အခန်း (၁၃၁-၁၃၅)
Vol. 9 Ch. 131-135
အခန်း ၁၃၁ ငါတို့ဘော့စ်ဘက်က ရပ်တည်မယ်.
"မဟုတ်ဘူး, အဲ့ဒါငါမဟုတ်ဘူး. ငါမဟုတ်ဘူးလို့! ဒါလုပ်ကြံထားတာ!" ကုရှောင်ရှောင် ရုတ်တရက် ထငြင်းလိုက်တယ်. ဒါလုံးဝသူမလက်ခံလိုက်လို့မဖြစ်ဘူး. သူမလက်ခံလိုက်တာနဲ သူမအကြံအစည်တွေအကုန် ပျက်စီးသွားမှာ.
သူမငြင်းနေရင်တောင်မှာ သူမမျက်နှာအမူအရာတွေက သူမကို သစ္စာဖောက်နေတဲ့အချိန် အသံတစ်သံကထွက်ပေါ်လာတယ်.
"ထပ်ပြော. ငါ့ကို ထိခိုက်အောင် ဘယ်သူလုပ်ခိုင်းတာလဲ? ဘာလို့ဒီလိုလုပ်ခိုင်းတာတဲ့လဲ? ပြီးတော့ ငါ့ကိုဘယ်လိုလုပ်လိုက်ဖို့ သူပြောလဲ?"
ထိုအမျိုးသမီးအသံက ကုနင်းအသံမှန်း သူတို့အားလုံး သိကြတယ်.
ထို့နောက် အမျိုးသားသံတစ်သံက "ငါ..."
ခနလောက်နေပြီး မှ ထိုအမျိုးသားက ဆက်ပြီး,
"ကုရှောင်ရှောင် ခိုင်းတာပါ. သူ ငါ့ကိုဖုန်းခေါ်ပြီး မင်းကို ရိုက်ခိုင်းတယ်. ပြီးတော့ မင်းကို အဓမ္မပြုကျင့်ဖို့လဲပြောတယ်."
ထိုစကားကိုကြားတော့ လူတိုင်း ကုရှောင်ရှောင်ကို ကြောက်ရွံ့ထိတ်လန့်စွာကြည့်လိုက်ကြတယ်. သူမက ဒီလိုမကောင်းဆိုးဝါးဆန်ဆန်လူတစ်ယောက်ဖြစ်နေတာသိလိုက်ရ၍ အားလုံးအံ့အားသင့်ကုန်ကြတယ်.
ချင်ကျန်းကလဲ လင်းယွဲ့ဟောင်က ကုရှောင်ရှောင်ရဲ့ ဝမ်းကွဲအစ်ကိုမှန်းသိတယ်. ဒါကြောင့် သူ့အသံကိုကြားလိုက်တာနဲ့ လင်းယွဲ့ဟောင်မှန်းတန်းသိလိုက်တယ်.
ထို့နောက် သူဗီဒီယိုကိုလှမ်းကြည့်လိုက်တော့ သူ့အထင်မှန်နေတယ်.
"မဟုတ်ဘူး, အဲ့ဒါငါမဟုတ်ဘူး. ငါမဟုတ်ဘူးလို့! ဒါလုပ်ကြံထားတာ!" ကုရှောင်ရှောင် ဆက်ငြင်းနေလိုက်တယ်.
တခြားလူတွေက နည်းနည်းသံသယဝင်နေကြပေမယ့် ချင်ကျန်းကတော့ ကုရှောင်ရှောင်ရဲ့ဝမ်းကွဲက သူမကို သစ္စာဖောက်သွားတာပိုဖြစ်နိုင်မှန်း သိပါတယ်.
ဒါ့အပြင် ကုရှောင်ရှောင်ရဲ့ အခုလို ထိန်းမရအောင်ကြောက်လန့်နေတဲ့ပုံစံကြောင့် လူအများစုကစတင်ပြီး ထိုကိစ္စတွေအားလုံးရဲ့နောက်ကွယ်က ထိန်းချုပ်နေသူက သူဖြစ်နိုင်တဲ့အချက်ကို လျစ်လျူရှုထား၍မရသလို စတင်ပြီးလဲယုံကြည်လာကြတယ်.
တစ်ချိန်တည်းမှာပဲ ရှောင်ဖေးဖေးနဲ့ ချန်းကျီယောင်တို့လဲ ထိုသတင်းကိုကြားခဲ့ကြတယ်. ကုနင်းဘာထိခိုက်မှုမှမရှိသွား၍ သူတို့စိတ်ပျက်နေကြသော်လည်း ချင်ဂိုဏ်းနှင့် ကုနင်း ရန်ငြှိုးဖွဲ့မိသွားပြီဖြစ်တာကြောင့် ဝမ်းသာနေကြတယ်.
ကုနင်းက အခုဆို ကုရှောင်ရှောင်ကို အလွတ်ပေးတော့မှာမဟုတ်မှန်း ချန်းကျီယောင်သိတာကြောင့် အခုချိန်မှာ ကုရှောင်ရှောင်နှင့် တပူးတတွဲတွဲမနေရဲတော့ပါဘူး.
ချုးဖေ့ဟန်, မုခယ်နှင့် ကျန်တဲ့သူတွေကလဲ သူတို့လေ့ကျင့်မှုပြီးတော့ အတန်းကိုပြန်လာခဲ့ကြတယ်.
ထိုလမ်းမှာ ဟောင်ရန်က သူ့ဖုန်းက သတိပေးချက်မြင်တာကြောင့် အင်တာနက်ပေါ်က ဗီဒီယိုတွေကို ဖွင့်ကြည့်မိလိုက်တယ်.
"WTF! ကုရှောင်ရှောင်ကများ ချင်ဂိုဏ်းနဲ့ ပေါင်းပြီး ငါတို့ဘော့စ်ကို ထိခိုက်အောင်လုပ်ရဲတယ်လား?"
"ဘာ? ကုရှောင်ရှောင်က ချင်ဂိုဏ်းအကူအညီနဲ့ ဘော့စ်ကို ထိခိုက်အောင်လုပ်တယ်?"
ထိုသတင်းကိုကြားတော့ သူတို့အံ့ဩသွားကြတယ်. ပြီးတော့ ချက်ချင်ပဲစုလိုက်ကြကာ ဟောင်ရန်နှင့်အတူ ဗီဒီယိုကို ဝိုင်းကြည့်လိုက်တယ်.
ထိုဗီဒီယိုတွေကို မြင်ရတော့ ဘယ်သူမှကျေနပ်မနေနိုင်ကြပါဘူး. တချို့ကတော့ ချင်ဂိုဏ်းကိုကြောက်နေပြီး တစ်ချို့ကတော့ ကုရှောင်ရှောင် ကုနင်းအပေါ်လုပ်ခဲ့တာတွေအတွက် စိတ်တိုနေကြပါတယ်.
ချူးဖေ့ဟန်ကတော့ အရမ်းကို စိတ်တိုနေပါတယ်. ချင်ဂိုဏ်းက ခွန်အားကြီးပြီး စွမ်းတယ်ဆိုရင်တောင် အဖွဲ့ဝင်တွေကို ဒီလိုမကောင်းတဲ့အလုပ်တွေလုပ်ဖို့ခွင့်မပြုထားပါဘူး. ဒါပေမယ့် တချို့ အရှက်မဲ့တဲ့ လူဆိုးတွေကတော့ တိုးတိုးတိတ်တိတ်နဲ့လုပ်ကိုင်နေကြပါသေးတယ်. ပြီးတော့ သူတို့ပစ်မှတ်က ကုနင်းဖြစ်နေတာကြောင့် ချူးဖေ့ဟန်လုံးဝလက်မခံနိုင်ပါဘူး.
ချူးဖေ့ဟန် ချက်ချင်းပဲ သူအစ်ကိုကြီးထံ ထိုဗီဒီယိုကိုပို့လိုက်ပြီး တစ်ခုခုလုပ်ပေးရန်ပြောလိုက်တယ်. ချူးရွှမ်ဖန်က စစ်ထူယဲ့ဘေးက အရေးကြီးပုံရိပ်ရှိတဲ့လူဖြစ်တယ်. သူက ချင်ဂိုဏ်းရဲ့ အဓိက အချက်အလက်စင်တာဖြစ်တဲ့ ကျူးချဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တယ်.
သူတို့အားလုံး စိတ်တိုနေတာတောင်မှ ကုနင်း ဒီလူတွေကို လွယ်လွယ်လေးအလဲထိုးနိုင်ခဲ့တာကိုမြင်ပြီး အလွန်အံ့အားသင့်ပြီး စိတ်လှုပ်ရှားနေကြတယ်.
အားလုံးစိတ်ထဲမှာ တူညီတဲ့အတွေးတစ်မျိုးပေါ်လာခဲ့တယ်.
"ငါတို့ဘော့စ်ဘက်က ရပ်တည်ကြမယ်!" ဟောင်ရန်က အရင်ပြောလိုက်တယ်.
"ဟုတ်တယ်!" ကျန်တဲ့လူတွေက ဝိုင်းထောက်ခံကြတယ်.
မကြာခင်မှာပဲ သူတို့ သင်ကြားရေးအဆောင်ဆီရောက်သွားခဲ့တယ်. ကုရှောင်ရှောင် အပြစ်ကင်းတယ် မကင်းဘူးကို သူတို့ သံသယမဝင်ပါဘူး. ဘာလို့ဆို ကုနင်းဒီဗီဒီယိုကို ဖြန့်လိုက်တယ်ဆိုတာ ကုရှောင်ရှောင်ကို လင်းယွဲ့ဟောင် သစ္စာဖောက်ခဲ့တာမှန်း သေချာနေလို့ပဲ. ဒါသာအမှန်မဟုတ်ရင် ကုနင်းလဲ အင်တာနက်ပေါ်ဖြန့်ပစ်လိမ့်မှာမဟုတ်ဘူး.
သူတို့ကုနင်းကို အပြည့်အဝယုံကြည်တယ်. ဒါကြောင့် ကုနင်းအဆင်ပြေနေတာကိုသိတာနဲ့ သူမကိုသွားရှာမနေတော့ဘူး.
သူတို့လျှောက်လှမ်းလာတာကိုမြင်တော့ ကျောင်းသားတွေအကုန်ကြောက်ရွံ့နေကြတယ်.
"မီရှီ, နင်ပြဿနာထဲဝင်မပါချင်ရင် အခန်းထဲသွားနေလိုက်. ငါတို့နင့်ကိုအပြစ်မတင်ပါဘူး." သွားနေရင်းနဲ့ ဟောင်ရန်က ယွီမီရှီကိုပြောလိုက်တယ်.
ယွီမီရှီက သူတို့နဲ့မတူမှန်း သူတို့အားလုံးနားလည်ကြပါတယ်. သူတို့က ပြဿနာတက်မှာမကြောက်ကြပေမယ့် ယွီမီရှီကတော့ အမြဲတမ်းအေးဆေးပြီး တော်တဲ့ကျောင်းသူကောင်းတစ်ယောက်ပါ. ဒါကြောင့်သူတို့လဲ သူမကို ပြဿနာထဲဝင်မရောသွားစေချင်ဘူး.
"ဟုတ်တယ်, မီရှီ, နင်ဒါကိုလုပ်မှဖြစ်မယ်လို မတွေးနေနဲ့." မုခယ်ကလဲ ထပ်ပြောလိုက်တယ်.
"မဟုတ်ဘူး. ငါနင်တို့နဲ့လိုက်မယ်." ယွီမီရှီလဲ ပြဿနာထဲဝင်ပါရမှာ စိုးရိမ်ပေမယ့် သူမသူငယ်ချင်းဘက်က ရပ်တည်ဖို့ စိတ်ကို ပြင်ဆင်ထားလိုက်တယ်. ကုနင်းက သူအပေါ်အရမ်းကောင်းခဲ့တာလေ.
ဒီလိုအချိန်မျိုးရောက်မှ တစ်ကိုယ်ကောင်းမဆန်ချင်ဘူး. သူမက အကူအညီအရမ်းဖြစ်မှာတော့ မဟုတ်ပေမယ့် သူမဘယ်ဘက်ကရပ်တည်နေတည်ဆိုတာလောက်တော့ ဖော်ပြချင်ပါတယ်.
ဟောင်ရန်နဲ့ တခြားလူတွေလဲ အတင်းအကြပ်ပြောမနေတော့ပါဘူး.
ချူးရွှမ်ဖန်ကတော့ မကြာခင်မှာပဲ ချူးဖေ့ဟန်ပို့လိုက်တဲ့ ဗီဒီယိုကိုတွေ့သွားကာ ကုနင်း အရွယ်ရောက်ပြီးသား ယောကျ်ား၄ယောက်ကို အနိုင်ယူလိုက်တာကိုတွေ့ဖူးထားတာကြောင့် ဒီလူဆိုး၅ယောကို အလဲထိုးတာမြင်ရတော့ အရမ်းမအံ့ဩသွားတော့ပါဘူး. ဒါပေမယ့် ထိုလူတွေက ငွေနည်းနည်းလေးလောက်နဲ့ ကုနင်းကို အဓမ္မပြုကျင့်ဖို့ စိတ်ကူးရဲတာကိုတော့ သူအရမ်းစိတ်တိုသွားတယ်. ကံကောင်းသူလို့ သူတို့မအောင်မြင်လိုက်တာ.
ကုနင်းက သန်မာလို့သာ သူတို့ရှုံးနိမ့်သွားခဲ့တာ အကယ်၍ ကုနင်းသာ သာမာန်အားနည်းတဲ့ မိန်းကလေးတစ်ယောက်ဆို ဖျက်စီးခံရပြီးနှင့်ပြီ.
ချူးရွှမ်ဖန်က ကုနင်းအပေါ်ခံစားချက်ကောင်းလေးတွေလဲရှိနေကာ သူ့ညီမရဲ့ ရင်းနှီးတဲ့သူငယ်ချင်းလဲဖြစ်နေသေးတယ်. ချူးဖေ့ဟန် ဒီဗီဒီယိုတွေ သူကိုပို့ပြီး ဖြေရှင်းခိုင်းစေချင်နေတာ. ဒါက ချူးဖေ့ဟန် ဘယ်လောက်တောင်ကုနင်းကို သဘောထားလဲဆိုတာကို ဖော်ပြနေတာပဲ. ဒါကြောင့် ချူးရွှမ်ဖန် ဒီကိစ္စကိုကောင်းကောင်းကြီး ကိုင်တွယ်ပေးမှဖြစ်ပါမယ်.
သေချာပေါက် ကုနင်းကြောင့် ကြီးပဲမဟုတ်ဘဲ ချင်ဂိုဏ်းကို သူလူတွေဘက်ကနေ နာမည်ဖျက်တာမျိုးကို ခွင့်မပြုပေးနိုင်ပါဘူး. ဒီလိုမကောင်းမှုတွေကြီးထွားလာတာနဲ့အမျှ ချင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာတွေပျက်စီးသွားနိုင်၍ ချူးရွှမ်ဖန် ဒီကိစ္စကို လျစ်လျူရှမထားနိုင်ပါဘူး.
အချိန်ဆွဲမနေဘဲ ချူးရွှမ်ဖန် သူ့လူတွေကို စုံစမ်းစစ်ဆေးခိုင်းလိုက်တယ်. ထိုလူဆိုးတွေက အထက်ကဘော့စ်ကဘယ်သူဖြစ်ပြီး ဘာလို့ ချင်ဂိုဏ်းကို နာမည်ပျက်အောင်လုပ်နေတာလဲ သူသိချင်တယ်.
ချင်ဂိုဏ်းမှာက ဂိုဏ်းသားတွေအများကြီးရှိပြီး လူတိုင်းကိုတော့ ချူးရွှမ်ဖန်လဲမသိပါဘူး. သူက ရထူးမြင့်ထဲကလူတွေရယ် စီမံခန့်ခွဲမှုကလူတွေရယ်ပဲရင်းနှီးတာပါ.
တကယ်လို့ သူတို့သာ ချင်ဂိုဏ်းကမဟုတ်ဘဲ မကောင်းမှုလုပ်ဖို့အတွက် ချင်ဂိုဏ်းရဲ့အရှိန်အဝါကို အသုံးချခဲ့တာဆိုရင် သူတို့ကို သေချာပေါက် အပြစ်ပေးမှဖြစ်မယ်. တကယ်လို့ သူတို့က ချင်ဂိုဏ်းကဆိုရင်လဲ စည်းကမ်းမလိုက်နာမှုနဲ့ ချင်ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ အပြစ်ပေးရပါမယ်.
ချူးဖေ့ဟန် ဒီဗီဒီယိုတွေကို WeChatကတစ်ဆင့်ပေးပို့လာကတည်းက ဖုန်းပြန်ခေါ်ဖို့မလိုမှန်း ချူးရွှမ်ဖန်သိတာကြောင့် ဖုန်းပြန်ဆက်မနေတော့ပါဘူး.
အခန်း၁တွင် လူတိုင်းချူးဖေ့ဟန်, ဟောင်ရန်နဲ့ တခြားလူတွေ ဝင်လာတာတွေ့တော့ ထိတ်လန့်ကုန်ကြတယ်.
သူတို့က ကုရှောင်ရှောင်လုပ်ခဲ့တဲ့ ပြဿနာကြောင့်ရောက်လာကြမှန်း သိပြီး ကုနင်းနဲ့လဲ ဆက်ဆံရေးကောင်းတဲ့လူတွေဖြစ်တာကြောင့် ဆိုးရွားတာတွေဖြစ်တော့မယ်မှန်း ကျောင်းသားတွေသိလိုက်ကြပေမယ့် ကုရှောင်ရှောင်ကို မသနားကြပါဘူး.
တချို့ဆို ဝမ်းတောင် ဝမ်းသာနေကြသေးတယ်. အထူးသဖြင့် မိန်းကလေးတွေပေါ့.
ချင်ကျန်းကိုကြိုက်နေတဲ့လူတွေအများကြီးရှိပေမယ့် သူ့ချစ်သူက ကုရှောင်ရှောင်ဖြစ်နေတယ်လေ. ဒါကြောင့် မိန်းကလေးတော်တော်များများက ကုရှောင်ရှောင်ကို မုန်းနေကြတယ်.ျ
................Book 9 Part131End..............
ဖီးနစ်သွေးစက်
အခန်း ၁၃၂ နင်မွေးမလာသင့်ဘူး!
ကုရှောင်ရှောင် ဒုက္ခရောက်တော့မှာကို မြင်တော့ မကူညီတဲ့အပြင်ပျော်တောင်ပျော်နေကြတယ်. ဒါ့အပြင် ကုရှောင်ရှောင်လုပ်ခဲ့တာတွေကလဲ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းကိုမရှိဘူးလေ.
ကုရှောင်ရှောင်လဲ ချူးဖေ့ဟန်တို့ ရောက်လာတာ သူမကြောင့်ဆိုတာသိကြောင့် ကြောက်လန့်နေတယ်. ကျန်းထန်ပင်းနဲ့ ယွီမီရှီကလွဲပြီး ကျန်တဲ့ဘယ်သူနဲ့မှ သူမ ရန်ငြှိုးမဖွဲ့ရဲပါဘူး.
သူကြောက်ရွံ့လွန်၍ တုန်ရီနေပြီး သူမအိမ်ကိုသာထွက်ပြေးလိုက်ချင်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး.
ချူးဖေ့ဟန်က အရင်ပြေးလာပြီး သူမပါးကို အားပြင်းပြင်းနဲ့ ဖြတ်ရိုက်ချလိုက်တာကြောင့် လူတိုင်းလဲထိတ်လန့်သွားကြတယ်.
ကုရှောင်ရှောင် အသားနာသွားတာကြောင့် ဒေါသထွက်သွားတယ်. သူမ ချူးဖေ့ဟန်ကို ကြောက်တယ်ဆိုပေမယ့် ဒီတိုင်းတော့ သည်းမခံနိုင်ပါဘူး. ဒါကြောင့် ချူးဖေ့ဟန်ကိုပြန်ပြောလိုက်တယ်,
"ချူးဖေ့ဟန်, ဘာလို့ငါ့ကိုလာရိုက်တာလဲ?"
ကုရှောင်ရှောင်ရဲ့ပစ်မှတ်က ကုနင်းဖြစ်ပြီး ချူးဖေ့ဟန်မဟုတ်ပါဘူး. ကုနင်းနဲ့ ချူးဖေ့ဟန်က အရမ်းရင်းနှီးတယ်ဆိုပေမယ့် ထိုကိစ္စအတွက် ကုရှောင်ရှောင်ကို ရိုက်ခွင့်တော့မရှိပါဘူး. ဒါကြောင့် ကုရှောင်ရှောင် ဒေါသထွက်သွားတယ်.
ဟုတ်တာပေါ့ ကုရှောင်ရှောင်ရဲ့ပစ်မှတ်က ချူးဖေ့ဟန်မဟုတ်ပါဘူး. ဒါပေမယ့်သူမက ကုနင်းဘက်က ရပ်တည်ပေးမှာဖြစ်တာကြောင့် တမင်ကိုရိုက်လိုက်တာပါ.
ထိုအချိန်တွင် ကုရှောင်ရှောင်ရဲ့ချစ်သူဖြစ်တဲ့ ချင်ကျန်းကတော့ တိတ်ဆိတ်နေပါတယ်. သူလဲ ကုရှောင်ရှောင်ကို အလွန်စိတ်ပျက်နေတဲ့အပြင် ချူးဖေ့ဟန်တို့အဖွဲ့ကိုလဲ သူကြောက်ပါတယ်.
တကယ်လို့ ချူးဖေ့ဟန်တစ်ယောက်တည်းသာဆို သူတစ်ခုခုတော့ဝင်ပြောမှာပေမယ့် ဟောင်ရန်တို့လဲရှိနေလေတယ်. တကယ်လို့ သူသာ ကုရှောင်ရှောင်ကို ကူညီပေးလိုက်ရင် သူလဲ ထိုပြဿနာထဲ ပါဝင်သွားမှပါ. ချင်ကျန်း သူတို့ရိုက်တာကို မခံချင်သေးပါဘူး.
"ဘာလို့ဆို နင်နဲ့တန်လို့လေ. ကုရှောင်ရှောင်! နင်ကများ ကုနင်းကို ထိခိုက်အောင်ကြံစည်ရဲတယ်!" ချူးဖေ့ဟန် ဒေါသတကြီးအော်ပြောလိုက်တယ်.
ဒီကိစ္စကို ချူးဖေ့ဟန် တစ်ယောက်တည်းတောင် ကိုင်တွယ်နိုင်တာကြောင့် ဟောင်ရန်တို့ကတော့ အခုချိန်ထိရပ်နေသေးပါတယ်. ပြီးတော့ သူတို့ မိန်းကလေးတစ်ယောက်ကိုလဲ မရိုက်ချင်ပါဘူး.
"ငါမလုပ်ဘူး...." ကုရှောင်ရှောင် ဆက်ငြင်းနေရင်တောင် ဘယ်သူမှသူမကို မယုံတော့ပါဘူး. သူမကတော့ သူမငြင်းနိုင်နေသ၍ ဘေးကင်မယ်လို့ ဉာဏ်မရှိစွာတွေးနေပါတယ်.
"နင်မလုပ်ဘူး? နင်မွေးကိုမလာသင့်တာ!" ချူးဖေ့ဟန် ထိုသို့ပြောပြီးတာနဲ့ ကုရှောင်ရှောင်ရဲ့ဆံပင်ကို ဆွဲစုပ်ကိုင်လိုက်တယ်.
"ငါ့ကိုလွှတ်စမ်း!" ကုရှောင်ရှောင် ရုန်းနေပေမယ့် ရုန်းလေပိုနာလေဖြစ်နေတာကြောင့် မျက်ရည်တွေစီးကျလာတယ်.
"မလွှတ်ဘူး."
ပြီးတာနဲ့ ချူးဖေ့ဟန် နောက်ထပ်တစ်ကြိမ် ကျယ်လောင်စွာနဲ့ သူမပါးကို ရိုက်ချလိုက်ပြန်တယ်. ပြီးတော့ နောက်ထပ်... နောက်ထပ်..ကုရှောင်ရှောင်ရဲ့ပါးမှာ ယောင်ကိုင်းလာပြီး နာကျင်လွန်းလို့ အော်ငိုနေလေတယ်.
ကုရှောင်ရှောင် လွတ်အောင်ရုန်းကြည့်ပေမယ့် မရခဲ့ပါဘူး. ချူးဖေ့ဟန်က မိန်းမငယ်လေးတစ်ယောက်ဖြစ်ရင်တောင် သိုင်းပညာကို နှစ်ပေါင်းများစွာလေ့ကျင့်ထားတာကြောင့် ကုရှောင်ရှောင်မှာ အသနားခံရုံပဲလုပ်နိုင်ပါတယ်.
ချင်ကျန်းလဲ ကုရှောင်ရှောင်ကို စိတ်ပျက်မိပေမယ့် အခုလို အသနားခံနေရတာမျိုးတော့ မမြင်ချင်ပါဘူး. ဒါကြောင့်,
"ချူးဖေ့ဟန်, တော်သင့်ပြီ!"
ချူးဖေ့ဟန်ရပ်လိုက်တယ်. ဒါပေမယ့် ချင်ကျန်းကြောင့်တော့မဟုတ်ပါဘူး. အခုချိန်က ရပ်လိုက်သင့်ပြီထင်တာကြောင့် ဖြစ်တယ်. သို့ပေမယ့် ကုရှောင်ရှောင်ရဲ့ဆံပင်ကိုတော့ ဆက်ဆွဲထားတုန်းပါပဲ.
ချင်ကျန်းက ချူးဖေ့ဟန်ကို ရပ်ဖို့ဝင်ပြောလိုက်တာကြောင့် ဟောင်ရန်တို့ စိတ်တိုသွားကြတယ်. ချူးဖေ့ဟန်က ချင်ကျန်းကိုအော်လိုက်ကာ,
"ချင်ကျန်း, နင်ရော အရိုက်ခံချင်လို့လား? ကုနင်းသာ အာနည်းတဲ့ မိန်းကလေးတစ်ယောက်ဆို ဖျက်စီးခံနေရပြီးပြီ. ပြီးတော့ သက်တောင်သက်သေသွားလောက်တယ်. ဒီလိုဆို ကုရှောင်ရှောင်က လူသတ်သမားဖြစ်သွားပြီပဲ!"
ချင်ကျန်း သတိလက်လွတ်ဖြစ်သွားတယ်. ဟုတ်တာပေါ့, ကုနင်းသာတစ်ခုခုဖြစ်သွားရင် ကုရှောင်ရှောင်က လူသတ်သမားဖြစ်သွားပြီး ထောင်ထဲရောက်သွားမှာ.
တကယ်လို့ ကုနင်းသာ အရင်လို အားနည်းတဲ့ ကောင်မလေးဆို သတ်သေဖို့နည်းကိုပဲ သေချာပေါက်ရွေးမှာ.
"ချင်ကျန်း, တကယ်လို့ ကုရှောင်ရှောင်က မင်းသူငယ်ချင်း ဒါမှမဟုတ် မင်းမိသားစုကို မကောင်းတာတစ်ခုခုလုပ်ခဲ့ရင်လဲ မင်းသူ့ကို ခွင့်လွှတ်ပေးလိုက်မှာလား?" မုခယ်ပြောလိုက်တယ်.
"အဲ့ဒါတွေတွေးမနေနဲ့တော့ သူတို့ကုရှောင်ရှောင်ကို လွတ်အောင်လုပ်ပေးလို့မရတော့ဘူး. ကုနင်းသာ ရဲကို ဖုန်းဆက်လိုက်ရင် ကုရှောင်ရှောင်လဲ ထောင်ထဲရောက်သွားမှာပဲ." ဟောင်ရန်က ဝင်ပြောလိုက်တယ်.
ထိုစကားကိုကြားတော့ ကုရှောင်ရှောင် ထိတ်လန့်တုန်လှုပ်သွားတယ်. မဖြစ်ဘူး, သူထောင်ထဲတော့မသွားချင်ဘူး.
"မဟုတ်ဘူး, ငါလုပ်တာမဟုတ်ဘူး. ငါမဟုတ်ဘူး!" ကုရှောင်ရှောင် စကားပြောလိုက်တော့ ယောင်နေတဲ့သူပါးက အလွန်နာကျင်သွားပေမယ့် ဆက်တိုက်ငြင်းနေလိုက်တယ်.
"ဘုရားရေ!" ချူးဖေ့ဟန် နှာခေါင်းရှုံ့မိလိုက်တယ်. ကုရှောင်ရှောင်ကတော်တော် အရှက်မဲ့တာပဲ.
ထိုအချိန် ပထမအတန်းချိန်စဖို့ ဘဲလ်သံမြည်လာပေမယ့် ချူးဖေ့ဟန်တို့ကတော့ ထိုအကြောင်းကို ဂရုစိုက်ချိန်မရှိနေသေးပါဘူး. ထိုအချိန် အခန်း၁ရဲ့အတန်းပိုင်ဆရာ ဝမ်ချန်းချီဝင်လာကာ အတန်းထဲမှာ ပုံမှန်မဟုတ်တာကိုမြင်လိုက်တယ်.
ပြီးတော့ ဟောင်ရန်တို့အဖွဲ့ကို သတိထားမိသွားတာကြောင့် တစ်ခုခုမကောင်းတာတော့ဖြစ်နေပြီမှန်းသိလိုက်တယ်.
ပြီးတော့ ဟောင်ရန်တို့ဆိုတာ နေ့တိုင်းပြဿနာဖြစ်လွန်းလို့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့သူတွေလေ.
"မင်းတို့ဒီမှာဘာလုပ်နေကြတာလဲ?" ဝမ်ချန်းချီက သူတို့ကိုအပြစ်တင်သလိုမေးလိုက်တယ်.
ဝမ်ချန်းချီရဲ့အသံကိုကြားတော့ ဟောင်ရန်တို့ကလွဲပြီး အခန်းထဲက ကျောင်းသားတွေအားလုံး ကိုယ့်နေရာကိုယ် ဝင်ထိုင်လိုက်ကြကာ ဝမ်ချန်းချီဘက်ကို ကြည့်လိုက်ကြတယ်.
အဖြေကိုမကြားရသေးခင်မှာပဲ ချူးဖေ့ဟန်က ကုရှောင်ရှောင်ရဲ့ဆံပင်ကို ဆွဲထားမှန်း ဝမ်ချန်းချီတွေ့သွားတယ်. ပြီးတော့ ပါးနှစ်ဖက်ကလဲ နီရဲယောင်ကိုင်းနေပြီး ငိုနေတာကိုပဲကြားရတာကြောင့် ဝမ်ချန်းချီ ဒေါသထွက်သွားကာ,
"ချူးဖေ့ဟန်, သူ့ကိုလွှတ်လိုက်စမ်း! ဘာလို့သူ့ကိုရိုက်ထားတာလဲ?"
ချူးဖေ့ဟန် လက်လွှတ်ပေးလိုက်ကာ ဝမ်ချန်းချီကို စိုက်ကြည့်ပြီး,
"ဟွန့်, သူနဲ့ထိုက်လို့ရိုက်တာလေ! သမီးကိုပဲ အပြစ်မတင်ပါနဲ့ . ကျောင်းဖိုရမ်က သတင်းတွေကို အရင်စစ်ဆေးကြည့်ပါဦး."
ထိုစကားကိုကြားတော့ ဒါကတော်တော်ရှုပ်မယ့်ပြဿနာမှန်း ဝမ်ချန်းချီသိသွားကာ သူ့ဖုန်းကိုချက်ချင်းထုတ်လိုက်ပြီး ကျောင်းဖိုရမ်ထဲကိုဝင်ကြည့်လိုက်တယ်. သူသတင်းတွေ ဗီဒီယိုတွေကို ကြည့်ပြီးသွားချိန်မှာတော့ ကုနင်းရဲ့ထူးကဲထဲစွမ်းရည်ကြောင့် အံ့အားသင့်သွားကာ ကုရှောင်ရှောင်ရဲ့လုပ်ရပ်ကိုလဲ ဒေါသထွက်သွားတယ်.
ကုရှောင်ရှောင်က ထိုကိစ္စနောက်ကွယ်ကလူဟုတ်လားဆိုတာတော့ သူသေချာမသိပေမယ့် ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုတော့ မငြင်းနိုင်ပါဘူး.
ဒါပေမယ့် သက်သေနဲ့တကွအဖြစ်မှန်အတိအကျမပေါ်သေးခင် သူ့ဒေါသသူချုပ်တည်းထားလိုက်ကာ ကုရှောင်ရှောင်ကိုမေးလိုက်တယ်,
"ကုရှောင်ရှောင်, ဒီကိစ္စက အမှန်ပဲလား?"
တကယ်သာဆို ကုရှောင်ရှောင်တော်တော်ရက်စက်တာပဲ. ကုနင်းက ကုရှောင်ရှောင် ဘယ်လောက်တောင်စိတ်ဆိုးအောင်လုပ်မိလို့ ဒီလောက် ရက်ရက်စက်စက်ပြန်တုံ့ပြန်ရတာလဲ?
"မဟုတ်ဘူး, အဲ့ဒါအမှန်မဟုတ်ဘူး...." ကုရှောင်ရှောင်ဆက်ပြီး ငြင်းနေပေမယ့် သူမက ခံစားချက်ကိုဖုံးနိုင်တဲ့အထိ မကျွမ်းကျင်ပါဘူး. ဒါကြောင့် အရမ်းကို ကြောက်လန့်တုန်လှုပ်နေတယ်.
ဝမ်ချန်းချီမှာ စိတ်လဲတိုသွားသလို စိတ်လဲပျက်မိတယ်. သူက သူ့အခန်းထဲက ကျောင်းသားတစ်ယောက်ခြင်းစီအတွက် မျှော်လင့်ချက်ကြီးတွေထားခဲ့တာကြောင့် အခုလိုအခြေနေကိုသိလိုက်ရတော့ နာကျင်ခံစားသွားရလေတယ်.
................Book 9 Part132End..............
ဖီးနစ်သွေးစက်
အခန်း ၁၃၃ သူနဲ့ထိုက်တန်တယ်.
ကုရှောင်ရှောင်လုပ်ခဲ့ကြောင်းသတင်းက ပျံ့သွားပြီဖြစ်ပြီး မသိသလိုနေလိုက်ဖို့အလွန်ခက်သွားပါပြီ. သူ ကုရှောင်ရှောင်ကို ကူညီပေးချင်ရင်တောင်မှ မကူညီနိုင်ပါဘူး. ကုနင်းသာမက သူတို့ကျောင်းက တခြားကျောင်းသားတွေကလဲ ဖြေရှင်းချက်ကို လိုချင်နေကြတယ်.
ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်မဖြေရှင်းနိုင်ခဲ့ရင် ကျောင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်သွားစေနိုင်ပါတယ်.
"ချူးဖေ့ဟန်, ကုရှောင်ရှောင် ငါနဲ့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းကိုလိုက်ခဲ့." သူက သာမာန်ဆရာတစ်ယောက်ဖြစ်တာကြောင့် သူတို့ကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းကိုခေါ်သွားကာ စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်ဆီအပ်မှပဲရပါမယ်.
ဒီကိစ္စက ကုရှောင်ရှောင်အမှားဆိုရင်တောင် ချူးဖေ့ဟန် သူမကိုရိုက်လိုက်တာကလဲ မှားပါတယ်. ဒါကြောင့် နှစ်ယောက်လုံးကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းကိုသွားဖို့လိုအပ်ပါတယ်. ဟောင်ရန်နဲ့ ကျန်တဲ့လူတွေကတော့ သူတို့ကဘာမှမလုပ်ခဲ့တာကြောင့် အပြစ်မပေးတော့ပါဘူး.
"မင်းတို့အကုန် ကိုယ့်အခန်းကို ပြန်သွားကြ!" ဝမ်ချန်းချီပြောလိုက်တယ်.
ဟောင်ရန်တို့ ချူးဖေ့ဟန်ကို စိုးရိမ်စွာနဲ့ကြည့်လိုက်တော့ သူမကတော့ အေးဆေးပါပဲ. ချူးဖေ့ဟန်မှာ ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်း သွားရောက်"လည်ပတ်"နေကျဖြစ်တာကြောင့် သိပ်ပြီး ဂရုမစိုက်နေပါဘူး.
ဟောင်ရန်နဲ့ တခြားလူတွေလဲ ချူးဖေ့ဟန် အဆင်ပြေမှုသိတာကြောင့် သူတို့အခန်းတွေဆီပြန်သွားလိုက်တယ်.
ကုရှောင်ရှောင် ရုံးခန်းကို မလိုက်ချင်ပေမယ့် မသွားလို့တော့မရပါဘူး.
"ကုရှောင်ရှောင် ဒဏ်ရာရထားတယ်ဆိုတော့ ကျောင်းဆေးခန်း အရင်ပို့ပေးလိုက်ပါလား!" တစ်ယောက်က ဝင်ပြောလိုက်တယ်.
ထိုစကားကိုကြားတော့မှ ဝမ်ချန်းချီလဲ သတိရသွားကာ ချူးဖေ့ဟန်နဲ့ ကုရှောင်ရှောင်ကို ကျောင်းဆေးပေးခန်းကို အရင်ခေါ်သွားဖို့လုပ်လိုက်တယ်.
သူတို့ သင်ကြားရေးအဆောင်ကနေထွက်သွားချိန်မှာပဲ ကုနင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရတယ်.
ကုနင်း ပထမတော့ ချူးဖေ့ဟန် နဲ့ ပါးနှစ်ဖက်ယောင်ကိုင်းနေတဲ့ ကုရှောင်ရှောင်ကိုတွေ့တော့ အံ့ဩသွားပေမယ့် နောက်မှ ဘာတွေဖြစ်မှန်း သဘောပေါက်သွားတယ်.
သူမ ကုရှောင်ရှောင်ကို မသနားပါဘူး. ဒါပေမယ့် ချူးဖေ့ဟန် လုပ်လိုက်တဲ့အပြုအမူကြောင့် အရမ်းကို ခံစားသွားရတယ်.
ချူးဖေ့ဟန် ပြဿနာတက်သွားမှာကို ကုနင်းစိုးရိမ်နေမိတယ်. ပြီးတော့ သူတို့က ကွက်တိကို အတန်းပိုင်ဆရာဆီမှာ မိသွားခဲ့တာလေ.
ကုနင်းစိတ်ထဲဘာတွေတွေးနေတယ်ဆိုတာကို ချူးဖေ့ဟန်နားလည်တာကြောင့် ဒါတွေလောက်က ဘာမှဂရုစိုက်နေစရာမလိုပါဘူးဆိုတဲ့ ပုံစံလုပ်ပြလိုက်တယ်.
ကုနင်းကို ကုရှောင်ရှောင်တွေ့လိုက်တော့ သူမျက်လုံးထဲမှာ မကျေနပ်တဲ့ ဒေါသအရိပ်အယောင်တွေရှိနေစဲပဲ. ချူးဖေ့ဟန်က သူမကို စိုက်ကြည့်လိုက်တော့မှ ခေါင်းကိုငုံသွားတယ်.
ဝမ်ချန်းချီက အခန်း၁ရဲ့အတန်းပိုင်ဖြစ်ပြီး တခြားအခန်းတွေမှာလဲ တရုတ်ဘာသာကို သင်နေတာ ၂နှစ်ရှိပါပြီ. ပြီးတော့ ကုနင်းအပါအဝင် သူ့အတန်းတိုင်းက ကျောင်းသားတိုင်းကို သူမှတ်မိပါတယ်.
ကုနင်းကို မြင်တော့ သူစိတ်ခံစားချက်တွေရှုပ်ထွေးသွားတယ်.
အခုချိန်မှာ ကုနင်းက ခံရသူဖြစ်ပေမယ့် သူမ ကုရှောင်ရှောင်ကို ဘာတွေများလုပ်ထားခဲ့လို့ ကုရှောင်ရှောင်က ဒီလောက်ရက်ရက်စက်စက်ပြန်တုံ့ပြန်ရတာလဲ. ကုရှောင်ရှောင်က ရက်စက်လွန်းနေတာနဲ့ပဲ ကုနင်းက အပြစ်ကင်းစင်ပါတယ်ဆိုတဲ့ အဖြေကို ခုန်မကူးလိုက်ချင်ပါဘူး.
ဘယ်သူမှ အကြောင်းမရှိပဲနဲ့တော့ ပြစ်မှုကျူးလွန်ကြမှာမဟုတ်ဘူးလေ.
"ကုနင်း, မင်းလဲ ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းကို လိုက်ခဲ့." ဝမ်ချန်းချီကပြောလိုက်တယ်.
"ကောင်းပါပြီ." ကုနင်း တုံ့ဆိုင်းခြင်းမရှိပြန်လည်ဖြေကြားလိုက်တယ်.
သွားနေရင်းနဲ့ ချူးဖေ့ဟန်နဲ့ ကုနင်းမှာ မျက်လုံးချင်းဆက်သွယ်နေကြတယ်. ဝမ်ချန်းချီက အတူရှိနေတာကြောင့် သူတို့စကားပြောလို့မရခဲ့ဘူး. ဝမ်ချန်းချီက အခန်း၂ နဲ့ အခန်း၄က အတန်းပိုင်ဆရာတွေကိုပါ ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းကို ခေါ်လိုက်တယ်.
သူတို့ကိုတော့ ချူးဖေ့ဟန်က ကုရှောင်ရှောင်ကို ပါးရိုက်ခဲ့ပြီး ကုနင်းမှာတော့ ဆိုးရွားတဲ့ကိစ္စတစ်ခုဖြစ်သွားတာကြောင့်လို့ ဝမ်ချန်းချီပြောလိုက်တယ်. ပြီးတော့ သူတို့ကို ကျောင်းဖိုရမ်ပေါ်က ကုနင်းရဲ့သတင်းကိုဖတ်ဖို့လဲပြောလိုက်တယ်.
ကျန်းချိုးဟွာ ထိုသတင်းကို မြင်သွားတော့လဲ တခြားသူတွေနည်းတူ ပြန်တုံ့ပြန်ခဲ့ပါတယ်. ပထမတော့ ကုနင်းရဲ့ထူးကဲတဲ့စွမ်းရည်ကြောင့် အံ့ဩသွားကာ ချင်ဂိုဏ်းကို ကြောက်သွားပြီး အဆုံးမှာတော့ ကုရှောင်ရှောင်ကို ဒေါသထွက်သွားတယ်.
သူမလဲပဲ ကုရှောင်ရှောင်ကို ကုနင်းဘာလုပ်ခဲ့လို့ ဒီလောက်ရက်ရက်စက်စက်ပြန်တုံ့ပြန်မှန်းသိချင်နေပေမယ့် အမှန်တရားကိုသိဖို့ အရင်ဆုံး ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းကို ပြေးရတော့တယ်.
ကုရှောင်ရှောင်ရဲ့ပါးနှစ်ဖက်က နီရဲယောင်ကိုင်းနေပေမယ့် ဆေးလိမ်းလိုက်တာနဲ့ ပျောက်သွားမှာပါ.
သူမဒဏ်ရာရထားပေမယ့် ထွက်သွားလို့တော့မရသေးပါဘူး. သူမလုပ်ခဲ့တဲ့အရာတွေအတွက် မျက်နှာချင်းဆိုင် ဖြေရှင်းရပါဦးမယ်.
ထို့နောက် သူတို့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းကိုသွားလိုက်တယ်.
ကျောင်းစည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်သည် အသက်၅၀အရွယ်အမျိုးသားဖြစ်ပြီး နာမည်ကတော့ ကျူးကျန့်ဖြစ်ပါတယ်. သူက အတိုင်းအတာတစ်ခုထိတော့ ဖြောင့်မတ်မှန်ကန်သည့်လူမျိုးဖြစ်တယ်.
သူက အာဏာရှိသူတွေ နောက်ခံကောင်းသူတွေနဲ့ ရင်ဆိုင်ရလျှင်တော့ သူ့ကိုယ်သူကာကွယ်ရန် အရှုံးပေးလိုက်ပေမယ့် အာဏာတွေသာမပါရင်တော့ တရားမျှတစွာဆောင်ရွက်ပေးပါတယ်.
ဒီလောက်ကတော့ နားလည်ပေးနိုင်ပါတယ်. သေချာပေါက် သူကိုယ်တိုင်ကတော့ လူတွေကို ထိခိုက်တဲ့အဖြစ်မျိုး မလုပ်ပါဘူး.
အခုချိန်မှာတော့ ဒီအရှုပ်အထွေးထဲမှာ သူစစ်ဆေးဆုံးဖြတ်ပေးရပါတော့မယ်.
ဝမ်ချန်းချီ ကုနင်းတို့နှင့်အတူ ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းကို ရောက်လာခဲ့တယ်. ကျူးကျန့် ချူးဖေ့ဟန်နှင့် ပါးတွေနီရဲယောင်ကိုင်းနေတဲ့ ကုရှောင်ရှောင်တို့ကို ကြည့်လိုက်တယ်. ဒီလိုနဲ့ ချက်ချင်းပဲ ချူးဖေ့ဟန်က ကုရှောင်ရှောင်ကို ပါးရိုက်နေတဲ့အချိန် ဝမ်ချန်းချီဖမ်းမိသွားတာပဲဖြစ်ရမယ်လို့ သိလိုက်တယ်.
ကျူးကျန့် အကူညီမဲ့သလိုဖြစ်သွားတယ်. ဘာလို့ဆို သူချူးဖေ့ဟန်ကို မထိရဲပါဘူး.
ဒီကျောင်းမှာ သူသည် ချူးဖေ့ဟန်ရဲ့ တကယ့်နောက်ခံကို သိတဲ့လူအနည်းငယ်ထဲက တစ်ယောက်ဖြစ်တယ်. သူမကို ထောက်ပံ့ပေးထားတဲ့ ဂိုဏ်းတစ်ခုရှိတာကြောင့် အခုလို အကြိမ်ပေါင်းများစွာ အပြစ်ပေးခံနေရတာတောင်မှ သူမ ကျောင်းမှာဆက်နေနိုင်ခြင်းဖြစ်တယ်.
"ချူးဖေ့ဟန်, မင်းတစ်ခါတစ်လေလေး အေးဆေးနေပေးလို့မရဘူးလား?" ကျူးကျန့်အပြစ်တင်လိုက်ပေမယ့် လေသံကတော့ ညင်သာလွန်းလှပါတယ်.
"ဆရာ, ဒီတစ်ခေါက်တော့မရဘူး! ကုရှောင်ရှောင် ခံကိုခံသင့်တာ!" ချူးဖေ့ဟန် ဒေါသတကြီးပြန်ပြောလိုက်တယ်.
သူမ ကျူးကျန့်ကို မကြောက်ပါပေမယ့် ရိုသေမှုတော့ ပြပေးပါတယ်.
"မင်း..." ကျူးကျန့်စိတ်တိုသွားတယ်. ချူးဖေ့ဟန်က တခြားကျောင်းသားတွေကိုရိုက်နှက်ပြီးတိုင်း ဒီအကြောင်းပြချက်ကိုပဲပေးနေကျ.
ချူးဖေ့ဟန်က ကိစ္စသေးသေးလေးတွေကိုတောင် ရေးကြီးခွင်ကျယ်လုပ်ရတာကြိုက်မှန်း သူသိသားပဲ.
ဝမ်ချန်းချီ နည်းနည်းနေရထိုင်ရခက်သွားကာ ဝင်ပြောလိုက်တယ်,
"အရင်ဆုံး ကျွန်တော်တို့ ကျောင်းဖိုရမ်ပေါ်က သတင်းတွေနဲ့ ဗီဒီယိုတွေကို ကြည့်ပေးပါဦး."
ဝမ်ချန်းချီ သူကိုယ်တိုင်လဲ မည်သို့ရှင်းပြရမယ်မှန်းမသိဘူး. ဒါတော်တော်ရှက်ဖို့ကောင်းတယ်. ဒါကြောင့် ကျူးကျန့်ကို ကိုယ်တိုင်ပဲ သတင်းတွေကိုကြည့်ခိုင်းလိုက်တော့တယ်.
ကျိူးကျန့်လဲ ကျောင်းဖိုရမ်မှာ သတင်းထူးရှိနေတာသိသွားတော့ ချက်ချင်းဖွင့်စစ်လိုက်တယ်.
ခေါင်းစဉ် : "ကျောင်းသူတစ်ယောက်က ချင်ဂိုဏ်းသား၅ယောက်ကို အနိုင်ယူလိုက်ပြီ" [ဗီဒီယို]
ခေါင်းစဉ် : "ကုနတ်ဘုရားမ သူ့ရဲ့ လွန်ကဲလှတဲ့အစွမ်းတွေကို ထပ်ထုတ်ပြလိုက်ပြန်ပြီ : ၅ယောက် ၁ယောက်နော်!" [ဗီဒီယို]
ခေါင်းစဉ် : "လူတစ်ယောက်ပြောတာတော့ ကုရှောင်ရှောင်က နောက်ကွယ်က စေခိုင်းသူတဲ့!" [ဗီဒီယို]
ခေါင်းစဉ် : "ငါတို့ကျောင်းပြင်က ရက်စက်တဲ့တိုက်ပွဲ, ခေါင်းဆောင်က သစ္စာဖောက်လိုက်ပြီ!" [ဗီဒီယို]
................Book 9 Part133End..............
ဖီးနစ်သွေးစက်
အခန်း ၁၃၄ ကုနတ်ဘုရားမဆိုတာဘယ်သူလဲ?
ခေါင်းစဉ်တွေကို ဖတ်ပြီးကတည်းက ကျူးကျန့်မှာ အသက်ရှူပင်မမှန်နိုင်လောက်အောင် ဒေါသထွက်သွားတယ်. ပြီးတော့ သူ့ရဲ့အေးစက်တဲ့အကြည့်တွေက ကုရှောင်ရှောင်ပေါ်ကျရောက်သွားတာကြောင့် ကုရှောင်ရှောင် ကြောက်ရွံ့တုန်လှုပ်သွားပြီး ဝမ်ချန်းချီတောင် နည်းနည်းလန့်သွားတယ်.
ကုနင်းနဲ့ ချူးဖေ့ဟန် နှစ်ယောက်သာ ကျူးကျဲ့အကြည့်ကြောင့် ဘာမှမခံစားလိုက်ရတာ.
ဖြစ်ခဲ့တာတွေသာ တကယ်အစစ်အမှန်ဆိုရင် ကုရှောင်ရှောင်တော့ ပြဿနာအကြီးကြီးတက်ပြီပဲ. ဘာတွေဖြစ်ခဲ့လဲသေချာသိရအောင် သတင်းတွေအောက်မှာပါတဲ့ ဗီဒီယိုတွေကို ကျူးကျဲ့ ဖွင့်ကြည့်လိုက်တယ်.
ထိုဗီဒီယိုထဲတွင် ကုနင်းတစ်ယောက်ထဲ ယောက်ျားကြီး၅ယောက်ကိုတိုက်ခိုက်နေတာမြင်တော့ ကျူးကျဲ့အံ့အားသင့်သွားတယ်.
ဗီဒီယိုအားလုံးကို ကျူးကျဲ့ကြည့်လို့မပြီးသေးခင်မှာပဲ အခန်း ၂ နဲ့ အခန်း ၄ ရဲ့ အတန်းပိုင်တွေရောက်လာပေမယ့် ကျူးကျဲ့ကြည့်နေတာကို ဝင်မနှောင့်ယှက်ပါဘူး.
အခန်း ၂ရဲ့ အတန်းပိုင်က အသက်၃၀အရွယ် ဆရာတစ်ယောက်ဖြစ်ပြီး နာမည်ကတော့ ကျန်းယွမ်ပါ. သူက ဗီဒီယိုကိုမကြည့်ရသေးတာကြောင့် အသေးစိတ်အခြေနေကိုမသိသေးပါဘူး. သူသိထားတာဆိုလို့ ချူးဖေ့ဟန်က ကုရှောင်ရှောင်ကို ပါးရိုက်လိုက်တယ်ဆိုတာပါပဲ. ချူးဖေ့ဟန် တခြားကျောင်းသားတွေနဲ့တိုက်ခိုက်ရတာ ဘာလို့ ဒီလောက်ဝါသနာပါနေမှန်း သူနားမလည်နိုင်ဘူး. သူမကိုယ်တိုင်က ပြောင်းလဲချင်စိတ်ရှိမှပဲရတော့မယ်.
ထို့ထက် ကျောင်းတွင် ကျောင်းအုပ်ကြီး, ကျူးကျဲ့နဲ့ ကျန်းယွမ်တို့ ချူးဖေ့ဟန်ရဲ့နောက်ခံကို သိထားသူတွေဖြစ်တယ်. ကျောင်းအုပ်ကြီးက ချူးဖေ့ဟန်ကို စိတ်အနှောင့်အယှက်မပေးဘဲ အတန်းတွေခနခနပျက်နေရင်တောင် လျစ်လျူရှုထားပေးဖို့ ကျန်းယွမ်ကိုပြောထားပါတယ်.
အစကတော့ ချူးဖေ့ဟန် အတန်းကို အမြဲတမ်း နောက်ကျလိုက်ပျက်လိုက်ဖြစ်နေတာကြောင့် ကျန်းယွမ်သဘောမကျပေမယ့် နောက်တော့မှ သူမရဲ့ပုံစံကို နားလည်လာတယ်. ချူးဖေ့ဟန်က သူမကို စိတ်တိုအောင်သွားမလုပ်သ၍ ဘယ်သူ့ကိုမှ မရိုက်ပါဘူး.
ပြီးတော့ ချူးဖေ့ဟန်က သူတို့တတိယနှစ်တစ်နှစ်လုံးမှာ ထိပ်တန်းကျောင်းသား ၅၀ထဲတွင်ဝင်ပြီး အတန်းထဲမှာဆို အဆင့်၁၀အတွင်းဝင်ပါတယ်. ဒါကြောင့် ကျန်းယွမ် သူမကို တစ်ချိန်လုံးအဆိုးတော့မမြင်တော့ပေမယ့် ဒီလိုပြဿနာရှာလွန်းတဲ့ ကျောင်းသူကိုတော့ ဘယ်လို ထိန်းသင့်မှန်း သူမသိသေးပါဘူး.
ကျန်းယွမ်ရောက်လာတော့ ချူးဖေ့ဟန်ကို တစ်ချက်စောင်းကြည့်လိုက်တယ်. ထိုတော့ သူမက အရေးမစိုက်သလိုနဲ့ ပုခုံးတောင်တွန့်ပြလိုက်သေးတယ်.
ကျန်းချိုးဟွာကတော့ တချို့တလေကို သိထားတာကြောင့် ကုနင်းကို သံသယအကြည့်နဲ့ကြည့်လိုက်မိတယ်. ကုနင်းချက်ချင်းပဲ အပြစ်ကင်းသလိုပုံစံလေးနဲ့ ပြန်ကြည့်လိုက်တော့ ကျန်းချိုးဟွာလဲ ဒါကုနင်းအမှားကြောင့်မဟုတ်လောက်ဘူးဆိုပြီး ယုံကြည်သွားတယ်.
ကျူးကျဲ့ လင်းယွဲ့ဟောင်က ကုရှောင်ရှောင်ကို သစ္စာဖောက်ခဲ့တဲ့ ဗီဒီယိုကို ကြည့်တော့ ပိုလို့တောင်ဒေါသထွက်လာခဲ့တယ်.
ကျန်းယွမ်လဲပဲ ဗီဒီယိုထဲက စကားပြောသံတွေကိုကြားရတာကြောင့် ဘာတွေဖြစ်ကြလဲဆိုတာ သဘောပေါက်သွားပြီး အံ့ဩထိတ်လန့်သွားတယ်. ဒါသာအမှန်ဆိုရင် ကုရှောင်ရှောင်က တကယ်ကိုကြောက်စရာကောင်းတဲ့လူပဲ.
သူအခု ချူးဖေ့ဟန်ကို သိပ်အပြစ်မတင်နိုင်တော့ဘူး. ချူးဖေ့ဟန် ကုရှောင်ရှောင်ကို ရိုက်တော့မရိုက်သင့်ဘူးဆိုပေမယ့် သူမက မကောင်းတဲ့ ဥပဒေနဲ့မကင်းသော အပြစ်ကိုလုပ်ခဲ့တာလေ.
ရုတ်တရက် ကျူးကျဲ့ စားပွဲကို လက်နဲ့ အသံကျယ်ကြီးမြည်အောင်ရိုက်ချလိုက်တာကြောင့် အားလုံး လန့်သွားကြတယ်.
"ကုရှောင်ရှောင်, ဒီလူပြောတာတွေက အမှန်ပဲလား?" ကျူးကျဲ့ ကုရှောင်ရှောင်ကို ကြည့်ကာ မေးလိုက်တယ်.
"မဟုတ်ဘူး, မဟုတ်ဘူး. ဒါတကယ်မဟုတ်ဘူး."ကုရှောင်ရှောင်မှာ အလွန်ကြောက်လန့်နေပေမယ့် ဆက်ပြီးအတင်းငြင်းနေခဲ့သော်လဲ သူမကောင်းကောင်းမလိမ်တတ်သေးဘူး.
"ကုရှောင်ရှောင်, အခုလိုငြင်းနေရုံနဲ့ အဆင်ပြေသွားမယ်လို့ တွေးမနေနဲ့. ဒီလူက ငါတို့သက်သေပဲ." ချူးဖေ့ဟန် ဟောက်လိုက်တယ်.
"ငါ..." ကုရှောင်ရှောင် တွန့်ဆုတ်သွားကာ ဘာဆက်ပြောရမှန်း မသိတော့ပေ.
"မင်းဘာလို့ ဒီလိုလုပ်ခဲ့တာလဲ ငါ့ကိုပြော?" ကျူးကျဲ့က ထပ်မေးလိုက်တယ်.
ကုရှောင်ရှောင် ခေါင်းငုံနေကာ တိတ်ဆိတ်နေတယ်.
ကုရှောင်ရှောင် အမှန်တရားကိုငြင်းနေတော့ ကျူးကျဲ့က ခံရသူဘက်ကိုလှည့်ကာ, မေးလိုက်တယ်,
"ကုနတ်ဘုရားမဆိုတာ ဘယ်သူလဲ?"
ထိုအမေးကိုကြားတော့ ကုနင်း ရှက်သွားပေမယ့် ရှေ့တိုးလာကာ,
"သမီးပါ. ၁၂တန်း အခန်း ၄က ကုနင်းလို့ခေါ်ပါတယ်."
ကုနင်းကိုသိသွားတော့ ကျူးကျဲ့ ထိတ်လန့်သွားတယ်. "ကုနင်း? မင်းက လပတ်စာမေးပွဲမှာ အဆင့်၁ရတဲ့ ကုနင်းလား?"
"ဟုတ်ပါတယ်." ကုနင်းပြန်ဖြေလိုက်တယ်.
ကုနင်းက အခုရက်ပိုင်းအတွင်း ရုတ်တရက် ကျော်ကြားလာသူဖြစ်တာကြောင့် ကျောင်းစည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်ဖြစ်တဲ့ ကျူးကျဲ့က သူမကိုကြားဖူးနေရတာပေါ့.
ဒါပေမယ့် အခုချိန်က ထိုအကြောင်းတွေပြောနေဖို့ အချိန်မဟုတ်သေးတာကြောင့် ကျူးကျဲ့ဆက်မေးလိုက်တယ်,
"ကုနင်း, မင်း ကုရှောင်ရှောင်နဲ့ ရန်ငြှိုးရှိဖူးတာလား?"
"ဟိုလူပြောခဲ့သလိုပဲ , သမီးသူ့ကို ပါးရိုက်ခဲ့ပေမယ့် အကြောင်းရှိလို့ ရိုက်တာပါ. ကုရှောင်ရှောင်က အမြဲတမ်း သမီးနဲ့ သမီးအမေကို အရှက်ခွဲခဲ့တယ်. ဒီကိစ္စက လျှို့ဝှက်ချက်တစ်ခုမဟုတ်ပါဘူး. အခန်း ၁,၂,၃,၄ကကျောင်းသားတွေအားလုံး ဒီအကြောင်းကိုသိကြတယ်." ကုနင်းရိုးရိုးသားသားပဲရှင်းပြလိုက်တယ်.
ကုနင်းက ဒီလိုပြောနေမှတော့ ကျူးကျဲ့ သူမကို ယုံကြည်လိုက်တယ်.
ကုရှောင်ရှောင်က ကုနင်းတို့သားအမိကိုအရင် အရှက်ခွဲခဲ့တာဆိုတော့ သူမကိုပါးရိုက်လိုက်တာက ကိစ္စကြီးမဟုတ်ပါဘူး.
တကယ်လို့ ထိုကိစ္စလေးကြောင့်သာ ကုရှောင်ရှောင်က ချင်ဂိုဏ်အကူအညီနဲ့ ကုနင်းကို ဖျက်စီးဖို့ ကြံစည်ခဲ့တာဆို ကုရှောင်ရှောင်ကသာ အပြစ်တင်ခံရသင့်သူပဲ.
"ဒီလူအမှန်အတိုင်းပြောတယ်လို့ မင်းဘယ်လိုသိလဲ?" ကျူးကျဲ့ ကုနင်းကိုထပ်မေးလိုက်တယ်. သူက ကုရှောင်ရှောင်ကိုကာကွယ်ပေးချင်လို့မဟုတ်ဘဲ သက်သေတိတိကျကျလိုချင်လို့ပါ.
"ဘာလို့ဆိုကုရှောင်ရှောင်ကို သစ္စာဖောက်သွားတာက သူ့ဝမ်းကွဲအစ်ကိုပဲမို့လေ. ဒါနဲ့သာ သက်သေအတိအကျမဖြစ်ရင် ရဲကိုအကြောင်းကြားပြီးသွားပြီ." ကုနင်းပြန်ဖြေလိုက်တယ်.
"မဟုတ်ဘူး..." ထို "ရဲ"ဆိုတဲ့အသံကိုကြားတော့မှ ကုရှောင်ရှောင် ထိတ်လန့်စွာ အသံထွက်လာခဲ့တယ်.
အခုတော့ ဘာမှထပ်ပြောနေစရာမလိုတော့ပါဘူး. ကုရှောင်ရှောင်ရဲ့တုံ့ပြန်ပုံနဲ့တင် အားလုံးဖြေရှင်းပြီးသားဖြစ်သွားပြီ. တကယ်လို့ သူမသာမလုပ်ထားရင် ဒီလောက် 'ရဲ'လိုကြားတာနဲ့ ထိတ်လန့်နေစရာမလိုဘူး.
ဒါပေမယ့် ကုရှောင်ရှောင်က တောင်းလဲမတောင်းပန်သလို လက်လဲမခံတဲ့အပြင် ခြိမ်းတောင်ခြိမ်းခြောက်လိုက်သေးတယ်,
"ကုနင်း, နင် ရဲကိုအကြောင်းကြားရဲရင် ကြားကြည့်လိုက်ပေါ့ ငါ့အဖေက နင့်ကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘူး!"
"တော်တော့!" ကျူးကျဲ့ ဒေါသတကြီးအော်ပြောလိုက်တယ်,
"ကုရှောင်ရှောင်, ဒီလောက်ဆိုးရွားတဲ့ ကိစ္စကိုလုပ်ခဲ့ပြီးတာတောင်မှ မင်းက နောင်တမရဘူးပဲ. အခုတော့ ခံရတဲ့သူကို ထပ်တောင် ခြိမ်းခြောက်လိုက်သေးတယ်. ဘယ်လိုတောင် အရှက်မဲ့ရတာလဲ!?"
ကျူးကျဲ့တင်မကဘဲ တခြား ဆရာ၃ယောက်လဲ ကုရှောင်ရှောင်ရဲ့အပြုအမူကြောင့် စိတ်ပျက် ဒေါသထွက်သွားရတယ်.
ကုရှောင်ရှောင်က အရမ်းတော်တဲ့ကျောင်းသူတစ်ယောက်ဖြစ်တယ်. သူမက သူတို့နှစ်ထဲမှာတော့ ထိပ်ဆုံးအဆင့်၄၀ထဲဝင်ပြီး ကျောင်းရဲ့ ဂုဏ်ဆောင်တစ်ယောက်နဲ့တောင်တူသေးတယ်. သူမက ကျောင်းမှာတော့လေးစားရတဲ့ကျောင်းသူတစ်ယောက်ပေမယ့် အကျင့်စရိုက်ကတော့ ဆိုးဝါးလွန်းနေတယ်.
"ပါမောက္ခဝမ်, ကုရှောင်ရှောင်ရဲ့မိဘတွေကို ဖုန်းလှမ်းဆက်ပြီး သူ့ကိုအိမ်ပြန်လာခေါ်ဖို့ပြောလိုက်ပါ. ငါတို့ကျောင်းမှာ သူ့ကိုဆက်ပြီးစာသင်ကားဖို့ ခွင့်မပြုနိုင်ဘူး." ကျူးကျဲ့ ကုရှောင်ရှောင်ကို နှင်ထုတ်ကြောင်းပြောလိုက်တယ်.
"မဖြစ်ဘူး, အဲ့လိုမလုပ်ပါနဲ့,...." ကုရှောင်ရှောင် ရုတ်တရက် စိုးရိမ်သွားပြီး တစ်ခုခုပြောချင်ပေမယ့် ဘာပြောလို့ပြောရမှန်းမသိတော့ဘူး. သူမလုပ်ခဲ့တာတွေကိုလဲ သူမဝန်မခံချင်ဘူး.
"ဟုတ်ကဲ့ပါ." ဝမ်ချန်းချီလဲ ကျူးကျဲ့ရဲ့အမိန့်ကို မနာခံပဲမနေရဲပါဘူး. ပြီးတော့ သူအကျင့်အရ အပြစ်သားတစ်ယောက်ကိုလဲ ကာကွယ်မပေးချင်ပါဘူး. ဒါ့အပြင်, ကုနင်းသာရဲကိုခေါ်ခဲ့ရင် ကုရှောင်ရှောင် ထောင်ကျသွားပြီး ပြစ်မှုမှတ်တမ်းရှိသွားမှာပါ.
တကယ်လို့ သူမကိုသာဆက်ပြီးကျောင်းမှာထား,ထားရင် ကျောင်းရဲ့ဂုဏ်သိက္ခာလဲကျဆင်းသွားပါလိမ့်မယ်.
"ကုနင်း, ငါ့အတွက်တစ်ခုခုပြောပေးစမ်း! နင်အခုအဆင်ပြေနေတာပဲမဟုတ်ဘူးလား?" ကုရှောင်ရှောင် ကုနင်းကို အောင်လိုက်တယ်. သူမမှာ အခုချိန်ထိ တောင်းပန်ဖို့စိတ်ကူးမရှိနေသေးပါဘူး.
................Book 9 Part134End..............
ဖီးနစ်သွေးစက်
အခန်း ၁၃၅ ကုရှောင်ရှောင်ကို မြို့တော်Fမှ ထွက်သွားရန် ဖိအားပေးခြင်း
ကုနင်းဘာမှပြန်မပြောရသေးခင် ချူးဖေ့ဟန် စိတ်တိုသွားကာ,
"ကုရှောင်ရှောင်, နင်တော်တော်အရှက်မဲ့တာပဲ! နင်းနင်း အခုဘာမှမဖြစ်ဘူးဆိုတာ သူကအားနည်းတဲ့သူမဟုတ်လို့. သူသာ ဟိုလူဆိုးတွေကို မတိုက်ခိုက်နိုင်ခဲ့ရင် ဖျက်စီးခံရပြီးပြီ. နင့်ပါးစပ်ကို ပိတ်ရင်ပိတ်ထား မဟုတ်ရင် ငါကိုယ်တိုင် ပိတ်သွားအောင်လုပ်ပစ်မယ်!"
ချူးဖေ့ဟန် ကုရှောင်ရှောင်ကို ခြိမ်းခြောက်နေခြင်းကို ဘယ်ဆရာမှ ဝင်မတားကြပါဘူး. ချူးဖေ့ဟန် ပြောသွားတာတွေက မှန်နေတာပဲ. ကုနင်းသာ ထိုလူဆိုးတွေကို မရိုက်နိုင်ခဲ့ရင် သူမဖျက်စီးခံလိုက်ရမှာ.
ကုရှောင်ရှောင် ဒီကိစ္စကို သေချာပေါက် တာဝန်ယူရပါမယ်.
"ကုရှောင်ရှောင်, ငါရဲခေါ်ပြီး နင့်ကိုထောင်ထဲမပို့တာက ငါအတတ်နိုင်ဆုံးကောင်းပေးထားတာပဲ. နင်ကုမိသားစုဝင်ဖြစ်နေတာကိုပဲ ကျေးဇူးတင်သင့်တယ်. ငါနဲ့ကို ညှာတာလိုက်တာ ငါ့အမေအတွက်ကြောင့်ပဲ. ပြီးတော့ နင့်အပြုအမူတွေကြောင့် ကျောင်းရဲ့ဂုဏ်သိက္ခာလဲကျရသေးတယ်. နင်ဒီမှာဆက်နေဖို့လုံးဝမဖြစ်နိုင်ဘူး." ကုနင်းပြောလိုက်တယ်. သူမကြင်နာမှုအလုံးစုံကိုပြခဲ့ပြီးသားဖြစ်တယ်.
"နင်...." ကုရှောင်ရှောင် ပြန်ခံမပြောနိုင်ခဲ့ပေမယ့် ဆက်ပြီးတော့ ငြင်းဆန်နေပါတယ်.
အပြင်မှာတော့,
ဝမ်ချန်းချီက ကုချင်းရှန်ကိုဖုန်းခေါ်လိုက်တယ်.
ကုချင်းရှန်လဲ ဝမ်ချန်းချီဖုန်းဆက်တာကိုမြင်ပေမယ့် ကုရှောင်ရှောင်အမှားလုပ်ထားတာကြောင့်လို့ မတွေးမိပါဘူး.
"ဟိုင်း, ပါမောက္ခဝမ်." ကုချင်းရှန် ချက်ချင်းဖုန်းပြန်ဖြေလိုက်တယ်.
"ဟိုင်း, လူကြီးမင်းကု, ခင်ဗျားရဲ့သမီးက ကျွန်တော်တို့ကျောင်းသားတစ်ယောက်နဲ့ပြဿနာတက်ခဲ့တယ်. ပြီးတော့ အဲ့ကျောင်းသူကိုဖျက်စီးဖို့ ချင်ဂိုဏ်းနဲ့တောင်ပေါင်းခဲ့တယ်. ကျောင်းသူလေးက လွတ်သွားတယ်ဆိုပေမယ့် ကုရှောင်ရှောင်ကို ကျောင်းထုတ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါပြီ. ကျေးဇူးပြုပြီး ကျောင်းကို မြန်မြန်လာခဲ့ပေးပါ." ဝမ်ချန်းချီပြောလိုက်တယ်.
"ဘာ?"
ထိုစကားကိုကြားတော့ ကုချင်းရှန် ဆွံ့အသွားတယ်. ဒါလုံးဝမယုံကြည်နိုင်စရာပဲ. ကုရှောင်ရှောင်က ငယ်ငယ်ကတည်းက ဆိုးသွမ်းတယ်ဆိုတာ သူသိထားပေမယ့် ဒီလိုဥပဒေနဲ့မလွတ်ကင်းတဲ့အရာလုပ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားမိဘူး. အခုတော့ ချင်ဂိုဏ်းနဲ့တောင်ပေါင်းလိုက်သေးတယ်.
ကုချင်းရှန် ချက်ချင်းကျောင်းကိုသွားလိုက်တယ်. ကုရှောင်ရှောင် ဘယ်ကျောင်းသူကို ဖျက်စီးဖို့ စီစဉ်ခဲ့တယ်ဆိုတာကို မေးချိန်မရှိလိုက်ပါဘူး.
ပြီးတော့ ဝမ်ချန်းချီနဲ့ ကုရှောင်ရှောင်ကလွဲပြီး ကျန်တဲ့လူတွေအကုန်ပြန်သွားကြတယ်.
"ကုနင်း, ကုရှောင်ရှောင် ကျောင်းထွက်ရရုံနဲ့မလုံလောက်သေးဘူးလို့ ငါထင်တယ်." ချူးဖေ့ဟန်က စိတ်ပျက်စွာနဲ့ပြောလိုက်တယ်. သူမက အရှေ့ကသွားနေကြတဲ့ ကျန်းယွမ်နဲ့ ကျန်းချိုးဟွာတို့ကိုတောင် ဂရုစိုက်မနေပါဘူး.
"စိတ်မပူပါနဲ့. သူဒီအတိုင်းသာဆက်ပြီးလုပ်နေရင် နောက်ကျရင် သူ့ကိုယ်သူပြန်ဖျက်စီးမိသွားလိမ့်မယ်." ကုနင်းရှင်းရှင်းပဲပြန်ပြောလိုက်တယ်.
ကျန်းယွမ်နဲ့ ကျန်းချိုးဟွာတို့ နောက်ကိုလှည့်ကာ တစ်ချက်ကြည့်လိုက်ပေမယ့် ဘာမှတော့မပြောပါဘူး. သူတို့ပြောတာတွေက မှန်နေတာပဲကို. ကုနင်းကခံရသူဖြစ်ပေမယ့် နစ်နာကြေးရော တောင်းပန်မှုပါမရခဲ့ဘူး. ဒါကြောင့် ချူးဖေ့ဟန် သူမအတွက် ဒေါသထွက်ပေးနေတာ နားလည်ပေးနိုင်ပါတယ်.
တကယ်လို့ ခံရသူက ချူးဖေ့ဟန်သာဆို ကိစ္စတွေက ဒီလောက်လွယ်လွယ်လေးပြီးဆုံးသွားမှာမဟုတ်ဘူး.
ကုနင်းရဲ့စကားတွေက မှန်ပါတယ်. တကယ်လို့ကုရှောင်ရှောင်ရဲ့အပြုအမူတွေက ဒီအတိုင်းပဲဆက်ဖြစ်နေဦးမယ်ဆို သူမတစ်နေ့ပျက်စီးသွားလိမ့်မယ်.
ကျန်းယွမ်နဲ့ ကျန်းချိုးဟွာတို့ရှေ့လှည့်သွားတာနဲ့ ကုနင်းဖုန်းကိုထုတ်လိုက်ကာ WeChatမှာ စာကြောင်းတစ်ချို့ရိုက်လိုက်တယ်. ပြီးတော့ ချူးဖေ့ဟန်ဘက်ကိုလဲ ပြလိုက်ကာ 'ဖိုက်တာမိသားစု'ထဲကို ပို့လိုက်တယ်.
ကုနင်း : "ကုရှောင်ရှောင်က ချင်ဂိုဏ်းနဲ့ပေါင်းပြီး ကျောင်းသူတစ်ယောက်ကို ဖျက်စီးဖို့လုပ်ခဲ့တယ်လို့ မြို့တော်Fကကျောင်းတိုင်းကို သတင်းဖြန့်လိုက်. ကုရှောင်ရှောင်ကို မြို့တော်Fကနေထွက်သွားအောင် ဖိအားပေးကြ! ပြီးတော့ အဲ့ဒီကျောင်းသူက ငါလို့တော့မပြောနဲ့."
ချူးဖေ့ဟန်ကတော့ ဝမ်းသာသွားတယ်. သတင်းဖြန့်တယ်ဆိုတာ ကိတ်မုန့်တစ်တုံးစားရသလိုပါပဲ.
မုခယ်နဲ့ ယွီမီရှီက လွဲပြီး ဟောင်ရန်နဲ့ကျန်တဲ့လူတွေက စာသင်နေတုန်းဖြစ်ပေမယ့် သူတို့အားလုံး စာသင်နေတာတောင် ဖုန်းသုံးနေကြတာပါ. ဒါကြောင့် ချက်ချင်းပဲ စာကိုဖတ်လိုက်ကြတယ်.
သူတို့လဲ ကုရှောင်ရှောင် ကျောင်းထုတ်ခံရတယ်ကြားတာကြောင့် အရမ်းပျော်နေကြတယ်.
ကုနင်း သူမအခန်းကိုပြန်ရောက်တော့ ရှောင်ဖေးဖေးက ကျေနပ်နေတဲ့အကြည့်ကြီးနဲ့ကြည့်နေတာကို တွေ့လိုက်ရတာကြောင့် ကုနင်းစိတ်ရှုပ်သွားတယ်. 'နေပါဦး, ဒုက္ခရောက်သွားတာ ငါမဟုတ်ဘူးလေ. ဘာလို့ ရှောင်ဖေးဖေးက ဒီလောက်ကျေနပ်နေတာလဲ?'
ကုနင်းကတော့ သူမကို ချင်ဂိုဏ်းလာလက်တုံ့ပြန်မယ့်ကိစ္စမတွေးထားပါဘူး. ပြီးတော့ သူမကို ချူးဖေ့ဟန်ကလဲ ကာကွယ်ပေးထားသေးတယ်. ချင်ဂိုဏ်းက ကုနင်းအပေါ်လက်စားပြန်ချေနိုင်မှာမဟုတ်ပါဘူး.
မကြာခင်မှာပဲ ကုချင်းရှန် ကျောင်းကိုရောက်လာခဲ့တယ်. သူလင်လိကျွမ်းကိုမပြောခဲ့ပဲ တစ်ယောက်ထဲလာခဲ့တာပါ.
ကုရှောင်ရှောင်နဲ့ ဝမ်ချန်းချီက ကုချင်းရှန်ကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းမှာထိုင်စောင့်နေကြတယ်.
ကုချင်းရှန်က အမြန်ဝင်လာခဲ့တယ်. ကုရှောင်ရှောင်ရဲ့လုပ်ရပ်ကို သူစိတ်တိုနေတာကြောင့် အကြောင်းပြချက်မမေးပဲနှင့် ဝင်ဝင်ချင်းပါးရိုက်ပစ်လိုက်တယ်.
ကုရှောင်ရှောင်ရဲ့ နီရဲယောင်ကိုင်းနေတဲ့ပါးက တစ်ဖန်ထပ်နာသွားပြန်တယ်. စကားတစ်ခွန်းလောက်ထပ်ပြောဖို့တောင် နာကျင်လွန်းသွားပြီ.
ကုချင်းရှန် သူမကိုပါးရိုက်လိုက်တာကြောင့် စိတ်တိုသွားပေမယ့် ဘာမှပြန်မပြောရဲပဲ ကုနင်းကိုသာ ဒီကိစ္စတွေအားလုံးအတွက် အပြစ်တင်နေလိုက်တယ်.
ကုနင်းက အခုအဆင်ပြေနေတာပဲ. ဘာလို့သူမကို ခွင့်မလွှတ်ပေးနိုင်ရတာလဲ?
ကုရှောင်ရှောင် အရိုးအထိပါ ပုပ်သိုးပြီးကိုယ်ကျင့်တရားပျက်စီးနေတဲ့သူပဲ. သူမမှားခဲ့တာတောင်မှ ကုနင်းကို အပြစ်တင်နေတယ်.
"ကုရှောင်ရှောင်, ဘယ်လိုလုပ်ဒါမျိုးလုပ်ရဲရတာလဲ?" ကုချင်းရှန် ဒေါသနဲ့အော်လိုက်တယ်.
ကုရှောင်ရှောင် ကျောင်းသူတစ်ယောက်ကို ဖျက်စီးဖို့လုပ်ခဲ့တာနဲ့ ယှဉ်ရင် ချင်ဂိုဏ်နဲ့ဆက်သွယ်ခဲ့တာအတွက် ပိုစိတ်တိုပါတယ်.
ထိုဆက်ဆံမှုကနေ ကုမိသားစုကို ထိခိုက်လာမှာ သူစိုးရိမ်နေမိတယ်.
ပြီးတော့မှ ကုချင်းရှန် ကျူးကျဲ့ကိုကြည့်လိုက်ပြီး တောင်းပန်လိုက်တယ်,
"ကျွန်တော့်သမီးလုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်. ဒါ ကျွန်တော့်အမှားပါ. သူ့မိဘတစ်ယောက်အနေနဲ့ သေချာမသင်ကြားပေးခဲ့မိဘူး. သူ့ကိုအခုပဲပြန်ခေါ်သွားလိုက်ပါ့မယ်."
ကျောင်းက ဆုံးဖြတ်ချက်ချပြီးပြီဖြစ်တာကြောင့် ကုရှောင်ရှောင်ကို ဆက်နေခွင့်ပြုရန် ကျူးကျဲ့ကိုတောင်းပန်ဖို့ ကုချင်းရှန် အလွန်ရှက်မိတယ်. ဒါပေမယ့် ကုရှောင်ရှောင် ဘယ်ကျောင်းသူကိုများဖျက်စီးချင်ရတယ်ဆိုတာကိုလဲ သိချင်မိတယ်.
ဒါကြောင့် သူမေးလိုက်တယ်,
"ကျွန်တော့်သမီးက ဘယ်ကျောင်းသူနဲ့များ ပြဿနာဖြစ်ခဲ့တယ်ဆိုတာ သိလို့ရမလား?"
"ကုရှောင်ရှောင်က ကုနင်းလို့ခေါ်တဲ့ကျောင်းသူနဲ့ သူ့အမေကို အရှက်ခွဲခဲ့တာကြောင့် သူက ကုရှောင်ရှောင်ကို ပါးပြန်ရိုက်ခဲ့တာ." ကျူးကျဲ့ပြောလိုက်တယ်.
"ကုနင်း?"
ထိုစကားကိုကြားတော့ ကုချင်းရှန် ခံစားချက်တွေရှုပ်ထွေးပြီး မကျေမနပ်ဖြစ်သွားတယ်. ဒါပေမယ့် သူအခု ကုနင်းကို အပြစ်မတင်နိုင်သေးပါဘူး.
သူကုနင်းကို သဘောမကျပေမယ့် အပြင်လူလိုပဲဆက်ဆံတာပါ. သူက သူမနဲ့ မပတ်သတ်ချင်ရုံပေမယ့် ထိခိုက်အောင်လုပ်ဖို့တော့ တစ်ခါမှမတွေးခဲ့ပါဘူး.
ကုချင်းရှန် ပြီးတော့ ကုရှောင်ရှောင်နဲ့အတူထွက်သွားလိုက်တယ်. အတန်းထဲက စာအုပ်တွေတောင် ယူမသွားကြပါဘူး. လမ်းရောက်တော့မှ ကုရှောင်ရှောင်ရဲ့ပါးတွေ နီရဲယောင်ကိုင်းနေတာကို တွေ့သွားပြီး နောင်တရသွားတယ်.
သူလဲ စိတ်ဆိုးပြီး ကုရှောင်ရှောင်ကို ရိုက်ခဲ့တယ်ဆိုပေမယ့် တခြားလူက သူ့သမီးကို ပါးရိုက်တာမျိုးတော့ ခွင့်မပြုနိုင်ပါဘူး.