← Chapters

အခန်း (၂၁၄၉-၂၁၅၄)

Vol. 131 Ch. 2149-2154

အခန်း (၂၁၄၉-၂၁၅၄)

Vol. 131 Ch. 2149-2154

အခန်း ၂၁၄၉ မင်း‌ရော ကိုယ့်ကို မလွမ်းဘူးလား။

ကုနင်းက ဗီဒီယိုဖမ်းစက်ကို ယူလိုက်ကာ ရှောက်ချန်းကို ပေးလိုက်ပြီး သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို အမှုကို အပ်လိုက်သည်။

ယန်စစ်ယွမ်သည် ရှောက်ချန်း နောက်သို့ လိုက်သွားခဲ့သည်။ ယန်ကျွင်းကို သတ်ရန် ကြိုးပမ်းမှုတွင် ၎င်းတို့၏ အထောက်အထားများကို ယခု သက်သေပြခဲ့ပြီးဖြစ်သော်လည်း ၎င်းမှာ လုံးဝ အပြစ်ကင်းသည်ဟု မဆိုလိုပါ။ ယန်ကျွင်းကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည်မှာ အမှန်တရားဖြစ်သည်မို့ ရှောင်မပြေးနိုင်ပေ။ သို့သော်လည်း ယန်စစ်ယွမ်သည် ယန်ကျွင်းကိုသတ်ရန် အဘယ်ကြောင့်ကြိုးစားခဲ့သည်ကို နားလည်နိုင်သောကြောင့် ရဲများက သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမည်မဟုတ်ပေ။

"ကျေးဇူးအများကြီးတင်ပါတယ် မစ္စကု" ရှောက်ချန်းက ကုနင်းကို ကျေးဇူးတင်သည်။

"မစ္စကု ကျေးဇူးတင်ပါတယ်" ယန်စစ်ယွမ်ကလည်း ကုနင်းကို ကျေးဇူးတင်ကြောင်းပြောပြီး သူမကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

ယန်ကျွင်းဟာ ဥပဒနေဲ့အညီ အပြစ်ပေးခံရသရွေ့ သူ့ကိုယ်သူဘာတွေဖြစ်လာမလဲဆိုတာ ဂရုမစိုက်ပါ။

"အရာရှိရှောက် ဒီလိုသာဆို ယန်စစ်ယွမ် ဘာဖြစ်နိုင်လဲ" ကုနင်းက မေးသည်။ သူမ ယန်စစ်ယွမ်ကို အများကြီး ကူညီပေးခဲ့ပေမယ့် ရလဒ်ကို သူမ အရမ်းသိချင်နေသည်။

“ယန်စစ်ယွမ်ရဲ့ ယန်ကျွင်းကို လုပ်ကြံသတ်ဖြတ်မှုက အမှုဖွင့်ပြီးသွားပြီ။ လူသတ်မှု ကျူးလွန်ဖို့ ကြိုးပမ်းမှုအတွက် ထောင်ဒဏ် ၃ နှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်တယ်။ ဒီနေ့ အဖြစ်အပျက်ပြီးတဲ့ နောက်မှာတော့ တရားရုံးက ပေါ့လျော့တဲ့ ပြစ်ဒဏ် ပေးလိမ့်မယ်၊ ဒါပေမယ့် ထောင်ဒဏ် တစ်နှစ် နှစ်နှစ်‌တော့ ကျနိုင်သေးတယ်။ ထောင်ထဲမှာ ကောင်းကောင်း‌နေရင် တစ်နှစ်ခွဲလောက်စောပြီး ထွက်လာနိုင်တယ်” ယန်ကျွင်းမှာ အဆက်အသွယ်မရှိရင် ဒီ ရလဒ်ဖြစ်မှာပါ။

ကုနင်းသာ သူ့အတွက် ရပ်တည်ပေးတယ်ဆိုရင် ဒီကိစ္စကို ဖြေရှင်းဖို့ ပိုလွယ်နိုင်ပေမယ့် ကုနင်းနဲ့ ယန်စစ်ယွမ်တို့ဟာ ဆွေမျိုးတွေ ဒါမှမဟုတ် ရင်းနှီးတဲ့သူငယ်ချင်းတွေတော့ မဟုတ်ပါ။ ယန်စစ်ယွမ်ကိုကူညီရန် သူမ၏ အဆက်အသွယ်များကို အသုံးပြုရန်မဖြစ်နိုင်သောကြောင့် ရှောက်ချန်းက ၎င်းကို‌ေပြာပြခြင်းမရှိပေ။

သူမရဲ့ အဆက်အသွယ်တွနေဲ့ ယန်စစ်ယွမ်ကို ထောင်က အလွယ်တကူ လွတ်မြောက်အောင် လုပ်နိုင်တယ်ဆိုတာကို ကုနင်းက နားလည်ထားပေမယ့် သူမမှာ ထိုသို့လုပ်ရန် အစီအစဉ် မရှိပါ။ ယန်စစ်ယွမ်နဲ့ သူမဟာ လုံးဝရင်းနှီးမှုမရှိတဲ့အတွက် ပြစ်မှုကျူးလွန်ပြီးနောက်မှာ သူကိုယ်တိုင် တာဝန်ယူရမည်။

“ဖြစ်နိုင်ရင် ယန်စစ်ယွမ်က သူ့ရဲ့ ကုမ္ပဏီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သူ့ရဲ့နဂိုအထောက်အထားကို အသုံးပြုခွင့်ပေးလိုက်ပါ။ သူ့အခြေအနေအရ ထိန်းနိုင်တော့မှာ မဟုတ်ဘူး၊ ဒါကြောင့် ရောင်းပြီး ငွေစုလို့ရတယ်။ ထောင်ကထွက်လာပြီးရင် ပိုက်ဆံလိုလိမ့်မယ်” ဟု ကုနင်းက ပြောသည်။

"စိတ်မပူပါနဲ့ မစ္စကု" ဟု ရှောက်ချန်းက ဆိုသည်။

"ကျေးဇူးတင်ပါတယ် မစ္စကု" ယန်စစ်ယွမ်က ကုနင်းကို ထပ်ပြီး ကျေးဇူးတင်သည်။ အခုတော့ သူမကို ကျေးဇူးတင်ရုံကလွဲလို့ ဘာပြန်ပြောရမလဲ မသိပေ။

"ကောင်းပြီ ကျွန်မ အခုသွားတော့မယ်" အဲဒီနောက် သူတို့ ထွက်သွားကြသည်။

သို့သော် မထွက်မီတွင် ယန်စစ်ယွမ်သည် သူ့အိမ်၏သော့ကို ရှာတွေ့ခဲ့သည်။ သူသည် ကုမ္ပဏီ၏လုပ်ငန်းကိုသာမက အိမ်ကိုလည်း ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။

အိမ်က သိမ်ထားရမှာလား။ မသိမ်းထားရင် ထောင်ကထွက်လာပြီးနောက် ဘယ်မှာနေရမလဲ။

ဒီအိမ်အတွက် ချေးငွေ ယွမ်ငွေ သန်းပေါင်းများစွာ ဆပ်နေရတုန်းပါ၊ ဒါကြောင့် ကုမ္ပဏီကို ရောင်းဖို့ စီစဉ်လိုက်ပြီး ထောင်ထဲမဝင်ခင် ပေါင်နှံထားတဲ့ အပေါင်ကို အပြည့်ပြန်ဆပ်ဖို့ စီစဉ်ထားသည်။

…

ထွက်သွားပြီးနောက် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် စစ်ဟယ်ယွမ်သို့ ပြန်မသွားဘဲ တောင်မြစ်ကမ်းဥယျာဉ်သို့ သွားခဲ့ကြသည်။

သူတို့နှစ်ယောက်အတူနေဖို့ သီးသန့်အချိန် သိပ်မရှိတဲ့အတွက် အခုအချိန်မှာ သူတို့ ဖြုန်းတီးပစ်မှာမဟုတ်ပေ။

…

ရှုကျင်းချန်သည် မနက်ဖြန် လင်ရှောင်းထင်နှင့်အတူ ထွက်ခွာတော့မည်ဖြစ်သောကြောင့် ယနေ့ညတွင် ရှုမိသားစုအိမ်သို့ ပြန်သွားခဲ့သည်။

ရှုကျင်းချန် မြို့တော်ကိုပြန်ရောက်တော့ အိမ်ကို ပြန်မလာတဲ့အတွက် ရှုမိသားစုက အနည်းငယ် စိတ်မချမ်းသာပေ။ သူ့ကောင်မလေးနဲ့ အချိန်ပိုပေးဖို့ကို သူတို့ အားပေးခဲ့ပေမဲ့ အနည်းဆုံးတော့ တစ်ကြိမ်‌လောက်တော့ အိမ်ပြန်သင့်သည်။ သူထမင်းလာစားတာဖြစ်ဖြစ်၊ တစ်ည‌လောက်သာ အိမ်မှာလာနေရင်တောင်မှ ဝမ်းသာကြမှာပါ။ သူ့ရည်းစားနဲ့ ပြန်လာနိုင်ရင် ပိုကောင်းသည်။

ရှုကျင်းချန်သည် သူ့မိသားစုကို မမေ့ပေ။ သူ့မိသားစု၏ ပြင်းပြသောတောင်းဆိုမှုအရ ကျီပိုင်ယင်းကို ရှုမိသားစု၏အိမ်သို့ ခေါ်သွားခဲ့သည်။

ကျီပိုင်ယင်းက သူ့မိဘတွေကို အခုတွေ့ဖို့ အရမ်းမြန်တယ်လို့ ခံစားရသည်။ သူမနဲ့ ရှုကျင်းချန်တို့ဟာ အချိန်အကြာကြီး အတူတူမနေခဲ့ကြဘဲ အနာဂတ်အတွက် မရေရာတဲ့အချက်တွေ ရှိနေပါသေးသည်။ သို့သော် သူတို့သည် ချစ်သူဖြစ်ခဲ့ကြပြီး သူမသည် မြို့တော်တွင် အချိန်အတော်ကြာနေခဲ့သောကြောင့် ရှုမိသားစုကို မလည်ပတ်ပါက ယဉ်ကျေးမည်မဟုတ်ပေ။

ကျီပိုင်ယင်းသည် အပြင်ပိုင်းတွင် အလွန်တက်ကြွ‌နေသော်လည်း ရှုကျင်းချန်၏မိသားစုကိုတွေ့ရတော့မည်ကို သူမ အလွန်စိတ်လှုပ်ရှားနေပါသည်။ ကံကောင်းထောက်မစွာ သူတို့သည် သူမကို အလွန်သ‌သောကျကြပြီး ပေါင်းသင်းရလွယ်ကူသည်။ ထို့ကြောင့် သူမ မကြာမီ စိတ်အေးလက်အေး ဖြစ်သွားသည်။

ရှုမိသားစုသည် ရှုကျင်းချန်၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ အလွန်စိုးရိမ်ခဲ့သည်။ ရှုကျင်းချန်သည် ရုပ်ရည်ချောမောပြီး မိသားစုနောက်ခံကောင်းရှိသော်လည်း သူ့တွင် ရွေးချယ်စရာများစွာရှိသော်လည်း ပြဿနာမှာ သူချစ်ရသူတစ်ဦးကို မရှာ‌ေဖွလိုခြင်းပင်ဖြစ်သည်။

စည်းစိမ်ဥစ္စာနှင့် အာဏာရှိသော မိသားစုများမှ အမွေဆက်ခံသူ မည်သူနဲ့မျှ သူနှင့် မိတ်ဆက်ပေး၍ မရပေ။

နောက်ဆုံးတော့ ကျီပိုင်ယင်းနဲ့တွေ့ပြီး ကျီပိုင်ယင်းက အရမ်းချစ်စရာကောင်းတာမို့ သူတို့အတွက် ပျော်ရပါသည်။

ရှုမိသားစုသည် လင်မိသားစုထက် ပေါင်းသင်းရ ပိုမိုလွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် ရှုမိသားစုတွင် ပဋိပက္ခမရှိသောကြောင့်ပင်။

ရှုမိသားစု၏အိမ်တွင် ၉ နာရီအထိ တည်းခိုပြီးနောက် ကျီပိုင်ယင်း ထွက်ခွာရန် လိုအပ်ခဲ့သည်။ ရှုမိသားစုက သူမကို ရှုမိသားစုရဲ့အိမ်မှာ တစ်ညတာနေစေချင်ပေမယ့် ကျီပိုင်ယင် က အကြံကောင်းမဟုတ်သလို သူမစိတ်မသက်မသာဖြစ်နိုင်တယ်လို့ ယူဆတာကြောင့် ကျီပိုင်ယင်းက ငြင်းပယ်ခဲ့သည်။ ရှုမိသားစုက နားလည်တဲ့အတွက် ကျီပိုင်ယင်းအားမနေခိုင်းခဲ့ပါ။

ကျီပိုင်ယင်း ရောက်သောအခါ သူမသည် လူတိုင်းအတွက် လက်ဆောင်များ ယူဆောင်လာတဲ့အတွက် ရှုမိသားစုသည်လည်း ၎င်းတို့၏ ပထမဆုံးတွေ့ဆုံမှုမှာ ကျီပိုင်ယင်းအတွက် လက်ဆောင်ကို ပြင်ဆင်ပေးသည်။ သူတို့ရဲ့လက်ဆောင်က ဈေးမ‌ပေါပေ။ သူတို့ ချမ်းသာတာကြောင့် မဟုတ်ဘဲ ကျီပိုင်ယင်းက သူတို့ရဲ့ မျက်လုံးထဲမှာ အရမ်းအရေးပါတာကြောင့်ပါ။

ရှုမိသားစုအိမ်မှ ထွက်သွားပြီးနောက် ရှုကျင်းချန်သည် အလွန်စိတ်မကောင်းဖြစ်ပုံရသည်။

"ဘာဖြစ်လို့လဲ?"

“မနက်ဖြန်ထွက်သွားရ‌တော့မယ်။ ဒီတစ်ခါ လဝက်ကျော်လောက် ခွဲရနိုင်တယ်” ဟု ရှုကျင်းချန်က ပြောသည်။ ကျီပိုင်ယင်းနဲ့ အတူနေဖို့ အချိန်သိပ်မရှိတာကြောင့် ရက်အနည်းငယ်သာ အတူတူနေခဲ့ပြီးမှ ပြန်ခွဲရအုံးမည်။

"ကျွန်မသိပါတယ်၊ ဒါပေမယ့် ကျွန်မတို့ လက်ခံရမယ်လေ"

ကျီပိုင်ယင်းသည် သူနှင့် ဝေးကွာရန် ဆန္ဒမရှိသော်လည်း သူမသည် သူ့ကို ချစ်သူအဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့် အခြေအနေကို လက်ခံရသည်။

"ကိုယ်မင်းကို မထားခဲ့ချင်ဘူး"

သူတို့နှစ်ယောက်အတူရှိ‌နေတဲ့ ရက်ပိုင်းတွေမှာ တစ်ယောက်ကိုတစ်ယောက် ချိုမြိန်တဲ့စကားတွေ အများကြီး ပြောခဲ့ကြပေမယ့် ကျီပိုင်ယင်းကတော့ ရှက်၍ ဘာမှပြန်မပြောသေးပါ။

"မင်း‌က ကိုယ့်ကို ထွက်သွားစေချင်တာလား" ကျီပိုင်ယင်းက သူ့ကို ဘာမှပြန်မဖြေတဲ့အခါ ရှုကျင်းချန်က မပျော်ပေ။

“မသွား‌စေချင်ပါဘူး၊ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး ဘာလုပ်နိုင်မှာမလို့လဲ။ ရှင်အလုပ်လုပ်ရမယ်‌လေ”

ရှုကျင်းချန် ခဏတုံ့ဆိုင်းသွားပြီး "အမ် ဒီည ရာစုနှစ်မြို့တော်ကို မပြန်လို့ရမလား?" ကိုယ့်အိမ်ကိုသွားမယ်လေ?"

“ဟင့်အင်း” ကျီပိုင်ယင်းသည် ထိုစကားကိုကြားလိုက်သည်နှင့် သူမ တုန်လှုပ်သွားပြီး ငြင်းဆန်လိုက်သည်။

ရှုကျင်းချန်နှင့် သူမသည် ချစ်သူရည်းစားဖြစ်နေပြီဖြစ်သော်လည်း တည်ငြိမ်သောဆက်ဆံရေးမရှိသေးသောကြောင့် သူမသည် ရှုကျင်းချန်နှင့် အတူနေရန်အဆင်သင့်မဖြစ်သေးပေ။

ရှုကျင်းချန်က သူမကို လေးစားမည်ဟု သူမယုံကြည်ခဲ့သော်လည်း တစ်ညတာ အတူနေရန် လိုအပ်သည်ဟု သူမ တွေးကာ တုန်လှုပ်သွားခဲ့သည်။

ရှုကျင်းချန်သည် ကျီပိုင်ယင်း၏စိုးရိမ်မှုကို နားလည်သောကြောင့် ချက်ချင်းရှင်းပြသည်။ “စိတ်မပူပါနဲ့ မင်းခွင့်ပြုချက်မရှိဘဲ ကိုယ်ဘာမှလုပ်မှာမဟုတ်ပ့ဘူး။ မင်းနဲ့ သီးသန့်အချိန်လေးပဲ ရှိချင်ရုံပါ"

ရှုကျင်းချန် ပြောနေသောကြောင့် သူမစိတ်မကောင်းဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် ရှုကျင်းချန် က အရမ်းရိုးသားသည်။ သူက ကျီပိုင်ယင်းကို တကယ်ချစ်တဲ့အတွက် သူ့ကို လေးစားသည်။

သူသည် ယောက်ျားတစ်ယောက်ဖြစ်ပြီး သူ့တွင် ဆန္ဒနှင့် လိင်ပိုင်းဆိုင်ရာ လိုအပ်မှုများရှိသော်လည်း နိုးကြားသည့်အခါတိုင်း သူ့ကိုယ်သူ ထိန်းချုပ်ထားသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၁၅၀ တစ်ရက်ရက်မှ ကိုယ်လုပ်မယ်

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ တည်ငြိမ်မှု မရှိသေးခင်မှာပဲ ကျီပိုင်ယင်းကို နာကျင်စေမှာကို စိုးရိမ်တာကြောင့် သူမနဲ့ အတူနေမှာ မဟုတ်ပါ။

ကျီပိုင်ယင်းလည်း တုံ့ဆိုင်းသွားသည်။ သူမသည် ရှုကျင်းချန်နှင့် အချိန်ပိုပေးချင်သည်။

“ကောင်းပြီ မင်းမလိုက်ချင်ရင် သဘောတူဖို့ အတင်းအကျပ်မလုပ်ပါနဲ့။ ကိုယ်မင်းကို ရာစုနှစ်မြို့တော်ကို အခုချက်ချင်းမောင်းပို့‌ပေးမယ်" ကျီပိုင်ယင်း တုံ့ဆိုင်းနေတာကို မြင်လိုက်ရတော့ ရှုကျင်းချန်က သူမကို ဆွဲဆောင်နေတာကို ရပ်လိုက်သည်။

“မဟုတ်ဘူး လိုက်ခဲ့မယ်…” ကျီပိုင်ယင်းက ချက်ချင်းရှင်းပြသည်။ ပြီးသွားသည့်အခိုက်တွင် ရှက်ရွံ့သွားကာ မျက်လုံးများကို လှည့်ကြည့်လိုက်သည်။

"ဒါဆို မင်းသဘောတူလား" ရှုကျင်းချန်သည် ကျနေပ်စွာ ပြုံးပြလိုက်သည်။

“အင်း” ကျီပိုင်ယင်း သဘောတူသည်။ အဆုံးတွင် သူ့ကို ငြင်းပယ်ရန် နှလုံးသားမရှိပေ။

အဲဒါကိုကြားတော့ ရှုကျင်းချန်ရဲ့ မျက်နှာပေါ်က အပြုံးက ပိုတောက်ပလာပြီး ကျီပိုင်ယင်းကို သူ့နေရာကို ခေါ်သွားရန် ချက်ချင်း မောင်းလိုက်သည်။

ရှုကျင်းချန်မှာ အိမ်တွေ အများကြီးရှိပေမယ့် ပိုအဆင်ပြေတဲ့ မြို့လယ်ခေါင်က အဆင့်မြင့် လူနေရပ်ကွက်မှာ နေထိုင်လေ့ရှိသည်။

ရှုကျင်းချန်၏ အိမ်သို့ လိုက်သွားပြီးနောက် ကျီပိုင်ယင်း အနည်းငယ် စိတ်လှုပ်ရှား‌နေသည်။ ဘာမှ မဖြစ်စေချင်ပေမယ့် တစ်ခုခု ဖြစ်လာဖို့လည်း မျှော်လင့်နေမိသည်။ တကယ်တော့ သူမဟာ အရွယ်ရောက်ပြီးသူဖြစ်ပြီး သူမရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာလည်း ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုတွေ ရှိပါလိမ့်မည်။

ရှုကျင်းချန်၏အိမ်သည် ရိုးရှင်းစွာ အလှဆင်ထားသောကြောင့် သူသည် အရွယ်ရောက်ပြီးသူဖြစ်ပြီး ဤနေရာတွင် နေထိုင်ရန် ရှားပါးသောကြောင့်ဖြစ်နုိင်သည်။ မည်သို့ပင်ဆိုစေကာမူ မည်မျှပင်ရိုးရှင်းပါစေ၊ လိုအပ်ချက်များ အားလုံးရှိပြီး ၎င်းတို့သည် စျေးမကြီးပါ။ ထို့ကြောင့် ရိုးရိုးရှင်းရှင်းနဲ့ ကျက်သရေရှိလှသည်။

"မင်းဘာသောက်ချင်လဲ? ဝိုင်နီ၊ ကော်ဖီ၊ လက်ဖက်ရည် ဒါမှမဟုတ် ရေ။" ရှုကျင်းချန်က မေးသည်။

“ကော်ဖီ” မူးလာရင် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်သည်၊ အဲဒါက သူမလိုချင်တဲ့အရာမဟုတ်ပေမယ့်လည်း သူမ သောက်ပါမည်။

ဟုတ်ပါတယ်။ သူမတကယ်ပဲ ဝိုင်နီသောက်ချင်သည်။ ဒါပေမယ့် ရှုကျင်းချန်ကို အဲဒီလိုပြောရင် သူ့ကို နားလည်မှုလွဲသွားနိုင်သည်။ ရှုကျင်းချန်ကို သူမအား နားလည်မှုမလွဲစေချင်ပေ။

"ကော်ဖီသောက်ပြီးရင် အိပ်မပျော်မှာကို မကြောက်ဘူးလား" ရှုကျင်းချန်က ပြုံးပြီး မေးသည်။

“အဆင်ပြေပါတယ်။ မဟုတ်လည်း အိပ်ပျော်မှာ မဟုတ်ဘူး" ကျီပိုင်ယင်း၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် သူမ မသိမသာ ပြောသော်လည်း အိပ်မပျော်ဖို့က သူမ လိုချင်သည့်အရာပင်။ သူမ အိပ်ပျော်သွားရင်...

ကျီပိုင်ယင်းသည် ၎င်းကို ထပ်မံတွေးတောရန် မတတ်နိုင်‌တော့ပေ။ သူမ အရမ်းတွေးနေမိမှန်း ဝန်ခံပေမယ့် သူမ မအိပ်ချင်ပေ။

"ပြဿနာမရှိပါဘူး!" ရှုကျင်းချန်သည် ဤမျှလောက် မတွေးခဲ့ပါ။ ကျီပိုင်ယင်းက ကော်ဖီသောက်ချင်တာကြောင့် ကော်ဖီတစ်ခွက် ဖျော်ပေးမည်ဖြစ်သည်။

ရှုကျင်းချန်က တီဗီကို အရင်ဖွင့်လိုက်ပြီး ကော်ဖီ‌ဖျော်ရန် သွားလိုက်သည်။

ရှုကျင်းချန်သည် ကျီပိုင်ယင်းအတွက် ကော်ဖီတစ်ခွက် ဖျော်ပေးခဲ့ပြီး သူ့အတွက် ဝိုင်နီတစ်ခွက်ထည့်ခဲ့သည်။

ကျီပိုင်ယင်းက ရှုကျင်းချန်ရဲ့ လက်ထဲက ဝိုင်နီကို ကြည့်ပြီး ဒီအကြောင်းကို ဆက်မတွေးပဲ မနေနိုင်တော့ပေ။ သူမူးသွားမလား မူးလာရင် သူဘာလုပ်လာနိုင်မလဲ။ အဲဒါကို တွေးကြည့်ရင်း ကျီပိုင်ယင်းသည် အနည်းငယ် စိတ်ပူလာကာ စိုးရွံ့လာပြီး အနည်းငယ်လည်း မျှော်လင့်နေမိသည်။

သူနှင့်‌ဆက်ဆံရန် မျှော်လင့်လုနီးပါးဖြစ်နေကြောင်းကို သတိထားမိလိုက်တော့ သူမကိုယ်သူမ ရိုက်ပစ်ချင်စိတ်များပေါက်လာမိသည်။ သူမဘာလို့အဲ့လိုမျှော်လင့်‌နေတာလဲ။

ကျီပိုင်ယင်း၏ ပျက်ယွင်းနေသော အကြည့်ကို မြင်လိုက်ရတော့ ရှုကျင်းချန် သည် သူမ ဒီမှာ အဆင်မပြေ ဖြစ်နေမှန်း သိသော်လည်း သူမကို ပြန်ပို့ရန် ရည်ရွယ်ချက် မရှိပေ။ သူမကို ဒီကို ခေါ်လာဖို့က မလွယ်ပါ၊ ဒါကြောင့် သူမကို အလွှတ်‌ပေးမှာ မဟုတ်ပါ။ သို့သော် သူမ ကိုယ်တိုင် ထွက်သွားချင်တယ်ဟု ပြောပါက သူမကို လေးစားပြီး အိမ်ပြန်ပို့‌ပေးမည်ဖြစ်သည်။

တခါတရံမှာ ယောက်ျားတွေက အရမ်းသိမ်မွေ့မနေသင့်ပေ။ ဒါမှမဟုတ်ရင် မိန်းကလေးတွေဆီက သူတို့လိုချင်တာကို မရနိုင်ပေ။ ထို့ကြောင့် ရှုကျင်းချန်သည် ကျီပိုင်ယင်း ၏ ကြောက်ရွံ့မှုကို လျစ်လျူရှုခဲ့သည်။

ရှုကျင်းချန်သည် ကျီပိုင်ယင်း၏ဘေးတွင်ထိုင်လိုက်ကာ လက်တစ်ဖက်တွင် ဝိုင်နီကိုကိုင်ကာ အခြားတစ်ဖက်နှင့် ကျီပိုင်ယင်း၏ပခုံးကို ပွေ့ဖက်ထားသည်။

အတူတူရှိကြသည့် နေ့ရက်များအတွင်း သဘာဝအတိုင်း လက်ကိုင်ခြင်း၊ ပွေ့ဖက်နမ်းရှုံ့ခြင်းများ ပြုလုပ်ကြသော်လည်း အဆင့်မတက်ခဲ့ကြပေ။ ထို့ကြောင့် ကျီပိုင်ယင်းသည် ရှုကျင်းချန်၏ ပွေ့ဖက်မှုကို သက်တောင့်သက်သာမဖြစ်သလို လုံးဝမခံစားခဲ့ရပေ။

သူတို့နှစ်ယောက် တီဗီကြည့်ရင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြသည်။ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြပေမယ့် ရှက်စရာခံစားချက်မရှိပေ။

ထိုအချိန်တွင် တီဗီတွင် အမျိုးသားတစ်ဦးသည် ချိန်းတွေ့ပြီးနောက် အမျိုးသမီးကို အိမ်ပြန်ပို့ခဲ့သည်။

အမျိုးသားက အမျိုးသမီးကို အောက်ထပ်ကို ပို့ပြီးတဲ့အခါ အမျိုးသမီးရဲ့အိမ်မှာ ခဏလိုက်ထိုင်ဖို့ အဆိုပြုလိုက်သည်။ အမျိုးသမီးက ရှက်ရွံ့စွာ တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် သဘောတူပြီးနောက် အမျိုးသမီး၏အိမ်သို့ သွားကြသည်။

အမျိုးသမီးက အမျိုးသားကိုကို ကော်ဖီ၊ လက်ဖက်ရည်၊ ရေ၊ ဘာသောက်ချင်လဲဟု မေးသည်။ ရေတစ်ခွက်ဟု အမျိုးသားက ပြောသည်။

ရေထည့်‌ပေးပြီးနောက် နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီကြည့်ကြသည်။

အဲဒါကိုမြင်တော့ ကျီပိုင်ယင်းက သူတို့နဲ့ ဘယ်လောက်ဆင်တူလဲဆိုတာ သိလိုက်ရသည်။

“ဒီဇာတ်ကွက်က ကိုယ်တို့နဲ့ အရမ်းတူတာပဲ” ရှုကျင်းချန် ရယ်လိုက်သည်။ ဒါက တကယ့်ကို တိုက်ဆိုင်မှုပါပဲ။

ယင်းနောက် တီဗီစီးရီးတွင် အမျိုးသားနှင့် အမျိုးသမီး ကြည့်ရှုသည့် ဇာတ်လမ်းထဲမှ အမျိုးသားနှင့် အမျိုးသမီးတို့ နမ်းရှုံ့သည့် မြင်ကွင်းများ ရှိခဲ့သည်။ တီဗီစီးရီးထဲက အမျိုးသားတွေနဲ့ အမျိုးသမီးကလည်း မလွှဲသာမရှောင်သာပဲ နမ်းလိုက်ကြသည်။

ဒါကိုမြင်တော့ ကျီပိုင်ယင်းက ရုတ်တရက် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူမသည် ရှက်ရွံ့စွာ ခေါင်းငုံ့ထားကာ သူမနှင့် ရှုကျင်းချန်လည်း သူတို့ကဲ့သို့ တစ်ခုခုဖြစ်သွားနိုင်သည်ဟု တွေးကာ ရင်ခုန်လာသည်။

ရှုကျင်းချန်၏လည်ချောင်းသည် အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီး သူ့စိတ်ခံစားချက်များ တဖြည်းဖြည်း ပြောင်းလဲလာသည်။ သူက ဝိုင်နီကို စားပွဲပေါ်တင်လိုက်ပြီး ကျီပိုင်ယင်း၏ မေးစေ့ကို မြှောက်ကာ သူမကို ကြည့်လိုက်သည်။

"ရှင် ရှင်ဘာလုပ်နေတာလဲ" ကျီပိုင်ယင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူမ ထွက်ပြေးချင်သော်လည်း မအောင်မြင်။

“အခုအခန်းထဲမှာ ကိုယ်တို့ပဲရှိတယ်။ တခြားဘာလုပ်လို့ရလို့လဲ?" ရှုကျင်းချန်သည် သူ့မျက်လုံးများတွင် ပြင်းပြသော ဆန္ဒဖြင့် ဆိုးသွမ်းသော အပြုံးကို ပန်ဆင်ထားသည်။

“ရှင်…” ကျီပိုင်ယင်းက တစ်ခုခုထပ်ပြောချင်သော်လည်း သူမ ဘာမှပြန်မပြောမီ သူမ၏ပါးစပ်ကို ပိတ်လိုက်သည်။

တီဗွီအပြင်ဘက်ရှိ ဆိုဖာပေါ်မှာ စုံတွဲတစ်တွဲ နမ်းနေကြခြင်းဖြစ်သည်။

စိတ်အားထက်သန်သော အနမ်းသည် တီဗီတွင် ပြီးဆုံးသွားသော်လည်း အပြင်ဘက်တွင် ဆက်လက်တည်ရှိနေသေးသည်။

အနမ်းတစ်ခုသာဖြစ်လို့ ကျီပိုင်ယင်းက သူ့ကို မတွန်းထုတ်ခဲ့ပါ။ ယင်းအစား သူမသည် ဤခံစားချက်ကို အလွန်နှစ်သက်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် တဖြည်းဖြည်း ထိန်းချုပ်မှု ပျောက်ဆုံးသွားကြသည်။ ရှုကျင်းချန်၏လက်သည် ကျီပိုင်ယင်း၏နောက်ကျောဘက်သို့ လျှောဆင်းသွားပြီး သူမကို ဆိုဖာပေါ်ဖိလိုက်သည်။

ကျီပိုင်ယင်းသည် ချက်ချင်းပင် ရှက်သွားပြီး ရှုကျင်းချန်ကို တွန်းထုတ်လိုက်သည်။

ရှုကျင်းချန် အသိပြန်၀င်လာပြီး အတော်လေး ရှက်ရွံ့သွားသည်။

“တစ်နေ့နေ့မှ ကိုယ်လုပ်မယ်…” ရှုကျင်းချန်က တုံ့ဆိုင်းစွာဖြင့် ထလိုက်ပြီး ရေချိုးခန်းဆီသို့ ပြေးသွားလိုက်သည်။ သူ့ကိုယ်သူ အေးမြစေရန် ရေချိုးပေးလိုက်ရသည်။

ကျီပိုင်ယင်းသည် သူ့အရှက်ကြောင့် ရှက်ရွံ့ကာ ကြည်နူးနေသည်။ တစ်ချိန်တည်းမှာပင် ယောက်ျားတစ်ယောက်သည် ၎င်း၏ဆန္ဒကို တစ်ချိန်လုံး တွန်းလှန်နေရတာက ကောင်းသောအရာမဟုတ်ဟုလည်း သူမ ခံစားခဲ့ရသည်။ သို့သော်လည်း ရှုကျင်းချန်သည် သူမ အဆင်သင့်မဖြစ်သေးသောကြောင့် သူ၏ဆန္ဒကို တွန်းလှန်ခဲ့ရပါသည်။

ရှုကျင်းချန်သည် သူ့ဆန္ဒမပျောက်မီ နာရီဝက်ခန့် အအေးခံကာ ရေချိုးလိုက်သည်။ ဧည့်ခန်းသို့ပြန်ရောက်ပြီးနောက် ကျီပိုင်ယင်းကို မကျေမနပ်ကြည့်လိုက်သည်။ သူ့အလှတရားကို ရင်ခွင်ထဲထားပြီး မမြည်းစမ်းနိုင်တာက နှိပ်စက်နေခြင်းပင်။

"ရှင် ရှင်ဘာလို့အဝတ်မဝတ်ထားတာလဲ" ရှုကျင်းချန်သည် သူ့ခန္ဓာကိုယ်အောက်ပိုင်းကိုသာ ရေချိုးသုတ်ပုဝါဖြင့် ပတ်ထားပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အ၀တ်လုံးမ၀မ၀တ်ထားသည်ကို တွေ့လိုက်ရသောအခါ ကျီပိုင်ယင်းမှာ ကြောက်ရွံ့နေသော်လည်း သူမ မျက်လုံးများကို သူ့ခန္ဓာကိုယ်မှ မခွာနိုင်ပေ။ ရှုကျင်းချန် ၏ ခန္ဓာကိုယ်သည် အလွန်အံ့သြစရာကောင်းသည်။ သူ့မှာ ကြွက်သားရှစ်ခုရှိသည်။ ကျီပိုင်ယင်းက သူတို့ကို ထိချင်မိသည်။

ရှုကျင်းချန်သည် သူမတွေးနေသည့်အရာကို နားလည်ပြီး မှားသည်ဟု သူ,မထင်ပေ။ သူမသည် ပွင့်လင်းမြင်သာမှုရှိသော်လည်း သူမ၏အမူအကျင့်ကို မမေ့ခဲ့ပါ။

***

ဖီးနစ်သွေးစက်

အခန်း ၂၁၅၁ ဘယ်လိုခံစားရလဲ။

ကျီပိုင်ယင်း၏ စိတ်လှုပ်ရှားနေသည့်အကြည့်သည် ရှုကျင်းချန်ကို ချက်ချင်းပင် သဘောကျသွား‌စေသည်။ ရင်ကော့ပြီး သူ့ဆီ လှမ်းလာပြီး “ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုလဲ။ သဘောကျလား?"

“ဟုတ်တယ် အရမ်းကောင်းတယ်။ ကျွန်မအရမ်းသဘောကျတယ်" ကျီပိုင်ယင်းက မသိစိတ်ကနေ ပြန်ဖြေမိသွားသည်။ ဒါဟာ သူမရဲ့ စိတ်ကူးထဲက စကားပါပဲ။ ဒါပေမယ့် ထုတ်ပြောမိသွားတာ‌ကြောင့် သူမ ရှက်မိသွားကာ သူ့ကိုမကြည့်တော့ပဲ ချက်ချင်းလှည့်လိုက်သည်။

ရှုကျင်းချန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုကျယ်ပြန့်လာပြီး သူမနှင့် ဆက်၍ ပရောပရည်လုပ်သည်။ “မင်း ခံစားကြည့်ကြည့်မလား”

“ရပ်နော်!” ကျီပိုင်ယင်းက သူမကို ပရောပရည်လုပ်နေမှန်း သိသောကြောင့် သူမ အနည်းငယ် စိတ်ဆိုးသွားခဲ့သည်။ တကယ်တော့ သူမ ရိုးသားစွာ ခံစားချင်မိသည်။

ရှုကျင်းချန်က သူမကို ဆက်ပြီး သွေးဆောင်ခဲ့သည်။ “ထိရုံပဲလေ။ ကြီးကြီးမားမားမှ မဟုတ်တာ။ ကိုယ့်ခန္ဓာကိုယ်ကို မင်းမကြိုက်ဘူးလား"

"မကြိုက်ဘူး ရှင် အ၀တ်အခုချက်ချင်း၀တ်" ကျီပိုင်ယင်းက ငြင်းသည်။ သူ့ခန္ဓာကိုယ်ကို ထိချင်သော်လည်း ထိန်းထားရသည်။ ရှုကျင်းချန်ကို အောင်မြင်အောင် သူမ မလုပ်နိုင်ပါ။

"သေချာလား? ပြီးရင် ကိုယ်အဝတ်၀တ်တော့မှာနော်။ နောက်မှ နောင်တရမနေနဲ့!" သူသည် စိတ်ရူး‌ပေါက်နေသောကြောင့် မဟုတ်ဘဲ ကျီပိုင်ယင်း၏စိတ်ကို သူမြင်‌နေရသောကြောင့်ဖြစ်သည်။

"ဘာကိုဆိုလိုတာလဲ? ကျွန်မနောင်တရ‌နေမှာ မဟုတ်ဘူး။ ရှင်က ဒီကမ္ဘာမှာ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ရှိတဲ့ တစ်ဦးတည်းသောလူမှ မဟုတ်တာ” ကျီပိုင်ယင်းက ငြင်းခုံသည်။

"မင်းက တခြားယောက်ျားတွေရဲ့ ခန္ဓာကိုယ်ကို ထိချင်လို့လား" ထိုစကားကိုကြားသောအခါ ရှုကျင်းချန် အနည်းငယ်စိတ်တိုပြီး ကျီပိုင်ယင်း၏တစ်ကိုယ်လုံးကို ဖိချလိုက်သည်။

"ရှင်ဘာလုပ်နေတာလဲ?" ရှုကျင်းချန်၏အပြုအမူကြောင့် ကျီပိုင်ယင်း အံ့အားသင့်သွားပြီး သူ့ကိုတားဆီးရန် သူမလက်ကို မသိစိတ်မှ မြှောက်တင်လိုက်သည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းဗလာရှိနေတုန်းပဲဆိုတာကို သူမမေ့သွားတဲ့အတွက် လက်တွေကိုဆန့်ထုတ်ပြီးနောက် သူ့ရဲ့ ရင်ဘတ်ကြွက်သားတွေကို ဖုံးအုပ်လိုက်မိသည်။

တခဏချင်းမှာပဲ နှစ်ယောက်လုံး လျှပ်စစ်ရှော့တိုက်သလိုဖြစ်သွားသည်။ ကျီပိုင်ယင်း၏လက်များနှင့် ရှုကျင်းချန်၏ခန္ဓာကိုယ်သည် ထိကပ်သွားပြီးနောက် လူက ထုံကျင်သွားကာ မျက်လုံးချင်းဆုံကာ အံ့အားသင့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ နှလုံးခုန်သံများလည်း မြန်လာသည်။

ရှုကျင်းချန်သည် ကျီပိုင်ယင်း ထက်စောပြီး အသိစိတ်ပြန်ဝင်လာသော်လည်း သူမကို မနှောင့်ယှက်ဘဲ တိတ်တိတ်လေးသာကြည့်နေခဲ့သည်။

ကျီပိုင်ယင်းလည်း အသိပြန်၀င်ဖို့ အချိန်သိပ်မကြာလိုက်ပါ။ သူမမျက်နှာက ရုတ်တရက် နီမြန်းသွားပြီး ချက်ချင်း လက်ကို ရုတ်လိုက်ပြီး မျက်နှာကို အုပ်လိုက်သည်။ သူမ အရမ်းရှက်သွားသည်။

"ရှင် ရှင်...ကျွန်မကိုတစ်ယောက်တည်းနေခွင့်ပေး!" ကျီပိုင်ယင်းက ရှက်ရွံ့စွာ ဒေါသထွက်ကာ သူ့ကို လှမ်း‌ငေါက်သည်။

"ဘယ်လိုခံစားရလဲ?" ရှုကျင်းချန်က မခွာဘဲ မျှော်လင့်တကြီး မေးသည်။ ကျီပိုင်ယင်း၏ အဖြေကို သူသိချင်သည်။

သူ့မှာ ကောင်းမွန်တဲ့ အသွင်အပြင်နဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ရှိကြောင်း ရှင်းရှင်းလင်းလင်း သိထားပေမယ့် သူ့ကောင်မလေးရဲ့ အသိအမှတ်ပြုချက်ကို အလွန်လိုအပ်နေသည်။

“မကောင်းဘူး လုံးဝမကောင်းဘူး။ အခု ကျွန်မအပေါ်က ထွက်သွား" ကျီပိုင်ယင်းက တမင်တကာ ငြင်းဆိုခဲ့ပေမယ့် တကယ်တော့ ဒါဟာ အရမ်းကောင်းသည်။ သူမ အကြိမ်အနည်းငယ် မထုရိုက်မိတဲ့အတွက် နောင်တတောင်ရနေမိသည်။

"တကယ်လား? မကောင်းဘူးလား?" ရှုကျင်းချန်သည် မကျေနပ်မှုဖြင့် ရုတ်တရက် မျက်စောင်းထိုးကာ အန္တရာယ်ကြီးသော အသံဖြင့် ရှေ့သို့ အနည်းငယ် တိုးလိုက်သည်။

"ရှင် ရှင်တကယ်အရှက်မရှိဘူး ရူးလိုက်တာ!" ကျီပိုင်ယင်းက သူ့ကို ထိတ်လန့်တကြား ဝေဖန်လိုက်သည်။

"ကောင်းပြီ‌လေ ကိုယ့်က အရှက်မရှိဘူးလို့ ပြောတယ်နော်၊ ဒါဆို တကယ်အရှက်မရှိတာတွေပဲ လုပ်တော့မှာ!" ရှုကျင်းချန်က အဓိပ္ပါယ်ရှိစွာပြောပြီး ကျီပိုင်ယင်းထံ ဆက်သွားခဲ့သည်။

“ရပ်လိုက်။ အခု ရပ်လိုက်နော်။ တောင်းပန်ပါတယ်။ ရှင့်ခန္ဓာကိုယ်က ပြီးပြည့်စုံပြီး တကယ်ကို ကောင်းပါတယ်။ တကယ်ပြောတာ" ကျီပိုင်ယင်းက အလျှော့ပေးလိုက်သည်။ ဒါဟာ အမှန်တရားဖြစ်ခဲ့ပေမယ့် ရှုကျင်းချန်က အခုအချိန်မှာ လက်မခံ‌တော့ပါ။

“မင်း အဲဒါကို တစ်ကြိမ်ပဲ ထိလိုက်ရံုနဲ့ ကောင်းတယ်လို့ မခံစားရဘူးမလား။ မင်းကိုယ့်ကို ပြီးပြီးရော ဖြေလိုက်တာမလား။ လာ၊ မင်းရဲ့ နှလုံးသားနဲ့ ခံစားကြည့်လိုက်" ဟု ရှုကျင်းချန်က သူ့နှုတ်ခမ်းပေါ််မှာ မကောင်းဆိုးဝါး အပြုံးနဲ့ ပြောလိုက်သည်။

“မလုပ်ဘူး” ကျီပိုင်ယင်းက ငြင်းဆိုခဲ့သော်လည်း သူမသည် အမှန်တကယ် ဆိုးရွားစွာ လုပ်ချင်ခဲ့သည်။

"မလုပ်ဘူး? ဒါဆို ပြီးပြည့်စုံတယ်ဆိုတဲ့ အဖြေက?” ရှုကျင်းချန်က မကျနေပ်ပေ။

"ရှုကျင်းချန် ရှင်က လူဆိုးပဲ!" ကျီပိုင်ယင်း ရုတ်တရက် သိလိုက်ရတာက ရှုကျင်းချန်ဟာ လူဆိုးတစ်ယောက်ပါ။

"လူဆိုး? အမ် ကိုယ့်အပေါ် မင်းရဲ့ စီရင်ချက်နဲ့ ကိုက်ညီအောင် ကိုယ် မကောင်းတာတွေ လုပ်ရလိမ့်မယ် ထင်တယ်" ဟု ရှုကျင်းချန်က ထပ်ပြီး အဓိပ္ပါယ်ရှိစွာ ပြောပြီး ကျီပိုင်ယင်းရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖိလိုက်သည်။

"မဟုတ်ဘူး မဟုတ်ဘူး ကျွန်မ ခံစားကြည့်မယ်" ကျီပိုင်ယင်းသည် ရှုကျင်းချန်ကို မကောင်းမှုတစ်ခုခုလုပ်မည်ကို အမှန်တကယ်ကြောက်သောကြောင့် သူမချက်ချင်းလက်‌ေလျာ့လိုက်သည်။ သူမလည်း အရမ်းခံစားကြည့်ချင်တာကြောင့် အရမ်းတွန့်ဆုတ်မနေပါ။

ကျီပိုင်ယင်းရဲ့ အပေးအယူကိုမြင်တော့ ရှုကျင်းချန် ကျေနပ်သွားသည်။ သူထလိုက်ပြီး သူ့တစ်ကိုယ်လုံးကို ဆန့်ထုတ်လိုက်ကာ ကျီပိုင်ယင်း ထိဖို့ကို စောင့်နေလိုက်သည်။

ရှုကျင်းချန်သည် ယခု လူဆိုးတစ်ယောက်လို ပြုမူနေသော်လည်း အမှန်တကယ်တော့ သူ့စိတ်ထဲတွင် တည်ငြိမ်မှု မရှိပေ။ သူလည်း ရှက်မိသည်။ တကယ်တော့ သူဒီလို အရှက်မဲ့တဲ့ လုပ်ရပ်ကို ပထမဆုံးအကြိမ် လုပ်ခဲ့တာပင်။ ဒါပေမယ့် သူဒီလိုမလုပ်ရင် သူ့အနာဂတ်ဇနီးသည်နဲ့ ပိုနီးစပ်နိုင်မှာ မဟုတ်ပါ။

ရှုကျင်းချန်၏ သန်မာသော ရင်ဘတ်ကြွက်သားများနှင့် ဗိုက်ကြွက်သားရှစ်ခုကိုကြည့်ရင်း ကျီပိုင်ယင်း မတတ်နိုင်ပဲ တံတွေးမျိုချမိသည်။

တကယ်တော့ သူ့အစ်ကိုမှာလည်း သန်မာတဲ့ ခန္ဓာကိုယ်ရှိပေမယ့် ရှုကျင်းချန်ထက်တော့ မပိုပါ။

ကျီပိုင်ယင်း အနည်းငယ် တုံ့ဆိုင်းနေသော်လည်း ရှုကျင်းချန်သည် သူမအား သူမ၏ မျက်လုံးများမှ သူ့ခန္ဓာကိုယ်ကို အလွန်ကျနေပ်နေကြောင်းကို မြင်ပြီးဖြစ်သောကြောင့် သူမငြင်းတော့‌ပါ။

ကျီပိုင်ယင်း ခဏလောက် တုံ့ဆိုင်းသွားပြီး ရှုကျင်းချန် ရဲ့ ရင်ဘတ်ကြွက်သားတွေကို ထိကြည့်လိုက်သည်။ တကယ်ကောင်းတယ်လို့ ခံစားရသည်။

ရှုကျင်းချန်သည် ကျီပိုင်ယင်း ထိလိုက်ပြီးနောက် အနည်းငယ် ထုံကျင်လာသလို ခံစားလာရသည်။

"ဘယ်လိုခံစားရလဲ?" ရှုကျင်းချန်က သတ္တိမွေးပြီး ထပ်မေးသည်။

“အင်း မဆိုးပါဘူး။”

"ကျေနပ်လား?"

"အင်း!" ကျီပိုင်ယင်း က ပြောသည်။

"နောက်ထပ်လိုချင်လား?"

ကျီပိုင်ယင်း ဒေါသထွက်သွားပြီး ရှုကျင်းချန်ကို တွန်းထုတ်လိုက်သည်။ "သွားတော့! ရှင်ဆက်လုပ်ရင် ကျွန်မ အခုထွက်သွားမယ်။"

ထိုသို့ပြောရင်း ကျီပိုင်ယင်း မတ်တပ်ရပ်လိုက်သော်လည်း ရှုကျင်းချန်က ချက်ချင်းပြန်ဆွဲချလိုက်သည်။ နောက်တစက္ကန့်တွင် သူမခန္ဓာကိုယ်ကို ဆိုဖာပေါ် ဖိကပ်လိုက်သည်။ ရှုကျင်းချန် က ဆိုးသွမ်းစွာ ပြုံးပြီး "မင်း အခု ဝံပုလွေတွင်းထဲ ရောက်နေတာ။ ထွက်ပြေးနိုင်မယ်လို့ ထင်လား"

"ရှင်ဘာလိုချင်လို့လဲ?" ကျီပိုင်ယင်းက မေးလိုက်ပြီး ချက်ချင်းပဲ သူမရဲ့ ရင်ဘတ်ကို လက်နဲ့ အုပ်လိုက်သည်။ သူမ သူ့ကို စူးစူးစိုက်စိုက် ကြည့်‌နေသည်။

ရှုကျင်းချန်က ဒီည တကယ် ဆက်ဆံမှာလား။

ကျီပိုင်ယင်းက သူ့အပေါ် သတိထားနေတာကို မြင်တော့ ရှုကျင်းချန်က စိတ်မကောင်းဖြစ်သွားသည်။ သူမဘာလို့ သူနဲ့ကို သတိထားနေတာလဲ။

ကျီပိုင်ယင်းက သူ့ကို လူဆိုးတစ်ယောက်လိုထင်မြင်စေကာ သူမနဲ့ အတူမနေချင်‌ပေ။ ထိုအခြေအနေမျိုးတွင် ဆုံးရှုံးမှုသည် အမြတ်ထက် သာလွန်သည်။ ထို့ကြောင့် သူသည် သူမနှင့် မစနောက်တော့ပေ။

ကျီပိုင်ယင်းကိုနမ်းလိုက်ပြီးနောက် ရှုကျင်းချန် သည် သူမ၏ခန္ဓာကိုယ်‌ပေါ်မှထကာ “စိတ်မပူပါနဲ့၊ မင်းသဘောမတူခင် ကိုယ်မင်းကို မကောင်းတာလုပ်မှာမဟုတ်ပါဘူး။ မကြောက်ပါနဲ့။”

ကျီပိုင်ယင်းသည် ရှုကျင်းချန်ကို ယုံကြည်ခဲ့သော်လည်း ရှုကျင်းချန် စိတ်လှုပ်ရှားနေချိန်တွင် သူမ အနည်းငယ် ကြောက်ရွံ့နေသေးသည်။ သို့သော်လည်း ရှုကျင်းချန်သည် သူမ၏ခန္ဓာကိုယ်မှ ထသွားပြီးနောက် ကျီပိုင်ယင်းသည် စိတ်သက်သာရာရသွားသလို စိတ်လည်းပျက်သွားခဲ့သည်။

လေထုသည် အနည်းငယ် ရှက်စရာဖြစ်လာသော်လည်း မကြာမီ ပုံမှန်ပြန်ဖြစ်သွားသည်။

မစောတော့၍ အခု အိပ်သင့်ပြီ။

"ရှင့်အိမ်က ဧည့်အိပ်ခန်းက ဘယ်မှာလဲ"

"ကိုယ့်အိမ်မှာ ဧည့်အိပ်ခန်းမရှိဘူး" ရှုကျင်းချန်က မျက်ခုံးအနည်းငယ်ပင့်ကာ ပြောလိုက်သည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၁၅၂ ကျင်းယွင်ဖေး တားလိုက်ခြင်း

"ဟင်? ဧည့်ခန်းမရှိရင် ဘယ်မှာအိပ်ရမလဲ။ ဆိုဖာပေါ်မှာ,လား?" ကျီပိုင်ယင်း အံ့သြသွားသည်။ ဧည့်အိပ်ခန်းမရှိရင် ရှုကျင်းချန်က သူမကို ဘာလို့ ခေါ်လာတာလဲ။

“မာစတာအိပ်ခန်းထဲမှာ‌လေ” ရှုကျင်းချန်က သဘာဝကျကျပြောလိုက်သည်။

"ဘာ? မာစတာအိပ်ခန်းထဲမှာလား?" ကျီပိုင်ယင်းသည် ထိုစကားကိုကြားသောအခါ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ ရှုကျင်းချန်ကိုကြည့်လိုက်ကာ သူမသတိထားလိုက်သည်။ သူ...

ရှုကျင်းချန်က ကျီပိုင်ယင်း တွေးနေတာတွေကို နားလည်ပြီး "စိတ်မပူပါနဲ့ ကိုယ်ဆိုဖာပေါ်မှာ အိပ်မှာပါ"

နဂိုက ကျီပိုင်ယင်းနဲ့ အိပ်ချင်ပေမယ့် ကျီပိုင်ယင်း အရမ်းထိတ်လန့်သွားတာကို မြင်လိုက်ရတော့ သူမကို လန့်သွားစေမှာ ကြောက်၍ ဆိုဖာပေါ်မှာပဲ အိပ်ရမည်။

"အိုး ကောင်းပြီ!" ကျီပိုင်ယင်းက သိပ်စဉ်းစားမနေဘဲ မာစတာအိပ်ခန်းဆီ တိုက်ရိုက်လျှောက်သွားသည်။

ဘာပဲဖြစ်ဖြစ် ရှုကျင်းချန်က ဧည့်သည်အခန်းမရှိ၍ မာစတာအိပ်ခန်းကို သူမ အလွယ်တကူ ရှာတွေ့ခဲ့သည်။ ထို့အပြင် ဤအိမ်တွင် အခန်းအနည်းငယ်သာရှိသောကြောင့် အခန်းရှာရန်မခက်ပါ။

အခု မေးရတဲ့ အကြောင်းရင်းက ယဉ်ကျေးမှုအရပါပဲ။ သူမဘာသာသူမ လှည့်ကြည့်တာ မယဉ်ကျေးပါ။

ကျီပိုင်ယင်း၏ နောက်ကျောပြင်ကိုမြင်လိုက်ရတော့ ရှုကျင်းချန် ရုတ်တရတ်စိတ်မကောင်းဖြစ်မိသည်။ သူက ကျီပိုင်ယင်းကို လေးစားပြီး သူတို့ရဲ့ ဆက်ဆံရေး မတည်ငြိမ်ခင်မှာ သူမနဲ့ မဆက်ဆံချင်ပါ။ သို့သော် သူသည် သာမန်လူတစ်ယောက်ဖြစ်သည်။ သူ့အိပ်မက်ထဲက ကောင်မလေးကို မြင်နေရကာ အရသာခံချင်သော်လည်း မခံနိုင်ပေ။

ရှုကျင်းချန်က ထကာ အိပ်ခန်းဆီသို့ လျှောက်သွားကာ ကျီပိုင်ယင်းအတွက် သူ့အင်္ကျီကို ထုတ်ယူလိုက်သည်။ "ဒါက ကြီး‌တော့ကြီးတယ်၊ ဒါပေမယ့် ကိုယ့်မှာ ဒါပဲရှိတယ်"

“အဆင်ပြေပါတယ်” ကျီပိုင်ယင်းက ဒါကို လုံးဝစိတ်ထဲမထားသလို သူမမကြိုက်တာလည်းမဟုတ်ပါ။ အဲဒါက သူမချစ်သူရဲ့ ညဝတ်အင်္ကျီပင်။

ရှုကျင်းချန်လည်း သူ့အဝတ်အစားတွေကို ယူသွားသည်။ ကျီပိုင်ယင်း ကို အကြိမ်အနည်းငယ် စိုက်ကြည့်ပြီးနောက် သူ ထွက်သွားသော်လည်း တုံ့ဆိုင်း‌နေမိသည်။

ထိုညတွင် ရှုကျင်းချန်နှင့် ကျီပိုင်ယင်း နှစ်ယောက်လုံး အိပ်မပျော်ခဲ့။ နှစ်ယောက်စလုံးက အတွေးကိုယ်စီနဲ့ပင်။

…

တစ်ဖက်တွင် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် တစ်ညလုံး အပြင်းအထန် လေ့ကျင့်ခန်းလုပ်ခဲ့ကြပြန်သည်။

နံနက်စောစောတွင် နံနက်စာ ကောင်းကောင်းစားပြီးနောက် ရှုကျင်းချန်သည် ကျီပိုင်ယင်းကို ရာစုနှစ်မြို့တော်သို့ ပြန်ပို့သည်။

ပြီးနောက် ကုနင်းက မနက်စာစားပြီး ကျောင်းသွားသည်။ အတန်းနှစ်တန်းနောက်ကျသော်လည်း ဂရုမစိုက်။ မည်သို့ပင်ဖြစ်စေ သူမသည် အတန်းများစွာအတွက် ပျက်ကွက်ခဲ့ပြီးဖြစ်ကာ သူမ၏ အတန်းတက်ချိန် ကျဆင်းမသွားကြောင်း သေချာစေရန်သာ လိုအပ်သည်။

တောင်မြစ်ကမ်းဥယျာဉ်မှ မြို့တော်တက္ကသိုလ် သို့အကွာအဝေးက အလွန်ရှည်လျားပြီးအပြန်အလှန်သွားရန်နှစ်နာရီခန့်ကြာမြင့်သောကြောင့် လင်ရှောင်းထင်သည် ကုနင်းကိုကျောင်းသို့မမောင်းပို့နိုင်ပေ။ သူသည် စစ်အခြေစိုက်စခန်းသို့ ချက်ချင်းပြန်ရန် လိုအပ်သောကြောင့် သူမကို ကျောင်းမပို့ပေးနိုင်ပါ။

လင်ရှောင်းထင်သည် ကုနင်း၏ လုံခြုံရေးအတွက် စိတ်မပူ‌သော်လည်း သူမကို ထားခဲ့ရန် ဆန္ဒမရှိခဲ့ပေ။ သို့သော် သူမည်မျှပင် ဆန္ဒမရှိစေကာမူ အချိန်အတိုင်းအတာတစ်ခုအထိ ခွဲခွာနေရမည်ဖြစ်သည်။

…

ရှုကျင်းချန် သည် ကျီပိုင်ယင်းကို ရာစုနှစ်မြို့တော်သို့ ပြန်ပို့ပြီးနောက်တွင် သူသည် ကြာကြာမနေဘဲ ထွက်သွားသည်။ ထွက်သွားဖို့လည်း တွန့်ဆုတ်နေပေမယ့် သူ့အလုပ် သူလုပ်ရအုံးမှာပင်။

ရှုကျင်းချန်နှင့် လင်ရှောင်းထင်တို့ တွေ့ပြီးသည်နှင့် စစ်အခြေစိုက်စခန်းသို့ ပြန်သွားကြသည်။

…

ဟုန်ရီဖုန်းသည် ရက်ပေါင်းများစွာ ပျောက်နေသောကြောင့် ဝေ့ရှန်းသည် သူ့ကိုရှာရန် တပည့်များကို စေလွှတ်လိုက်သည်။

ဝေ့ရှန်းသည် ဟုန်ရီဖုန်း မြို့တော်သို့သွားရန်အတွက် သူ စီစဉ်ခဲ့သောကြောင့် ထိုနေရာသို့သွားသည့် ရည်ရွယ်ချက်ရှိသည်ကို သိရှိပြီး ဖြစ်သည်။ သို့သော် ရက်အတော်ကြာပြီးနောက်တွင် ဟုန်ရီဖုန်းထံမှ မည်သည့်သတင်းမျှ ပြန်မရရှိခဲ့သောကြောင့် ဟုန်ရီဖုန်းသည် အလွန်အသုံးမဝင်ကာ သေမျိုးကိုပင် မကိုင်တွယ်နိုင်ဟု ဝေ့ရှန်း ခံစားရစေသည်။

အခြားမိသားစုများမှ စေလွှတ်လိုက်သော အခြားလူများမှာလည်း သတင်းတစ်စုံတစ်ရာမရှိသော်လည်း ကုနင်းကို တိုက်ရိုက်တိုက်ခိုက်ခြင်းမပြုပေ။ ဝေ့ရှန်းသည် လှည့်ကွက်အချို့ကို ကစားနိုင်သည်ဟု ဟုန်ရီဖုန်းအား ပြောပြသည်။ ကုနင်းကိုသတ်တာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာမပေးသရွေ့တော့ ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါ။

သို့သော်လည်း ဝေ့ရှန်းမှ စေလွှတ်လိုက်သော တပည့်များသည် ကျိုးဝမ်ချွမ်ကို တွေ့ရှိသောအခါတွင် ဟုန်ရီဖုန်းနှင့် ကုနင်းညှိနှိုင်းပြီးနောက် သူ ပျောက်ကွယ်သွားကြောင်း သိလိုက်ရသည်။

ဟုန်ရီဖုန်းသည် သူ့ဘာသာထွက်သွားခဲ့သောကြောင့် ကျိုးဝမ်ချွမ်သည် ဟုန်ရီဖုန်း ပျောက်ဆုံးမှုကို အလေးအနက်မထား‌ခဲ့ပေ။ ဟုန်ရီဖုန်းသည် သဘောတူညီချက်ကို မဖြေရှင်းနိုင်ဘဲ ပြန်သွားသည်ဟု သူထင်ခဲ့သည်။

သူတို့သည် ကုနင်းကို သံသယမရှိခဲ့ကြပေ။ ကုနင်းသည် ကိုယ်ခံပညာအတော်အတန်ကောင်းသော်လည်း သူမသည် သေမျိုးဖြစ်သောကြောင့် ဟုန်ရီဖုန်းနှင့် မယှဉ်နိုင်ဟု သူတို့ယုံကြည်ကြသည်။

ကျိုးဝမ်ချွမ်ကလည်း ထိုနေ့တွင် သူ ရှန်းနဉ်အုပ်စုမှ ထွက်သွားပြီးနောက် ဟုန်ရီဖုန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို လိုက်ရှာနေသကဲ့သို့ ဦးတည်ချက်တစ်ခုဆီသို့ သွားခဲ့ကြောင်းကို ပြောပြသည်။

ထို့နောက် ဝေ့ရှန်းပေးပို့သော တပည့်များက ၎င်းကို စုံစမ်းရန် သွားခဲ့သော်လည်း အမှန်တကယ် အသုံးဝင်သော အချက်အလက်ကို ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင်၊ ၎င်းတို့သည် လမ်းတစ်လျှောက် စောင့်ကြည့်ကင်မရာများကို စစ်ဆေးနိုင်စွမ်းလည်း မရှိခဲ့ပါ။

…

ကုနင်းကားပါကင်မှ ထွက်သွားသောအခါ သူမကို တစ်စုံတစ်ယောက်က ပိတ်ဆို့ထားခဲ့ပြီး ထိုသူမှာ ကျင်းယွင်ဖေး ဖြစ်သည် ။

ကျင်းယွင်ဖေးသည် ကုနင်းကို ရက်အတော်ကြာကြည့်ရှုပြီးနောက် သည်းမခံနိုင်တော့ပေ။ ပျင်းစရာကောင်းပြီး ဘာမှ အသုံးမဝင်တဲ့အတွက် အပြင်ကို ထွက်ခဲ့ရသည်။

ကုနင်းကို သူလျှိုလုပ်တုန်းက စက်ရုံကို အထူးအာရုံစိုက်ဖို့ မမေ့‌အေမယ့် ဆေးစက်ရုံက အသုံးမဝင်တာ ဘာမှမတွေ့‌ပေ။

ကုနင်းသည် ၎င်းတို့က စူးစမ်းရုံမျှမကကြောင်း သူမသိသောကြောင့် သူမသည် အကုန်ကြိုပြင်ဆင်ထားတဲ့အတွက် အသုံးဝင်သောအရာကို ရှာမတွေ့ခဲ့ခြင်းဖြစ်သည်။

တကယ်တော့ ကုနင်းစိတ်ပူတာက သူတို့ဆေးစက်ရုံကို ချက်ချင်းပျက်စီးသွားနိုင်တာကိုပင်ဖြစ်သည်။ သူတို့သည် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့တကယ်လုပ်ရင် သူမတားနိုင်မှာမဟုတ်ပါ။ သူမသည် ဆေးစက်ရုံကို မကြာခဏ လည်ပတ်လေ့မရှိ‌ပေ။ ထိုသို့ဖြစ်ရန် ခွင့်ပြုမည်မဟုတ်ပါ။

ကံကောင်းစွာနဲ့ပဲ သူတို့ စက်ရုံကို မဖျက်စီးပါ။

ကျင့်ကြံရေးလောကမှ လူအများအပြားက သူတို့ထွက်လာကြောင်း သိကြပြီး သူတို့သည် မိသားစုကြီးများမှ စေလွှတ်ခံရပြီး မိသားစုကြီးများသည် ပြိုင်ဘက်များဖြစ်ကြကာ တစ်ဦးကို တစ်ဦး ဒုက္ခ‌ပေးရန် မစောင့်နိုင်တော့ပေ။ ထို့ကြောင့် သူတို့သည် ကိုလိန်းကို စုံစမ်းပြီး တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်နေခဲ့သည်။ တစ်စုံတစ်ယောက်သည် ထိခိုက်နစ်နာစေရန် သတ္တိရှိလျှင် အခြားသူများလည်း သိပေလိမ့်မည်။ တခြားသူတွေ မသိခဲ့ရင်တောင် ဘယ်သူ လုပ်ခဲ့တာလဲဆိုတာ အနှေးနဲ့အမြန် သိလာလိမ့်မည်။

လူတို့၏ပိုင်ဆိုင်မှုကို ဖျက်ဆီးခြင်းသည် ၎င်းတို့ကို ထိခိုက်စေခြင်းထက် မနည်း ဆိုးရွားလှပေသည်။ ထို့ကြောင့် ၎င်းတို့အနက်မှ အမှန်တကယ် ပျက်စီးစေလိုလျှင်ပင် ယင်းကို မလုပ်ရဲကြပေ။

ကျင့်ကြံသူများသည် ကိုလိန်းကို ဖျက်စီးရန် ကြောက်ရွံ့သော်လည်း အများစုမှာ ထိုသို့လုပ်ဆောင်ရန် စိတ်ကူးရှိကြသည်။

ကိုလိန်းရှိ ကုနင်းမှ စီစဉ်ထားသော လုံခြုံရေးအစောင့်များအားလုံးသည် စစ်ပြန်များဖြစ်ကြပြီး ၎င်းတို့သည် သာမန်လူများထက် များစွာ သန်မာသောကြောင့် ဖျက်စီးလိုသူများသည် မအောင်မြင်နိုင်ပေ။

ယခု ကုနင်း၏ လုံခြုံရေးကုမ္ပဏီမှ စစ်မှုထမ်းဟောင်း ရှစ်ဆယ်ခန့်ကို ခေါ်ယူခဲ့သည်။ သူတို့သည် ထိုနေရာတွင် ထိုင်ပြီး အလုပ်များကို စောင့်ဆိုင်းရုံသာမက အလုပ်များမရှိသောအခါတွင် လေ့ကျင့်မှုများနှင့် အလုပ်များနေပါသည်။ လေ့ကျင့်မှုမှာ စစ်တပ်လောက် မခက်ခဲပေမယ့် ပြင်းထန်တယ်လို့ ယူဆနိုင်သည်။

သူတို့ဟာ ပြင်ပကမ္ဘာကို လုံခြုံရေးဝန်ဆောင်မှုပေးရုံသာမက သူမရဲ့ကိုယ်ပိုင်ကုမ္ပဏီကိုလည်း ထောက်ပံ့ပေးခဲ့သည်။ ထို့ကြောင့် ကိုလိန်းကို ဖျက်ဆီးလိုသူအားလုံး မအောင်မြင်ဘဲ ထောင်ထဲတွင် အကျဉ်းချခံခဲ့ရသည်။ ၎င်းကိုသိမ်းဆည်းထားခြင်း မဟုတ်ဘဲ အခြားသူများကို သတိပေးချက်အဖြစ် မီဒီယာမှ တစ်ဆင့် နေရာအနှံ့သို့ ပျံ့နှံ့သွား‌ေစသည်။

အကြိမ်ပေါင်းများစွာ မအောင်မြင်သော ဖျက်ဆီးမှုအပြီးတွင် ကိုလိန်းအား မည်သူမျှ ထပ်မံမပျက်စီးစေဝံ့သော်လည်း လုံခြုံရေးတင်းကျပ်စွာ ထိန်းသိမ်းထားဆဲဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ကုနင်းက သူမကို တားတဲ့လူကို မြင်လိုက်ရတော့ မအံ့သြမိပါ၊ စောစောကတည်းက သူမက ကျင့်ကြံသူတွေရဲ့ အငွေ့အသက်ကို ခံစားမိနေသည်။ သူမသည် ကျင်းယွင်ဖေးကို သူမ၏ ကျောက်စိမ်းမျက်၀န်းများဖြင့် မြင်ရပေသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၁၅၃ သူက တစ်‌ယောက်ယောက်ပဲ

ကျင်းယွင်ဖေးကိုမြင်လိုက်ရတော့ ကုနင်းဟာ သူက ကျင်းယွင်ယောင်ကို အကြိမ်ပေါင်းများစွာ ဆိုးဆိုးရွားရွား အနိုင်ကျင့်ခဲ့ဖူးတာကြောင့် သဘောမကျခဲ့ပါ။

အချိန်တန်ရင် ကျင်းယွင်ယောင်အတွက် သူ့ကို ပြန်ပေးဆပ်ခိုင်းရမည်။ ကုနင်းသည် ကျင်းမိသားစုမှ အကြီးဆုံးသား၏ မိသားစုဝင်တိုင်းကို အပြစ်ပေးမည်ဖြစ်သည်။

"မစ္စကု ငါတို့ သီးသန့်စကားပြောလို့ရမလား" ကုနင်းကို တားပြီးနောက် ကျင်းယွင်ဖေးက မေးသည်။

သူသည် သေမျိုးများကို ဘယ်တော့မှ မလေးစားသော်လည်း သူနှင့် စီးပွားရေးအကြောင်းပြောရန် လိုအပ်သောကြောင့် ယဉ်ကျေးရန်လိုသည်။

"မင်းဘယ်သူလဲ? ငါမင်းကိုဘာလို့စကားပြောရမှာလဲ" ကုနင်းက တမင် မေးလိုက်သည်။

"ငါ့နာမည်က ကျင်းခယ် ပါ။ မစ္စကု ငါတို့စီးပွားရေးအကြောင်းပြောလို့ရမလား" ကျင်းယွင်ဖေးက ပြောသည်။

"အတန်းတက်ရအုံးမယ်။ စီးပွားရေးကိစ္စတွေအတွက် ငါ့ကုမ္ပဏီတာဝန်ခံနဲ့ ပြောလို့ရတယ်” သူ့ကုမ္ပဏီက ဝန်ထမ်းနဲ့ စကားပြောခိုင်းတာ မဟုတ်ပဲ တမင်တကာ တွန်းထုတ်ခဲ့ရုံပင်။ တကယ်တော့ သူမဟာ သူ့ကုမ္ပဏီရဲ့ ဆေးလုပ်ငန်းကို တာဝန်ယူထားသူပါ။

ကုနင်းသည် ဤအကြောင်းပြချက်က သူ့ကို ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်သော်လည်း ခဏတာ သူ့ကို အရူးလုပ်နိုင်သည်။ သူမနှင့် စကားပြောရန် အလွယ်တကူ သဘောမတူနိုင်ပေ။

သူတို့စကားပြောခဲ့ရင်တောင် အောင်မြင်မှာမဟုတ်ပါ။

"မစ္စကု မင်းရဲ့အတန်းပြီးအောင် ငါစောင့်နိုင်တယ်။ အဲဒါဆို ဘယ်လိုလဲ?" ကျင်းယွင်ဖေးက ပြောသည်။ ကုနင်းက စကားပြောဖို့ သဘောတူသရွေ့ သူမကို ခဏစောင့်နေဖို့ ပြသနာမရှိပါ။

“ကောင်းပြီ ဒါပေမယ့် ငါ့မှာ နေ့လည်အချိန်မရှိဘူး။ မစ္စတာကျင်း မင်းစိတ်မရှိရင် ဒီနေ့ည‌နေအထိ ငါ့ကိုစောင့်ပါ။ ငါ့အတန်းဖော်တွေကို ဒီနေ့ ညနေမှာ အတူတူထမင်းစားဖို့ ဖိတ်ထားတယ်။ တူညီတဲ့ စားသောက်ဆိုင်မှာ စားပွဲတစ်ခု ကြိုတင်မှာယူထားလို့ရပါတယ်။ ငါမင်းနဲ့စကားပြောပြီးရင် ငါ့သူငယ်ချင်းတွနေဲ့ထမင်းစားမယ်"

တကယ်တော့ မွန်းတည့်ချိန် သူမမှာ ချိန်းထားတာမရှိ၍ လိမ်‌နေတာပင်။ သူမသည် ကျင်းယွင်ဖေးကို အချိန်ပိုကြာအောင် စောင့်ရန် လှည့်စားခဲ့ခြင်းဖြစ်သည်။

အမှန်တော့ ညခင်းမှာတောင် သူက ကုနင်းနဲ့ သဘောတူညီချက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပါ။

"ပြဿနာမရှိပါဘူး" ကျင်းယွင်ဖေး လုံးဝစိတ်ထဲမထားပါ။ "မစ္စကု မင်းဖုန်းနံပါတ်ရနိုင်မလား"

ကုနင်းက မငြင်းဘဲ သူ့ဖုန်းနံပါတ်ကို ပေးလိုက်သည်။ ထို့နောက် ကုနင်းက ကျောင်းတက်ခဲ့သည်။

ကုနင်းက စကားပြောရန် သဘောတူသော်လည်း သူနှင့် ပူးပေါင်းမည်ဟု မဆိုလိုကြောင်း ကျင်းယွင်ဖေး နားလည်သည်။ သူနဲ့ စကားပြောရမယ့်ကိစ္စကို သူမအား မပြောရသေးသလို ကုနင်းက သူမရဲ့ ဆေးလုပ်ငန်းမှာ ဘယ်သူနဲ့မှ အလုပ်တွဲလုပ်ဖို့ အစီအစဉ်မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားသည်။ ထို့ကြောင့် သူမသည် သူ့ကို ငြင်းပယ်လိမ့်မည်ဟု ရှင်းရှင်းလင်းလင်း သိထားသည်။

ငြင်းပယ်ခံရမည်ကို သူသိသော်လည်း ကျင်းယွင်ဖေးသည် အခြားရည်ရွယ်ချက်ရှိသောကြောင့် စကားပြောရန် ဆုံးဖြတ်ခဲ့သေးသည်။ ကုနင်းအား သဘောတူရန် အတင်းအကျပ် ဖိအားပေးရန်အတွက် ဤတစ်ကြိမ်တွင် သူမနှင့် တွေ့ဆုံခြင်းဖြစ်သည်။

သုန်းဖန်းကျင်းဟုန် နှင့် ယင်ရှီယီ မရှိတော့သည်ကို သူသိသောကြောင့် ယနေ့ ကုနင်းကို လာတွေ့ဖို့ သတ္တိရှိခြင်းဖြစ်သည်။ မဟုတ်ပါက ကုနင်းကို ချောချောမွေ့မွေ့ တွေ့နိုင်မည်မဟုတ်ပေ။ သူ့၌ အတားအဆီးရှိလာနိုင်သည်။

ကျင်းယွင်ဖေး ထွက်သွားပြီးတာနဲ့ သူ ဟိုတယ်မှာ အနားယူဖို့ တိုက်ရိုက်သွားခဲ့သည်။ နေ့လည်ခင်းမှာ ကုနင်းကိုပြန်တွေ့မည်။

…

ကုနင်းစာသင်ခန်းသို့ရောက်သောအခါ ဒုတိယတန်းမပြီးမီ ဆယ်မိနစ်အလိုဖြစ်၍ သူမ မ၀င်ခဲ့ပေ။ အဲဒီအစား အောက်ထပ်မှာ ထိုင်ပြီး အတန်းပြီးမှ အထဲကို ဝင်ဖို့ စောင့်နေလိုက်သည်။

နေ့ခင်းဘက်တွင် ကုနင်းသည် ပိုင်လီကျုံးရွှယ်၊ စုန့်မြောင်ကော နှင့် ကျန်းကျီချန်တို့ကို နေ့လည်စာအတူစားရန် ဖိတ်ကြားပြီး ကျောင်းမှထွက်ကာ ထမင်းစားရန် ဆုံးဖြတ်ခဲ့သည်။

အကြောင်းပြချက်မရှိပဲ အတူတူထမင်းစားဖို့ ဖိတ်ချင်ရုံပါ။ ကုနင်းသည် ပိုက်ဆံမတတ်နိုင်သူ မဟုတ်သောကြောင့် သူ့ပိုက်ဆံကိုသုံးရန် တွန့်ဆုတ်မနေကြပါ။

သူတို့ထမင်းစားပြီးချိန်မှာတော့ တုကျားလဲ့နဲ့ ကောင်လေးတစ်ယောက် ဝင်လာပြီး ကုနင်းနဲ့ တခြားမိန်းကလေးတွေကို တွေ့လိုက်တာကြောင့် ချက်ချင်း ပြေးလာသည်။

ချန်ဖန်းမြောင်နှင့် တုကျားလဲ့တို့ကြားရှိ အဖြစ်အပျက် ဖြစ်ပျက်သွားပြီးနောက် တုမိသားစုသည် ချန်မိသားစုကို မကူညီတော့ဘဲ ချန်မိသားစုသည် စီးပွားရေး သဘောတူညီချက်များစွာကို ဆုံးရှုံးခဲ့သည်။

ချန်ဖန်းမြောင်၏ဖခင်သည် တုလီဝမ် နှင့် အကြိမ်အနည်းငယ် တွေ့ဆုံခဲ့သော်လည်း တုလီဝမ်က ၎င်းတို့အား ထပ်မံကူညီရန် ငြင်းဆိုခဲ့သည်။ တုလီဝမ်ကလည်း သူတို့ကို အပြစ်မပေးခဲ့တာနဲ့တင်ပဲ သူသည် အလွန်ကြင်နာနေပြီဟု ရိုးသားစွာပြောခဲ့သည်။ အခုသူတို့ကို ကူညီဖို့က သူ့အတွက် မဖြစ်နိုင်ပေ။

သူ့သားကို သတ်ဖို့ ကြိုးစားခဲ့ကြတာမို့ နောက်တကြိမ် အကူအညီ မပေးတော့မှာ သေချာပါသည်။ သူတို့က ဆွေမျိုးတွေသာ မဟုတ်ရင် သူတို့ကို ပိုပြီး လေးလေးနက်နက် အပြစ်ပေးလိမ့်မည်။

တုကျားလဲ့နှင့် ပါလာသောကောင်လေးသည် ကျောင်းရှိ သူ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်သည်။ သူတို့က အခန်းဖော်တွေဖြစ်ပြီး ကောင်လေးနာမည်က ကောင်းဖေး ပါ။

ကောင်းဖေး အနည်းငယ်ရှက်သွားမိသည်။ ကုနင်းကို မျက်နှာချင်းဆိုင်ရသောအခါ သူမသည် မိန်းကလေးတစ်ဦးဖြစ်‌သောကြောင့်သာမဟုတ်ပဲ အလွန်အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းကြီးတစ်ခု၏ ဥက္ကဌလည်းဖြစ်ခြင်းကြောင့် အနည်းငယ်ရှက်ရွံ့သလိုခံစားရသည်။

တုကျားလဲ့သည်ပင် ကုနင်းနှင့် အကြိမ်ကြိမ်တွေ့ဆုံပြီးသည့်တိုင်အောင် အေးအေးဆေးဆေးမနေနိုင်ဘဲ အမှန်တကယ်ပင် သူယခုထိ စိတ်လှုပ်ရှားနေသေးသည်။

ကုနင်းနှင့် အခြားသူများအား နှုတ်ဆက်ပြီးနောက် တုကျားလဲ့နှင့် ကောင်းဖေးတို့သည် သဘောတူညီမှုရရှိပြီးနောက် ၎င်းတို့နှင့် စားပွဲတူတူထိုင်ခဲ့သည်။ တုကျားလဲ့လည်း နောက်ထပ် ဟင်းပွဲအနည်းငယ်ကို မှာကြားခဲ့သည်။

သူတို့ကျောင်းမှာ မစားခင် ပေးချေဖို့ လိုအပ်တာကြောင့် ကုနင်းနဲ့ တခြားသူတွေဟာ သူတို့ရဲ့ ဘေလ်ကို ရှင်းပြီးပြီဖြစ်သည်။ မဟုတ်လျှင် ဒါမှမဟုတ် တုကျားလဲ့က သူတို့ရဲ့ ဘေလ်ကို ပေးချေမှာဖြစ်သည်။

မလှမ်းမကမ်းက တုကျားလဲ့ရဲ့ အခန်းဖော် တော်တော်များများက သူက ကုနင်းနဲ့အတူ ထမင်းစားနေတာကို တွေ့လိုက်ရသည်။ သူ့ကို အံ့သြပြီး မနာလိုဖြစ်ကြသည်။

"တုကျားလဲ့က ကုနင်းကို ဘယ်လိုလုပ်သိတာလဲ"

သူတို့ထဲက တစ်ယောက်က အရမ်းမနာလိုဖြစ်သွားသည်။

"သူကတော့ တစ်ခုခုပဲ!"

"နောက်ဆုံးတစ်‌ခေါက်ကလည်း တုကျားလဲ့က ကုနင်းနဲ့ ထမင်းစားနေတာ တွေ့ဖူးတယ်။"

"သူတို့က ဆွေမျိုးတွေလား"

"ဘယ်သူသိနိုင်မလဲ!"

သူတို့ရဲ့ ဆွေးနွေးမှုတွေကို ကြားတော့ တခြားလူတွေက တကယ်ဖြစ်နိုင်တယ်လို့ ခံစားရသည်။

“ကောင်လေးက ကုနင်းကို သိတာ သူတို့ကိစ္စလေ။ ဘာလို့ဒီလောက်မနာလိုနေကြတာလဲ"

“သူတို့က မနာလိုစိတ်နဲ့‌ပြော‌နေကြတာ။ ကုနင်းမှာလည်း တခြားသူတွေလို သူငယ်ချင်းတွေရှိတယ်ဆိုတာ မရေမတွက်နိုင်တဲ့လူတွေ သိတယ်!”

“ဟုတ်တယ် တစ်ချို့လူတွေဆို သမ္မတနဲ့ ဆက်ဆံရေးတောင်ရှိကြတာပဲ။”

“…”

ကုနင်းသည် သူမအကြောင်း ဆွေးနွေးမှုများကို ဂရုမစိုက်ပါ။ သူတို့က အရေးမကြီးပါဘူး။ သို့သော်လည်း ကုနင်းသည် အမှန်တကယ်ပင် လျစ်လျူမရှုနိုင်သော အမုန်းတရားများရှိလာနေသဖြင့် သူမအား မုန်းတီးစွာ စိုက်ကြည့်နေသောသူကို တိုက်ရိုက်လှည့်ကြည့်လိုက်သည်။

ကုနင်းကို မုန်းတီးစွာ ကြည့်နေသောသူမှာ ချူဟန်ကျောင်း ဖြစ်သည်။

ချူဟန်ကျောင်းက သူ့အဖေကိစ္စက ကုနင်းနဲ့ ပတ်သက်တာ တစ်ခုခုရှိမှန်း မသိပေမယ့် သူတို့ကြားထဲမှာ ကြာရှည်စွာ နာကျည်းမှုတွေ ရှိနေတာကြောင့် ချူဟန်ကျောင်းက ကုနင်းကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပါ။

ယခု ချူဟန်ကျောင်းသည် ယွမ်ရှူးယန် နှင့် ခဲ့ချင်ချင်တို့နှင့် မတွဲတော့ပါ။ သူမ တစ်ယောက်တည်းဖြစ်သည်။

ချူလန် အဖမ်းခံရသော်လည်း ချူမိသားစုသည် ချမ်းသာဆဲဖြစ်ပေမည့် ရှေးယခင်ကနှင့်‌တော့ မယှဉ်နိုင်တော့ပါ။ ၎င်းသည် ဒုတိယအဆင့် ချမ်းသာမိသားစုဖြစ်ပြီးနောက် ပျမ်းမျှကြွယ်ဝသောမိသားစုဖြစ်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အခြားချမ်းသာသော မိသားစုများထက် ချမ်းသာနေသေးသည်။

ကြောက်စရာကောင်းတဲ့သတင်းက ချူမိသားစုကို ဆိုးဆိုးရွားရွား ထိခိုက်သွားသည်။ ချူယီဖေးသည် ကုမ္ပဏီကို ကောင်းမွန်စွာ စီမံခန့်ခွဲရန် အရည်အချင်းမရှိသောကြောင့် ရက်အနည်းငယ်အကြာတွင် နေရာမှဆင်းသွားရသည်။ ချူလန်၏ညီဖြစ်သူ ချူလီပိုင်သည် ယခုအခါ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ချူလီပိုင်သည် အမြဲတမ်း ရည်မှန်းချက်ကြီးပြီး သူ့တွင် အရည်အချင်းများရှိသောကြောင့် ချူလီပိုင်သည် ရာထူးကို တာဝန်ယူပြီးနောက် မကြာမီ အခြေအနေတည်ငြိမ်သွားခဲ့သည်။ သူသည် ချူမိသားစုအား စည်းစိမ်ဥစ္စာများ ထပ်မံမဆုံးရှုံးစေရန် တားဆီးခဲ့သည်။

တကယ်တော့ ကုနင်းက ချူမိသားစုကို ပြင်းပြင်းထန်ထန် အပြစ်မပေးတာကြောင့်လည်း ပါပါသည်။ တစ်မိသားစုလုံးက သူမပစ်မှတ်မဟုတ်ခဲ့ပါ။ သူမသည် အမှားလုပ်မိသူကိုသာ မမေ့နိုင်သောသင်ခန်းစာတစ်ခုသာ သင်ပေးခဲ့ခြင်းဖြစ်သည်။

အဲ့အကြောင်းပြောကာမှ ချူယီဖေးကလည်း ကုနင်းကို ဒုက္ခပေးခဲ့ပြီး ကုနင်းက သူ့ကို ပြန်မပေးဆပ်ခိုင်းရသေး‌ပေ။ သူမ တကယ်တော့ လက်လျော့လိုက်ခြင်းဖြစ်သည်။ သူမသာ ပြန်ပေးဆပ်ခိုင်းစေချင်ရင် အစောထဲက လုပ်ခဲ့ပေလိမ့်မည်။

ကုနင်းက ကြည့်လာတော့ ချူဟန်ကျောင်း က ကြောက်လန့်တကြားနဲ့ ချက်ခြင်းပဲ ခေါင်းငုံ့လိုက်သည်။ ကုနင်းကို သူမ မုန်းသော်လည်း သူမကို အလွန်ကြောက်သည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၁၅၄ ချူဟန်ကျောင်း က သရဲတစ္ဆေကို ကျွေးမွေးနေသည်

သို့သော် ချူဟန်ကျောင်း၏မျက်နှာကို သူမမြင်လိုက်ရသောအခါ ကုနင်း အံ့သြသွားသည်။ ချူဟန်ကျောင်းသည် အနက်ရောင်အ‌ငွေ့အသက်များနှင့် ရောထွေးနေသောကြောင့်ဖြစ်သည်။ ထင်ရှားသည်မှာ သူမသည် မသန့်ရှင်းသော အရာတစ်ခုကြောင့် ဖြစ်နိုင်သော်လည်း ကုနင်းသည် ထိုအရာက အရာဝတ္ထု သို့မဟုတ် တစ္ဆေလားမသိပါ။

မသန့်ရှင်းသော အရာတစ်ခုကြောင့် ချူဟန်ကျောင်းသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ဒုက္ခရောက်လိမ့်မည်။ ကုနင်းသည် ချူဟန်ကျောင်း၏အသက်ကို ဂရုစိုက်တာ မဟုတ်ဘဲ ချူဟန်ကျောင်းကို ထိခိုက်စေတဲ့အရာက ချူဟန်ကျောင်းကို ထိခိုက်ပြီးနောက် အခြားလူများကို ဆက်လက်ဒုက္ခပေးမည်လား သိချင်သည်။ ထို့ကြောင့် ကုနင်းက ၎င်းကို စုံစမ်းရန် ဆုံးဖြတ်ခဲ့သော်လည်း ယခု‌တော့မဟုတ်ပေ။ ညဘက်မှသာ လုပ်ဆောင်မည်။

ကုနင်းကြည့်‌နေတဲ့‌နေရာကို ပိုင်လီကျုံးရွှယ်လည်းကြည့်လိုက်တော့ ချူဟန်ကျောင်းရဲ့ ခန္ဓာကိုယ်မှာ အနက်ရောင်အ‌ငွေ့အသက်တွေ လွှမ်းခြုံနေတာကို တွေ့လိုက်ရသည်။ သူမ မျက်မှောင်ကြုတ်ကာ ကုနင်းကို ကြည့်လိုက်သည်။

ကုနင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဆက်စားသည်။ ဒီအကြောင်းပြောရမယ့်အချိန်မဟုတ်သေးပေ။

ပိုင်လီကျုံးရွှယ် နားလည်သောကြောင့် သူမသည် ယခုမမေးဘဲ WeChat တွင် ကုနင်းနှင့် သီးသန့်စကားပြောခြင်းမပြုမီ သူတို့နှစ်ယောက်ပဲခွဲထွက်နိုင်သည်အထိ စောင့်ခဲ့သည်။

ကုနင်းက သူမရဲ့ အတွေးအမြင်တွေကို တိုက်ရိုက်ပြောပြပြီး ညနေမှာ ချူဟန်ကျောင်းရဲ့နောက်ကို လိုက်မှာဖြစ်သည်။

ပိုင်လီကျုံးရွှယ်က သူမလည်း သွားချင်ပေမယ့် ကုနင်းက ငြင်းလိုက်သည်။ သူမတစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းနိုင်ပြီး အကူအညီလိုရင် ပိုင်လီကျုံးရွှယ်ကို ဆက်သွယ်ပါလိမ့်မည်။

ကုနင်းက အဲဒီလိုပြောပြီးကတည်းက ပိုင်လီကျုံးရွှယ်က အတင်းအကြပ်မလုပ်ခဲ့ပါ။ ကုနင်းမှာ သူ့အကြောင်းနဲ့သူရှိသည်။

နေ့ခင်းဘက် အတန်းပြီးသောအခါ ကုနင်းသည် ပိုင်လီကျုံးရွှယ်နှင့် အခြားသူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကျင်းယွင်ဖေးသည် ကျောင်းအပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး ကုနင်းသည် ပိုင်လီကျုံးရွှယ်နှင့်အတူ ထွက်လာသည်ကို တွေ့လိုက်ရသည်နှင့် စိတ်ပျက်သွားပုံရသည်။

ကုနင်းသည် သူမ၏ ကျောင်းနေဖက်များနှင့်အတူ လာမည်ကို သူသိသော်လည်း ပိုင်လီကျုံးရွှယ်ကို တွေ့ရတော့ သူ အံ့အားသင့်သွားသည်။ ကုနင်းရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား။

ဒါ သူ့အတွေးပါ။ ဒါပေမယ့် ကုနင်းက သေမျိုးဖြစ်၍ ဒါက အမှန်တရားလို့ မထင်ခဲ့မိပါ။ သူသည် ကျင့်ကြံသူဖြစ်ကြောင်း သူမမသိနိုင်သလို ပိုင်လီကျုံးရွှယ် သည်လည်း သူမ၏နောက်ခံကို ထုတ်ဖော်ပြသမည်မဟုတ်ပေ။ ကျင့်ကြံရေးလောကတွင် ၎င်းတို့၏ နောက်ခံသမိုင်းကြောင်းကို သေမျိုးများအားမပြရန် တားမြစ်ထားသော စည်းမျဉ်းတစ်ခုရှိသည်။

သို့သော် ပိုင်လီကျုံးရွှယ်သည် ကုနင်းနှင့် တွဲလာသောကြောင့် ကုနင်းနှင့် စီးပွားရေးသဘောတူညီချက်အကြောင်း ယခု မပြောနိုင်‌သေးပေ။

ကျင်းယွင်ဖေးက သူ့သွားတွေကို ကြိတ်ထားပြီး ကုနင်းကို ဖုန်းခေါ်လိုက်ကာ သူဒီနေ့ကိစ္စတစ်ခုရှိလို့ ထွက်သွားရတော့မည်ဟုသာ ပြောလိုက်ရသည်။ နောက်နေ့မှသာ သူနဲ့တွေ့မည်။

ကုနင်းက သဘောတူသည်။ သူမသည် ကျင်းယွင်ဖေး၏ကြိုးစားအားထုတ်မှုကို အလဟသဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပိုင်လီကျုံးရွှယ်ကို ခေါ်ဆောင်လာခဲ့သည်။ သူမနှင့် အလွယ်တကူ စကားမပြောနိုင်စေချင်ပေ။

သူမသည် ပိုင်လီကျုံးရွှယ်ကို အသုံးချနေသော်လည်း ကြီးကြီးမားမားတော့ မဟုတ်ပေ။

ကျင်းယွင်ဖေးတွင် ကုနင်း၏နံပါတ်ရှိသော်လည်း သူမနှင့် ဖုန်းထဲတွင် အရာအားလုံးကို ပြောဆိုနိုင်ခြင်းမရှိပါ။ ဥပမာအားဖြင့် ခြိမ်းခြောက်ရန် သို့မဟုတ် ခိုးယူရန်အတွက် သူမနှင့် မျက်နှာချင်းဆိုင်တွေ့ရမည်။

ညနေအတန်းပြီးဖို့အတွက် ငါးမိနစ်သာလိုတော့သောအခါ ကုနင်းသည် စာသင်ခန်းမှထွက်ကာ ချူဟန်ကျောင်း အတန်းရှိ စာသင်ခန်းဆီသို့ လျှောက်သွားခဲ့သည်။ သူမသည် အနှောက်အယှက်ကင်းသော နေရာကို ရှာတွေ့ခဲ့ပြီး ချူဟန်ကျောင်း ထွက်လာရန် စောင့်ဆိုင်းခဲ့သည်။

အချိန်အတော်ကြာအောင် စောင့်ပြီးမှ ကျောင်းသားတွေ တယောက်ပြီး တယောက် ထွက်လာသည်။ ကျောင်းသားအားလုံး မရှိတော့သည့်တိုင်အောင် ကုနင်းသည် ချူဟန်ကျောင်းကို မတွေ့ရ‌သေးပေ။

ချူဟန်ကျောင်းသည် ခေါင်းကိုငုံ့ထားကာ အလွန်အုံ့ဆိုင်းနေပုံရပြီး အနီးနားရှိ မည်သူမျှ သူမကို ချဉ်းကပ်ရဲခြင်းမရှိပေ။

ချူဟန်ကျောင်းသည် အိပ်ဆောင်သို့ မပြန်ဘဲ ရေကန်ဆီသို့ လျှောက်သွားခဲ့သည်။

မြို့တော်တက္ကသိုလ်တွင် Future Lake ဟုခေါ်သော သဘာဝရေကန်တစ်ခုရှိသည်။ ၎င်းသည် မီတာနှစ်ရာခန့်ရှည်လျားပြီး ပုံသဏ္ဍာန်မမှန်ပေ။

Future Lake ၏ တစ်ဖက်တစ်ချက်စီတွင် သစ်တောလမ်းများရှိပြီး ကျောင်းသားများသည် အားလပ်ချိန်များတွင် လမ်းလျှောက်ရန် လာရောက်ကြသော်လည်း ယခုအခါ ရာသီဥတုက အလွန်အေးသောကြောင့် လူသူနည်း‌နေပါသည်။

ချူဟန်ကျောင်းသည် တောလမ်း၏ နက်နဲရာသို့ လျှောက်သွားခဲ့သည်။ သူမ ပိုနက်လေလေ အဲဒီမှာ လူသူနည်းလေလေပါပဲ။

လွန်ခဲ့သည့်နှစ်အနည်းငယ်က တစ်စုံတစ်ဦးသေဆုံးဖူးကာ လူအများက ကြောက်လန့်ကြသောကြောင့် တောလမ်းအဆုံးတွင် မည်သူမျှ မလျှောက်ဖူးကြဘဲ ယေဘူယျအားဖြင့် ထိုနေရာကို မသွားရဲကြပေ။

ကုနင်းလည်း ထိုကောလာဟလကို ကြားသိခဲ့ရသော်လည်း ထိုနေရာတွင် တစ်စုံတစ်ယောက်သေဆုံးသွားသည်မှာ ထူးဆန်းသည်ဟု သူမမထင်ပေ။ ဘာပဲဖြစ်ဖြစ် သရဲခြောက်တာမဟုတ်ပါ။

ထို့အပြင် ကုနင်း စာသင်ခန်းရှိသည့် သင်ကြားရေးအဆောက်အအုံသည် သူမ၏အိပ်ဆောင်နှင့် အနည်းငယ်ဝေးသည်။ ကျောင်းတက်တာ ရှားပါးပြီး လမ်းလျှောက်တတ်တဲ့ အလေ့အထ မရှိတဲ့အတွက် အရင်က ဒီနေရာကို မရောက်ဖူးပါ။

လူအနည်းငယ်သာ နက်နက်နဲနဲဝင်ရဲသော်လည်း ချူဟန်ကျောင်းသည် မကြောက်ဘဲ အတွင်းသို့ ဆက်လျှောက်သွားခဲ့သည်။

ထိုအချိန်တွင် ကုနင်းသည် မှန်းဆချက်ရှိသည်။ သို့သော်လည်း သူမသည် မှန်းဆရုံသာ မှန်းဆနိုင်ပြီး စီရင်ချက်မချနိုင်သေးပေ။

ကုနင်းက သေမျိုးမဟုတ်ပဲ ချူဟန်ကျောင်းကသာ သေမျိုးဖြစ်တဲ့အတွက် သူမနောက် တစ်စုံတစ်ယောက်လိုက်နေသည်ကို သတိမထားမိပေ။ ကုနင်းသည် သေမျိုးနောက်သို့ လိုက်ကာ သူ့ကိုယ်သူ အလွယ်တကူ ထုတ်ဖော်မည်ဆိုပါက သူမသည် အရှုံးသမားဖြစ်လိမ့်မည်။

ကုနင်းသည် ချူဟန်ကျောင်းနှင့် ခပ်ခွာခွာမှလိုက်နေခဲ့သည်။

ချူဟန်ကျောင်းသည် အဆုံးအထိလျှောက်လုနီးနီးလျှောက်ပြီးနောက် ရပ်တန့်ကာ ခဏလောက် လှည့်ကြည့်ကာ ဘယ်သူမှ မရှိသည်ကို တွေ့ရှိပြီးနောက်တွင် သူမသည် ရေကန်ဆီသို့ "အခု ထွက်လာပါ!"

ထိုစကားကိုကြားတော့ ကုနင်းသည် ချူဟန်ကျောင်းကသူမကို ယခုမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု မသိစိတ်က ထင်မှတ်ခဲ့သော်လည်း သူမသည် ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ ဖုံးကွယ်ထားကြောင်း သူမယုံကြည်သည်။

ချူဟန်ကျောင်း ပြောပြီးနောက် စက္ကန့်အနည်းငယ်ကြာသောအခါ ကန်ပေါ်ရှိ ရေများသည် အတက်အကျ ပြောင်းလဲသွားသည်။

ဒါကိုမြင်တော့ ကုနင်းက မျက်‌မှောင်ကြုံ့လိုက်သည်။ ချူဟန်ကျောင်းသည် ရေထဲရှိ တစ်ခုခုကို အော်နေသည်မှာ ထင်ရှားသည်။ သို့သော် ဤရေ၌ အဘယ်အရာ ရှိသနည်း။ ကောလဟာလတွေပြောတဲ့အတိုင်း ဒီမှာသေသွားတဲ့လူရဲ့တစ္ဆေလား ဒါမှမဟုတ် မိစ္ဆာတစ်ကောင်လား။

ကုနင်းသည် အတွင်းပိုင်းကို ချက်ချင်းကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို မသုံးဘဲ စိတ်ရှည်စွာဖြင့် စောင့်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် မကြာခင် ထွက်လာလိမ့်မည်။

ထိုအချိန်တွင် ကုနင်းသည် ချူဟန်ကျောင်း၏ ခန္ဓာကိုယ်ထဲတွင် နစ်မြုပ်နေသော အနက်ရောင် အငွေ့အသက်သည် ရေထဲတွင်ရှိသောအရာနှင့် ဆက်စပ်နေသည်မှာ သေချာသည်။

သိပ်မကြာခင်မှာပဲ ရေကန်ရဲ့ မျက်နှာပြင်ပေါ်မှာ မှောင်မည်းနေတဲ့ အရာတစ်ခု ပေါ်လာပြီး ခေါင်းတစ်ခု ပေါ်လာသည်။ ထို့နောက် ရေပြင်ပေါ်တွင် ဖြူဖျော့သော မျက်နှာတစ်ခု ပေါ်လာသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ ချူဟန်ကျောင်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်ပြန်ဆုတ်ကာ မျက်နှာအနည်းငယ် ဖြူဖျော့သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှာလည်း တုန်လှုပ်ချောက်ချားနေသည်။ သူမဒါကိုပထမဆုံးမြင်ဖူးတာမဟုတ်ရင်တောင် မကြောက်ရွံ့ပဲ မနေနိုင်သေးပါ။

ထို့နောက် ရေပေါ်တွင် မတ်တပ်ရပ်ကာ ခန္ဓာကိုယ် တစ်ခုလုံးကို ပြသလိုက်သည်။

ဆံပင်က ခါးအထိရှည်ပြီး အဖြူရောင် ၀တ်စုံကို ၀တ်ထားသည်။ အမျိုးသမီး ရေတစ္ဆေ ဖြစ်သည်။

ကုနင်းသည် ယခင်က မရေမတွက်နိုင်သော သရဲတစ္ဆေများကို မြင်ဖူးသောကြောင့် သူမ လုံးဝ စိတ်မသက်မသာ မဖြစ်စေပါ။

ကောလဟာလတွေအရတော့ သေဆုံးသွားတဲ့ ကျောင်းသားဟာ မိန်းကလေးပဲ ဖြစ်သည်။ သူမသေဆုံးသည့်နေ့တွင် ဆံပင်ရှည်နှင့် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ ဒီအမျိုးသမီး ရေတစ္ဆေဟာ ကောလဟာလက ကောင်မလေးလို့ ထင်ရသည်။

ချူဟန်ကျောင်း၏ အမျိုးသမီး ရေတစ္ဆေကို မြင်နိုင်စွမ်းသည် မကြာသေးမီက ဖြစ်နေသော ချူဟန်ကျောင်း၏ ခန္ဓာကိုယ်နှင့် ဆက်စပ်နေသည်။

ချူဟန်ကျောင်းသည် မကြာသေးမီက မုန်းတီးမှုပြင်းထန်ခဲ့ပြီး သူမ၏တစ်ကိုယ်လုံး အခြေအနေဆိုးရွားနေပြီး အလွန်အားနည်းနေသောကြောင့် မမြင်သင့်သောအရာများကို သူမမြင်ရန် လွယ်ကူသွားခဲ့သည်။

ကုနင်းသည် ချူဟန်ကျောင်းသည် ဤရေသရဲနှင့် မည်သို့တွေ့ဆုံခဲ့သည်ကို မသိပေ။

အမျိုးသမီး ရေတစ္ဆေ ထွက်လာပြီးနောက် ကုနင်းကိုသူမလည်း သတိမထားမိခဲ့‌ပေ။ ယင်းအစား သူမသည် ချူဟန်ကျောင်းဆီသို့ တိုက်ရိုက် လွင့်မျောသွားခဲ့သည်။ ချူဟန်ကျောင်းက ကြောက်ရွံ့ထိတ်လန့်နေသော်လည်း သူမနောက်မဆုတ်တော့ပါ။

ရေတစ္ဆေမိန်းမသည် သူမထံရောက်လာပြီးနောက် ချူဟန်ကျောင်းသည် သူမ၏ကျောပိုးအိတ်ထဲမှ ဓားတစ်ချောင်းကိုထုတ်ပြီးနောက် သူမ၏လက်ကို အနည်းငယ်ဖြတ်ကာ ရေတစ္ဆေဆီသို့ ဆန့်ထုတ်လိုက်သည်။

ရေတစ္ဆေက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ချူဟန်ကျောင်းရဲ့လက်ထဲက သွေးသုံးစက်က သူ့လက်ထဲကို စိမ့်ဝင်သွားပြီး ပျောက်သွားသည်။

ထိုမြင်ကွင်းကို သက်သေခံရင်း ချူဟန်ကျောင်းသည် တစ္ဆေတစ်ကောင်ကို မွေးမြူနေမှန်း ကုနင်းသဘောပေါက်သွားသည်။

All Chapters