← Chapters

အခန်း (၁၈၇၃-၁၈၇၈)

Vol. 116 Ch. 1873-1878

အခန်း (၁၈၇၃-၁၈၇၈)

Vol. 116 Ch. 1873-1878

အခန်း ၁၈၇၃ ဓားပြတွေ!

တကယ်တော့ သခင်ကြီးလင်က လင်ရှောက်မင်ကိုလည်း ဂရုစိုက်ပေမယ့် လင်ရှောက်မင်က သူနဲ့ ပေါင်းသင်းဖို့ ပိုကောင်းတဲ့ နည်းလမ်းကို မရှာခဲ့တာမို့ ကျန်းရှူးယွမ်က သခင်ကြီးလင်ဟာ လင်ရှောက်မင်ထက် လင်ရှောင်းထင်ကို ပိုဂရုစိုက်တယ်လို့သာ ယုံကြည်‌နေခြင်းသည်။

လင်ရှောက်မင်သည် သခင်ကြီးလင်နှင့် ကောင်းစွာ မပေါင်းသင်းနိုင်ခြင်းအ‌ကြောင်းအရင်းကို သူသိသည်။ သူ့အဖိုးနဲ့ စကားပြောတိုင်း သူ အမြဲတမ်း စိတ်မသက်မသာ ခံစားရပေမယ့် လင်ရှောင်းထင်ကတော့ အဲ့လိုမဖြစ်နေပါ။

အကြောင်းရင်းကို သိသော်လည်း မသိသလိုနေနေဆဲပင်။

ထမင်းစားနေစဉ်တွင် ကျန်းရှူးယွမ်သည် ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းနေပြီး အစာစားချင်ပင်စိတ်မရှိခဲ့ပေ။

…

ထမင်းစားပြီးတာနဲ့ ကျန်းရှူးယွမ်ရဲ့မိသားစုက လင်ရှောက်ကျားကို သွားတွေ့သည်။

လင်ရှောက်ကျားသည် ယခုအချိန်တွင် အခြေအနေပိုကောင်းလာပြီဖြစ်သည်။ သူမ၏ခါးသည် နာကျင်ခြင်းမရှိသော်လည်း လအနည်းငယ်ကြာအောင် နှိပ်စက်ခံရပြီးနောက်တွင် သူမသည် ဝေဒနာများစွာ ခံစားခဲ့ရသည်။ ထို့ကြောင့် သူမသည် အပြည့်အဝ ပြန်လည်ကျန်းမာလာရန် လအနည်းငယ် လိုအပ်‌သေးသည်။

ကုနင်းသည် ဤကိစ္စဖြစ်ပြီးနောက်တွင် လင်ရှောက်ကျားသည် သူ့ကိုယ်သူ ပြုမူတတ်ရန် သင်ယူနိုင်မည်ဟုလည်း မျှော်လင့်ပြီး လင်ယွမ်ချန်၏ မိသားစုသည်လည်း တိတ်တိတ်ဆိတ်ဆိတ်နေရန် သင်ယူနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိသည်။

သူတို့သည် လင်ရှောင်းထင်, ကုနင်းနှင့် ကျင်းယွင်ယောင်တို့ကို မကြိုက်သော်လည်း သူတို့ကမိသားစုဖြစ်သည်။ ခါးသီးတဲ့ အာဃာတတွေ မရှိသရွေ့ သခင်ကြီးလင်ကြောင့် ကုနင်းက သူတို့နဲ့ အငြင်းပွားဖို့မလိုလားပါ။

သခင်ကြီးလင်သည် အသက်အရွယ်ကြီးရင့်လာ၍ စည်းလုံးညီညွတ်သော မိသားစုကို ပိုင်ဆိုင်ရန် မျှော်လင့်ခဲ့သည်။

ကျန်းရှူးယွမ်၏မိသားစု ထွက်ခွာသွားပြီးနောက် သခင်ကြီးလင်က သက်ပြင်းချကာ ခေါင်းကို ခါယမ်းလိုက်ပြီး ကျင်းယွင်ယောင်အား "ယွင်ယောင်၊ ကျေးဇူးပြုပြီး ရှူးယွမ်ကို ခွင့်လွှတ်‌ပေးပါ။ သူ့သဘောထားကို အလေးအနက်မထားပါနဲ့။”

သခင်ကြီးလင်သည် ကျန်းရှူးယွမ်၏ သဘောထားနှင့် အပြုအမူကို မျက်မြင်တွေ့ခဲ့ပြီး ကျင်းယွင်ယောင် စိတ်အနှောင့်အယှက်ဖြစ်မိမည်ဆိုး၍ သူမအား ရှင်းပြခဲ့သည်။

ကျန်းရှူးယွမ်၏ သဘောထားကြောင့် သူမသည် ကျင်းယွင်ယောင်နှင့် ပေါင်းသင်းနိုင်ရန် မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် မငြင်းခုံရင်သာ ကောင်းပေသည်။

“အဖေ၊ ကျွန်မ နားလည်ပါတယ်။ အဆင်ပြေပါတယ်။ သူကျွန်မကို ဒုက္ခမပေးသရွေ့ သူ့သဘောထားကို ကျွန်မ ဂရုမစိုက်ပါဘူး” လို့ ကျင်းယွင်ယောင်က လေးလေးနက်နက် ပြောခဲ့သည်။

“ကောင်းတယ် ကောင်းတယ်” ကျင်းယွင်ယောင်သည် အလွန်စာနာတတ်ကြောင်း သခင်ကြီးလင် နားလည်ပြီး သူမ၏ တုံ့ပြန်မှုကို ကြားပြီးနောက် စိတ်သက်သာရာရသွားခဲ့သည်။

လင်ရှောင်းထင်၊ ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ည ၉:၃၀ နာရီတွင် ထွက်ခွာသွားကြသည်။ သူတို့သည် ကျင်းယွင်ယောင်ကို တောင်မြစ်ကမ်းဥယျာဉ်သို့ မောင်းမပို့သေးပဲ ကိစ္စတစ်ခုကို အတူတူကိုင်တွယ်ဖြေရှင်းရန်သွားခဲ့သည်။

"ဘာကိုလဲ?" ကျင်းယွင်ယောင်က မေးသည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့က ၎င်းကို လျှို့ဝှက်ထားရန် စိတ်မ၀င်စား‌သောကြောင့် သူမကို အမှန်အတိုင်း ပြောပြခဲ့သည်။

ကျင်းယွင်ယောင်သည် သူမ၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိလာသောကြောင့် ရှန်းမိသားစုကို သူမသိသည်။

"အင်း၊ ရှန်းမိသားစုက တကယ်လောဘကြီးတာ။ လွန်ခဲ့တဲ့ ၁၆ နှစ်ထဲက ရည်မှန်းချက်ကြီးမှန်း အမေသိတယ်” ဟု ကျင်းယွင်ယောင်က စိတ်တိုတိုနဲ့ ပြောသည်။ သူမသည် ရှန်းမိသားစုအပေါ် မည်သည့်အခါမှ အထင်ကြီးခြင်းမရှိခဲ့ပေ။

“ရှန်းမိသားစုက လင်မိသားစုရဲ့ ဆွေမျိုးတွေပဲလေ။ လင်မိသားစုအပေါ် သစ္စာစောင့်သိလိုစိတ်မရှိရင်‌တော့ ကိစ္စမရှိ‌ပေမယ့်လည်း လွန်ခဲ့တဲ့နှစ်‌တွေမှာ လင်မိသားစုနှင့် သူတို့ရဲ့ဆက်ဆံရေးကြောင့် လင်မိသားစုဆီကနေ သူတို့အကူအညီ‌တွေအများကြီးရခဲ့တယ်။ အပြင်လူတွေရဲ့ အမြင်မှာ ရှန်းမိသားစုက လင်မိသားစုနဲ့ အရမ်းနီးစပ်လို့ Shen ရှန်းလုပ်တဲ့ လျှို့ဝှက်လုပ်တဲ့အရာ‌မှန်သမျှက လင်မိသားစုအပေါ် သက်ရောက်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က သူ့ရဲ့လျှို့ဝှက်ချက်ကို သိပြီးသားဆိုတော့ တစ်ခုခုတော့ လုပ်ရမှာပေါ့” ဟု လင်ရှောင်းထင် က ပြောသည်၊ မဟုတ်ပါက လင်မိသားစုသည် ရှန်းမိသားစုကို အထူးဂရုပြုရန် စိတ်မ၀င်စားပါ။

ကျင်းယွင်ယောင်က "ဟုတ်တယ်၊ ငါတို့ပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းရမယ်"

ဟိုင်ချန်းခရိုင်ရှိ XX လမ်းရှိ စွန့်ပစ်ထားသော ကုန်လှောင်ရုံသည် မြို့လယ်နှင့် အနည်းငယ်ဝေးသည်။ လမ်းမကြီးမှ လမ်းခွဲသုံးကီလိုမီတာခန့် အကွာတွင်ရှိပြီး စွန့်ပစ်ထားသော ဂိုဒေါင်ပတ်လည် မီတာလေးငါးရာအကွာအဝေးတွင် မည်သူမျှမရှိပေ။

စွန့်ပစ်ထားသော ကုန်လှောင်ရုံသို့ ချဉ်းကပ်လာစဉ် ကုနင်းသည် အထဲမှာ တစ်စုံတစ်ယောက်ရှိမရှိကို သိရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုခဲ့သည်။ ၁၀:၃၀နာရီသာရှိသေးသော်လည်း ညှိနှိုင်းချိန်မဟုတ်သော်ငြား စောရောက်ခဲ့သည် ။

ထို့ကြောင့် မည်သူတစ်စုံတစ်ယောက် ရှိသည်မရှိသည်ဟု မသေချာမချင်း မမောင်း၀င်ကြပေ။

ကားကကြီးပေမယ့် ကုနင်းမှာ သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ရှိပြီး လင်ရှောင်းထင် မှာလည်း ချန်ခွင်းအိတ်ပါတာကြောင့် ကားကို ဝှက်ရမှာ အရမ်းလွယ်ကူသည်။

စွန့်ပစ်ထားသော ဂိုဒေါင်ရှေ့သို့ ရောက်သောအခါ ကားပေါ်မှ ဆင်းကာ ကားကို လင်ရှောင်းထင်၏ ချန်ခွင်းအိတ်ထဲသို့ ထည့်ကာ ဂိုဒေါင်ထဲသို့ အတူတူ လျှောက်သွားကြသည်။

စတုရန်းမီတာ ခုနစ်ရာခန့်ကျယ်ဝန်းသော ဂိုဒေါင်တစ်လုံးတွင်ဖြစ်သည်။

ဂိုဒေါင်ထဲမှာ အသုံးမဝင်တဲ့ ပစ္စည်းတွေ စုပုံနေတာကြောင့် ကုနင်း၊ လင်ရှောင်းထင်နဲ့ ကျင်းယွင်ယောင်တို့က သူတို့ပစ်မှတ်ကို စောင့်ဆိုင်းပြီး သူတို့နောက်မှာ ပုန်းနေခဲ့ကြသည်။

ထိုအချိန်တွင် ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုပြီး သူတို့လာသည်ကို သိနိုင်စေရန်အတွက် အပြင်ဘက်ကိုကြည့်နေသည်။

အသံများကို မကြားမီ ကုနင်းသည် ကားတစ်စီးလာနေသည်ကို တွေ့လိုက်ရသည်။ လင်ရှောင်းထင်သာလျှင် ကုနင်း၏ ကျောက်စိမ်းမျက်ဝန်းအကြောင်းကို သိပြီး ကျင်းယွင်ယောင်က မသိသော်လည်း ကုနင်းက ဘာမှ မပြောပေ။

ကားက မီတာငါးရာလောက်အကွာကို ရောက်တဲ့အခါ လင်ရှောင်းထင်နဲ့ ကျင်းယွင်ယောင်တို့ပါ သတိထားမိကြသည်။

သူတို့ရဲ့ အထောက်အထားတွေကို ထုတ်ဖော်မပြဖို့အတွက် ကုနင်းက သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲက နှာခေါင်းစည်းသုံးခုကို ထုတ်ပြီး ၀တ်ထားဖို့ ပြောလိုက်သည်။

အထဲမှာ လူငါးယောက်ပါတဲ့ MPV တစ်စီးက အရင်ဆုံးရောက်လာသည်။ အဲ့ထဲက တယောက်က မနေ့က ရှန်းရှစ်ဟိုတယ်မှာ ကုနင်းတွေ့တဲ့ ရှန်းယန်ဖန့်နဲ့ အတူထိုင်နေတဲ့ ထူးဆန်းတဲ့လူပါ။

ကားနောက်ခန်းတွင် သေနတ်များအပြည့်ထည့်ထားသော သေတ္တာကြီးနှစ်လုံးရှိသည်။

ကားသည် စွန့်ပစ်ထားသော ဂိုဒေါင်ရှေ့တွင် ရပ်သွားပြီးနောက် လူအနည်းငယ် ထွက်လာခဲ့သည်။ ဂိုဒေါင်ထဲမ၀င်ဘဲ အပြင်မှာစောင့်နေကြသည်။

ကုနင်းနှင့် အခြားလူများသည် အခြားလူများ လာမည့်အချိန်ကို စောင့်ရန် အစီအစဉ်မရှိကြပေ။ သူတို့၏ ရည်ရွယ်ချက်မှာ ပစ္စည်းများကို ခိုးယူရန်သာဖြစ်သည်။

ရှန်းယန်ဖန့် မ‌ရောက်သေးသောကြောင့် ဤအဖြစ်အပျက်သည် ရှန်းယန်ဖန့်နှင့် တိုက်ရိုက်သက်ဆိုင်၍ အထောက်အထားများကို သူတို့သက်သေများကို ရရှိနိုင်မည်မဟုတ်ပါ။

ယွမ်ဝမ်ယွေ့က မနေ့က သူတို့ကို ဒီကိုလာဖို့ လူတချို့စီစဉ်ထားတယ်၊ ဒါက သူကိုယ်တိုင်မလာဘူးလို့ ဆိုလိုတာပါ။

ထို့ကြောင့် ကုနင်းနှင့် အခြားသူများသည် ဤ အခွင့်အ‌ရေးကို ရယူ၍ ယွမ်ဝမ်ယွေ့၏လူများမရောက်မီတွင် လုပ်ဆောင်ခဲ့သည်။

သူတို့သုံးယောက်သည် လျှပ်စီးလက်သကဲ့သို့ ရုတ်တရက်‌ပေါ်လာခဲ့သည်။ ထိုလူများသည် ဘာတွေဖြစ်ပျက်နေသည်ကို မသိမီတွင်ပင် သူတို့က ၎င်းတို့ထံ ရောက်ရှိနေပြီဖြစ်သည်။

"မင်းတို့ ဘယ်သူ‌တွေလဲ?"

ထိုလူငါးဦးသည် သူတို့ ရုတ်တရက် ပေါ်လာတာကြောင့် ကြောက်လန့်သွားကြသည်။

"ဓားပြတွေ!" ကုနင်းက သူတို့ကို ချက်ချင်း တိုက်ခိုက်သည်။

ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ၎င်းတို့ကို ရိုက်နှက်ရာတွင် အလုပ်များနေပြီး လင်ရှောင်းထင်သည် ကားကို မမြင်ရအောင် မောင်းထုတ်ခဲ့သည်။ ထို့နောက် သူသည် သူ၏ ချန်ခွင်းအိတ်ထဲသို့ သေနတ်သေတ္တာများကို ထည့်ကာ တိုက်ပွဲကို တတ်နိုင်သမျှ မြန်မြန် အပြီးသတ်ခဲ့သည်။

သူသည် ပစ္စည်းများကို သူ၏ ချန်ခွင်းအိတ်ထဲသို့ ချက်ချင်းမထည့်နိုင်ခဲ့ပါက သူ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်သွားနိုင်မည်ဖြစ်သည်။

"ကား!"

လူအများအပြားသည် လင်ရှောင်းထင်ကို တားရန် ကြိုးပမ်းသော်လည်း ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် တားလိုက်ကြသည်။

ဤလူများသည် တိုက်ခိုက်ရေးတွင် ထူးချွန်သော်လည်း ကုနင်းနှင့် ကျင်းယွင်ယောင်တို့နှင့် မယှဉ်နိုင်ပေ။ သူတို့အတွက် ထိုလူများက အားနည်းလွန်းသောကြောင့် စက္ကန့်ပိုင်းအတွင်း အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် သူတို့ကို မသတ်ပဲ သတိလစ်ရုံသာ ရိုက်နှက်ကြသည်။ ထို့နောက် ၎င်းတို့ကို နောက်ပိုင်းမှာ ရောက်လာမယ့် ဒုတိယအဖွဲ့ ရှာမတွေ့အောင် မီတာ ၂၀ အကွာရှိ ပေါင်းပင်များထဲသို့ ပစ်ချလိုက်သည်။

ပြဿနာကိုဖြေရှင်းပြီးနောက် ကုနင်းနှင့် ကျင်းယွင်ယောင်သည် လင်ရှောင်းထင် မောင်းနှင်သည့်လမ်းကြောင်းဆီသို့ သွားခဲ့သည်။

လင်ရှောင်းထင်သည် ကားကို မီတာများစွာအကွာအဝေးတွင်သာ မောင်းနှင်ခဲ့သည်။ ကုနင်းနှင့် ကျင်းယွင်ယောင်တို့ရောက်ရှိလာသောအခါ လင်ရှောင်းထင်သည် အရာအားလုံးကို လုပ်ဆောင်ပြီး ထွက်သွားခဲ့သည်။

အဲဒီနောက်မှာတော့ သူတို့ သုံးယောက် အဲဒီဂို‌ထောင်မှ ချက်ချင်း ထွက်ခွာလာခဲ့ပေမယ့် အဲဒီနေရာမှ မထွက်သွားသေးပေ။ ထိုအစား နောက်မှ‌ရောက်လာမယ့် ဒုတိယအဖွဲ့ဘာလုပ်မယ်ဆိုတာကို သိဖို့အတွက် အမှောင်ထောင့်တစ်ရာမှာ စောင့်ဆိုင်းနေခဲ့ကြသည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၇၄ လေးစားမှုမရှိစွာဖြင့်

ငါးမိနစ်လောက်ကြာတော့ နောက်ထပ် MPV တစ်စီးရောက်လာပြီး ဂိုဒေါင်ရှေ့မှာ ရပ်သွားသည်။ နောက်ထပ်လူငါးယောက်ထွက်လာသည်။

ည ၁၁ နာရီမထိုးသေးသော်လည်း မိနစ်အနည်းငယ်သာ လိုတော့သောကြောင့် မည်သူမျှ မတွေ့ရသည့်အတွက် မကျေနပ်ကြပေ။

"လောင်ပေါင်၊ သူတို့မှာ လေးစားမှုမှု မရှိဘူး! စောစော မလာဘူး” ဟု ဒေါသတကြီးဖြင့် ပြောသည်။

ဝယ်သူက သူတို့နဲ့ လက်တွဲချင်တာဖြစ်၍ ဝယ်သူက စောစောလာသင့်တယ်လို့ ထိုယောက်ျားက တွေးသည်။ ဝယ်သူစောလာပါက ယနေ့ဝယ်သူသည် ၎င်းတို့၏သဘောတူညီချက်ကို အလေးထားကြောင်းပြသခဲ့သည်။ ထို့အပြင် ၎င်းတို့သည် စောစီးစွာ ရောက်ရှိလာသော်လည်း ဝယ်သူမရှိခဲ့ပေ။ သူတို့ ဒေါသထွက်သွားကြသည်။

"စိတ်ရှည်ရအောင်!" လောင်ပေါင်ဟု ခေါ်သည့်လူကလည်း မကျေမနပ်ဖြစ်မိပေမဲ့ အဲဒီအကြောင်း ဘာမှ မပြော‌ပေ။ ဝယ်သူသည် တစ်စုံတစ်ခုကြောင့် ကြန့်ကြာနေမည်ဟု ထင်သည်။ သို့သော် ည ၁၁ နာရီခန့်အထိ မည်သူမျှ မလာပါ။

"လောင်ပေါင်၊ သူတို့က ငါတို့ကို မခန့်‌လေးစားလုပ်တာလား" တခြားလူကို မေးသည်။

"နောက်ထပ် မိနစ်အနည်းငယ်လောက်စောင့်ကြည့်အုံး" လောင်ပေါင်က ဒေါသထွက်နေပေမယ့် စိတ်ရှည်ဖို့ ဆုံးဖြတ်လိုက်သည်။

ကံမကောင်းစွာဖြင့်၊ နောက်ထပ်ငါးမိနစ်ကျော်သွားသော်လည်း မည်သူမျှ ပေါ်မလာသေးပါ။

"လောင်ပေါင်"

"ပြန်ကြရအောင်!" လောင်ပေါင်သည် စိတ်မရှည်တော့ဘဲ ကားဘက်သို့ လှည့်လိုက်သည်။

နောက်တော့ ထွက်သွားကြ‌ေတာ့သည်။

ကုနင်း၊ လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် အခြားလမ်းကြောင်းသို့ လျှောက်သွားကြသည်။

ဤစွန့်ပစ်ထားသော ကုန်လှောင်ရုံသို့ ဦးတည်သွားသော ကားလမ်းတစ်ခုတည်းသာရှိသော်လည်း ၎င်းတို့သည် လမ်းမကြီးကို အခြားလမ်းငယ်တစ်ခုဖြင့် ရောက်ရှိနိုင်သည်။

ကားထဲမှာ လောင်ပေါင်က သူ့ဖုန်းကို ထုတ်ပြီး ပြဿနာကို သတင်းပို့ဖို့ ဖုန်းခေါ်လိုက်သည်။

ဖုန်းရဲ့တစ်ဖက်ကလူကလည်း ဒေါသဖြစ်သွားသည်။

ယွမ်ဝမ်ယွေ့ ထိုသတင်းကြားလိုက်ရပြီး မကြာမီပင် ရှန်းယန်ဖန့်ဆီ ဒေါသတကြီးဖုန်းဆက်သည်။

"သခင်ယွမ် မင်းပစ္စည်းတွေလက်ခံပြီးပြီလား" ရှန်းယန်ဖန့်သည် ယွမ်ဝမ်ယွေ့၏ခေါ်ဆိုမှုကို ဖြေကြားခဲ့ပြီး ကုန်ပစ္စည်းများ ပေးပို့ပြီးပြီဟု ထင်ခဲ့သည်။

"ရှန်းယန်ဖန့် မင်းငါ့ကိုလိမ်တာလား။ ငါ့လူတွေက အဲဒီနေရာမှာ အကြာကြီးစောင့်နေပေမယ့် မင်းရဲ့လူတွေက ည ၁၁ နာရီကျော်တဲ့အထိ ပေါ်မလာဘူး” ယွမ်ဝမ်ယွေ့သည် ရှန်းယန်ဖန့်ကို ကျိန်ဆဲခဲ့သည်။

အမှားတစ်ခု သို့မဟုတ် မတော်တဆဖြစ်နိုင်သော်လည်း ရှန်းယန်ဖန့်၏လူများသည် ချိန်းထားသည့်အချိန်၌ ပေါ်လာခြင်းကို မကျေနပ်ပေ။

"ဗျာ? မပေါ်လာဘူးဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ရှန်းယန်ဖန့်သည် မယုံနိုင်ဘဲ အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် လောင်လျှို့သည် သူရောက်ပြီဟု မက်ဆေ့ချ်ပို့ထားသောကြောင့်ဖြစ်သည်။

"ငါလိမ်နေတယ်လို့ မင်းထင်‌နေတာလား" ယွမ်ဝမ်ယွေ့က မကျေမနပ်ဖြစ်သည်။ သူမေးခွန်းထုတ်ခံရတာကို မကျေနပ်ပေ။

“အဲလို ဆိုလိုတာ မဟုတ်ပါဘူး” ရှန်းယန်ဖန့်ကလန့်သွားပြီး ချက်ချင်းရှင်းပြသည်။ "လောင်လျှို့က သူတို့ရောက်တဲ့အချိန် ၁၀ နာရီ ၄၈ မိနစ်မှာ မက်ဆေ့ ပို့ထားသေးတယ်"

“ငါ့လူတွေက ၁၀ နာရီ ၅၇ မှာ ရောက်တယ်။ မိနစ်အနည်းငယ်ပဲကြာတာ။ သူတို့ဘာလို့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ရတာလဲ။ သူတို့ဆီ ဖုန်းဆက်ပြီး ဘာဖြစ်တာလဲဆိုတာ ပြန်‌ေပြာပါ” ဟု ယွမ်ဝမ်ယွေ့က ပြောသည်။

ရှန်းယန်ဖန့်က သူ့ကို လှည့်စားဖို့ ဒီလောက် ရဲရင့်လိမ့်မယ်လို့ သူ မထင်ထားတာကြောင့် တစ်ခုခု ဖြစ်ခဲ့တာဖြစ်နိုင်သည်။

မိနစ်အနည်းငယ်မျှသာ ကွာဟသော်လည်း အခြားအရာတစ်ခုခု ဖြစ်လာနိုင်သည်။

“ဟုတ်ကဲ့ပါ ပြန်ပြောပါမယ်” ရှန်းယန်ဖန့်က ပြောသည်။ ယွမ်ဝမ်ယွေ့နှင့် ဖုန်းချပြီးနောက် လောင်လျှို့ကို ချက်ချင်းဖုန်းဆက်လိုက်သည်။

ရုတ်တရတ် ပြဿနာဖြစ်လာတာကြောင့် ရှန်းယန်ဖန့်သည် စိတ်ဆိုးနေခဲ့သည်။ သူတို့၏သဘောတူညီချက်ကို ထုတ်ဖော်သွားနိုင်မည်ဖြစ်ပြီး ယွမ်ဝမ်ယွေ့ စိတ်အနှောင့်အယှက်ဖြစ်မည်ကို သူကြောက်ရွံ့ခဲ့သည်။ အဲဒီလိုဆိုရင် သဘောတူညီချက်က လုံးဝပျက်သွားလိမ့်မည်။

ကံမကောင်းစွာပဲ သူ့ဖုန်းတွေကို ဘယ်သူမှ မဖြေကြားခဲ့ပေ။

ရှန်းယန်ဖန့် ဒေါသတကြီး ဖြစ်‌နေပေမဲ့ ဘာဖြစ်လဲဆိုတာ အတိအကျကို မသိ‌ပေ။ လောင်လျှို့ကြောင့် ပြသနာဖြစ်တာလား ဒါမှမဟုတ် တစ်ခုခုအမှားအယွင်းဖြစ်သွားတာလား။

ရှန်းယန်ဖန့်သည် အတော်လေးကို စိုးရိမ်ပူပန်နေမိသည်။ ဘာပဲဖြစ်ဖြစ် သူက ယွမ်ဝမ်ယွေ့ကို အရင်ပြန်ပြောရမည်။

ယွမ်ဝမ်ယွေ့က လုံးလုံးစိတ်ပျက်သွားသော်လည်း ဘာမှမတတ်နိုင်။ ကီရင်ဂိုဏ်းနှင့် ရှန်းယန်ဖန့်၏ ယောက္ခမ ဆက်ဆံရေးကို ယွမ်ဝမ်ယွေ့က တွေးတောပြီး ရှန်းယန်ဖန့်အား ဒေါသမထွက်နိုင်ပေ။

ထို့ကြောင့် သူသည် အမှန်တရားကို ရှာဖွေရန် အချိန်တစ်ခုပေးခဲ့သည်။

လောင်လျှို့နှင့် အခြားလူများသည် သန်းခေါင်ယံအထိ မနိုးသေးဘဲ သတိရလာသောအခါ ရှန်းယန်ဖန့်ကို ချက်ချင်း ပြန်ခေါ်ခဲ့သည်။

မမျှော်လင့်ထားသော ပြဿနာကြောင့် ရှန်းယန်ဖန့် လုံးဝမအိပ်နိုင်။ သူ့ဖုန်းမြည်လာသည်နှင့်တစ်ပြိုင်နက် ဖုန်းခေါ်သူက လောင်လျှို့ ဖြစ်သည်ကိုတွေ့လိုက်ရသည်။

"လောင်လျှို့ မင်းဘာဖြစ်နေတာလဲ။ ငါ့ဖုန်းတွေကို မင်းဘာလို့မဖြေတာလဲ။ သခင်ယွမ်က သူ့လူတွေ‌ရောက်လာတဲ့အချိန် မင်းတို့မရှိနေဘူးလို့ ငါ့ကိုပြောတယ်။

အဲဒီနောက် လောင်လျှို့က ရှန်းယန်ဖန့်ကို ကြောက်လန့်ပြီး ဖြစ်ပျက်ခဲ့တာတွေကို ပြောပြခဲ့သည်။

"ဘာ? လုယက်ခံရတာလား?" ရှန်းယန်ဖန့် ဒေါသထွက်သွားသည်။ အကယ်၍ ၎င်းတို့၏ ကုန်ပစ္စည်းများ ခိုးယူခံရပါက ၎င်းတို့၏ သဘောတူညီချက်ကို ဖော်ထုတ်သွားသည်ဟု ဆိုလိုခြင်းဖြစ်သည်။

သန်းခေါင်ကျော်ပြီမို့ ရှန်းယန်ဖန့်က ယွမ်ဝမ်ယွေ့ကို မခေါ်ဘဲ နောက်နေ့မနက်အထိ စောင့်ခဲ့သည်။

မနက်ရောက်တော့ ရှန်းယန်ဖန့်က ယွမ်ဝမ်ယွေ့ကိုဖုန်းဆက်ပြီး လုယက်မှုအကြောင်းပြောပြသည်။

လုယက်သူများမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်သည်။ သူတို့အားလုံးသည် တိုက်ခိုက်‌ရေးတွင် ကျွမ်းကျင်ကြသည်။ သို့သော် မည်သူမည်ဝါဖြစ်သည်ကို သူမသိပေ။

ပစ္စည်းများ ခိုးယူခံရကြောင်း သိလိုက်ရသဖြင့် ယွမ်ဝမ်ယွေ့ ဒေါသထွက်ကာ တုန်လှုပ်သွားခဲ့သည်။ ကုန်ပစ္စည်းတွေက အရေးမကြီးပေမယ့် သဘောတူညီချက် ပေါ်သွားမှာကို သူစိုးရိမ်နေသည်။

မည်သို့ပင်ဆိုစေကာမူ ယခုစိုးရိမ်နေသည်မှာလည်း အသုံးမဝင်တော့သောကြောင့် လမ်းတစ်လျှောက်ရှိ စောင့်ကြည့်ကင်မရာများကိုသာ စစ်ဆေးနိုင်ခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဤအချိန်အတောအတွင်း မည်သည့်အရာကိုမျှ ထပ်မလုပ်ရဲကြပေ။

သူတို့၏ အံ့အားသင့်စရာကတော့ လမ်းတလျှောက်ရှိ စောင့်ကြည့်ကင်မရာများ အားလုံး ပျက်စီးနေပြီး ယွမ်ဝမ်ယွေ့ အားပို၍ပင် စိုးရိမ်လာမိသည်။

ကုနင်းနှင့် လင်ရှောင်းထင် တို့သည် သက်တောင့်သက်သာရှိကြသည်။

တောင်မြစ်ကမ်းဥယျာဉ်တွင် နံနက်စာ စားကြပြီး လင်ရှောင်းထင်သည် ကုနင်းနှင့်အတူ သူမ၏ ကုမ္ပဏီသို့ လိုက်ပါခဲ့သည်။

ကုနင်းက သူ့ကျောင်းမှာ ဒီရက်တွေဆက်နေတာကြောင့် သူ့ကုမ္ပဏီကို မသွားဖြစ်တဲ့အတွက် လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှမသိပါ။

အမှန်တော့ ကုမ္ပဏီက အရမ်းအလုပ်ဖြစ်နေပြီး ချန်စန်းယိက တစ်ခုခုဖြစ်ခဲ့ရင်တောင် ကောင်းကောင်းစီမံခန့်ခွဲနိုင်သည်။ သူ မတတ်နိုင်တဲ့အရာတစ်ခုရှိရင် ကုနင်းကို ဆက်သွယ်လိမ့်မည်။

ကုနင်းကုမ္ပဏီကို ရောက်ရှိလာပြီးနောက် ကေသည် ကျီလင်းနည်းပညာကုမ္ပဏီနှင့် ၎င်းတို့၏ သဘောတူညီချက် တိုးတက်မှုကို သူမအား သတင်းပို့ခဲ့သည်။

ကျီလင်းနည်းပညာသည် မဆိုင်းမတွ သူတို့နှင့် လက်တွဲရန် သဘောတူခဲ့သည်။ ဒါတွေအားလုံးသူတို့က ဥပဒေကို အရင်ချိုးဖောက်ခဲ့တာပင်။ သူတို့သဘောမတူရင် ကုနင်းက သူတို့ကို တရားစွဲနိုင်သည်။ ထိုအခြေအနေမျိုးတွင် ကုနင်းနှင့် ပူးပေါင်းခြင်းဖြင့် ငွေများစွာရနိုင်သော်လည်း ၎င်းတို့သည် ငွေများစွာပေးချေရမည်ဖြစ်သည်။

၎င်းတို့သည် လူမိုက်များမဟုတ်သောကြောင့် ကမ်းလှမ်းမှုကို ငြင်းပယ်ရန် အကြောင်းမရှိပေ။

ကောစုနည်းပညာနှင့် ကျီလင်းနည်းပညာတို့သည် တူညီသောလုပ်ငန်းနယ်ပယ်တွင်ရှိကြပြီး ၎င်းတို့သည် ပြိုင်ဘက်များဖြစ်ကြသော်လည်း အမြတ်အစွန်းများပိုမိုရရှိရန် အချင်းချင်းပူးပေါင်းလုပ်ဆောင်နိုင်ဆဲဖြစ်သည်။

ကေသည် ကုမ္ပဏီ၏ နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်မှုကို ကုနင်းထံသို့ သတင်းပို့ခဲ့သည်။ ကုမ္ပဏီသည် ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်လာပြီး သူတို့သည် Jade Beautyလက်ဝတ်ရတနာ၊ ခိုကျီ၊ ကိုလိန်းနှင့် ကုဖန်းတို့ကို တိုးချဲ့ခဲ့ကြသည်။

သူတို့အားလုံးရဲ့ ရောင်းအားက အရှိန်အဟုန်နဲ့ တိုးလာတဲ့အတွက် အခုဆို ဆိုင်ခွဲတွေ များများဖွင့်နိုင်ပါပြီ။

၎င်းတို့အနက် Jade Beautyလက်ဝတ်ရတနာ၊ ခိုကျီနှင့် ကိုလိန်းတို့မှ ထုတ်ကုန်များသည် ၎င်းတို့၏ လုပ်ငန်းများ၏ သုံးလပတ်ရောင်းချမှုစာရင်းတွင် ထိပ်ဆုံး ၂၀ မှာ ပါဝင်ခဲ့သည်။

ခိုကျီသည် ၎င်းတို့အနက်မှ ရေပန်းအစားဆုံးဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် အဆင့် ၁၀ နှင့် ပြည်တွင်းဈေးကွက်တွင် အဆင့် ၁ ရှိသည်။ ၎င်းနှင့် နံပါတ် ၂ နေရာရှိ အမှတ်တံဆိပ်ကြားတွင်လည်း ကြီးမားသော ကွာဟချက်ရှိပေသည်။

ပြည်တွင်းတွင်မူ နာမည်ကြီးသော်လည်း ထိရောက်သော အသားအရေထိန်းသိမ်းမှုနှင့် မိတ်ကပ်ပစ္စည်း အနည်းငယ်သာရှိသောကြောင့် ခိုကျီသည် လွယ်ကူစွာ အောင်နိုင်သူဖြစ်လာခဲ့သည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၇၅ ပိတ်သိမ်းပါတီ

နိုင်ငံတကာစာရင်းဝင် အမှတ်တံဆိပ်များအတွက်မူ ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းတွင် နှစ်ပေါင်းများစွာ ရေပန်းစားနေသောကြောင့် ၎င်းတို့ကို အစားထိုးရန် မလွယ်ကူပါ။ သို့သော်လည်း ကုမ္ပဏီအသစ်တစ်ခုအတွက် ထိပ်တန်း ၁၀ စာရင်းတွင် ပါဝင်နိုင်သည်မှာ မယုံနိုင်စရာပင်။ အရင်က မဖြစ်ဖူးသည့်အရာဖြစ်ပေသည်။

ကုမ္ပဏီတွင် တစ်နာရီခန့် နေပြီးနောက် ကုနင်းနှင့် လင်ရှောင်းထင် တို့ ထွက်ခွာလာခဲ့သည်။

လင်ရှောင်းထင်သည် ထိုညက ညစာစားပြီးသည်နှင့် ပြန်ရမည်ဖြစ်၍ အပြင်ဘက်တွင် ခဏတာ လျောက်လည်ပြီးနောက် တောင်မြစ်ကမ်းဥယျာဉ်တွင် ကျင်းယွင်ယောင်နှင့် ထမင်းစားရန် သွားခဲ့ကြသည်။

ထမင်းစားပြီးနောက် လင်ရှောင်းထင်သည် ကုနင်းကို သူ့ကျောင်းသို့ပြန်ပို့ပြီးနောက် မကျေမနပ်ဖြင့် ထွက်ခွာလာခဲ့ရသည်။

ကုနင်းသည် ညနေကျောင်းပြန်ချိန်တွင် အတန်းချိန်ကို လွတ်သွားပြီဖြစ်သောကြောင့် သူမ အတန်းသို့ မသွား‌တော့ဘဲ အဆောင်ခန်းဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။

တနင်္လာနေ့မနက်မှာ လုကျန်းက ကုနင်းကိုဖုန်းဆက်ပြီး ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’ ဇာတ်ကားရိုက်ကူးမှု ပြီးသွားပြီဖြစ်ကြောင်း တောင်ပိုင်းခရိုင်ရှိ ဟွမ်းဒင်ဟိုတယ်တွင်ကျင်းပမည့် ပိတ်သိမ်းပါတီပွဲအတွက် သူမအား ပါဝင်ရန် အချိန်ရှိမရှိ မေးမြန်းခဲ့သည်။

‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’ အတွက် အကျုံးဝင်သည့် ပါတီဖြစ်သဖြင့် ကုနင်းက သွားဖြစ်မှာ သေချာသည်။

ဖြစ်နိုင်ရင် ချူးဖေ့ဟန်နဲ့အတူ လာ‌ပေးဖို့ရန် လုကျန်းက ပြောခဲ့သည်။

ပိတ်သိမ်းပါတီအတွက် ဖိတ်ကြားထားသော ဧည့်သည်များအားလုံးသည် အဓိက သရုပ်ဆောင်များဖြစ်ကြပြီး ချူးဖေ့ဟန်သည် ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’တွင် အရေးမပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း လုကျန်းသည် ချူးဖေ့ဟန်အပေါ် ကောင်း‌သော အမြင်ရှိခဲ့သည်။ သူသည် ချူးဖေ့ဟန်ကို သူ၏နောက်ထပ်အစီအစဉ်များတွင် ဇာတ်ပို့အဖြစ် ဖိတ်ကြားရန် ဆုံးဖြတ်ထားသောကြောင့် သူမကို လုပ်ငန်းတွင်းရှိလူများ ပိုမိုသိရှိနိုင်စေရန် အတွက် ဒီအခမ်းအနားများကို အရင်အသုံးချခွင့်ရစေရန် စီစဉ်ခဲ့သည်။

ထို့ကြောင့် ကုနင်းက ချူးဖေ့ဟန်ကို ဖုန်းခေါ်လိုက်သည်။

ချူးဖေ့ဟန် သည် ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’၏ ပိတ်သိမ်းပါတီကို လက်လွတ်ခံမည်မဟုတ်ကို သံသယရှိစရာပင်မလို။

"ဘော့စ်၊ ငါပွဲအတွက် ၀တ်စုံပြင်ဆင်ရအုံးမယ်။ Charm ဆီက ဂါဝန်ကို ရွေးဖို့ ငါထွက်ခွာခွင့်‌တောင်းသင့်တယ် ထင်တယ်။ မိတ်ကပ်လိမ်းပြီး ဆံပင်ပြင်ဖို့လည်း အချိန်ယူရအုံးမယ်။ အချိန်နီးမှ ငါ့ကိုလာ‌ခေါ်ပေးမလား ဒါမှမဟုတ် ငါတို့ အတူတူ သွားကြမှာလား” ချူးဖေ့ဟန် က ပြောသည်။

‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’၏ ပိတ်သိမ်းပွဲသည် အလွန်ကြီးကျယ်ခမ်းနားခြင်းမရှိသော်လည်း အရေးကြီးသောပွဲဖြစ်သောကြောင့် ဂါဝန်ကို ၀တ်ဆင်ရမည်ဖြစ်ပါသည်။

"ငါတို့ အတူတူသွားလို့ရတယ်! ငါ မင်းကို ခုချက်ချင်း လာခေါ်လိုက်မယ်" ဟုကုနင်းက ပြောသည်။ နေ့လယ် ၁ နာရီထိုးနေပြီဖြစ်၍ သူတို့ ပြင်ဆင်ပြီးတဲ့အခါကျရင် ပွဲချိန်ကပ်လောက်ပြီဖြစ်သည်။

“ဟုတ်ပြီ” ဟုချူးဖေ့ဟန်ကပြောပြီး သူ့အတန်းပိုင်ဆီကနေ ခွင့်တောင်းဖို့ သွားလိုက်သည်။

ချူးဖေ့ဟန်က သူမသည် ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’ ၏ ပိတ်သိမ်းပါတီပွဲကို တက်ရောက်ရန် လိုအပ်ကြောင်း ပြောသည်။ ထို့ကြောင့် သူတို့၏ အတန်းပိုင်က ချက်ချင်း သဘောတူလိုက်သည် ။

ချူးဖေ့ဟန်၏ အတန်းပိုင်သည် ကျောင်းတွင် ဆရာတစ်ဦးသာဖြစ်ပြီး ဖျော်ဖြေရေးနယ်ပယ်တွင် ပါဝင်ခြင်းမရှိသော်လည်း ဖျော်ဖြေရေးနယ်ပယ်တွင် သူအလွန်အာရုံစိုက်သောကြောင့် ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’ နှင့် ဖုန့်ဟွာအင်တာတိန်းမန့်အကြောင်း ကြားဖူးသည်။

ချူးဖေ့ဟန်သည် ၎င်း၏ ပိတ်သိမ်းပါတီအတွက် ဖိတ်ကြားခံရပါက သူမသည် ဇာတ်ကား၊ ဖုန့်ဟွာအင်တာတိန်းမန့် သို့မဟုတ် အဓိကသရုပ်ဆောင်များနှင့် ရင်းနှီးသောဆက်ဆံရေးရှိရမည်။ အရေးပါသူများသာ ဖိတ်ကြားလေ့ရှိသည်။

ထို့ကြောင့် ချူးဖေ့ဟန် ၏အတန်းပိုင်က "‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’ရဲ့ ပိတ်သိမ်းပါတီကို မင်းဘယ်သူနဲ့သွားမှာလဲ" ဟု စပ်စုမေးလိုက်သည်။

"ကျွန်မဘော့စ်နဲ့" ချူးဖေ့ဟန်က အဲဒါကို အလျင်အမြန်‌ပြောလိုက်ပေမယ့် မကြာခင်မှာ မမှန်ဘူးဆိုတာ သိလိုက်ရတော့ သူမက ရှင်းပြသည်။ "အမ် သူက ဖုန့်ဟွာအင်တာတိန်းမန့်ရဲ့ပိုင်ရှင်ကုနင်းပါ”

ချူးဖေ့ဟန်က တမင်ထုတ်ပြောတာ မဟုတ်ဘဲ သူမ၏ အတန်းပိုင်သည် အလွန်တော်သည်ဟု သူမထင်သောကြောင့် ဖြစ်သည်။ သူ့ကိုပြောပြရင် ကြီးကြီးမားမား မဟုတ်ပေ။

ထိုစကားကိုကြားတော့ ချူးဖေ့ဟန်၏အတန်းပိုင်သည် အံ့သြသွားခဲ့သည်။ ချူးဖေ့ဟန်သည် ဖုန့်ဟွာအင်တာတိန်းမန့်ပိုင်ရှင်၏ သူငယ်ချင်းဖြစ်သည်။

ချူးဖေ့ဟန်တွင် တောက်ပသောအနာဂတ်ရှိနေပြီဟု ရုတ်တရက် သူယုံကြည်သွားသည်။

ဖုန့်ဟွာအင်တာတိန်းမန့်သည် အလွန်သေးငယ်သော်လည်း ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ သည် ၎င်း၏စွမ်းရည်ကို သက်သေပြခဲ့သည့် အောင်မြင်မှုကြီးတစ်ခုဖြစ်သည်။ ယခုအချိန်တွင်လည်း ကျော်ကြားမှုများစွာ ရရှိခဲ့သည်။

အရေးအကြီးဆုံးကတော့ ဖုန့်ဟွာအင်တာတိန်းမန့်ပိုင်ရှင် ကုနင်းဟာ အရည်အချင်းရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။ ကုနင်းအကြောင်းကိုတွေးပြီး ချူးဖေ့ဟန်၏အတန်းပိုင်က သူမသည် အနာဂတ်တွင် အလွန်အောင်မြင်နိုင်မည်ဟု ထင်ခဲ့သည်။

…

ကုနင်းကလည်း သူ့အတန်းပိုင်ကို ခွင့်တိုင်ကြားလိုက်သည်။

ကုနင်းအတွက် အကြောင်းပြချက်ပေးဖို့ မလိုအပ်ပါ။ တကယ်တော့ သူမဟာ ခွင့်မတောင်းဘဲ အတန်းပျက်ခဲ့ရင်တောင် ပြသနာ မဟုတ်‌ပေ။ သို့သော် ကုနင်းသည်လေးစားစွာဖြင့် သူမ၏ အတန်းပိုင်အား ထိုအကြောင်းကို ပြောပြခဲ့သည်။

ကုနင်းသည် Charm စတူဒီယိုသို့မသွားမီ ချူးဖေ့ဟန်ကို သူမ၏ကျောင်းမှ ခေါ်ရန်သွားခဲ့သည်။

Charm သည် မြို့တော်၏ စီးပွားရေးဗဟိုချက်တွင် စတူဒီယိုတစ်ခုရှိသည်။ ၎င်းတွင် ၀တ်စုံ၊ မိတ်ကပ်နှင့် စတိုင်ပိုင်း၊ လက်ဝတ်ရတနာပိုင်းတို့ရှိသောကြောင့် စတိုးဆိုင်အစား စတူဒီယိုသို့ သွားခဲ့ကြခြင်းဖြစ်သည်။

လက်၀တ်ရတနာပိုင်းရှိ လက်ဝတ်ရတနာအားလုံးသည် Jade Beauty လက်ဝတ်ရတနာများဖြစ်သည်။ ကျောက်စိမ်း၊ ရွှေ၊ ငွေ၊ ပလက်တီနမ်၊ စိန်စသည်ဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ ပါဝင်သည်။

ယခုအချိန်တွင် Jade Beauty လက်ဝတ်ရတနာသည် ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာများကို ရောင်းချရုံသာမက အခြားပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများကိုပါ တဖြည်းဖြည်း ရောင်းချလာသော်လည်း အဓိကပစ္စည်းများမှာ ကျောက်စိမ်းဖြစ်နေဆဲဖြစ်သည်။

ယုကျီသည် နိုင်ငံတကာ ဆုများ အမျိုးမျိုးကို ဆွတ်ခူးပြီး ကျော်ကြားမှု ရရှိပြီးကတည်းက Charm သည် တန်ဖိုးကြီး အမှတ်တံဆိပ်တစ်ခုအဖြစ် ပိုမိုကျော်ကြားလာခဲ့သည်။

ချမ်းသာသောအမျိုးသမီးများ၊ အမွေဆက်ခံသူများနှင့် နာမည်ကြီးများပင်လျှင် ၎င်း၏ဖောက်သည်များဖြစ်သည်။

စုထုန်နျိုသည် Charm ၏ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ Charm စတူဒီယိုကို တည်ထောင်ပြီးနောက်တွင် သူမသည် ၎င်း၏ အဓိကပွဲများအားလုံးကို တက်ရောက်ခဲ့သည်။

စုထုန်နျိုသည် Charm ၏ပြောရေးဆိုခွင့်ရှိသူအနေဖြင့် Charmက သူမ အတွက် ၀တ်စုံခြောက်စုံကို ၎င်းတို့သဘောတူထားသည့်အချိန်အတွင်း အခမဲ့ပေးမည်ဖြစ်သည်။ သို့သော် စုထုန်နျို ပိုလိုချင်ပါက သူမကိုယ်တိုင် ပေးချေရန် လိုအပ်သည်။

စုထုန်နျိုသည် ကုနင်းအတွက် အလုပ်လုပ်နေပြီး Charm ကိုလည်း ကုနင်းမှ ပိုင်ဆိုင်သော်လည်း ၎င်းတို့သည် မတူညီသော ကုမ္ပဏီနှစ်ခုမှ ဖြစ်သောကြောင့် စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။

မိတ်ကပ်နှင့် စတိုင်လ်ဝန်ဆောင်မှုများအတွက် စုထုန်နျိုသည် ၎င်းကို အခမဲ့ခံစားနိုင်သည်။

စုထုန်နျိုသည် ကုနင်း၏ကုမ္ပဏီသို့ဝင်ရောက်ပြီးနောက် အလုပ်များစွာမရှိခဲ့သော်လည်း အချိန်တိုအတွင်း သူမသည် ပို၍ကျော်ကြားလာခဲ့သည်။ မကြာခင်မှာ တောက်ပတဲ့ အနာဂတ်တွေနဲ့အတူ B-list မင်းသမီးဖြစ်လာခဲ့ပါတယ်။

မကြာသေးမီက စုထုန်နျိုသည် ရှိုးတစ်ခုတွင် ဇာတ်ပို့မင်းသမီးအဖြစ် ရွေးချယ်ခံရပြီး နောက်တစ်ပတ်တွင် စတင်ရိုက်ကူးမည်ဖြစ်သည်။

ဖုန့်ဟွာအင်တာတိန်းမန့်၏ သရုပ်ဆောင်များသည် ဖုန့်ဟွာနှင့် အခြားကုမ္ပဏီများမှ ထုတ်လုပ်သော ရှိုးများတွင်လည်း ပါဝင်သရုပ်ဆောင်နိုင်သည်။

သို့သော်လည်း ဖုန့်ဟွာအင်တာတိန်းမန့်မှ သရုပ်ဆောင်များသည် ထုတ်ဖော်၍မရသောစည်းမျဉ်းများကို လက်ခံမည်မဟုတ်သည့်အပြင် ဖုန့်ဟွာသည် ၎င်းတို့၏ပုံရိပ်များကို အလွန်တန်ဖိုးထားသောကြောင့် ၎င်း၏သရုပ်ဆောင်များကို ယင်းကဲ့သို့ပြုလုပ်ရန် ခွင့်ပြုမည်မဟုတ်ပေ။

ကုနင်းနဲ့ ချူးဖေ့ဟန်တို့ဟာ Charm စတူဒီယိုကို ရောက်တဲ့အခါ စုထုန်နျိုလည်း ရှိနေခဲ့သည်။ သူမလည်း ဒီည ပိတ်သိမ်းပါတီ ကြောင့် လာခဲ့တာပင်။

"ဟိုင်း ဘော့စ် မတွေ့တာကြာပြီ"

ကုနင်းကိုတွေ့တော့ စုထုန်နျိုက အဝတ်လဲခန်းကနေ ထွက်လာပြီးနောက် ဂါဝန်ကို ညှိမနေတော့ဘဲ သူမကို လာနှုတ်ဆက်သည်။

"မတွေ့တာကြာပြီ! မင်းကိုကြည့်ပါအုံး။ နာမည်ကြီး အငွေ့အသက်တွေရနေပြီပဲ” ဟု ကုနင်းက ပြုံးပြီး ပြောလိုက်သည်။

စုထုန်နျိုသည် ယခုအခါ လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

"ကျွန်မက မင်းရှေ့မှာ နာမည်ကြီးမဟုတ်ပေမယ့် မင်းရဲ့ ချီးကျူးစကားကြားရတာ ငါအရမ်းပျော်တယ်။ ဒီနေ့ ငါပိုင်ဆိုင်သမျှကို မင်းပေးခဲ့တာပဲလေ" ဟု စုထုန်နျို ကပြောသည်။ သူမက ကုနင်းကို ဘယ်တော့မှ ကျေးဇူးတင်ရန်မမေ့ပေ။

ကုနင်းပြုံးလိုက်သည်။

"ဟိုင်း ထုံနျို!" ချူးဖေ့ဟန်က စုထုန်နျိုကို နှုတ်ဆက်သည်။

"ဟိုင်း ဖေ့ဟန်" စုထုန်နျိုသည် ချူးဖေ့ဟန်အပေါ် အတော်လေး ယဉ်ကျေးပြီး သဘောကောင်းလှသည်။ သူမသည် ကုနင်း၏သူငယ်ချင်းဖြစ်သောကြောင့်မဟုတ်ဘဲ စုထုန်နျိုက အလွန်ချဉ်းကပ်တတ်သောကြောင့်ဖြစ်သည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၇၆ ကောကျားယင်

တကယ်တော့ နာမည်ကြီး မင်းသမီးတစ်ယောက်အနေနဲ့ လိုအပ်လာတဲ့အခါ ခပ်ခွာခွာနေမှာ မဟုတ်သလို သူမကိုယ်သူမ ဟာသဖြစ်‌အောင်လုပ်မိမှာမဟုတ်ပေ။ ဒါမှမဟုတ် မလေးမစား ဆက်ဆံမှာလည်း မဟုတ်ပါ။

တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောနေတာကို ရပ်လိုက်ပြီး သူတို့ရဲ့ ၀တ်စုံရွေးချယ်ဖို့၊ မိတ်ကပ်လိမ်းပြီး ဆံပင်ပြင်ဆင်ဖို့ သွားလိုက်ကြသည်။

ဂါဝန်ကိုရွေးပြီးနောက် ကုနင်းနှင့် ချူးဖေ့ဟန်တို့သည် မိတ်ကပ်လိမ်းကြသည်။

ခဏအကြာတွင် ဝတ်စုံဧရိယာမှ စကားတစ်ခွန်းကို ကြားလိုက်ရသည်။

"ဒီဂါဝန်က ငါရွေးထားတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? မင်း ဘာလို့ တခြားမိန်းမကို ယူခွင့်‌ပေးလိုက်ရတာလဲ" ဒေါသကြီးသော အမျိုးသမီးအသံဖြစ်သည်။

“မစ္စကော၊ အဲဒါကို မင်းရွေးထားတယ်လို့ ပြောခဲ့ပေမယ့် မင်းမသေမချာမချင်း ကျွန်မတို့ မင်းအတွက်သိမ်းထား‌ပေးလို့မရဘူး။ တခြား ဖောက်သည်တွေလည်း ယူလို့ရပါတယ်။ ကျွန်မတို့က မင်းအတွက် သိမ်းထားပေမယ့် နောက်ဆုံး မင်းမရွေးချယ်ဘူးဆိုရင် Charmက အရှုံးပေါ်လိမ့်မယ်” ဟု အရောင်းဝန်ထမ်းတစ်ဦးက ဆိုသည်။ သူမကိုယ်သူမ အရှက်မခွဲဘဲ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုခဲ့သည်။ သူမရှင်းပြတာကိုကြားတော့ ကုနင်းက သူ့သဘောထားကို ကျေနပ်သွားသည်။

ကုနင်းက သူတို့ရဲ့ဖောက်သည်တွေကို ယဉ်ကျေးစွာဆက်ဆံဖို့ပြောခဲ့ပေမယ့် ကိုယ့်ကိုကိုယ် နိမ့်ကျအောငိမလုပ်မိဖို့ပြောခဲ့သည်။ သူတို့က ဘယ်သူ့အ‌ပေါ်မှ အကြွေးတင်နေခြင်းမရှိပါ။ ကျိုးကြောင်းဆီလျော်မှုမရှိသော ဖောက်သည်များနှင့် ရင်ဆိုင်ရပါက ၎င်းတို့သည် ခက်ထန်သင့်သည်။

“ငါဂရုမစိုက်ဘူး။ ငါဒီဂါဝန်ကို အခုပဲလိုချင်တယ်။ ဘယ်သူပဲယူသွားသွား နောက်တစ်ခုကို ရွေးခိုင်း” ဟု ကောကျားယင် က ပြောသည်။

အဲဒါကိုကြားတော့ စုထုန်နျိုက မှန်ထဲကနေ ကုနင်းကို တစ်ချက်ကြည့်လိုက်သည်။ ဒီနေ့တော့ ဒီအမျိုးသမီး တကယ်ကံဆိုးတဲ့နေ့ပဲလို့ သူမကိုယ်သူမ တွေးလိုက်သည်။ သူဌေးရှိနေတဲ့အချိန်မှာမှ သူမ ပြသနာရှာရဲသည်။ သူမ အမည်ပျက်စာရင်းသွင်းခံရမှာ သေချာပေသည်။

ကုနင်းက ငြင်းခုံတာကို ဂရုမစိုက်‌ပေ။ သူမသည် သူဌေးဖြစ်သော်ငြားလည်း ထိုစတိုးဆိုင်တွင် မန်နေဂျာတစ်ယောက်ရှိ၍ ထိုကိစ္စကို တာဝန်ယူပေးမည့်သူ ရှိသည်။

ကောကျားယင် ပြောပြီးတာနဲ့ သူမ မိတ်ကပ်လိမ်းတဲ့နေရာကို လျှောက်သွားသည်။

ကောကျားယင် ဝင်လာပြီးနောက် စုထုန်နျိုက သူမကို မှတ်မိသွားသည်။ သူမဟာ ဖျော်ဖြေရေးနယ်ပယ်မှာ မျက်နှာသစ်ဖြစ်ခဲ့ပေမယ့် ရှိုးနှစ်ခုမှာ ပါဝင်ခဲ့ပြီးနောက် လျှင်မြန်စွာ နာမည်ကြီးလာခဲ့သည်။

တကယ်တော့ ကောကျားယင်က သရုပ်ဆောင် သိပ်မကောင်းတာကြောင့် စုထုန်နျိုရဲ့ မျက်လုံးထဲမှာ အရမ်းထူးဆန်း‌နေသည်။ သူမဟာ ချောမောလှပပေမယ့် ဖျော်ဖြေရေးမှာ ထူးချွန်သူတော့ မဟုတ်ပါ။ ထို့ကြောင့် သူမသည် အချိန်တိုတိုအတွင်းတွင် အကြောင်းပြချက်တစ်ခုတည်းကြောင့် လူကြိုက်များလာခဲ့ပြီး ၎င်းမှာ သူမ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို စီမံခန့်ခွဲရာတွင် ကူညီရန် သူမ၏နောက်ကွယ်တွင် အဖွဲ့တစ်ခုရှိသောကြောင့်ဖြစ်နုိင်သည်။

ကောကျားယင် ဝင်လာပြီးတာနဲ့ သူမက “မင်းတို့ထဲက ဘယ်သူက ရွှေ‌ရောင်ဂါဝန်ကို ယူထားတာလဲ” လို့ မေးသည်။

လုယက်ခံရသကဲ့သို့ သူမ၏လေသံသည် အလွန်မနှစ်မြို့စရာကောင်းလှသည်။

တကယ်လည်း သူမအဲ့လိုထင်‌နေတာပါ။ ကောကျားယင်က ဂါဝန်ကို သဘောကျပြီး လိုချင်လ သေချာမသိပေမယ့် သူမလိုချင်သရွေ့တော့ အဲဒါက သူ့ဟာပဲလို့ ခံစားရသည်။

ကောကျားယင်ကပြောပြီးတာနဲ့ ချူးဖေ့ဟန်က အံ့သြသွားပြီး “ကျွန်မယူလိုက်တာ” ဟုပြောလိုက်သည်။

ကောကျားယင် ကြိုက်နှစ်သော ဂါ၀န်ကိုသည် ချူးဖေ့ဟန် ယူထားမိကြောင်း ထွက်ပေါ်လာခဲ့သည်။ ကောကျားယင်သည် အကြိုက်ကောင်းကြောင်း သူမ ဝန်ခံရမည်။ အကြောင်းမှာ ထိုဂါဝန်သည် တကယ်လှသောကြောင့် ဖြစ်သည်။

တကယ်တော့ Charm ရဲ့ ၀တ်စုံတွေအားလုံးဟာ အရမ်းလှပေမယ့် သူ့စတိုင်လ်နဲ့သူ ရှိ‌ပေသည်။

ထိုစကားကိုကြားတော့ ကောကျားယင်သည် ချူးဖေ့ဟန်ဆီသို့ တည့်တည့်လျှောက်သွားပြီး သူမကို ငုံ့ကြည့်လိုက်သည်။ “အဲဒီဝတ်စုံက ငါရွေးထားတာ ငါ့ကိုပြန်ပေးပါ။ မင်းတခြားတစ်ခုကို ရွေးလို့ရတယ်” ဟု ပြောသည်။

"တောင်းပန်ပါတယ် မ‌ပေးနိုင်ဘူး" ချူးဖေ့ဟန် က အေးစက်သောလေသံဖြင့် ပြောသည်။

သူမသည် ထိုဂါဝန်ကို လွန်စွာသဘောကျကာ သူမနဲ့လည်း လိုက်ဖက်သည်။ သူမနဲ့ မလိုက်ဖက်ရင်တောင်မှ ကောကျားယင်ရဲ့သဘောထားကို မကြိုက်၍ သူမသာ အရှုံးပေးလိုက်ရင် အရှက်ရလိမ့်မည်။

“မင်း…” ကောကျားယင် ဒေါသထွက်သွားသည်။ "ငါဘယ်သူလဲဆိုတာ မင်းသိလား"

သူမသည် သူ၏သြဇာလွှမ်းမိုးမှုဖြင့် အခြားလူများကို အနိုင်ကျင့်တော့မည်။

“ငါဂရုမစိုက်ဘူး။ အရောင်းဝန်ထမ်းပြောတာ ကြားတယ်။ မင်းကသာ အဲ့ဂါ၀န်ကို ကြိုက်ပေမယ့်လည်း ယူမယ်ဆိုတာ မသေချာလို့ အခြားဖောက်သည်တွေက ရွေးသွားနိုင်တာပဲ။ ဘာလဲ? မင်းကိုယ်မင်း Charm စတူဒီယိုထက် သာလွန်သည်ဟု ထင်‌နေတာလား။ မင်းသူတို့ရဲ့ စည်းကမ်းတွေကို လျစ်လျူရှုပြီး မင်းလုပ်ချင်တာကို လုပ်နိုင်တယ်လို့ ထင‌်နေတာလား" ချူးဖေ့ဟန်က ပြင်းပြင်းထန်ထန် ငြင်းခုံသည်။

“မင်း…” ကောကျားယင် စိတ်ဆိုးသွားပြန်သည်။ ချူးဖေ့ဟန်သည် Charm ကို အသုံးပြုခဲ့တဲ့အတွက် သူမအံ့ဩမိသွားသည်။ သူမ၏မျက်လုံးထဲတွင် ချူးဖေ့ဟန်သည် ဘာမှမဟုတ်။

"ကျားယင်၊ ထားလိုက်ပါတော့" ကောကျားယင်၏လက်ထောက်က ပြောသည်။ အမှန်တော့ ကောကျားယင်ကသာ ဒီနေရာမှာ ယုတ္တိမရှိစွာ ဖြစ်ပျက်နေတာပင်။ အခုချက်ချင်း မရပ်ရင် ပိုရှက်စရာ ကောင်းလိမ့်မည်။

ကောကျားယင်သည် ကျော်ကြားသူတစ်ဦးဖြစ်ပြီး သူမ၏ပုံရိပ်ကို ဂရုစိုက်သင့်သော်လည်း ကျော်ကြားမှုများစွာရရှိပြီးနောက် ဆန့်ကျင်ဘက် ပြုမူခဲ့သည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် အခြားသူများထက် သာလွန်သည်ဟု ထင်သည်။ ဒါပေမယ့် တကယ်တော့ သူမဟာ အကျော်ကြားဆုံး မင်းသမီးတော့ မဟုတ်ပါ။

“ဒီနေ့ ငါ ဒီဂါဝန်လိုချင်ပြီ အဲ့တော့ဘာဖြစ်လဲ?" ကောကျားယင်က ကြီးစိုးသော လေသံဖြင့် ပြောသည်။ သူလိုချင်တာမှန်သမျှ ရစေရမည်။

“ငါ မင်းကို မပေးဘူး။ ဘာဖြစ်လဲ?" ချူးဖေ့ဟန်လည်း စိတ်တိုသွားသည်။ ဒီဆိုင်ကို ကုနင်း ပိုင်တာမို့ သူမ ဒီမှာ ပြသနာမရှာချင်ပေမယ့် ကောကျားယင်က မရပ်တန့်ခဲ့ပေ။

ချူးဖေ့ဟန်သည် ကောကျားယင်သည် စိတ်မနှံ့သူဖြစ်ရမည်ထင်ပြီး သူမသည် သူမကိုယ်သူမ အခြားသူများထက် သာလွန်ကောင်းမွန်ပြီး သူမလိုချင်သမျှကို ရရှိနိုင်မည်ဟု အမှန်တကယ်ယုံကြည်နေပုံရသည်။

ကောကျားယင် အလွန်ဒေါသထွက်လာကာ "မင်းငါ့ကိုပြန်မပေးဖို့ သတ္တိရှိရဲလား။ ငါဘယ်သူလဲဆိုတာ မင်းသိလား"

သူမသည် ထိုလှည့်ကွက်ကို ထပ်မံအသုံးပြုခဲ့သည်။

ကောကျားယင်သည် သူ့ကိုယ်သူ အလွန်အမင်း အထင်ကြီးလွန်းသောကြောင့် ချူးဖေ့ဟန်မှ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို ဝေ့လိုက်သည်။

“မစ္စကော မင်းက ဘယ်သူပဲဖြစ်ဖြစ် ဖောက်သည်အားလုံးကို ကျွန်မတို့ဆိုင်မှာ တန်းတူရည်တူဆက်ဆံရပါတယ်။ ကျေးဇူးပြု၍ အခြားဖောက်သည်များကို မနှောင့်ယှက်ပါနဲ့။ ကျွန်မတို့ရဲ့ဝန်ဆောင်မှုကို မင်းမကျေနပ်ရင် တခြားစတိုးဆိုင်ကို သွားလို့ရပါတယ်” ဟု စတူဒီယိုမန်နေဂျာက လေးနက်သောလေသံဖြင့် ပြောသည်။ ကောကျားယင်၏ အပြုအမူကို သူမ အလွန်မကြိုက်ပေ။

နောက်ပြီး သူတို့ရဲ့ သူဌေးက ဒီမှာ ရှိသည်။ ကောင်းကောင်းမကိုင်တွယ်နိုင်ရင် သူတို့ရဲ့ သူဌေးက စိတ်ပျက်သွားနိုင်ပေသည်။

“ငါက ပီးဂက်စ်အင်တာတိန်းမန့်က ရေပန်းအစားဆုံး မင်းသမီးအသစ် ကောကျားယင်ပဲ။ Charm နဲ့ပတ်သတ်ပြီး မကောင်းတဲ့မှတ်ချက်ပေးလိုက်ရင် ငါ့ရဲ့ပရိသတ်တွေက မင်းတို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မယ်ဆိုတာ မင်းမသိဘူးလား။ မင်းတို့ရဲ့ဂုဏ်သတင်းလည်း ပျက်သွားလိမ့်မယ်။ ဘယ်သူမှ မင်းတို့ရဲ့ဝတ်စုံတွေဝယ်ပြီး ဆံပင်ကို ဒီမှာလာလုပ်မှာ မဟုတ်‌တော့ဘူး" ကောကျားယင်သည် အပြစ်တင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သူမသည် လိမ္မာပါးနပ်လွန်းသူ၊ တစ်ကိုယ်ကောင်းဆန်ပြီး မာနကြီးသူဖြစ်သည်။

ကောကျားယင်သာ A-list မင်းသမီးဖြစ်ခဲ့ပါက သူမသည် Charm အပေါ် သက်ရောက်မှုများစွာရှိနိုင်သော်လည်း သူမသည် B-list မင်းသမီးတစ်ဦးသာဖြစ်ခဲ့သည်။ သူမမှာ သြဇာ သိပ်မရှိပေ။

Weibo တွင် Follower ဆယ်သန်းကျော်ရှိသော်လည်း အများစုမှာ ၎င်းတို့၏ကုမ္ပဏီမှ ဖန်တီးထားသည့် ပရိသတ်အတုများဖြစ်သည်။ သူမရဲ့ ပရိတ်သတ်အစစ်အမှန်က ရာနဲ့ချီတာ အများဆုံးပါပဲ။

"ဘာ?" ချူးဖေ့ဟန်က မျက်လုံးပြူးသွားပြန်သည်။ "ငါတကယ် ပီးဂက်စ်အင်တာတိန်းမန့်နဲ့ဝေးနေသင့်ပုံရတယ်"

ခယ့်လီလီနှင့် ကောကျားယင် နှစ်ဦးစလုံးသည် ပီးဂက်စ်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခဲ့သော်လည်း ကောကျားယင်သည် ခယ့်လီလီကဲ့သို့ရာထူးမမြင့်ခဲ့ဘဲ မင်းသမီးတစ်ဦးသာဖြစ်ခဲ့သော်လည်း ခယ့်လီလီ၏ဖခင်မှာ ဒုဥက္ကဋ္ဌဖြစ်သည်။

ထို့ကြောင့် ခယ့်လီလီသည်ပင် သူမကို မထိခိုက်စေနိုင်ခဲ့သောကြောင့် ကောကျားယင်လည်း ထိခိုက်နိုင်မယ်မဟုတ်ပေ။

ထို့အပြင် ကောကျားယင် ပြုမူခဲ့သည့် အရာတွေကိုကြည့်ခြင်းအားဖြင့် သူမသည် ရင်ဘတ်ခပ်ကြီးကြီးနှင့် ခပ်တုံးတုံး မိန်းကလေးတစ်ယောက်သာဖြစ်သည်။

"မင်းဘာပြောလိုက်တယ်?" ချူးဖေ့ဟန်၏စကားကိုကြားတော့ ကောကျားယင်သည် စက္ကန့်အနည်းငယ်မျှ တုန်လှုပ်သွားခဲ့သည်။ ချူးဖေ့ဟန်သည် ပီးဂက်စ်အင်တာတိန်းမန့်နဲ့ရန်ငြိုးရှိသလားဟုသူမ တွေးမိသည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၇၇ ဖျော်ဖြေရေးနယ်ပယ်မှာ သူလိုမိန်းမမရှိနိုင်ဘူး

" ပီးဂက်စ်အင်တာတိန်းမန့်နဲ့ မင်းရဲ့ဆက်ဆံရေးကို ဂရုမစိုက်ဘူးလို့ ပြောတာလေ။ မင်းဘာသာသူတို့နဲ့ လက်မှတ်ထိုးထားတယ်ဆိုရင်လည်း ငါလုံးဝမကြောက်ဘူး။ မင်း ငါတို့ကို အနှောက်အယှက်‌ပေးနေတာ မရပ်ဘူးဆိုရင် ငါမင်းကို မောင်းထုတ်ပစ်ရမယ်" ဟု ချူးဖေ့ဟန်က စိတ်မရှည်တဲ့လေသံနဲ့ ပြောလိုက်သည်။

“မင်း…” ကောကျားယင် ဒေါသထွက်သွားသည်။ သူမသည် သူမ၏နောက်ခံကိုပြသလိုက်ပြီး ပီးဂက်စ်အင်တာတိန်းမန့် ကိုအသုံးပြုကာ ချူးဖေ့ဟန် ကိုဖိအားပေးသော်လည်း ချူးဖေ့ဟန်သည် သူမနှင့်ငြင်းခုံရန် သတ္တိရှိနေဆဲဖြစ်သည်။

ကောကျားယင် သည် သူ့ကိုယ်သူ အလွန်အထင်ကြီးလွန်းနေပုံရသည်။ မဟုတ်လျှင် ပီးဂက်စ်အင်တာတိန်းမန့်အပေါ်ယုံကြည်မှုလွန်ကဲနေပုံရသည်။ သူမသည် ပီးဂက်စ် အင်တာတိန်းမန့်နှင့် လက်မှတ်ရေးထိုးထားသောကြောင့် အခြားလူများက သူ့ကို လေးစားသင့်သည်ဟု သူမယုံကြည်သည်။

ပီးဂက်စ်အင်တာတိန်းမန့်သည် ဖျော်ဖြေရေးနယ်ပယ်တွင် အရေးပါသော‌နေရာတစ်ခုရထားသော်လည်း ဖျော်ဖြေရေးနယ်ပယ်တွင် သြဇာကြီးမားသည့် အခြားဖျော်ဖြေရေးကုမ္ပဏီများလည်း ရှိသေးသည်။ ထို့အပြင် ပီးဂက်စ်အင်တာတိန်းမန့်သည် စီးပွားရေးတွင် ထူးချွန်ခြင်းမရှိပါ။

ပီးဂက်စ်အင်တာတိန်းမန့်ရှိ အငယ်တန်းအလုပ်သမားများအတွက် ၎င်းသည် အမှန်တကယ်ပင် အစွမ်းထက်ပါသည်။ ကံမကောင်းစွာနဲ့ပဲ ကောကျားယင်ဟာ လူရွေးချယ်မှု မှားခဲ့သည်။

“မစ္စကော၊ Charm စတူဒီယိုက မင်းရဲ့လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တဲ့အတွက် အခုထွက်သွားလိုက်ပါ။ Weibo မှာ မင်း ငါတို့အကြောင်းပြောဖို့ စိတ်ကူးရှိနေတယ်ဆိုရင် မင်းရဲ့ ပုံရိပ်ကို ကာကွယ်ဖို့ ကျွန်မ အကြံပါရစေ။ ကျွန်မတို့ စတူဒီယိုမှာ စောင့်ကြည့်ကင်မရာတွေ ရှိပါတယ်။ အမှန်တရားက ပျောက်ကွယ်မသွားနိုင်ပါဘူး” ဟု စတူဒီယိုမန်နေဂျာက ပြောသည်။

ကောကျားယင်သည် ဤနေရာတွင် ခြိမ်းခြောက်နည်းကို သိသူ တစ်ဦးတည်း မဟုတ်‌ပေမယ့်လည်း ဒါဟာ မလိုအပ်ပါ။ သို့သော် သူမသည် အမှန်တကယ်ပင် အရှက်မရှိခဲ့။

“မင်း…” ကောကျားယင် ဒေါသထွက်သွားသည်။ Charm စတူဒီယို၏မန်နေဂျာသည် သူမအား ခြိမ်းခြောက်ရန် သတ္တိရှိမည်ဟု သူမမျှော်လင့်ထားဘဲ သူမကို အရှက်ရစေခဲ့သည်။

ကောကျားယင် တစ်ခုခုပြောခါနီးမှာ သူ့လက်ထောက်က သူ့ကို အနှောင့်အယှက်ပေးလာသည်။ "ကျားယင်၊ ငါတို့ တခြားဆိုင်ကို သွားရ‌အောင်လေ။ ပြဿနာအကြီးကြီးဖြစ်လာရင် ခွန်းကို ရှင်းပြဖို့ ခက်လိမ့်မယ်။ ငါတို့ အခု အချိန်တွေ ကုန်နေပြီ”

ကောကျားယင်၏ လက်ထောက်က သူမသည် ဤနေရာတွင် ပြဿနာကြီးကြီးမားမား ဖြစ်ပေါ်စေမည်ကို စိုးရိမ်နေပြီး ၎င်းသည် သူမအား ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ အရေးကြီးဆုံးကတော့ ကောကျားယင်ဟာ ပြဿနာကြီးကြီးမားမားဖြစ်စေခဲ့မယ်ဆိုရင် သူမလည်း အပြစ်တင်ခံရပါလိမ့်မည်။ အေးဂျင့်ကို သူမရင်ဆိုင်နိုင်မည်မဟုတ်ပေ။

သူမရဲ့ အေးဂျင့်နာမည်ကိုကြားတော့ ကောကျားယင်ဟာ သူမရဲ့ အေးဂျင့်ကို ကြောက်တာကြောင့် ဒေါသတွေ အနည်းငယ်လျော့သွားသည်။

သို့သော်လည်း ကောကျားယင်သည် သူမ၏လက်ထောက်က သူမအား ရုတ်တရက် နှောက်ယှက်ခဲ့ခြင်းကြောင့် ရှက်ရွံ့စွာ ခံစားခဲ့ရသောကြောင့် လက်ထောက်ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ သူမ၏ လက်ထောက်သည် ကြောက်ရွံ့သွားကာ အခြားစကားလုံးကို မပြောရဲ‌တော့ပေ။

အခုအချိန်က မစောတော့ပဲ ညနေ ၆ နာရီမှာ ပါတီပွဲတက်ဖို့ လိုအပ်နေသေးတဲ့အတွက် ကောကျားယင်ဟာ တွန့်ဆုတ်စွာနဲ့ အရှုံးပေးခဲ့ရသည်။

"ကောင်းပြီ၊ ငါ မင်းကို ဒီနေ့ လွှတ်‌ပေလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Charmက ငါ့ရဲ့အကောင်းဆုံးရွေးချယ်မှု မဟုတ်ဘူး။ သွားကြရအောင်!" Charm ၏ မောင်းထုတ်ခြင်းကိုခံရမည့်အစား Charm ကို သူမရွေးချယ်ခဲ့သကဲ့သို့ ကောကျားယင်က အထင်အမြင်သေးစွာဖြင့် ပြောခဲ့သည်။

ထို့နောက် ကောကျားယင်သည် သူမ၏ လက်ထောက်နှင့် ထွက်ခွာသွားခဲ့သည်။

“သူ့လို မိန်းမမျိုးဟာ ဖျော်ဖြေရေးနယ်ပယ်မှာ နေနိုင်မှာ မဟုတ်ဘူး။ သူ့မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း လုံး၀မပြည့်မှီဘူး။ သူက ဒီနှစ်ရဲ့ ရေပန်းအစားဆုံး မင်းသမီးအသစ်ဖြစ်လာတာ ဘယ်လောက်တောင် အံသြစရာ ကောင်းလိုက်လဲ” ချူးဖေ့ဟန်က ကောကျားယင် မရှိတော့တာနဲ့ ညည်းညူခဲ့သည်။ သူမသည် ကောကျားယင်အပေါ် အမှန်တကယ်ပင် ကောင်းသောအမြင်မရှိပေ။

“ကောကျားယင်က တကယ်ကို ဒီနှစ်ရဲ့ ရေပန်းအစားဆုံး မင်းသမီးအသစ်။ အခုအချိန်အထိ ရှိုးနှစ်ခုသာ သရုပ်ဆောင်ရသေးတယ်။ နှစ်ခုစလုံးက ဇာတ်ပို့ နေရာမှာပဲ။ ဒါပေမယ့် သူ ကျော်ကြားမှုတွေ အများကြီး ရထားတယ်”

“တကယ်တော့ ဖျော်ဖြေရေးနယ်ပယ်မှာ ကျော်ကြားသူတွေဟာ သူတို့ရဲ့ အရည်အချင်းဒါမှမဟုတ် လူအာရုံစိုက်အောင်လုပ်တာဖြစ်ဖြစ် အဲ့တာတွေကို အခြေခံပြီး အားကိုးကြတယ်။ ကောကျားယင်က ဒုတိယနည်းလမ်းနဲ့တက်လာတာဆိုတဲ့ စံနမူနာကောင်းတစ်ခု‌ပေါ့။ သူ့ကုမ္ပဏီက သူ့အတွက် ငွေနဲ့ အာဏာတွေသုံးခဲ့တယ် ကောကျားယင်ကအများအမြင်မှာတော့ ဖြူစင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း အဲ့တာက သူ့ရဲ့ သရုပ်မှန်မဟုတ်မှန်း သိသာတယ်။ အဲ့တာကြောင့် သူကိုယ်တိုင် ပြင်ဆင်ဖို့ မလုပ်ဘူးဆိုရင် အနှေးနှင့်အမြန် ပျက်စီးသွားမှာပဲ” ဟု စုထုန်နျိုက ဆိုသည်။

ကုနင်းနဲ့ ချူးဖေ့ဟန် ရှေ့မှာပဲ သူမ ဒီလို‌ပြောရဲသည်။ သူမသည် ထိုအကြောင်းကို ပြင်ပလူများနှင့် ဘယ်တော့မှ မပြောနိုင်ပေ။

"သူ့ သရုပ်ဆောင်တာက‌ရော ဘယ်လိုလဲ" ချူးဖေ့ဟန်က မေးလိုက်သည်။

“ရိုးရိုးသားသားပြောရရင် မကောင်းဘူး”

“ဒီလိုသာ‌ဆို သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ထူးထူးခြားခြားမဟုတ်ပေမယ့် သူတို့ရဲ့ ကုမ္ပဏီက သူနာမည်ကျော်ကြားအောင် ကြိုးစားနေတာပေါ့။ သူမှာ ကုမ္ပဏီက အဆက်အသွယ်ရှိရမယ် ဒါမှမဟုတ် ထုတ်ဖော်လို့မရတဲ့ စည်းမျဉ်း‌တွေကို လက်ခံထားတာဖြစ်ရမယ်" ချူးဖေ့ဟန်က ရွံရှာစွာ ပြောလိုက်သည်။ အချိတ်အဆက်တွေကို မှီခိုနေရသူတွေ၊ လူအာရုံစိုက်အောင်စတန့်ထွင်မှုတွေ ဒါမှမဟုတ် ကျော်ကြားလာဖို့အတွက် ထုတ်ဖော်၍မရနိုင်တဲ့ စည်းမျဉ်းတွေကို အသုံးပြုသူတွေကို သူမတကယ် မုန်းတီးသည်။

တကယ်တော့ ဖျော်ဖြေရေးနယ်ပယ်မှာ ဒီလိုမျိုးတွေ အများကြီးရှိပေသည်။

ချူးဖေ့ဟန်သည် လုပ်ငန်းနယ်ပယ်တွင် အချိတ်အဆက်များရှိသော်လည်း သူမသည် ထုတ်ဖော်၍ မရနိုင်သော စည်းမျဉ်းများကို လက်ခံခြင်း သို့မဟုတ် လူအာရုံစိုက်အောင် ရှိုးများလုပ်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ပေ။ ထို့အပြင် သူမ၏ အချိတ်အဆက်မှုများကို အပြည့်အဝအသုံးပြုရန် လုံလောက်သော အရည်အချင်းများ လိုအပ်‌ပေသည်။

…

ညနေ ၄း၃၀ တွင် သုံးယောက်လုံး ပြီးသွားသဖြင့် အတူတူ ထွက်ခွာသွားကြသည်။ ချူးဖေ့ဟန်က ကုနင်းရဲ့ ကားနဲ့လိုက်ပြီး စုထုန်နျို က သူ့ကိုယ်ပိုင်ကားနဲ့သွားသည်။

ညနေ ၅း၃၀ နာရီတွင် ဟွမ်းဒင်ဟိုတယ်၌ဖြစ်သည်။

ဖုန့်ဟွာအင်တာတိန်းမန့်သည် ယခုအချိန်အထိ ထင်ရှားကျော်ကြားသည့် ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’လက်ရာတစ်ခုသာ ဖန်တီးရ‌သေးသော်လည်း ၎င်းသည် မျက်နှာများစွာရရှိထားပြီးဖြစ်သည်။ ‘ဧကရီတစ်ပါး၏စစ်သွေးစစ်မာန်’ လည်း ပရိသတ်၏ အာရုံစိုက်မှုကို အများအပြားရရှိခဲ့သည်။ ထို့ကြောင့် ‘ဧကရီတစ်ပါး၏စစ်သွေးစစ်မာန်’၏ ပိတ်သိမ်းပါတီပွဲ၌ ဖျော်ဖြေရေး သတင်းထောက်များ အများအပြား ရောက်လာကြသည်။ လုကျန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော ဒါရိုက်တာများနှင့် ထုတ်လုပ်သူအများအပြားလည်း တက်ရောက်ခဲ့ကြသောကြောင့် ပါတီသည် လှုပ်ရှားသက်၀င်နေသည်။

ညနေ ၆ နာရီမှ စတင်ခဲ့သော်လည်း ညနေ ၅း၃၀ တွင် ဧည့်သည်များစွာ တက်ရောက်နေပြီဖြစ်သည်။ အရေးပါသော သရုပ်ဆောင်အချို့သာ အနည်းငယ်နောက်ကျသော်လည်း ပုံမှန်အားဖြင့် အချိန်မှန်လေ့ရှိပါသည်။

တကယ်တော့ အရေးကြီးတဲ့ သရုပ်ဆောင်တွေ များများစားစား မရှိခဲ့ဘဲ သူတို့သာလျှင် ‘ဧကရီတစ်ပါး၏စစ်သွေးစစ်မာန်’ရဲ့ အဓိက ဇာတ်ဆောင်များဖြစ်ကြသည်။

ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက ညနေ ၅ နာရီ ၅၀ မှာ ရောက်သည်။ ပွဲထဲသို့ လျှောက်သွားလိုက်သည်နှင့် ဓာတ်ပုံရိုက်ရန် မရေမတွက်နိုင်သော ကင်မရာများ လှည့်လာကြသည်။

တိုက်ဆိုင်စွာပင် ကောကျားယင်သည်လည်း ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’၏ ပိတ်သိမ်းပွဲကို တက်ရောက်ခဲ့ပြီး ကုနင်းနှင့် သူမ၏ သူငယ်ချင်းများမ‌ရောက်မှီ စက္ကန့်ပိုင်းမျှသာ ကြိုရောက်ခဲ့သည်။

ထို့ကြောင့် ကောကျားယင် ကားထဲမှ ဆင်းလာသောအခါ ကုနင်းက သူမကို မြင်လိုက်ရသည်။ သူ့နောက်ကျောကိုသာ မြင်လိုက်ရပေမယ့် သူမကိုသူမ မှတ်မိသည်။

ကောကျားယင်သည် ‘ဧကရီတစ်ပါး၏စစ်သွေးစစ်မာန်’၏ ပိတ်သိမ်းပါတီသို့ လာ‌ေသာ‌ေကြာင့် ကုနင်းအနည်းငယ် အံ့သြမိသွားသည်။

သို့သော်လည်း ကုနင်းသည် ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ သူမနှင့် ဆက်လက် ငြင်းခုံရန် ရည်ရွယ်ချက် မရှိပေ။ ကောကျားယင်က ဒီည ပါတီမှာ သူမကို ထပ်ပြီး ဒုက္ခပေးဝံ့ရင် သင်ခန်းစာပေးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါ။

ချူးဖေ့ဟန်နှင့် စုထုန်နျိုတို့သည် ကောကျားယင်၏ နောက်‌ကျောကို မြင်သော်လည်း သူမကို မမှတ်မိခဲ့ပေ။

ကောကျားယင်သည် ပီးဂက်စ်အင်တာတိန်းမန့်နှင့် လက်မှတ် ရေးထိုးထားသော်လည်း ဖုန့်ဟွာအင်တာတိန်းမန့်မှ ကျင်းပသည့် ပါတီသို့ သူမ မတက်ရောက်နိုင်ဟု မဆိုလိုပါ။ ၎င်းတို့သည် ပြိုင်ဘက်များ ဖြစ်ကြသော်လည်း ပူးပေါင်းဆောင်ရွက်မှုလည်း ရှိသည်။

သရုပ်ဆောင်များသည် ၎င်းတို့၏ ကုမ္ပဏီမှ ပြုလုပ်သော ရှိုးများတွင် ပါဝင်ရုံသာမက အခြားကုမ္ပဏီများမှ ထုတ်လုပ်သည့် ရှိုးများတွင်လည်း ပါဝင်မည်ဖြစ်သည်။ သင့်တော်တဲ့ အခန်းကဏ္ဍတွေရှိနေသရွေ့ ယှဉ်ပြိုင်ရမှာပါ။

ကောကျားယင်က အဓိကအားဖြင့် လုကျန်းကြောင့် ဒီကိုလာတာပင်။

လုကျန်းသည် ဇာတ်ကားကောင်းများစွာရိုက်ကူးဖူးသည့် နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သည်။ သူ့ရဲ့ ရှိုးပွဲတွေနဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်များစွာရဲ့ အာရုံစိုက်မှုနဲ့ ကျော်ကြားမှုကို ရနိုင်တာမို့ သူ့ရဲ့ရှိုးတွေမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် သူ့ကို အထင်ကြီးလာအောင် ကြိုးစားတဲ့ သရုပ်ဆောင်များစွာ ရှိသည်။

ကောကျားယင်သည် သူမ၏ အေးဂျင့်နှင့် လုကျန်း အတိုင်းအတာတစ်ခုအထိ ရင်းနှီးသောကြောင့် ဖိတ်ကြားခံခဲ့ရသည်။ ကောကျားယင်၏ အေးဂျင့်ကို လုကျန်းမှ ဖိတ်ကြားခဲ့သည်။

တကယ်တော့ ကောကျားယင်ရဲ့ အေးဂျင့်က တခြားသရုပ်ဆောင်တစ်ယောက်နဲ့ အတူလာဖို့ စီစဉ်ထားပေမယ့် ကောကျားယင်ဟာ ပီးဂက်စ်အင်တာတိန်းမန့်ရဲ့ ဒါရိုက်တာတစ်ယောက်နဲ့ အထူးဆက်ဆံရေးရှိနေတာကြောင့် အေးဂျင့်က သူမနဲ့အတူ လာဖို့ သဘောတူခဲ့ရသည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၇၈ ထုံးတမ်းစဉ်လာအရ

သူသည် အာဏာအကန့်အသတ်ရှိသော အေးဂျင့်တစ်ဦးသာဖြစ်သောကြောင့် ဒါရိုက်တာတစ်ဦး၏ အမိန့်ကို နာခံရမည်ဖြစ်သည်။ ဒါပေမယ့် ကောကျားယင်က သူမရဲ့ အရည်အချင်းတွေကို ကောင်းကောင်းသိတာကြောင့် ကျင့်ထုံးတွေကို ဖြတ်ကျော်ဖို့သာ ဒီကို ခေါ်လာခဲ့တာပါ။ လုကျန်းကို သူမအား အထင်ကြီးအောင် လုပ်ဖို့ မဖြစ်နိုင်ပေ။

ကောကျားယင်၏ အေးဂျင့်သည် ကောကျားယင်သည် ဤနေရာ၌ သူမ၏ လုပ်ရပ်များကို မထိန်းချုပ်နိုင်မည်ကို စိုးရိမ်သောကြောင့် လုကျန်း စိတ်ဆိုးမည်ဆိုး၍ လုကျန်းနှင့် သူမအကြောင်းကို ကြိုပြောခဲ့သည်။

ကောကျားယင်သည် ထိုအကြောင်းကို ဘာမှမသိဘဲ သူမသည် ယနေ့ည ပိတ်သိမ်းပါတီတွင် အလွန်ထင်‌ပေါ်ကျော်ကြားပြီး လုကျန်း၏ ခွင့်ပြုချက်ကိုလည်း ရရှိလိမ့်မည်ဟု သူမယုံကြည်ခဲ့သည်။

သူမသည် အလွန်တစ်ကိုယ်‌ေကာင်းဆန်သောကြောင့် သူမသည်သာ အကောင်းဆုံးဟု အမြဲယုံကြည်ခဲ့သည်။

ကောကျားယင်သည် ကုနင်းမရောက်မီ စက္ကန့်အနည်းငယ်အလိုတွင် သတင်းထောက်များစွာက သူမအား ဓာတ်ပုံရိုက်ပြီး အင်တာဗျူးလုပ်ရန် အဆိုပြုခဲ့သည်။

သူတို့ရဲ့ဓာတ်ပုံများကိုကြည့်ခြင်းဖြင့် ကောကျားယင်ဟာ မောက်မာမှုကို အရိပ်အမြွက်ပြတဲ့ လျောက်ပတ်တဲ့ အပြုံးကို ပန်ဆင်ထားသည်။

သူမဟာ အခုနောက်ပိုင်း နာမည်ကြီးလာတာကြောင့် အနုပညာရှင်တစ်ယောက်အတွက် ဒါက အရမ်းပုံမှန်ပါပဲ။ တခြားသူတွေထက် သာလွန်တယ်လို့ မထင်တဲ့ ထင်ရှားကျော်ကြားသူ အနည်းငယ်သာရှိပေသည်။

သူတို့ဟာ နာမည်ကြီးလာပြီးနောက်မှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်နဲ့ လူတော်တော်များများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ ကောကျားယင်သည် အင်တာဗျူးဖြေရန် အဆင်သင့်ဖြစ်သောအခါ သတင်းထောက်များအားလုံး ရုတ်တရက် သူမကို ထားသွားခဲ့သည်။

ချက်ခြင်းပဲ ကောကျားယင်က စိတ်ဆိုးပြီး လှည့်ကြည့်လိုက်တယ်။

“အိုး အဲဒါ စုထုန်နျိုပဲ သူအရမ်းလှတာပဲ!"

"ဟုတ်တယ် ဒါပေမယ့် သူ့ဘေးက ကောင်မလေးနှစ်ယောက်က ဘယ်သူလဲ။ အထူးသဖြင့် အနီရောင် ၀တ်ထားတဲ့ မိန်းကလေးက ရင်သပ်ရှုမောဖွယ်ကောင်းလိုက်တာ။ သူက စုထုန်နျိုကိုတောင် လွှမ်းမိုးထား‌ပေမယ့်လည်း စုထုန်နျိုက လုံးဝ မနာလိုတဲ့ပုံမပေါ်ဘူး"

“ဉာဏ်ကောင်းတဲ့သူတွေဟာ သူတို့ရဲ့ မနာလိုစိတ်တွေကို မျက်နှာမှာ မပြတတ်ပေမယ့် သူတို့ တကယ်ဘာတွေးနေတယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး”

"ဟုတ်တယ်"

"အနီရောင်ဝတ်ထားတဲ့ ကောင်မလေးကို တော်တော်ရင်းနှီးနေသလိုပဲ"

"သူမက နာမည်ကြီးလား"

"ဖြစ်ကောင်းဖြစ်နိုင်တယ်!"

"သူမက စုထုန်နျို ရဲ့သူငယ်ချင်းလည်းဖြစ်နိုင်တယ်"

“ဒါလည်း ဖြစ်နိုင်တာပဲ”

အထက်ဖော်ပြပါအားလုံးသည် ကုနင်းကို မသိသော သူများကြားရှိ ဆွေးနွေးခန်းဖြစ်သည်။

ကောကျားယင်သည် အခြားလူများက သူမ၏ အာရုံစိုက်မှုကို ခိုးယူသွားသောအခါ မကျေနပ်သော်လည်း စုထုန်နျိုကို မြင်လိုက်သည်နှင့် သူမ၏ ဒေါသက ပျောက်ကွယ်သွားခဲ့သည်။

စုထုန်နျိုသည် သူမထက် ပိုမိုကျော်ကြားပြီး နာမည်ကြီးကြောင်း သူမ ရှင်းရှင်းလင်းလင်း သိထားသည်။ အရေးကြီးဆုံးကတော့ စုထုန်နျိုဟာ ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’မှာ အဓိကပါဝင်သရုပ်ဆောင်ထားတာကြောင့် လူတွေက သူမကို အရမ်းအာရုံစိုက်ခဲ့ကြတာကို နားလည်နိုင်ပါသည်။

သူမ ယနေ့ Charm စတူဒီယိုတွင်ရှိစဉ် ကောကျားယင်သည် ချူးဖေ့ဟန်နှင့် ငြင်းခုံရန် အာရုံစိုက်ထားသောကြောင့် ဘေးတွင်ရှိ‌နေခဲ့သော စုထုန်နျို နှင့် ကုနင်းကို သတိမထားမိခဲ့ပေ။

ကောကျားယင်သည် ကုနင်းကို မသိသော်လည်း ကုနင်း၏ ထူးထူးခြားခြား လှပသော မျက်နှာကို မြင်လိုက်သည့်နောက် မနာလိုဖြစ်မိသည်။ ကုနင်း၏ မျက်နှာသည် လှပလွန်းသဖြင့် သူမ ဖျက်ဆီးပစ်ချင်သည်။

ဖြစ်နိုင်လျှင် ထိုမျက်နှာသည် သူမမျက်နှာဖြစ်ပါစေဟုသာ ဆုတောင်းပစ်ချင်သည်။

တကယ်တော့ ကုနင်းဟာ ဖျော်ဖြေရေးနယ်ပယ်မှာတောင် ထူးထူးခြားခြား အသွင်အပြင်ရှိ‌ပေသည်။ ကောကျားယင်သာ ထိုမျက်နှာမျိုးရှိလျှင် သူမအတွက် အကျိုးကျေးဇူးများ ပိုရနိုင်သည်။

တစ်ချိန်တည်းမှာပင် ကောကျားယင် သည် ကုနင်း၏ဘေးရှိ ချူးဖေ့ဟန်ကိုမြင်ပြီးနောက် ချက်ခြင်းဒေါသထွက်သွားသည်။

သူပဲ! သူမဒီမှာဘာလာလုပ်တာလဲ။

ဘယ်လိုမှ မဖြစ်နိုင်တာ သူက စုထုန်နျိုနဲ့ တူတူရှိနေတယ်။ စုထုန်နျိုက သူ့ကို ဒီကို ခေါ်လာခဲ့တာလား။ စုထုန်နျိုနဲ့ သူမရဲ့ဆက်ဆံရေးကဘာလဲ။

သူမက ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’အဖွဲ့သားတွေ ဖိတ်ကြားထားတဲ့ မင်းသမီးလား။

ချူးဖေ့ဟန်ကို ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’၏ ၀န်ထမ်းများမှ ဖိတ်ကြားခြင်းခံရနိုင်ခြေကို တွေးတောရင်း ကောကျားယင်သည် မနာလိုမှုများနှင့် ပြည့်နေသည်။

ထို့အပြင် သူမကြိုက်သော ဂါဝန်ကို ချူးဖေ့ဟန်၏ ခန္ဓာကိုယ်ပေါ်တွင် ယခုမြင်နေရသဖြင့် ကောကျားယင်သည် ဒေါသထွက်နေသည့် သူမကိုယ်သူမ မထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေသည်။

ကောကျားယင် ထိုသို့မလုပ်ရဲတာက ‌သူမကို တားထားသော အကြောင်းပြချက်တစ်ခုကြောင့်ဖြစ်သည်။ သူမဟာ အခု အရေးကြီးတဲ့ ပွဲတစ်ခုမှာ ရှိနေ၍ သူမရဲ့ ပုံရိပ်ကောင်းကို ထိန်းသိမ်းထားဖို့ လိုအပ်သည်။

ကောကျားယင်၏ အေးဂျင့်သည် သူမ၏ တုံ့ပြန်မှုအားလုံးကို သတိပြုမိခဲ့သည်။ သူဘာမှမပြောပေမယ့် သူမကိုတကယ်မကြိုက်ပါ။ သူ့မှာ တခြားရွေးချယ်စရာရှိရင် သူမကို ဒီကို ခေါ်လာမှာ မဟုတ်ပေ။

အဲဒီနောက် ကုနင်းကို မှတ်မိတဲ့ လူတွေက သူမနဲ့ ပတ်သက်ပြီး လုံးဝ ကွဲပြားတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြသည်။

“ဘုရား‌ရေ သူက ကုနတ်ဘုရားမမလား။ နောက်ဆုံးတော့ သူ့ကို တကယ့်လက်တွေ့ဘဝမှာ မြင်ဖူးပြီ။ သူအရမ်းလှတာပဲ"

"သူက ကုနတ်ဘုရားမ! လူတွေက သူ့ကို ကုနတ်ဘုရားနလို့ ခေါ်တာ အံ့သြစရာ မရှိဘူး။ သူမက တကယ်လှတယ်”

"ကုနတ်ဘုရားမက အောင်မြင်သလောက် လှတယ်။ သူက ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ”

"ငါလည်းသဘောတူတယ်"

“…”

ကုနင်းကို အင်တာဗျူးဖို့အတွက် သတင်းထောက်တွေအားလုံးက သူတို့ကို ဝိုင်းထားကြသည်။

"ကုနတ်ဘုရားမ? ခွန်း သူကဘယ်သူလဲ" ကောကျားယင်က သူ့အေးဂျင့်ကို မေးသည်။ ကုနင်းကို ကုနတ်ဘုရားမလို့ လူတိုင်းခေါ်ကြတာကိုကြားပြီး သတင်းထောက်တွေကလည်း ကုနင်းကို အင်တာဗျူးဖို့ ဝိုင်းဝိုင်းလည်နေတာတွေ့တော့ ကောကျားယင် မျက်မှောင်ကြုတ်လိုက်သည်။

ကုနင်းသည် အလွန်ရင်သပ်ရှုမောဖွယ်ကောင်းပြီး နတ်ဘုရားမတစ်ဦးဖြစ်ရန် အရည်အချင်းပြည့်မီကြောင်း သူမ ဝန်ခံခဲ့ရသော်လည်း ကုနင်း၏ ကျော်ကြားမှုကို မနာလိုဖြစ်ရသည်။

ကုနင်းသည် စုထုန်နျိုထက်ပင် သြဇာကြီးသည်ဟု ထင်ရသည်။

“သူက ဖုန့်ဟွာအင်တာတိန်းမန့်ရဲ့ သူဌေး” ဟု ဟန်ခွန်း က ပြောသည်။

"ဘာ?" ဒါကိုသိလိုက်ရတော့ ကောကျားယင်က ထိတ်လန့်တကြားနဲ့ မျက်လုံးတွေပြူးသွားသည်။ဖုန့်ဟွာအင်တာတိန်းမန့်ရဲ့ သူဌေးက မိန်းကလေးတစ်ယောက်ဖြစ်‌နေ၍ အံ့ဩမိသွားသည်။ လုရှောင်းလို့ သူမထင်ခဲ့မိသည်။

မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် အသက် ၂၀ ထက်ငယ်တဲ့ပုံပေါက်သည်။ သူက ဖုန့်ဟွာအင်တာတိန်းမန့်မှာ ငယ်‌ငယ်လေးနဲ့ သူဌေး ဘယ်လိုဖြစ်လာတာလဲ?

ကောကျားယင်သည် ကုနင်းသည် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖွင့်ထားသော သူဌေးတစ်ဦး၏ အငယ်အနှောင်းဖြစ်ရမည် ဟု သူ့ကိုယ်သူ တွေးနေမိသည်။

သူမသည် သူမ၏ခန္ဓာကိုယ်ကို ကျော်ကြားမှုနှင့် ဓနဥစ္စာအတွက် ရောင်းစားသောကြောင့် အခြားလှပသောအမျိုးသမီးများသည် အလားတူလုပ်ဆောင်သည်ဟု ယုံကြည်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် ကုနင်းဟာ ဖုန့်ဟွာအင်တာတိန်းမန့်ရဲ့ တကယ့်သူဌေးဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပါပဲ။ ထို့ကြောင့် သူမ၏ ဂါဝန်ကို ယူသွားသော မိန်းကလေးသည် ဖုန့်ဟွာအင်တာတိန်းမန့်မှ လက်မှတ်ရေးထိုးထားသည့် အနုပညာရှင် သို့မဟုတ် သူ့သူဌေး၏ သူငယ်ချင်းဖြစ်နိုင်သည်။

အဲဒါကိုတွေးပြီး ကောကျားယင် စိတ်မကြည်မလင်ဖြစ်သွားသည်။

ဟန်ခွန်းက ကောကျားယင် ရဲ့ အမူအရာတွေကို အာရုံစိုက်ပြီး သူမစိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာကို သိ၍ "ကုနင်းက ကျောက်လောင်းကစားကို အားကိုးပြီး ချမ်းသာလာခဲ့တာ။ သူက Jade Beautyလက်ဝတ်ရတနာကို အရင်ဆုံး တည်ဆောက်ခဲ့တယ်။ သူက အရမ်းငယ်‌သေးပေမယ့်လည်း ထူးချွန်ထက်မြက်တဲ့ အရည်အချင်း‌တွေနဲ့ မယုံနိုင်စရာ အဆက်အသွယ်တွေရှိတယ်။ အထူးသဖြင့် သူက ထန်ဟွမ်၊ ရှန်းရှစ်နဲ့ ကျင်းလင် အဖွဲ့အစည်းတို့နဲ့ ရင်းနှီးတယ်‌လေ။ ဒီလုပ်ငန်းကြီးတွေအားလုံးက သူ့ကုမ္ပဏီဖွင့်ပွဲကို တက်ရောက်ဖို့ လူတွေကို လွှတ်ထားတယ်”

ကုနင်းနဲ့ပတ်သက်တဲ့ သတင်းတွေကို အထူးဂရုပြုသူတွေသာ ဒါတွေကို သိမှာပါ။ လူတွေက အင်တာနက်မှာ ကုနင်းရဲ့ အကြောင်းကိုသာ လေ့လာခဲ့မယ်ဆိုရင် သူမရဲ့ ဆက်သွယ်မှုတွေကို သူတို့ သိမှာ မဟုတ်ပေ။

ဟန်ခွန်း၏စကားကိုကြားတော့ ကောကျားယင် အံ့သြသွားသည်။

ဘာ? ကုနင်းသည် Jade Beautyလက်ဝတ်ရတနာ၏ပိုင်ရှင်လည်းဖြစ်ပြီး သူမသည် လုပ်ငန်းအဖွဲ့အစည်းကြီးများစွာနှင့်ပင် ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်တဲ့။

Jade Beauty လက်ဝတ်ရတနာကို ကုနင်းမှ ပိုင်ဆိုင်သောကြောင့် ခိုကျီ နှင့် Charmတို့သည်လည်း သူမပိုင်တာ ဖြစ်နိုင်သည်။

Jade Beauty လက်ဝတ်ရတနာ၊ ခိုကျီ နှင့် Charm တို့ရဲ့ သူဌေးက တစ်‌ယောက်ထဲဖြစ်ကြောင်းကို ကောကျားယင် မှ သိသော်လည်း သူဌေးမှာ မည်သူဖြစ်သည်ကို သူမ မသိခဲ့ပေ။

သူမသည် ယခင်က Charm စတူဒီယိုတွင် ဂါဝန်များကို အကြိမ်များစွာဝယ်ခဲ့ပြီး ဆံပင်ကို အကြိမ်များစွာ လုပ်ခဲ့ဖူးသောကြောင့် အသုံးပြုသည့် မိတ်ကပ်နှင့် လက်ဝတ်ရတနာအားလုံးသည် ခိုကျီနှင့် Jade Beauty လက်ဝတ်ရတနာတို့မှ ဖြစ်၍ ၎င်းတို့သည် သူဌေးတစ်ဦးတည်းမှ ပိုင်ဆိုင်ကြောင်း သိရှိခဲ့သည်။

All Chapters