အခန်း (၂၀၅၉-၂၀၆၄)
Vol. 126 Ch. 2059-2064
အခန်း ၂၀၅၉ လျစ်လျူရှု၍ မရနိုင်ပါ။
ထို့ကြောင့် ကျင်းကျီနဉ် ပြောသည့်အတိုင်း ထိုလူသည် ရှန်းကွမ်းယန် မဟုတ်ရင်တောင်မှ သူ၏ ပုံမှန်မဟုတ်သောအဆင့်ေကြာင့် ထျန်းတောက်ကျုံးအတွက် ထူးခြားေသာ ဧည့်သည်ဖြစ်နေသေးသည်။
မည်သို့ပင်ဆိုစေ ထိုကျင့်ကြံသူသည် ရှန်းကွမ်းယန် အစစ်အမှန်ဟုတ်မဟုတ်ကို သံသယမရှိကြသောကြောင့် ကျင်းကျီနဉ်က ယင်ရှီရွှမ်းကိုသတ်ရန် ကူညီေပးသည့်ကိစ္စအတွက် ရှန်းကွမ်းယန်အား သံသယမ၀င်တော့ပေ။
ရှန်းကွမ်းယန်၏ နာမည်ကောင်းကို အားလုံးကြားသိခဲ့ကြသောကြောင့် ရှန်းကွမ်းယန်သည် အပြစ်မဲ့သူများကို သတ်မည်မဟုတ်ဟု ယုံကြည်ကြသည်။
ရှန်းကွမ်းယန်က ယင်ရှီရွှမ်းကို တကယ်သတ်ခဲ့ရင်တောင် ယင်ရှီရွှမ်းက လက်မခံနိုင်စရာ တစ်ခုခုကို လုပ်ခဲ့တာဖြစ်နိုင်မည်။ တကယ်တော့ ရှန်းကွမ်းယန်နဲ့ ဘာမှမဆိုင်ဘူးဆိုတာ အမှန်ပါပဲ။
ကျင်းကျီနဉ်က ဆက်လက်၍ “ကျင့်ကြံသူတွေကို မျိုးသုဉ်းသွားပြီလို့ သူထင်နေတာ။ ကျင့်ကြံရေးလောကကို ငါသူ့ကို မိတ်ဆက်ပေးတော့ ကွန်ဖူးပြိုင်ပွဲကို ကျင့်ကြံရေးလောကမှာ ကျင်းပတော့မယ်ဆိုတာ သိလိုက်ရတယ်။ အဲ့တာကြောင့် သူ့တပည့်နှစ်ယောက်ကို ပါဝင်စေချင်လို့ သူတို့ကို ဒီကို ခေါ်လာခဲ့တာ”
"စီနီယာရှန်းကွမ်း အသက်ရှင်နေသေးတယ်ဆိုတာ မင်းသိသိချင်းထဲက ထျန်းတောက်ကျုံးကို ဘာလို့မပြောတာလဲ" ရှီပိုင်ချွမ်းက မေးသည်။ သူက ကျင်းကျီနဉ်ကို အပြစ်တင်တာမဟုတ်ပေမယ့် ကျင်းကျီနဉ်က အဲဒါကို လျှို့ဝှက်မထားသင့်ဘူးလို့ ခံစားရသည်။
ထိုအကြောင်းကို သူတို့သိခဲ့လျှင် ရှန်းကွမ်းယန်ကို ကျင့်ကြံရေးလောကသို့ ဖိတ်ခေါ်ခဲ့မည်မှာ သေချာသည်။ ထို့အပြင် ရှန်းကွမ်းယန်၏အဆင့်ကြောင့် ထျန်းတောက်ကျုံးသည် သူ့ကို ၎င်းတို့၏ ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ်သတ်မှတ်မည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။
ကျင့်ကြံရေးလောကတွင် စီနီယာကျင့်ကြံသူအား ယခုအချိန်တွင် တွေ့ရခဲသောကြောင့် ရှန်းကွမ်းယန်ကို တွေ့ဆုံသည်က သတင်းကောင်းဖြစ်သည်။
“စီနီယာရှန်းကွမ်းက ကျွန်တော့်ကို တခြားလူတွေကို မပြောစေချင်တဲ့အတွက် ဘာမှ မပြောခဲ့တာပါ။ အခု သူ ဒီကို လူကိုယ်တိုင် လာခဲ့တာဆိုတော့ လျှို့ဝှက်မထားချင်တော့ဘူးလို့ ထင်ပါတယ်” ဟု ကျင်းကျီနဉ်က ဆိုသည်။
ထိုအခြေအနေမျိုးတွင် ရှီပိုင်ချွမ်းသည် သူဆက်ပြောပါက ရှန်းကွမ်းယန်ကို ဝေဖန်နေသလိုဖြစ်သောကြောင့် သူ့ကို ထပ်မံမေပြာနိုင်တော့ပေ။
“စီနီယာရှန်းကွမ်းက ဒီတောင်ရောက်လာပြီဆိုတော့ လျစ်လျူရှုထားလို့မဖြစ်ဘူး။ အဲဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိရေအာင် ငါတို့ ခေါင်းဆောင်ကို တင်ပြဖို့ သွားလိုက်အုံးမယ်။ ကျင်းကျီနဉ် မင်းဒီမှာခဏစောင့်အုံး” ဟု ရှီပိုင်ချွမ်း မှပြောကြားသည်။
"ဟုတ်ကဲ့ပါ" ခနနေ ရှန်းကွမ်းယန်ဆီကို တွေ့ဖို့ ခေါ်သွားဖို့လိုတယ်ဆိုတာ သူနားလည်သွားသည်။ သူဒီကိုမလာခင် ထျန်းတောက်ကျုံးကလူတွေကို သူသွားတွေ့မယ်လို့ ရှန်းကွမ်းယန်ကိုပြောထားတာကြောင့် ရှီပိုင်ချွမ်း ကို မတားေတာ့ပါ။ ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန်တော့ ဆုံကြလိမ့်မည်။
ရှီပိုင်ချွမ်းသည် ချက်ချင်းပင် သူ့ခြံမှ ထွက်သွားပြီး သူတို့ေခါင်းေဆာင်အိမ်သို့ ဦးတည်သွားခဲ့သည်။
ဝေ့ရှန်းသည် သူတို့နှင့် လိုက်သွားချင်သော်လည်း ရှီပိုင်ချွမ်း၏ အရည်အချင်းများ ခေါင်းဆောင်ေရှ့တွင် ၀င့်ကြွားနေမည်ကို မမြင်လိုသောကြောင့် သေချာစဉ်းစားပြီးနောက်တွင် မလိုက်ရန်ဆုံးဖြတ်လိုက်သည်။ သူ ခေါင်းဆောင်ရှေ့မှာ လှည့်စားဖို့ ကြိုးစားရင် သူ့အတွက် မကောင်းနိုင်ပါ။ သူတို့၏ ခေါင်းဆောင်ကို အလွယ်တကူ မြင်နိုင်သည်။ သို့သော် သူတို့ခေါင်းဆောင်သည် ကျင်းကျီနဉ် ကိုတွေ့မည်ဟုသိသောကြောင့် ချက်ချင်းထွက်မသွားေသးေပ။ ထို့နောက် ရှန်းကွမ်းယန် ကိုသွားတွေ့မည်ဖြစ်သည်။ ဖြစ်နိုင်ရင် သူတို့ခေါင်းဆောင်က သူ့ကို အဲဒီနေရာကို ခေါ်သွားစေချင်သည်။
များမကြာမီပင် ထျန်းတောက်ကျုံး၏ခေါင်းဆောင် ပိုင်လင်ထျန်းသည် ရှန်းကွမ်းယန် အသက်ရှင်နေသေးပြီး ကျင့်ကြံရေးလောကသို့ ရောက်လာကြောင်း သိလိုက်ရသည်။ သူအလွန်အံ့သြသွားသည်။
မနှောင့်နှေးဘဲ သူသည် ထျန်းတောက်ကျုံးတွင်နေဖို့ ဖိတ်ခေါ်ရန်အတွက် ရှန်းကွမ်းယန် တည်းခိုရာ ဟိုတယ်သို့ ကိုယ်တိုင်သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။
ရှန်းကွမ်းယန်က သူ့ဖိတ်ကြားမှုကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူသွားရပါမည်။
ကျင်းကျီနဉ်သည် သူ့အား လိမ်ညာမည်မဟုတ်ဟု ယုံကြည်သောကြောင့် စီနီယာကျင့်ကြံသူသည် ရှန်းကွမ်းယန် အစစ်အမှန်ဟုတ်မဟုတ် သံသယမရှိပေ။ ဒါ့အပြင် ပိုင်လင်ထျန်း ငယ်ငယ်တုန်းက ရှန်းကွမ်းယန်ကို မြင်ဖူးသည်။။ နှစ်ပေါင်းရာချီကြာခဲ့ပြီဖြစ်သော်လည်း သူသည် ရှန်းကွမ်းယန်ကို မှတ်မိနေေသးသည်။
ပိုင်လင်ထျန်းသည် စီနီယာကျင့်ကြံသူက ရှန်းကွမ်းယန် မဟုတ်ရင်တောင်မှ သူ့ထက်အဆင့်မြင့်တဲ့ ကျင့်ကြံသူဖြစ်တဲ့အတွက် ယဉ်ကျေးစွာ ဆက်ဆံရပါမည်။
ခွန်းလွန်ဂိုဏ်း မရှိတော့ပေမယ့် ပိုင်လင်ထျန်းကတော့ ရှန်းကွမ်းယန်ကို လေးစားဆဲပါ။ ရှန်းကွမ်းယန်သည် အဆင့်အတန်းမြင့်မားပြီး အလွန်မြင့်မားသောအဆင့်တွင်ရှိသောကြောင့် ထျန်းတောက်ကျုံး၏ခေါင်းဆောင်အဖြစ် သူ့ကိုသွားတွေ့ရမည်ဖြစ်သည်။
ညဆိုပေမယ့် အရမ်းနောက်မကျေသးတာမို့ ရှန်းကွမ်းယန်ကို အနှောက်အယှက်မဖြစ်စေပါ။
ထို့နောက် ပိုင်လင်ထျန်းသည် ကျင်းကျီနဉ်နှင့် ထွက်ခွာလိုသောကြောင့် ရှီပိုင်ချွမ်းနေအိမ်သို့ လိုက်သွားခဲ့သည်။
သူတို့ အပြင်မထွက်ခင်မှာ ပိုင်လင်ထျန်းက ကျင်းကျီနဉ်ကို သေချာအောင် ထပ်မေးသည်။
ပိုင်လင်ထျန်းက ဝေ့ရှန်းကို မေခါ်သွားပဲ ထျန်းတောက်ကျုံးရဲ့ တခြားအကြီးအကဲတွေဆီ သတင်းပေးဖို့ ပြောခဲ့သည်။ တပည့်များသည် ဧည့်သည်တော်များကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေကြပြီ။ အဆင့်မြင့် ဧည့်ခန်းသုံးခန်းကိုလည်း သပ်ရပ်အောင်လုပ်ဖို့ လိုသည်။
ပိုင်လင်ထျန်းက ရှန်းကွမ်းယန် လာမယ်ဆိုတာ မသေချာပေမယ့် သေချာအောင် စီစဉ်ထားတာ ပိုကောင်းသည်။ ရှန်းကွမ်းယန် လာခဲ့လျှင် သူတို့ မပြင်ဆင်ထားပါက အားနာစရာ ကောင်းလိမ့်မည်။
ပိုင်လင်ထျန်းက သူ့ကိုမေခါ်သွားအတွက် ဝေ့ရှန်း တော်တော်စိတ်ပျက်သွားသလို ခံစားလိုက်ရပေမယ့် သူတို့ခေါင်းဆောင်ရဲ့ အမိန့်ဖြစ်၍ နာခံရမည်။
ပိုင်လင်ထျန်းက သူ့အစောင့်နှစ်ယောက်နဲ့အတူ ရှီပိုင်ချွမ်းနဲ့ နဉ်ရှုကို ခေါ်သွားသည်။
လူသိပ်မရှိပေမယ့် သူတို့ကအရေးကြီးတဲ့ သူတွေဖြစ်သည်။ လူများလွန်းလျှင် ရှန်းကွမ်းယန်ကိုသွားကြည့်တဲ့အခါ ရှန်းကွမ်းယန် စိတ်ရှုပ်သွားလိမ့်မည်။
ပိုင်လင်ထျန်းနှင့် အခြားလူများ ထွက်သွားသည်နှင့် ဝေ့ရှန်းသည် ထျန်းတောက်ကျုံး၏ အခြားအကြီးအကဲများထံ သတင်းမျှဝေရန် သွားခဲ့သည်။
သူတို့သည်လည်း ရှန်းကွမ်းယန် အသက်ရှင်နေသေးကြောင်း သိလိုက်ရသောအခါ အံ့သြသွားကြသည်။
တပည့်ငယ်များက ရှန်းကွမ်းယန်အကြောင်း ဘာမှမသိသော်လည်း ခွန်လွန်းဂိုဏ်းကို ကြားဖူးကြသည်။ ရှန်းကွမ်းယန်သည် ခွန်းလွန်ဂိုဏ်း၏ အကြီးအကဲဖြစ်သောကြောင့် သူသည် အလွန်မြင့်မားသောအဆင့်တစ်ခုရှိရမည်။
ထျန်းတောက်ကျုံး၏တပည့်များအားလုံး ချက်ချင်းပေါ်လာသော်လည်း ပိုင်လီကျုံးယန်၊ သုန်းဖန်းကျီယွီ နှင့် ကျင်းယွင်ယန်တို့တော့ မရှိပါ။ တကယ်တော့ သူတို့က ထျန်းတောက်ကျုံးရဲ့တပည့်တွေပင်။
ပိုင်လီကျုံးယန်သည် ထျန်းတောက်ကျုံး၏အကြီးဆုံးအကြီးအကဲ၏ တိုက်ရိုက်တပည့်ဖြစ်ပြီး သုန်းဖန်းကျီယွီသည် ထျန်းတောက်ကျုံး၏တတိယအကြီးအကဲ၏ တိုက်ရိုက်တပည့်ဖြစ်သည်။ သူတို့နှစ်ဦးစလုံးကို ဂိုဏ်းအကြီးအကဲများက ရွေးချယ်ခဲ့ကြပြီးနောက် သူတို့၏တပည့်များဖြစ်လာကြသည်။
ကျင်းယွင်ယန်သည် စတုတ္ထအကြီးအကဲ၏ တိုက်ရိုက်တပည့်ဖြစ်သည်။ စတုတ္ထအကြီးအကဲက သူ့မှာ အရည်အချင်းတွေ အများကြီးရှိတယ်ဆိုတာ သိလိုက်ရ၍ သူ့ကို တပည့်အဖြစ် ခေါ်သွားသည်။
အကြီးအကဲများ၏ တိုက်ရိုက်တပည့်များအနေနှင့် သူတို့တွင် အကျိုးကျေးဇူးများစွာရှိသည်။ အတိုင်းအတာတစ်ခုအထိ သူတို့သည် စီနီယာများ၏ နေရာများကို ဆက်ခံနိုင်ကြသည်။ သူတို့ရဲ့ အရည်အချင်းကို အားကိုးပြီး အကြီးအကဲတွေရဲ့ ရာထူးတွေအတွက်လည်း ယှဉ်ပြိုင်နိုင်သည်။
ဘယ်သူက ဘယ်လို အရည်အချင်းရှိရှိ ရာထူးနေရာအတွက် ယှဉ်ပြိုင်နိုင်သည်။ သူတို့ဟာ မြင့်မားတဲ့အဆင့်ကိုရောက်ဖို့နဲ့ စီမီခန့်ခွဲမှုကောင်းမွန်သောသူ ဖြစ်ဖို့ လိုအပ်သည်။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု အရည်အချင်းမရှိရင် သူတို့ရဲ့ ရာထူးတွေမှာ အရည်အချင်းပြည့်မီမှာ မဟုတ်ပါ။
ထျန်းတောက်ကျုံး၏တပည့်များသည် နေ့တိုင်း ထျန်းတောက်ကျုံးတွင် မနေခဲ့ကြပေ။ တချို့က တံခါးပိတ်ကျင့်ကြံရန်သွားကြသည်။ တချို့က လှည့်ပတ်သွားလာေနကြပြီး တချို့က တခြားအရာတွေနဲ့ အလုပ်ရှုပ်နေကြသည်။
ထျန်းတောက်ကျုံးသို့ဝင်ရောက်ပြီးနောက် တစ်ချိန်လုံး ကျင့်ကြံရေးပေါ် အာရုံစိုက်ရန် မလိုအပ်သောကြောင့် အခက်အခဲများကို တွေ့ကြုံခံစားရန် လိုအပ်ပါသည်။ တချို့ကတော့ ကျင့်ကြံရင်းဖြင့်သာ နေထိုင်ခဲ့ကြသည်။
သုန်းဖန်းကျီယွီသည် မနက်ဖြန်ပြိုင်ပွဲအတွက် မိမိကိုယ်မိမိ တိုးတက်အောင် အစွမ်းကုန်ကြိုးစားခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူမဟာ ချန်ပီယံဆုရဖို့ ဆုံးဖြတ်ထားသည်။
ပိုင်လီကျုံးယန်သည် ယခုနှစ် ကွန်ဖူးပြိုင်ပွဲတွင် ပါဝင်မည်မဟုတ်သော်လည်း သူလည်း ပြန်လာခဲ့သည်။
ပိုင်လီကျုံးရွှယ်လည်း ယနေ့ ကျင့်ကြံရေးလောကသို့ ပြန်သွားခဲ့သည်။ သူမသည် မြင့်မားသောအဆင့်မဟုတ်သောကြောင့် ပြိုင်ပွဲတွင်ပါဝင်ခဲ့လျှင်ပင် ဆုမရရှိနိုင်သော်လည်း အခွင့်အလမ်းကောင်းဖြစ်သောကြောင့် လာရန်ဆုံးဖြတ်ထားဆဲဖြစ်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၆၀ ခွင့်ပြုချက်တောင်းေပးပါ။
သူတို့သည် ဓားများဖြင့် တိုက်ရိုက်ပျံသန်းသွားသောကြောင့် အချိန်အနည်းငယ်သာကြာပြီး ပိုင်လင်ထျန်းနှင့်အတူ အခြားသူများနှင့်အတူ ကုနင်းနှင့် အခြားသူများတည်းခိုသည့် ဟိုတယ်သို့ မကြာမီရောက်ရှိလာသည်။
ကျင့်ကြံရေးလောကတွင် ရွှေအမြုေတအဆင့်အထက်ရှိ စီနီယာကျင့်ကြံသူများအားလုံးတွင် မှော်လက်နက်များ ရှိကြသော်လည်း ယွမ်ယင်အဆင့်ထက်တွင် ရှိသောသူများသည်သာ ဓားများဖြင့် ပျံသန်းနိုင်ကြသည်။ ရွှေအမြုတေအဆင့်တွင် အလွန်ထက်မြက်သော ကျင့်ကြံသူများသာ ဓားပျံများကို အသုံးပြုနိုင်သည်။
ပိုင်လင်ထျန်းနဲ့ ရှီပိုင်ချွမ်းတို့ဟာ သူတို့ရဲ့ဓားတွေနဲ့ ပေါင်းထားပြီးဖြစ်လို့ သူတို့ရဲ့ဓားတွေကို သူတို့ခန္ဓာကိုယ်ထဲမှာ ဝှက်ထားနိုင်ကြသည်။ ၎င်းတို့သည် ဓါးကိုပြသရန် သို့မဟုတ် ဝှက်ထားရန်လည်း ထိန်းချုပ်နိုင်သည်။ နဉ်ရှုက အဲဒါကို မလုပ်နိုင်သေးတဲ့အတွက် သူ့ဓားကို တစ်ချိန်လုံး ကိုင်ဆောင်သွားရသည်။
ကုနင်းနဲ့ တခြားလူတွေက ထျန်းတောက်ကျုံးကလူတွေလာမယ်ဆိုတာသိတဲ့အတွက် သူတို့စောင့်နေပြီး ကိုယ့်အခန်းကိုမပြန်ပေ။ သူတို့နှစ်ယောက် ကုနင်း ရဲ့အခန်းထဲမှာ အတူနေပြီး လက်ဖက်ရည်သောက်ရင်း တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောရင်း အတူတူနေနေကြသည်။
သူတို့မှာ အခန်းသုံးခန်းရှိပြီး ကုနင်းက အလယ်မှာရှိတာကြောင့် သူတို့ကိုယ်ပိုင်အခန်းတွေက နှစ်ဖက်လုံးမှာရှိပြီး သူတို့စကားပြောတာကို ဘယ်သူမှမကြားရပေ။
ရှန်းကွမ်းယန်မှလွဲ၍ ၎င်းတို့သည် သရုပ်မှန်များဖြင့် ဤနေရာသို့ ရောက်ရှိလာခြင်း မဟုတ်သောကြောင့် ၎င်းတို့သည် မသင့်လျော်မှု တစ်စုံတစ်ရာကို မပြောကြပေ။
အရမ်းနောက်ကျနေပြီဆိုတော့ လမ်းတွေပေါ်မှာ လမ်းသွားလမ်းလာတွေရှိသည်။ လူတွေလည်း ဟိုတယ်အပြင်ကို ဝင်ထွက်သွားလာနေတာကြောင့် ပိုင်လင်ထျန်း ရောက်လာခြင်းက လူအများကို စွဲဆောင်သွားစေသည်။
ပိုင်လင်ထျန်းနဲ့ သူ့အဖော်တွေကို မှတ်မိတဲ့သူတွေ အားလုံး အံ့သြသွားကြသည်။ သူတို့ဘာကြောင့်ဒီကိုလာတာလဲဆိုတာ သိချင်ကြသည်။
မသိတဲ့သူတွေကလည်း ဓားပျံတွေစီးလာတာဖြစ်၍ အခုလိုမြင်ရတာ ရှားသည်။ ထို့ကြောင့် အချို့သောသူများသည် သူတို့ဘာလုပ်မည်ကို ကြည့်ရှုရန် ဟိုတယ်တွင် တည်းခိုကြသည်။
“မင်္ဂလာပါ ခေါင်းဆောင်ပိုင်၊ ကျွန်တော် ဘာလုပ်ပေးရမလဲမသိဘူး" ဟိုတယ်ပိုင်ရှင်က ပိုင်လင်ထျန်း ရောက်လာပြီးနောက် တလေးတစား နှုတ်ဆက်သည်။
တစ်ချိန်တည်းမှာပင် သူသည် သူ့ဟိုတယ်တွင် ပြဿနာရှိမည်ကို စိုးရိမ်သောကြောင့် အနည်းငယ် စိတ်ပူသွားသည်။ ဘာပဲဖြစ်ဖြစ် ပိုင်လင်ထျန်းက ဒီနေ့ ပုံမှန်လို ပုံပေါက်နေတာမို့ အရာအားလုံး အဆင်ပြေတယ်လို့ သူလောင်းကြေးထပ်နိုင်သည်။
"ငါ လူတစ်ယောက်ကို တွေ့ဖို့လာခဲ့တာ" ပိုင်လင်ထျန်းကပြောပြီး ကျင်းကျီနဉ် ဘက်လှည့်လိုက်သည်။ "ကျေးဇူးပြုပြီး ငါ့ကို တွေ့ခွင့်ပေးဖို့ တောင်းဆိုပေးပါ"
ပိုင်လင်ထျန်းဟာ ရိုင်းရိုင်းစိုင်းစိုင်း၀င်သွားလျှင် မယဉ်ကျေးရာဖြစ်တာကြောင့် အထဲကို ချက်ချင်းမဝင်ခဲ့ပါ။ ကျင်းကျီနဉ်ကို သူ့အတွက် ခွင့်ပြုချက်တောင်းခိုင်းဖို့ အကူအညီလိုအပ်သည်။
"ပြဿနာမရှိပါဘူး" ကျင်းကျီနဉ်က သဘောတူပြီး အပေါ်ထပ်သို့ တက်သွားသည်။
သို့သော် ပိုင်လင်ထျန်းသည် တစ်ယောက်ယောက်ကို တွေ့ဆုံရန် တောင်းဆိုမှုပြုလုပ်ရန် လိုအပ်သည့်အတွက် ကြည့်ရှုသူများ အံ့သြသွားကြသည်။ သေချာသည်မှာ သူနှင့်တွေ့ဆုံမည့်လူသည် အလွန်အရေးကြီးရမည် မဟုတ်ပါက ပိုင်လင်ထျန်းသည် အပြင်တွင် စောင့်ဆိုင်းနေလိုမည်မဟုတ်ပေ။
သူတို့အားလုံးက အဲဒီလူရဲ့ အဆင့်အတန်းကို သိချင်နေကြပေမယ့် အဲဒီအကြောင်းကို ဘယ်သူမှ မမေးရဲကြပေ။
ဟိုတယ်ပိုင်ရှင်က အဲဒါကို မှန်ကန်စွာ မှန်းဆနိုင်သည်။ ပိုင်လင်ထျန်းနဲ့ တွေ့ချင်တဲ့လူက စောစောက ကျင်းကျီနဉ်နဲ့ ပါလာတဲ့ လူအုပ်စု ဖြစ်ရမည်။ အံ့သြဖို့ကောင်းတာက အဲဒီလူတွေက အရမ်းအရေးကြီးပုံရသည်။
ကျင်းကျီနဉ်သည် ကုနင်း၏အခန်းသို့သွားပြီး ထျန်းတောက်ကျုံး၏ခေါင်းဆောင် ပိုင်လင်ထျန်း ဤနေရာတွင်ရှိနေကြောင်းပြောပြသည်။ ရှန်းကွမ်းယန်နှင့်လည်း တွေ့ဆုံရန် တောင်းဆိုခဲ့သည်။
ရှန်းကွမ်းယန်သည် မာနကြီးခြင်း မပြုခဲ့ပေ။ ပိုင်လင်ထျန်းက ဒီကို ရောက်နေပြီဖြစ်၍ သူ့ကို ဝင်လာဖို့ ဖိတ်ခေါ်သည်။ ဒါကြောင့် ကျင်းကျီနဉ်က ပိုင်လင်ထျန်းနဲ့ တခြားသူတွေကို ခေါ်ဆောင်သွားသည်။
ပိုင်လင်ထျန်းသည် ထျန်းတောက်ကျုံး၏ခေါင်းဆောင်ဖြစ်ပြီး ကုနင်းနှင့် လင်ရှောင်းထင်သည် ဂျူနီယာများဖြစ်၍ ထိုင်နေ၍ မရသောကြောင့် ကျင်းကျီနဉ် သွားခေါ်သောအခါ ရှန်းကွမ်းယန်၏နောက်တွင် ထရပ်လိုက်ကြသည်။
ပိုင်လင်ထျန်းသည် ရှန်းကွမ်းယန်က သူ့ကိုတွေ့ရန် အမြန်သဘောတူသောကြောင့် အလွန်စိတ်သက်သာရာရသွားသည်။ ရှန်းကွမ်းယန်က သူ့ရဲ့အနှောင့်အယှက်ပေးမှုကြောင့် မကျေနပ်ဖြစ်ပြီး သူ့အေပါ် စိတ်ညိုးမှာကို နဂိုက စိုးရိမ်ခဲ့သည်။
သူသည် ရှန်းကွမ်းယန်အပေါ် သူ၏ ချို့ယွင်းချက်များကို ဖော်ပြတာ မဟုတ်ပဲ ရှန်းကွမ်းယန်နှင့် မရင်းနှီးတဲ့အတွက်ကြောင့်သာ တွေးပူရခြင်းပင်။
ထို့နောက် ပိုင်လင်ထျန်းသည် ရှီပိုင်ချွမ်းနှင့် အခြားသူများကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့ ထွက်သွားတော့မှ ဘေးကလူတွေက အဲဒီအကြောင်းကို စပြောလာသည်။
"ခေါင်းဆောင်ပိုင်က ဘယ်သူနဲ့ တွေ့မှာလဲ။ သူဒီကိုရောက်နေပြီ ဒါပေမယ့် လူရဲ့ခွင့်ပြုချက်ကို စောင့်နေရေသးတယ်”
“အဲ့လူက အရမ်းအရေးကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ ခေါင်းဆောင်ပိုင်က အဲ့လူကို အရမ်းလေးစားတဲ့ပုံပဲ”
“ခဏနေလို့ ထွက်လာပြီးရင် သူတို့ ဘာလုပ်ကြမလဲဆိုတာ သိချင်တယ်။ အဲဒီလူက ဘယ်သူလဲဆိုတာ ကြည့်ချင်တယ်!”
"ငါရောပဲ!"
"လူကို မြင်နိုင်ရင်တောင်မှ အဲဒီလူကို သိနိုင်မှာ မဟုတ်ဘူး"
"အနည်းဆုံးတော့ လူက ဘယ်လိုလူလဲဆိုတာ ငါတို့သိဖို့လိုတယ် ဒါမှ မတော်တဆ မစော်ကားမိစေမှာ"
"မင်းမှန်တယ်"
“…”
ပိုင်လင်ထျန်းနဲ့ တခြားသူတွေက ကျင်းကျီနဉ်နဲ့အတူ ကုနင်းရဲ့ အခန်းအပြင်ဘက်ကို လိုက်သွားကြသည်။ သူက သူ့အစောင့်တွေနဲ့ နဉ်ရှုကို တံခါးအပြင်မှာ စောင့်ခိုင်းပြီး ရှီပိုင်ချွမ်းနဲ့ အတူ ဝင်လာခဲ့သည်။
ဒါဟာ ကုနင်းရဲ့အခန်းဖြစ်ပြီး မိန်းကလေးတစ်ယောက်ရဲ့အခန်းကို ယောက်ျားတော်တော်များများဝင်ဖို့ မသင့်တော်ပေမယ့် ပိုင်လင်ထျန်းက သူတို့ကို ထျန်းတောက်ကျုံးကိုဖိတ်ဖို့ ဆုံးဖြတ်ထားပြီးသားမို့ ဒီအခန်းထဲကို ဘယ်သူဝင်လာတယ်ဆိုတာ အရေးမကြီးပါ။
ပိုင်လင်ထျန်းက ထျန်းတောက်ကျုံးကို အလည်လာဖို့ မဖိတ်ဘူးဆိုရင်တောင် ကုနင်းက လင်ရှောင်းထင်နဲ့ အခန်းတူတူနေလို့ရသည်။ ဘာပဲဖြစ်ဖြစ် ကြီးကြီးမားမားတော့ မဟုတ်ပါ။
ရှန်းကွမ်းယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပိုင်လင်ထျန်းသည် သူသည် ရှန်းကွမ်းယန် အစစ်အမှန်ဖြစ်ကြောင်း သေချာသွားသဖြင့် သူက ချက်ချင်း လက်နှစ်ဖက်ဖြင့် ရှေ့ကိုေမြှာက်ကာ " ထျန်းတောက်ကျုံးရဲ့ခေါင်းဆောင် ပိုင်လင်ထျန်းက စီနီယာရှန်းကွမ်း ကိုတွေ့ဖို့လာခဲ့တာပါ။ စီနီယာရှန်းကွမ်း ကျင့်ကြံရေးလောကထဲ ရောက်နေတယ်ဆိုတာ ကျွန်တော်မသိလိုက်ဘူး။ နောက်ကျသွားတာ ခွင့်လွှတ်ပါ"
"ထျန်းတောက်ကျုံး တရားဥပဒေစိုးမိုးရေးခန်းမရဲ့ အကြီးအကဲ ရှီပိုင်ချွမ်းက စီနီယာရှန်းကွမ်း ကိုလာတွေ့တာပါ" ရှီပိုင်ချွမ်းက ရှန်းကွမ်းယန်ကို လေးစားစွာ နှုတ်ဆက်သည်။
ရှန်းကွမ်းယန်ကို နှုတ်ဆက်ပြီးနောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ဘက်ကို နှုတ်ဆက်ကြသည်။ ကုနင်းကို သာမာန်အဆင့်တွင် ရှိနေသည်ဟု သူတို့ထင်ခဲ့ကြသော်လည်း သူမသည် သူမ၏အသက်အရွယ်နှင့်ယှဉ်လျှင် သူမ၏ အဆင့်က မဆိုးလှပေ။
လင်ရှောင်းထင်၏အဆင့်ကို သူတို့သိလိုက်သောအခါ ပိုင်လင်ထျန်းနှင့် ရှီပိုင်ချွမ်း နှစ်ယောက်စလုံး အံ့သြသွားကြသည်။ ထိုကဲ့သို့ ငယ်ရွယ်စဉ်တွင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေတာက အရည်အချင်းရှိသော ကျင့်ကြံသူ ဖြစ်ရမည်။
“ခေါင်းဆောင်ပိုင်၊ အကြီးအကဲရှီ ငါ လုံးဝ စိတ်မဆိုးပါဘူး။ ကျေးဇူးပြု၍ ထိုင်ပါ” ဟု ရှန်းကွမ်းယန်က ကြင်နာစွာပြောသော်လည်း သူ့တွင် အားကောင်းသောအေငွ့အသက်ရှိသောကြောင့် မည်သူမျှ သူ့ကို မော်မကြည့်ရဲပေ။
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာရှန်းကွမ်း။ ကျွန်တော်တို့ အခု ထိုင်နေစရာ မလိုဘူးထင်တယ်။ စီနီယာရှန်းကွမ်းက ကျင့်ကြံရေးလောကကို ရှားရှားပါးပါး အံ့အားသင့်စရာ ရောက်ရှိလာတာကို ကျွန်ေတာ်တို့ သိလာတဲ့အတွက်ကြောင့် ဒီအချိန်ကြီး ကျွန်ေတာ်တို့ ဒီနေရာကို ရောက်လာတာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ထျန်းတောက်ကျုံးကိုလာလည်ပြီး ကျွန်တော်တို့ကို ဂုဏ်ယူခွင့်ေပးနိုင်မလား” ပိုင်လင်ထျန်းက ပြောသည်။ ရှန်းကွမ်းယန်သည် ထျန်းတောက်ကျုံး သို့လာရောက်လည်ပတ်နိုင်မည်ဟု အမှန်တကယ်မျှော်လင့်ထားသော်လည်း သူ့ကို ပြုလုပ်ရန် အတင်းအကြပ်လုပ်မည်မဟုတ်ပါ။
“အင်း…” ရှန်းကွမ်းယန် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီး “ငါလည်း ထျန်းတောက်ကျုံးကို ကြည့်ချင်ပေမယ့် မင်းကို စိတ်အနှောင့်အယှက်ဖြစ်ေစမှာ ဆိုးရတယ်” ဟုပြောလိုက်သည်။
ရှန်းကွမ်းယန်သည် အလွန်စာနေပုံပါက်သော်လည်း ဒါက ယဉ်ကျေးမှုအရသာဖြစ်သည်။ သူတို့ ထျန်းတောက်ကျုံးကို သွားလည်ဖို့ ဆုံးဖြတ်ချက် ချပြီးသားပါ။
"မဟုတ်တာ အဆင်မပြေမဖြစ်ပါဘူး!" ပိုင်လင်ထျန်းက ချက်ချင်းေပြာသည်။ "စီနီယာရှန်းကွမ်း၊ မင်းရဲ့တပည့်နှစ်ယောက်က မနက်ဖြန် ကွန်ဖူးပြိုင်ပွဲကို တက်မှာမဟုတ်ဘူးလား။ အဲ့ဒီ ပြိုင်ပွဲကို ထျန်းတောက်ကျုံးမှာ ကျင်းပမှာပါ။ မင်း ထျန်းတောက်ကျုံး မှာ နေလို့ရပါတယ်။ အဲ့တာဆို နက်ဖြန်ပြိုင်ပွဲမှာ ပါဝင်ဖို့ ပိုအဆင်ပြေလိမ့်မယ်”
“အင်း…” ရှန်းကွမ်းယန်သည် ခဏလောက် ဟန်ဆောင်စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ "ကောင်းပါပြီ ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်ပိုင်"
"ဝမ်းသာပါတယ် ကျေးဇူးပြု၍ စီနီယာရှန်းကွမ်း ဒီဘက်ကိုကြွပါ" ပိုင်လင်ထျန်းက ရှန်းကွမ်းယန်ရဲ့အဖြေကိုကြားတော့ စိတ်လှုပ်ရှားသွားပြီး ချက်ချင်းထွက်သွားဖို့ ဖိတ်ခေါ်ဖို့ လက်ဟန်ပြလိုက်သည်။ "အို စီနီယာရှန်းကွမ်း မင်း ထုပ်ပိုးစရာရှိေသးလား။ ကျွန်တော်တို့ အပြင်မှာ စောင့်လို့ရပါတယ်.."
***
ဖီးနစ်သွေးစက်
အခန်း ၂၀၆၁ ထျန်းတောက်ကျုံးသို့ သွားရောက်လည်ပတ်ခြင်း
"ကိစ္စမရှိပါဘူး။ ငါတို့ အခုချက်ချင်းသွားလို့ရပြီ"
ရှန်းကွမ်းယန်နဲ့ တခြားသူတွေက အခုမှရောက်လာကြတာဖြစ်ပြီး သူတို့ပစ္စည်းတွေအားလုံးကို ချန်ခွင်းအိတ်များ ဒါမှမဟုတ် စိတ်စွမ်းအင်အာကာပြင်ထဲမှာ ထည့်ထားတာကြောင့် သူတို့ထုပ်ပိုးဖို့ဘာမှ မလိုအပ်ပါ။ မဆိုင်းမတွပင် မတ်တပ်ရပ်ပြီး ပိုင်လင်ထျန်းနဲ့ ထွက်သွားကြသည်။
"စီနီယာရှန်းကွမ်း၊ ကျွန်တော် အခု အိမ်ပြန်လိုက်အုံးမယ်။ မနက်ဖြန်မှတွေ့မယ်" ဟု ကျင်းကျီနဉ်က ပြောသည်။ သူသည် ရှန်းကွမ်းယန်နှင့် အခြားလူများကို ဤနေရာသို့ ခေါ်ဆောင်လာသော်လည်း သူတို့နှင့်အတူ ထျန်းတောက်ကျုံးသို့ သွားရောက်လည်ပတ်ရန်မှာ မသင့်လျော်ပေ။
“ဟုတ်ပါပြီ” ရှန်းကွမ်းယန် က ခေါင်းညိတ်သည်။
သူတို့ ထွက်လာတော့ လာကြည့်တဲ့သူတွေ အများကြီး ရှိသေးသည်။ ပိုင်လင်ထျန်းက ဘယ်သူ့ကို သွားတွေ့မယ်ဆိုတာ သိချင်တဲ့အတွက် သူတို့ထဲက တစ်ယောက်မှ မထွက်သွားခဲ့ကြပေ။ ဒါပေမယ့် ပိုင်လင်ထျန်းနဲ့ ထွက်လာတဲ့ မျက်နှာသစ်လူတွေကို သူတို့ မသိကြပေ။ ထိုလူများသည် အလွန်အရေးကြီးကြောင်းသာ သူတို့သိသည်။
လမ်းလျှောက်ထွက်ပြီးနောက် ပိုင်လင်ထျန်း ရုတ်တရက် ပြဿနာတစ်ခုကို သိလိုက်ရကာ ရှက်ကိုးရှက်ကန်းနဲ့ “ကျွန်တော် စိတ်မကောင်းပါဘူး စီနီယာရှန်းကွမ်း၊ ကျွန်တော်တို့ ဒီကို အလျင်စလိုလာလိုက်ရတဲ့အတွက် ရထားကို မပြင်ဆင်ထားမိဘူး။ ကျွန်တော်တို့ အဲဒီကို ကိုယ့်ဘာသာ သွားရမှာ ဆိုးရတယ်”
သူတို့အားလုံးသည် ဓား သို့မဟုတ် ချင်ကုန်းနှင့် ပျံသန်းနိုင်သည့် ကျင့်ကြံသူဖြစ်ကြသောကြောင့် မြင်းများနှင့် ရထားများ မလိုအပ်သော်လည်း ရှန်းကွမ်းယန်သည် ၎င်းတို့၏ဧည့်သည်ဖြစ်သောကြောင့် ရှန်းကွမ်းယန်ကို သူ့ဘာသာသူ သွားရန် ပြောတာက အနည်းငယ် မယဉ်ကျေးပါ။
“အဆင်ပြေပါတယ်။ ခေါင်းဆောင်ပိုင် ကျေးဇူးပြုပြီး လမ်းပြပေးပါ” ဟု ရှန်းကွမ်းယန်က အသံအေးအေးပြောသည်။ ထို့နောက် လက်ကို တစ်ချက်ဝှေ့ယမ်းပြီးနောက် ဓားတစ်စင်း လေထဲသို့ ပေါ်လာသည်။ သူသည် ၎င်းအပေါ် လှမ်းတက်လိုက်ပြီး ကုနင်းနှင့် လင်ရှောင်းထင်တို့ပါ လိုက်ပါလာခဲ့ကြသည်။
အဲဒါကို မြင်တော့ ပိုင်လင်ထျန်းနဲ့ ရှီပိုင်ချွမ်းကလွဲရင် အားလုံး အံ့သြသွားသည်။ ထိုအရာက ဓားပျံတစ်စင်းဖြစ်သည်။ စီနီယာကျင့်ကြံသူ ဖြစ်ရမည်။
လင်ရှောင်းထင်သည် ဓားများဖြင့် ပျံသန်းနိုင်သော်လည်း သူသည် ယခုအချိန်တွင် လူအများရှေ့တွင် သူ၏ စွမ်းရည်ကို များစွာ ပြသလိုခြင်းမရှိသဖြင့် ရှန်းကွမ်းယန်၏ မှော်ဓားကိုသာ စီးလိုက်သည်။
"ကောင်းပါပြီ" ပိုင်လင်ထျန်းက ပြောသည်။ သူလည်း ဓားကိုယူရန် လက်ကိုဝှေ့ယမ်းလိုက်ကာ အစောင့်နှစ်ယောက်နှင့် လှမ်းတက်လိုက်သည်။ ရှီပိုင်ချွမ်းနှင့် နဉ်ရှုတို့သည် ကိုယ်ပိုင်ဓားကို ထုတ်ကာ တက်လိုက်ကြသည်။
ပိုင်လင်ထျန်းက ဦးဆောင်ပြီး ထျန်းတောက်ကျုံးဆီကို အလျင်အမြန် ထွက်သွားသည်။ မိနစ်ပိုင်းအတွင်းမှာပဲ သူတို့ ရင်ပြင်ကို ရောက်သွားသည်။
ထိုအချိန်တွင် ရင်ပြင်သည် မီးရောင်များဖြင့် လင်းထိန်နေသည်။ ကြွရောက်လာတဲ့ တပည့်တွေအားလုံး တန်းစီပြီး စောင့်နေကြပြီ။ တံခါးပိတ်ကျင့်ကြံနေသော ဂိုဏ်းအကြီးအကဲနှစ်ဦးနှင့် ထျန်းတောက်ကျုံးတွင် မရှိသော အကြီးအကဲတစ်ဦးသာ မရှိတာပါ။
ထျန်းတောက်ကျုံးတွင် တပည့်များစွာမရှိေပ။ ရာဂဏန်းထက်မနည်းသာရှိကြ၏။ ရှေးခေတ်ကဂိုဏ်းများသည် တပည့်ထောင်ပေါင်းများစွာ ရှိနိုင်သည်။ သို့သော် ယခုအချိန်တွင် ကျင့်ကြံရေးလောကတွင် လူနှစ်သောင်းခန့်သာ ရှိသေးပြီး အနည်းငယ်မျှသာ ထျန်းတောက်ကျုံး၏တပည့်များ ဖြစ်လာနိုင်သည်။ ထို့အပြင် အရည်အချင်းပြည့်မီသော ကျင့်ကြံသူတိုင်းသည် ထျန်းတောက်ကျုံးတွင်ပါဝင်ရန် ရွေးချယ်မည်မဟုတ်ပါ။ မတူညီတဲ့ လူတွေမှာ မတူညီတဲ့ အိပ်မက်တွေ ရှိသည်။
ပိုင်လင်ထျန်းနဲ့ တခြားသူတွေ ရောက်လာပြီးတာနဲ့ အားလုံးက သူတို့ကို လှည့်ကြည့်လိုက်သည်။ ရှန်းကွမ်းယန်က ဓားနဲ့ ပျံနေတာကို မြင်လိုက်ရတော့ သူ့ကို သိတဲ့ သူတွေက မအံ့သြပေမယ့် မသိတဲ့သူတွေ အားလုံး အံ့ဩသွားကြသည်။
အလွန်အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးအား စိတ်အားထက်သန်စွာ ဧည့်ခံကြိုဆိုမည်ကို သိသော်လည်း အံ့သြနေကြဆဲဖြစ်သည်။
ကုနင်းနဲ့ တခြားသူတွေက ထျန်းတောက်ကျုံးက သူတို့အတွက် ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဧည့်ခံပွဲကို ပြင်ဆင်ပေးမယ်ဆိုတာ မသိခဲ့ကြပေ။ ဒါက ရှန်းကွမ်းယန် ရောက်ရှိလာတာကို အရမ်းအလေးထားကြောင်း ပြသနေတာပါပဲ။
ပိုင်လင်ထျန်းနှင့် အခြားသူများသည် ရင်ပြင်အလယ်သို့ ဆင်းသက်ပြီးနောက် ခန်းမဆီသို့ လျှောက်သွားကြသည်။ အပြင်မှာ ရပ်နေတဲ့ ဂိုဏ်းအကြီးအကဲနှစ်ယောက်နဲ့ အကြီးအကဲနှစ်ေယာက်က သူတို့ကို ကြိုဆိုဖို့ ချက်ခြင်း လျှောက်လာသည်။
ခန်းမဆောင်အနီးသို့ရောက်သောအခါ ကုနင်းသည် ရင်းနှီးသောရုပ်သွင်ကိုတွေ့လိုက်ရသည်။ မော့ချီလင် ပင်။ သူမ လုံးဝ မအံ့သြမိပေ။
ခန်းမရှေ့--
"တွေ့ရတာဝမ်းသာပါတယ် စီနီယာရှန်းကွမ်း ကျွန်တော်က ထျန်းတောက်ကျုံးရဲ့ ဒုတိယအကြီးအကဲ ယွင်ဟုန်ချင်ပါ"
"စီနီယာရှန်းကွမ်း တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က ထျန်းတောက်ကျုံးရဲ့ တတိယ အကြီးအကဲ စစ်ရှောင်းယန် ပါ"
ယွင်ဟုန်ချင်နှင့် စစ်ရှောင်းယန်တို့သည် ရှန်းကွမ်းယန်ကို ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။ သူတို့သည် မျိုးဆက်တစ်ခုတည်းရှိသောကြောင့် အချင်းချင်း၏ ဘွဲ့အမည်များကို တိုက်ရိုက်ခေါ်ဆိုနိုင်သည်။ ထို့အပြင် သူတို့နှစ်ဦးစလုံးသည် ငယ်စဉ်ကတည်းက ရှန်းကွမ်းယန်နှင့် တွေ့ဆုံခဲ့ကြသောကြောင့် ရှန်းကွမ်းယန်ကို မှတ်မိနိုင်ခဲ့သည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ရှန်းကွမ်းယန်နှင့် ပထမဆုံးတွေ့ဆုံမှုကိုပင် အမှတ်ရနေသေးသောကြောင့် စီနီယာကျင့်ကြံသူမှာ အမှန်တကယ်ပင် သူဖြစ်ကြောင်း သေချာပေါက် သိလိုက်ရသည်။
တစ်ယောက်နဲ့တစ်ယောက် ဆင်တူတဲ့သူတွေရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် အလွန်တူတဲ့လူနှစ်ယောက်ကို တွေ့ရခဲပါသည်။
ထို့အပြင် စီနီယာကျင့်ကြံသူ ရှန်းကွမ်းယန် မဟုတ်လျှင်ပင် သူသည် ထူးထူးခြားခြား မြင့်မားသော အဆင့်ဖြစ်သည့်အတွက် သူ့အပေါ် အလွန် ယဉ်ကျေးရလိမ့်မည်။
ရှန်းကွမ်းယန်က သူတို့အရင်က တွေ့ဖူးတာကို မှတ်မိပေမယ့် သူတို့နာမည်တွေကို မမှတ်မိပါ။ ဟိုးအရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ခဲ့ကြပေ။
"စီနီယာရှန်းကွမ်း တွေ့ရတာ ဂုဏ်ယူပါတယ်၊ ကျွန်တော်က ထျန်းတောက်ကျုံးရဲ့ တိမ်တိုက်ဌာနရဲ့ အကြီးအကဲ ဝေ့ရှန်း ပါ"
"စီနီယာရှန်းကွမ်း တွေ့ရတာ ဂုဏ်ယူပါတယ်၊ ကျွန်တော်က ထျန်းတောက်ကျုံးရဲ့ လေပြင်းခန်းမရဲ့ အကြီးအကဲပါ"
လေပြင်းခန်းမသည် ထျန်းတောက်ကျုံး၏သတင်းအချက်အလက်ဌာနဖြစ်သည်။
"အားလုံးတွေ့ရတာဝမ်းသာပါတယ်။ မင်းတို့ရဲ့ ဖိတ်ခေါ်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်” ဟု ရှန်းကွမ်းယန်က ပြောသည်။ သူ့အဆင့်က သူတို့ထက် ပိုမြင့်ပေမယ့်လည်း သူက ဧည့်သည်မို့လို့ အိမ်ရှင်ကို ကျေးဇူးတင်သင့်တာ သဘာဝပါပဲ။ ထို့အပြင် အိမ်ရှင်က ယဉ်ကျေးပျူငှာစွာ ကြိုဆိုသောကြောင့် ယဉ်ကျေးသိမ်မွေ့သော ဧည့်သည်ဖြစ်လိုပါသည်။
“စီနီယာရှန်းကွမ်း ထျန်းတောက်ကျုံးကို လာဖို့ ဆန္ဒရှိတဲ့အတွက် ဂုဏ်ယူပါတယ်” ဟု တတိယေမြာက် ဂိုဏ်းအကြီးအကဲက ပြောသည်။
“ဟုတ်တယ်” စတုတ္ထဂိုဏ်းအကြီးအကဲက အသံထွက်သည်။
"တွေ့ရတာဝမ်းသာပါတယ် အကြီးအကဲယွင်၊ အကြီးအကဲရှီ၊ အကြီးအကဲဝေ့နဲ့ အကြီးအကဲစစ်" ကုနင်းနှင့် လင်ရှောင်းထင်တို့က နှုတ်ဆက်ကြသည်။
"တွေ့ရတာဝမ်းသာပါတယ် လူငယ်လေးတို့"
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ငယ်ရွယ်သူများဟူ၍ ပေါ့ပေါ့တန်တန် သဘောမထားကြပေ။ ရှန်းကွမ်းယန်ကြောင့် ယဉ်ယဉ်ကျေးကျေး ပြန်ဖြေသည်။
တကယ်တော့ လင်ရှောင်းထင်ကို တွေ့လိုက်သောအခါ သူ့အဆင့်ကို အံ့သြသွားကြရသည်။ ငယ်ငယ်လေးနဲ့ သူသည် ရွှေအမြုေတအဆင့်သို့ ရောက်ရှိနေကာ အရည်အချင်းရှိသူဖြစ်ကြောင်း သက်သေပြနေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူသည် ရှန်းကွမ်းယန်၏ တပည့်ဖြစ်သည်မို့ သာမာန်ေတာ့ မဟုတ်ပါ။
ထို့နောက် ခေါင်းဆောင်ပိုင်သည် ရင်ပြင်ရှိ တပည့်များအား လှည့်ကြည့်ကာ "အားလုံးပဲ ဤသူက ခွန်လွန်းဂိုဏ်းရဲ့ စီနီယာရှန်းကွမ်း ဖြစ်ပါတယ်" ဟု ကျယ်လောင်စွာ ပြောသည်။
အဲဒါကိုကြားတော့ ရင်ပြင်မှာရှိတဲ့ တပည့်တွေအားလုံးက ရှန်းကွမ်းယန်ဆီကို ခါးကိုင်းကာ လက်နှစ်ဖက်နဲ့ ရှေ့ကိုထုတ်ပြီး “တွေ့ရတာ ဂုဏ်ယူပါတယ် စီနီယာရှန်းကွမ်း”
ရှန်းကွမ်းယန်က သူတို့ကို အကြောင်းပြန်ရန် မလိုအပ်ပါ။
ဧည့်ခံပွဲအပြီးတွင် ဂိုဏ်းအကြီးအကဲနှစ်ယောက်နှင့် ပိုင်လင်ထျန်းတို့က ဧည့်ခန်းထဲတွင် စကားစမြည်ပြောရန် ခေါ်သွားကြသည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ ပိုင်လင်ထျန်းကိုယ်တိုင်က ဟိုတယ်တစ်ခုမှာ စီနီယာကျင့်ကြံသူတစ်ယောက်ကို ကြိုဆိုတယ်ဆိုတဲ့ သတင်းက ပျံ့နှံ့သွားပြီး အဓိကအားဖြင့် မိသားစုလေးခုဆီ ပျံ့နှံ့သွားသည်။
ကျင်းကျီနဉ်ကို ထျန်းတောက်ကျုံးမှလူများကခေါ်ဆောင်သွားပြီးနောက်မကြာမီတွင် သူတို့သည်လည်း သတင်းကိုသိရပြီး ထျန်းတောက်ကျုံးသည် ကျင်းကျီနဉ်ကို ခေါ်ဆောင်သွားတာက ယင်ရှီရွှမ်း သေဆုံးမှုနှင့်ဆက်စပ်မှုရှိသည်ဟုလည်း ထင်ကြသည်။
ကျင်းကျီနဉ်မှာ သူ့ဘေးမှာ စီနီယာ ကျင့်ကြံသူနှစ်ယောက်ရှိတယ်ဆိုတာ သတင်းအသေးစိတ်ကို လေ့လာဖို့ သွားကြည့်တော့ ထျန်းတောက်ကျုံးက စီနီယာကျင့်ကြံသူ နှစ်ယောက်က ကျင်းကျီနဉ်ကို ယင်ရှီရွှမ်းကိုသတ်ဖို့ ကူညီပေးခဲ့တာလို့ အားလုံးက နားလည်ထားကြသည်။
ထို့ကြောင့် သူတို့သည် ဟိုတယ်ရှိ အခြေအနေကို စစ်ဆေးရန် လူများစေလွှတ်ပြီးနောက် ကျင်းကျီနဉ်သည် ပိုင်လင်ထျန်းနှင့်အတူ ပြန်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ကျင်းကျီနဉ်နှင့်အတူလာသော စီနီယာကျင့်ကြံသူများကို ထျန်းတောက်ကျုံးသို့ ဖိတ်ကြားခဲ့သည်။
ကျင်းမိသားစုမှလွဲ၍ ဘယ်သူမှ ဘာကြောင့်မှန်းမသိ။ ကျင်းကျီနဉ်သည် ကျင်းမိသားစုမှ အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် ကျင်းယောင်ရုန်သည် သူအိမ်ပြန်ရောက်သည်နှင့် သူ့ကိုလာတွေ့ရန် တစ်စုံတစ်ဦးအား အမိန့်ပေးခဲ့သည်။ ကျင်းယန်ဟွာကိုလည်း ဒီကိစ္စကို လာနားထောင်ဖို့ ခေါ်လိုက်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၆၂ မိသားစုခေါင်းဆောင်၊ မင်းငါ့ကို သိပ်အထင်ကြီးလွန်းတယ်
"စောစောက ဘာဖြစ်တာလဲ? ယင်ရှီရွှမ်း သေဆုံးမှုနဲ့ ပတ်သက်ပြီး ထျန်းတောက်ကျုံးက လူတွေက မင်းကို ခေါ်သွားခဲ့တာလား။ ပြီးတော့ ပိုင်လင်ထျန်း ကိုယ်တိုင်သွားတွေ့တဲ့ စီနီယာကျင့်ကြံသူက ဘယ်သူလဲ" ကျင်းယောင်ရုန်က မေးသည်။
“အင်း ထျန်းတောက်ကျုံးက စီနီယာကျင့်ကြံသူေတွ ငါနဲ့ အတူတူ ပါလာတာကို သိပြီး ကျွန်တော့်ကို တကယ် သံသယ၀င်ခဲ့တယ်။ သူတို့က ကျွန်တော့်ကို ယင်ရှီရွှမ်း ကို သတ်ဖို့ ကူညီပေးနိုင်မယ်လို့ ထင်ကြတာကြောင့် အမှန်တရားကို ရှာဖို့ တောင်းဆိုခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ကစပြီး သူတို့ ငါ့ကို သံသယ၀င်ေတာ့မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်” ဟု ကျင်းကျီနဉ်က ဆိုသည်။
"ဘာလို့လဲ? စီနီယာကျင့်ကြံသူကြောင့်လား” ကျင်းယန်ဟွာက မေးသည်။
“ဟုတ်ပါတယ် သူက ရှေးခေတ် ခွန်လွန်းဂိုဏ်းရဲ့အကြီးအကဲမို့လို့”
"ဘာ?"
ထိုစကားကိုကြားတော့ ကျင်းယန်ဟွာနှင့် ကျင်းယောင်ရုန် နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။ ရှန်းကွမ်းယန်ကို အရင်က မမြင်ဖူးပေမယ့် သူ့အကြောင်း ကြားဖူးသည်။
"သူက ခွန်လွန်းဂိုဏ်းရဲ့ အကြီးအကဲရှန်းကွမ်းယန်ဆိုတာ သေချာရဲ့လား " ကျင်းယောင်ရုန်က မသေချာမရေရာ၍ မေးသည်။
"ခေါင်းဆောင်ပိုင်က သေချာတယ်တဲ့" ဟု ကျင်းကျီနဉ် က ပြောသည်။
"ရှန်းကွမ်းယန်ကို မင်းဘယ်လိုသိတာလဲ" ကျင်းယောင်ရုန်က မေးသည်။
ကျင်းကျီနဉ်က ပိုင်လင်ထျန်းကို ပြောဖူးသလိုပဲ သူတို့ကို ပြောပြသည်။
"ရှန်းကွမ်းယန် အသက်ရှင်နေသေးတယ်ဆိုတာ မင်းသိပြီးသားဆို ဘာလို့ ငါတို့ကို မပြောတာလဲ။ ငါတို့သာသိခဲ့ရင် သူ့ကို ကျင်းမိသားစုဆီ လာလည်ဖို့ ဖိတ်မှာပေါ့။ သူက ငါတို့ရဲ့ဧည့်သည် ဖြစ်လာမှာ။ အဲဒါဆို ငါတို့မိသားစုအတွက် အရမ်းအကျိုးရှိလိမ့်မယ်!” ကျင်းယောင်ရုန်က လေးလေးနက်နက် ပြောလိုက်သည်။ ကျင်းကျီနဉ်ကို အပြစ်တင်နေမိသည်။
အဲဒါကို သိလိုက်ရတော့ ကျင်းကျီနဉ်က လှောင်ပြောင်ကာ ပြန်ဖြေသည်။ “စီနီယာရှန်းကွမ်းက လျှို့ဝှက်ထားဖို့ ပြောခဲ့တယ်ေလ။ ကျွန်တော်ကိုပြောပြလိုက်ရင် စီနီယာရှန်းကွမ်းက ကျင်းမိသားစုကို လာလည်ဖို့ ဆန္ဒရှိမယ်လို့ ထင်လို့လား။ သူက ကျွန်တော်နဲ့ ကျင်းမိသားစုကို စိတ်ဆိုးသွားနိုင်တယ်”
ကျင်းယောင်ရုန် မျက်မှောင်ကြုတ်လိုက်သည်။ ကျင်းကျီနဉ်ပြောတာ မှန်တယ်လို့ ဝန်ခံပေမယ့် သူ့သဘောထားကို မကျေနပ်ေပ။ သို့သော် ကျင်းကျီနဉ်က သူ့ကို မုန်းတီးနေမှန်း သိသောကြောင့် ထိုအကြောင်းကို ဘာမှ မပြောခဲ့ပေ။
“ဒါဆို ဘာလို့ ဒီတခေါက် ကျင့်ကြံရေးလောကကို ရောက်လာကြတာလဲ” ကျင်းယောင်ရုန်က မေးသည်။
"စီနီယာရှန်းကွမ်းရဲ့ တပည့်နှစ်ယောက်က ကွန်ဖူးပြိုင်ပွဲမှာ ပါဝင်ကြမှာ"
ကျင်းယောင်ရုန်က မျက်ခုံးပင့်ပြီး မေးသည်။ "သူတို့ အဆင့် ဘယ်လောက်ရှိလဲ"
“တပည့်ကြီးက ရွှေအမြုေတအဆင့်မှာ ရောက်နေပေမယ့် သူက ကနဦးမှာလား၊ အလယ်အဆင့်လား ဒါမှမဟုတ် အထွတ်အထိပ်ေရာက်ပြီလားတော့ မသိေသးဘူး။ တပည့်ငယ်က ပေါင်းစည်းခြင်းအဆင့်မှာ” ဟု ကျင်းကျီနဉ်က ပြောသည်။ ဒါဟာ လျှို့ဝှက်ချက်မဟုတ်တဲ့အတွက် ချက်ချင်းပဲ သူတို့ကို ပြောပြခဲ့သည်။
"ဘာ? သူ့တပည့်ကြီးက ရွှေအမြုေတအဆင့်ကို ရောက်နေပြီလား” ထိုအချက်ကို သိလိုက်ရသဖြင့် ကျင်းယန်ဟွာနှင့် ကျင်းယောင်ရုန်တို့သည် တအံ့တသြဖြစ်ကာ အကျပ်အတည်းတစ်ခု ရောက်ရှိလာသည်ကို ခံစားခဲ့ရသည်။
ကျင်းယွင်ယန်သည် ချန်ပီယံဆုရရန် အလားအလာ အလွန်ကောင်းသည်ဟု သူတို့ထင်ကြသည်။ ရွှေအမြုတေအဆင့်တွင် ကျင့်ကြံသူ အများအပြားရှိသော်လည်း ကျင်းယွင်ယန်သည် ထိပ်တန်း 3 ဦးတွင် ရပ်တည်ရန် ကြီးမားသော ပြဿနာမဟုတ်ပေ။
ကံမကောင်းစွာပဲ ရွှေအမြုေတအဆင့်မှ အခြားသော ကျင့်ကြံသူတစ်ယောက် ယခုပေါ်လာသောကြောင့် ကျင်းယွင်ယန်သည် အနိုင်ရရန်အလားအလာနည်းလာသည်။
ဘာပဲဖြစ်ဖြစ် ကျင်းယောင်ရုန်ကတော့ ဒါဟာ မကောင်းဘူးလို့ မထင်ခဲ့ပါ။
"ကျီနဉ်၊ မင်း ရှန်းကွမ်းယန်ကိုသိတယ်ဆိုရင် သူ့တပည့်နဲ့ စကားပြောလို့ရလား။ ယွင်ယန်က သူနဲ့ ပေါင်းလိုက်ရင် အနိုင်ရဖို့ အလားအလာ ပိုရှိမယ်” ဟု ကျင်းယောင်ရုန်က ဆိုသည်။ သူက လင်ရှောင်းထင် အကြောင်းပြောနေတာပင်။
သူ့သား ပထမဆုရမည်ဟု သူမျှော်လင့်ထားသော်လည်း ယခုအချိန်တွင် ကျင်းယွင်ယန်အား စိန်ခေါ်လာနိုင်သည့် ပြိုင်ဖက်က ပိုများလာသည်။ ထို့ကြောင့် သူ့သားအတွက် ဆုတစ်ခုရနိုင်စေရန် သေချာစေရန် သူ့သားသည် ရှန်းကွမ်းယန်၏တပည့်နှင့် ပေါင်းစည်းနိုင်လျှင် ပိုကောင်းမည်ဖြစ်သည်။
ပထမဆုက ဘယ်သူရပြီး ဘယ်သူက ဒုတိယဆုရမယ်ဆိုတာ မဆုံးဖြတ်နိုင်ပေ။ အားလုံးက ကိုယ့်အစွမ်းအစနဲ့ ကံကို အားကိုးရသည်။ သို့သော်လည်း ရှန်းကွမ်းယန်၏ တပည့်သည် အခြားသော ကျင့်ကြံသူများနှင့် ပူးပေါင်းပါက ကျင်းယွင်ယန်သည် ပို၍ အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေမည်ဖြစ်သည်။
အဲဒါကိုကြားတော့ ကျင်းယွင်ယန်က သူ့ကို စိတ်ထဲကနေ အထင်ေသးသွားပြီး ထိုအရာကို မျက်နှာမှာ အနည်းငယ်ပြလိုက်သည်။ “ခင်ဗျား ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ။ စီနီယာရှန်းကွမ်းယန်ကို ကျွန်တော်သိတယ်ဆိုပေမယ့် သိပ်မရင်းနှီးဘူး။ ခင်ဗျား ယွင်ယန်ကို စီနီယာရှန်းကွမ်းရဲ့ တပည့်နဲ့ ပေါင်းေစချင်ရင်တောင် စီနီယာရှန်းကွမ်းရဲ့ တပည့်နဲ့ လူချင်း စကားပြောဖို့ ယွင်ယန်ကို ပြောလိုက်လေ။ ကျွန်တော် သူတို့ကို မနှောက်ယှက်ချင်ဘူး"
အဲဒါကိုကြားတော့ ကျင်းယောင်ရုန်က မျက်မှောင်ကြုတ်သွားသည်။ ကျင်းကျီနဉ် က သူ့ကို ကူညီဖို့ တွန့်ဆုတ်မယ်ဆိုတာ သူသိပေမယ့် ကျင်းကျီနဉ် ပြောတာ မှန်တယ်ဆိုတာ ဝန်ခံရမှာဖြစ်လို့ ကျင်းကျီနဉ်ကို သူ့အတွက် လုပ်ပေးဖို့ အတင်းအကြပ် မလုပ်ခဲ့ပါ။
ထို့အပြင် ကျင်းကျီနဉ်သည် ၎င်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိခဲ့ပေ။ ကျင်းကျီနဉ် မကျေမနပ်ဖြစ်ပါက ရှန်းကွမ်းယန်ရဲ့ တပည့်ကို ကျင်းယွင်ယန်ကို အခက်တွေ့အောင် တမင်တကာ လုပ်ခွင့်ပေးလိုက်တာ မကောင်းပါ။
အဲဒါကိုတွေးပြီး ကျင်းယောင်ရုန်က စိတ်ပူသွားတဲ့အတွက် ကျင်းကျီနဉ်ရဲ့ သဘောထားကို ချက်ချင်းဖော်ထုတ်ဖို့ ကြိုးစားခဲ့သည်။ "ကျီနဉ် ငါတို့ ဘယ်တော့မှ အဆင်မေပြဘူးဆိုတာ သိပါတယ်။ မင်းငါ့ကိုမုန်းတဲ့စိတ်ကြောင့် ရှန်းကွမ်းယန်ရဲ့တပည့်ကို ယွင်ယန်ကိုဒုက္ခေပးဖို့ မင်းပြောမှာလား။ ဘာပဲဖြစ်ဖြစ် ငါတို့က မိသားစုလေနော်။ ယွင်ယန် ဆုရရင် ငါတို့အတွက် ကောင်းတာပဲ”
“ကျီနဉ် မင်းလုပ်မှာလား…” ကျင်းယန်ဟွာလည်း စိုးရိမ်လာသည်။
ကျင်းယောင်ရုန် အရင်ကလုပ်ခဲ့တာေတွကို သူမကြိုက်ပေမယ့် အချိန်အတော်ကြာခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ မိသားစုတစ်စုဖြစ်လို့ ကျင်းမိသားစုရဲ့ မာနကို သူအရမ်းဂရုစိုက်သည်။
"ဘာ?" ကျင်းကျီနဉ်က ရယ်မောလိုက်ပြီး “မိသားစုခေါင်းဆောင်၊ ကျွန်တော့်ကို သိပ်အထင်ကြီးမနေနဲ့။ သူတို့နဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက သူတို့ ကျွန်တော်ပြောတာကို နားထောင်ရလောက်တဲ့အထိ မနီးစပ်ဘူး။ ပြီးတော့ ကျွန်တော်အဲလောက်ထိလည်း မမိုက်မဲဘူး"
အမှန်တော့ သူသည် ကျင်းမိသားစုကို ဆုမရအောင် တားဆီးရန် သူတို့နဲ့အတူ ရောက်လာခြင်းဖြစ်သောကြောင့် လိမ်ညာနေခြင်းဖြစ်သည်။ ဒါဟာ သူ့အတွက် ရီစရာမဟုတ်ပေမယ့် ကလဲ့စားချေခြင်းပါပဲ။
အဲဒါကိုကြားတော့ ကျင်းယောင်ရုန် စိတ်သက်သာရာရသွားပေမယ့် ကျင်းကျီနဉ် ရဲ့ လေသံကို သူ မကျေနပ်သေးပါ။ မည်သို့ပင်ဆိုစေကာမူ ကျင်းကျီနဉ်အား ထိုကိစ္စကို မဝေဖန်ခဲ့ပေ။
သူတို့သည် ထိုအကြောင်းကို ဘာမှ မပြောဘဲ ကျင်းကျီနဉ်ကို ထွက်သွားရန် ပြောခဲ့ပြီး ကျင်းယန်ဟွာလည်း အလားတူပင်။ ကျင်းယောင်ရုန်သည် မကြာမီ ကျင်းယွင်ယန်ကို ဖုန်းခေါ်ပြီး မနက်ဖြန် ပြိုင်ပွဲတွင် ရှန်းကွမ်းယန်၏ တပည့်နှင့် ပူးပေါင်းရန် သူ့ကို သတိပေးခဲ့သည်။
“ဖေဖေ မနက်ဖြန် လူတွေ အများကြီးရှိမှာလေ။ ရှန်းကွမ်းယန်ရဲ့တပည့်က ဘယ်သူလဲဆိုတာ ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ” ကျင်းယွင်ယန်က ပြောသည်။ ခက်ခဲတယ်လို့ သူခံစားရသည်။
ကျင်းယောင်ရုန်က မျက်မှောင်ကြုတ်ပြီး "ကျီနဉ်ကမင်းကို မနက်ဖြန်ပြောပြလိမ့်မယ်"
ကျင်းကျီနဉ်က ဒီလိုလုပ်ဖို့ ငြင်းမယ်လို့ သူမထင်ပါ။
"အဖေ ကျင်းကျီနဉ်က ရှန်းကွမ်းယန်ကို ဘယ်လိုသိနိုင်တာလဲ။ သူဘယ်လိုများ ဒီလောက်ကံကောင်းနိုင်တာလဲ" ကျင်းယွင်ယန်က မနာလိုစိတ်ဖြင့် ပြောလိုက်သည်။ သူသည် ကျင်းကျီနဉ်ကို ၎င်း၏ဝမ်းကွဲေတာ်စပ်သူအဖြစ် ခေါ်ဆိုခြင်းမဟုတ်ဘဲ ကျင်းကျီနဉ်ကို သူဘယ်လောက်မုန်းတီးကြောင်း သက်သေပြသည့်အနေဖြင့် သူ့နာမည်ကို တိုက်ရိုက်ခေါ်သည်။
ထို့နောက် ကျင်းယောင်ရုန်က ကျင်းယွင်ယန်ကို ရှန်းကွမ်းယန်နှင့် ကျင်းကျီနဉ် မည်သို့တွေ့ဆုံခဲ့သည်ကို ပြောပြခဲ့ပြီး ကျင်းယွင်ယန်သည် ကျင်းကျီနဉ်ထက် သူက အရင် ရှန်းကွမ်းယန်ကို စောစီးစွာတွေ့ဆုံစေလိုမိသည်။ သို့ဆိုလျှင် သူ၏အရည်အချင်းကြောင့် ရှန်းကွမ်းယန်၏ တပည့်အဖြစ် ခံယူနိုင်လိမ့်မည်။
အခြားမိသားစုများသည် ပိုင်လင်ထျန်းမှ ခေါ်ဆောင်သွားသော စီနီယာကျင့်ကြံသူအကြောင်း သိချင်ကြပြီး ထိုအကြောင်း အချက်အလက်များကိုစုဆောင်းလိုက်ကြသည်။ မကြာခင်မှာပဲ သူတို့ ရလဒ်ကို သိလိုက်ကြပြီ ရှန်းကွမ်းယန်က ခွန်လွန်းဂိုဏ်း၏ အကြီးအကဲဖြစ်တာကြောင့် အားလုံး အံ့ဩသွားကြသည်။
ရှန်းကွမ်းယန်သည် အသက်ရှင်နေသေး၍ အံ့အားသင့်နေမိသည်။
အံ့အားသင့်ပြီးနောက် ကျင်းကျီနဉ်သည် ရှန်းကွမ်းယန်နှင့် ဆက်ဆံရေးရှိသောကြောင့် စိတ်ပူစပြုလာသည်။ သူတို့ရဲ့ဆက်ဆံရေးက ရင်းနှီးတယ်ဆိုရင် ရှန်းကွမ်းယန်ဟာ ကျင်း မိသားစုရဲ့ ပံ့ပိုးမှုဖြစ်လာနိုင်သည်။ ဒါက တခြားအဓိကမိသားစုတွေအတွက်ေတာ့ သတင်းကောင်းမဟုတ်ပေ။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၆၃ ငါတို့ အဖွဲ့ဖွဲ့မလား
ထျန်းတောက်ကျုံးတွင်~
ဂိုဏ်းအကြီးအကဲများစွာတို့သည် ရှန်းကွမ်းယန်နှင့် စကားပြောသောအခါ လွန်ခဲ့သည့်နှစ်ပေါင်းရာချီက ဖြစ်ပျက်ခဲ့သော ဆင်းရဲဒုက္ခအကြောင်းကို ပြောခဲ့ကြသည်။ ကောင်းကင်ေဘးအတိဒုက္ခကြောင့် ကျင့်ကြံရေးလောက ပေါ်ပေါက်လာသည်။
ရှန်းကွမ်းယန်သည် ကျင်းယွင်ယောင် ထံမှ ထိုအကြောင်းကို စောစော ကြားသိခဲ့ရသည်။
ရှန်းကွမ်းယန်ကလည်း သူသည် ထိုအချိန်က တံခါးပိတ်ကျင့်ကြံသွားကြောင်း ၎င်းတို့အား ပြောပြသောကြောင့် ပြင်ပကမ္ဘာတွင် ဖြစ်ပျက်ခဲ့သည်များကို သူဘာမျှ မသိခဲ့ပေ။ သူထွက်လာပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီး ခွန်းလွန်ဂိုဏ်း၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူအဖြစ် ကျန်ရစ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူလွတ်မြောက်လာပြီးနောက်တွင် အခြားသော ကျင့်ကြံသူများလည်း ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့နှင့်တွေ့ဆုံရန် ကမ္ဘာကြီးသည် ကျယ်ပြောလွန်းလှသည်။
ရှန်းကွမ်းယန် မပြောခင်အထိ သူတို့သည် ထိုကိစ္စကို မစဉ်းစားခဲ့ကြပေ။
သူတို့စကားပြောပြီးနောက် ပိုင်လင်ထျန်းက လူတွေကို ရှန်းကွမ်းယန်နဲ့ တခြားသူတွေ အနားယူဖို့ နေရာ စီစဉ်ခိုင်းသည်။
ထိုညတွင် လင်ရှောင်းထင်သည် ဤနေရာသည် သူ၏ မဟာရန်သူနှင့် အလွန်နီးကပ်သောကြောင့် ကောင်းကောင်းအိပ်မပျော်နိုင်ပေ။ မနက်ဖြန်တွင် ရန်သူကို တွေ့နိုင်မည်ဖြစ်သည်။
နောက်တစ်နေ့တွင် ထျန်းတောက်ကျုံး၏တပည့်များအားလုံးသည် ရင်ပြင်၌လေ့ကျင့်ရန် နံနက် ၆ နာရီတွင်ထကြသည်။
မနက် 6:30 တွင် ရှန်းကွမ်းယန် နှင့် အခြားသူများ နိုးလာသော်လည်း ချက်ချင်း မထွက်ကြပေ။ အဲဒီအစား သူတို့ရဲ့ခန္ဓာကိုယ်တွေကို ခြံထဲမှာ အကြောလျော့လိုက်ကြသည်။ ပိုင်လင်ထျန်းက မနက် ၇ နာရီမှာ မနက်စာ ပို့ပေးမယ်ဟု မနေ့ညက ပြောခဲ့သည်။
နံနက် ၇ နာရီခန့်တွင် နဉ်ရှု သည် သူတို့တည်းခိုရာခြံသို့ ရောက်လာသည်။ ရှန်းကွမ်းယန်နဲ့ တခြားသူတွေ ထွက်လာတာကို မြင်တော့ နဉ်ရှုက "စီနီယာရှန်းကွမ်း၊ ကျွန်တော်တို့ခေါင်းဆောင်ရဲ့ အမိန့်အရ မနက်စာ လာပို့ပေးဖို့ လာခဲ့တာပါ။ ပတ်ပတ်လည်ပတ်ကြည့်ချင်ရင် ကျွန်တော်က ဧည့်လမ်းညွှန်လုပ်ပေးပါမယ်။ ကွန်ဖူးပြိုင်ပွဲအတွက် မနက် ၉ နာရီမှာ အတူတူစုကြမယ်”
“ဟုတ်ပြီ ကျေးဇူးတင်ပါတယ်” ဟု ရှန်းကွမ်းယန်က ပြောသည်။
"ရပါတယ်"
ထို့နောက်တွင် ရှန်းကွမ်းယန်နှင့် အခြားသူများသည် ထျန်းတောက်ကျုံး အနီးတဝိုက်သို့ အလည်အပတ်ခရီးထွက်ရန် နဉ်ရှု မခေါ်သွားမီ နံနက်စာစားကြသည်။
ကွန်ဖူးပြိုင်ပွဲကို ယနေ့ကျင်းပမည်ဖြစ်ပြီး ခေါင်းဆောင်နှင့် ဂိုဏ်းအကြီးအကဲများသည် အခြားအရာများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောကြောင့် ပြိုင်ပွဲမစတင်မီအချိန်အထိ ရှန်းကွမ်းယန်နှင့် စကားပြောဖြစ်မည်မဟုတ်ပေ။
ထျန်းတောက်ကျုံးမှာ လမ်းလျှောက်ရင်း ရှန်းကွမ်းယန်ကို လေးလေးစားစား နှုတ်ဆက်တဲ့ တပည့်တွေနဲ့ တွေ့ရသည်။
လမ်းလျှောက်ရင်း အရည်အချင်းတွေကို လေ့ကျင့်နေတဲ့ မော့ချီလင်ကိုတွေ့လိုက်ရသည်။
"ဟိုင်း စီနီယာရှန်းကွမ်းနှင့် အားလုံးပဲ" မော့ချီလင်က ရှန်းကွမ်းယန်ကို နှုတ်ဆက်သည်။ ကုနင်းသည် ယခုပုံစံနှင့်မတူသောကြောင့် မော့ချီလင်သည် သူမကို မမှတ်မိခဲ့ပေ။
ကုနင်းက "မင်း ကွန်ဖူးပြိုင်ပွဲမှာ ပါမှာလား"
"ဟုတ်တယ်"
"ငါတို့ အဖွဲ့ဖွဲ့မလား" ကုနင်းက မေးသည်။ မော့ချီလင်သည် ကုနင်း၏မျက်လုံးထဲတွင် ကောင်းမွန်သော ကျင့်ကြံသူဖြစ်သောကြောင့် သူ့ကိုကူညီလျှင် ပြသနာမဟုတ်ပေ။ မဟုတ်ရင် မော့ချီလင်က ပြိုင်ပွဲကို အပြီးသတ်ဖို့ အရမ်းခက်လိမ့်မည်။
ကုနင်း၏ စကားကိုကြားတော့ မော့ချီလင်နှင့် နဉ်ရှု သာမက ရှန်းကွမ်းယန်နှင့် လင်ရှောင်းထင်လည်း အံ့သြသွားသည်။ ကုနင်းက ရုတ်တရတ် အကူအညီအရမ်းပေးတတ်သွားတာကို သူတို့ မသိခဲ့ကြပေ။ သူမက မော့ချီလင်ကိုသိတာလား။
အကြောင်းပြချက်ရှိရမည် မဟုတ်ပါက သူမသည် သာမာန်အဆင့်ရှိ ကျင့်ကြံသူနှင့် ပူးပေါင်းမည်မဟုတ်ပါ။
ကုနင်းက သူ့ဘာသာသူလုပ်ဖို့ ဆန္ဒရှိတာကြောင့် သူတို့ သူမကို မတားခဲ့ပါ။
ကုနင်းသည် ပေါင်းစည်းခြင်းအဆင့်တွင်ရှိသော်လည်း သူမ၏စွမ်းရည်များသည် ရွှေအမြုတေအဆင့် နီးပါးဖြစ်သည်။
"တကယ်လား?" ရှန်းကွမ်းယန်၏ တပည့်များနှင့် ပေါင်းစည်းနိုင်လျှင် ပြိုင်ပွဲကို အပြီးသတ်နိုင်မည်ဟု ဆရာဖြစ်သူက ပြောထားသောကြောင့် မော့ချီလင်သည် အံ့အားသင့်သွားခဲ့သည်။
သို့သော် ပြိုင်ပွဲပြီးဆုံးရန်မှာ သူ့အတွက် ပိုဖြစ်နိုင်ချေရှိသော်လည်း ထိပ်တန်း 3 စာရင်းတွင် သူပါဝင်ရန် မဖြစ်နိုင်ပေ။ မော့ချီလင်သည် သာမန်အဆင့်တွင်သာ ရှိနေေသးပါသည်။
“ဟုတ်တယ်” ဟု ကုနင်းက ပြောသည်။
"ဒါ့ပေါ့! ကျေးဇူးအရမ်းတင်ပါတယ်!" မော့ချီလင်က သူတို့ကို ကျေးဇူးတင်ကြောင်း ချက်ချင်းပြောသည်။
"ကောင်းပြီ နောက်မှတွေ့မယ်" ကုနင်းကပြောပြီး သူတို့ထွက်သွားသည်။
"ဂျူနီယာ ချင်းဟယ်၊ မင်းဘာလို့ ဂျူနီယာ မော့ချီလင်ကို မင်းရဲ့အသင်းဖော်အဖြစ် ရွေးချယ်ခဲ့တာလဲ သိလို့ရမလား" နဉ်ရှုက အဝေးရောက်တော့ ကုနင်းကို မေးသည်။
ကုနင်းက "သူက သဘောကျဖို့ကောင်းတယ်လို့ ထင်လို့လေ"
နဉ်ရှုသည် ထိုအရာက အကြောင်းပြချက် အစစ်အမှန် ဟုတ်မဟုတ် မသိသော်လည်း ကုနင်း၏ အဖြေကြောင့် ထိုအကြောင်းကို ထပ်မမေးတော့ပေ။
ကုနင်းနဲ့ တခြားသူတွေ ထွက်သွားတာနဲ့ မော့ချီလင်က သူ့ဆရာကို တွေ့ဖို့ ပြေးသွားသည်။
မော့ချီလင်၏ဆရာမှာ ဒုတိယအကြီးအကဲ ယွင်ဟုန်ချင် ဖြစ်သည်။ မော့ချီလင်သည် ယွင်ဟုန်ချင်ကိုတွေ့ဆုံပြီးနောက်တွင် ရှန်းကွမ်းယန်၏အမျိုးသမီးတပည့်သည် သူမကိုယ်တိုင် သူတို့နှင့်ပူးပေါင်းရန်ဖိတ်ကြားခဲ့ကြောင်း ယွင်ဟုန်ချင်အားပြောခဲ့သည်။
ဒါကို သိလိုက်ရတော့ ယွင်ဟုန်ချင်က အရမ်းအံ့သြသွားသည်။ မော့ချီလင်သည် ၎င်းတို့နှင့် ပေါင်းနိုင်မည်ဟု မျှော်လင့်ထားသော်လည်း မော့ချီလင်သည် ချင်းဟယ်ကဲ့သို့ သာမန်အဆင့်တွင် ရှိနေသောကြောင့် ဖြစ်နိုင်ချေရှိသည်ဟု သူမထင်ခဲ့ပေ။ မော့ချီလင်နဲ့ ပူးပေါင်းရင် မော့ချီလင်ဟာ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်သည်။
ထို့ကြောင့် မော့ချီလင်အား ၎င်းတို့နှင့်ပူးပေါင်းရန် အဘယ်ကြောင့် ဖိတ်ခေါ်ရသည့် အကြောင်းရင်းကို သူ မသိနိုင်ပေ။ ဘာကြောင့်မှန်းမသိပေမယ့် ဒါဟာ သူလိုချင်တဲ့အရာဖြစ်ပြီး မော့ချီလင်ကို အန္တရာယ်မပြုဘူးလို့ သူယုံကြည်သည်။
နံနက် ၈ နာရီတွင် ထျန်းတောက်ကျုံး ရင်ပြင်တွင် လူများစုဝေးကြသည်။ တစ်ချို့က ပြိုင်ပွဲမှာပါဝင်ဖို့ လာရောက်ကြပြီး အချို့က ပွဲကို လာရောက်ကြည့်ရှုကြရုံပါ။
ဒီပြိုင်ပွဲကို နှစ်ပိုင်းခွဲထားသည်။ ပထမပိုင်းကို အုပ်စုလိုက်ကစားတဲ့ ရင်ပြင်မှာ ကျင်းပမှာဖြစ်ပြီး နံပါတ်ဖမ်းခြင်းဟု ခေါ်ပါသည်။
ပြိုင်ပွဲ၏ဒုတိယအပိုင်းကိုဝင်ရောက်နိုင်သည့် နံပါတ်ကတ်ခြောက်ဆယ်သာရှိသောကြောင့် ပြိုင်ပွဲအတွက်စာရင်းသွင်းသူမည်မျှပင်ရှိစေကာမူ ဒုတိယအပိုင်းကို ကစားသမားခြောက်ဆယ်သာဝင်ရောက်နိုင်သည်။ ထို့ကြောင့် နံပါတ်တစ်ကတ်ကို လိုချင်ပါက အခြားပြိုင်ဘက်များကို ဖယ်ထုတ်ရမည်ဖြစ်သည်။
ပါဝင်သူများသည် ပထမအပိုင်းတွင် အုပ်စုဖွဲ့ပါဝင်နိုင်သော်လည်း လူငါးဦးထက်နည်းရမည်။ သူတို့ရဲ့ အသင်းဖော်တွေကို နံပါတ်ကတ်တွေ ယှဉ်ပြိုင်ဖို့ မကူညီရပေ။ အနိုင်ရချင်လျှင် ကိုယ့်အစွမ်းအစကို အားကိုးရမည်။
ထို့အပြင် ရန်ပွဲအတွင်း ၎င်းတို့သည် ပျံသန်းခြင်းမပြုရန် တားမြစ်ထားပြီး ၎င်းတို့ကိုယ်တိုင် ဖြတ်သန်းတိုက်ခိုက်ရမည်ဖြစ်သည်။
ရင်ပြင်ပေါ်တွင် ကိုယ်ခံပညာ သိုင်းစင်မြင့် သုံးဆင့်ရှိသည်။ ပထမကိုယ်ခံပညာ သိုင်းစင်မြင့်သည် စတုရန်းမီတာတစ်ရာ ကျယ်ဝန်းကာ ဒုတိယတစ်ခုမှာ အနံ မီတာရှစ်ဆယ် တတိယမြောက်သည် စတုရန်းမီတာ ခြောက်ဆယ်ကျယ်ဝန်းသည်။ ကိုယ်ခံပညာ သိုင်းစင်မြင့်သုံးခုလုံး၏ ဘေးပတ်ပတ်လည်တွင် နှစ်မီတာကျယ်သော ရေကူးကန်တစ်ခုရှိသည်။
တတိယကိုယ်ခံပညာ သိုင်းစင်မြင့်အဆုံးတွင် နံပါတ်ကတ်များကို နှစ်မီတာမြင့်သောစင်ပေါ်တွင် ချိတ်ဆွဲထားသည်။ အစမှတ်မှာ ပထမကိုယ်ခံပညာ သိုင်းစင်မြင့်မှဖြစ်ပြီး တတိယမြောက်သို့ တိုက်ရိုက်သွားရမည်ဖြစ်သည်။
ကိုယ်ခံပညာ သိုင်းစင်မြင့်မှ ဖယ်ထုတ်ခံခဲ့ရသူသည် ရှုံးနိမ့်သူဖြစ်သည်။
ပါဝင်သူတစ်ဦးက နံပါတ်ကတ်ကို ကိုင်လိုက်သော်လည်း အခြားပါဝင်သူများသည် ၎င်းကို ခိုးယူသွားနိုင်သောကြောင့် မအောင်မြင်သေးပါ။ နံပါတ်ကတ်ကို ခိုးယူရန် အခြားပါဝင်သူများ မလာနိုင်မချင်း တစ်ဦးမှ မအောင်မြင်ပါ။
နံပါတ်ကတ်ကို ရယူအောင်နိုင်သူ ခြောက်ဆယ်ထက်နည်းပါက ပထမအကြိမ် ရှုံးတဲ့သူက ဒုတိယအခွင့်အရေး ရနိုင်သည်။
ဂိမ်း၏ဒုတိယအပိုင်းတွင် ပါဝင်သူများသည် မြူတောထဲသို့ ဝင်ရောက်ကြပြီးနောက်မှသာ စည်းကမ်းချက်များကို ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
နံနက် ၈ နာရီ ၁၀ မိနစ်တွင် ကျင်းကျီနဉ် ရောက်ရှိလာပြီး ကျင်းယွင်ယန်လည်း လိုက်ပါလာခဲ့သည်။ လမ်းတစ်လျှောက်လုံး စကားမပြောဖြစ်ကြသော်လည်း ကျင်းယွင်ယန် က ထျန်းတောက်ကျုံး သို့ရောက်ရှိပြီးနောက် ကျင်းကျီနဉ် အား "အကိုကျီနဉ်၊ ငါ့အဖေက ငါ့ကို စီနီယာရှန်းကွမ်းရဲ့တပည့်တွေနဲ့ မိတ်ဆက်ပေးနိုင်မယ်လို့ မျှော်လင့်နေတယ်"
ကျင်းကျီနဉ်ကိုဖိအားပေးဖို့ သူ့အဖေနာမည်ကိုပြောခဲ့သည်။
"ပြဿနာမရှိပါဘူး" ကျင်းကျီနဉ်က သူ့ကို ရှန်းကွမ်းယန်နဲ့ မိတ်ဆက်ပေးရင်တောင် ကျင်းယွင်ယန်နဲ့ လင်ရှောင်းထင်နဲ့ ပေါင်းနိုင်မှာ မဟုတ်တာကြောင့် ကျင်းကျီနဉ်က မငြင်းခဲ့ပါ။ သူတို့ဒီကို လာရတဲ့အကြောင်းက ကျင်းယွင်ယန် ပြိုင်ပွဲမှာ ဆုမရအောင်လုပ်ဖို့သာ ဖြစ်ပေသည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၆၄ သူ့ကို ပြင်းပြင်းထန်ထန် အနိုင်ယူပစ်မယ်။
သူသည် လင်ရှောင်းထင်နှင့် ကုနင်းတို့ကို ကျင်းယွင်ယန်၏မျက်နှာကိုမှတ်မိစေရန်အတွက် သူ့ကိုခေါ်ဆောင်သွားခဲ့သည်။ ကျင်းယွင်ယန်၏မျက်နှာကို မှတ်မိပြီးနောက် သူတို့က သူ့ကို ဆုမရအောင် တားဆီးနိုင်မည်။
ကျင်းကျီနဉ်က "သူတို့က မင်းနဲ့ပူးပေါင်းဖို့ သဘောတူမယ်လို့ ကတိမပေးနိုင်ဘူး။ ဒါကြောင့် ရလဒ်က ငါ့အပေါ်မတည်ဘူး"
ကျင်းယွင်ယန်သည် ကျင်းကျီနဉ်၏ ရည်ရွယ်ချက်အစစ်အမှန်ကို မသိခဲ့ဘဲ ကျင်းကျီနဉ်သည် သူ့အဖေကိုကြောက်၍ ကူညီရန် သဘောတူသည်ဟု ထင်ခဲ့သည်။
"ဟုတ်ပါပြီ"
တကယ်တော့ ကျင်းယွင်ယန်က ရှန်းကွမ်းယန်ရဲ့ တပည့်တွေကို မကြိုက်တဲ့အတွက်ကြောင့် သူတို့နဲ့ ပေါင်းဖို့ ဆန္ဒမရှိပါ။ မဆုံရသေးရင်တောင်မှ သူတို့နဲ့ သူတို့ရဲ့ဆရာက ကျင့်ကြံသူအများစုထက် မြင့်တဲ့အဆင့်မှာ ရှိနေတာကြောင့် သူတို့ကို မနာလိုဖြစ်နေရပြီ။ သို့သော် အကောင်းဆုံးအကျိုးခံစားခွင့်အတွက် သူသည် ဆုတစ်ခုရရန် အလားအလာပိုရှိစေရန် ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်သည်။
သူသည် ဤပြိုင်ပွဲတွင် ပါဝင်သူအများစုထက် သန်မာသော်လည်း သူ့မှာ ပြင်းထန်သော ပြိုင်ဘက်များလည်းရှိသည်။
ရွှေအမြုတေအဆင့်ရှိ လူ 3 ယောက်ထက် ပိုနေသရွေ့သူရှုံးဖို့ အလားအလာရှိသည်။ မည်မျှပင်ဖြစ်ပါစေ သူသည် ထိုသို့ဖြစ်ပျက်သည်ကို မြင်ရန် တွန့်ဆုတ်နေခဲ့သည်။ ထို့ကြောင့် ကျင်းကျီနဉ်သည် ကျင်းယွင်ယန်ကို ကုနင်းတို့နဲ့ တွေ့ရန် ခေါ်ဆောင်လာခြင်းဖြစ်သည်။
ယခုအချိန်တွင် ကုနင်းနှင့် အခြားသူများသည် လှည့်ပတ်သွားလာနေကြဆဲဖြစ်သည်။ ကျင်းကျီနဉ်သည် သူတို့ဘယ်မှာရှိနေသည်ကို မသိသော်လည်း ဤနေရာတွင် တပည့်များစွာကို မေးမြန်းခြင်းဖြင့် အလွယ်တကူ သိရှိနိုင်သည်။
ကုနင်းနှင့် အခြားလူများကို ရှာဖွေပြီးနောက် လင်ရှောင်းထင်၊ ကုနင်းနှင့် ရှန်းကွမ်းယန်တို့သည် ကျင်းယွင်ယန်ကိုမြင်ပြီးချင်း ကျင်းကျီနဉ်၏ရည်ရွယ်ချက်ကို သဘောပေါက်သွားကြသည်။
ရလဒ်အနေဖြင့် ကျင်းကျီနဉ်သည် ကျင်းယွင်ယန်ကို ခွင့်ပြုချက်မရှိဘဲ ၎င်းတို့အား တွေ့ရန် ခေါ်ဆောင်လာခြင်းကြောင့် မကျေမနပ်မဖြစ်ခဲ့ကြပေ။ သို့သော် လင်ရှောင်းထင်သည် ကျင်းယွင်ယန်ကို မြင်သောအခါ ဒေါသဖြစ်ခဲ့သော်လည်း မကြာမီ တည်ငြိမ်သွားသည်။ အကြောင်းပြချက်ကိုမသိသော နဉ်ရှုသည် လင်ရှောင်းထင်၏ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကို အနည်းငယ်သာ အာရုံစိုက်ခဲ့သည်။ ကျင်းကျီနဉ်နဲ့အတူ သူစိမ်းတစ်ယောက် ရုတ်တရက် ခေါ်လာတာကို လင်ရှောင်းထင်က စိတ်မချမ်းသာဘူးလို့သာ သူထင်ခဲ့သည်။
"ဟိုင်း စီနီယာနဉ်!" ကျင်းယွင်ယန်က သူနဲ့ အရင်ရင်းနှီးတဲ့ နဉ်ရှုကို နှုတ်ဆက်လိုက်သည်။
"ဟိုင်း ဂျူနီယာကျင်း"
“ဒါက စီနီယာရှန်းကွမ်း ပါ။ ဒီနှစ်ယောက်က စီနီယာရှန်းကွမ်းရဲ့ တပည့်တွေပါ” ကျင်းကျီနဉ်က တခြားသူတွေကို ကျင်းယွင်ယန်နဲ့ မိတ်ဆက်ပေးသည်။
"စီနီယာရှန်းကွမ်းနဲ့ အားလုံး တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က စတုတ္ထအကြီးအကဲရဲ့ တပည့်ပါ။ ကျွန်တော်က ကျင်းကျီနဉ်ရဲ့ ညီ၀မ်းကွဲလည်း ဖြစ်ပါတယ်။ ကျွန်တော့်နာမည်က ကျင်းယွင်ယန် ပါ” ဟု ကျင်းယွင်ယန်က သူတို့အပေါ် ယဉ်ကျေးစွာ ပြောသည်။
"မင်္ဂလာပါ" ရှန်းကွမ်းယန်က တည်ငြိမ်သော အသံဖြင့် ပြောသည်။ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပေမယ့် သူစိမ်းတွေအပေါ်ထားတဲ့ သူ့ရဲ့သဘောထားပါပဲ။ ရှန်းကွမ်းယန်သည် သူနှင့် ရင်းနှီးသောအရာများကိုသာ စိတ်အားထက်သန်သူဖြစ်သည်။
"ဟိုင်း ဂျူနီယာကျင်း"
"ဟိုင်း စီနီယာကျင်း"
လင်ရှောင်းထင် နဲ့ ကုနင်းတို့က သူစိမ်းတွေကို ဆက်ဆံသလို အေးအေးဆေးဆေး ပြန်ဖြေသည်။ သူ့ကို အရှက်ခွဲဖို့ ရည်ရွယ်ချက် မရှိပေ။
ကျင်းယွင်ယန်အတွက် ခက်ခဲအောင် လုပ်ဖို့ ဒီကိုရောက်လာခဲ့ရင်တောင်မှ သူတို့မျက်နှာပေါ်တွင် ထုတ်မပြနိုင်ပေ။
လင်ရှောင်းထင်သည် သူနှင့် အသက်တူသော ဤဦးလေးငယ်ကို မကြိုက်သော်လည်း သူ့အပေါ် ပြင်းပြင်းထန်ထန် ရန်ငြိုးထားခြင်းမရှိပေ။
ကျင်းယွင်ယန်သည် ကျင်းယွင်ယောင် ဆိုးရွားသော မတော်တဆမှုဖြစ်ပြီးနောက်မှသာ မွေးဖွားလာသောကြောင့် သူနှင့်ဘာမှမဆိုင်ပါ။ လင်ရှောင်းထင်က သူ့ကို အပြစ်တင်ဖို့ အကြောင်းပြချက်မရှိပေမယ့် ကျင်းယောင်ရုန်ရဲ့သားဖြစ်လို့ သူနဲ့အတူဖွဲ့ဖို့ ဆန္ဒမရှိခဲ့ပါ။
“ကောင်းပြီ ပြိုင်ပွဲစတော့မယ်။ အခုပဲ ရင်ပြင်ကို သွားရအောင်” ဟု နဉ်ရှုက ပြောသည်။
ထို့နောက် ရင်ပြင်သို့ အတူတူသွားကြသည်။
လောလောဆယ်တွင် ကျင်းယွင်ယန်သည် လင်ရှောင်းထင်နှင့် ပူးပေါင်းရန် အဆိုပြုခြင်းမရှိသေးပဲ နောက်မှသာ ၎င်းအကြောင်းကို ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
ရင်ပြင်သို့ရောက်သောအခါ ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ် အပါအဝင် လူများစွာရှိနေပြီဖြစ်သည်။ သုန်းဖန်းကျီယွီလည်း တက်ရောက်ခဲ့သည်။ သူတို့အားလုံး ရင်ပြင်မှာ ရပ်နေကြသည်။ တစ်ချို့က ဝိုင်းပြီး စကားစမြည်ပြောရင်း အသင်းဖော်တွေကို ရှာကြသည်။
ကုနင်းသည် ယခုနာမည်မတူသောကြောင့် သူမရင်းနှီးသောသူငယ်ချင်းများနှင့် စကားမပြောနိုင်တော့ပေ။
မိသားစုတိုင်းသည် ပြိုင်ပွဲတွင်ပါဝင်ရန် အဖွဲ့ဝင်များစွာကို စေလွှတ်မည်ကို ကုနင်းမှ သိသောကြောင့် ကုနင်းသည် ပိုင်လီကျုံးရွှယ်နှင့် ပေါင်းစည်းရန် စိတ်ကူးကို မစဉ်းစားခဲ့ေ။ သူတို့သည် ၎င်းတို့၏ မိသားစုဝင်များနှင့် ပေါင်းစည်းထားပြီးတာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ကျင်းမိသားစုတွင်လည်း ထိုအစီအစဉ်ရှိသော်လည်း ကံမကောင်းစွာပဲ ကျင်းယွင်ယန်သည် သူ့ဆွေမျိုးများထက် များစွာသာလွန်သည်။ ထို့အပြင် ရှန်းကွမ်းယန်၏ တပည့်များ ပေါ်လာသဖြင့် သူတို့ အစီအစဉ်ကို ပြောင်းလိုက်သည်။ သူတို့က ကျင်းယွင်ယန်ကို ငြင်းပယ်ပါက ၎င်းတို့၏ မူလအစီအစဉ်ကို အကောင်အထည်ဖော်မည်ဖြစ်သည်။
ပိုင်လင်ထျန်းသည် သူတို့ဘေးနားမှာ ရှန်းကွမ်းယန်အတွက် နေရာထိုင်ခင်းစီစဉ်ပေးထားသောကြောင့် ရင်ပြင်သို့ရောက်ပြီးနောက် နဉ်ရှုသည် ပိုင်လင်ထျန်းနှင့် အခြားသူများကို တွေ့ရန် ရှန်းကွမ်းယန်နှင့် ကျင်းကျီနဉ်ကို ခေါ်သွားသည်။
ဒါဟာ ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ဆိုင်မှုဖြစ်လို့ အဓိက မိသားစုလေးခုရဲ့ ဘိုးဘေးတွေအားလုံး လာမှာပါ။ သူတို့လည်း ပိုင်လင်ထျန်းနဲ့အတူ ထိုင်ကြသည်။
ကျင်းကျီနဉ်သည် ရှန်းကွမ်းယန်၏ တောင်းဆိုမှုကြောင့် ကျင်းမိသားစုနှင့် မထိုင်ပေ။ ရှန်းကွမ်းယန်သည် ကျင်းကျီနဉ်ကို လိုအပ်ကြောင်း ဆင်ခြေပေးသောကြောင့် ထျန်းတောက်ကျုံးက သဘောတူခဲ့သည်။
နဉ်ရှုက ရှန်းကွမ်းယန်နဲ့ ကျင်းကျီနဉ်နဲ့ ထွက်သွားပြီးတာနဲ့ ကျင်းယွင်ဖေးက လင်ရှောင်းထင် ကို “စီနီယာ ချင်းဟယ် ငါတို့ အဖွဲ့ဖွဲ့ကြမလား။ အသင်းတစ်သင်းတည်းမှာရှိနေရင် အနိုင်ရဖို့ ပိုဖြစ်နိုင်ချေရှိတယ်”
ကျင်းယွင်ယန်သည် လင်ရှောင်းထင်နှင့် ပူးပေါင်းချင်သော်လည်း ခယနေပုံမပေါ်ပါ။ ယင်းအစား လင်ရှောင်းထင်အား သူ့အပေါ်မဟုတ်ပဲ လင်ရှောင်းထင်ကို ကြီးစွာသော အကျိုးကျေးဇူးကို ယူဆောင်လာသကဲ့သို့ ကြင်နာစွာ ကမ်းလှမ်းနေပုံရသည်။
"မထင်ပါဘူး" လင်ရှောင်းထင်က မျက်နှာအထာကိုင်ကာ ပြောလိုက်သည်။
ကျင်းယွင်ယန်သည် မျှော်လင့်ချက်များစွာမရှိသော်လည်း လင်ရှောင်းထင်၏အဖြေကိုကြားသောအခါတွင် သူစိတ်မချမ်းသာပေ။ ချက်ခြင်းပင် သူ့မျက်နှာပေါ်တွင် သိသာထင်ရှားသော ဒေါသများ ပေါ်လာသည်။ သို့သော် သူ့တွင် မာနရှိသည်။ အငြင်းခံရပြီးနောက်တွင် ၎င်းအား ထပ်မံထုတ်ဖော်ခြင်းမပြုတော့ပေ။ မဟုတ်ပါက သူသည် လင်ရှောင်းထင်နှင့် ပူးပေါင်းရန် ဆန္ဒရှိနေပုံရသည့်အတွက်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အရှက်ရပြီးနောက် လင်ရှောင်းထင်ကို ပို၍ပင် မုန်းတီးခဲ့သည်။ ထို့ကြောင့် ကျင်းယွင်ယန် သည် လင်ရှောင်းထင် ကို သင်ခန်းစာေပးရန် စိတ်အားထက်သန်ခဲ့သည်။
“ဒါဆို မေ့လိုက်ပါ။ နောက်မှတွေ့မယ်” ကျင်းယွင်ယန်ကပြောပြီး လှည့်ထွက်သွားသည်။
"ရယ်ရတယ်!" ကျင်းယွင်ယန် ထွက်သွားသည့်အခိုက်တွင် ကုနင်းက ရယ်မောလိုက်သည်။ "သူနဲ့ အဖွဲ့ဖွဲ့ရမယ်ဟုတ်လား? ကျွန်မတို့ကသာ သူ့ကို ပြင်းပြင်းထန်ထန် အနိုင်ယူပစ်မယ်!”
လင်ရှောင်းထင်က အသံထွက်မေပြာပေမယ့် သူ့မှာလည်း တူညီတဲ့ အကြံအစည်ရှိပါသည်။ သူတို့သည် ကျင်းယွင်ယန်ကို ဆုမရအောင် တားရုံသာမက သင်ခန်းစာလည်း ပေးချင်သည်။
လင်ရှောင်းထင်နှင့် ကျင်းယွင်ယန်တို့ကြားတွင် အာဃာတမရှိသောကြောင့် ၎င်းတို့တွင် နဂိုက ဒီစိတ်ကူးမရှိခဲ့သော်လည်း ကျင်းယွင်ယန်က သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။
"အိုး ရှင့်ထင်မြင်ချက်ကို မတောင်းဘဲ မော့ချီလင်နဲ့ ပေါင်းမိလို့ ကျွန်မကို အပြစ်တင်မှာလား။ ကျွန်မ အရင်က သူနဲ့တွေ့ဖူးတယ်၊ သူက ကျွန်မကို အထင်ကြီးစေခဲ့တယ်ေလ။ ဒါကြောင့် သူ့ကို ကျွန်မတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်တာပါ” ဟု ကုနင်းမှ လင်ရှောင်းထင်သို့ ပြောကြားခဲ့သည်။ သူတို့သည် စောစောက သူမကို မတားခဲ့တာက သဘောတူလိုက်သည်ဟု ဆိုလိုသော်လည်း ရှင်းရှင်းလင်းလင်း ရှင်းပြရန် လိုအပ်သည်ဟု သူမ ခံစားမိသည်။
သို့သော် နဉ်ရှု ရှိနေသောကြောင့် သူမသည် ထိုအကြောင်းကို အများကြီး မပြောပြခဲ့ရပေ။
“လုံးဝမတင်ပါဘူး” ဟု လင်ရှောင်းထင်က ပြောသည်။ မော့ချီလင်သည် ငယ်ရွယ်သော ကလေးဖြစ်သောကြောင့် မနာလိုဖြစ်မည်မဟုတ်ပေ။
မော့ချီလင်သည် အသက် 16 နှစ်သာရှိသေးသောကြောင့် သူသည် လင်ရှောင်းထင်၏မျက်လုံးထဲတွင် ကလေးတစ်ယောက်သာဖြစ်သည်။ သူက ကုနင်းထက်တောင် ငယ်သေးပြီး ကုနင်းနဲ့ အချိန်ကြာကြာ သူငယ်ချင်းဖြစ်ရင်တောင် လင်ရှောင်းထင်က စိတ်မ၀င်စားပေ။
***