေါ်သင့်သည်။ ရဲများသည် အကူအညီမဖြစ်နိုင်သော်လည်း တစ်ခါတစ်ရံတွင် ၎င်းသည် သူ့အသက်ကို ကယ်တင်နိုင်သည်။
ရဲတွေကတောင် သူ့ကို မကူညီနိုင်ပါက သူမှာ အဆက်အသွယ်မရှိလျှင် ရလဒ်ကို လက်ခံရလိမ့်မည်။
“ဟုတ်ပါတယ် ငါသိပါပြီ” လူငယ်လေးသည် ကုနင်း၏ကြင်နာမှုအတွက် ကျေးဇူးတင်မိသည်။ သူမရဲ့ အလှကိုလည်း လေးလေးနက်နက် စွဲမှတ်ထားသည်။
"ကောင်းပါပြီ" ကုနင်းက ပြောသည်။
"ခဏစောင့်ပါဦး" ဆယ်ကျော်သက်ကလေးက ချက်ချင်းေခါ်ပြီး “မစ္စ မင်းနာမည်ကို သိနိုင်မလား။ ကျွန်တော့်နာမည်က မော့ချီလင်ပါ"
“ကုနင်းပါ” ဟု ကုနင်းက ပြောသည်။
"မင်းဖုန်းနံပါတ်ရနိုင်မလား? နည်းနည်းရိုင်းတယ်ဆိုပေမယ့် မင်းငါ့ကို အံ့အားသင့်စေခဲ့ပြီး ငါတို့သူငယ်ချင်းတွေဖြစ်နိုင်မယ်လို့ ငါတကယ်မျှော်လင့်ပါတယ်" ဟုမော့ချီလင်က အနည်းငယ်ရှက်ရွံ့စွာပြောသည်။ ဒါသူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်လို့ နည်းနည်းရိုင်းပေသည်။ သို့သော် သူမနှင့် ခင်မင်ရင်းနှီးချင်ခဲ့သည်။ အဲဒါကြောင့်ပါပဲ။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၁၆ သူတို့ကို ခေတ္တအေးခဲခြင်း
“ရတာပေါ့” ကုနင်းက မငြင်းပါ။ ကျင့်ကြံရေးလောကမှာ မော့ချီလင်က ဘယ်မိသားစုကလဲဆိုတာ သူမမသိပေမယ့် သူမကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွက်ချက်မရှိလောက်ပါ။ ထို့အပြင် သူမသည် သူတို့၏ပထမဆုံးတွေ့ဆုံမှုမှာ သူ့အပေါ် ကောင်းသော အမြင်ရှိပြီး သူနှင့်မိတ်ဆွေဖွဲ့ခြင်းမှာ ကြီးကြီးမားမားကိစ္စမဟုတ်ပေ။
တကယ်တော့ ကျင့်ကြံသူတိုင်းက သူမကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားကြတာ မဟုတ်ပါ။ ဥပမာအားဖြင့် ပိုင်လီကျုံးယန်နှင့် သူ၏ညီမငယ်တို့သည် မကောင်းသောရည်ရွယ်ချက်မရှိဘဲ သူမနှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန် မျှော်လင့်သောကြောင့် သူမနှင့် အချိန်ဖြုန်းရန် ဆန္ဒရှိခဲ့သည်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပေါင်းသင်းကြမလဲဆိုတဲ့ သူမအပေါ်မှာ မူတည်ပေသည်။
ကုနင်းက သူမရဲ့ နာမည်ကတ်ကို ထုတ်ပြီး မော့ချီလင် ကို ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်” မော့ချီလင် သည် ချက်ခြင်း စိတ်လှုပ်ရှားမှုပြပြီး သူမ၏ နာမည်ကတ်ကို ယူလိုက်သည်။ “ကျွန်တော့်မှာ နာမည်ကတ်တော့ မရှိဘူး။ ငါ မင်းကို နောက်မှ မက်ဆေ့ပို့လိုက်မယ်"
“ရပါတယ်” ဟု ကုနင်းက ပြောသည်။ ထို့နောက် ကြာကြာမနေတော့ပဲ ထွက်သွားတော့သည်။
မော့ချီလင်သည် ကုနင်း၏ကားကို သူ့အမြင်မှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။
…
ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီတို့သည် ထွက်ခွာသွားသောအခါ စိတ်ဆိုးနေခဲ့သည်။ သူတို့သည် လူငယ်က အမှန်တကယ် ကျင့်ကြံသူ ဟုတ်မဟုတ်သိချင်မိသည်။
သူတို့ ခဏလောက်သာ ထွက်သွားဖို့ စိတ်ကူးထားပြီးကုနင်းက လူငယ်နားက ထွက်သွားတဲ့အခါမှ ပြန်သွားဖို့ လုပ်ထားပေမယ့် သေသေချာချာ စဉ်းစားပြီးမှ ဒါဟာ ကောင်းတဲ့ အကြံမဟုတ်ဘူးလို့ သူတို့ ထင်သည်။ အကယ်၍ သူတို့ပြန်သွားပါက ၎င်းတို့သည် လူငယ်ကို တမင်တကာ ဒုက္ခပေးကြောင်း သက်သေပြသွားနိုင်သည်။
ထိုအခြေအနေမျိုးတွင် ၎င်းတို့၏ ရည်ရွယ်ချက်ကို ဖော်ထုတ်သွားနိုင်မည်ဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်များက ၎င်းတို့ကို တွေ့ရှိပါက သူတို့ ပြဿနာတက်နိုင်မည်ဖြစ်သည်။
အရာအားလုံးအတွက် ကုနင်းကို အပြစ်တင်မိကြသည်။ သူမကြောင့်သာ မဟုတ်ရင် ထိုလူငယ်သည် အမှန်တကယ် ကျင့်ကြံသူဟုတ်မဟုတ် သူတို့သိနိုင်ကြမည်။ တကယ်တော့ သူတို့မှာ သူ့ကို နာကျင်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိကြပါ။ သူ့ကို နာကျင်အောင် လုပ်မယ် ဆိုရင်တောင် လူရှေ့သူရှေ့မှာ လုပ်မှာ မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ကုနင်းကို အပြစ်တင်ကြသော်လည်း ၎င်းတို့သည် သူမနှင့် မယှဥ်နိုင်သောကြောင့် အသုံးမဝင်ပေ။ ကုနင်းကို ပြန်ပေးဆပ်ခိုင်းရုံနဲ့ သူတို့ရဲ့ အစစ်အမှန်အထောက်အထားကို ဖော်ထုတ်မိသွားလို့မဖြစ်ပါ။ ထို့ကြောင့် သူတို့သည် အချိန်အတိုင်းအတာတစ်ခုအထိ လက်လျော့လိုက်ရသည်။
လမ်းက မတော်တဆမှုကြောင့် ကုနင်းသည် စစ်ဟယ်ယွမ်သို့ ညနေ 6:30 နာရီအထိ ရောက်မလာသေးပေ။ ကုနင်းက ရှန်းကွမ်းယန်ကို ဖုန်းဆက်ပြီး သူမ မရောက်ခင် ထမင်းစားနှင့်ဖို့ ပြောခဲ့ပေမယ့် ရှန်းကွမ်းယန်က သူမကို စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။ စောနေသေးသည်။ သူတို့ ဗိုက်မဆာသေးပေ။ ည ၇ နာရီမှာ စားလို့ရသည်။
ထို့ကြောင့် ကုနင်းရောက်လာပြီးနောက် အတူတူထမင်းစားကြသည်။
ထမင်းစားနေစဉ်တွင် ကုနင်းသည် ရှန်းကွမ်းယန်နှင့် ကျင်းယွင်ယောင်တို့အား စောစောက ကြုံတွေ့ခဲ့ရသည့်အရာများကို ပြောပြသည်။ သူ့အကြောင်းကိုကြားပြီးနောက် နှစ်ယောက်စလုံး မျက်မှောင်ကြုတ်သွားကြသည်။
“နင်ဂျာနှစ်ယောက်က မော့ချီလင်နဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အရာကို တွေ့ခဲ့တာနေမယ်။ အဲဒါက သူတို့ရဲ့ စူးစမ်းချင်စိတ်ကို နှိုးဆွပေးပေမယ့် သူတို့ သေချာမသိလို့ သူ့ရဲ့ အရည်အချင်းကို စမ်းသပ်ဖို့ ကြိုးစားခဲ့တာ” ဟု ရှန်းကွမ်းယန်က ပြောသည်။
“ဒီတစ်ကြိမ် မင်း သူတို့ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပေမဲ့ သူတို့ ပြန်ဆုံနိုင်သေးတယ်” ဟု ကျင်းယွင်ယောင်က စိုးရိမ်စိတ်ဖြင့် ပြောသည်။
ကျင်းယွင်ယောင်သည် လူ့အဖွဲ့အစည်း၏ လုံခြုံရေးကို သိပ်ဂရုမစိုက်သော်လည်း လင်ရှောင်းထင်က ၎င်းကို ယခုအချိန်တွင် တာဝန်ယူထားသောကြောင့် လင်ရှောင်းထင်ကို ဒုက္ခဖြစ်စေမည်ကို သူမ စိုးရိမ်နေခဲ့သည်။
“အင်း အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မ လုပ်နိုင်တာ ဘာမှမရှိဘူးလို့ ထင်တာပဲ။ ကျွန်မတို့ လုပ်နိုင်တာဆိုလို့ အနာဂါတ်မှာ ဘာပဲဖြစ်လာဖြစ်လာ ပြဿနာတွေကို ဖြေရှင်းဖို့ အစွမ်းကုန် လုပ်နိုင်တာပဲရှိတော့တာ။ ခဲတို တိုးယာနဲ့ ကူရာကီ အာခဲမီတို့က အခု မြို့တော်မှာ ရှိနေတာ။ သူတို့ဟာ ကျင့်ကြံသူတွေဆီ အနှေးနဲ့အမြန်ဆိုသလို တွေ့သွားနိုင်မှာမို့လို့ ကျွန်မတို့ သူတို့လျှောက်မသွားနေအောင် တားဖို့ပဲရှိတော့တယ်” ဟု ကုနင်းက ဆိုသည်။ သူမသည် နင်ဂျာများကို ဖြေရှင်းရန် အကြံတစ်ခုရှိသည်။
"ဘာလုပ်ဖို့ စီစဉ်ထားလဲ" ရှန်းကွမ်းယန်နှင့် ကျင်းယွင်ယောင်တို့က တညီတညွတ်တည်း မေးလိုက်သည်။
“သူတို့က Rနိုင်ငံက သူလျှိုတွေဖြစ်ပေမဲ့ အကြောင်းပြချက်မရှိဘဲ သတ်လို့မရဘူး။ ကျွန်မသူတို့ရဲ့ခန္ဓာကိုယ်ကို အေးခဲစေပြီး သူတို့ကို ဆေးရုံမှာ ရက်အနည်းငယ်ကြာ အိပ်အောင်လုပ်လို့ရတယ်။ အနည်းဆုံးတော့ သူတို့ ကျွန်မတို့မြို့တော်မှာ မရှိတဲ့အချိန်အတွင်း ကျင့်ကြံသူတွေကို ဆက်ရှာလို့မရနိုင်တော့ဘူးပေါ့” ဟုကုနင်းက ဆိုသည်။
သူတို့ကြားတွင် အာဃာတမရှိသော်လည်း သူတို့သည် Rနိုင်ငံမှ သူလျှိုများပင်။ ကုနင်းက သူတို့ကို မသတ်ခဲ့ရင်တောင် သူမ သူတို့ကို ဒုက္ခပေးမှာ သေချာပါသည်။
"ဒါ အကြံကောင်းပဲလို့ ထင်တယ်" ရှန်းကွမ်းယန်က ချက်ချင်း သဘောတူလိုက်သည်။
"ဟုတ်တယ်" ကျင်းယွင်ယောင်လည်း သဘောတူသည်။ သူလျှိုတွေကို လှုပ်ရှားမှုတွေ မလုပ်နိုင်အောင် တားနိုင်တာက ကောင်းပေသည်။
“ကျွန်မရဲ့လက်အောက်ငယ်သားကို သူတို့ဘယ်မှာနေတယ်ဆိုတာ စုံစမ်းဖို့ ပြောပြလိုက်မယ်။ ကျွန်မစားပြီးတာနဲ့ လှုပ်ရှားလိုက်တော့မယ်” ဟု ကုနင်းကပြောပြီး သူမသည် K ကို ချက်ချင်းဖုန်းဆက်ကာ မတော်တဆမှုဖြစ်ပွားခဲ့သည့် လမ်း၏အပိုင်းကို ပြောပြခဲ့သည်။ ထို့နောက်တွင် ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီတို့သည် စောင့်ကြည့်ကင်မရာများမှတစ်ဆင့် ဘယ်ကိုသွားသည်ကို ခြေရာခံရန် K ကို ပြောခဲ့သည်။
"ငါကူညီပေးရမလား?" ကျင်းယွင်ယောင်က မေးသည်။ ကုနင်းက ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတာ သူမသိပေမယ့် သူမစိုးရိမ်စိတ်နဲ့ မေးလိုက်သည်။
"မလိုပါဘူး ကျွန်မဖြေရှင်းနိုင်ပါတယ်။ လွယ်ပါတယ်” ကုနင်းက ငြင်းသည်။ “အခု မြို့တော်မှာ ကျင့်ကြံသူတွေ ပိုပိုများလာတယ်။ အဲ့တာကြောင့် အမေသတိထားရမယ်"
ကျင်းယွင်ယောင်က အားမနည်းသော်လည်း ကုနင်းက သူမကိုသတိထားရန် သတိပေးနေသေးသည်။
10 မိနစ်အကြာတွင် K သည် ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီတို့သည် XX စားသောက်ဆိုင်သို့ထွက်ခွာသွားကြောင်းကို ကုနင်းသို့ပြောကြားခဲ့သည်။ သူတို့သည် ယခုအချိန်တွင် အမှတ် ၃၃၃ သီးသန့်ခန်းတွင် ထမင်းစားနေသည်။ သူတို့အပြင် အခန်းထဲမှာ အခြားလူငယ် နှစ်ယောက်လည်း ရှိသေးသည်။
ကုနင်းထမင်းစားပြီးသည်နှင့် သူမ မက်ဆေ့ချ်ရလိုက်ကာ သူမ စတင်လှုပ်ရှားတော့သည်။ သူတို့ကို ဆက်စောင့်ကြည့်ဖို့ K ကို ပြောလိုက်သည်။ သူတို့ထွက်သွားတာနဲ့ သူမကို အသိပေးရမည်။
K ကို သူမ ရပ်ဖို့ ပြောတဲ့အခါ သူတို့ကို ကြည့်နေတာကို ရပ်လိုက်လိမ့်မည်။
ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီတို့သည် ယနေ့ သူမ၏ကားကို မြင်ဖူးသောကြောင့် သူမကို တွေ့သွားမည်ဆိုး၍ ရှန်းကွမ်းယန်၏ သီးသန့်ကားကို မောင်းနှင်ခဲ့သည်။ ဒါ့အပြင် ကုနင်းက သူတို့မမှတ်မိနိုင်အောင် သူမရဲ့အဝတ်အစားတွေကို ပြောင်းလဲပြီး ဘေ့စ်ဘောဦးထုပ်စောင်းကာ နေကာမျက်မှန် ဝတ်ဆင်လိုက်သည်။
သူတို့အားလုံး အရှေ့ပိုင်းခရိုင်တွင်ရှိသောကြောင့် ကြနင်းသည် XX စားသောက်ဆိုင်သို့ မိနစ် 20 ခန့်အကြာတွင်ရောက်ရှိခဲ့သည်။
ကုနင်းရောက်သွားချိန်မှာတော့ K က သူတို့ ထွက်သွားကြောင်း သူမကို မပြောသေးတဲ့အတွက် ဆိုလိုတာကတော့ သူတို့အခန်းထဲမှာ ရှိနေဆဲပါ။
ကုနင်းက K ကို သေချာအောင်ဖုန်းဆက်ပြီး K အားသူတို့ကိုကြည့်နေတာကို ရပ်ဖို့ ပြောလိုက်သည်။
K သည် ကုနင်းဘာလုပ်မည်ကို ထပ်မမေးတော့ပါ။
ကုနင်းသည် စားသောက်ဆိုင်အပြင်ဘက်ရှိ ကားပါကင်တွင် ကားကိုရပ်လိုက်သော်လည်း အချိန်အတော်ကြာအောင် စောင့်ရန် ဆုံးဖြတ်ထားသောကြောင့် ကားထဲမှ ထွက်မလာသေးပေ။
ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီတို့ ရှိနေသည့် သီးသန့်ခန်းအပြင်ဘက်တွင် တိတ်တဆိတ် နံရံကို ခဏမျှပင် စိုက်ကြည့်ပါက စားပွဲထိုးများသည် တစ်စုံတစ်ရာ မမှန်သည်ကို သတိထားမိကာ မလိုအပ်လားဘဲ ပြဿနာဖြစ်စေနိုင်မည်ဖြစ်သည်။
ထို့အပြင် သီးသန့်ခန်းထဲတွင် အခြားလူများရှိပြီး မှော်စွမ်းအားကို လွှတ်လိုက်ကာ ပျံ့နှံ့သွားပါက အပြစ်မဲ့သူများလည်း ထိခိုက်ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ထွက်သွားပြီးနောက်တွင် ပိုမိုကောင်းမွန်သော အရေးယူဆောင်ရွက်မှုလုပ်ရန် စောင့်ဆိုင်းခဲ့သည်။
ကုနင်းသည် သူတို့ဓာတ်လှေကားဖြင့် မြေအောက်ကားပါကင်သို့ တိုက်ရိုက်သွားမည်ဆိုး၍ အတွင်းပိုင်းကို ကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်၀န်းကို အသုံးပြုခဲ့သည်။
မိနစ် 20 လောက်ကြာတော့ ခဲတို တိုးယာနဲ့ ကူရာကီ အာခဲမီ ထွက်လာသည်။
စားသောက်ဆိုင်အဝင်ဝမှာ ခဏတာ သူတို့အဖော်တွေနဲ့ စကားပြောပြီး တစ်ယောက်ကိုတစ်ယောက် လက်ပြနှုတ်ဆက်ကြသည်။ သူတို့နှစ်ဦးသည် အခြားဦးတည်ရာဆီသို့ လျှောက်သွားခဲ့ကြပြီး တိုက်ဆိုင်စွာပင် ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီသည် ကုနင်းဆီသို့ လျှောက်လာခဲ့သည်။
သူတို့ရဲ့ မျက်လုံးကက သူမဆီ ရောက်မနေဘဲ သူမရဲ့ ဦးတည်ရာကို လျှောက်လှမ်းနေတာဖြစ်တဲ့အတွက် ကုနင်းက သူမကို မြင်သွားတယ်လို့ မထင်ပေ။ သူတို့ကားကို ဒီနေရာမှာ ရပ်ထားရမယ်လို့ ထင်မိသည်။