အခန်း (၂၁၄၃-၂၁၄၈)
Vol. 131 Ch. 2143-2148
အခန်း ၂၁၄၃ စကားပြောနိုင်ပြီ
လင်ရှောင်းထင် ပြောသလိုပဲ တစ်ခါတရံမှာ ရွေးချယ်ခွင့်မရှိခဲ့ပါ။ သူတို့ရဲ့ အချစ်ရေးကြောင့် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို မစွန့်လွှတ်နိုင်ပေ။
ကုနင်းက နောက်ပြောင်ပြောသည်ကို လင်ရှောင်းထင် နားလည်သောကြောင့် သူစိတ်မချမ်းသာမဖြစ်ပေ။ အဲဒီအစား သူက “မင်း စိတ်အနှောင့်အယှက်ဖြစ်မှာကို ကိုယ်ကြောက်တယ်။ ကိုယ်တို့ရှေ့မှာ ရှည်လျားတဲ့ အနာဂတ်ရှိတယ်။ ဒီနှစ်ပေါင်း ဒါဇင်နဲ့ချီပြီးရင် ကိုယ်တို့ အတူတူနေဖို့ နှစ်ပေါင်း ဒါဇင်နဲ့ချီပြီး ရှိသေးတယ်”
ကုနင်းသည် လင်ရှောင်းထင်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ မပြော။
မကြာခင်မှာပဲ ရှောက်ချန်းက ယန်ကျွင်း အတုကို ခေါ်ဆောင်လာခဲ့သည်။ သူတို့မဝင်လာခင်မှာ လင်ရှောင်းထင်ဟာ ပုံမှန်အတိုင်း လေးနက်တဲ့ပုံဖြစ်သွားသည်။
နဂိုက ယန်ကျွင်း အတုဟာ ကုနင်းကို အကြွင်းမဲ့ ယုံကြည်ခဲ့သော်လည်း သူ့ကို တရားစွဲခံနေရဆဲဖြစ်ကြောင်း သိလိုက်ရသောအခါတွင်တော့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။ ယန်ကျွင်းက ဖိုင်တွေကို ဖျက်ဆီးလိုက်တယ်ဆိုတာကို သူမသိခဲ့သလို ရှောက်ချန်းက ယန်ကျွင်း ဖက်ကလို့ သူထင်ခဲ့သည်။
ကုနင်းက သူ့ကို မကူညီနိုင်ဘူးလား။ ကုနင်းက သူ့ကို မကူညီနိုင်ရင် သူမကို အပြစ်မတင်ပေမယ့် သူမရဲ့ စွက်ဖက်မှုကြောင့် လက်စားချေဖို့ ပျက်ယွင်းသွားတာကြောင့် သူမကို ဒေါသထွက်မှာပဲ ဖြစ်ပါသည်။ သူ ထောင်ကျလိမ့်မယ်လို့ သူထင်ခဲ့သည်။
သေဒဏ်မခံရနိုင်သော်လည်း ထောင်ထဲတွင် နှစ်ပေါင်းများစွာ နေရမည်။
တကယ်တော့ သူထောင်ကလွတ်သွားရင်တောင် ယန်ကျွင်းကို ပြန်ပေးဆပ်ခိုင်းမှာကို ရပ်တန့်လိုက်မှာ မဟုတ်ပါ။
ယခု ရှောက်ချန်း၏ရုံးခန်းတွင် ကုနင်းကိုတွေ့သောအခါတွင် သူ့မှာ မျှော်လင့်ချက်များ ရှိလာပြန်သည်။ သူသည် သူမအား စိတ်လှုပ်ရှားစွာ မျှော်လင့်ကာ ကြည့်လိုက်သည်။
ယန်ကျွင်း အတုကို လက်ထိပ်ခတ်ထားပြီး ကုနင်းက ရှောက်ချန်းကို လွှတ်ပေးဖို့ မပြောခဲ့ပါ။ နောက်ဆုံးတော့ သူက အခု သံသယ၀င်နေဆဲအနေအထားတွင်တည်ရှိသည်။
“ထိုင်ပါဦး” ကုနင်းက ပြောသည်။
ယန်ကျွင်း အတုက ချက်ချင်းမထိုင်ဘဲ ရှောက်ချန်းကို ကြည့်လိုက်သည်။
ကုနင်းသည် အဆင့်အတန်းကြီးမြင့်သော်လည်း ဤနေရာသည် ရှောက်ချန်း၏ရုံးခန်းဖြစ်ပြီး သူကလုံးဝညစ်ပတ်နေသည်။ တခြားသူတွေရဲ့ နေရာတွေကို ညစ်ပတ်စေမှာ ကြောက်သည်။
“ထိုင်ပါ” ရှောက်ချန်းက ပြောသည်။
ရှောက်ချန်း ပြောလိုက်ကတည်းက ယန်ကျွင်း အတုက ထိုင်လိုက်သည်။
"ယန်ကျွင်း အော် မဟုတ်ဘူး ငါ မင်းကို ယန်စစ်ယွမ်လို့ခေါ်ရမယ်။ ငါ မင်းကို ထပ်စကားပြောခွင့်ရအောင် လုပ်ပေးလို့ရမလား။ ငါလုပ်လို့မရရင်တောင် ဒီဆေးက မင်းကိုဒုက္ခမပေးနိုင်ပါဘူး။ မင်းငါ့ကိုယုံရင်သောက်လိုက်ပါ" ကုနင်းသည် သူမလက်ထဲတွင် စွမ်းအင်သလင်းကျောက်တစ်လုံးကို ကိုင်ထားပြီး ယန်ကျွင်း အတုကို ပေးလိုက်သည်။
ကုနင်းက စကား ပြန်ပြောနိုင်မယ်ဆိုတာကိုကြားတော့ ယန်ကျွင်း အတုက ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
ကုနင်းက သူ့ကို ဆေးသောက်လိုက်တာနဲ့ ပြန်ပြောဖို့ ဖြစ်နိုင်တယ်လို့ ပြောပေမယ့် ရိုးရိုးသားသား ပြောရရင်တော့ သူ သံသယဖြစ်နေဆဲပါပဲ။ ဒီလိုမှော်ဆန်တဲ့ အရာမျိုးရှိနေတယ်လို့ သူမထင်ထားပေမယ့် ကုနင်းက သူ့ကိုလိမ်စရာမလိုဘူးလို့လည်း သူခံစားရသည်။ အဆင်မပြေရင် အရှက်ရသွားလိမ့်မည်။
သူတို့ကြားမှာ အာဃာတမရှိ၍ ကုနင်းက သူ့ကို အဆိပ်ခတ်လိမ့်မယ်လို့လည်း သူမထင်ထားပေ။ ထို့ကြောင့် အခွင့်ကောင်းဖြစ်သောကြောင့် စမ်းကြည့်ရန် ဆန္ဒရှိခဲ့သည်။ သူ၏ ကြေကွဲဖွယ်ဇာတ်လမ်းကို မပြောပြနိုင်ခဲ့သည့်အတွက် အလွန်စိတ်မကောင်းဖြစ်မိပါသည်။
ယန်ကျွင်း အတုက ခေါင်းညိတ်ပြပြီး ကုနင်းရဲ့ ဆေးကို ယူလိုက်ပြီး မဆိုင်းမတွ သောက်လိုက်သည်။
ယန်ကျွင်း အတုက ဘာကြောင့် စကားမပြောနိုင်မှန်း ကုနင်းမသိပေမယ့် စွမ်းအင်သလင်းကျောက်နဲ့ ကုသနိုင်တယ်လို့ သူမယုံကြည်သည်။
သူအရင်လို ပြန်မကောင်းနိုင်ပေမယ့် စကားပြောနိုင်ဖို့က သူ့အတွက် ပြဿနာမဟုတ်နိုင်ပါ။
ရှောက်ချန်းကလည်း ကုနင်းက လူတွေကို ဒုက္ခမပေးဘူးလို့ ယုံကြည်တဲ့အတွက် သူ့ကို မတားခဲ့ပါ။ မဟုတ်ရင် စည်းကမ်းအရ မစမ်းသပ်ရသေးတဲ့ ဆေးဝါးတွေကို အကျဉ်းသားတွေကို ပေါ့ပေါ့ဆဆ ပေးလို့မရပေ။ တစ်ခုခု မှားသွားရင်လည်း သူ့မှာ တာဝန်ရှိသည်။
ဘာပဲဖြစ်ဖြစ် ဒီဆေးလုံးက ယန်ကျွင်း အတုကို စကားပြောနိုင်အောင် ကူညီပေးနိုင်မလား။
ရိုးရိုးသားသားပြောရရင် ရှောက်ချန်းက ဒါကို မယုံပေမယ့် ကုနင်းက ကြွားလုံးထုတ်ပုံမပေါ်တဲ့အတွက် သူမျှော်လင့်နေတုန်းပါပဲ။
ထို့ကြောင့် ရှောက်ချန်းသည် ယန်ကျွင်း အတုကို စိုက်ကြည့်နေပြီး သူ့တုံ့ပြန်မှုကို သတိပြုမိသည်။
ယန်ကျွင်း အတုက စွမ်းအင်သလင်းကျောက်ကို ပါးစပ်ထဲထည့်လိုက်တာနဲ့ အရည်ပျော်သွားပြီး သက်တောင့်သက်သာရှိသော အအေးဓာတ်ကို ခံစားလိုက်ရသည်။
တဖြည်းဖြည်းနဲ့ လည်ချောင်းတွေ ပိတ်ဆို့နေသလိုခံစားရပြီး ကြည်လင်လာကာ ပါးစပ်ကိုဖွင့်ကာ စကားပြောဖို့ အားထည့်ပေမယ့် ကြောက်စိတ်ကြောင့် စကားမပြောရဲနိုင်သေးပေ။
ကုနင်းက သူ့ကို မတိုက်တွန်းပေ။ မည်မျှပင် အစွမ်းထက်စေကာမူ စက္ကန့်အနည်းငယ်နဲ့ အကျိုးသက်ရောက်မည်မဟုတ်ပါ။ အကျိုးသက်ရောက်ရန် အနည်းဆုံး မိနစ်အနည်းငယ် လိုအပ်သောကြောင့် သူမသည် ယန်ကျွင်း အတုကို “စကားမပြောခင် သုံးမိနစ်စောင့်ပါ” ဟု ပြောလိုက်သည်။
ယန်ကျွင်း အတုက ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်သည်။ သူ့စိတ်ထဲတွင် မငြိမ်မသက်မှုကို မထိန်းနိုင်သော်လည်း ကုနင်း၏စကားကို နားထောင်ရလေသည်။
"သုံးမိနစ်အတွင်း စကားပြောနိုင်ပါ့မလား" ရှောက်ချန်းသည် မယုံနိုင်လောက်အောင်ကို တွေ့ခဲ့ရသည်။ ဤမျှလောက် အံ့ဖွယ်ဆေးနည်းကို သူ တစ်ခါမှ မကြားဖူးပါ။
ကုနင်းက အတိအကျ အဖြေမပေးဘဲ “သုံးမိနစ်အတွင်း ကျွန်မတို့ သိလိမ့်မယ်” ဟု ဆိုသည်။
သုံးမိနစ်က မြန်မြန်ဆန်ဆန်ကုန်သွားသည်။ ယန်ကျွင်း အတုက မစောင့်နိုင်တော့ဘဲ စကားပြောဖို့ အစပျိုးမှု မလုပ်ခဲ့ပါ။ အဲဒီအစား သူက ကုနင်းကို သူမရဲ့ထင်မြင်ယူဆချက်အတွက် ကြည့်လိုက်သည်။
"အခုပြောကြည့်ပါ" ကုနင်းကပြောသည်။
“ငါ ငါ…”
ယန်ကျွင်း အတုက ဘာပြောရမှန်းကို မသိတော့ဘဲ "ငါ" ဟုသာ ပြောလိုက်သည်။
ယန်ကျွင်း အတုက စကားလုံးတစ်လုံးတည်းသာ ပြောပေမယ့် ရှောက်ချန်းကို ထိတ်လန့်နေစေဆဲဖြစ်ပြီး ယန်ကျွင်း အတုကိုတောင် တုန်လှုပ်သွားစေသည်။
ဒီဆေးက အရမ်းအံ့သြစရာကောင်းသည်။
"မင်းဘယ်သူလဲ?" ယန်ကျွင်း အတုရဲ့အဖြစ်အပျက်ကိုမြင်ပြီးနောက် ကုနင်းက ဘာပြန်ပြောရမှန်းသိအောင် မေးလိုက်သည်။
“ကျွန်တော်က ယန်စစ်ယွမ် ပါ…” ယန်ကျွင်း အတုက ပြန်ဖြေသည်။ သူ့အသံက ဩနေပေမယ့် သူ့စကားတွေက အရမ်းရှင်းသည်။
ဒီအချိန်မှာ ရှောက်ချန်းက ပိုလို့တောင် အံ့သြသွားသည်။
"မင်းစကားပြောရင် မင်းလည်ချောင်းနဲ့ တခြားမှာ ပြဿနာရှိလား" ကုနင်းက မေးသည်။
"လုံးဝမရှိပါဘူး"
"ကောင်းပြီ ဒါဆို အရာရှိရှောက်ရဲ့ စစ်ဆေးမေးမြန်းမှုကို မင်းလက်ခံနိုင်ပြီ" ကုနင်းကပြောပြီး အံ့အားသင့်နေသော ရှောက်ချန်းကိုကြည့်လိုက်သည်။ "အရာရှိရှောက် မင်း သူ့ကို မေးခွန်းတွေ မေးလို့ရတယ်။ စစ်ကြောရေးမှာ ကျွန်မတို့ ရှိနေတာ အဆင်မပြေဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မတို့ ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ဘေးနားမှာ ရှိနေတာကို မင်းစိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
ကုနင်းရဲ့ စကားကိုကြားတော့ ရှောက်ချန်းက ကုနင်းကို သဘောကျသွားကာ ချက်ချင်းတုံ့ပြန်လိုက်သည်။
"ဟုတ်ပါတယ် ငါစိတ်ထဲမထားပါဘူး" လက်ရှိအခြေအနေအရတော့ သူစိတ်ထဲမထားပါ။ ကုနင်းကြောင့်သာ မဟုတ်ရင် သူသည် တရားမျှတမှု မရှိသော အမှုတစ်ခုကို ဖြေရှင်းမိသွားလိမ့်မည်။
တကယ်တော့ ဒီအဖြစ်အပျက်ဟာ လူသတ်မှု ကျူးလွန်ဖို့ ကြိုးပမ်းမှုသာဖြစ်ပြီး ပစ်မှတ်ထားခံရသူက အဆင်ပြေသည်။ ရလဒ်နေနဲ့ ပြောရမယ်ဆိုရင်တော့ ဒါဟာ ရှုပ်ထွေးတဲ့ သို့မဟုတ် လေးနက်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါ။ ထို့ကြောင့် ဗျူရိုက နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်မဟုတ်ပါ။ စစ်ဆေးမေးမြန်းမှု မှတ်တမ်းများနှင့် သက်သေအထောက်အထားများ ပေးဆောင်နိုင်သရွေ့ အမှုကို ဖြေရှင်းရန် အခြေခံအားဖြင့် လုံလောက်ပါသည်။
ရှောက်ချန်းဟာ ကုနင်း ပါဝင်ခဲ့တာ ကံကောင်းတယ်လို့ ခံစားရသည်။ သို့ပေမယ့် ယန်စစ်ယွမ်ကို တွေးမိပြီး မဟုတ်ဘူး ယန်ကျွင်းကိုတွေးမိပြီး သူ တော်တော် စိတ်မကောင်း ဖြစ်နေတုန်းပါပဲ။
ယန်စစ်ယွမ်နဲ့ သူ့ရဲ့ အထောက်အထားတွေကို ဖလှယ်ခဲ့တာက ကြီးကြီးမားမားမဟုတ်ပေမယ့် ရှောက်ချန်းကို မပြောခဲ့ပါ။ တကယ်တော့ ဒါဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပေမယ့် ရှောက်ချန်းကို အသုံးချဖို့ ကြိုးစားခဲ့ပြီး ဒါဟာ ကြီးမားတဲ့အမှားတစ်ခုဖြစ်လုနီးပါး ဖြစ်စေခဲ့သည်။
သူတို့နှစ်ယောက် ဆက်ဆံရေးကောင်းပေမယ့် ရှောက်ချန်းကတော့ ဒီအချိန်မှာ သူ လုံးဝစိတ်ပျက်သွားရသည်။ သူလုပ်ခဲ့တဲ့ အမှားကို ဖော်ထုတ်မိရင် အလုပ်ပြုတ်ပြီး ထောင်ထဲတောင် ကျနိုင်သည်။
တကယ်ဖြစ်လာရင် ယန်ကျွင်းကြောင့်ဖြစ်ရတာမို့ ယန်ကျွင်းကို စိတ်မဆိုးဖို့ မဖြစ်နိုင်ပါ။
***
ဖီးနစ်သွေးစက်
အခန်း ၂၁၄၄ အရာအားလုံးကို သူလုပ်ခဲ့တာ
ထို့နောက် ရှောက်ချန်း သည် ယန်စစ်ယွမ်ကို စတင်စစ်ဆေးမေးမြန်းခဲ့သည်။
"နာမည်?" ရှောက်ချန်းက မေးသည်။ ၎င်းသည် မသိဘဲ မေးမြန်းခြင်းမဟုတ်ဘဲ စစ်ဆေးမေးမြန်းခြင်းလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ သူ မကျော်နိုင်ပါ။
"ယန်စစ်ယွမ်" ယန်စစ်ယွမ်က တုံ့ပြန်ခဲ့သည်။
"အသက်?"
"နှစ်ဆယ့်ခုနစ်"
"ဘာလို့ မင်းနာမည်ကို ID ကတ်မှာ ယန်ကျွင်းလို့ရေးထားတာလဲ"
“ဘာလို့လဲဆိုတော့ ကျွန်တော် အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ကောင်းကောင်းမဖြေနိုင်ခဲ့လို့ပါ။ စာမေးပွဲပြီးတာနဲ့ တက္ကသိုလ်တက်ဖို့ ယန်ကျွင်းနဲ့ အထောက်အထားတွေ ဖလှယ်ခဲ့တယ်”
"တကယ့် ယန်ကျွင်းနဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ"
"ယန်ကျွင်းက ကျွန်တော့်ဝမ်းကွဲညီပါ"
“အထောက်အထားဖလှယ်တာ တရားမဝင်ဘူးဆိုတာ မင်းသိလား”
“အခုမှသိတာပါ”
"ဘယ်သူ့ကို သတ်ဖို့ ရည်ရွယ်တာလဲ။ မင်းကဘာလို့ သူ့ကိုသတ်ချင်တာလဲ"
"ကျွန်တော်သတ်ပစ်ချင်ခဲ့တဲ့လူက ယန်ကျွင်း အစစ်ကိုပါ။ ကျွန်တော့်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခိုးယူဖို့ ကျွန်တော့်မိဘတွေကို သတ်ပစ်တာကြောင့် သူ့ကိုသတ်ပစ်ချင်ခဲ့တာပါ။ သူ့ကြောင့် ကျွန်တော့်မျက်နှာမှာ ဒဏ်ရာတွေရခဲ့ပြီး စကားမပြောနိုင်ဖြစ်သွားရတယ်။ အရာအားလုံးကို သူလုပ်ခဲ့တာ” ယန်စစ်ယွမ် ပြောနေရင်း ဒေါသထွက်လာပြီး သူ့အမူအရာမှာ ဒေါသနှင့် မုန်းတီးမှုကို နက်ရှိုင်းစွာ ပြသနေသည်။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးဖြစ်ပေမယ့် ယန်စစ်ယွမ်ကတော့ ဒေါသထွက်ပြီး ယန်ကျွင်းကို လေးလေးနက်နက် မုန်းတီးနေပါသေးသည်။ ကလဲ့စားချေခြင်းကို အောင်မြင်စွာ မလုပ်ေဆာင်ရမချင်း သူ သက်သာရာရမည်မဟုတ်ပေ။
ကုနင်းက အရင်ပြောဖူးပေမယ့် အခု ယန်စစ်ယွမ် ပြောတာကို သူ့နားနဲ့ကြားတော့ ရှောက်ချန်းက စိတ်မကောင်းဖြစ်နေတုန်းပါပဲ။ ယန်ကျွင်းကို စိတ်ပျက်နေပြီဖြစ်သော်လည်း ထိုသို့သောလူဆိုးတစ်ယောက်နှင့် နှစ်အတော်ကြာ သူငယ်ချင်းဖြစ်ဖူးသည်ဟု သူတွေးလိုက်မိသည်နှင့် ရင်ထဲနင့်သွားသည်။
နောင်တချိန်မှာ ယန်ကျွင်းရဲ့လမ်းမှာ သူပိတ်နေမယ်ဆိုရင် သူလည်း ထိခိုက်သွားနိုင်ပါသည်။
"ယန်ကျွင်းက မင်းမိဘတွေကို သတ်ခဲ့တာကို သက်သေပြဖို့ ဘာသက်သေရှိလဲ" ရှောက်ချန်းက မေးသည်။ ယခု ယန်စစ်ယွမ်၏စကားကို သူယုံကြည်သော်လည်း ယန်ကျွင်းကို အပြစ်မတင်နိုင်သေးသောကြောင့် တရားရုံးကိုတင်ပြမည့် သက်သေကို အာရုံစိုက်ရမည်ဖြစ်သည်။
“ကျွန်တော့်မှာ သက်သေမရှိဘူး၊ ဒါပေမယ့် သူကိုယ်တိုင်က ကျွန်တော့်ကို ဝန်ခံတယ်။ တကယ်တော့ ဒီထက်ပိုပြီး ရှင်းမပြနိုင်ပါဘူး” ယန်စစ်ယွမ်က “ယာဉ်မတော်တဆမှု မဖြစ်ခင်မှာ ကုမ္ပဏီကို ကျွန်တော့်နာမည်နဲ့ လွှဲပေးချင်တယ်လို့ မိဘတွေက ပြောခဲ့တယ်။ ယန်ကျွင်း ကြားသွားတယ်။ ကျွန်တော့်မိဘတွေက ကုမ္ပဏီကို ကျွန်တော့်နာမည်ကို တတ်နိုင်သမျှ အမြန်လွှဲစေချင်ရတဲ့ အကြောင်းအရင်းကတော့ ယန်ကျွင်းရဲ့လောဘနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ဖို့ကြောင့်ပါ။ ကံမကောင်းစွာပဲ အပြီးမသတ်ခင်မှာ သူတို့ မတော်တဆဖြစ်ခဲ့ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ပထမဆုံးသံသယဝင်လာတာက ယန်ကျွင်း ပါပဲ၊ အဲဒီ့အကြောင်းကို ကျွန်တော်မေးခဲ့ပြီး သူက ဝန်ခံခဲ့ပါတယ်”
“ကျွန်တော့်မိဘတွေရဲ့ ကားဘရိတ်ကို ဖြတ်ပြီး မိဘတွေရဲ့ကားကို ဝင်တိုက်ဖို့ ကားငှားထားတယ်။ လမ်းမကောင်းတဲ့ဘက်ကို ရွေးခဲ့လို့ မိဘတွေရဲ့ကားက ယာဉ်တိုက်မှုက မရှောင်နိုင်ဘူး။ အဲဒီအခါမှာ သူတို့ အသက်ရှင်ဖို့ ခဲယဉ်းတယ်။ အဲဒီတုန်းက ကျွန်တော်တို့ နှစ်ယောက်ပဲရှိတော့ တခြားကြားသွားတဲ့သူမရှိဘူး။ အဲဒီအချိန်တုန်းက ကျွန်တော် အဲဒါကို မှတ်တမ်းတင်ထားပေမယ့် သူသိသွားပြီး ကျွန်တော့်ဖုန်းကို ဖျက်ဆီးလိုက်တယ်။ ကျွန်တော့်မျက်နှာကိုလည်း လှီးဖြတ်ခဲ့တယ်…”
ယန်ကျွင်းက ဝန်ခံလိုက်တာလား။ ဒီလိုဆိုရင် ယန်ကျွင်းက လုပ်ခဲ့တာဖြစ်မည်။
ဒါကိုသိလိုက်ရတော့ ရှောက်ချန်းက ဒေါသတွေပြည့်နေပေမယ့် ဒီတစ်ခါမှာတော့ ယန်ကျွင်းနဲ့သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံရေးကြောင့်မဟုတ်ဘဲ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကြောင့် ဒေါသဖြစ်ခဲ့သည်။
ရှောက်ချန်းက ယန်ကျွင်းရဲ့ စကားကို မျက်စိစုံမှိတ်ယုံပြီး ဆက်ဆံရေးကောင်းတာကြောင့် တစ်ခါတရံ သူ့ကို ကူညီခဲ့ပေမယ့် ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါ။ သူ့အသိစိတ်နှင့် ကိုယ်ကျင့်တရားများ မဆုံးရှုံးခဲ့ဘဲ သူ့နှလုံးသားထဲတွင် တရားမျှတမှု ရှိနေသည်။
မဟုတ်ရင် ယန်ကျွင်းဟာ သူ့ကိုယ်သူ လေးလေးနက်နက် ဖုံးကွယ်ထားပြီး ဖိုင်တွေကို ဖျက်ဖို့ တစ်စုံတစ်ယောက်ကို ပြောခဲ့မှာ မဟုတ်ပါ။
ရှောက်ချန်းနှင့် ယန်ကျွင်းတို့သည် တူညီသောလူများဖြစ်ပါက ယန်ကျွင်းသည် ရှောက်ချန်းကို လာဘ်ထိုးရန်အတွက် ငွေကို တိုက်ရိုက်အသုံးပြုမည်ဖြစ်သည်။
ယန်စစ်ယွမ်က စကားသိပ်မပြောနိုင်သေးတာကြောင့် ချက်ခြင်းဆိုသလို သူ့လည်ချောင်းက မခံနိုင်ဖြစ်သည်။ ပြီးသွားသောအခါတွင် သူ့အသံသည် ပို၍ပင် နက်လာသည်။
ကုနင်းက သူ့အတွက် ရေတစ်ခွက်ထည့်လိုက်ပြီး စွမ်းအင်သလင်းကျောက်ကို အထဲမှာ ထည့်သောက်ခိုင်းလိုက်သည်။
ကုနင်းက တခြားတစ်ယောက်အတွက် ရေတစ်ခွက်ထည့်နေတာကို မြင်လိုက်ရတော့ လင်ရှောင်းထင်က မကျေမနပ်ဖြစ်သွားသည်။ ကုနင်းက သူ့ကို ရေထည့်ပေးတာကိုကြည့်ဖို့ သူ့မှာ နှလုံးသား မရှိခဲ့ပေ။
လင်ရှောင်းထင်သည် စိတ်မချမ်းသာသော်လည်း ရဲစခန်းတွင် ရှိနေသည်ကို သူသိသောကြောင့် ဘာမှ မပြောပါ။
ကုနင်းက တစ်ချက်ကြည့်လိုက်တော့ သူ,မကျေမနပ်ဖြစ်နေတာကို သဘောပေါက်သွားသည်။ သူမ မျက်လုံးများကို တိတ်တဆိတ် ဝေ့လိုက်သည်။ ရေတစ်ဖန်ခွက်မျှသာဖြစ်ပြီး ကြီးကြီးမားမားမဟုတ်ပေ။
ကုနင်းသည် လင်ရှောင်းထင်ကို လျစ်လျူရှုခဲ့သည်။
ယန်စစ်ယွမ်သည် ကုနင်းပေးသောရေကို သောက်လိုက်ပြီး သူ၏လည်ချောင်းနာသည် ချက်ချင်းသက်သာလာသည်။
ထို့နောက် ရှောက်ချန်းသည် ယန်စစ်ယွမ်ကို ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်ရှိ အမာရွတ်များသည် အနည်းငယ်မှိန်သွားသည်ကို တွေ့ရတော့ အံ့အားသင့်သွားသည်။ ဆေးရဲ့ အာနိသင်ကြောင့် ဖြစ်နိုင်လား။
လူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများသည် မှော်စွမ်းအားကို အလိုအလျောက် စုပ်ယူနိုင်သောကြောင့် ယန်စစ်ယွမ်သည် စွမ်းအင်သလင်းကျောက်နှစ်လုံးကို တစ်ပြိုင်နက် သောက်လိုက်သောကြောင့် သူ မခံနိုင်တော့ပေ။ သူ့မျက်နှာပေါ်က ဒဏ်ရာတွေက မှော်အစွမ်းကို အရင်စုပ်ယူသွားလိမ့်မည်။
ဒီလိုမှမဟုတ်ရင် သာမန်လူတွေက စွမ်းအင်ကျောက်ခဲနှစ်ခုရဲ့ စွမ်းအင်ကို မြန်မြန်ဆန်ဆန် လက်မခံနိုင်ကြပေ။
ခဏအတွင်းမှာပဲ ယန်စစ်ယွမ်ရဲ့ မျက်နှာပေါ်က အမာရွတ်တွေက အနည်းငယ် ပြောင်းလဲသွားပေမယ့် ရှောက်ချန်းကတော့ အံ့သြနေဆဲပါပဲ။
ယန်စစ်ယွမ်သည် ထိုအကြောင်းကို မသိသဖြင့် ရှောက်ချန်းက သူ့ကို အံ့အားသင့်စွာ ကြည့်နေသည်ကိုပင် ထူးဆန်းစွာ တွေ့လိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအကြောင်းကို မေးမြန်းရန် စိတ်မ၀င်စားခဲ့ပေ။
ယန်စစ်ယွမ် လည်ချောင်းထဲမှာ သက်တောင့်သက်သာ ခံစားရပြီးနောက် သူက ဆက်ပြောသည်။ "ကျွန်တော့်မျက်နှာက ဒဏ်ရာတွေကြောင့် နှစ်ဝက်ကျော်လောက် သက်သာလာဖို့ နိုင်ငံခြားကို သွားခဲ့တယ်။ နောက်တော့ ယန်ကျွင်းကို လက်စားချေဖို့ အိမ်ပြန်လာခဲ့တယ်။ ရဲကိုဖုန်းဆက်ခဲ့ပေမယ့် စကားမပြောနိုင်လို့ စာရေးလိုက်ရတယ်။ စာရွက်ကို ယူသွားပေမယ့် ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး။ ယန်ကျွင်းက မြို့တော်မှာ တစ်ချိန်လုံးနေခဲ့တယ်။ ကျွန်တော့်ရဲ့အထောက်အထားအကူအညီနဲ့ သူက အင်အားကြီးတဲ့သူများစွာနဲ့ ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော် မြို့တော်မှာ ရှိနေတာကို သိသွားတော့် ကျွန်တော်ကို ရိုက်နှက်ဖို့ လူဆိုးဂိုဏ်းအချို့ကို ငှားရမ်းခဲ့တယ်။ အချိန်တော်တော်ကြာအောင် ဒဏ်ရာရခဲ့တယ်။ ယန်ကျွင်းကို အပြစ်ပေးဖို့အတွက် ဘာမှမတတ်နိုင်တဲ့အဆုံး နောက်ပိုင်းမှာ ရဲတွေအပေါ် ယုံကြည်မှုတွေ ဆုံးရှုံးသွားရတယ်။ လက်စားချေရမှာဖြစ်လို့ စိတ်ကူးထဲမှာ အပြင်းထန်ဆုံး အကြံဖြစ်တဲ့ တိုက်ရိုက် လုပ်ကြံဖို့ စိတ်ကူးကို ရခဲ့တယ်…”
ယန်စစ်ယွမ်သည် ရဲများအပေါ် အလွန်ဆိုးရွားသော သဘောထားရှိသည်။ ပြည်သူတွေကို ဝန်ဆောင်မှုပေးနေတဲ့ ရဲတွေက သူ့မျက်လုံးထဲမှာ လုံးဝကို မိုက်မဲလွန်းလှသည်။
ရဲတိုင်း မကောင်းတာ မဟုတ်ဘူးဆိုတာ သူသိပေမယ့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စိတ်ပျက်ခဲ့ရပြီးနောက် ရဲကို မယုံချင်တော့ပေ။
ယန်စစ်ယွမ်၏အကြောင်းကိုကြားတော့ ရှောက်ချန်း ရှက်ရွံ့သွားသည်။ နောက်ဆုံးတော့ သူဟာ ယန်ကျွင်းနဲ့ လက်တွဲဖို့ ရွေးချယ်လုနီးပါးဖြစ်ပြီး ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ စွန့်လွှတ်ခဲ့သည်။ သူက ယန်ကျွင်းကို သိပ်ယုံကြည်တဲ့အတွက် သူတို့ဟာ အထောက်အထားတွေ ဖလှယ်ကြမယ်လို့ မယုံခဲ့ပေ။ တစ်ချိန်တည်းမှာပင် ရဲများသည် ယန်စစ်ယွမ်၏ တိုင်ကြားချက်ကို လျစ်လျူရှုခဲ့သဖြင့် ဒေါသထွက်ခဲ့သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် မနှစ်မြို့ဖွယ်လူမှုရေးဆိုင်ရာ ဖြစ်စဉ်များကို ရှင်းရှင်းလင်းလင်း သိရှိခဲ့ကြသော်လည်း ဇာတ်လမ်းကို ကြားလိုက်ရသောအခါတွင် မသက်မသာ ခံစားနေကြရဆဲဖြစ်သည်။
"မစ္စကု ငါတို့ဘာဆက်လုပ်သင့်တယ်ထင်လဲ" ရှောက်ချန်းက ကုနင်းကို မေးသည်။ ဒါဟာ သူ့တာဝန်ပါ၊ ဒါပေမယ့် ကုနင်းမှာ ပိုကောင်းတဲ့ အကြံဉာဏ်တွေရှိမယ်လို့ သူမယုံကြည်တာကြောင့် ကုနင်းရှိကတည်းက မသိစိတ်က မှီခိုအားထားခဲ့သည်။
အဲဒီလိုဆိုရင် သူက အချိန်ဖြုန်းနေမှာမဟုတ်ပါ။
“ကျွန်မမှာ ယန်စစ်ယွမ်နဲ့ ယန်ကျွင်း ပြောင်းလိုက်တာဆိုတဲ့ သက်သေတွေပဲ ရှိတယ်။ ယန်ကျွင်းရဲ့တရားမ၀င်တဲ့လုပ်ရပ်တွေအတွက် ကျွန်မမှာ သက်သေမရှိဘူး။ သူလည်း သဲလွန်စတွေ အကုန်ဖျက်ဆီးပြီးတာဖြစ်နိုင်လို့ ယန်ကျွင်း ကိုယ်တိုင် ဝန်ခံအောင် လုပ်မှပဲရမယ်” ဟု ကုနင်းက ဆိုသည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၁၄၅ ပူးပေါင်းလုပ်ဆောင်ပါ။
နဂိုက ကုနင်းသည် ယန်ကျွင်းမှာ အပြစ်ရှိကြောင်း သက်သေပြဖို့ အဲဒီလူဆိုးဂိုဏ်းတွေကို ရှာဖို့ စိတ်ကူးခဲ့ပေမယ့် နောက်ပိုင်းမှာ အဲ့တာက ဆွဲဆောင်မှုရှိတယ်လို့ သူမ မထင်တော့ပါ။
သူတို့မှာ ရှိနေတဲ့ သက်သေအထောက်အထားတွေက ယန်ကျွင်းကို အပြစ်ပေးဖို့ မလုံလောက်တာကြောင့် ယန်ကျွင်းက ယန်စစ်ယွမ်ကိုထိခိုက်အောင် ပြုလုပ်ခဲ့တယ်ဆိုတာကို သက်သေပြမယ့်အစား ယန်စစ်ယွမ်ရဲ့ မိဘတွေ သေဆုံးမှုက ယန်ကျွင်းနဲ့ ပတ်သတ်နေတယ်ဆိုတာကို သက်သေပြနိုင်ဖို့ အဓိကလိုအပ်သည်။
ယန်စစ်ယွမ် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ စွပ်စွဲချက်ကို သက်သေပြခဲ့သော်ငြား ယန်ကျွင်း နဂိုခံစားခဲ့ရသည့်စွပ်စွဲချက်ကို ထပ်တိုးမည်မဟုတ်သောကြောင့် ဤလုပ်ထုံးလုပ်နည်းကို ကျော်ဖြတ်ပြီး ယန်ကျွင်းကို တိုက်ရိုက်လက်လျှော့အောင် ပြုလုပ်လိုက်ခြင်းက ပိုကောင်းသည်။
"မစ္စကု မင်းက ယန်ကျွင်းကို ဝန်ခံခိုင်းမှာလား" ရှောက်ချန်းသည် စိတ်ထဲတွင် စိုးရိမ်မှုအချို့ဖြင့် မေးလိုက်သည်။ အောင်မြင်နိုင်ပါ့မလား။ ယန်ကျွင်းက ဒါကို ဝန်ခံရင် ဒါဟာ ရာဇ၀တ်မှုကြီးပဲ။
“ဟုတ်တယ်” ကုနင်းကဆက်၍ “အရာရှိရှောက် ၊ မင်းစိတ်ထဲမထားရင် ယန်စစ်ယွမ်နဲ့ ငါ သူ့ကိုအတင်း ဝန်ခံခိုင်းဖို့ လိုက်လာမယ်။ မင်း ငါတို့နဲ့ ပူးပေါင်းဖို့ပဲလိုတယ်”
“ကောင်းပြီ” ရှောက်ချန်းက ကုနင်းကို ကူညီချင်သည်။ သူလုံးဝစိတ်ထဲမထားပါ!
“ငါတို့ အခုပြန်လိုက်မယ်။ ညဘက်မှာ လုပ်လို့ရတယ်။ ယန်စစ်ယွမ်နဲ့ တခြားပူးပေါင်းဆောင်ရွက်မှုကို ညပိုင်းမှ ဆွေးနွေးမယ် ဒါ့အပြင် တခြားလူတွေကို မသိစနေဲ့နော်"
“ဟုတ်ပါပြီ” ရှောက်ချန်းက ပြောသည်။
"မစ္စကုကျေးဇူးတင်ပါတယ်" ယန်စစ်ယွမ် မတ်တပ်ထရပ်ပြီး ကုနင်းအား လေးလေးနက်နက် ဦးညွှတ်ကာ သူမအား အလွန်စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကားဆိုသည်။
ကုနင်း ဒီနေ့အထိ လုပ်ပေးခဲ့တာတွေကြောင့် ယန်ကျွင်းကို ဝန်ခံခိုင်းဖို့ မရခဲ့ရင်တောင် သူမ သူ့ကို လက်စားချေဖို့ တားခဲ့တာအတွက် အပြစ်တင်မှာ မဟုတ်ပါ။
သူမသည် သူ၏အကြံအစည်ကို ဖျက်ဆီးခဲ့သော်လည် သူမသည် လူကောင်းတစ်ဦးဖြစ်ပြီး တရားမျှတ ခိုင်မာသောသဘောရှိသည်။ အကယ်၍ သူသာ ထိုအချိန်က ပစ်မှတ်ဖြစ်ခဲ့လျှင် ကုနင်းလည်း သူ့ကို ကယ်တင်မည်ဟု သူယုံကြည်သည်။
ဝန်ခံခိုင်းခြင်းတွင် အောင်မြင်နိုင်သည်ဆိုသည်ကို သူမသိသော်လည်း အောင်မြင်မှုအခွင့်အလမ်းမှာ အလွန်မြင့်မားနေသေးသည်ဟု သူခံစားမိသည်။ ယန်ကျွင်းကို ကောင်းကောင်းသိသည်။ ယန်ကျွင်းသည် သူ၏ အထောက်အထားအစစ်အမှန်ကို ရှာဖွေတွေ့ရှိကြောင်းနှင့် ယန်မိသားစု၏ ကြွယ်ဝမှုကို ဆုံးရှုံးလိုက်ရသည်ကို သိလိုက်ရလျှင် သူ့စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။
စိတ်ခံစားချက်တွေကို ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့လူဟာ အရမ်းပြင်းထန်တဲ့ စိတ်ဆန္ဒရှိမှာမဟုတ်တော့ပါ။
ကုနင်းတွင်လည်း တူညီသော အကြံအစည်ရှိသောကြောင့် ရှုံးနိမ့်မည်ကို သူမ မစိုးရိမ်ပါ။
ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင် ထွက်ခွာသွားခဲ့သည်။ ဒီနေ့ညမှာလုပ်ဆောင်မည်။
…
စမစ်ဟာ ဆေးရုံကို ပို့ဆောင်ပြီးနောက် စစ်ဆေးမှုမှာ ဘာအမှားအယွင်းမှ မတွေ့ခဲ့ရပေမယ့် စကားမပြောနိုင်တာကြောင့် ဆရာဝန်က သူ့အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ မမေးမြန်းနိုင်ခဲ့ပါ။ စစ်ဆေးနိုင်တဲ့ တစ်ခုတည်းသောအချက်က သူ့အသက်အန္တရာယ်ဟာ အခုအချိန်အထိ မစိုးရိမ်ရခြင်းဖြစ်သည်။
ဘာကြောင့် အဲ့တာက ယာယီဖြစ်တာလဲ။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို မသိနိုင်သလို အန္တရာယ်လည်း ရှိနိုင်သည်။
ထို့အပြင် လူနာသည် စကားမပြောနိုင်သောကြောင့် သူ့မိသားစုကို မည်သို့ဆက်သွယ်ရမည်ကို မသိကြပေ။ ရဲကိုဖုန်းဆက်ပြီး ရဲအားဖြေရှင်းခိုင်းရမည်။
ရဲတွေရောက်လာတဲ့အခါ Yနိုင်ငံ သံရုံးကို ဆက်သွယ်သည်။
စမစ်၏အခြေအနေသည် ထူးခြားသောဖျားနာမှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ ရုတ်တရက် ဤကဲ့သို့ဖြစ်လာပြီး ၎င်းက တစ်ခုခုရဲ့ ခြယ်လှယ်ခံရသည်ဟု မည်သူမျှမထင်ကြပေ။
…
ကုနင်းနှင့် လင်ရှောင်းထင်တို့ ထွက်ခွာသွားပြီးနောက် စစ်ဟယ်ယွမ်သို့ ပြန်ခဲ့ကြပြီး ကျင်းယွင်ယောင်ကို လင်မိသားစု၏ အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။
ရှန်းကွမ်းယန်သည် သူတို့နှင့် လိုက်မသွားပေ။ သူက ပိုပေါ့ပေါ့ပါးနေလိုသောကြောင့် လင်မိသားစု၏ အိမ်တွင် ရှိနေစဉ်တွင် သူ စိတ်မသက်မသာ ဖြစ်ရသည်။ ကောင်းကောင်းစားပြီးရင် ရင်ပြင်မှာ လမ်းလျှောက်ထွက်ပြီး ဆင်စစ်တုရင် ကစားတာ ဒါမှမဟုတ် အဲဒီလူကြီးတွနေဲ့ ကြွားလုံးထုတ်တာ ပိုအဆင်ပြေသည်။
ယခုအချိန်တွင် စစ်တုရင်ကစားရန် ရင်ပြင်သို့သွားကာ ထိုလူကြီးများနှင့် ကြွားလုံးထုတ်ခြင်းသည် ရှန်းကွမ်းယန်၏ဘ၀တွင် ပျော်ရွှင်စရာတစ်ခုဖြစ်လာသည်။ သူက အဲဒီကို မကြာခဏ သွားတာမို့ အဲဒီ့မှာ မကြာခဏ ပေါ်လာတတ်တဲ့ အဘိုးကြီးတွနေဲ့ ရင်းနှီးသည်။
မြောင်ကျင်းကျင်းသည် ယခုရက်ပိုင်းအတွင်း ၎င်းတို့အား သန့်ရှင်းရေးနှင့် အိမ်မှုကိစ္စများတွင် ကူညီပေးခဲ့သည်။ သူမ အလကား စားသောက်ပြီး နေရတာနဲ့တင် အားနာနေရပြီမို့ ဘာမှပြန်မလုပ်ပေးပဲ မနေနိုင်တော့ပါ။
ကုနင်းနှင့် လင်ရှောင်းထင်သည် လင်မိသားစု၏အိမ်သို့ရောက်သောအခါ လင်ရှောက်ကျားသည် ခြံဝင်းထဲတွင် ကြောင်တက်တက်ထိုင်နေလေသည်။
အခုက အေးလာပေမယ့် ဒီနေ့ နေသာတဲ့နေ့မို့ အတိုင်းအတာတစ်ခုထိတော့ နွေးထွေးသည်။
လင်ရှောက်ကျားသည် အခန်းထဲတွင် အချိန်အတော်ကြာ နေခဲ့ရပြီး ပျင်းလာသဖြင့် အပြင်ထွက်ကာ ထိုင်နေခြင်းသည်။ သို့သော်လည်း ယခုအချိန်တွင်၊ လင်ရှောက်ကျားသည် စမစ် အခြေအနေဆိုးရွားလှသည်ဟု သူငယ်ချင်းတစ်ဦးထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သောကြောင့် သူမသည် မပျော်မရွှင်ဖြစ်နေခဲ့သည်။
စမစ်ရဲ့ ရောဂါလက္ခဏာတွေက သူမအရင်တုန်းကနဲ့ အတူတူပါပဲ။ သူမသည် ထိုအချိန်က ခါးကို ပြင်းထန်စွာ ထိမှန်ကာ ထိလိုက်သွားသည်မှလွဲ၍ သူမသည် တောင့်တင်းကာ လှုပ်ရှားနိုင်ခြင်း မရှိပေ။
ထို့ကြောင့် စမစ်ကို ထိုကဲ့သို့ဖြစ်စေရန် ကုနင်းလက်ချက် ဖြစ်ရမည်ကို သူမသိသည်။ သို့သော် ကျယ်လောင်စွာ မပြောဝံ့ပေ။
ကုနင်းကို သူမမုန်းသော်လည်း သူမကို အလွန်ကြောက်သည်။
ကုနင်းသည် သူမအား ဆေးရုံကုတင်ပေါ်တွင် လအနည်းငယ်ကြာအောင် နာကျင်စွာ ထပ်မံလှဲလျောင်းစေမည်ကို သူမ ကြောက်ရွံ့ခဲ့သည်။ အခုတောင်မှ သူမ လုံးဝ ပြန်ကောင်းမလာသေးပါ။
ကုနင်းသည် စမစ်၏ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို မထိခဲ့သော်ငြား သူ၏ ခြေလက်များ အေးခဲသွားသည့် အတိုင်းအတာသည် လင်ရှောက်ကျားထက် ပိုဆိုးသည်။ ထိုအချိန်တွင် လင်ရှောက်ကျားသည် စကားပြောနိုင်ဆဲဖြစ်သော်လည်း စမစ်သည် ယခုအချိန်အထိ စကားမပြောနိုင်ပေ။
ကုနင်းသည် လင်ရှောက်ကျားကို တိုက်ခိုက်သည့်အဆင့်မှာ ပဉ္စမဒီဂရီဖြစ်သော်လည်း စမစ်ကို တိုက်ခိုက်သည့်အဆင့်မှာ ခုနစ်ဒီဂရီဖြစ်သည်။
ထိုအဆင့်သည် အသက်အန္တရာယ်ရှိမည်မဟုတ်သော်လည်း ၎င်း၏အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုမရှိကြောင်းဟု မဆိုလိုပါ။ ကောင်းမွန်တဲ့ ကုသမှုကို ခံယူနိုင်မလားဆိုတဲ့အပေါ်မှာ မူတည်ပါသည်။
သို့သော် ကုသမှုသည် မည်မျှပင် ကောင်းမွန်စေကာမူ သူ၏ခန္ဓာကိုယ်မှ အာရုံကြောများသည် ပြန်လည်ကောင်းမွန်လာပြီးနောက်တွင် ပျက်သုဉ်းသွားမည်မဟုတ်ပေ။ ရာသီဥတု အပြောင်းအလဲကြောင့် အဆစ်အမြစ်တွေ ကိုက်ခဲတတ်သည်။
ရုတ်တရက် လင်ရှောက်ကျားသည် ရင်းနှီးသော ကားတစ်စီး ဝင်လာသည်ကို တွေ့လိုက်သဖြင့် ၎င်းမှာ လင်ရှောင်းထင်၏ကားဖြစ်ကြောင်း သိလိုက်သည်။ ကုနင်းပါမပါကို သူမမသိသော်လည်း လင်ရှောက်ကျားသည် လင်ရှောင်းထင်ကို မတွေ့ချင်သောကြောင့် သူမချက်ချင်းထကာ ထွက်ခွာသွားခဲ့သည်။
ကားက လင်မိသားစုဝင်းထဲကို ဝင်လိုက်တာနဲ့ ရှေ့ခရီးသည် ထိုင်ခုံမှာ ထိုင်နေတဲ့ ကုနင်းက လင်ရှောက်ကျားကို တွေ့ပေမယ့် သူမကို ဂရုမစိုက်ပါ။
လင်ရှောင်းထင်နှင့် အခြားသူများ ပြန်ရောက်သည်နှင့် ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့သည် အိမ်တွင် စိတ်မသက်မသာ အဖြစ်ဆုံးလူများပင်။ ထမင်းစားပြီးတာနဲ့ သူတို့အခန်းကို ပြန်သွားသည်။
သူတို့သည် လင်ရှောင်းထင်နှင့် အခြားသူများကို ရင်ဆိုင်ရန် မဝံ့ရဲကြပေ။ ရလဒ်အနနေဲ့ကတော့ သူတို့အကြောင်းကို နောက်ကွယ်ကနေ ကြိမ်းမောင်းပြောဆိုဖို့သာ သတ္တိရှိကြတာပါ။
ကျင်းယွင်ယောင် သည် လင်မိသားစု၏အိမ်တွင် ကျင့်ကြံရန် အဆင်မပြေသောကြောင့် သူမသည် ထိုနေရာတွင် မနေခဲ့ပေ။ မဟုတ်ရင် ကျန်းရှူးယွမ်နဲ့ လင်ရှောက်ကျား ရူးသွားနိုင်သည်။
ကျင်းယွင်ယောင်က သူတို့စိတ်မချမ်းသာအောင် အစပျိုးလုပ်ဆောင်တာမဟုတ်ပေမယ့် ကျင်းယွင်ယောင်ကိုမြင်သရွေ့တော့ သူတို့ပျော်နေမှာလည်း မဟုတ်ပါ။
…
လင်ရှောင်းထင်နှင့် ကုနင်းတို့သည် ညဘက်တွင် လုပ်စရာများရှိနေသေးသောကြောင့် လင်မိသားစု၏အိမ်တွင် အကြာကြီးမနေခဲ့ကြပေ။ ည 8:30 တွင် ထမင်းကောင်းကောင်းစားပြီးနောက် ထွက်ခွာသွားကြသည်။
ကုနင်းနှင့် လင်ရှောင်းထင်သည် ကျင်းယွင်ယောင်ကို စစ်ဟယ်ယွမ် သို့ပြန်ပို့ပြီးနောက် ကုနင်းမှ ကောင်းယိကိုဖုန်းဆက်ကာ ယန်ကျွင်းသည် ယခုအချိန်တွင် မည်သည့်နေရာတွင်ရှိသနည်းဟု မေးသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ယနေ့ ရဲစခန်းမှ ထွက်ခွာသွားသောအခါ ကောင်းယိကို ယန်ကျွင်း၏နောက်သို့ လိုက်ရန် စေခိုင်းခဲ့သည်။
ယန်ကျွင်းက အခုအိမ်မှာရှိနေတယ်လို့ ကောင်းယိကပြောသည်။
ထိုအခြေအနေတွင် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ရဲစခန်းသို့ ချက်ချင်းသွားကြသည်။ ကုနင်းက ကောင်းယိကို ယန်ကျွင်းကို အမြဲကြည့်ခိုင်းပြီး တစ်ခုခုထူးရင် သူ့ကိုဖုန်းဆက်ခိုင်းသည်။
ရှောက်ချန်းသည် ကုနင်းရဲစခန်းရောက်လာမည်ကို စောင့်နေသည်။ ကုနင်းက ညဘက်မှ လုပ်ဆောင်မယ်လို့ ပြောခဲ့ပေမယ့် ဘယ်အချိန်ဖြစ်မယ်ဆိုတာ သူမ မပြောခဲ့ပါ။ ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီနေ့ညမှာ လှုပ်ရှားဖို့အတွက် သူတို့ဘက်က အသင့်ပြင်ထားရပေမည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၁၄၆ မသိဘူးလား။ ဒါဆို မင်းဘာလို့လန့်နေရတာလဲ။
ရဲတွေသည် အလုပ်မများသည့်အချိန်ဖြစ်၍ အလုပ်ဆင်းပြီး ပုံမှန်လို ပြန်ထွက်သွားကြသည်။ သို့သော် တစ်ခါတရံ ကိစ္စတစ်ခုခုရှိတဲ့အခါ သူတို့တစ်ရက် နှစ်ရက်လောက် မအိပ်မနေပဲနေကြရသည်။
တကယ်တော့ ရဲအလုပ်က အရမ်းအလုပ်များပြီး ပင်ပန်းသည်။ ရာဇ၀တ်သားတွေက အရမ်းများတယ်လေ။
ရှောက်ချန်းနဲ့အတူ ဒီမစ်ရှင်ကို ဆောင်ရွက်ခဲ့တဲ့ တခြားရဲ သုံးယောက်လည်း ရှိပါသေးသည်။ သူတို့က အဲဒီနေ့က ယန်ကျွင်း အတုကို ခေါ်သွားတဲ့သူတွနေဲ့ အတူတူပါပဲ။
ကုနင်းသည် ယန်ကျွင်းကို ဝန်ခံခိုင်းဖို့အတွက်သာ တာဝန်ရှိပြီး ရှောက်ချန်းနှင့် အခြားသူများသည် နောက်ဆက်တွဲကိစ္စများကို ဂရုစိုက်မည်ဖြစ်သည်။
ကုနင်းနဲ့ ယန်စစ်ယွမ်က ပြောစရာရှိ၍ ယန်စစ်ယွမ်က လင်ရှောင်းထင်ရဲ့ကားကို စီးလိုက်သည်။ ရှောက်ချန်းကတော့ ထိုအရာကိုညဘာမှစိုးရိမ်စရာမရှိပါ။
ယန်မိသားစုသည် ဤမြို့၏ သာမန်အိမ်များတည်ရှိရာတွင် နေထိုင်ကြသည်။ ယန်မိသားစုသည် အလွန်မချမ်းသာပါ။ ထိုအဆင့်မြင့်ရပ်ကွက်များတွင် အိမ်တစ်လုံးမတတ်နိုင်ပါ။ သို့သော် ယန်မိသားစုက အရမ်း ချမ်းသာတာမဟုတ်ရင်တောင် သာမန်မိသားစုတွေထက်တော့ အများကြီး ပိုချမ်းသာပေသည်။
သူနဲ့ရင်းနှီးသော ရပ်ကွက်သို့ ပြန်ရောက်သောအခါ ယန်စစ်ယွမ်၏ စိတ်ခံစားမှုများ ပြောင်းလဲသွားသည်။ သူ့မှာ အမျိုးမျိုးသော စိတ်ခံစားမှုတွေ ရောထွေးနေလျက်ရှိသည်။
ယခု သူအလိုချင်ဆုံးအရာမှာ ယန်ကျွင်း ကို ထိုက်တန်သည့်အတိုင်း အပြစ်ပေးခံရမည်ဖြစ်ပြီး ကောင်းကင်ဘုံရှိ မိဘများ၏ ဝိညာဉ်များကို နှစ်သိမ့်ပေးနိုင်စေရန် ဖြစ်သည်။
ယန်စစ်ယွမ် ရှိနေသောကြောင့် ကုနင်းသည် ကောင်းယိ ကိုဖုန်းဆက်ပြီး သီးခြားလိပ်စာတောင်းရန် မလိုအပ်ပါ။
သူတို့ကားက ယန်မိသားစုရဲ့အိမ်ရှေ့မှာ ရပ်လိုက်ပြီး ကောင်းယိ အမှောင်ထဲက ထွက်လာခဲ့သည်။
"ဘော့စ် ယန်ကျွင်းက တစ်ချိန်လုံး အထဲမှာပဲ" ကောင်းယိက “ကျွန်တော် ပတ်ဝန်းကျင်ကို စောင့်ကြည့်ထားတယ်။ ဝင်စရာနေရာ မရှိဘူး။ ဒုတိယထပ်မှာ ပြတင်းပေါက်တွေ ရှိတယ်၊ ဒါပေမယ့် သူခိုးကာကွယ်ရေးဘားတွေ ရှိတယ်”
"မင်းတို့အားလုံး ဒီမှာ စောင့်နေလို့ရတယ်။ ငါအရင်သွားကြည့်မယ်" ကုနင်းကပြောပြီး လျှောက်သွားလိုက်သည်။ လင်ရှောင်းထင်သည် အခြားလူများနှင့်အတူ စောင့်ဆိုင်းမည်ဟု ပြင်လိုက်သော်လည်း နောက်ဆုံး ကုနင်း၏နောက်မှ လိုက်ပါခဲ့သည်။
ရှောက်ချန်းသည် သူမည်သူဖြစ်သည်ကို မသိသော်လည်း ကုနင်းနှင့် လင်ရှောင်းထင်၏ အပြန်အလှန်ဆက်ဆံမှုမှ ၎င်းတို့သည် စုံတွဲတစ်တွဲဖြစ်သည်ကို သူမြင်ပြီးဖြစ်သည်။ ကုနင်းရဲ့ ချစ်သူဖြစ်တာကြောင့် သူက မြင့်မားသော အဆင့်အတန်းကို ခံစားရမယ်လို့ မဆိုလိုပါ။ သူ၏ မြင့်မြတ်သော လေထုသည် သာမန်လူများတွင် ရရှိနိုင်သောအရာ မဟုတ်ပေ။
သူတို့ လျှောက်လာရင်း ကုနင်းက အိမ်ရဲ့ အခြေအနေကို ကြည့်သည်။ အထဲမှာ ယန်ကျွင်း တစ်ယောက်ပဲ ရှိသည်။ ဒုတိယထပ်ရှိ မာစတာအိပ်ခန်း၏ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အိပ်ပျော်နေပုံရသည်။
ကုနင်းက သူဟာ ယန်စစ်ယွမ်ရဲ့မိဘတွေကို သတ်ပြီး အခု သူတို့အခန်းထဲမှာ အိပ်နေတာကို နားမလည်နိုင်တော့ပေ။ သူ့မှာ အပြစ်ရှိသလို မခံစားရဘူးလား။ အိပ်မက်ဆိုးတွေရော မမက်ဘူးလား။
သူမအိပ်ခင် အခန်းအတွင်းမှာရှိတဲ့ နဂိုအရာအားလုံးကို အစားထိုးခဲ့ပေမဲ့ ကုနင်းရဲ့မျက်လုံးထဲမှာတော့ ဒါဟာ သိပ်လက်မခံနိုင်သေးပါ။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အိမ်နောက်ဘက်ရှိ ပြတင်းပေါက်မှ ဖွင့်ထားသော အခန်းဆီသို့ သွားကြသည်။
သူခိုးကာကွယ်ရေးပြတင်းပေါက်များကြောင့် မမြင်ရပါ။ ဤသူခိုးကာကွယ်ရေးပြတင်းပေါက်များသည် လှပသော်လည်း Stainless Steel သူခိုးကာကွယ်ရေးပြတင်းပေါက်များထက် ဖွင့်ရပိုမိုလွယ်ကူပါသည်။
“ကိုယ်လုပ်လိုက်မယ် ကိုယ်၀င်သွားပြီး မင်းအတွက် တံခါးဖွင့်ပေးမယ်" ဟုလင်ရှောင်းထင်က ပြောသည်။
“ကောင်းပြီ” ကုနင်းကသဘောတူသည်။
ထို့နောက် လင်ရှောင်းထင်သည် ဓားမြှောင်ကို ထုတ်ကာ လက်ဗလာဖြင့် တက်လိုက်သည်။
တကယ်တော့ လင်ရှောင်းထင်ဟာ တည့်တည့်ခုန်လိုက်ပြီး ကြမ်းပြင်ပေါ်တက်နိုင်ပေမယ့် သူ့ပတ်ဝန်းကျင်မှာ စောင့်ကြည့်ကင်မရာတွေရှိတယ်။ တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်ပြီး စုံစမ်းရင် ပြသနာဖြစ်စနေိုင်သည်။
ဒါပေမယ့် လက်ဗလာနဲ့ တက်ခဲ့ရင်တောင် ဒုတိယထပ်ကိုရောက်သွားနိုင်သည်။ လင်ရှောင်းထင် အတွက် သူ့မှာ ဘာအခက်အခဲမှ မရှိခဲ့သလို လှုပ်ရှားမှုအနည်းငယ်နဲ့ တက်နုိင်ခဲ့သည်။ ထို့နောက် ဓားမြှောင်ကိုထုတ်ကာ သူခိုးကာကွယ်ရေးပြတင်းပေါက်ကို ဖြတ်လိုက်သည်။
တကယ်တော့ ဓားမြှောင်နဲ့ ခုတ်တာက လက်တွေ့မကျဘဲ အချိန်အတော်ကြာနိုင်သည်။ ထို့ကြောင့် လင်ရှောင်းထင်သည် သူ၏ မှော်စွမ်းအင်ကို အသုံးပြုခဲ့သည်။ ဖြတ်လိုက်သည်နှင့် ကျယ်လောင်သော အသံထွက်သွားခြင်းမရှိဘဲ ပြတ်တောက်သွားသည်။
ရှောက်ချန်းနဲ့ တခြားသူတွေက ဒီမြင်ကွင်းကို မြင်လိုက်ရရင် ဒီချွန်ထက်တဲ့ဓားမြှောင်ကြောင့် သူတို့ အရမ်းအံ့သြသွားနိုင်သည်။
ပြတင်းပေါက်ကို ဖြတ်ပြီးနောက်ဖွင့်လိုက်ပြီး လင်ရှောင်းထင် ခုန်ဆင်းသွားသည်။ သူ့ခြေသံက ပေါ့ပါးလွန်းတာကြောင့် ယန်ကျွင်း မနိုးလာပေ။
ကုနင်းက လင်ရှောင်းထင်ကို အိမ်ထဲဝင်ပြီး ယန်ကျွင်း တကယ် အိပ်ပျော်နေသလား ဆိုတာကို ကြည့်ဖို့ ပြောပြီး လင်ရှောင်းထင်က သွားကြည့်သည်။
လင်ရှောင်းထင် ဝင်သွားပြီးနောက် ကုနင်းက ပြန်လာပြီး ယန်စစ်ယွမ်နဲ့ တခြားသူတွေကို ခေါ်ပြီး ကောင်းယိက အပြင်မှာ စောင့်နေခဲ့သည်။
သိပ်မကြာခင်မှာပဲ လင်ရှောင်းထင် တံခါးကိုဖွင့်လာသည်။
“အဲဒီလူက အိပ်ပျော်နေပြီး အရက်နံ့တွေ ရနေတယ်” ဟု လင်ရှောင်းထင်က ဆိုသည်။
"ကောင်းပြီ ရှင် ကားပြန်တက်ပြီး ကျွန်မကို ခဏစောင့်နေလိုက်ပါ"
အဲဒါကိုကြားတော့ လင်ရှောင်းထင်က ကုနင်းရဲ့စကားကို နားထောင်ပြီး ကားထဲမှာ စောင့်နေလိုက်သည်။ ကုနင်းသည် ပြဿနာများကို လွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ သူမသည် အခြားသူများကို ချက်ချင်းခေါ်လာခဲ့သည်။
ကုနင်းသည် လူအုပ်စုကို ဒုတိယထပ်သို့ ခေါ်ဆောင်သွားသည်။ သူတို့အားလုံး လေ့ကျင့်ထားသောကြောင့် သူတို့၏ခြေလှမ်းများသည် အလွန်ပေါ့ပါးပြီး ယန်ကျွင်းကို မနိုးနိုင်ပါ။
ကုနင်းက ရှောက်ချန်းနဲ့ တခြားသူတွေကို အပြင်မှာနေခိုင်းပြီး သူမဝင်လာဖို့ခေါ်တဲ့အထိ စောင့်ခိုင်းသည်။
ပင်မအိပ်ခန်းတံခါးက ပွင့်သွားပြီး မီးတွေပွင့်သွားသည်။
ကုနင်းနဲ့ ယန်စစ်ယွမ် အခန်းထဲမှာ ရှိနေပေမယ့် ယန်ကျွင်းကတော့ ဘာမှ မခံစားရသေးပါ။
ယန်ကျွင်းသည် သူ့မိဘများအခန်းတွင် အိပ်ပျော်နေသည်ကိုမြင်လိုက်ရတော့ ယန်စစ်ယွမ် ၏ တစ်ကိုယ်လုံး ဒေါသကြောင့် တုန်လှုပ်လာရသည်။ သူသည် ဒေါသတကြီးဖြစ်ကာ ကျေးဇူးကန်းသောလူကို သတ်ရန် မစောင့်နိုင်တော့ပေ။ ကံကောင်းထောက်မစွာ သူ့မှာ အကြောင်းပြချက်အနည်းငယ်ရှိ၍ တွန်းအားကို မျိုသိပ်ထားခဲ့သည်။
အခန်းထဲရောက်ပြီးနောက် ကုနင်းသည် ယန်ကျွင်းကို ချက်ချင်းမနှိုးဘဲ ဗီဒီယိုမှတ်တမ်းကို ဦးစွာပြင်ဆင်ခဲ့သည်။ ယန်ကျွင်း၏ ဝန်ခံမှုကို မှတ်တမ်းတင်ရန် သူမ စီစဉ်ထားခြင်းဖြစ်သည်။
ဗီဒီယိုမှတ်တမ်းကို ပြင်ဆင်ပြီးနောက် ယန်ကျွင်းကို နှိုးရန် ဆုံးဖြတ်ခဲ့သည်။
"သူ့ကို အခုနှိုးလိုက်ပါ!" ကုနင်းက ယန်စစ်ယွမ်ကို ပြောသည်။ သူ့ဒေါသကို ဖြေဖျောက်ဖို့ အခွင့်အရေးပေးလိုက်သည်။
"ပြဿနာမရှိပါဘူး!" ယန်စစ်ယွမ်က ယန်ကျွင်းကို ပြင်းပြင်းထန်ထန် ကန်ဖို့ ရှေ့ကို တိုးသွားသည်။
ယန်ကျွင်း နာကျင်မှုကနေ ချက်ချင်းနိုးထလာပြီး စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့ကို ကန်ခဲ့တာလား။
သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ကုနင်းနဲ့ ယန်စစ်ယွမ် ရှေ့မှာတွေ့လိုက်ရ၍ တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးသွားသည်။ နောက်တစ်စက္ကန့်တွင် သူသည် ကုတင်ပေါ်မှ ခုန်ဆင်းကာ သူတို့ကို သတိထားကြည့်သည်။ "မင်း မင်းတို့ဘယ်လိုဝင်လာတာလဲ။ မင်းတို့ဘာလုပ်ချင်လို့လဲ?"
သူတို့ ဘာလုပ်ချင်တာလဲ။ ယန်စစ်ယွမ်က ဤနေရာမှာ ပေါ်လာပြီးကတည်းက ၎င်းတို့သည် မကောင်းမှုတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားသည်။
ယန်စစ်ယွမ်က ကုနင်းနဲ့အတူ သူ့ကိုသတ်မှာလား။
"ငါတို့ ဘာလုပ်ချင်တာလဲ။ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရမှာပေါ့” ကုနင်းက ရယ်မောကာ ပြောလိုက်သည်။ ယန်စစ်ယွမ်သည် ကုနင်း၏ အစီအစဉ်ကို နားထောင်ရင်း ထိုအချိန်တွင် တိတ်ဆိတ်နေခဲ့သည်။
လုပ်သင့်လုပ်ထိုက်တဲ့အရာလား?
ယန်ကျွင်းသည် ကုနင်းက ယန်စစ်ယွမ်၏ စကားကို ယုံကြည်ပြီး ၎င်းတို့၏ အထောက်အထားများကို ဖလှယ်ထားသည်ဟု ယုံကြည်သွားပြီဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်။ သူတို့ရဲ့ ဖိုင်တွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီးလည်း သူ့ကိုသံသယဖြစ်နိုင်သည်။
“မင်း…”
ကုနင်းကို ကြောက်ရွံ့ပြီး အပြစ်ရှိသော စိတ်ဖြင့် ယန်ကျွင်းသည် ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
"မင်းရဲ့အဆက်အသွယ်တွေကနေ ကျောင်းဖိုင်တွေကို ဖျက်လိုက်တာလား" ကုနင်းက မေးသည်။ ထိုမေးခွန်းကို သူမမေးသော်လည်း သူမ၏လေသံမှာ သေချာပေါက် ခိုင်လုံနေသည်။ ယန်ကျွင်း သူ့ဘာသာသူ ဝန်ခံဖို့ လိုအပ်တာကြောင့် သူမမေးခဲ့ရုံပင်။
ယန်ကျွင်းသည် သူမ၏မေးခွန်းကိုကြားလိုက်သောအခါတွင် သူ၏အမူအရာသည် အပြစ်ရှိသောအသိစိတ်ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ငြင်းဆိုခဲ့သည်။ “ဘာကျောင်းဖိုင်တွေလဲ။ မင်းဘာတွေပြောနေတာလဲ ငါမသိဘူး"
"တကယ်လား? ဒါဆို မင်းဘာလို့ လန့်နေရတာလဲ" ကုနင်းက ရယ်မောလိုက်သည်။
“…” ယန်ကျွင်းသည် တစ်စက္ကန့်မျှ ထုံထိုင်းသွားကာ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
"မင်း ယန်စစ်ယွမ် မဟုတ်မှန်း ငါသိတယ်။ မင်းက ယန်ကျွင်း ပဲ"
***
ဖီးနစ်သွေးစက်
အခန်း ၂၁၄၇ ယန်စစ်ယွမ် ကို ထောင်ထဲပို့မှာလား
"မဟုတ်ဘူး ငါ ယန်ကျွင်း မဟုတ်ဘူး။ ငါ ယန်စစ်ယွမ် ပဲ။ ယန်ကျွင်း လှည့်စားတာကို မခံနဲ့။ သူငါ့မိသားစုရဲ့ ပိုင်ဆိုင်မှုကို ခိုးဖို့ လုပ်နေတာ…” ကုနင်းရဲ့ စကားမဆုံးခင် ယန်ကျွင်း က ကမန်းကတန်း နှောင့်ယှက်ကာ ဖြတ်ပြောလိုက်ပေမယ့် ဒီလို အလျင်အမြန် ဖုံးကွယ်ထားမှုမျိုးက သူ့မှာ အပြစ်ရှိကြောင်းကို သက်သေပြလိုက်တာပါပဲ။
ယန်စစ်ယွမ်က ယန်ကျွင်းကို ဒေါသတကြီး ကြည့်နေပေမယ့် မနှောက်ယှက်ပါ။
"မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ မင်းရဲ့ အထက်တန်းကျောင်းဖိုင်တွေကို စစ်ဆေးလိုက်တာနဲ့ အလွယ်တကူ သိနိုင်တာပဲ" ဟု ကုနင်းက ပြုံးလျက်ပြောသည်။
"ဟမ်! ကျောင်းဖိုင်တွေ ပျောက်ကုန်ပြီလေ…” ယန်ကျွင်း မသိစိတ်က ပြောလိုက်သော်လည်း အသံထွက်ပြောလိုက်မိတာနဲ့ တစ်ခုခုမှားသွားပြီဆိုတာ သိလိုက်ရသည်။ သူဒီလို မပြောသင့်ပေမယ့် သူ့စကားတွေကို ပြန်မပြင်နိုင်တော့ပေ။
"တကယ်လား? ကျောင်းဖိုင်တွေ ပျောက်သွားတယ်ဆိုတာ ဘယ်လိုလုပ်သိလဲ" ကုနင်းက အဓိပ္ပါယ်ရှိစွာ မေးလိုက်သည်။
ယန်ကျွင်းသည် ခဏတာ အပြစ်ရှိကြောင်း သိသော်လည်း မကြာမီ ငြိမ်သက်သွားသည်။
"ရှောက်ချန်း ငါ့ကိုပြောပြတာ။ ဒီကိစ္စမှာ ငါက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လေ။ အဲ့တော့ မေးလို့မရနိုင်ဘူးလား"
ဒါဟာ တရားမျှတပုံပေါက်ပြီး ယန်ကျွင်းက သူ့မှာရှိနေတယ်လို့ ထင်နေတဲ့ တည်ငြိမ်မှုက ကုနင်းရဲ့ အမြင်မှာ အပေါက်အပြဲတွေနဲ့ ပြည့်နှက်နေသည်။ ယန်စစ်ယွမ် ပင်လျှင် ခံစားခဲ့ရသည်။
"တကယ်လား?" ကုနင်းက ဆက်၍ "ယန်ကျွင်း ငြင်းမနနေဲ့တော့ ရှောက်ချန်း က အဲ့တာကို မလုပ်ခင် မင်းရဲ့ဖိုင်တွေကို ငါဖတ်ပြီးပြီမို့လို့ပဲ။ မင်းက တကယ် ယန်ကျွင်း ပဲ၊ သူက ယန်စစ်ယွမ်ဆိုတာကိုလည်း ငါစုံစမ်းဖူးတယ်"
"ဘာ?"
အဲဒါကိုကြားတော့ ယန်ကျွင်း အံ့သြသွားသည်။ ကုနင်းက ရှောက်ချန်းကို သူဒီလိုလုပ်ဖို့ သတိမပေးခင်ကတည်းက စုံစမ်းမှုတွေ လုပ်ထားပြီးသားလား။ သူမရှာလည်း ရှာတွေ့ခဲ့တယ်...
မကြာခင်မှာပဲ ယန်ကျွင်းဟာ မမှန်ဘူး ဒါမှမဟုတ် ကုနင်းက သူ့ကို လှည့်ဖြားနိုင်တယ်လို့ တွေးပြီး ပြန်ငြင်းပါတော့သည်။ "မစ္စကု မင်း ယန်ကျွင်းကို ဘာလို့ဒီလိုကူညီပေးချင်ရတာလဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် ငါက ယန်စစ်ယွမ် အစစ်အမှန်ပဲ"
"ဟားဟား!" ကုနင်းက မထိန်းနိုင်ဘဲ ရယ်လိုက်တော့သည်။ ယန်ကျွင်းက သူ့အပြစ်ကို လွယ်လွယ်နဲ့ ဝန်ခံမပြတာ အံ့သြစရာမဟုတ်တာကြောင့် သူမ စိတ်မတိုခဲ့ပေ။
တကယ်တော့ ယန်ကျွင်းသာမက တစ်ယောက်ယောက်က မကောင်းမှုတစ်ခုခုလုပ်ခဲ့မယ်ဆိုရင် သူတို့ရဲ့ ပြစ်မှုကို အလွယ်တကူ ဝန်ခံမှာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဝန်ခံလျှင် အပြစ်ပေးခံရမှာမို့လို့ပါ။
ထို့အပြင် သူမသည် သက်သေမရှိဘဲ ပြောနေခြင်းဖြစ်သည်။ ငြင်းဖို့ကြိုးစားရင် မတော်တဆ လွတ်သွားမလားဆိုတာ ဘယ်သူမှ မသိနိုင်ပါ။
"ငါစုံစမ်းပြီးကတည်းက သက်သေတချို့ စုဆောင်းထားပြီးပြီ..." ကုနင်းက သူ့ကျောပိုးအိတ်ထဲက ဖိုင်နှစ်ဖိုင်ကို ထုတ်ပြီး ယန်ကျွင်းဆီကို တိုက်ရိုက် ပစ်ချလိုက်သည်။
ကုနင်းကုတင်ပေါ်တင်လိုက်တဲ့ ဖိုင်တွေကို ကြည့်လိုက်တော့ ယန်ကျွင်းက တောင့်တင်းပြီး တုန်လာခဲ့သည်။ သူမ တကယ်ပဲ အမှန်တရားကို ရှာတွေ့ခဲ့တာလား။
ယန်ကျွင်းက မမြင်ချင်တဲ့အရာကို မြင်မှာကြောက်တာကြောင့် သူတို့ကို မဖတ်ချင်ပေမယ့် အမှန်တရားကို တကယ်သိသွားသလားဆိုတာလည်း သိချင်တာကြောင့် သူတို့ကို ဖတ်ရမည်။
"ဘာလဲ? မင်း အဲဒါကို မဖတ်ရဲဘူးလား" ကုနင်းဟာ ယန်ကျွင်းက ဖိုင်တွေကို အချိန်ကြာတာတောင် မယူသေးတာကို တွေ့လိုက်ရတော့ မေးလိုက်သည်။
"မဟုတ်ပါဘူး ငါဖတ်မယ်! ဘာလို့ကြောက်ရမှာလဲ" ကုနင်းက စိန်ခေါ်လာ၍ ယန်ကျွင်းက ရွေးချယ်စရာမရှိပေမယ့် ဖိုင်တွေကို ကောက်ကိုင်လိုက်သည်။ သို့သော် တုန်လှုပ်နေသော ခန္ဓာကိုယ်သည် သူ့ကို သစ္စာဖောက်နေပြီဖြစ်သည်။
ယန်ကျွင်းသည် ဖိုင်များကိုယူကာ ၎င်းတို့ကို ဖွင့်မပြမီ ခဏမျှ တုံ့ဆိုင်းသွားသည်။ ၎င်းတို့သည် အမှန်တကယ်ပင် သူနှင့် ယန်စစ်ယွမ်၏ဖိုင်များဖြစ်ကြောင်းကို သူမြင်သောအခါ ယန်ကျွင်းသည် ကြောက်ရွံ့ထိတ်လန့်သွားပြီး သူ့ယုံကြည်မှု ပျောက်ဆုံးသွားတော့သည်။
"ကဲ ငြင်းလို့ရသေးလား" ကုနင်းက မေးသည်။
ယန်ကျွင်းသည် ခဏတာ ယုံကြည်မှု ပျောက်ဆုံးသွားသော်လည်း ကျောင်းဖိုင်များကို ဖျက်ပြီးပြီဟု ထင်ကာ အသံထွက်လာပြန်သည်။ “ဒီဖိုင်တွေက အတုတွေ…”
"ကောင်းပြီ ဆိုးရွားတဲ့အဖြစ်မှန်ကို မကြုံမချင်း မင်းတကယ်ပဲ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပုံရတယ်!" ကုနင်းက ဖိုင်တစ်ဖိုင်ကို ထုတ်ပြီး ယန်ကျွင်း ရှေ့မှာ ပစ်ချလိုက်သည်။ “ဒါက ပညာရေးဗျူရိုရဲ့ စနစ်ထဲက ဖိုင်ပဲ။ မပျောက်သွားဘူး!"
တကယ်တော့ ရှောက်ချန်း သို့မဟုတ် ယန်ကျွင်းရဲ့ ညစ်ပတ်သောလှည့်ကွက်များကစားခြင်းမှကာကွယ်ရန် သူမသည် ရှောက်ချန်းအား သူတို့၏ကျောင်းရှိဖိုင်များကိုစစ်ဆေးရန်သာသတိပေးခဲ့သည်။ ပညာရေးဗျူရိုမှာ ဖိုင်တွေရှိတယ်ဆိုတာလည်း သူမ မပြောခဲ့ပါ။
ကျောင်းရှိဖိုင်များ ပျောက်ဆုံးသွားကြောင်း သိရှိပြီးနောက် ပညာရေးဗျူရိုရှိ ဖိုင်များကို ချက်ချင်းစစ်ဆေးရန် K ကို တောင်းဆိုခဲ့သည်။ အကယ်၍ ဖိုင်များရှိနေပါက ယန်ကျွင်းသည် ၎င်းတို့ကို ဖျက်နိုင်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ဒါမှမဟုတ် ယန်ကျွင်းက အဲဒါကို သိနိုင်ပေမယ့် သူတို့ကို ဖျက်ဖို့ အဆက်အသွယ်နဲ့ မဖျက်နိုင်တာလည်းဖြစ်နိုင်သည်။
"ဘာ?" ယန်ကျွင်းသည် ပညာရေးဗျူရိုတွင် မော်ကွန်းတိုက်များရှိသည်ကို မသိခဲ့ပါ။ သူသိနေရင်တောင် ဖျက်လို့မရနိုင်ပေ။
ထိုအခြေအနေတွင် ယန်ကျွင်းသည် ယခုအချိန်တွင် သူဘာလုပ်နိုင်သည်ကို မသိပေ။
ရုတ်တရက် ယန်ကျွင်းက တစ်ခုခုကို တွေးပြီး ကြောက်စိတ်လျော့သွားပြီးနောက် ကုနင်းကို တည့်တည့်စိုက်ကြည့်လိုက်သည်။ "ဟုတ်တယ် ငါက ယန်ကျွင်းပဲ အဲ့တော့ ဘာဖြစ်လဲ? ယန်စစ်ယွမ်ရဲ့ မိဘတွေက ငါ့ကို သူနဲ့ အထောက်အထားဖလှယ်ဖို့ အတင်းအကြပ်လုပ်ခဲ့တာ။ ငါ့အပြစ်မဟုတ်ဘူး။"
ထို့နောက် သူက ယန်စစ်ယွမ်ကိုကြည့်ကာ "ယန်စစ်ယွမ် မင်းငါ့ကိုလုပ်ကြံတာတရားမဝင်ဘူး။ မင်းမအောင်မြင်ပေမယ့် အနည်းဆုံးထောင်ဒဏ် နှစ်နှစ်လောက်ကတော့ အကျခံရမှာပဲ။ ငါတို့ဘာလို့ ဒီအရှုပ်အထွေးကြီးကို မဆုံးသတ်နိုင်ရတာလဲ။ ငါ မင်းကို တရားမစွဲဘူး၊ ဒါကြောင့် မင်းကို ပြစ်ဒဏ်ချဖို့ မလိုဘူး"
အဲဒါကိုကြားတော့ ယန်စစ်ယွမ်က ဒေါသထွက်ပြီး ကမောက်ကမဖြစ်လာသလို ခံစားရသည်။ ယန်ကျွင်းက ဒါကို ကြီးကြီးမားမားမဟုတ်ဘူးထင်နေတာလား။ အထောက်အထားတွေ ဖလှယ်ကြတာက သူ့မိသားစုရဲ့ အပြစ်ဖြစ်ရင်တောင် ဒါက ယန်ကျွင်းက သူ့မိသားစုရဲ့ စည်းစိမ်ဥစ္စာတွေကို ခိုးယူပြီး သူ့မိဘတွေကို သတ်ပစ်ဖို့အတွက် အကြောင်းပြချက် မဟုတ်ပေ။
“အဲလောက်မရိုးရှင်းဘူး။ မင်းက ယန်ကျွင်းလို့ ဝန်ခံတဲ့အတွက် ယန်မိသားစုရဲ့ ချမ်းသာမှုကို ယန်စစ်ယွမ်ကို ပြန်ပေးသင့်တယ်” ဟု ကုနင်းက ဆိုသည်။
"မဖြစ်နိုင်ဘူး! ငါက ယန်စစ်ယွမ် ပဲ၊ ယန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက ငါ့မှာ ရှိနေတုန်းပဲ” ယန်ကျွင်းသည် ထိုစကားကိုကြားသောအခါ ချက်ချင်းငြင်းဆန်ခဲ့သည်။ သူသည် သန်းပေါင်းများစွာသော ပိုင်ဆိုင်မှုများကို ယန်စစ်ယွမ်ထံ ပြန်ပေးမည်မဟုတ်ပါ။ မဖြစ်နိုင်ပေ!
“ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ မင်းအပေါ်မှာ မမူတည်ဘူး ဥပဒေအပေါ်မှာပဲ မူတည်တယ်” ဟု ကုနင်းက ဆိုသည်။ ယန်ကျွင်းရဲ့ အရှက်ကင်းမဲ့မှုက သူမကို အံ့အားသင့်စေခဲ့ပေမယ့် သူမဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိခဲ့သလို ပုံမှန်လို တည်ငြိမ်နေခဲ့သည်။
“ဒီကိစ္စက ဒီမှာအဆုံးသတ်မှာကို သဘောမတူဘူးလို့ ဆိုလိုတာလား။ ယန်စစ်ယွမ်ကို ထောင်ထဲသွားခွင့်ပေးမှာလား" ယန်ကျွင်းက သူ့လက်သီးတွေကို ဆုပ်ထားပြီး အေးစက်နေတဲ့ပုံနဲ့ ကုနင်းကို စိုက်ကြည့်နေသည်။ သူ့ပုံစံက ယန်စစ်ယွမ်အတွက် တရားမျှတမှုကို ရှာဖွေလိုပုံရသည်။
ယန်စစ်ယွမ်သာ ထောင်ထဲရောက်သွားရင် သူပျော်နေမှာဖြစ်ပေမယ့် ပြဿနာကတော့ ယန်စစ်ယွမ် ထောင်ကျသွားရင် သူ့အထောက်အထားက လူသိရှင်ကြားဖြစ်ပြီး ယန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားနိုင်သည်။
"ကောင်းပြီလေ" ကုနင်းက ရယ်မောလိုက်သည်။ သူမ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး အေးစက်လာသည်။ သူမသည် ယန်ကျွင်းကို မှိုင်းညို့သောအကြည့်ဖြင့် ကြည့်ပြီးနောက် ယန်ကျွင်းက ရုတ်တရက် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ သူသည် ကုနင်း၏ မျက်လုံးများကို ချက်ချင်းကြည့်ရန် သတ္တိမရှိ၍ ရှောင်လိုက်သည်။
ထို့နောက် ကုနင်း၏ ပေါ့ပါးသောအသံကို သူကြားလိုက်ရသည်။ "ယန်ကျွင်း ယန်စစ်ယွမ်ရဲ့ မိဘတွေ ဆုံးပါးသွားရတဲ့ကိစ္စကိုရော မင်း မေ့သွားပြီလား..."
သူ့မိဘတွေ ဆုံးပါးသွားတဲ့အကြောင်း ကြားတာနဲ့ ယန်စစ်ယွမ် နာကျင်သွားသည်။ တစ်နှစ်ကျော်သွားပြီဖြစ်တာတောင် သူမမေ့နိုင်သေးပေ။ လက်စားချေပြီးမှသာ အဆင်ပြေမှာပါ။
ထိုစကားကိုကြားသောအခါ ယန်ကျွင်း ထိတ်လန့်သွားပြီး မသိစိတ်က ငြင်းလိုက်သည်။ "မဟုတ်ဘူး ငါနဲ့ဘာမှမဆိုင်ဘူး!"
"မင်းနဲ့ ပတ်သက်တယ်လို့ ငါပြောမိလို့လား။ မင်းဘာလို့အော်တာလဲ။ မင်း အခုတော့ ထိတ်လန့်လာပြီး အပြစ်ရှိတယ်လို့ ခံစားနေရပြီလား" ကုနင်းက ခနဲ့ကာ မေးလိုက်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၁၄၈ ယန်ကျွင်းကို ခေါ်ဆောင်သွားသည်
“ငါ…” ယန်ကျွင်း ထိတ်လန့်သွားပြန်သည်။ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို သူသိသောကြောင့် ချက်ချင်းပင် ငြင်းခုံခဲ့သည်။ "မင်းငါ့ကို စွပ်စွဲလို့ ငါစိတ်လှုပ်ရှားသွားတာ"
ယန်ကျွင်းက သက်သေမရှိဟု ယုံကြည်သောကြောင့် ဆက်လက်ငြင်းဆိုခဲ့သည်။ သူသည် ယန်စစ်ယွမ်နှင့်တုန်းက ရိုးသားသော်လည်း ယန်စစ်ယွမ်သည် သေဆုံးသွားသူ၏သားဖြစ်သောကြောင့် သူ၏ဝန်ခံချက်မှာ အဓိပ္ပါယ်မရှိပေ။
"စွပ်စွဲတာဟုတ်လား? တကယ်လား?" ကုနင်းက ရယ်မောလိုက်သည်။ ထို့နောက် သူမဆက်မပြောဘဲ ယန်စစ်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ယန်စစ်ယွမ်က ဒါကို နားလည်ပြီး ဒီအချိန်မှာ ပါးစပ်ကို ဖွင့်လိုက်သည်။ “ဒါက မင်းငါ့ရှေ့မှာ ဝန်ခံဖူးတယ်လေ။ အခုမှ ဘာကို စွပ်စွဲခံရတာလဲ"
"မင်းစကားပြောနိုင်လား" ယန်စစ်ယွမ် ပြောနေတာကိုကြားတော့ ယန်ကျွင်း တုန်လှုပ်သွားပြီး မျက်လုံးကို ဝိုင်းကြည့်သည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
"အင်း မင်းကို စိတ်ပျက်သွားစေမိလို့ တောင်းပန်ပါတယ်" ယန်စစ်ယွမ်က လှောင်ပြောင်လိုက်သည်။
ယန်ကျွင်းကတော့ တကယ်ကို စိတ်ပျက်သွားပေမယ့် ဒါဟာ ကွာခြားသွားလိမ့်မယ်လို့ မထင်ထားပါ။
"ဒါဆို? မျက်နှာချင်းဆိုင် ဝန်ခံခဲ့တယ်ဟုတ်လား။ သက်သေရော။ မင်းမှာ သက်သေရှိလား။ သက်သေမရှိရင် မင်းက ငါ့ကို စွပ်စွဲနေတာပဲ၊ ငါ မင်းကို တရားစွဲလို့ရတယ်” ဟု ယန်ကျွင်းက ပြောသည်။
ယန်ကျွင်းက ကျယ်ကျယ်လောင်လောင်ပြောရင်တောင် တကယ်က သူက အရမ်းကြောက်နေသည်။ သို့သော် သူ လက်မခံနိုင်ပေ။
ယန်စစ်ယွမ်က သူ့မှာ အထောက်အထားမရှိသဖြင့် အနည်းငယ် စိုးရိမ်နေမိသည်။ ယန်ကျွင်းက ဝန်ခံရန် ငြင်းဆိုပါက ဥပဒေအရ အပြစ်ပေးနိုင်မည် မဟုတ်ပေ။ သို့သော်လည်း လက်ရှိအခြေအနေအရ သူ့စိုးရိမ်မှုများသည် အသုံးမဝင်တော့ဘဲ ယန်ကျွင်း ဝန်ခံရန်သာ အစွမ်းကုန်ကြိုးစားရမည်။
"ယန်ကျွင်း၊ ငါ့မိဘတွေက မင်းကို ကြင်ကြင်နာနာမွေးစားခဲ့တယ်။ သူတို့က မင်းကို ကောင်းကောင်းဆက်ဆံခဲ့တယ်။ သူတို့က မင်းကို ကျွေးမွေးပြီး မင်းရဲ့ ပညာသင်ကြားမှုကို ထောက်ပံ့ပေးတယ်။ မင်းသူတို့ကို ဘာလို့ဒီလောက်ရက်စက်ရတာလဲ" ယန်စစ်ယွမ်က ပြင်းပြင်းထန်ထန် မုန်းတီးစွာ မေးလိုက်သည်။
အဲဒါကိုကြားတော့ ယန်ကျွင်းက ယန်စစ်ယွမ် ရဲ့ မိဘတွေအပေါ် မကျနေပ်မှုတွေကို ချက်ချင်း ဖော်ထုတ်လိုက်သည်။ "ဘာလို့ ငါ့ကို ကောင်းကောင်း ဆက်ဆံတယ်လို့ ထင်တာလဲ။ သူတို့ အဲ့လိုလုပ်တာက မင်းနဲ့ ငါ့ကို အတင်းအကြပ်အထောက်အထားလဲအောင်လုပ်ပြီး ငါ့ကို မကောင်းတဲ့ တက္ကသိုလ်မှာ ပညာသင်ခိုင်းပြီးတော့ မင်းကိုကျတော့ ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်မှာ ပညာသင်ကြားနိုင်ဖို့ ခိုင်းစေခဲ့တာလေ…”
အဲ့ဒီအချိန် ယန်ကျွင်းက သူဒီလိုမပြောသင့်ဘူးဆိုတာ သိလိုက်ရတဲ့အတွက် ချက်ချင်းရှင်းပြလိုက်သည်။ "အို၊ ငါ သူတို့ကို ဒုက္ခမပေးဖူးဘူး"
ဝန်ခံလို့မရပေ။ အဲဒီလိုလုပ်ရင် ထောင်ကျလိမ့်မည်။
ယန်ကျွင်း၏ တုံ့ပြန်မှုသည် သူ့တွင် အပြစ်ရှိကြောင်း သက်သေပြခဲ့ပြီး ယန်စစ်ယွမ်၏ မိဘများသေဆုံးမှုသည် သူနှင့် အမှန်တကယ် သက်ဆိုင်ကြောင်း သက်သေပြနိုင်သော်လည်း ယန်ကျွင်း ကိုယ်ပိုင်၀န်ခံချက်ကို ရယူခြင်းက ပိုကောင်းပါသည်။
ထို့ကြောင့် ယန်စစ်ယွမ်က “ဟုတ်တယ် မင်းကို ငါနဲ့ အထောက်အထား ဖလှယ်ခိုင်းတာ ငါတို့အပြစ်ပဲ၊ ဒါပေမယ့် ငါ့မိသားစုက မင်းကို ကောင်းကောင်းဆက်ဆံခဲ့တယ်။ အမျိုးသား ကောလိပ်ဝင်ခွင့် စာမေးပွဲကို နောက်တစ်ကြိမ် ထပ်မဖြေဘဲ တက္ကသိုလ် ကောင်းကောင်း ဝင်ခွင့် ရမှာမလို့လား။ ငါ့မိဘတွေက မင်းကို အိမ်မှုကိစ္စလုပ်ခိုင်းပေမယ့် ငါလည်း လုပ်ခဲ့ရတယ်။ အထောက်အထားဖလှယ်တာကလွဲရင် မင်းအပေါ် ငါ့မိသားစု၏ ဆက်ဆံပုံမှာ အမှားအယွင်းမရှိဘူးလို့ ငါထင်တာပဲ။ ငါ့မှာရှိတာ မင်းမှာလည်းရှိတယ်။ ထောက်ပံ့ကြေးလည်း အတူတူပဲ။ အမှားတစ်ခုကြောင့် ငါ့မိဘတွေကို မုန်းတီးရမှာလား။ မင်း သူတို့ကို သတ်ပစ်မှရမှာလား"
ယန်ကျွင်းကို မေးခွန်းထုတ်ရင်း ယန်စစ်ယွမ်၏ စိတ်ဓာတ်များ ပြောင်းလဲသွားသည်။ သူ့လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သွေးကြောများ ပေါက်ထွက်မတတ်ပင်။ သူ ယန်ကျွင်းကို ထိုးပစ်ချင်စိတ်များ တိုးတိုးလာပေမယ့် သူ့ကိုယ်သူ ထိန်းချုပ်ထားဆဲပါ။
“ငါမသတ်ဘူး…” ယန်ကျွင်းက နောက်တစ်ကြိမ် ထပ်ငြင်းသည်။
"ယန်ကျွင်း မင်းက ငါ့မိဘတွေကိုသတ်ပြီး မင်းအခုသူတို့အခန်းထဲမှာနေသေးတာ။ ညဉ့်နက်သန်းခေါင်သူတို့ ရောက်လာမှာကို မင်းမကြောက်ဘူးလား"
ယန်ကျွင်းသည် ထိုစကားကိုကြားသောအခါ သူ့ခန္ဓာကိုယ်သည် အနည်းငယ် ကြောက်ရွံ့တုန်လှုပ်သွားသည်။ သူသည် အစပိုင်းတွင် ယန်စစ်ယွမ်၏ မိဘများအခန်းမှာ မဟုတ်ပဲ အခြားအခန်းများတွင်အိပ်ကာ ထိုနေရာတွင်လည်း အိပ်မက်ဆိုးများ မက်ခဲ့သည်။ ထို့နောက် ရဲရင့်စေရန်အတွက် ယန်စစ်ယွမ်၏ မိဘများအခန်းတွင် သူ တိုက်ရိုက်အိပ်ခဲ့သည်။
အစပိုင်းမှာတော့ အိပ်မက်ဆိုးတွေ မက်ခဲ့ပေမယ့် တဖြည်းဖြည်း ပိုအဆင်ပြေလာခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ဘာကိုမှ ကြောက်စရာမရှိတော့ပေ။
သို့သော်လည်း ယခု ယန်စစ်ယွမ်က ၎င်းကို ပြောသောအခါ ယန်ကျွင်း စိတ်မသက်မသာ ခံစားလိုက်ရသည်။
ဒီအိမ်ကိုရောင်းဖို့ စဉ်းစားထားပေမယ့် ပေါင်နှံထားတုန်းဆိုတော့ မရှင်းနိုင်သေးပေ။
ယန်မိသားစုက ချမ်းသာပေမယ့် အိမ်အသစ်ဝယ်ဖို့ ပိုက်ဆံပိုသုံးတာက လက်တွေ့မကျပါ။
အိမ်တစ်အိမ်ရှိနေပြီဆိုတော့ သူဘာကြောင့်မနနေုိင်ရမှာလဲ။ ထို့ကြောင့် ယန်ကျွင်းသည် အတွင်း၌ ရဲဝံ့စွာ ဆက်လက်နေထိုင်ခဲ့သည်။
“မင်းမိဘတွေကို ငါမသတ်ဘူး…” ယန်ကျွင်းက ငြင်းဆဲဖြစ်သော်လည်း ယန်စစ်ယွမ်၏ မိဘများကို သတ်ခဲ့ကြောင်း ယန်စစ်ယွမ်က ထပ်ခါထပ်ခါ သတိပေးနေသောကြောင့် သူ၏ စိတ်ဆန္ဒသည် မခိုင်မာတော့ပေ။ သူက ပိုလို့တောင် အပြစ်ရှိသလို ခံစားလာရတဲ့အတွက် အခု မခံနိုင်တော့ပေ။
ဟုတ်ပါတယ်။ ကုနင်း ကစားခဲ့တာက စိတ်ဗျူဟာပါပဲ။ ထို့ကြောင့် ယန်ကျွင်းသည် မည်သို့ပင်ငြင်းခဲ့သည်ဖြစ်စေ ယန်စစ်ယွမ်က ယန်ကျွင်းသည် သူ့မိဘများကို သတ်ခဲ့ကြောင်း ဆက်လက်ပြောဆိုစေခဲ့သည်။ “မင်း ငါ့မိဘတွေကို သတ်လိုက်တာ။ မင်းဝန်ခံခဲ့တယ်။ ငါ့မိဘတွေရဲ့ကားကို ဘရိတ်ဖြတ်ပြီး ငါ့မိဘတွေရဲ့ကားကို ဝင်တိုက်ဖို့ ကားငှားထားတာ။ ငါ့မိဘတွေရဲ့ကားက ကားမှောက်တဲ့အချိန် မရပ်နိုင်အောင် တမင်ဆိုးတဲ့လမ်းကို မင်းရွေးခဲ့တာ။ အဲတာဆို သူတို့ အသက်ရှင်ဖို့ခဲယဉ်းသွားတာပေါ့”
"မဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူး…"
ယန်စစ်ယွမ်၏ စကားများသည် အမှတ်တရများကဲ့သို့ဖြစ်ပြီး ယန်ကျွင်း၏ စိတ်ထဲတွင် ပိုမိုရှင်းလင်းလာသည်။ သူတို့က သူ့ကိုအလွတ်ပေးဖို့ ငြင်းဆန်နေပြီး သူ့အာရုံတွေကို အနှောင့်အယှက်ပေးနေသည်။
"အဲဒါမင်းပဲ။ အဲဒါမင်းပဲ။ မင်းငါ့မိဘတွေကိုသတ်လိုက်တာ။ မင်းက ငါ့မိသားစုရဲ့ ဥစ္စာကို ခိုးချင်လို့ ငါ့မိဘတွေကို သတ်ခဲ့တာ။ မင်း ငါ့မိဘတွေကို သတ်လိုက်တာ!" ယန်စစ်ယွမ်က ဆက်လက်ပြောသည်။ သူပြောသမျှ စကားတိုင်းနှင့် စကားတိုင်းသည် ယန်ကျွင်းကို စိတ်အနှောက်အယှက်ဖြစ်စေသည်။
နောက်ဆုံးတွင် ယန်ကျွင်းသည် သူ့ကိုယ်သူ ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့သည်။
“မဟုတ်ဘူး! သူတို့နဲ့ ထိုက်တန်တယ်။ မင်းနဲ့ အထောက်အထားတွေ ဖလှယ်ဖို့ အတင်းအကြပ် ခိုင်းထားလို့ မင်းမိသားစုရဲ့ စည်းစိမ်ဥစ္စာကို အမွေဆက်ခံဖို့ ငါ့ကို ဘာလို့ ခွင့်မပြုတာလဲ။ ယန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက ငါ့ဟာပဲ။ သူတို့ကို ငါပိုင်တယ်။ သူတို့က မင်းရဲ့နာမည်အောက်မှာ ကုမ္ပဏီကို လွှဲပေးချင်ခဲ့တာလေ။ သူတို့သေတဲ့အခါမှသာ ငါရနိုင်မှာပေါ့”
အတိုင်းအတာတစ်ခုအထိ ဝန်ခံခဲ့သည်။
"မင်း ခွေးကောင်!" ယန်ကျွင်းသည် စက္ကန့်ပိုင်းမျှကြာအောင် သည်းမခံနိုင်တော့ပေ။ မနှောင့်နှေးဘဲ ယန်ကျွင်းအား အားအပြည့်ဖြင့် ထိုးလိုက်သဖြင့် ယန်ကျွင်းသည် မြေပြင်ပေါ်သို့ တိုက်ရိုက်အလှဲခံလိုက်ရသည်။
ထိုအချိန်တွင် ယန်စစ်ယွမ်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်လှုပ်နေပြီး သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ သူ့မိဘတွေကို ယန်ကျွင်း သတ်တာကို သိပေမယ့် ဝန်ခံသံကြားလိုက်ရ၍ သူ အရမ်း ဒေါသထွက်လာမိသည်။
ယန်ကျွင်းသည် ရိုက်နှက်ခံရပြီးနောက် ပြင်းထန်စွာ နာကျင်ခဲ့ရသော်လည်း ရုတ်တရက် သူ့အသိစိတ်ပြန်ဝင်လာကာ ဝန်ခံမိလိုက်ကြောင်း သိလိုက်ရသည်။ သူ ထိတ်လန့်တုန်လှုပ်သွားသည်။ ဝန်ခံထားပြီးဖြစ်သော်လည်း ငြင်းဆိုရန် ကြိုးစားဆဲဖြစ်သည်။ “ငါ သူတို့ကို မသတ်ဘူး။ ငါမလုပ်ဘူး။"
သို့သော် လုံးဝမယုံကြည်ပါ။
"အခုဝင်လာတော့!" ကုနင်းခေါ်လိုက်သည်။
ပြီးသည်နှင့် တံခါးပွင့်လာသည်။ ရှောက်ချန်းနှင့် အခြားရဲအများအပြား ဝင်လာကြသည်။
ရှောက်ချန်းသည် ယန်ကျွင်းကို မြင်လိုက်သည့်အခိုက်တွင် ခံစားချက်များ ရောထွေးသွားခဲ့သည်။ သူ ဝမ်းနည်းပြီး ဒေါသထွက်သွားသည်။ ဒီနေ့မတိုင်ခင်က သူတို့နှစ်ယောက်ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပြီး ယန်ကျွင်းကို ရိုးရိုးသားသား ဆက်ဆံခဲ့သည်။ ဒါပေမယ့် ယန်ကျွင်းက သူ့ကို ရိုးရိုးရှင်းရှင်းပဲ အသုံးချနေတယ်ဆိုတာ သိလိုက်ရသည်။ ဒေါသတွေနဲ့ ပြည့်နှက်လာကာ ဝမ်းနည်းလာသလို ခံစားရသည်။
“မင်း…” ရှောက်ချန်းကိုတွေ့လိုက်ရတော့ ယန်ကျွင်း အနည်းငယ် အံ့သြသွားသော်လည်း ယန်စစ်ယွမ် ရှိနေသောကြောင့် မထူးဆန်းပေ။ ဤအတင်းအကြပ် ဝန်ခံမှုသည် ၎င်းတို့အားလုံး အမှန်တကယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ရှောက်ချန်းသည် သူ၏ ညစ်ပတ်သောလျှို့ဝှက်ချက်ကို သိရှိသွားသောကြောင့် ယန်ကျွင်း အနည်းငယ်ရှက်သွားခဲ့သည်။ သူက ရှောက်ချန်းကို အသုံးချခဲ့ပေမယ့် သူ့သူငယ်ချင်းအဖြစ်လည်း သဘောထားပါသည်။
“သူ့ကို ခေါ်သွားလိုက်ပါ” ရှောက်ချန်းကပြောပြီး ရဲနှစ်ယောက်က ယန်ကျွင်းဆီကို ချက်ချင်း လျှောက်သွားသည်။
ယန်ကျွင်း ရုန်းကန်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။
***