အခန်း (၃၀၁-၃၀၅)
Vol. 21 Ch. 301-305
အခန်း ၃၀၁
ရှုကျင်းချန်ကို ခြိမ်းခြောက်ခြင်း
ချိုးယွီရှင်းအတွက် အခုချိန်က လင်ရှောင်းထင်ကို ဒုတိယအကြိမ်တွေ့ဆုံဖူးခြင်းဖြစ်သည်။ သူမအနေဖြင့် လင်ရှောင်းထင်၏ ထူးခြားသည့်ပုံပန်းသွင်ပြင်ကြောင့်သဘောကျခဲ့ခြင်းဖြစ်ကာ သူ့အကြောင်း သေသေချာချာမသိသေးပေ။ သူမအနေဖြင့် လင်ရှောင်းထင်လက်လွှတ်လိုက်ဖို့ရန် အခက်အခဲမရှိပေ။ အခုကတော့ဖြင့် သူနှင့်ရင်းနှီးခွင့်တောင်မရလိုက်၍သာ ရှက်စရာကောင်းသည်ဟုခံစားနေရခြင်းဖြစ်သည်။
"တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးချိုး။" ကုနင်းယဉ်ယဉ်ကျေးကျေးပင်ပြန်ပြီးနှုတ်ဆက်လိုက်သည်။
"ကောင်းပြီ၊ အခုက နေ့လည်စာစားချိန်တောင်ရောက်နေပြီဆိုတော့ ငါတို့အားလုံးအတူတူသွားစားကြတာပေါ့!" ရှုကျင်းချန် အကြံပေးလိုက်ပြီးနောက် သူတို့အားလုံးအတူတူထွက်လာခဲ့ကြတော့သည်။
ကုနင်းနှင့် လင်ရှောင်းထင်က ရှုကျင်းချန်ကားဖြင့်လိုက်ကာ ချိုးယွီရှင်းသည်တော့ ရှုချင်ယင်း၏ကားဖြင့်လိုက်သည်။
"ငါ့အထင် ကုနင်းက အသက်၂၀တောင်မပြည့်လောက်သေးဘူးလားလို့!" ချိုးယွီရှင်း ဘယ်လိုပဲ လက်လွှတ်ပေးလိုက်ပါစေ အတင်းမပြောဘဲတော့မနေနိုင်ပေ၊
"အခုမှ၁၈နှစ်လောက်ပဲရှိဦးမယ်ထင်တယ်! ရှောင်းထင်က သူ့ထက်အများကြီးငယ်တဲ့မိန်းကလေးမျိုးကိုကြိုက်မယ်လို့ ငါတောင်မထင်ထားမိဘူး!" ရှုချင်ယင်းသည်လဲ အခုလို လင်ရှောင်းထင်အနားတွင်မရှိ၍သာ ထိုသို့ပြောရဲခြင်းဖြစ်သည်။
"ဟေ့, မင်းဘာစားချင်လဲ?" ရှုကျင်းချန် ကုနင်းကိုမေးလိုက်သည်။ ကုနင်းသည် ဧည့်သည်ဖြစ်သောကြောင့် ဧည့်သည်ကသာ အရင်ဆုံးဖြတ်သင့်လေသည်။
"ရှင်အရသာရှိမယ်လို့ထင်တဲ့ဆီသာသွားပါ။"
"ကောင်းပြီလေ၊ ဒါဆိုလဲ ငါပဲရွေးလိုက်တော့မယ်။"
"အိုး၊ ဘော့စ်၊ မင်းတစ်နေရာရာများဒဏ်ရာရခဲ့သေးလား?" ရုတ်တရက် ရှုကျင်းချန်သတိရသွားကာမေးလိုက်သည်။ လင်ရှောင်းထင်ရော ကုနင်းပါ အဆင်ပြေနေပုံပေါ်ပြီးသားဖြစ်ပေမယ့် သူ့အနေနှင့် ဂရုစိုက်ကြောင်းပြသဖို့ရန် မေးလိုက်ခြင်းဖြစ်သည်။
"မရပါဘူး။" လင်ရှောင်းထင် ပြန်ဖြေလိုက်သည်။
"တော်သေးတာပေါ့။"
ကားပြတင်းပေါက်မှတစ်ဆင့် မြင်တွေ့နေရသည့် ရင်းနှီးနေသည့်မြင်ကွင်းများကြောင့် ကုနင်းခံစားချက်များထပ်မံရှုပ်ထွေးလာရပြန်သည်။ သူမ၏အရင်ဘဝက ဒီလမ်းမထက် အကြိမ်ပေါင်းများစွာ သွားခဲ့ဖူးသလို ဒီမြို့တွင်လဲ နှစ်ပေါင်းများစွာနေခဲ့ဖူးလေသည်။ လင်ရှောင်းထင်သည်လဲ ကုနင်းခံစားချက်များပြောင်းလဲနေသည်ကို ခံစားမိသည်။ သူမဘာကြောင့်များ ရုတ်တရက်ကြီးဝမ်းနည်းသွားလဲဆိုသည်ကိုတော့ သူမသိသော်လည်း သူမစိတ်ကိုနှစ်သိမ့်နိုင်ဖို့ရာ လက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပေးလိုက်သည်။ ကုနင်းလဲ သူမ၏ခံစားချက်မကောင်းမှုကြောင့် လင်ရှောင်းထင်ကိုပါ စိတ်မကောင်းမဖြစ်စေချင်တာကြောင့် ချက်ချင်းပဲ သူမ၏အရင်ဘဝအကြောင်းစဉ်းစားနေခြင်းကို ရပ်တန့်လိုက်တော့သည်။
"ဟုတ်သားပဲ၊ မင်း မြို့တော်မှာ ဘယ်လောက်ကြာကြာနေမှာလဲ?" ရှုကျင်းချန်မေးလိုက်သည်။
"အများဆုံး ၁ပတ်လောက်ပေါ့!"
"နှစ်သစ်ကူးပွဲတော်ရောက်ဖို့လဲ ၁၀ရက်ကျော်လောက်ပဲလိုတော့တာမလား၊ မင်း ငါ့ဘော့စ်ရဲ့အိမ်မှာ သူ့မိသားစုတွေနဲ့အတူ နှစ်သစ်ကို ဖြတ်သန်းရင်ဘယ်လိုလဲ!"
ထိုစကားများကိုကြားတော့ လင်ရှောင်းထင်သည်လဲ ကုနင်းကို အတူဖြတ်သန်းချင်နေသည့်အကြည့်များဖြင့် ကြည့်လာခဲ့သည်။
သို့ပေမယ့် ကုနင်းကတော့ ငြင်းလိုက်လေသည်၊
"ကျွန်မအထင် အဲ့လောက်အထိမလိုလောက်ပါဘူး!" တစ်နည်းပြောရလျှင်တော့ သူမတို့နှစ်ယောက်အတွဲတာကော တွေ့ဆုံခဲ့သည့်အချိန်ပါ သိပ်မကြာမြင့်သေးသောကြောင့် နှစ်သစ်ကူးအချိန်ကို လင်ရှောင်းထင်၏မိသားစုနှင့်အတူဖြတ်သန်းဖို့ရန်က သူမအတွက်မဖြစ်နိုင်သေးပေ။
ကုနင်းဘက်ကကြည့်လျှင်တော့ ထိုဆုံးဖြတ်ချက်မှာမှန်ပေမယ့် လင်ရှောင်းထင်၏နှလုံးသားလေးကတော့ နာကျင်သွားကာ ဝမ်းနည်းခဲ့ရသည်။
"စိတ်မပျက်ပါနဲ့။ ကျွန်မတို့နှစ်ယောက် အတူရှိခဲ့ကြတဲ့အချိန်က ခနလေးပဲရှိသေးတယ်လေ၊ ရှင့်မိသားစုကော ကျွန်မမိသားစုပါ ကျွန်မတို့မှာ ရည်းစားရှိနေပြီဆိုတဲ့အကြောင်းကို မသိကြသေးဘူး။ ကျွန်မဘက်က ရုတ်တရက်ကြီး နှစ်သစ်ကူးပွဲတော်မှာ ရှင့်မိသားစုရှေ့ပေါ်လာလိုက်ရင် အရမ်းအလောတကြီးဆန်တယ်လို့ မထင်ဘူးလား?"
"ကိုယ်တို့အခုချက်ချင်းပဲ ဖွင့်ပြောလိုက်ရင်ရတာပဲ!"
"ဒါပေမယ့် ကျွန်မအမေက ကျွန်မတက္ကသိုလ်မတက်ခင်အထိ ရည်းစားထားဖို့ခွင့်မပြုထားဘူး။ သူသာ အခုချိန်သိသွားရင်၊ ရှင့်အပေါ် အမြင်မကြည်ဖြစ်သွားမှာကိုစိုးရိမ်မိတယ်။ အမေ ကျွန်မတို့တွဲနေတာကို ခွင့်မပြုဘူးဆိုရင်ရော?"
ထိုစကားကိုကြားတော့မှ လင်ရှောင်းထင်သဘောတူလိုက်ကာ,
"ကောင်းပြီလေ၊ ကိုယ်တို့ မင်းတက္ကသိုလ်သွားတက်တဲ့အချိန်ထိစောင့်ကြတာပေါ့။"
"ဟ-ဟ။" ရှုကျင်းချန် မနေနိုင်တော့ဘဲ ရယ်လိုက်မိကာ,
"ကြည့်ရတာ ငါတော့ ဘွဲ့ရပြီးသားမိန်းကလေးကိုရှာတာပိုကောင်းမယ်။ ဒီလိုဆို သူ့အသက်အတွက် စိုးရိမ်စရာမလိုဘဲ ချက်ချင်းတောင်လက်ထပ်လိုက်လို့ရပြီ။"
ရှုကျင်းချန်က သူတို့နှစ်ဦးကို ဟာသလုပ်လိုက်ခြင်းဖြစ်သောကြောင့် လင်ရှောင်းထင် မကျေမနပ်ဖြစ်သွားရသည်။ သူသည်လဲ သူချစ်ရသည့်မိန်းကလေးကို ချက်ချင်းပင် လက်ထပ်လိုက်ချင်နေပြီဖြစ်သည်။
ကုနင်း သူ့ကို ချစ်သူအဖြစ်လက်ခံလိုက်သည့်အချိန်ကတည်းက သူတို့နှစ်ယောက် ဘယ်တော့မှဝေးရတော့မည်မဟုတ်ဟု လင်ရှောင်းထင်တွေးထားခဲ့သောကြောင့် သူတို့နှစ်ယောက်တစ်နေ့တွင် သေချာပေါက် လက်ထပ်မည်ဟုပါယုံကြည်ထားပြီးသားဖြစ်သည်။
သို့ပေမယ့် ကုနင်းက ရှုကျင်းချန်ကို ခြိမ်းခြောက်လိုက်သည်၊
"ကျင်းချန်၊ ရှင့်ဘော့စ်ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိလို့ သူရှင့်အတွက် တာဝန်တွေတရစပ်ပေးပြီး ချိန်းတွေ့ဖို့အချိန်မရဘဲ လက်လဲမထပ်နိုင်ဖြစ်သွားမှာကို မစိုးရိမ်ဘူးလား?"
"မဖြစ်ဘူး-မဖြစ်ဘူး၊ အဲ့လိုတော့မလုပ်ပါနဲ့၊" ရှုကျင်းချန် ချက်ချင်းကြောက်လန့်သွားကာတောင်းပန်တော့သည်၊
"ငါတောင်းပန်ပါတယ်၊ တကယ်ကိုတောင်းပန်တယ်။" သူသာ လင်ရှောင်းထင်ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်လိုက်လျှင် ကုနင်းပြောသလို အမှန်တကယ်ဖြစ်လာနိုင်ပေသည်။
မြို့တော်သည် အလွန်ကျယ်ပြောပြီး ကားလမ်းပိတ်မှုမရှိလျှင်တောင်မှ လေဆိပ်ကနေ မြို့တွင်းသို့ အနည်းဆုံး ၄၅မိနစ်လောက်မောင်းရလေသည်။
အခုချိန်က ၁၂နာရီထိုးပြီဖြစ်သောကြောင့် သူတို့ဖြည်းဖြည်းချင်းသာမောင်းရ၍ ရှုမိသားစုပိုင်ဟိုတယ်သို့ ၁နာရီကြာပြီးနောက်မှ ရောက်လာခဲ့ကြသည်။
သူတို့အားလုံး သီးသန့်ခန်းတစ်ခုတည်းသို့ဝင်လိုက်ပြီး ကုနင်းလဲ သူမဖုန်းကိုစက်ပြန်ဖွင့်လိုက်သည်။
သူမဖုန်းကို စက်ပြန်ဖွင့်လိုက်သည်ဆိုလျှင်ပဲ စစ်ထူယဲ့တစ်ယောက်တည်းထံမှ ဖုန်းခေါ်ဆိုထားကြောင်း သတိပေးသည့်စာ၇စောင်ခန့်ကို မြင်လိုက်ရတော့သည်။ နောက်ပြီး စစ်ထူယဲ့ကစာတစ်စောင်လဲသီးသန့်ပို့ထားသေးသည်၊ 'ကုနင်း၊ မင်းအဆင်ပြေမှန်းသိပေမယ့် ကိုယ်မင်းလုံခြုံမှအတွက်စိုးရိမ်နေတုန်းပဲ၊ ကိုယ်အခုပဲ မြို့တော်ကိုလာနေပြီ။ မင်းကိုလူကိုယ်တိုင်မတွေ့ရမချင်း စိတ်မအေးနိုင်သေးဘူး။ ကိုယ့်ကိုစောင့်နေနော်။'
စစ်ထူယဲ့က သူမကိုကြိုက်နေမှန်းသိပေမယ့် သူမဘက်ကမည်သည့်တုံ့ပြန်မှုမှ မပေးခဲ့သောကြောင့် ကုနင်းနည်းနည်းလဲ စိတ်ညစ်သွားရသလို အပြစ်ရှိသလိုလဲခံစားလိုက်ရသည်။ သူမတွင် လင်ရှောင်းထင်ရှိနေပြီးသားဖြစ်သည်။ ကုနင်းချက်ချင်း စစ်ထူယဲ့ကိုဖုန်းပြန်ဆက်ကာ သူမအဆင်ပြေသောကြောင့် အချိန်ကုန်ခံကာ မြို့တော်သို့မလာဖို့ပြောရန် ကြံလိုက်ပေမယ့် သူ့ဖုန်းက စက်ပိတ်ထားလေသည်။ ကြည့်ရတာ မြို့တော်သို့လာသည့်လေယာဉ်ပေါ်သို့ရောက်နေပြီဖြစ်မည်။ ထို့နောက် ကုနင်းထိုစာကို လင်ရှောင်းထင်ကိုပြလိုက်သည်။ သူမတွင် ဖုံးကွယ်ထားစရာအကြောင်းအရင်းမရှိပေ။
လင်ရှောင်းထင်သည်လဲ ထိုစာကိုဖတ်ပြီးနောက် သိသိသာသာကို မကျေမနပ်ဖြစ်သွားသည်။
"ကိုယ်မင်းနဲ့အတူလိုက်ခဲ့မယ်။" လင်ရှောင်းထင် ငြင်းဖို့ခွင့်မပြုသည့်လေသံဖြင့်ပြောလိုက်သည်။ သူ့အနေဖြင့်ကုနင်းကို တစ်ဦးတည်း စစ်ထူယဲ့ဖြင့်တွေ့ရန် မလွှတ်လိုက်နိုင်ပေ။ စစ်ထူယဲ့ ကုနင်းကိုကြိုက်နေမှန်း သူသိသောကြောင့် သူတို့ချင်းသီးသန့်တွေ့ဆုံခွင့်ပေးမည်မဟုတ်ပေ။
"ကောင်းပြီလေ၊" သူမလဲ စစ်ထူယဲ့ကို အခွင့်အရေးတစ်ခုတောင်မပေးချင်သောကြောင့် လင်ရှောင်းထင်နှင့်အတူသွားတွေ့ခြင်းကပိုကောင်းလေသည်။ ထို့နောက် ကုနင်း စစ်ထူယဲ့ထံစာတစ်စောင်ပြန်ပို့လိုက်သည်။
'စိုးရိမ်ပေးတဲ့အတွက်ကျေးဇူးပါ။ ကျွန်မအခုဘေးကင်းသွားပြီဆိုပေမယ့် ရှင်ထွက်လာနေပြီဆိုမှတော့ ရောက်ရင် ကျွန်မကို ဖုန်းဆက်လိုက်ပါ!'
Gမြို့မှ မြိုတော်သို့ရောက်ရန် ၃နာရီလောက်ကြာသောကြောင့် စစ်ထူယဲ့မှာ နောက်၂နာရီလောက်နေလျှင် ရောက်လာနိုင်ပေသည်။
***
အခန်း ၃၀၂
တော်တော့
အစတုန်းကတော့ နေ့လည်စာစားပြီးသည်နှင့် စစ်ထူယဲ့ကိုသွားတွေ့ရန် ကုနင်းစီစဉ်ထားခဲ့ပေမယ့် ထိုသို့လုပ်ခြင်းက စစ်ထူယဲ့ကို ချက်ချင်းပြန်နှင်ထုတ်သလိုဖြစ်နေပြီး မယဉ်ကျေးရာရောက်လေသည်။ စစ်ထူယဲ့က သူမကိုစိတ်ပူသောကြောင့် ရောက်လာခြင်းဖြစ်၍ ကုနင်းစိတ်ပြောင်းလိုက်ရသည်။ သူမ၏ဧည့်သည်ကို ဧည့်ဝတ်ကျေကျေဖြင့် ကြိုဆိုသင့်ပေသည်။
ရှုချင်ယင်းသည် ရှုကျင်းချန်ထက် ကားမောင်းနှေးသောကြောင့် ရှုကျင်းချန်က သူတို့ ဟိုတယ်သို့ရောက်မလာခင် အရင်ဆုံးကြိုပြီးစားသောက်ဖွယ်ရာများကို မှာနှင့်လိုက်သည်။
လင်ရှောင်းထင်နှင့် တစ်စားပွဲတည်းစားသောက်ရချိန်တွင်တော့ ရှုချင်ယင်းရော ချိုးယွီရှင်းမှာစိတ်လှုပ်ရှားမိနေကြသောကြောင့် တချိန်လုံး အသံတိတ်နေပေမယ့် ကုနင်းကိုတော့ စပ်စုချင်စိ တ်ပြင်းပြစွာဖြင့် ကြည့်နေကြလေသည်။ သူမတို့နှစ်ယောက်လုံး ကုနင်း၏ ကိုယ်ရေးအချက်အလက်များ ဥပမာ နောက်ခံမိသားစုအကြောင်းတို့ လင်ရှောင်းထင်နှင့် မည်သို့မည်ပုံတွေ့ခဲ့လဲဆိုသည်တို့ကို အလွန်သိချင်နေကြသည်။
စားသောက်နေရင်းဖြင့် လင်ရှောင်းထင်သည်တော့ ဆက်တိုက် ကုနင်း၏ပန်းကန်လုံးထဲသို့ ဟင်းများထည့်ပေးနေကာ စားပွဲတွင်ကျန်ရှိနေသည့်လူအားလုံးကို လျစ်လျူရှုထားလေသည်။
"မင်း ဆက်မလုပ်လို့မရဘူးလား? ငါတို့ခံစားချက်လေးတွေကိုလဲ ဂရုစိုက်ပါဦး!" ရှုကျင်းချန် မကျေမနပ်ပြောလိုက်သည်။
"မင်းဘာသာမင်းဘာလို့ ရည်းစားတစ်ယောက်သွားမရှာတာလဲ?"
ရှုကျင်းချန်တစ်ယောက် ဆွံ့အသွားရသည်။ သူ့တွင်သာ ရည်းစားရှိနေမည်ဆိုလျှင် လင်ရှောင်းထင်လိုသာလုပ်မိပေမည်!
တကယ်တော့ ရှုကျင်းချန်ဘေးတွင် ထူးချွန်ထက်မြတ်သည့်မိန်းကလေးများစွာ ဥပမာအားဖြင့် သူ့ဝမ်းကွဲညီမ၏မိန်းကလေးသူငယ်ချင်းများကဲ့သို့ လှပထူးချွန်သူများစွာ ရှိလေသည်။ အများစုမှာ ဆွဲဆောင်မှုရှိကြသည်။ ချိုးယွီရှင်းဆိုလျှင် သူမမိသားစုနောက်ခံကို အသာထား သူမတွင် လှပမှု၊ ပညာတတ်ကာ အလိမ်မာဥာဏ်နှင့်ပြည့်ဆုံသလို အပြုအမူများသည်လဲ ယဉ်ကျေးပြီး သူမကိုယ်ပိုင်ငွေလဲ ယွမ်၁သန်းလောက်ရှိလေသည်။ ရှုချင်ယင်းသည်လဲ သူတို့နှစ်ဦးကြား အဆင့်တက်အောင် လမ်းဖောက်ပေးနေပေမယ့် သူတို့နှစ်ဦးကတော့ တစ်ဦးနှင့်တစ်ဦး မည်သည့်ခံစားချက်မှ မဖြစ်ပေါ်ခဲ့ပေ။
စားသောက်ပြီးသွားတော့ လင်ရှောင်းထင်က ရှုကျင်းချန်ကို သူ့အတွက်ကားထားပေးခဲ့ပြီး ကိုယ့်ဘာသာပြန်ရန် ပြောလိုက်သည်။ ရှုကျင်းချန်လဲ စိတ်ဆိုးသွားကာ သူ့ဘော့စ်က ချစ်သူမိန်းကလေးအတွက်နှင့် အခင်ဆုံးသူငယ်ချင်းကို ပထုတ်သည်ဟု မကျေမနပ်ပြောနေတော့သည်။ ရှုကျင်းချန်တွင်လဲ လင်ရှောင်းထင်တို့ချိန်းတွေ့သည့်ကြားဝင်ရှုပ်လိုသည့်ဆန္ဒမရှိပေမည့် အခုလိုလင်ရှောင်းထင်၏အပြုအမူကိုတော့ စိတ်တိုရလေသည်။ မည်သို့ပင်ဆိုစေ သူ့ဘော့စ်၏အမိန့်ကို နာခံရသည်သာ။
သို့ပေမယ့် ရှုကျင်းချန် မထွက်သွားခင် လင်ရှောင်းထင်ကိုမေးလိုက်သေးသည်၊
"ဘော့စ်၊ ဒီညအပြင်ထွက်ချင်လား? တခြားညီအစ်ကိုတွေကို ခေါ်လိုက်လို့ရတယ်။ သူတို့အခု မြို့တော်မှာပဲရှိသေးတယ်။"
"အခြေနေကြည့်လိုက်ဦးမယ်။" လင်ရှောင်းထင် မရေမရာပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ၊" ရှုကျင်းချန်လဲ ပြောပြီး ရှုချင်ယင်းတို့နှင့်ထွက်သွားတော့သည်။
ရှုကျင်းချန်က ရှုချင်ယင်း၏ကားနှင့်လိုက်မှာဆိုပေမယ့် ရှုချင်ယင်း၏ကားမောင်းပုံကို သဘောမကျသောကြောင့် သူကိုယ်တိုင်ပဲမောင်းမည်ဟုပြောလိုက်သည်။
သူတို့သုံးယောက်ထွက်လာကြသည်နှင့် ချက်ချင်းပင် ရှုချင်ယင်း၏အမေးအမြန်းအစီစဉ်ကြီးစတင်တော့သည်၊
"ကျင်းချန်၊ ကုနင်းကြည့်ရတာတော်တော်ငယ်ပုံပဲ။ သူအခုမှ ကျောင်းသူမဟုတ်လား?"
"ဟုတ်တယ်လေ၊ အထက်တန်းတတိယနှစ်ကျောင်းသူ။"
"ဘာ?"
အထက်တန်းတတိယနှစ်ကျောင်းသူ? ဒါဆို သူမက အခုမှ ၁၇ ၊ ၁၈ နှစ်ပဲရှိသေးတာပေါ့! သူမတို့နှစ်ယောက်လုံး ကုနင်းက သူမတို့ထက်အများကြီးပိုငယ်မည်မှန်း သိထားပြီးဖြစ်ပေမယ့် အနည်းဆုံး တက္ကသိုလ်ကျောင်းသူတစ်ယောက်လောက်တော့ဖြစ်မည်ထင်ခဲ့ကြသည်။
"သူက ဘယ်ကလဲ? မိဘတွေကရောဘာလုပ်လဲ? ဘယ်လိုလုပ် ရှောင်းထင်ရဲ့ချစ်သူဖြစ်လာတာလဲ?" ရှုချင်ယင်း မေးခွန်းများကို အရပ်အနားမရှိ တရစပ်မေးလိုက်သည်။
"နင်ဘာလို့ သူ့အကြောင်း ဒီလောက်အထိမေးနေတာလဲ?" ရှုကျင်းချန်သည်လဲ အတင်းပြောရတာ နည်းနည်းပါးပါးကြိုက်တယ်ဆိုပေမယ့် သူ့ဘော့စ်၏ကိုယ်ရေးကိုယ်တာကိစ္စအသေးစိတ်အထိတော့ မဖော်ထုတ်လိုချေ။ မဟုတ်ရင် မီးတောက်နီအဖွဲ့ထဲက လူတိုင်း ကုနင်းအကြောင်းသိပြီးရောပေါ့။
"ငါက သိချင်ရုံတင်ပါ! ရှောင်းထင်ဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်နဲ့ နီးနီးကပ်ကပ်မနေဖူးတာ နင်လဲသိသားပဲ။ နင်ရော သူရုတ်တရက်ကြီး သူ့ချစ်သူကောင်မလေးကို ထုတ်ပြလာတော့ မအံ့ဩဘူးလား?"
"ငါလဲ အဲ့လောက်အထိ အသေးစိတ်မသိဘူးလေ၊ နင်သိချင်ရင် သူ့ကိုကိုယ်တိုင်သွားမေးပါလား?" ရှုကျင်းချန်လဲ အမှန်တကယ်ကို လင်ရှောင်းထင်နှင့် ကုနင်းတို့အကြောင်း အနည်းအကျဉ်းသာသိလေသည်။
"ကောင်းပြီလေ၊ ထားလိုက်ပါတော့!" ရှုချင်ယင်းတွင် လင်ရှောင်းထင်ကို ကိုယ်တိုင်သွားမေးဖို့အထိတော့ သတ္တိမရှိပေ။ မဟုတ်ရင် အခုလိုမျိုး ရှုကျင်းချန်ကိုတောင်မေးနေမည်မဟုတ်။
"ငါနင်တို့ကို စေတနာနဲ့ သတိပေးလိုက်မယ်၊ နင်တို့ ကုနင်းကို ကောင်းကောင်းနဲ့ဆက်ဆံရင် ဆက်ဆံ မဟုတ်ရင်တော့......." ရှုကျင်းချန် တမင်စကားကိုဆုံးအောင်မပြောခြင်းဖြစ်သည်။ ရှုချင်ယင်းသည် လူကောင်းတစ်ယောက်ပေမယ့် မိဘများက အလိုလိုက်ဖျက်ဆီးမှုကြောင့် သူမမကြိုက်ရင် မကြိုက်သလို
ထုတ်ဖော်ပြသတတ်ကာ တစ်ပါးသူ၏စိတ်ခံစားချက်ကို ဂရုမစိုက်တတ်ပေ။ ရှုကျင်းချန်က သူမ ကုနင်းနှင့်အဆင်မပြေဖြစ်ကာ မလိုလားအပ်သည့်ပြဿနာများဖြစ်ပေါ်လာမည်ကို စိုးရိမ်မိသည်။
"စိတ်ချစမ်းပါ!" ရှုချင်ယင်း ပြန်အော်လိုက်သည်။ သူမအနေဖြင့် အမှန်တကယ် ကုနင်းကို သဘောမတွေ့လျှင်တောင်မှ လင်ရှောင်းထင်၏မျက်နှာကိုထောက်ထားကာ ကလန်ကဆန်လုပ်မည်မဟုတ်ပေ။ သေချာပေါက် အရင်ဆုံးတော့ ကုနင်းနှင့် ရင်းနှီးအောင်လုပ်သင့်သည်။ သူမအနေနှင့် လောလောဆယ် ကုနင်းအပေါ် အမြင်ကောင်းရှိထားပြီဖြစ်ပေမယ့်လဲ ကုနင်းအကြောင်း များများစားစားမသိသေးသောကြောင့် သူမတို့ သူငယ်ချင်းဖြစ်နိုင်ပါ့မလားဆိုသည်ကိုတော့ မသိသေးပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့ လက်ဖက်ရည်အိမ်တော်တစ်ခုတွင် စစ်ထူယဲ့ကိုစောင့်နေလိုက်ကြသည်။
စောင့်နေရင်းဖြင့် လင်ရှောင်းထင်ထံ သူ့အဖိုးဖြစ်သူမှ ဖုန်းဆက်လာကာ သူလဲ ကုနင်းကို ရှောင်မနေဘဲ ရှေ့တွင်ပင် ပြန်ဖြေလိုက်သည်။
"အဖိုး၊" လင်ရှောင်းထင်၏အသံက ပုံမှန်လိုအေးစက်နေစဲဖြစ်ပေမယ့် သူ့အဖိုးအပေါ် လေးစားမှုအပြည့်တော့ရှိနေသည်။
လင်ရှောင်းထင်အတွက် အဖိုးသည်သာ တစ်ဦးတည်းသော မိသားစုဝင်အဖြစ် ခံစားရပြီး လင်မိသားစုတစ်ခုလုံးတွင် သူ့အဖိုးတစ်ဦးတည်းကိုသာ လင်ရှောင်းထင်ဂရုစိုက်လေသည်။
လင်ရှောင်းထင်၏နှုတ်ဆက်စကားဆုံးသည်နှင့် တစ်ဖက်ဖုန်းထဲမှ သူ့အဖိုး၏အော်သံကြီးထွက်လာတော့သည်၊
"ငါ့ကို မင်းအဖိုးမှန်းသိသေးတယ်ပေါ့? ဒီလောက်ဆိုးတဲ့မတော်တဆဖြစ်ခဲ့တာတောင် ငါ့ကို ဘာလို့ တစ်ခွန်းမှမပြောရတာလဲ? ငါ့ကို တစ်သက်လုံး ဖုံးကွယ်ဖို့တွေးနေတာလား?" ဆရာကြီးလင်၏ အပြစ်တင်သံက ကျယ်လွန်းသောကြောင့် ကုနင်းပင် ရှင်းရှင်းလင်းလင်းကြားရလေသည်။ ဆရာကြီးလင်သည် သူ့မြေးအတွက် အလွန်စိုးရိမ်နေခဲ့ရသည်။
လင်ရှောင်းထင်၏အလုပ်သည် အန္တရာယ်များဖြင့်ပြည့်နှက်နေပြီး တခါတရံတွင်လဲ အလွန့်အလွန်အန္တရာယ်များလွန်းသည့်အခြေအနေများတွင် ဝင်ပါရလေသည်။ သူ့အဖိုးသည်လဲ ထိုအကြောင်းကိုသေချာနားလည်ပေမယ့် လင်ရှောင်းထင်ကို ဂရုမစိုက်ဘူးလို့တော့မဆိုလိုပေ။ ဆရာကြီးလင်သည် လင်ရှောင်းထင်၏ဘေးကင်းလုံခြုံရေးအတွက် အချိန်တိုင်းစိုးရိမ်ပူပန်နေရသည်။
ပြီးတော့ အခုလို လင်ရှောင်းထင်တစ်ယောက် လေယာဉ်မတော်တဆမှုတွင်ပါသွားကာ သေသွားနိုင်သည်ဆိုသည့်သတင်းကိုကြားလိုက်ရချိန်တွင်တော့ ဆရာကြီးလင် ကိုယ့်ကိုကိုယ်ပင် မထိန်းချုပ်နိုင်ဖြစ်သွားရသည်။
"ကျွန်တော်အခုအဆင်ပြေနေပါပြီ။"
"ဒါဆိုလဲ ဘာလို့အိမ်ပြန်မလာသေးတာလဲ?" လင်ရှောင်းထင် မြို့တော်ကိုပြန်ရောက်တာ ၂နာရီလောက်ရှိပြီဖြစ်ပေမယ့် အခုချိန်ထိ အိမ်သို့ပြန်မလာခဲ့ပေ။
"ကျွန်တော်လုပ်စရာလေးရှိသေးလို့ ဒီညတော့ပြန်လာခဲ့ပါမယ်။"
လင်ရှောင်းထင်သည် အရွယ်ရောက်ပြီး တည်ငြိမ်သည့်ယောက်ျားတစ်ယောက်ဖြစ်မှန်း ဆရာကြီးလင်သိထားပြီးဖြစ်သောကြောင့် ချက်ချင်းကြီးအိမ်ပြန်လာဖို့ရန် ဖိအားပေးမနေတော့ပေ။ သို့ပေမယ့် ဖုန်းမချခင်အချိန်တွင် ဒီညသေချာပေါက်ပြန်လာရန်တော့သတိပေးသွားသေးသည်။
***
အခန်း ၃၀၃
စိန်ခေါ်မှု
ဆရာကြီးလင်နှင့်ဖုန်းပြောပြီးသည်နှင့် လင်ရှောင်းထင် ကုနင်းကိုမေးလိုက်သည်။
"ပြီးရင် ကိုယ်နဲ့အတူ အဖိုးကိုလိုက်တွေ့ချင်လား?"
"ဟင်အင်း၊ ကျွန်မအခုထိ စိတ်ကိုသေချာမပြင်ဆင်ရသေးဘူး" ကုနင်းငြင်းလိုက်သည်။ လင်ရှောင်းထင်၏မိသားစုနှင့်တွေ့ရမည်ဟုတွေးလိုက်မိသည်နှင့် သူမစိတ်များအလွန်လှုပ်ရှားလာမိသည်။
လင်ရှောင်းထင်သည်လဲ လင်မိသားစုတွင် သူ့အဖိုးကိုသာ သူဂရုအစိုက်ဆုံးဖြစ်ကြောင်း ပြောပြထားဖူးသောကြောင့် ကုနင်းအနေဖြင့် ဆရာကြီးလင် သူမအပေါ်ထင်မြင်မည့်သဘောထားကို တန်ဖိုးအထားဆုံးဖြစ်လေသည်။ သို့ပေမယ့် အခုချိန်ကတော့ လင်ရှောင်းထင်၏မိသားစုဖြင့် ဆွေပြမျိုးပြတွေ့ဆုံဖို့ရန်က အချိန်ကောင်းမဟုတ်သေးဟုတော့ ကုနင်းတွေးမိသည်။
လင်ရှောင်းထင်သည်လဲ အတင်းအကြပ်မတိုက်တွန်းပါ၊
"ဒါဆို စစ်ထူယဲ့နဲ့တွေ့ပြီးသွားရင် ကိုယ်နေတဲ့နေရာကို မင်းကို အရင်လိုက်ပို့ပေးမယ်။ ပြီးရင်တော့ ကိုယ် လင်မိသားစုအိမ်ကို ပြန်ရမယ်။"
"ကောင်းပါပြီ။"
တကယ်တော့ ကုနင်းသည် ဟွမ်းဒင်ဟိုတယ်တွင် အလကားသွားနေလို့ရပေမယ့် အခုသာထပ်ငြင်းရင် လင်ရှောင်းထင်စိတ်ဓာတ်ကျသွားနိုင်လေသည်။
လေယာဉ်က မြေပြင်သို့ဆင်းနေကာ ရပ်ပင်မရပ်ရသေးခင်မှာပဲ စစ်ထူယဲ့မစောင့်နိုင်တော့ကာ သူ့ဖုန်းကိုပြန်ဖွင့်လိုက်တော့သည်။ ကုနင်းလေယာဉ်ပေါ်ကဆင်းသည်နှင့် သူ့စာကို ပြန်ဖြေထားမှာသေချာလေသည်။ သူအထင်အတိုင်း စာကိုမြင်လိုက်သည်နှင့် ချက်ချင်းပင် ကုနင်းကို ဖုန်းပြန်ဆက်လိုက်သည်။
"ကုနင်း, မင်းဘယ်မှာလဲ?"
"ကျွန်မအခု ကျင်းလင်ဟိုတယ်မှာ ရှင်မရောက်သေးဘူးလား?"
"ဟုတ်တယ်, ကိုယ်အခုထိလေယာဉ်ပေါ်က မဆင်းရသေးဘူး။ ဆင်းတာနဲ့ ချက်ချင်းတန်းလာခဲ့တယ်။"
"ကောင်းပြီ။" ကုနင်းပြောပြီးသည်နှင့် ဖုန်းကိုတန်းချလိုက်သည်။
စစ်ထူယဲ့က လေယာဉ်ပေါ်မတက်ခင်ကတည်းက တစ်ယောက်ယောက်ကို မြို့တော်လေဆိပ်တွင် ကားအသင့်ပြင်ထားရန် ပြောထားပြီးဖြစ်၍ လေဆိပ်ကာထွက်သည်နှင့် မြန်မြန်ဆန်ဆန်ပင် ကုနင်းရှိရာ ကျင်းလင်ဟိုတယ်သို့ မောင်းထွက်သွားတော့သည်။
ကုနင်း အဆင်ပြေ ဘေးကင်းကြောင်းသိပြီးသားဖြစ်ပေမယ့်လဲ သူမကို အလျင်စလိုတွေ့ချင်နေတုန်းပင်။ ထို့ကြောင့် သတ်မှတ်နှုန်းကိုပင် ကျော်ကာအရှိန်ပြင်းပြင်းဖြင့် မောင်းလာခဲ့သည်။ ပုံမှန်အားဖြင့် လေဆိပ်မှ ကျင်းလင်ဟိုတယ်သို့ မိနစ်၅၀လောက်မောင်းရမည်ဖြစ်ပေမယ့် စစ်ထူယဲ့သည်တော့ နာရီဝက်အတွင်းရောက်လာခဲ့ကာ ကားထဲကဆင်းသည်နှင့် ကုနင်းထံ ထပ်မံဖုန်းခေါ်လိုက်သည်။
ကုနင်းဘက်က သူ့ကို သီးသန့်ခန်းနံပါတ်ပြောလိုက်သည်နှင့် ချက်ချင်းပင် တုံ့ဆိုင်းခြင်းမရှိ ဟိုတယ်အတွင်းသို့ပြေးဝင်သွားတော့သည်။
တံခါးအပြင်ဘက်မှ စစ်ထူယဲ့တံခါးခေါက်လာသည့်အခါ ကုနင်းက,
"ဝင်ခဲ့ပါ။"
စစ်ထူယဲ့မှာ ကုနင်းကိုတွေ့ရရန် အလွန်စိတ်လှုပ်ရှားနေခဲ့ပေမယ့်လဲ အခန်းထဲတွင် လင်ရှောင်းထင်ကိုပါ မြင်လိုက်ရချိန်တွင်တော့ ကြောင်အသွားရတော့သည်။
"မင်းလား?"
စစ်ထူယဲ့နှင့်လင်ရှောင်းထင်သည် တကြိမ်ထိပ်တိုက် တိုက်ခိုက်ခဲ့ဖူးကြသောကြောင့် လင်ရှောင်းထင်နှင့် ရန်ငြှိုးရန်စကြီးကြီးမားမားရှိခဲ့သည်။
လင်ရှောင်းထင်သည်တော့ စစ်ထူယဲ့ကို တစ်ချက်ကြည့်ရုံကြည့်လိုက်ကာ ပုံမှန်အတိုင်းဆက်နေနေသည်။
"ဟိုင်း!" ကုနင်းလဲ ချက်ချင်းပဲ စစ်ထူယဲ့ကို ကြိုဆိုလိုက်သည်။ စစ်ထူယဲ့ဘက်က လင်ရှောင်းထင်အပေါ်သဘောမကျကြောင်းကို သိသိသာသာကြီးထုတ်ပြနေခြင်းကြောင့် ကုနင်းမကျေမနပ်ဖြစ်သွားရပေမယ့် သူမကတော့ ထိုမကျေနပ်မှုကို မပေါ်လွင်စေပေ။ သူတို့နှစ်ဦးကြားတွင် ရန်စဟောင်းရှိနေခြင်းဖြစ်ကြောင်းကို သူမနားလည်လေသည်။ အရင်တုန်းက လင်ရှောင်းထင်သည် စစ်ထူယဲ့၏အစီစဉ်တစ်ခုကို ဖျက်ဆီးခဲ့သောကြောင့် စစ်ထူယဲ့ဘက်က သူ့ကိုမုန်းနေခြင်းဖြစ်သည်။ သို့ပေမယ့် သူတို့အချင်းချင်း ဒီနေရာမှာ ထမသတ်ကြသေးသ၍ ကုနင်း ဝင်ပါမည်မဟုတ်ပေ။
ကုနင်း၏အသံကိုပြန်ကြားတော့မှ စစ်ထူယဲ့ အမူအရာရောအသံပါ ချက်ချင်းပြန်ပြောင်းသွားကာ,
"မင်းအဆင်ပြေနေတာတွေ့လို့ ဝမ်းသာပါတယ်။"
"ကျေးဇူးအများကြီးတင်ပါတယ်။ ရှင်အခုလို ကျွန်မကြောင့် လာခဲ့ရလို့ အပြစ်ရှိသလိုတောင် ခံစားရတယ်။ စိတ်မရှိဘူးဆိုရင် ဒီမှာပဲနေပြီး ကျွန်မတို့နဲ့ ညစာပါ အတူစားသွားပါလား"
"ကိုယ်တို့က သူငယ်ချင်းတွေပဲ! မင်းကို ပိုပြီးတောင် ဂရုစိုက်သင့်ပါတယ်။" စစ်ထူယဲ့မှာ ကုနင်းကို လင်ရှောင်းထင်နှင့်အတူတွေ့လိုက်ရ၍ ထိတ်လန့်နေစဲဖြစ်သည်။ လင်ရှောင်းထင်က ကုနင်းရဲ့ရည်းစားများလား? ထိုအကြောင်းတွေးမိလိုက်တော့ စစ်ထူယဲ့အတော်လေးဆွံ့အသွားရသည်။ ဘာလို့ဆို လင်ရှောင်းထင်နှင့် ကုနင်းကြားက ကွာခြားချက်မှာ အလွန်တရာကြီးမားလေသည်။ သူတို့နှစ်ယောက်သာ အမှန်တကယ် စုံတွဲတွေဆိုရင်တော့ ဒါက တကယ့်ကို ထိတ်လန့်စရာသတင်းပဲ။
စစ်ထူယဲ့မှာ သူ၏နောက်ခံအဆင့်အတန်းအစစ်အမှန်အကြောင်း ကုနင်းသိရှိသွားမည်ကို စိုးရိမ်မိလေသည်။ သေတော့မသေချာပေမယ့် သိသွားပြီးဖြစ်နိုင်ချေလဲအတော်များသည်။ အကယ်၍ ကုနင်းကသာ သူ့အဆင့်အတန်းကိုသိပြီးသွားပြီဆိုလျှင် ဘာကြောင့်များ အခြားလူများလို သူနှင့်ဝေးဝေးနေမည့်အစား ဆက်ပြီး သူငယ်ချင်းဖွဲ့နေရသနည်း? လင်ရှောင်းထင်က သူမလုံခြုံရေးအတွက်စိုးရိမ်လို့ အမှန်ကိုမပြောပြခဲ့ခြင်းများဖြစ်နေမလား?
မည်သို့ပင်ဖြစ်ပါစေ ကုနင်းဘက်က ထိုအချက်ကို တိုက်ရိုက်ပြောမလာမှတော့ စစ်ထူယဲ့ဘက်ကလဲ စမပြောရန်ဆုံးဖြတ်လိုက်သည်။ သူ ကုနင်းတို့ကြားက ဆက်ဆံရေးအကြောင်းကို မမေးမြန်းပေမယ့် သူ့စိတ်ထဲ အစီစဉ်တစ်ခုတော့ရှိနေသည်၊
"သေချာပေါက် မင်းနဲ့အတူစားချင်တာပေါ့၊ မင်းအမြဲတမ်း ကိုယ့်ကို ထမင်းတစ်နပ်လိုက်ကျွေးပါ့မယ်လို့ ကတိပေးခဲ့တာလေ၊ အခုတော့ မင်းကတိကို ဖြည့်ဆည်းနိုင်ပြီပေါ့။"
ကုနင်းရော လင်ရှောင်းထင်ပါ စစ်ထူယဲ့စိတ်ထဲဘာတွေးနေသည်ကို ချက်ချင်းသတိထားလိုက်မိသည်။ ကုနင်းကတော့ ထိုအရာကို ကိစ္စကြီးတစ်ခုဟုမသတ်မှတ်ပေမယ့် လင်ရှောင်းထင်သည်တော့ အတော်လေး မကျေမနပ်ဖြစ်သွားသည်။ ထို့ကြောင့် စစ်ထူယဲ့ကို အမုန်းတရားများဖြင့်ပြည့်နှက်အားကောင်းနေသောအကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။
"ကောင်းပြီလေ ဒါဆိုလဲ ရှင်နားလို့ရအောင် အခန်းအရင်ယူတာပေါ့။ ကျွန်မရှင့်အတွက် သီးသန့်အခန်းစီစဉ်ပေးမယ်၊ ည၆နာရီလောက်ကျမှ ညစာစားကြတာပေါ့။ ကျွန်မတို့အားလုံးလဲ ဒီနေ့ခရီးရှည်ကြီးလာခဲ့ကြရတာဆိုတော့ နားဖို့လိုသေးတယ်လေ။" ကုနင်း ရည်ရွယ်ချက်ရှိရှိဖြင့် ထိုအမျိုးသားနှစ်ယောက်ကို အခန်းခွဲပေးလိုက်သည်။
စစ်ထူယဲ့စိတ်ပျက်မိသွားပေမယ့် ကုနင်းသည် ယနေ့အလွန်ကြာရှည်သည့်နေ့တာတစ်ခုကို ဖြတ်သန်းခဲ့ရကြောင်းကို နားလည်လေသည်။ သို့ပေမယ့် စစ်ထူယဲ့မထွက်သွားခင် လင်ရှောင်းထင်ကို အဓိပ္ပါယ်ပါပါနှင့် ရန်စသလိုမျိုး ကြည့်ဖြစ်အောင်ကြည့်သွားခဲ့သေးသည်။ ကုနင်းအတွက် လင်ရှောင်းထင်နှင့်ယှဉ်ပြိုင်ရန် သူ့စိတ်ကိုသူ ပြင်ဆင်လို့ထားပြီးပြီဖြစ်သည်။ လင်ရှောင်းထင်က အခုလောလောဆယ်တွင် ကုနင်း၏ရည်းစားဖြစ်နေပြီဆိုပေမယ့် သူတို့နှစ်ယောက်က အခုထိ လက်မထပ်ရသေးသောကြောင့် အနာဂါတ်ဆိုသည်မှာ ကြိုတင်တွက်ဆ၍မရပေ။
ကုနင်းမှာ အခုချိန်ထိ လက်ထပ်ဖို့ရန် ငယ်ရွယ်သေးသောကြောင့်သူမကို နောက်နှစ်ပေါင်းများစွာအထိ ပိုးပန်းခွင့်ရှိသေးပေသည်။
"သူ ကိုယ့်ကို စိန်ခေါ်သွားတယ်!" စစ်ထူယဲ့ထွက်သွားသည်နှင့် လင်ရှောင်းထင် မကျေမနပ်တိုင်တန်းလိုက်သည်။
"ဟ-ဟ၊" ကုနင်းသည်တော့ လင်ရှောင်းထင်၏မတရားခံရသလိုပုံစံလုပ်နေသည့်မျက်နှာကို မြင်ကာ မရယ်မိဘဲမနေနိုင်တော့ပေ။ ဒီနှစ်ယောက်ကို ဒီနေ့အဖို့ အတူတူတွေ့ဆုံခိုင်းခြင်းက အကြံကောင်းမဟုတ်မှန်း ကုနင်းတွေးမိသည်။ သို့ပေမယ့် ကိစ္စက ဖြစ်ပြီးသွားပြီဖြစ်သောကြောင့် ထားလိုက်ကာ လင်ရှောင်းထင်ကိုမေးလိုက်သည်၊
"ရှင် ရှင့်ကိုယ်ရှင်ယုံကြည်မှုမရှိတာလား၊ ဒါမှမဟုတ် ကျွန်မကို မယုံကြည်တာလား?"
လင်ရှောင်းထင်သည် ကုနင်း၏မေးခွန်းကို ပြန်မဖြေပဲ ရုတ်တရက်ကြီးသူမကို ဆွဲဖက်ကာ နမ်လိုက်လေသည်။ သူ့တွင် အမှန်တကယ်ကို သူကိုယ်တိုင်အတွက်လဲ ယုံကြည်ချက်မရှိသလို ကုနင်းအတွက်လဲ ယုံကြည်မှုမရှိပေ။ သူတို့နှစ်ဦးလုံးမှာ လက်မထပ်ရသေးသောကြောင့် ထိုကြားချိန်ကာလအတွင်း အမျိုးမျိုး ဖြစ်ပျက်သွားနိုင်လေသည်။ တကယ်တမ်း လင်ရှောင်းထင်အစိုးရိမ်ဆုံးအရာသည်က သူတာဝန်ထမ်းဆောင်နေချိန်အတွင်း သေဆုံးသွားနိုင်သည်ကိုပင်ဖြစ်သည်။ အခုလို သေဆုံးရမည်ကို ကြောက်ရွံ့မိခြင်းက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူသာ သေဆုံးသွားခဲ့လျှင် ကုနင်းကို ထာဝရလက်လွှတ်လိုက်ရပေလိမ့်မည်။
လင်ရှောင်းထင်မှာ ကုနင်းကို ကြမ်းကြမ်းတမ်းတမ်းနမ်းရှိုက်နေရင်းဖြင့် သူ့ရဲ့စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြသနေခဲ့သည်။
ကုနင်းသည်လဲ လင်ရှောင်းထင် ဆိုးရွားသည့်အရာများကိုတွေးကာ စိုးရိမ်နေခြင်းဖြစ်ကြောင်းနားလည်လေသည်။ သူမအနေဖြင့် သူ့ဘေးတွင် အမြဲတမ်းနေပါမည်ဟု ကတိပေးနေခဲ့လျှင်တောင်မှ အနာဂါတ်တွင် ဘယ်လိုဘယ်ပုံဖြစ်လာမည်ဆိုသည်ကို မည်သူမှမသိနိုင်ပေ။
***
အခန်း ၃၀၄
ငြင်းဖို့စောလွန်းတယ်
စစ်ထူယဲ့မှာ လင်ရှောင်းထင်ကို စိန်ခေါ်ထားပြီးဖြစ်သောကြောင့် အခုချိန်ကစကာ တစ်ခုခုတော့လုပ်မှဖြစ်ပေတော့မည်။ သူ့ဘက်က ဘာမှမပြော ဘာမှမလုပ်ဘူးဆိုလျှင် တကယ့်ယောက်ျားဟုခေါ်ဆို၍ မရနိုင်တော့ပေ။
အနမ်းက ကြာရှည်လာလေ လင်ရှောင်းထင်မှာ ပိုလို့ပင်လိုချင်တပ်မက်လာလေဖြစ်သည်။ ကုနင်းသည် သူ့အတွက်တော့ အချိန်တိုင်းလိုလိုဆွဲမက်စရာကောင်းနေသည့်အမျိုးသမီးတစ်ဦးဖြစ်ပေမည့် ယခုနေရာသည်က သူတို့နှစ်ဦး အချစ်နယ်ကျွံဖို့ရန်အတွက် မသင့်လျော်ပေ။ ထို့ကြောင့် မကြာခင်တွင်ပဲ လင်ရှောင်းထင် တွန်းထုတ်ခံလိုက်ရတော့သည်။
လင်ရှောင်းထင် တပ်မက်မှုကြောင့် မသက်မသာခံစားနေရသည်ကို မြင်တော့ ကုနင်း ရှက်သွေးဖြာသွားကာ အနည်းငယ် အပြစ်ရှိသလိုခံစားလိုက်ရ၍
"အမ်၊ ဒီနေရာက သိပ်မသင့်တော်လို့ပါ။"
လင်ရှောင်းထင်လဲ နားလည်သောကြောင့် သူ့ရဲ့အပြင်းအထန်လောင်ကျွမ်းနေသည့် ရမက်များကို အတင်းချိုးနှိမ်နေရပေမယ့် အတော်လေးခက်ခဲနေသည်။ အဆုံးတွင်တော့ လင်ရှောင်းထင် မနေနိုင်တော့ဘဲ သူတို့ငှားထားသည့်အခန်းအတွင်းသို့ ကုနင်းကို ဆွဲခေါ်သွားတော့သည်။
စစ်ထူယဲ့အတွက် အခန်းငှားပေးကတည်းက လင်ရှောင်းထင်သည် သူနှင့် ကုနင်းအတွက် သီးသန့်တစ်ခန်းငှာထားပြီးဖြစ်သည်။ ညစာစားဖို့ရန်က ၃နာရီလောက်ပဲလိုအပ်သောကြောင့် အခန်းတွင် ခနတဖြုတ်တော့ဝင်နားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ အခုတော့ဖြင့် မမျှော်လင့်ထားစွာပဲ ထိုအခန်းမှာ အလွန်အသုံးဝင်သွားပေပြီ။
သူတို့နှစ်ဦးလုံး အခန်းထဲသို့ရောက်သည်နှင့် လင်ရှောင်းထင် ကုနင်းကို တွန်းလှဲလိုက်သည်။ သို့ပေမယ့် ကုနင်း၏ခန္ဓာကိုယ်အတွင်း ရုတ်တရက် ထိုးဖောက်ဝင်ရောက်မှုမပြုဘဲ အရင်ဆုံးတစ်ဆင့်ချင်း ထိတွေ့ကာ အနမ်းများဖြင့်ချော့မြူနေလိုက်သည်။ တကယ်တမ်း လင်ရှောင်းထင်မှာ ကုနင်းကို အလွန်တရာရယူပိုင်ဆိုင်ချင်နေပေမယ့် ကုနင်းဘက်ကခံစားချက်ကိုလဲ ဂရုတစိုက်ရှိလေသည်။ ကုနင်းသည် ရမက်ဖြေဖျောက်ရန် အရုပ်တစ်ရုပ်မဟုတ်သောကြောင့် သူမဘက်ကိုလဲ လေးစားမှုရှိရပေသည်။ ကုနင်း၏ခန္ဓာကိုယ်သည်လဲ လင်ရှောင်းထင်ကို လိုချင်တပ်မက်စွာဖြင့် တုန်ရီနေကာ သူတို့နှစ်ဦးလုံးမကြာခင်တွင်ပဲ ချစ်ရည်လူးခြင်းအမှုကို စတင်လုပ်ဆောင်တော့သည်။
တခြားဟိုတယ်ခန်းတစ်ခုတွင်တော့ စစ်ထူယဲ့သည် ပြတင်းပေါက်မှန်တံခါးရှေ့တွင် ရပ်ကာအတွေးနယ်ချဲ့နေလေသည်။
စစ်ထူယဲ့တစ်ယောက် ကုနင်းအပေါ်ထားရှိသည့် သူ့ခံစားချက်များနှင့် သူ၏အဆင့်အတန်းအမှန်အကြောင်းကို ချင့်ချိန်တွေးတောနေခဲ့သည်။ သူ ကုနင်းကို ပျော်ရွှင်အောင်ထားနိုင်ပါမလား? သူကို သတ်ချင်နေသူများမှာ မရေမတွက်နိုင်အောင်များပြားလွန်းလေသည်။ ပြီးတော့ တစ်နေ့ကုနင်းသာ သူ့ချစ်သူမိန်းကလေးဖြစ်လာခဲ့လျှင် သူမသည်လဲ သူကဲ့သို့အန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့ရနိုင်ပေသည်။ ထိုအဖြစ်မျိုးကိုတော့ဖြင့် သူမလိုလားပေ။ သို့ပေမယ့် ထိုသို့အန္တရာယ်များနိုင်တာကြောင့်တစ်ခုတည်းဖြင့် သူ့ကိုယ်သူလဲ ကုနင်းကို ပိုးပန်းရန် လက်လျှော့လိုက်ဖို့အတွက် စိတ်ပိုင်းမဖြတ်နိုင်ပေ။ သူသာ ကုနင်းကို ကာကွယ်ပေးနိုင်သ၍ သူတို့နှစ်ဦးလုံး လုံလုံခြုံခြုံဖြင့် ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ပေသည်။
စစ်ထူယဲ့ပြုံးလိုက်မိသည်။ ချင်ဂိုဏ်း၏ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည်အမြဲတမ်းစိတ်မြန်လက်မြန်ရှိခဲ့ပေမယ့် အခုတော့ဖြင့် တုံ့ဆိုင်းနေရသည်။ ကုနင်းနှင့်တွေ့ပြီးနောက်ပိုင်း သူလုံးဝပြောင်းလဲလာခဲ့သည်။
သူ့ဘက်က လက်မလျှော့ဖို့ရန် ဆုံးဖြတ်နေပြီးမှတော့ သူ့နှလုံးသားစေညွှန်ရာအတိုင်းသာ ဆောင်ရွက်တော့မည်ဖြစ်သည်!
လိုချင်သည့် မိန်းကလေးတစ်ယောက်ကို ပိုးပန်းဖို့ရန် ကျွမ်းကျင်မှုလိုအပ်ကြောင်းကိုတော့ စစ်ထူယဲ့နားလည်ထားပြီးသားဖြစ်သည်။ ကုနင်းနှင့် လင်ရှောင်းထင်တွဲနေသည်ကို သူလုံးဝဂရုမစိုက်ပေ။ အဓိကကဖြင့် နောက်ဆုံးရလဒ်ပင်။
အခုချိန်က နေ့အလင်းရောက်ရှိနေစဲအချိန်သာဖြစ်သောကြောင့် လင်ရှောင်းထင် ကိုယ့်ကိုကိုယ်ထိန်းချုပ်ထားလိုက်သည်။ နာရီဝက်အကြာတွင် နှစ်ဦးသားချစ်ရည်လူးခြင်းပြီးမြောက်သွားကြပေမယ့် ကုနင်းသည်တော့ ယခုတစ်ကြိမ်တွင် လင်ရှောင်းထင်၏အလွန်ပြင်းထန်လှသည့် ချစ်ခြင်းကြောင့် မောပန်းနေစဲဖြစ်သည်။
"မင်းနေလို့မကောင်းဘူးလား?" လင်ရှောင်းထင်၏အသံမှာ စိုးရိမ်ပူပန်မှုအပြည့်ပင်။ သူတို့နှစ်ယောက် ညစာထွက်စားရဦးမည်ဆိုသည်ကိုသိပေမယ့်လဲ ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ခဲ့ပေ။
"ကျွန်မခနလောက်အနားယူချင်တယ်။" ကုနင်းပြောပြီးသည်နှင့် လင်ရှောင်းထင်ကို ကျောပေးကာတစ်ဖက်လှည့်သွားခဲ့သည်။ သူမစိတ်ဆိုးခြင်းမဟုတ်ပေမယ့် သူတို့ယခုလိုကိစ္စလုပ်တိုင်း ညအချိန်အလင်းမရှိသည့်အချိန်တွင်သာလုပ်ခဲ့ကြခြင်းဖြစ်၍ အခုလို လင်းလင်းရှင်းရှင်းရှိနေသည့်အချိန် လင်ရှောင်းထင်ရှေ့တွင် အဝတ်ဗလာဖြင့်ရှိနေရခြင်းက ခံစားရထူးဆန်းနေသည်။
လင်ရှောင်းထင်သည်လဲ ကုနင်းစိတ်ဆိုးသွားခြင်းမဟုတ်မှန်း သိတာကြောင့် စိတ်အေးသွားကာ သူမနောက်ကျောမှတစ်ဆင့်ပွေ့ဖက်ပြီး တိတ်တိတ်လေးအိပ်နေလိုက်သည်။
ကုနင်းတို့နှစ်ဦး ၁နာရီကြာအနားယူပြီး ညနေ၅နာရီခွဲတွင်တော့ ထလာကြကာ အဝတ်အစားလဲလှယ်ပြီး သီးသန့်စားသောက်ခန်းရှိရာသို့သွားလိုက်ကြရင်း စစ်ထူယဲ့ကိုဖုန်းဆက်ခေါ်လိုက်သည်။
စစ်ထူယဲ့နှင့် လင်ရှောင်းထင်တို့ နောက်တစ်ကြိမ်ထပ်မံပြီး မျက်နှာခြင်းဆိုင်မိသည်နှင့် တင်းမာမှုများဖြစ်လာပြန်ကာ လေထုတွင်းလဲ ဖိအားများမြင့်တက်လာတော့သည်။ သူတို့နှစ်ဦးသား စကားမများကြသလို တိုက်ခိုက်နေကြခြင်းလဲမဟုတ်ပေမယ့် ကုနင်းသည်တော့ နေရထိုင်ရခက်လာပြီး ချက်ချင်းပင် ထိုအေးခဲနေသည့်အခြေအနေကြီးကို ထုထွင်းလိုက်တော့သည်။
"ဟိုင်း၊ စစ်ထူ! ရှင်ဘာစားချင်လဲ? ရှင်စားချင်တာမှန်သမျှ မှာလိုက်ပါ။"
စစ်ထူယဲ့လဲ သူ့ကိုယ်သူဆွဲဆောင်မှုရှိသည်ဟု ယူဆရသည့်အပြုံးမျိုး ဆင်မြန်းလိုက်ကာ ကုနင်းကို နူးနူးညံ့ညံ့ဖြင့်ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ၊ ကိုယ်မှာလိုက်ပါ့မယ်။"
ပြီးနောက် စားသောက်စားပွဲတွင် ဝင်ထိုင်လိုက်သည်။
တကယ်တော့ စစ်ထူယဲ့သည်လဲ ခန့်ညားသည့်အမျိုးသားတစ်ဦးဖြစ်ကာ ဆွဲဆောင်မှုရှိလှသည့်အပြုံးကိုလဲပိုင်ဆိုင်လေသည်။ ကုနင်းသာ သူ့ထက်အရင် လင်ရှောင်းထင်နှင့်မတွေ့ခဲ့လျှင် စစ်ထူယဲ့ကိုချစ်မိသွားနိုင်လေသည်။
လင်ရှောင်းထင်သည် စစ်ထူယဲ့ထက်ပိုပြီးကြည့်ကောင်းသည့်လူဖြစ်ပေမယ့်လဲ ပြုံးလေ့ပြုံးထမရှိသောကြောင့် သိပ်ပြီးဆွဲဆောင်မှုမရှိပေ။ တစ်ဖက်တွင်တော့ စစ်ထူယဲ့သည် သူ၏ဆွဲဆောင်မှုရှိလှသည့်ပုံစံများကို ကျွမ်းကျွမ်းကျင်ကျင်ထုတ်ဖော်ပြသတတ်သူဖြစ်သည်။
"ကျွန်မတို့မှာဖို့အဆင်သင့်ဖြစ်ပါပြီ။" ကုနင်း စားပွဲထိုးအားပြောလိုက်သောကြောင့် စားပွဲထိုးလဲ ချက်ချင်းပင် ကုနင်းအား စားသောက်ဖွယ်စာရင်းကိုကမ်းပေးလိုက်သည်။ ကုနင်းကပြန်ပြီး စစ်ထူယဲ့ကို အရင်မှာလို့ရအောင် ပြန်ကမ်းပေးလိုက်ပြန်သည်။
စစ်ထူယဲ့လဲတုံ့ဆိုင်းမနေဘဲ ဟင်းပွဲများစွာကို မှာယူလိုက်သည်။
"မင်းဘယ်တော့ပြန်မှာလဲ?" စားသောက်စရာများမှာပြီးသည်နှင့် ကုနင်းကို စစ်ထူယဲ့မေးလိုက်သည်။
"ရက်နည်းနည်းလောက်ကြာရင်ပေါ့။"
"မင်းအကူအညီလိုရင် ကိုယ့်ကိုအချိန်မရွေးဆက်သွယ်လိုက်နော်။"
"ကျေးဇူးပဲ မလိုတော့ဘူး၊ ငါ နင်းနင်းကို ကူညီပေးနိုင်တယ်။" ကုနင်းဘက်ကဘာမှပြန်မပြောရသေးခင်တွင်ပဲ လင်ရှောင်းထင်က ဝင်ပြောလိုက်သည်။ မြို့တော်သည် လင်ရှောင်းထင်၏အာဏာလွှမ်းမိုးမှုနယ်မြေထဲတွင်ရှိသောကြောင့် သူ့ဘက်က ကုနင်းကိုမကူညီနိုင်စရာဘာမှမရှိပေ။
"ကောင်းပြီလေ၊ အခုချက်ချင်းကြီး ငါ့ကိုငြင်းတာက အရမ်းမစောလွန်းဘူးလား။ မင်းနဲ့ငါ့ရဲ့ နောက်ခံအဆင့်အတန်းက လုံးဝကွာခြားတယ်၊ ဒါကြောင့် ငါတို့ရဲ့လုပ်နိုင်စွမ်းတွေကလဲ ကွာခြားတယ်။ လင်မိသားစုထိခိုက်မှာကို မစိုးရိမ်ဘူးလား?"
စစ်ထူယဲ့ပြုံးလိုက်ကာ ရန်စသည့်အသံဖြင့်ပြန်ပြောလိုက်သည်။
လင်ရှောင်းထင်သည်တော့ စစ်ထူယဲ့ပြောသည့်အချက်က သူ့အားနည်းချက်ကို ထိသွားသောကြောင့် တိတ်ဆိတ်သွားတော့သည်။ လင်ရှောင်းထင်သည် စစ်တပ်တွင်တာဝန်ထမ်းဆောင်နေရသူဖြစ်ပြီး အချို့သော စည်းမျဉ်းများကို တိတိကျကျလိုက်ရဖို့ရန်လိုအပ်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် တချို့သောကိစ္စရပ်များကို ဝင်ရောက်ဖြေရှင်းဖို့ရန် မသင့်တော်ပေ။ ပြီးတော့ သူ့အနေနှင့်မတော်တဆ လင်မိသားစု၏ရန်သူများကို လက်နက်ခဲယမ်းများပံပို့မိသွားလျှင် သူ့မိသားစုကိုထိခိုက်နိုင်လေသည်။ စစ်ထူယဲ့၏စကားများကို သူမငြင်းနိုင်သောကြောင့် ပိုလို့ပင် ဒေါသထွက်လာတော့သည်။
***
အခန်း ၃၀၅
သူ့ကိုသဘောမကျဘူး
လင်ရှောင်းထင် ဒေါသထွက်နေသည်ကို မြင်တော့ ကုနင်းလဲ အနည်းငယ်စိတ်ဆိုးသွားကာ လင်ရှောင်းထင်ကို ကာကွယ်ဖို့ကြိုးစားလိုက်သည်။
"တကယ်တာ့ ကျွန်မရဲ့စီးပွားရေးမှာ အကူအညီပေးနိုင်မယ့် နယ်ပယ်အသီးသီးမှာလုပ်ကိုင်နေတဲ့ မိတ်ဆွေအမျိုးမျိုးကိုလိုအပ်တယ်လေ၊ မှန်တယ်မလား?" ပြောရမယ်ဆိုရင်ဖြင့် သူမသည် စစ်ထူယဲ့တစ်ဦးတည်းအပြင် တခြားနယ်ပယ်အသီးသီးမှ လူများ၏အကူအညီကိုလဲ လိုအပ်ခြင်းဖြစ်သည်။
ထိုစကားကိုကြားတော့ လင်ရှောင်းထင်ဝမ်းသာသွားပေမယ့် စစ်ထူယဲ့သည်တော့ အနည်းငယ်သာပြုံးနိုင်တော့သည်။
မကြာခင်တွင်ပဲ မှာယူထားသည့်စားသောက်ဖွယ်ရာများ ရောက်ရှိလာခဲ့သည်။
စားသောက်နေချိန်တွင်တော့ လင်ရှောင်းထင်သည် ပုံမှန်အတိုင်း ကုနင်း၏ပန်းကန်အတွင်း ဟင်းများခပ်ထည့်ပေးပေးနေသည်။ စစ်ထူယဲ့အနေဖြင့် ထိုသို့သောမြင်ကွင်းမျိုးကို မမြင်လိုကာ မုန်းပင်မုန်းမိပေမယ့် ဘာမှမဖြစ်သလိုနှင့် မမြင်မကြာသည့်ပုံဖြင့်နေနေလိုက်သည်။ သို့ပေမယ့် စစ်ထူယဲ့ ကုနင်းကိုစကားပြောဖို့ရန်အခွင့်ရေးရသည်နှင့် လင်ရှောင်းထင်ကို စကားဝင်ပြောဖို့အခွင့်အရေးပင်မပေးချေ။
"မင်းရဲ့ လက်ဝတ်ရတနာလုပ်ငန်းက အခုဆိုတော်တော်အမြတ်ရနေပြီမလား။ ဆိုင်ခွဲကို ဘယ်တော့လောက်ဖွင့်မလဲ?" စစ်ထူယဲ့ ကုနင်းကိုမေးလိုက်သည်။
"ကျွန်မက မြို့တော်မှာ တက္ကသိုလ်လာတက်ဖို့စီစဉ်ထားပြီးသားဆိုတော့ လောလောဆယ်ရုံးချုပ်ကို မြို့တော်ကိုရွှေ့ဖို့လုပ်နေတာ။ ပြီးတော့ ဆိုင်ခွဲတွေအများကြီးဖွင့်ဖို့ဆိုရင် ယုံကြည်ရမယ့် မန်နေဂျာတွေရှာဖို့လိုသေးတယ်လေ။"
"ကောင်းတာပေါ့၊ မင်း ငှားဖို့အတွက် သင့်တော်မယ့်နေရာတွေရှာတွေ့ပြီးသွားပြီလား? ကိုယ့်ပိုင်ဆိုင်မှုထဲက နေရာကောင်းတဲ့ ဆိုင်နေရာတွေအများကြီးရှိတယ်။ မင်းလိုအပ်မယ်ဆို ကိုယ်ကူညီပေးနိုင်တယ်။" ဆွဲဆောင်မှုရှိကာ လှပသည့်အမျိုးသမီးထံမှ မည်သူမှမလွတ်မြောက်နိုင်သလိုမျိုး စစ်ထူယဲ့သည်လဲ ကုနင်း၏နှလုံးသားကိုရရှိဖို့ရန် အရာရာတိုင်းကို ပုံအပ်ပေးမည်ဖြစ်သည်။
"မလိုဘူး၊ ကျေးဇူးပဲ။" ကုနင်းမပြောရသေးခင်မှာပဲ လင်ရှောင်းထင်ဝင်ငြင်းလိုက်သည်။ လင်ရှောင်းထင်ဝင်မပြောလျှင်တောင်မှ ကုနင်းသည်လဲ လင်ရှောင်းထင်၏ကူညီမှုကို လက်ခံပါမည်ဟု သဘောတူထားပြီးဖြစ်သောကြောင့် စစ်ထူယဲ့၏ကမ်းလှမ်းမှုကို ငြင်းမည်ပင်ဖြစ်သည်။ သို့ပေမယ့် စစ်ထူယဲ့ကတော့ဖြင့် လင်ရှောင်းထင်ကို လျစ်လျူရှုထားကာ ကုနင်းကိုသာစိုက်ကြည့်နေသည်။ ကုနင်းဘက်မှ တိုက်ရိုက်အဖြေစကားမျိုးကိုသာလျှင် သူဂရုစိုက်လေသည်။
"စစ်ထူ၊ ရှင့်ရဲ့ကြင်နာမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်။ မြို့တော်က ဆိုင်အတွက် ကျွန်မဘာသာပဲ စီစဉ်လိုက်ပါ့မယ်။ တကယ်လို့ရှင့်အကူအညီလိုအပ်လာရင် ကျွန်မဆက်သွယ်လိုက်ပါမယ်။" လင်ရှောင်းထင်၏ ငြင်းဆိုမှုနှင့်ယှဉ်လျှင် ကုနင်း၏အငြင်းစကားများမှာ ပိုလို့နူးညံ့ညင်သာလေသည်။ သူမအနေဖြင့် စစ်ထူယဲ့လိုမျိုး သူငယ်ချင်းတစ်ဦးကို အဆုံးရှုံးမခံလိုပေ။ ပြီးတော့ သူမနှင့်စစ်ထူယဲ့ကြားတွင် မည်သည့်ရန်ငြှိုးမှမရှိနေသောကြောင့် စိမ်းစိမ်းကားကားဆက်ဆံဖို့ရန်မလိုအပ်ပေ။ စစ်ထူယဲ့သည် သူမကို ပိုလို့ပင်ပိုင်ဆိုင်ချင်စိတ်ဖြစ်လာပြီမှန်း သိပေမယ့် အခုချိန်ထိ စည်းကျော်သည့်အပြုအမူတစ်ခုမှမလုပ်သေးပေ။
"ကောင်းပြီလေ၊ မင်းဘာပဲလိုအပ်အပ် ကိုယ့်ကို အချိန်မရွေးသာပြောလိုက်။" ကုနင်း၏အဖြေမှာ အံ့ဩစရာသိပ်မရှိသည့် ခန့်မှန်းထားပြီးသားအဖြေသာဖြစ်သောကြောင့် စစ်ထူယဲ့စိတ်ပျက်သလိုမခံစားရပေ။ ထိုအစား ကုနင်းသေချာပေါက် သူ့အကူအညီကိုလိုလာလိမ့်မည်ဟုသာ ယုံကြည်ချက်ရှိနေလေသည်။
ထို့နောက် သူတို့စားသောက်ရင်းဖြင့် အဆင်ပြေပြေစကားဆက်ပြောကြတော့သည်။ စစ်ထူယဲ့ကတော့ လင်ရှောင်းထင်ကို သိသာစွာလျစ်လျူရှုထားပြီး ကုနင်းတစ်ဦးတည်းဖြင့်သာစကားပြောနေပေမယ့် သူ၏ လင်ရှောင်းထင်နှင့် ငြင်းခုန်လိုနေသည့် အပြုအမူ ရည်ရွယ်ချက်များကလဲ မပျောက်ကွယ်သွားပေ။
စားသောက်ပြီးသွားချိန်တွင်တော့ လင်ရှောင်းထင်ချက်ချင်း ကုနင်းကို ဆွဲကာထွက်သွားပြီး စစ်ထူယဲ့ကို အခန်းထဲတွင်တစ်ဦးတည်းချန်ထားခဲ့လေသည်။
စစ်ထူယဲ့သည်လဲ သူတို့နှစ်ဦးကို တားမနေဘဲ သူတို့နှစ်ဦး မြင်ကွင်းအတွင်းမှပျောက်ကွယ်သားသည်အထိ အတွေးများနက်နဲစွာဖြင့်သာ စိုက်ကြည့်နေခဲ့သည်။
လင်ရှောင်းထင်သည် ကုနင်းကို သူ့အိမ်ရှိရာသို့မောင်းပို့ခဲ့ပေမယ့် တစ်လမ်းလုံး စကားတစ်ခွန်းပင်မပြောခဲ့ပေ။ ကုနင်းသူမနှုတ်ခမ်းကို ကိုက်လိုက်ကာ,
"ရှင်စိတ်ဆိုးနေတာလား?"
"မဆိုးဘူး။" လင်ရှောင်းထင်၏ဖြေသံမှာ သစ္စာဖောက်ခံရ၍ မခံမရပ်နိုင်ဖြစ်နေရသလိုပင်။
"ရှင်ညာနေတာပဲ။"
"ကိုယ်သူ့ကိုသဘောမကျရုံပါ။" သေချာပေါက် 'သူ'ဆိုသည်မှာ စစ်ထူယဲ့ကို ဆိုလိုလိုက်ခြင်းပင်ဖြစ်သည်။
ကုနင်းရယ်ချင်သွားပေမယ့် မနည်းတည်တံ့ကာ လင်ရှောင်းထင်ကို ပြန်ပြောလိုက်သည်။
"ကျွန်မကို အလေးပေးတဲ့ယောက်ျားတိုင်းကိုသာ ရှင်သဘောမကျဘူးဆိုရင် ရှင်မကြာခနဆိုသလို စိတ်ဆိုးနေရတော့မယ်ထင်တယ်။"
ကုနင်းသည် ကိုယ့်ကိုကိုယ်ဂုဏ်မောက်နေသည့်လူတစ်ဦးမဟုတ်ပေမယ့် အမှန်တရားကိုသာပြောလိုက်ခြင်းသာဖြစ်သည်။ သူမ၏ထူးချွန်ထက်မြက်မှုနှင့် အရည်အချင်းရှိသည့်ပုံစံအရ သူမကို လေးစား သဘောကျသည့်လူမြောက်မြားစွာရှိလာပေမည်။ သူမပြန်လည်မွေးဖွားလာပြီး အချိန်တိုလေးအတွင်းမှာပင် ချင်ယီဖန်းရော စစ်ထူယဲ့ပါ ရှိနေပြီးဖြစ်သည်မဟုတ်ပါလား။ ထိုသူနှစ်ဦးလုံးသည် အရည်အချင်းပြည့်ဝသည့်ယောက်ျားများဖြစ်ပြီး လင်ရှောင်းထင်ကိုသာ မယှဉ်နိုင်ကြခြင်းဖြစ်သည်။ ထိုသုံးယောက်ထဲမှ မည်သူပင် သူမ၏ချစ်သူဖြစ်ခဲ့ပါစေ သူမဘဝတစ်လျှောက်လုံး ကောင်းမွန်စွာနေထိုင်နိုင်ပေလိမ့်မည်။ သို့ပေမယ့် အဆုံးတွင်တော့ ကုနင်းသည် လင်ရှောင်းထင်ကိုသာ ရွေးချယ်ထားခဲ့သည်။
"ကျွန်မနဲ့ယှဉ်မယ်ဆိုရင်တော့ ရှင်ကပိုကြည့်ကောင်းပြီး အာဏာရှိတဲ့မိသားစုကလဲဖြစ်တော့ ကျွန်မကို သဘောကျတဲ့ယောကျ်ားတွေထက် ရှင့်ကို လေးစားသဘောကျတဲ့မိန်းမတွေက ပိုပြီးတောင်များမှာပါ။ ဒါပေမယ့် အဓိကက ရှင်ကျွန်မကို ရွေးချယ်ထားပြီးပြီဆိုမှတော့ ရှင့်ကို လေးစားသဘောကျနေတဲ့မိန်းမတွေ ဘယ်လောက်များများ အကြောင်းမဟုတ်တော့ဘူး။"
ကုနင်းသည်လဲ သဘာဝအတိုင်း လင်ရှောင်းထင်ကို တခြားမိန်းမများကြည့်လာလျှင် မကျေမနပ်ဖြစ်တတ်ပေမယ့် လင်ရှောင်းထင်သည် သူမတစ်ဦးတည်းကိုသာ ချစ်သောကြောင့် သူမအနေဖြင့် သူ့ကို စိတ်မဆိုးပေ။ အမှန်တော့ သူမသည်လဲ လင်ရှောင်းထင်ကို သူမ၏ချစ်သူရည်းစားအဖြစ် သတ်မှတ်ပြီးကတည်းက တခြားဘယ်ယောကျ်ားကိုမှ ဂရုမစိုက်တော့ပေမယ့် လင်ရှောင်းထင်သည်တော့ သူရှိနေချိန်အတွင်း ကုနင်းကို ချဉ်းကပ်ရန်ကြိုးစားနေသည့် အခြားယောက်ျားများကို သည်းမခံနိုင်ပေ။
လင်ရှောင်းထင် ချက်ချင်းပင် ကားကို လမ်းဘေးကပ်ရပ်လိုက်ကာ ကုနင်းကို စိုက်ကြည့်လိုက်ပြီး,
"ကိုယ့်ကို မိန်းမတွေဘယ်လောက်တောင် သဘောကျနေလဲဆိုတာ စိတ်မဝင်စားဘူး။ မင်းတစ်ယောက်တည်းကိုပဲ ဂရုစိုက်တယ်၊ မင်းက ကိုယ့်အတွက် တစ်ဦးတည်းသော ချစ်ရသူ၊ မင်းကိုပဲ ကိုယ်ထာဝရချစ်သွားမှာ။"
"အဲ့လိုပဲပေါ့! ကျွန်မလဲ ကျွန်မကို သဘောကျနေတဲ့လူတွေဘယ်လောက်များများ သူတို့ကို အခွင့်အရေးပေးမှာမဟုတ်ဘူး၊ ဒီတော့ နောက်ဆို ဒီလိုကိစ္စမျိုးအတွက်နဲ့ ထပ်ပြီးစိတ်မဆိုးပြန်နဲ့တော့!" ကုနင်းအပြစ်တင်သလိုလေးပြောလိုက်သည်။
"ကိုယ်...." လင်ရှောင်းထင် ခနမျှငြိမ်သက်သွားခဲ့ပေမယ့် ကုနင်းပြောသလိုသဘောတူလိုက်လေသည်။ တကယ်တမ်း သူကုနင်းကို စိတ်ဆိုးနေခြင်းမဟုတ်ပေမယ့် တစ်လျှောက်လုံးသူ့မျက်နှာထက်တွင် စိတ်ဆိုးသည့်အမူအရာကို ပြသနေခဲ့လေသည်။
"ကိုယ်တောင်းပန်ပါတယ်၊ နင်းနင်း။"
"ကောင်းပါပြီ၊ ကျွန်မရှင့်ကို အပြစ်မတင်ပါဘူး။ ဆက်သွားကြရအောင်!"
ထို့နောက် လင်ရှောင်းထင်လဲ စိတ်ကိုလျှော့ချလိုက်တော့သည်။
မကြာခင်အချိန်အတွင်းတွင်ပဲ လင်ရှောင်းထင်တို့ကားလေးသည် ပတ်ဝန်းကျင်သန့်ပြန့်ကောင်းမွန်သည့် အဆင့်မြင့်အိမ်ရာတစ်ခုသို့ရောက်ရှိသွားခဲ့သည်။ လင်ရှောင်းထင်သည် ဥယာဉ်တစ်ခုပါရှိသည့် အိမ်တစ်လုံးရှေ့တွင် ကားကိုရပ်လိုက်သည်။ ကုနင်းလဲ ဘေးပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်မိသည်။ ထိုအိမ်သည် စတုရန်းမီတာ ၂၀၀လောက်ကျယ်ဝန်းကာ စတုရန်းမီတာ၁၀၀ခန့်ကျယ်ဝန်းသည့် ဥယာဉ်တစ်ခုလဲပါရှိလေသည်။
မြို့တော်ရှိအိမ်ဈေးများသည် အလွန်ခေါင်ခိုက်နေသည့်အတွက် အခုလိုမျိုး ဥယာဉ်ပါ, ပါရှိသည့်အိမ်ကျယ်တစ်လုံးကို အလွန်ချမ်းသာသည့်လူများသာဝယ်နိုင်ပေသည်။ သို့ပေမယ့် လင်ရှောင်းထင်၏နောက်ခံနှင့်ယှဉ်ကြည့်လျှင်တော့ဖြင့် အခုလိုအိမ်မျိုးရှိနေသည်က အံ့ဩစရာတစ်ခုတော့မဟုတ်ပေ။