← Chapters

အခန်း (၁၄၃၅-၁၄၄၀)

Vol. 92 Ch. 1435-1440

အခန်း (၁၄၃၅-၁၄၄၀)

Vol. 92 Ch. 1435-1440

အပိုင်း ၁၄၃၅ ထိုလူလွတ်မြောက်သွားတယ်...

ထိုလူသည် ယခုလွတ်မြောက်ရမည်ဟုသိလိုက်သည်၊ သို့မဟုတ် အသက်ဆုံးရှုံးနိုင်သည်ကိုသိသောကြောင့် မဆိုင်းမတွ သူနှင့်အနီးဆုံးဖြစ်သော ရှုကျင်းချန်ကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့သည်။

ရှုကျင်းချန်သည် ဒဏ်ရာရနေပြီး လင်ရှောင်းထင်သည်လည်း ကြောင်အနေသေးသောကြောင့် ထိုလူ၏ဖမ်းမိခြင်းကို အလွယ်တကူခံခဲ့ရသည်။

"ကျင်းချန်!"

တခြားသူများသည် ကြောက်လန့်သွားသော်လည်း ထိုလူက သူ့ကို နာကျင်မည်စိုးသည့်အတွက် ချက်ချင်း မလှုပ်ရှားရဲကြပေ။

"ညလင်းပုလဲကို ပေး၊ ဒါမှမဟုတ်ရင် သူ့ကိုသတ်ပစ်မယ်။" ထိုလူက လင်ရှောင်းထင်ကို ခြိမ်းခြောက်သည်။

"အင်း ၊ ညလင်းပုလဲကို မင်းကို ငါပေးနိုင်တယ်၊ ဒါပေမယ့် မင်း သူ့ကို လွှတ်ပေးရမယ်။" လင်ရှောင်းထင် အမြန်ပြန်ပြောလိုက်သည်။

ထိုလူသည် သူ၏ကတိကို လိုက်နာမည်လား မသိသော်လည်း ညလင်းပုလဲကြောင့် ရှုကျင်းချန်၏ အသက်အန္တရာယ်ကို မထိခိုက်စေချင်ပေ။

ထိုလူသည် ထွက်ပေါက်ဆီသို့ လျှောက်လာစဉ် ရှုကျင်းချန်ကို ဆွဲခေါ်သွားသည်။ "ပြဿနာမရှိပါဘူး။ ငါ့ကို ညလင်းပုလဲ ပေး၊ သူ့ကို လွတ်ပေးမယ်။"

ညလင်းပုလဲကို သူပြန်ရသရွေ့ သူလက်လျှော့လိုက်နိုင်သည်။ သူ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီးနောက်မှ လက်စားချေလို့ရသည်။

“ငါတို့ သုံးအထိ ရေမယ်။ မင်းက ညလင်းပုလဲကို ပစ်ပေးပြီး ငါက သူ့ကို လွှတ်လိုက်မယ်။”

“ကောင်းပြီ”

"တစ် နှစ် သုံး။"

ထိုလူက သုံးအထိ ရေတွက်လိုက်ပြီး လင်ရှောင်းထင်က သူတို့သဘောတူထားသည့်အတိုင်း ညလင်းပုလဲကို သူ့ထံသို့ ပစ်ပေးလိုက်သည်။ ထိုလူက ရှုကျင်းချန်ကို လွှတ်လိုက်ပြီး ညလင်းပုလဲကို ဖမ်းလိုက်သည်။

ရှုကျင်းချန်သည် သူ့ကို ဓားစာခံအဖြစ် ထပ်မံချုပ်နှောင်မည်စိုး၍ ချက်ချင်း ဘေးသို့ လှိမ့်သွားလိုက်သည်။

ထိုအခိုက်အတန့်တွင် လင်ရှောင်းထင်သည် ရှေ့သို့ ပြေးသွားကာ ထိုလူကို သေနတ်ဖြင့် ချိန်လိုက်သည်။ နောက်တစက္ကန့်တွင် ကျည်ဆန်သည် ထိုလူ၏လက်ကို ဦးတည်လာသည်။

ထိုလူသည် အန္တရာယ်ကို ခံစားခဲ့ရသော်လည်း သူ၏ဒဏ်ရာကြောင့် ပုံမှန်လို လျင်မြန်စွာ မလှုပ်ရှားနိုင်သည့်အတွက် ကျည်ဆန်သည် သူ၏လက်ကို ထိမှန်ကာ ညလင်းပုလဲကို လွတ်ကျသွားစေသည်။

သူသည် ညလင်းပုလဲကို အခြားလက်ဖြင့် ဖမ်းလိုသော်လည်း လင်ရှောင်းထင်က ထပ်မံပစ်ခတ်ခဲ့ကာ ကျည်ဆန်ကို ရှောင်ခဲ့ရသဖြင့် ညလင်းပုလဲသည် မြေပြင်ပေါ်သို့ ကျသွားသည်။

“မင်း…” ထိုလူက ဒေါသထွက်သွားတော့သည်။

လင်ရှောင်းထင် သူ့ထံသို့ ရောက်ရှိလာတော့မည်ဖြစ်ကာ ယခုပင် ဆုံးဖြတ်ချက်တစ်ခု ချရတော့သည်။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်သော်လည်း ထိုလူသည် ညလင်းပုလဲကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီး ချက်ချင်း ထွက်ပြေးသွားသည်။

လင်ရှောင်းထင်သည် သူ၏အသင်းဖော်တွေ ဒဏ်ရာ ရနေသေးသောကြောင့် ထိုလူနောက်ကို ဆက်မလိုက်ပေ။

ကံကောင်းထောက်မစွာ ညလင်းပုလဲသည် မြေကြီးပေါ် ကျန်ခဲ့သည်။

လင်ရှောင်းထင်က ကောက်ယူလိုက်သည်။ ၎င်းကို ထိလိုက်သည်နှင့် မှော်အစွမ်းသည် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်ဟု ခံစားမိသော်လည်း အနည်းငယ်သာ ကျန်တော့သည်။

ရှုကျင်းချန်နှင့် တခြားသူတွေအားလုံး ဒဏ်ရာရထားသော်လည်း သူတို့အားလုံးသည် စွမ်းအင်သလင်းကျောက်များကို သောက်ထားသည့်အတွက် ခဏတာ အနားယူပြီးနောက် အိမ်ပြန်လို့ရသည်။

လင်ရှောင်းထင်တွင် စွမ်းအင်သလင်းကျောက်များ မရှိတော့သော်လည်း ညလင်းပုလဲမှ မှော်အစွမ်း၏အကူအညီဖြင့် သူသည် ပို၍ကောင်းမွန်လာသည်။

" ရှောင်းထင် အဲဒီလူက ဘယ်သူလဲ။ သူက အရမ်းထူးဆန်းနေပုံရတယ် ဘာလို့ စောစောက သူ မင်းရဲ့ ရုတ်တရက် တွန်းထုတ်တာခံရတာလဲ" ချန်းမင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

အိုက်ဝေ့ရွှမ်းသည်လည်း စိတ်ရှုပ်သွားသည်။ ရှုကျင်းချန်ကမူ ကုနင်းက သူ့ကို လျှို့ဝှက်ထားဖို့ ပြောထားသောကြောင့် တိတ်ဆိတ်နေသည်။

“ငါလည်း မသိဘူး” လင်ရှောင်းထင် ပြောလိုက်သည်။ “ငါနားမလည်မချင်း တခြားလူတွေကို မင်းပြောပြလို့ မရဘူး။ အနာဂတ်မှာ သူ့လိုလူနဲ့ ထပ်တွေ့ရင် သူနဲ့ မတိုက်နဲ့ ငါ့ကို အရင်ပြော..”

စင်စစ် သူသည် ကုနင်းကို မေးဖို့ လိုအပ်သည်။ နတ်ဆိုးကျင့်ကြံရေး အဖွဲ့ဝင်များနှင့် နှိုင်းယှဉ်ပါက သူတို့သည် အလွန်အားနည်းသည်။

“ဟုတ်ကဲ့ပါ” သူတို့ ခေါင်းညိတ်လိုက်သည်။ လင်ရှောင်းထင်က သူတို့ကို တခြားသူတွေကို လျှို့ဝှက်ထားရန် ပြောသည့်အတွက် သူတို့ ဘယ်သူ့ကိုမှပြန်ပြောမည်မဟုတ်ပေ။

ရှုကျင်းချန်သည် သူ၏အသင်းဖော်တွေက တမျိုးထင်မည်စိုး၍ ခေါင်းညိတ်လိုက်သည်။

“ဒီညလင်းပုလဲနဲ့ ပတ်သက်ပြီး သုတေသနတချို့ လုပ်ဖို့လိုတယ်။ မင်းကိုတစ်ယောက်ယောက်ကမေးရင် ငါတို့ ဒါကို ရှာမတွေ့ဘူးလို့ သူတို့ကိုပြောပါ။” လင်ရှောင်းထင်ထပ်ပြောလိုက်သည်။

သူသည် ညလင်းပုလဲ၏ မှော်အစွမ်းကို သူစုပ်ယူနိုင်ရသည့် အကြောင်းရင်းကို ရှာဖွေရန် လိုအပ်သည်။

“ဟုတ်ကဲ့” ဟု သူတို့က ပြောသည်။

သူတို့သည် အနားယူပြီးနောက် အတူတူ ထွက်ခွာသွားကြသည်။

…

နောက်တစ်နေ့မနက်တွင် ကုနင်း Bမြို့သို့ ပြန်သွားသည်။

Bမြို့ သို့ရောက်သောအခါတွင် သူမသည် သူမ၏ဖုန်းကိုဖွင့်လိုက်ပြီး ယုကျီထံမှ ဖုန်းခေါ်ထားသည်ကိုတွေ့လိုက်ရသောကြောင့် သူမ ချက်ချင်းပြန်ခေါ်လိုက်သည် ။

"ဟိုင်း ဘော့စ်။" ယုကျီ စိတ်လှုပ်ရှားစွာ နှုတ်ဆက်လာသည်။

"ငါ့ကိုပြောစရာသတင်းကောင်းရှိလား?" ကုနင်း ပြုံးလိုက်သည်။

“ဟုတ်တယ် ပါရီက ဝတ်စားဆင်ယင်မှု ဒီဇိုင်းပြိုင်ပွဲမှာ ပါဝင်ခဲ့တယ်လို့ ပြောခဲ့တယ်လေ။ အခု ထိပ်တန်း ၁၀ ယောက်ထဲမှာ အဆင့် ၈ ရတယ်။ အရမ်းကြီးမမြင့်ပေမယ့် နိုင်ငံတကာပြိုင်ပွဲမှာ ရာထူးတစ်ခုရဖို့ ပြိုင်ပွဲဝင်အသစ်တစ်ယောက်အတွက် မလွယ်ဘူးလေ။ Paris Fashion Week မှာ ငါ့ရဲ့ ဒီဇိုင်းကို ပြသတော့မှာ။” ယုကျီ က ပြောသည်။

သူမ၏ အကြီးမားဆုံးဆန္ဒမှာ လူတွေအများကြီး သူမ၏ ဒီဇိုင်းတွေကို နှစ်သက်ကြရန်နှင့် ပိုမိုကောင်းမွန်သည့် ဘဝနှင့်နေထိုင်နိုင်ရန် ဖြစ်သည်။ ကုနင်းနှင့် တွေ့ပြီးနောက် သူမ၏ဘဝသည် လုံးဝပြောင်းလဲသွားခဲ့သည်။

***

အပိုင်း ၁၄၃၆ မကောင်းတဲ့အကြံအစည်ရှိတဲ့ ဒရိုင်ဘာ...

"ဂုဏ်ယူပါတယ်" ကုနင်း ယုကျီအတွက် ပျော်ရွှင်မိသည်။

“ဘော့စ်၊ ဆရာကပြောတယ် ငါ နာမည်ကြီးလာတဲ့အခါ နာမည်ကြီးအဝတ်အစားတံဆိပ်တွေ တော်တော်များများက စာချုပ်ချုပ်ဖို့ကြိုးစားလိမ့်မယ်တဲ့။ ဒါပေမယ့် ငါ သူတို့နဲ့ စာချုပ်မချုပ်ဘူး။ ငါရဲ့ ဒီဇိုင်းတွေက Charm နဲ့ပဲ သက်ဆိုင်တာမို့ အင်တာဗျူးဖြေရင် Charmရဲ့ အဝတ်အစား ဒီဇိုင်နာတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်မယ်”

“ကောင်းတယ်...” ကုနင်း ယုကျီ၏ သဘောထားအပေါ် အလွန်ကျေနပ်မှုရှိသည်။

ယုကျီ နှင့် ဖုန်းပြောပြီးနောက် ကုနင်းသည် arrival hall သို့ ဝင်ရောက်လိုက်ပြီး လူအုပ်ကြားထဲတွင် ရင်းနှီးသောမျက်နှာတစ်ခုကို သတိပြုမိလိုက်သည်။ ၎င်းမှာ သူမနှင့် မတွေ့ရတာကြာပြီဖြစ်သော ချိုးယွီရှင်း ဖြစ်သည်။

ကုနင်းသည် ချိုးယွီရှင်းက သူမကို မမြင်သော်လည်း သူတို့သည် အသိအကျွမ်းများဖြစ်၍ ကုနင်းက သူမဆီသို့ လျှောက်သွားသည်။

"အို ဟိုင်း၊ ကုနင်း၊ တိုက်ဆိုင်လိုက်တာ.." သူမ အနီးနားသို့ရောက်သောအခါ ချိုးယွီရှင်း ကုနင်းကို တွေ့သွားသည်။

"ဟိုင်း... တစ်ယောက်ယောက်ကို ကြိုဖို့ လာတာလား။" ၎င်းမှာ သိသာနေသော်လည်း ကုနင်းက မေးခွန်းထုတ်သည်။

"ဟုတ်တယ်၊ ငါ နိုင်ငံခြားက ပြန်ရောက်တာမကြာသေးဘူး၊ စစ်မင်က ဒီရက်ပိုင်း အားတော့ Bမြို့ကိုလာပြီး တွေ့မယ်လို့ပြောတယ်။ လေဆိပ်မှာ ဆုံဖို့ပြောထားပေမယ့် သူ့ရဲ့ လေယာဉ်ခရီးစဉ်ဟာ နာရီဝက်လောက် နောက်ကျနေတယ်။” ချိုးယွီရှင်းက ပြောလိုက်သည်။ သူမ၏အလုပ်ကြောင့် ချိုးယွီရှင်းသည် နိုင်ငံခြားသို့ မကြာခဏ ခရီးထွက်ရလေ့ရှိသည်။

သူတို့ စကားပြောနေစဥ် လူတချို့သည် ကုနင်းကို မှတ်မိသွားသည်။

"အိုး၊ သူက ကုနတ်ဘုရားမမဟုတ်ဘူးလား။"

"သူမပဲ... ဘုရားရေ။"

"သူမက ဒီနှစ် အမှတ်အများဆုံးလေ...။"

လက်ရှိတွင် ကုနင်းသည် ချိုးယွီရှင်းထက်ပို လူသိများသည်။

ချိုးယွီရှင်း သည် မော်ဒယ်နှင့် ဖက်ရှင်နယ်ပယ်တွင်သာ နာမည်ကြီးသောကြောင့် ဖက်ရှင်ကို သိပ်ဂရုမစိုက်သောသူများသည် သူမ၏မျက်နှာနှင့် မရင်းနှီးကြပေ။

"ကုနတ်ဘုရားမနဲ့ စကားပြောနေတဲ့ အမျိုးသမီးက ဘယ်သူလဲ။ သူမက အရမ်းလှတယ်။"

"ဟုတ်တယ်၊ သူ့မျက်နှာက နည်းနည်း ရင်းနှီးပုံရတယ်။"

"သူမက သရုပ်ဆောင်လား"

"အိုး၊ ငါတော့ မော်ဒယ်တစ်ယောက်လို့ ထင်တာပဲ။ သူ့မျက်နှာကို မဂ္ဂဇင်းတစ်စောင်မှာ တွေ့ဖူးတယ်။”

“…”

ကုနင်း၏ပရိသတ်တွေဖြစ်သည့် မိန်းကလေးတော်တော်များများသည် သူမကို ဓာတ်ပုံရိုက်ဖို့ သူတို့၏ဖုန်းတွေကို ထုတ်လိုက်သည်။ သို့သော် ၎င်းတို့ကြားတွင် အနည်းငယ်ကွာဝေးရှိသောကြောင့် ဓာတ်ပုံများသည် သိပ်မရှင်းလင်းပေ။

ကုနင်းသည် သူတို့ ဘာပြောနေသည်ကို သတိပြုမိသော်လည်း စိတ်ထဲမထားပေ။

"ကောင်းပြီ၊ ငါမင်းကိုမနှောင့်ယှက်တော့ဘူး။ နောက်မှ တွေ့မယ်။”

“ဘိုင်။” ချိုးယွီရှင်းလည်း ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

ထို့နောက် ကုနင်း ထွက်သွားသည်။

ကုနင်း ထွက်သွားပြီးနောက် ထိုမိန်းကလေးများသည် ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး မနာလိုသူ အများအပြားရှိခဲ့သည်။ ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်သည့် ချိုးယွီရှင်းကိုလည်း လူအချို့က မှတ်မိကြသည်။

တစ်နှစ်ကြာအလုပ်လုပ်ကိုင်ပြီးနောက် ချိုးယွီရှင်းသည် ဖက်ရှင်နယ်ပယ်တွင် ကျော်ကြားမှုများစွာရရှိခဲ့သည်။

မကြာခင် စစ်မင် ရောက်လာပြီး ချိုးယွီရှင်းနှင့် အတူ ထွက်သွားသည်။

…

ကုနင်းသည် လေဆိပ်ကနေ ထန်မိသားစု၏အိမ်သို့ တိုက်ရိုပ်ပြန်သွားသည်။ သို့သော် လေဆိပ်သည် ထန်မိသားစု၏အိမ်နှင့် အလှမ်းဝေးသောကြောင့် ကုနင်း တက္ကစီပေါ်တွင် တစ်ရေးတစ်မော အိပ်နေလိုက်သည်။ ကံမကောင်းစွာ တက္ကစီဒရိုင်ဘာတွင် မကောင်းသောအကြံအစည်ရှိသည်။

သူသည် အသက် ၃၀ ခန့်ရှိသူဖြစ်သည်။ သူသည် ကုနင်းကို မသိသော်လည်း သူမသည် အလွန်လှပလွန်းသည်ဟုထင်ကာ နောက်ကြည့်မှန်မှတစ်ဆင့် သူမကို ဆက်တိုက်ကြည့်နေသည်။ သူ့တွင် ရုတ်တရက် အကြံဆိုးတစ်ခုရသွားသည်။

ကားသည် လမ်းကွေ့တစ်ခုသို့ရောက်သောအခါ ဒရိုင်ဘာသည် လမ်းမကြီးမှထွက်၍ လူသူကင်းမဲ့သောနေရာတစ်ခုသို့ သွားသည်။

ကုနင်းသည် ကား၏ အနောက်ထိုင်ခုံတွင် မျက်လုံးမှိတ်ကာ ထိုင်နေသောကြောင့် ထိုအချင်းအရာကို သူမ မသိသော်လည်း ကားသည် အကွေ့အရမ်းများသည်ဟု သူမ ခံစားမိသည်။ သူမသည် ချက်ခြင်း မျက်လုံးဖွင့်ကြည့်လိုက်ကာ လမ်းမှားရောက်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် သူမသည် ပျော့ညံ့သောမိန်းကလေးတစ်ယောက်မဟုတ်သောကြောင့် စိတ်မလှုပ်ရှားပဲ ယုံကြည်မှုအပြည့်ရှိသည်။

"ဟိုင်း... ငါတို့လမ်းမှန်ပေါ်ရောက်နေတာ သေချာရဲ့လား။" ကုနင်း လုံးဝစိတ်မလှုပ်ရှားသည့်အသံဖြင့် မေးလိုက်သည်။

ကုနင်း၏ အသံကိုကြားသော် တက္ကစီဒရိုင်ဘာသည် စက္ကန့်ပိုင်းမျှ ခြောက်ခြားသွားသည်။ သူ မမျှော်လင့်ထားသည်မှာ သူမ ရုတ်တရက် မျက်လုံးဖွင့်လိုက်ခြင်းပင်။

“အင်း၊ လမ်းမကြီးမှာ ကားအသွားအလာ အရမ်းများလို့ ဒီဖြတ်လမ်းကနေ မောင်းလိုက်တာပါ။”

ကုနင်းက ရယ်မောလိုက်ပြီး စိတ်မရှည်တော့ပေ။ "တကယ်လား ငါ့အထင် မင်းက ဆန့်ကျင်ဘက်လမ်းကို သွားနေတယ်ထင်တယ်။"

တက္ကစီသမားသည် တောင့်တင်းပြီး ချွေးစေးများထွက်လာသည်။ သူတစ်ခုခုမပြောနိုင်ခင် ကုနင်းက သူ့ကိုပြောလိုက်သည်။ "လမ်းမကြီးကိုပြန်သွားလို့ရမယ့်လမ်းတစ်ခုရှိတယ်၊ မင်း...ပြန်သွားသင့်တယ်"

သူမသည် တက္ကစီဒရိုင်ဘာကို စိတ်ပြောင်းရန် အခွင့်အရေးပေးသည်၊ မဟုတ်လျှင် သူ့ကို အပြစ်ပေးတော့မည်။

တက္ကစီသမားသည် ခဏတုံ့ဆိုင်းသွားပြီး အကျိုးအကြောင်း ဆင်ခြင်မိသွားသည်။ သူသာ သူမကို အမှန်တကယ်နာကျင်စေလျှင် သူ ထောင်ကျသွားနိုင်သည်။

"မင်း မှန်ပါတယ်။ ဒီလို ဆိုးရွားတဲ့အမှားအတွက် ငါ တောင်းပန်ပါတယ်၊ မကြာခင် ငါတို့ လမ်းမကြီးပေါ် ပြန်ရောက်လာမှာပါ။” တက္ကစီယာဉ်မောင်းက ပြောပြီး တောင်းပန်လိုက်သည်။

“ကောင်းတယ်။” ကုနင်း ခေါင်းညိတ်လိုက်သည်။

တက္ကစီဒရိုင်ဘာသည် စိတ်ပြောင်းသွားသည့်အတွက် သူမသည် သူ့ကို ခွင့်လွှတ်ပေးလိုက်သည်။

တက္ကစီသမားသည် သူ၏အကြံဆိုးကို စွန့်လွှတ်ကာ သူပေးထားသည့် ကတိအတိုင်း လမ်းမကြီးသို့ ပြန်သွားပေးသည်။

ထန်မိသားစု၏အိမ်အပြင်ဘက်သို့ရောက်သောအခါ ကုနင်းသည် သူ့ကို ငွေပေးချေသည်။ တက္ကစီယာဉ်မောင်း သည် ကုနင်းက ထန်မိသားစု၏အိမ်ထဲသို့ လျှောက်သွားသည်ကိုမြင်သောအခါ သူ၏လုပ်ရပ်ကိုတွေးမိပြီး ကြောက်ရွံ့သွားသည်။

***

အပိုင်း ၁၄၃၇ ကုမန့်၏ ကျောင်းနေဖက်ဟောင်း...

ဤနေရာသည် ထန်မိသားစု၏အိမ်တော်ဖြစ်သည်။ ထိုမိန်းကလေးသည် ထန်မိသားစုဝင် မဟုတ်လျှင် အနည်းဆုံး သူတို့နှင့် အပတ်အသက်ရှိရမည်။

အကယ်၍ သူသာ သူမကိုနာကျင်စေလျှင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည်။

တက္ကစီသမားသည် ကြောက်လန့်ပြီး သူ၏ကားကို မောင်းကာ ချက်ချင်း ထွက်သွားသည်။

…

ကုမန့်သည် ဒီရက်ပိုင်းတွင် တစ်နေကုန် အိမ်ထဲတွင် နေခဲ့ရပြီး အလွန်ငြီးငွေ့နေခဲ့သည်။ ဒီနေ့ ကုနင်း ရောက်လာသောအခါ သူမကို အပြင်ကို အလည်ပို့ပေးဖို့ပြောသည်။ ထို့ကြောင့် ကုနင်း သည် နေ့လယ်စာစားပြီးနောက် ကုမန့်နှင့်အတူ ကားမောင်းထွက်သွားသည်။

ကုနင်းနှင့်အတူရှိနေလျှင် ကုမန့်လည်း လုံခြုံသည်ဟုခံစားရပြီး ထန်ဟိုင်ဖုန်းသည်လည်း သူမအတွက်စိတ်ပူစရာမလိုပေ။

သူတို့သည် ကလေးအဝတ်အစားများဝယ်ရန် ရှော့ပင်းမောလ်တစ်ခုသို့ သွားကြသည်။ ထန်မိသားစုသည် ကုမန့်အတွက် အများကြီး ပြင်ဆင်ပေးထားသော်လည်း ကုမန့်သည် သူမကိုယ်တိုင် ဈေးဝယ်ထွက်ရသည်ကို နှစ်သက်သည်။

ကုမန့်၏ဝမ်းဗိုက်သည် မသိသာသေးသည့်အတွက် ကိုယ်ဝန်ဆောင်အဝတ်အစားဝယ်ရန် အနည်းငယ်စောနေသော်လည်း သူတို့သည် အပျော်အနေနှင့် ဈေးဝယ်ထွက်ကြသည်။

ကုမန့်သည် ကုနင်းနှင့် ကိုယ်ဝန်ဆောင်အ၀တ်အထည်ဆိုင်တွင် ဈေးဝယ်ထွက်နေစဉ် လူလတ်ပိုင်းအမျိုးသမီးတစ်ဦးသည် ကုမန့်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ လူလတ်ပိုင်း အမျိုးသမီး၏ နံဘေးတွင် ၁၃ နှစ်ခန့် အရွယ် မိန်းကလေးတစ်ဦး ရှိသည်။

ကုနင်းသည် သူတို့၏ အပြုအမူကို သတိပြုမိသော်လည်း ဘာမှ မပြောပေ။

ခဏအကြာတွင် လူလတ်ပိုင်းအမျိုးသမီးသည် ကုမန့်ကို ခေါ်လိုက်သည်။ "ကုမန့်လား။"

ကုမန့်သည် တစ်စုံတစ်ယောက်က သူမ၏နာမည် ခေါ်သည်ကိုကြားပြီး လှည့်ကြည့်လိုက်သောအခါ အံ့သြသွားသည်။ "ဟူကျားရုန် လား" ကုမန့်သည် တစ်ကိုယ်လုံး ဒီဇိုင်နာ အမှတ်တံဆိပ်အဝတ်အစားများ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီးကို ကြည့်လိုက်သည်။

"အိုး တကယ် ကုမန့် ပဲ။" ဟူကျားရုန် သူမ၏မျက်လုံးများကိုပင် မယုံနိုင်ဖြစ်သွားသည်။ "မင်းကြည့်ရတာ အရမ်းနုတာပဲ၊ အံ့သြစရာပဲ။”

သူမတို့နှစ်ယောက်သည် အသက်အရွယ်ချင်းတူသော်လည်း ကုမန့်သည် သူမထက် အများကြီးငယ်သည့်ပုံပေါက်သောကြောင့် ကုမန့်ကို မနာလိုဖြစ်မိသည်။

ကုနင်းသည် သူမ၏မျက်လုံးများတွင် မနာလိုရိပ်များကို ဖမ်းမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ထိုစကားကိုကြားသော် ကုမန့်သည် ပြုံးပြပြီး ဘာပြောရမှန်း မသိတော့ပေ၊ ၎င်းမှာ အမှန်တရားဖုစ်၍ပင်။

"အိုး၊ မင်းက အခု Bမြို့ မှာနေတာလား။" ကုမန့်က ခေါင်းစဉ်ပြောင်းလိုက်သည်။

"ဟုတ်တယ်" ဟူကျားရုန်သည် ပြောပြီးနောက် သူမ၏အကြည့်သည် ကုနင်း ပေါ်ရောက်သွားသည်။ ကုနင်း ၏ ပြောင်မြောက်သောရုပ်ရည် အသွင်အပြင်သည် ဟူကျားရုန်ကို အံ့အားသင့်စေပြီး ဟူကျားရုန်သည် ထပ်ပြီး မနာလိုဖြစ်သွားသည်။ “ဒီမိန်းကလေးက မင်းရဲ့ သမီးလား။"

ဟူကျားရုန်သည် ကုမန့်၏ ကျောင်းနေဖက်ဖြစ်ပြီး ထိုအချိန်က သူတို့နှစ်ယောက် ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ ကုမန့်သည် တက္ကသိုလ်တွင် အလွန်ချောမောပြီး ထက်မြက်သော ချစ်သူရှိကြောင်း သူမ သိပြီး သူမသည် ကုမန့်ကို အမြဲတမ်း မနာလိုဖြစ်ခဲ့သည်။ သူမသည် ကုမန့်၏ ချစ်သူကို ခိုးယူဖို့တောင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ထို့နောက် ကုမန့်၏ ချစ်သူသည် ကြီးကြီးမားမား မတော်တဆဖြစ်ပြီး ကုမန့်သည်လည်း ကျောင်းထွက်ခဲ့သည်။ ကုမန့် ၏ "သူငယ်ချင်းကောင်း" အဖြစ် ဟူကျားရုန်သည် ကုမန့် ကိုယ်ဝန်ရှိကြောင်း သိခဲ့သည်။

ထိုအချိန်က အတင်းပြောစရာကိစ္စမျိုး ဖြစ်သောကြောင့် ဟူကျားရုန်သည် သူတို့၏ကျောင်းတွင် ထိုသတင်းကို တမင်တကာ ဖြန့်ပြီး ကုမန့် ၏ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့သည်။

ကုမန့်သည် ဟူကျားရုန်၏လက်ချက်ဖြစ်ကြောင်း မသိခဲ့ပေ။ အကြောင်းမှာ ဟိုတုန်းက လူတော်တော်များများက ထိုသို့သော ကိစ္စရပ်များကိုလုပ်ကြသည်။

ထို့အပြင်၊ ကုမန့်သည်လည်း ဤကိစ္စမှာ ရှက်ဖွယ်ကောင်းသည်ဟု ထင်သောကြောင့် လူသိရှင်ကြား ပြောသူများကို အပြစ်မတင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူမ၏ကလေးကို မွေးဖို့ရွေးချယ်လိုက်သည့်အချိန်တွင် သူမသည် ကျောင်းထွက်ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

ဟူကျားရုန်သည် ကုမန့်ကို ထပ်မံအရှက်ရစေရန် ယခုမေးခွန်းကို ရည်ရွယ်ချက်ရှိရှိ မေးခဲ့ခြင်းဖြစ်သည်။

"ဟုတ်တယ် ဒါ ငါ့သမီး ကုနင်း။" ကုမန့်ကပြောသည်။ သူမသည် ဟူကျားရုန်၏စိတ်ရင်းကိုမသိသောကြောင့် သူမကို ရိုးသားစွာ မဆက်ဆံဘူးဆိုတာကို သဘောမပေါက်ပေ။

ကုမန့်က ဟူကျားရုန်ကို ကုနင်းနှင့် မိတ်ဆက်ပေးသည်။ "နင်းနင်း၊ ဒါ တက္ကသိုလ်က ငါ့ရဲ့ကျောင်းနေဖက်သူငယ်ချင်း ဟူကျားရုန်။"

"တွေ့ရတာဝမ်းသာပါတယ် မစ္စဟူ၊" ကုနင်းက ယဉ်ကျေးစွာ နှုတ်ဆက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ်။ ဒီနှစ် မင်းအသက်ဘယ်လောက်ရှိပြီလဲ။" ဟူကျားရုန်က ကြင်နာဟန်ဖြင့် မေးသည်။

“၁၉နှစ်ပါ”

ထိုစကားကိုကြားသော် ဟူကျားရုန်သည် သက်ပြင်းချပြီး ပြောသည်။ “နောက်ဆုံးအကြိမ်တွေ့ခဲ့တာတောင် ၁၉ နှစ်ရှိပြီပဲ။ စောစောက မင်းကို ငါမမှတ်မိပဲနေတော့မလို့..။ ကံမကောင်းတာက မင်းက တက္ကသိုလ်ပထမနှစ်မှာ ကိုယ်ဝန်ရသွားတာ မဟုတ်ရင် ငါတို့ အမှတ်ရစရာတွေ အများကြီးပိုရှိမှာ။ မင်းက ငါတို့ကောလိပ်မှာ ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ကံမကောင်းတာက ကျောင်းကထွက်တာ စောလွန်းတယ်။”

ဟူကျားရုန်သည် သူမပြောနေစဉ် ကုမန့်၏အမူအရာကို သတိထားကြည့်ပြီး ကုမန့်၏မျက်နှာမှ ရှက်ကိုးရှက်ကန်း အမူအရာတွေ့ရရန် မျှော်လင့်ခဲ့သည်။ သို့သော် ကုမန့်သည် ထိုကိစ္စကိုလက်ခံနိုင်နေပြီဖြစ်သောကြောင့် သူမ စိတ်ပျက်သွားသည်။

"အင်း၊ ကံကြမ္မာက လှည့်ကွက်တွေများတာပဲ။" အကယ်၍ သူမသည် ထိုနှစ်တွင် ကိုယ်ဝန်ဖျက်ချပြီး ဘွဲ့ရခဲ့လျှင် အလုပ်အကိုင်ကောင်းတစ်ခုကို ရှာတွေ့ကာ သူမသည် အတိတ်ကလို ခက်ခဲကြမ်းတမ်းသော ဘဝတွင် နေထိုင်ခဲ့ရမည်မဟုတ်ပေ။ အရင်က ဘွဲ့လက်မှတ်ရရန် မလွယ်ကူသလို ကုမန့်သည်လည်း အလွန်ထက်မြက်သည်။ သို့သော် သူမ အမှန်တကယ် ကိုယ်ဝန်ဖျက်ချခဲ့လျှင် သူမတွင် ထိုကဲ့သို့ ထူးချွန်သော သမီးလေးတစ်ယောက် မရရှိနိုင်တော့ပဲ ထန်ယွင်ဖန်းနှင့်လည်း နောက်တစ်ကြိမ် တွေ့ဆုံနိုင်တော့မည်မဟုတ်ပေ။

ထန်ယွင်ဖန်း၏ မိသားစုနောက်ခံကို သူမစိတ်မဝင်စားသော်လည်း သူမသည် သူ့ကို အမြဲတမ်း ချစ်ခဲ့သည်။

ဟူကျားရုန်သည် ကုမန့်၏ပြောစကားကြောင့် ကုမန့်သည် ယခုအချိန်တွင် ဆိုးရွားသောဘဝနေထိုင်နေရခြင်း ဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့သည်။

"ဟုတ်တယ်၊ ကံကြမ္မာရဲ့လှည့်ကွက်ပဲ။ အိုး မင်းရော အဆင်ပြေရဲ့လား။" သူမ တမင် မေးလိုက်သည်။

"မဆိုးပါဘူး မင်းရော " ကုမန့်ကလည်း ပြန်မေးလိုက်သည်။

ဟူကျားရုန် သည် ကုမန့် အမှန်တကယ်ကို ကောင်းကောင်းမွန်မွန် နေထိုင်နေလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် ကုမန့် ဟန်ဆောင်နေသည်ဟု ယုံကြည်ခဲ့သည်။ ထို့အပြင် ဟူကျားရုန်သည် ချမ်းသာပြီး ဒီဇိုင်နာ အမှတ်တံဆိပ်များစွာ ဝတ်ဆင်ထားသော်လည်း ကုမန့် ဝတ်ဆင်ထားသည့် အမှတ်တံဆိပ်များကိုတော့ သူမမှတ်မိပေ။

***

အပိုင်း ၁၄၃၈ ကော်ဖီမှာလိုက်ပါ...

“ငါလည်း အဆင်ပြေပါတယ်။ အိုး မင်းအခုအားလား။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ဖို့ဆိုတာ မလွယ်ဘူး။ စကားပြောဖို့ နေရာကောင်းတစ်ခု ရှာရအောင်။" ဟူကျားရုန်က စကားစလိုက်သည်။ သူမသည် ကုမန့် နှင့် ပြန်လည်ခင်မင်ရင်းနှီးရန် ရည်ရွယ်ချက်မရှိသော်လည်း ကုမန့်ကို သူမ၏ ကောင်းမွန်သောဘဝကို ပြသချင်သည်။

“အင်း..ရတယ် ” ကုမန့်သည်လည်း အားနေပြီဖြစ်၍ သဘောတူလိုက်သည်။

ကုနင်းသည် ကုမန့်ကို မတားပေ။ သူမ ရှိနေလျှင် ဟူကျားရုန်က ကုမန့်ကို အခွင့်ကောင်းယူနိုင်မည် မဟုတ်ပေ။

ဟူကျားရုန်သည် အဆင့်အတန်းမြင့်သော ကော်ဖီဆိုင်ကို တမင်ရွေးလိုက်ပြီး အထဲသို့ ဝင်သွားစဉ် ကုမန့်၏မျက်နှာကို သတိထားကြည့်သည်။ သို့သော် ကုမန့်နှင့် ကုနင်း နှစ်ဦးစလုံး သက်တောင့်သက်သာရှိပုံရသောကြောင့် သူမ စိတ်ပျက်သွားပြန်သည်။ ဤကဲ့သို့ ဈေးကြီးသော နေရာကို သွားသည်မှာ သူတို့အတွက် ပုံမှန် ဖြစ်ပုံရသည်။ ဟူကျားရုန် စိတ်ပျက်သွားသော်လည်း သူတို့သည် ဟန်ဆောင်နေသည်ဟု သူမယုံကြည်နေဆဲဖြစ်သည်။

“ငါ ဒီကို မကြာခဏ လာလေ့ရှိတယ်။ ဒီမှာ ကော်ဖီကောင်းကောင်း၊ အချိုပွဲ မျိုးစုံနဲ့ သောက်စရာတွေ ရတယ်။ သူတို့ရဲ့ မုန့်ဖုတ်သူကို ပြင်သစ်က ငှားထားတယ်လို့ ကြားတယ်။” ဟူကျားရုန်က ပြောသည်။

သူမသည် ကြင်နာပုံပေါက်သော်လည်း ကုနင်းကတော့ သူမ၏အတွင်းစိတ် အလွယ်တကူ မြင်နိုင်သည်။

"တကယ်လား။"

သူတို့ထိုင်ပြီးနောက် စားပွဲထိုးတစ်ယောက်က မီနူးကို လှမ်းပေးသည်။

"Jamaican Blue Mountain ကော်ဖီတစ်ခွက် ကျေးဇူးပါ။" ဟူကျားရုန်သည် မီနူးကိုပင် မဖတ်သောကြောင့် သူမသည် မီနူးကို အလွန်ရင်းနှီးပုံရနေသည်။

" နွားနို့တစ်ခွက်ပေးပါ ကျေးဇူး.. " ကုမန့် ကပြောသည်။ သူမသည် ကိုယ်ဝန်ရှိနေ၍ ကော်ဖီမသောက်လို့မရပေ။

"ဘာလို့ ကော်ဖီမသောက်တာလဲ။ ဒီဆိုင်က ကော်ဖီက ကောင်းတယ်။” သူမသည် ကုမန့်ဟာ တကယ်ကို ဆင်းရဲသူဟု ထင်သွားသည်။ ဘာလို့ဆို ကော်ဖီက နွားနို့ထက် ပိုဈေးကြီးသည်လေ။

"ငါ့မှာ ကိုယ်ဝန်ရှိနေလို့ ကော်ဖီသောက်လို့မရဘူး" ကုမန့်က သူမ၏မျက်နှာပေါ်တွင် အပျော်အပြည့်နှင့် ပြောသည်။

"ဘာ..." ဟူကျားရုန် အံ့သြသွားသည်။

"အိုး၊ ဟုတ်တာပေါ့ နို့သောက်သင့်တယ်။" ဟူကျားရုန် စကားကိုအမြန်ပြန်ထိန်းလိုက်သည်။ "လိုချင်ရင် ကိတ်မုန့် တစ်ခုခု မှာလိုက်ပါလား"

"ငါဗိုက်မဆာဘူး၊ နွားနို့တစ်ခွက်လောက်ပဲသောက်မယ်။"

“ကောင်းပါတယ်။” ဟူကျားရုန်သည် အတင်းအကြပ်မတိုက်တွန်းပဲ ကုနင်းကို လှည့်ပြီး ပြောသည်။ "ကုနင်း ၊ မင်းလိုချင်တာ မှာလို့ရတယ်နော်၊ ငါကျွေးမှာပါ..."

ဟူကျားရုန်သည် သူမ၏ ပိုက်ဆံများကို ကြွားဝါရန် အလွန်ရက်ရောပုံရသည်။ စင်စစ် နေ့လည်ခင်း လက်ဖက်ရည်ဖိုးက အများကြီး မကျပေ။

“St Helena ကော်ဖီ၊ ကျေးဇူးပါ”

ထိုစကားကိုကြားသော် ဟူကျားရုန်သည် ကုနင်းက ဖျော်ရည်မှာမည်ထင်ထား၍ အံ့သြသွားပြန်သည်။ သူမ၏မျက်လုံးထဲတွင် ကုနင်းသည် ငယ်ရွယ်သော မိန်းကလေးတစ်ဦးမျှသာဖြစ်သည်။

ဟူကျားရုန်၏သမီးသည် ဖျော်ရည်နှင့် ကိတ်မုန့်ပန်းကန်များစွာကို မှာယူခဲ့သည်။

ထို့နောက် စားပွဲထိုး ထွက်ခွာသွားကာ အချင်းချင်း စကားစမြည်ပြောကြသည်။

"ကုမန့် မင်းက ဘာလို့ ဒုတိယမြောက် ကလေးလိုချင်ရတာလဲ။ မင်းအသက်အရွယ်အရ အရမ်းအန္တရာယ်များတယ်။” ဟု ဟူကျားရုန် က မေးသည်။

“အင်း၊ အဲဒါက မတော်တဆပါ နင်းနင်း က အခု မြို့တော်က တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်နေတော့မှာလေ။ ငါ့ဘေးနားမှာ ငါ့ကလေးမရှိတော့ နည်းနည်း အထီးကျန်သလို ခံစားရတယ်”

"ငါ နားလည်ပါတယ်။ နင်းနင်းက ဒီနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေခဲ့တာလား။ သူမရဲ့ စုစုပေါင်းရမှတ်က ဘယ်လောက်လဲ။”

"မဆိုးပါဘူး၊ တက္ကသိုလ်ကောင်းကောင်းတက်ဖို့ လုံလောက်ပါပြီ" ကုမန့် မဖြေမီ ကုနင်းက ဝင်ပြောလိုက်သည်။

ဟူကျားရုန် အံ့ဩသွားပြီး သူမတွင် ထူးချွန်သော သမီးလေးတစ်ယောက်ရှိသောကြောင့် ကုမန့်ကို မနာလိုဖြစ်သွားသည်။ သူမ၏သမီးသည် ၈ တန်းသာရှိသေးသော်လည်း စာညံ့သည်။

" ဂုဏ်ပြုပါတယ် ငါကတော့ ငါ့ သမီးရဲ့ အဆင့်တွေအကြောင်း သိပ်မပြောချင်ဘူး။ သူ အနာဂတ်မှာ တက္ကသိုလ် မတတ်နိုင်မှာကို စိုးရိမ်တယ် ဒါပေမယ့် ပြဿနာမရှိပါဘူး။ သူ့ကိုထောက်ပံ့ဖို့ ငါတို့မှာ ငွေအလုံအလောက်ရှိတယ်” သူမသည် သူမ၏မိသားစု၏ ကြွယ်ဝမှုကို ကြွားဝါချင်နေသည်။

ကုမန့် သည် ရိုးရှင်းစွာ ပြုံးပြပြီး ဒေါသလုံးဝမထွက်သည့်အတွက် ဟူကျားရုန်ကို စိတ်မသက်မသာဖြစ်စေသည်။ ကုမန့်သည်လည်း ကောင်းကောင်းမွန်မွန် နေထိုင်နေလိမ့်မည်ဟု သူမစတင်တွေးလာသည်။ သို့သော် သူမ မယုံချင်ပေ။ ကုမန့် သည် ဘရန်း သို့မဟုတ် လက်ဝတ်ရတနာများကို မ၀တ်ဆင်ခဲ့ပေ။

ဟူကျားရုန်သည် သူမကိုယ်သူမ အထင်ကြီးလွန်းနေခြင်းသာဖြစ်သည်။

စင်စစ် ကုမန့်သည် သူမ၏ကိုယ်ဝန်ကြောင့် အတတ်နိုင်ဆုံး သက်တောင့်သက်သာ ၀တ်ဆင်ထားသည်။ ထို့အပြင် သူမသည် လေးလံပြီး မလိုအပ်သည့် လက်ဝတ်ရတနာတွေ မဝတ်လိုပေ။

ကုမန့်သည် ဟူကျားရုန်၏ သဘောထားကို ဝေဖန်မည်မဟုတ်သော်လည်း လုံးဝ သဘောမတူပေ။ မိဘတွေ ဘယ်လောက်ပဲ ချမ်းသာနေပါစေ သားသမီးတွေအနေနှင့် ကိုယ့်ဘဝကိုယ် ရှင်သန်နေထိုင်ဖို့ လိုအပ်နေပါသေးသည်။

"အို ကုမန့် အခု မင်းဘာလုပ်နေလဲ။" ဟူကျားရုန်သည် ကုမန့်၏မိသားစုအကြောင်း နောက်ထပ်အချက်အလက်များကို စတင်မေးမြန်းသည်။

"ငါ ကိုယ်ဝန်ရှိနေလို့ အခု ဘာမှမလုပ်ဘူး၊ အိမ်မှာ တစ်နေ့လုံးနေရတယ်။" ဟု ကုမန့် က ပြောသည်။

"မင်းရဲ့ ခင်ပွန်း ကရော ဘယ်လိုလဲ သူဘာအလုပ်လုပ်လဲ" ဟူကျားရုန် ထပ်မေးသည်။

"ငါ့ခင်ပွန်းက စီးပွားရေးသမားပါ။"

ထိုစကားကိုကြားတော့ ဟူကျားရုန် အံ့သြသွားသည်။ ကုမန့်၏ ခင်ပွန်းက စီးပွားရေးသမားဆိုလျှင် သူ၏မိသားစုသည်လည်း ချမ်းသာနိုင်ပါသည်။ ထိုသို့ တွေးမိပြီး ဟူကျားရုန် သည် မနာလိုစိတ်တွေနဲ့ ပြည့်နှက်နေသည်။

"အိုး စီးပွားရေးလုပ်ငန်းက ဘယ်လိုလဲ။" ဟူကျားရုန်တစ်ယောက် ကုမန့် နှင့်ပတ်သက်သော သတင်းဆိုးအချို့ကို ကြားလိုစိတ်ပြင်းပြနေသည်။

“ငါ အဲ့ဒါကို သိပ်မသိဘူး။ ငါ အခု ငါ့ဘဝကို ကျေနပ်နေပါပြီ။” ကုမန့်ကတော့ဖြင့် ထန်မိသားစုကို ထုတ်မပြောချင်ပေ။

ဟူကျားရုန်သည် ကုမန့် က သူမအား အသေးစိတ်အချက်အလက်များကို မပြောလိုသောကြောင့် လုပ်ငန်းအသေးစားတစ်ခုဖြစ်မည်ဟု တွေးခဲ့သည်။ သူမသည် ကုမန့်က သူမထက် ပိုဆိုးသည့်ဘဝနှင့် ရှင်သန်နေရသရွေ့ သူမ ပျော်ရွှင်နိုင်သည်။

"မင်းခင်ပွန်းက နင်းနင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လား။" ကုမန့်၏ခင်ပွန်းသည် ကုနင်း၏ပထွေးဖြစ်မည်ဟု ဟူကျားရုန်ယုံကြည်နေခြင်းကြောင့် ထိုသို့မေးလိုက်ခြင်းပင်။

***

အပိုင်း ၁၄၃၉ ဟူကျားရုန်၏မနာလိုမှု

ပုံမှန်အားဖြင့်၊ ပထွေးများသည် သူတို့၏ မယားပါသားသမီးများကို ကောင်းစွာ မဆက်ဆံတတ်ပေ။

“အရမ်းကောင်းတယ် တကယ်တော့…” ကုနင်းသည် ဟူကျားရုန် ဘာကြောင့် ထိုမေးခွန်းကို မေးသည်ကို သဘောပေါက်လိုက်သည်။ တစ်စုံတစ်ခုကို ရှင်းပြချင်သော်လည်း အမျိုးသမီးတစ်ဦး၏ အသံက သူမကို နှောင့်ယှက်လိုက်သည်။

"ထန်ကတော် "

သူဌေးကတော်တစ်ဦးသည် ကုမန့်ကို နှုတ်ဆက်ပြီး သူမ၏ သူငယ်ချင်း နှစ်ယောက်နှင့်အတူ ရောက်လာသည်။ သူတို့သည် ထိုင်ရန် စားပွဲ ရှာနေရင်း ကုမန့်ကို တွေ့ပြီး သူမကို နှုတ်ဆက်ဖို့ လျှောက်လာခြင်းဖြစ်သည်။

"တွေ့ရတာဝမ်းသာပါတယ် ထန်ကတော်။"

"တွေ့ရတာဝမ်းသာပါတယ် မစ္စချွီ ၊ မစ္စကျောင်း နဲ့ ယွီကတော်" ကုမန့် ချက်ချင်း ထရပ်ပြီး သူတို့ကို ပြုံးပြသည်။

“ကျေးဇူးပြုပြီး ထိုင်ပါ ထန်ကတော်၊ ရှင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ငါတို့အားလုံးသိပါတယ်။” မစ္စချွီကပြောပြီး ကုမန့်ကို ပြန်ထိုင်ခိုင်းသည်။

မစ္စချွီသည် ကုမန့်နှင့် ဆက်ဆံရေးကောင်းရှိပြီး တစ်ခါတစ်ရံတွင် အတူလျှောက်လည်တတ်ကြသောကြောင့် ကုမန့်သည် သူမ၏ဒုတိယမြောက်ရင်သွေးကို လွယ်ထားရခြင်းမှာ လျှို့ဝှက်ချက်မဟုတ်ပေ။

ဟူကျားရုန်သည် မစ္စချွီကို မသိသော်လည်း သူမသည် အလွန်ချမ်းသာသော အမျိုးသမီးတစ်ဦးဖြစ်သည့် မစ္စကျောင်းကိုတော့ မှတ်မိသည်။

ဟူကျားရုန်သည် မစ္စကျောင်းကို မှတ်မိသော်လည်း မစ္စကျောင်းသည် သူမကို မသိသောကြောင့် မစ္စကျောင်းကို နှုတ်မဆက်ဝံ့ပေ။

ဟူကျားရုန်၏မိသားစုသည် သန်းတစ်ရာကျော် ချမ်းသာသော်လည်း တကယ့်စူပါချမ်းသာသောမိသားစုများနှင့်တော့ မနှိုင်းယှဉ်နိုင်ပေ။ ဟူကျားရုန်သည် မာနကြီးသော်လည်း သူမသည် မအပေ။

သူမ အံ့ဩမိသည်မှာ မစ္စကျောင်းသည် ကုမန့် အပေါ် အလွန်ယဉ်ကျေးနေပြီး ဖြစ်နိုင်သည်မှာ ကုမန့်သည် သူတို့နှင့် တူညီသော အသိုင်းအဝိုင်းတွင် ရှိနေနိုင်သည်။

ဟူကျားရုန်သည် မယုံနိုင်သလို လက်လည်းလက်မခံနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် သူမလက်ခံလိုက်လျှင် ကုမန့်သည် သူမထက် အများကြီးအခြေအနေသာလွန်နေသည်ကို လက်ခံပြီးသားဖြစ်လိမ့်မည်။

"အို ဟိုင်း မစ္စကု" မစ္စချွီသည် ကုနင်းကို ကြည့်ကာ ယဉ်ကျေးစွာ နှုတ်ဆက်သည်။

"တွေ့ရတာဝမ်းသာပါတယ် မစ္စချွီ" ကုနင်းသည်လည်း မတ်တပ်ရပ်လိုက်သည်။ မစ္စချွီ၏မိသားစုနှင့် ထန်မိသားစုကြား ကြီးမားသောကွာဟချက်ရှိသော်လည်း မစ္စချွီသည် သူမထက်အသက်ကြီးသောကြောင့် အရိုအသေမမဲ့သင့်ပေ။

"မစ္စကုက ဒီနှစ်မှာ အမှတ်အများဆုံးလို့ ကြားသိရလို့ ဂုဏ်ယူပါတယ်။" မစ္စချွီက ကုနင်းကို ချီးကျူးလာသည်။

သို့သော် ဟူကျားရုန် ကြားလိုက်ရသောအခါ သူမ လုံးဝ တုန်လှုပ်သွားသည်။ ကုနင်းသည် ဒီနှစ်မှာ အမှတ်အများဆုံးဖြစ်သည်ဆိုတာကို သူမ မယုံနိုင်ပေ။ ကုနင်း သူမကို တက္ကသိုလ်ကောင်းကောင်းတတ်နိုင်သည် ဟုသာပြောခဲ့သည်မဟုတ်လား။

စင်စစ်၊ ကုနင်းသည် အမှန်တကယ်ကို တက္ကသိုလ်ကောင်းကောင်း 'သူတို့နိုင်ငံမှာရှိတဲ့ အကောင်းဆုံးတက္ကသိုလ်'ကို တက်နိုင်သည်မို့လို့ အလိမ်အညာမဟုတ်ပေ။ သူမသည် နှိမ့်ချပြောခြင်းသာဖြစ်ပြီး ၎င်းမှာ သူမ၏အပြစ်မဟုတ်ပေ။

"မစ္စကု က မြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံး မိန်းကလေးပါ။ ငါ့သား လည်း မင်းလို လုံ့လဝီရိယရှိပြီး ထက်မြက်ရင်ကောင်းမယ်လို့ ဆုတောင်းတယ်” ဟု မစ္စကျောင်း က ဆိုသည်။ "ထန်ကတော် ငါတို့အားလုံး မင်းကို မနာလိုဖြစ်နေကြတယ်။"

“ကျေးဇူးပဲ၊ ငါလည်း ဂုဏ်ယူမိတယ်။” ကုမန့် ပြုံးလိုက်သည်။

“ကောင်းပြီ၊ ငါတို့ ထန်ကတော်ကို မနှောက်ယှက် တော့ဘူး။ ငါတို့အားရင် ထပ်ဆုံကြမယ်။” ကုမန့်သည် သူမ၏သူငယ်ချင်းနှင့် အတူရှိနေသည်ကို သတိထားမိတာကြောင့် ယွီကတော်က ပြောသည်။

မစ္စချွီနှင့် မစ္စကျောင်းတို့သည်လည်း ချက်ချင်းပင် နှုတ်ဆက်သွားသည်။

“အင်း.. ထန်ကတော် နောက်မှတွေ့မယ်

"နောက်မှ တွေ့မယ်"

သူတို့ထွက်သွားသောအခါ ဟူကျားရုန်သည် ထိတ်လန့်တုန်လှုပ်နေသေးသည်။

ဟူကျားရုန်၏သမီးသည် ကုနင်းကို စူးစူးစိုက်စိုက်ကြည့်နေသည်။ "နင်က ဒီနှစ်မှာ အမှတ်အများဆုံးသူလား။"

“အင်း။” ကုနင်း ခေါင်းညိတ်လိုက်သည်။ ဟူကျားရုန်၏သမီးသည် ချစ်စရာကောင်းသော မိန်းကလေးဖြစ်သောကြောင့် ကုနင်းသည် သူမနှင့် ခင်မင်ရင်းနှီး ရမည်ကို ကိစ္စမရှိပေ။ ဟူကျားရုန်သည် ကုမန့်အပေါ် စိတ်ထားမကောင်းသော်လည်း ကုနင်းသည် သူမ ကြောင့် သူမ၏သမီးအပေါ် စိတ်ဆိုးမည်မဟုတ်ပေ။

"ဝိုး နင်ကတော်လိုက်တာ ငါ့ဝမ်းကွဲအစ်ကိုကြီးထက် ပိုတော်တယ်။ သူက စုစုပေါင်းရမှတ် ၆၀၀ နီးပါးပဲရခဲ့တည။” ဟူကျားရုန်၏သမီးဖြစ်သူက နှုတ်ခမ်းစူကာပြောသည်။ "ငါကတော့ စာသင်ရတာ မကြိုက်ဘူး"

သူမသည် အလွန်ရဲရင့်ပြီး ရယ်စရာကောင်းသည်။

ကုနင်းသည် သူမ၏အမူအရာကြောင့် ရယ်မောနေသော်လည်း လူတိုင်းက စာကျက်ခြင်းကို မကြိုက်ကြောင်း သူမနားလည်သည်။ မည်သို့ပင်ဆိုစေကာမူ အလုပ်အတွက် ပညာရပ်ဆိုင်ရာ လက်မှတ်တစ်ခု လိုအပ်သည်။

ထိုအချိန်တွင် ဟူကျားရုန်က ရုတ်တရက် ပြောသည်။ "ကုမန့်၊ မင်းမှာ အရမ်းချမ်းသာတဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်ဆိုတော့ မင်းက ချမ်းသာတဲ့ မိသားစုနဲ့ လက်ထပ်ခဲ့တာပဲ။"

ကုမန့်သည် မျက်မှောင်ကြုတ်ပြီး မကျေမနပ်ဖြစ်သွားသည်။ သူမ၏ ကျောင်းနေဖက်ဟောင်းသည် သူငယ်ချင်းအစစ်မဟုတ်ဟု ထင်ရသည်။

“အင်း..။” ကုမန့် သူမ၏ ဒေါသကို ထိန်းလိုက်သည်။

"ကောင်းတာပေါ့..တစ်ခြားတစ်ယောက်နဲ့ရတဲ့ကလေးရော မင်းရဲ့သမိုင်းကိုရော ဂရုမစိုက်တဲ့ စူပါသူဌေးကြီးတစ်ယောက်ဖြစ်မယ်” သူမသည် ကုမန့် အပေါ် မနာလိုမှုများကို ဖုံးကွယ်၍မရတော့ပါ။

ကုမန့်သည် သူမ၏လေသံကြောင့် စိတ်ဆိုးသွားသော်လည်း တိတ်ဆိတ်နေခဲ့သည်။

ဟူကျားရုန်က ဆက်လက်ပြီး ပြောသည်။ “အိုး၊ ဒါက မင်းခင်ပွန်းရဲ့ ဒုတိယအိမ်ထောင်လား။ သူ့မှာ တခြားကလေးတွေရှိလား။ မင်းရဲ့ သမီးက သူ့စည်းစိမ်ဥစ္စာတွေ ရနိုင်ပါ့မလား။"

ဟူကျားရုန်၏အမြင်တွင် ကြင်ဖော်မဲ့မိခင်တစ်ဦးကို မည်သူမျှ ပထမအိမ်ထောင်အဖြစ် လက်ထပ်မည်မဟုတ်ပေ။ စင်စစ် ဟူကျားရုန်၏ ခင်ပွန်းသည် အရင်က တစ်ခါ အိမ်ထောင်ကျခဲ့ဖူးပြီး ဟူကျားရုန်က သူ၏ပိုက်ဆံကြောင့် လက်ထပ်ခဲ့သည်။ ထို့အပြင် သူမ၏ခင်ပွန်းတွင် အခြားကလေးများလည်း မရှိသဖြင့် သမီးဖြစ်သူက သူ၏အမွေကို အမွေဆက်ခံနိုင်သည်။ သို့သော် ကုမန့်သည် သူမထက်သာလွန်သောဘဝဖြင့် နေထိုင်နေသောကြောင့် ကုမန့်ကို မနာလိုဖြစ်နေဆဲဖြစ်သည်။

***

အပိုင်း ၁၄၄၀ ငါက ငါ့ဘာသာကို အရမ်းချမ်းသာတယ်...

"တော်တော့ .." ကုနင်း စိတ်မရှည်တော့ဘဲ ဟူကျားရုန်ကို အေးစက်စွာ ကြည့်လိုက်သည်။ "မစ္စဟူ ကျွန်မအထင် ရှင် နားလည်မှုလွဲနေတယ်ထင်တယ်။ ကျွန်မအမေက တကယ့်ကို ချမ်းသာတဲ့ မိသားစုနဲ့ အိမ်ထောင်ကျတာပေမယ့် ခင်ပွန်းက အရင် အိမ်ထောင်မရှိဖူးသလို တခြားကလေးလည်း မရှိဘူး။ ပြီးတော့ ကျွန်မကိုယ်တိုင် ငွေရှာနိုင်ပြီး သူ့ရဲ့စည်းစိမ်ဥစ္စာကို အမွေဆက်ခံဖို့ မလိုဘူး။”

ကုနင်းက သူမကို လှမ်းအော်လိုက်သည့်အခါ ဟူကျားရုန် ကြောက်သွားသည်။ ကုနင်း၏ အေးစက်သောအကြည့်သည် သူမကို ကြောက်လန့်စေသည်။

ကုမန့်သည် သူမခင်ပွန်း၏ ပထမဆုံးအိမ်ထောင်ဖြစ်ပြီး သူ့မှာ တခြားကလေးမရှိဘူးဟု ကြားလိုက်ရသောအခါ သူမ အံ့သြသွားသည်။ သို့သော်လည်း ကုနင်းသည် အမွေဆက်ခံရန် ငြင်းဆိုမည်ကိုတော့ သူမယုံကြည်ပေ။

ကုနင်းသည် ယခုနှစ်တွင် အမှတ်အများဆုံးဖြစ်ခဲ့သော်လည်း အနာဂတ်တွင် သူမအောင်မြင်နိုင်မည်ဟု မဆိုလိုပါ။

ဟူကျားရုန်၏ တုံ့ပြန်မှုကို ကြည့်ပြီး ကုနင်းသည် သူမ တွေးနေပုံကို သိလိုက်သည်။

သူမလည်း စိတ်ထဲမထားပဲ ဆက်ပြောတော့သည်။ “ကျွန်မအမေနဲ့ အဖေက တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ကြပြီး အဖေက အမေထက် ပိုချမ်းသာတယ်ဆိုတာ အမှန်တရားပါ၊ ဒါပေမယ့် အမေက အလှပြင်ဆိုင် နှစ်ခုလည်း ပိုင်သေးတယ်။”

“အဲ့အလှပြင်ဆိုင်တွေက ယွမ်ငွေ သန်းငါးဆယ်ကျော် တန်ကြေးရှိပြီး ကျွန်မမှာ ယွမ်ငါးဘီလီယံကျော် ချမ်းသာတယ်။ အမေက ချမ်းသာသလို၊ ကျွန်မကလည်း အရမ်းချမ်းသာတယ်။ ကျွန်မတို့က ကိုယ့်ဘာသာကိုယ်လည်း ကောင်းကောင်းနေထိုင်နိုင်တယ်။”

ထိုစကားကိုကြားတော့ ဟူကျားရုန် အံ့သြသွားပြန်သည်။ ကုမန့်သည် ယွမ်သန်းငါးဆယ်ကျော်တန်သော အလှပြင်ဆိုင် နှစ်ခုကို ပိုင်ဆိုင်ကြောင်း သူမ မယုံနိုင်လောက်အောင် ဖြစ်နေသည်။

ကုနင်းသည်လည်း အနည်းဆုံး ယွမ်ငွေ ငါးဘီလီယံ ချမ်းသာသည်။

"အို၊ ယွမ်ငါးဘီလီယံ" ဟူကျားရုန်၏သမီးသည် ထိတ်လန့်စွာ မျက်လုံးများဝိုင်းစက်သွားသည်။ စင်စစ် ဟူကျားရုန် ၏သမီးသည် ကုနင်းအပေါ်ကို အထင်အမြင်ကောင်းရှိပြီး သူမ၏အမေအကြောင်း ကောင်းကောင်းသိသည်။

"စကားမစပ်၊ ကျွန်မအမေက ကျွန်မအဖေအရင်းနဲ့ လက်ထပ်ခဲ့တာ၊ သူက ငါ့ကို ကောင်းကောင်းဆက်ဆံတယ်။"

ထိုသတင်းသည် ဟူကျားရုန်၏နားထဲတွင် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။ ကုမန့်က ကုနင်း၏ အဖေအရင်းနှင့် လက်ထပ်တယ်ဆိုလျှင် ထိုလူသည် ‘နဉ်’ ဖြစ်ရမည်။ သို့သော် သူသည် ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့သည်ကို သူမ သတိရသွားသည်။ ကုမန့် ကျောင်းထွက်ပြီးနောက် သူမ မသိသည့်အရာတွေ အများကြီးရှိပုံရသည်။

ဟူကျားရုန်သည် ယခုအချိန်တွင် မနာလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူမသည် အလွန်ချမ်းသာသော မိသားစုမှ ချောမောသော အမျိုးသားတစ်ဦးနှင့် လက်ထပ်နိုင်ခဲ့သော ကုမန့်ကို မနာလိုသည်။

“ဒါဆို မစ္စဟူ၊ ကိုယ့် အလုပ်ကို လုပ်ပါ၊ ကျွန်မအမေကို သိပ်ယှဉ်မနေပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်ကျွန်မအမေကို မယှဉ်နိုင်ဘူး" ကုနင်း ပြောပြီးသည်နှင့် ကုမန့် နှင့်အတူ ထွက်သွားသည်။

ကုမန့်သည်လည်း စိတ်ဆိုးသွား၍ ဘာမှပြောမနေဘဲ ကုနင်း၏ နောက်ကထလိုက်သွားသည်။ ဒီနေ့ သူမ ကျောင်းနေဖက်ကောင်းတစ်ယောက်နှင့် တွေ့သည်ဟု ထင်ခဲ့သော်လည်း သူမအထင် မှားသွားသည်။ ဟူကျားရုန်သည် သူမကို လှောင်ချင်ခဲ့သည်။

ကုမန့်နှင့် ကုနင်း နှစ်ယောက်စလုံး ထွက်သွားပြီး အချိန်အတော်ကြာသည်အထိ ကုနင်း ပြောသည်ကို ဟူကျားရုန် အစာမကြေခဲ့ပေ။ ကုမန့်သည် သူမထက် များစွာသာလွန်သောဘဝဖြင့် နေထိုင်ခဲ့သည်ဟူသောအချက်ကို သူမလက်ခံရန် ခက်ခဲလို့နေကာ အလွန်ဒေါသထွက်ပြီး အံတင်းတင်းကြိတ်လို့ထားသည်။။

“အမေ၊ အဲဒါမျိုး မလုပ်နဲ့တော့။ အဲ့လိုလုပ်လို့ အကြိမ်ကြိမ် အရှက်ရခဲ့ပြီးပြီ။ သင်ခန်းစာ မယူနိုင်ဘူးလား။” ဟူကျားရုန်၏သမီးက အတွန့်တက်သည်။

" ကလေး ကလေးလိုနေ... မင်း ကိတ်မုန့်စားပြီး ပါးစပ်ပိတ်ထား။" ဟူကျားရုန်သည် သူမ၏သမီးကို စိုက်ကြည့်လိုက်သည်။

ဟူကျားရုန်၏သမီးသည် မကြောက်သော်လည်း ငြင်းခုံရန် စိတ်မကူးပေ။ ဟူကျားရုန်၏ခင်ပွန်းသည် သမီးဖြစ်သူကို အရမ်းချစ်သောကြောင့် ဟူကျားရုန်သည် ခင်ပွန်းဖြစ်သူ စိတ်ဆိုးမည်စိုး၍ သမီးဖြစ်သူအား မအော်ဝံ့ပေ။

ဟူကျားရုန်၏သမီးသည် အလွန်ထက်မြက်ပြီး မိခင်ဖြစ်သူက သူမကို ဆိုးဆိုးရွားရွားဆက်ဆံပါက သူမ၏အဖေထံ တိုင်တန်းတောင်းနိုင်ကြောင်း သူမသိသည်။ ဟူကျားရုန်သည် မတရားဘူးဟု ထင်သော်လည်း သူမ ဘာမှ မတတ်နိုင်ပေ။

…

ကုမန့်သည် ဟူကျားရုန် သူမ၏မြင်ကွင်းထဲမရှိတော့သောအခါ သက်ပြင်းချလိုက်သည်။ "ငါတို့အရင်တုန်းက သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ သူက လုံးဝမတူတော့ဘူး။"

တကယ်တော့ သူမသည် မတွေ့ဖြစ်တာ နှစ်အတော်ကြာနေသောကြောင့် အရမ်း မဝမ်းနည်းမိသော်လည်း တဖက်လူ၏ မနာလိုစိတ်ကြောင့် အံ့အားသင့်မိသည်။

ကုနင်းက သူမကို နှစ်သိမ့်ပေးသည်။ "မေမေ၊ သိပ်စဉ်းစားနေဖို့ မလိုဘူး။ လူတွေကို ငွေနဲ့ အကဲဖြတ်သူတဲ့တွေ အများကြီးရှိပါတယ်။ သူတို့က ရယ်စရာကောင်းပြီး တုံးအတယ်။”

"ငါနားလည်ပါတယ်။"

ထို့နောက် အတူတူ ဈေးဝယ်ဆက်ထွက်ကြသည်။

ကုမန့်သည် ကလေး အဝတ်အစားများကို မြင်တိုင်း သူမ၏ မျက်လုံးများကို မခွာနိုင်ပေ။

သူတို့ ခေတ္တ ဈေးဝယ်ထွက်ပြီးနောက် Kameiအလှပြင်ဆိုင်ကို သွားကြသည်။ ကုမန့်သည် မရောက်တာ ရက်အတော်ကြာနေပြီမို့ ရှော့ပင်းထွက်ရင်း ၎င်းကို သွားကြည့်ချင်ခဲ့သည်။

Kameiအလှပြင်ဆိုင်သည် နေ့စဉ်နှင့်အမျှ စည်ကားနေပြီး ၎င်းကို ထန်ယွင်ဖန်း၏ဇနီးက ပိုင်ဆိုင်ကြောင်း လျှို့ဝှက်ထားခြင်းမရှိပေ။

တချို့လူများသည် မနာလိုဖြစ်မိသော်လည်း ဒုက္ခမပေးရဲကြပေ။ ထို့အပြင် အလှပြင်ဆိုင်များစွာသည် အာနိသင်ကောင်းမှုကြောင့် ၎င်းတို့၏ အသားအရေထိန်းသိမ်းမှုထုတ်ကုန်ဟောင်းများအစား ခိုကျီကို အစားထိုးသုံးကြသည်။

All Chapters