အမှိုက်ဆန်တဲ့အကြောင်းအရာတွေ..ငါ ဂိမ်းကစားတာကို လာနှောင့်ယှက်မနေနဲ့
Vol. 20 Ch. 293
ပြိုင်ကားမောင်းခြင်းဆိုသည်မှာ ကျန်းမုန့်လောင်အတွက်မူ သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်ဟန်တူသည်။ သူသည် ဤအကြောင်းကို လုံးဝစိတ်မဝင်စားခဲ့ပေ။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းပြိုင်ကားမောင်းသူများက သူ့တပည့်အဖြစ် ခံယူချင်ကြသော်လည်း ကျန်းမုန့်လောင်ကမူ စကားတစ်ခွန်းသာ ထုတ်ဖော်ပြောကြားခဲ့သည်။
"တပည့်လက်ခံကြေးက အမေရိကန်ဒေါ်လာ၁၀ဘီလီယံပဲ"
ဤပမာဏကြောင့် အားလုံး ချက်ချင်းနောက်ဆုတ်သွားကြသည်။ သို့သော် ယခုအချိန်အထိ ကျန်းမုန့်လောင်က ပိုက်ဆံအကြောင်း ပြောသည့်အခါတိုင်း ဘီလီယံ သို့မဟုတ် ထိုထက်ပိုများသော ပမာဏနှင့်သာ ပြောတတ်သည်။ သူသည် ပြိုင်ကားမောင်းခြင်းကို သိပ်စိတ်မဝင်စားကြောင်း လူတိုင်းသိထားကြသည်။
အခြေအနေက တဖြည်းဖြည်းငြိမ်သက်သွားသောအခါ ကျန်းမုန့်လောင်က ကားနတ်ဘုရားဘွဲ့ကို ရရှိသွားကြောင်း အားလုံး မှတ်မိနေသည်ကလွဲလျှင် သူ့အတွက် ပြဿနာများများစားစား မရှိလိုက်ချေ။
"အိမ်း..ကားနတ်ဘုရားဘွဲ့အတွက် စွမ်းအားအမှတ်၂၀၀ရတာကလည်း ဆိုးတော့မဆိုးဘူးပဲ"
ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲရှိ ကျယ်ပြောလှသော နေရာတွင် မတ်တတ်ရပ်နေပြီး ဆရာတိုနီနှင့် ဆရာတာခုမိဖူဂျီဝါရတို့ကလည်း သူ့ဘေးတွင် ရှိနေချေသည်။
ယနေ့ နောက်ထပ်ဆရာတစ်ယောက်ကို ကျန်းမုန့်လောင် အသက်သွင်းတော့မည်ဖြစ်၏။
"ခပ်ကြမ်းကြမ်းတစ်ယောက်လောက် ဖြစ်လိုက်စမ်းပါ။ ပိုကြမ်းတဲ့လူတစ်ယောက်လောက်"
ကျန်းမုန့်လောင် တိတ်တိတ်လေး ဆုတောင်းမိသည်။ သူသည် ယဲ့ရင်၏ အံ့ချီးဖွယ်ကောင်းသော အစွမ်းကို အားကျနေရသည်မှာ ကြာလှလေပြီ။
"ကာမန်ရိုက်ဒါတို့ အယ်လ်ထရာမန်းတို့ စူပါလူသားသန္ဓေပြောင်းတို့ ဖြစ်လိုက်စမ်းပါ။ ဗီလိန်တစ်ယောက်ဆိုလည်း ကိစ္စမရှိဘူး။ လင်းသုန်းတို့ ရှောင်ယန်တို့ ဖြစ်ရင်တော့ အကောင်းဆုံးပေါ့"
ကျန်းမုန့်လောင် ဆုတောင်းပြီးနောက် ကောထန်ကို အမိန့်ပေးလိုက်သည်။
"ကောထန် ငါ့အတွက် ဆရာတစ်ယောက်ကို လော့ဖွင့်ပေး"
"စွမ်းအားအမှတ်၁၀၀ကို နှုတ်ယူလိုက်ပါပြီ။ လော့ဖွင့်ခြင်း အောင်မြင်ပါတယ်"
သေနတ်သံများနှင့် မြင်းခွာသံများအကြား မြေပြင်ထက်မှ အဆောက်အဦးတစ်ခု ထိုးထွက်လာသည်။ အထက်နားရှိ ထူပိန်းလှသော မြူခိုးအလယ်တွင် သံချပ်ကာဝတ်ဆင်ထားသော လူငယ်တစ်ယောက်၏ ရုပ်သွင်က ပေါ်ထွက်လာချေသည်။ ဖိတ်ဖိတ်တောက်နေသော သူ့ရောင်ဝါက ကောင်းကင်ဘုံကိုပင် ထိုးခွင်းလုမတတ်။
"ငါလူး..သူ့ကိုကြည့်ရတာ တော်တော်စွမ်းမဲ့ပုံပဲ"
ကျန်းမုန့်လောင်လည်း အနီးကပ်ကြည့်ရန်အတွက် အရှေ့သို့ တိုးသွားလိုက်သည်။ သို့သော် တစ်ခဏအတွင်းမှာပင် သူ့အမူအရာက ပျက်ယွင်းသွားလေတော့သည်။
"အင်တာနက်ကဖေးကြီးလား"
အရပ်၁၈၀မီတာခန့်ရှိသော ရုပ်သွင်တစ်ခုက အင်တာနက်ကဖေးထဲက ထွက်လာလေသည်။ သူ့မျက်ဝန်းကား နက်ရှိုင်းမှုနှင့် ကြည်လင်အေးချမ်းမှုတို့ ရောင်ပြန်ဟပ်နေပြီး Animeထဲမှ ထွက်လာသည့်အလားပင်။
အမည် : ယဲ့ချိုး
မျိုးနွယ် : လူသား
အထောက်အထား : Esportsငသင်ကြားရေးဆရာ
အရည်အချင်းညွှန်ကိန်း :၁၀
ပါရမီ : နတ်ဘုရားရဲ့လက်
စွမ်းရည် : Esports (E)
အကဲဖြတ်ချက် : အင်တာနက်စွဲနေသော ဆယ်ကျော်သက်တိုင်း Esportsမာစတာတစ်ယောက် ဖြစ်မလာနိုင်ပေ။
"ယဲ့ချိုးလား။ နတ်ဘုရားယဲ့လား"
ကျန်းမုန့်လောင်သည် "The King's Avatar"ထဲမှ Esportsလောက၏ ဒဏ္ဍာရီလာပါရမီရှင်ဖြစ်သော ဤဇာတ်ကောင်နှင့် မစိမ်းသက်လှပေ။ ယခုဆိုလျှင် ၎င်းကို ဒရမ်မာဇာတ်လမ်းတွဲတစ်ခုအဖြစ်ပင် အသက်သွင်းနေလေပြီ။
"ဒါက ဘာအဓိပ္ပာယ်လဲ။ ငါ Iron Manရလိုက်တုန်းက ကမ္ဘာ့နည်းပညာစစ်ပွဲကြီးထဲကို ရောက်သွားတယ်။ တာခုမိဖူဂျီဝါရကို ရလိုက်တော့လည်း ကားနတ်ဘုရားဖြစ်လာတယ်။ အခု ယဲ့ချိုးကိုရပြန်ပြီ။ ဒါက Esportsလောကကြီးတစ်ခုလုံးကို သုတ်သင်ပစ်ရမယ်လို့ ဆိုလိုတာလား"
"ကိစ္စတိုင်းအတွက် အကြောင်းပြချက်တစ်ခုစီ ရှိပါတယ်။ ကျောင်းအုပ်ကြီး… စနစ်ရဲ့ကျပန်းရွေးချယ်မှုက ကျောင်းအုပ်ကြီးရဲ့ လတ်တလောဘဝအခြေအနေပေါ်မှာ မူတည်နေတာပါ"
ကောထန်က ရှင်းပြလေသည်။
"သေစမ်း..ဒါတွေက ဝမ်လင့်အပြစ်တွေချည်းပဲ"
ကျန်းမုန့်လောင် ရေရွတ်လိုက်ချေသည်။ ဤသည်မှာ ကျန်းမုန့်လောင် Esportsအိုလံပစ်ပွဲတစ်ခု ကျင်းပမည့်ကိစ္စနှင့် ပတ်သက်နေခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် သူ့ထံသို့ Esportsဆရာတစ်ယောက် တန်းတန်းမတ်မတ်ရောက်ချလာခြင်းပင်။
"အိမ်း..ဘာမှမရတာထက်စာရင် ပိုကောင်းပါတယ်လေ"
ကျန်းမုန့်လောင် သက်ပြင်းချမိသည်။ ဆက်ကြိုးစားလျှင် အခြားဆရာများလည်း ရောက်လာပေလိမ့်မည်သာ။
"တွေ့ရတာဝမ်းသာပါတယ် ကျောင်းအုပ်ကြီး။ ကျွန်တော်က Esportsသင်ကြားရေးဆရာ ယဲ့ချိုးပါ"
ယဲ့ချိုးက ကျန်းမုန့်လောင်ကို တရိုတသေဦးညွှတ်၍ နှုတ်ဆက်လေသည်။
"ဆရာယဲ့ချိုး.. ဒီEsportအဆင့် Eက ကျွမ်းကျင်မှုအဆင့်ဘယ်လောက်ရှိလဲ"
ကျန်းမုန့်လောင်လည်း သိချင်သောကြောင့် မေးကြည့်မိသည်။
"ထူးရှယ်နတ်ဘုရားကျောင်းတော်က ကမ္ဘာမြေကနေ ကောက်ထားတဲ့ Esportsသတင်းအချက်အလက်တွေအရ ထိပ်တန်းEsportsကစားသမားတွေရဲ့ အကောင်းဆုံးAPMတန်ဖိုးက ၂၀၀အထက်ရှိပါတယ်"
ယဲ့ချိုးက ကျန်းမုန့်လောင်၏ စိတ်ရှုပ်ထွေးနေလေဟန် အမူအရာကို မြင်သောအခါ ထပ်ရှင်းပြလိုက်သည်။
"ဟွာရှားကစားသမားစကိုင်းကို ဥပမာကြည့်လိုက်ပါ။ သူ့ရဲ့ APMက ၃၀၀ဝန်းကျင်ရှိတယ်လေ"
ကျန်းမုန့်လောင် အသာအယာခေါင်းညိတ်ပြလိုက်သည်။ လူသားဧကရာဇ်ကစားသမားဟုခေါ်သော စကိုင်းက ဟွာရှားနိုင်ငံ၏ Esportsလောကအတွက် ရှေ့ဆောင်လမ်းပြသူပင်။
"ဒါဆို ခင်ဗျားရဲ့ APMက..."
"ကျွန်တော်တို့ကမ္ဘာမှာဆိုရင် ကျွန်တော့်ရဲ့ အမြင့်ဆုံးAPMက ၇၆၄ပါ"
"သောက်ကျိုးနည်း.. စကိုင်းထက်တောင် နှစ်ဆကျော် ပိုများနေသေးတယ်"
ကျန်းမုန့်လောင်အနေနှင့် အသေးစိတ်အချက်အလက်ကို မသိသော်ငြား ၎င်း၏အဓိပ္ပာယ်ကိုမူ အကြမ်းဖျင်းရိပ်စားမိသည်။
"အဲဒါက အရင်အဆင့်ပါ"
ယဲ့ချိုးက ဆိုလာပြန်သည်။
"APM ၇၆၄ဆိုတာက ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ Eအဆင့်ကိုရောက်ဖို့ အဆင့်မမီသေးဘူး။ ကျောင်းထဲမှာ နှစ်ပေါင်းများစွာ တိုးတက်အောင် ကြိုးစားပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့လက်ရှိAPMက ၁၅၀၀ကျော်နေပါပြီ။ ပုံမှန်ဆိုရင် သာမန်ခန္ဓာကိုယ်တွေက ဒီလိုပြင်းအားမျိုးကို မခံနိုင်ပါဘူး။ ခင်ဗျားရဲ့ခန္ဓာကိုယ်ကတော့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ထားပြီးပြီမို့ စီမံနိုင်မှာပါ"
"အမှန်အတိုင်းပြောရရင် ခင်ဗျား ကျွန်တော့်ကို ဒီAPMအကြောင်း ပြောနေပေမဲ့ ကျွန်တော်ကတော့ အဲဒါကို နားမလည်သေးဘူး"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဥပမာအနေနဲ့ ကျွန်တော့်မှာ ၁၀၀ဘီလီယံရှိတယ်ပဲထားပါတော့။ ဒီ၁၀၀ဘီလီယံနဲ့ ကျွန်တော်ဘာဝယ်လို့ရမလဲဆိုတာကို ခင်ဗျား ကျွန်တော့်ကိုပြောပြရမယ်မလား"
"အိမ်း ဒီလိုပြောရအောင်။ ကမ္ဘာပေါ်မှာ အခု နာမည်အကြီးဆုံးဂိမ်းတွေထဲက တစ်ခုက League of Legendလေ"
ယဲ့ချိုးက ယုံကြည်မှုရှိရှိ ပြောလိုက်၏။
"ကျွန်တော်က ဘယ်ကစားသမားကိုမဆို တစ်ယောက်ချင်းချနိုင်တယ်။ ငါးယောက်တစ်ယောက်လည်းရတယ်။ ဘာအထူးစွမ်းအင်မှမပါဘဲ ရိုးရိုးတိုက်ခိုက်မှုတွေဆိုရင်ပေါ့။ ကျွန်တော့်ကို ဘာအစွမ်းကမှ အနိုင်မယူနိုင်ဘူး"
"အဲဒါ မဖြစ်နိုင်ဘူးမလား"
"မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး"
ယဲ့ချိုး ပြုံးလိုက်မိသည်။
"Esportsဆိုတာက အဆင့်မြင့်ကစားပွဲသက်သက်မဟုတ်ဘဲ နိုးကြားမှုတို့ ဗျူဟာတို့ရော ရှိရတယ်လေ။ အပြိုင်ကမ္ဘာတွေရဲ့ အဆင့်မြင့်လူမျိုးစုတွေဆိုရင် ကြယ်တာရာစစ်ပွဲတွေကို Esportပြိုင်ပွဲကျင်းပပြီး ဆင်နွှဲကြတယ်။ အစွမ်းအစရှိတဲ့ Esportsကစာသမားတစ်ယောက်က ဂြိုလ်တစ်ခုရဲ့လူမျိုးစုတွေအတွက် အနိမ့်အမြင့်အတက်အကျကို လွှမ်းမိုးနိုင်စွမ်းရှိတယ်။ Esportsမှာ Eအဆင့်ရထားတယ်ဆိုတာကတင် အဆင့်အတန်းတော်တော်မြင့်မားနေပြီ"
"ကောထန် စွမ်းရည်ကို ပုံတူကူးမယ်"
ဤအကြောင်းကို ကြားပြီးနောက် ယဲ့ချိုးကို လော့ဖွင့်လိုက်နိုင်ခြင်းမှာ သိပ်မဆိုးလှကြောင်း ကျန်းမုန့်လောင် ရုတ်ခြည်းခံစားလိုက်မိသည်။
"ဒင်! စွမ်းအားအမှတ်၁၀၀ကို သုံးစွဲလိုက်ပါပြီ။ Eအဆင့် Esportsကို ပုံတူကုးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ကျောင်းအုပ်ကြီး.."
"ဆရာယဲ့ချိုး ကျွန်တော်နဲ့ ဂိမ်းနှစ်ပွဲလောက် အရင်ကစားကြမယ်လေ"
"ကျောင်းအုပ်ကြီးရဲ့ အမိန့်အတိုင်းပါပဲ"
...
"မိုက်လိုက်တာ.. ငါ အရင်က LOLကစားခဲ့တဲ့ပုံစံက တော်တော်ဆိုးဝါးတာပဲ"
နာရီအနည်းငယ်အကြာ ကျန်းမုန့်လောင်လည်း ထပ်လေ့လာသင်ယူနေချင်သေးသော်ငြား ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲမှ ထွက်လာခဲ့လိုက်ရသည်။ ယဲ့ချိုးနှင့် ကစားပြီးနောက် Esportsနယ်ပယ်ဆိုသည်မှာ အလွန်ကျယ်ပြောလှသော လေ့လာမှုတစ်ခုဖြစ်ပြီး ယခင်က သူ နားလည်ထားသည့်အရာနှင့် လုံးဝမတူညီကြောင်း သိလိုက်ရသည်။
သူ့အနေနှင့် ထူးရှယ်နတ်ဘုရားကျောင်းမှာတင် သူ့စွမ်းအင်အားလုံးကို မြှုပ်နှံထားရန် မဖြစ်နိုင်ပေ။ ကျန်းမုန့်လောင်အဖို့ မကြာခင် လုပ်ဆောင်ရမည့် အရေးကြီးလုပ်ငန်းတစ်ခု ရှိနေပေသည်။ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲပင်တည်း။
ကပ်ရောဂါကြောင့် ပုံမှန်ဆိုလျှင် ဒီဇင်ဘာလတွင် ဖြေဆိုရသော ဟွာရှားရှိ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို မတ်လသို့ ရွှေ့ဆိုင်းထားရသည်။ အပိုသုံးလရခြင်းမှာ လူတိုင်းအတွက် ပြင်ဆင်ချိန် ပိုရသည်ဟူသော အဓိပ္ပာယ်ပင်။ ဘွဲ့လွန်ကျောင်းသားအရေအတွက် များပြားလာသော်ငြား တစ်လမ်းသွားသစ်လုံးတံတားလေးတစ်ခုကို တပ်သားတစ်ထောင်နှင့်အတူ ဖြတ်ကျော်ဖို့ကြိုးစားရသည့်အလား ကြမ်းတမ်းပြင်းထန်သော ပြိုင်ပွဲတစ်ခု ဖြစ်နေဆဲပင်။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဝင်ပေါက်တွင် သတင်းထောက်ပေါင်းများစွာက စုဝေးနေကြပြီး စာမေးပွဲဖြေဆိုပြီးစီးမည့် ပထမဆုံးကျောင်းသားကို စောင့်ဆိုင်းနေကြသည်။
"ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲပြီးဖို့ နာရီဝက်ပဲလိုပါတော့တယ်။ ဒီနှစ်စာမေးပွဲက အရမ်းခက်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် ပထမဆုံးကျောင်းသား ဖြေဆိုပြီးစီးမဲ့အချိန်ကို စောင့်ကြရအောင်"
"ကြည့်လိုက်.. တစ်ယောက် ထွက်လာပြီ"
"ဒီကျောင်းသားက ဘယ်ကျောင်းကလဲမသိဘူး။ ဒီစာမေးပွဲက အဆင့်မြင့်သင်္ချာစာမေးပွဲလေ။ ထိပ်တန်းကျောင်းသားတွေတောင် အချိန်လုပြီး ဖြေရတာ။ ဒါပေမဲ့ ကျောင်းသားတစ်ယောက်ကတော့ အဖြေလွှာကို အစောကြီးအပ်နိုင်ခဲ့တာပဲ"
"သူလာပြီ။ ဒီကျောင်းသားကို အင်တာဗျူးရအောင်"
သတင်းထောက်တစ်စုက သူ့အနားကို ချက်ချင်းဝိုင်းအုံလိုက်ကြသည်။ သို့သော် ထိုလူငယ်လေး၏မျက်နှာကို မြင်လိုက်ရသောအခါ သူတို့ အံ့သြမှင်တက်သွားကြလေ၏။
"ဒါက.. ပရိသတ်တို့.. ကျွန်တော်ထင်တာသာမမှားရင် ဒါက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်ပါပဲ။ အမလေး.. သူက တကယ်ကြီး ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို ဖြေတာနော်"
"သာမန်လူတွေ ရောက်ချင်နေကြတဲ့ အဆုံးသတ်မျဉ်းကို ရောက်နေပြီးသား လူတစ်ယောက်ကလည်း ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲဝင်ဖြေတယ်တဲ့"
"မစ္စတာကျန်းကို စာမေးပွဲအခြေအနေ ဘယ်လိုရှိလဲဆိုတာ မေးကြည့်ရအောင်"
"မစ္စတာကျန်း.. ကျွန်တော်တို့ အင်တာဗျူးလို့ရမလား"
"အာ.. အမ်..."
ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ဖြေခြင်းကပင် ဤမျှများပြားလှသော သတင်းထောက်များ၏အာရုံကို ဆွဲဆောင်မိလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားချေ။
Iron Manတိုနီ၏ ရုပ်ဝတ္ထုနည်းပညာဆိုင်ရာ ဗဟုသုတများနှင့် အဆင့်မြင့်တိုးတက်နေသော သူ့ဦးနှောက်နယ်ပယ်တို့ကြောင့် ဤစာမေးပွဲလောက်က ကျန်းမုန့်လောင်အတွက်တော့ ဘာအခက်အခဲမှမရှိချေ။ အဖြေလွှာကို နာရီဝက်အလိုမှသာ လက်ခံမည်ဆိုသောကြောင့် အထဲတွင် သူ နာရီဝက်ပင် အိပ်နေခဲ့ရသေးသည်။
"မစ္စတာကျန်း.. ဒီဘွဲ့လွန်ဝင်ခွင့်စာမေးပွဲက ဘယ်လောက်ခက်လဲဆိုတာ ပြောပြပေးနိုင်မလား"
စာမေးပွဲခန်းထဲမှ ပထမဆုံးထွက်လာခဲ့သဖြင့် အားလုံး၏ အာရုံစိုက်မှုဗဟိုချက် ဖြစ်နေလေတော့သည်။ အထူးသဖြင့် သူသည် ကျန်းမုန့်လောင်ဖြစ်နေသေး၏။ သတင်းထောက်များက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ကားပါကင်သို့ သွားရာလမ်းတစ်လျှောက် သူ့နောက်က တကောက်ကောက်လိုက်လာခဲ့ကြသည်။
"မစ္စတာကျန်း.. ကျွန်မတို့မေးတာလေး နည်းနည်းလောက်ဖြေပေးပါဦး"
"ဟုတ်ပါတယ် မစ္စတာကျန်း...ဒီတစ်ခေါက် စာမေးပွဲရဲ့ခက်ခဲမှုက ဘယ်လိုရှိပါသလဲ"
"ခင်ဗျား ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေရတဲ့ အကြောင်းအရင်းက ဘာပါလဲ"
"ဘာရည်ရွယ်ချက်မှမရှိပါဘူး။ ကျွန်တော့်အဖေက ကျွန်တော်တို့မိသားစုထဲမှာ အမှတ်မြင့်တဲ့လူတစ်ယောက် ရှိနေစေချင်တယ်လို့ ပြောထားလို့လေ။ အဲဒါကြောင့် စာမေးပွဲလာဖြေတာပါ"
စိတ်အနှောင့်အယှက်ဖြစ်သွားခြင်း မရှိသော ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်၏။
"အခက်အခဲဆိုတာက..အမှိုက်ဆန်တဲ့မေးခွန်းမျိုးပဲ။ ငါ ဂိမ်းကစားမဲ့အချိန်ကို သက်သက်လာဖြုန်းနေတာ"
ကျန်းမုန့်လောင်က ကားတံခါးကို ဆောင့်ပိတ်ပစ်လိုက်ပြီးနောက် တစ်ခဏတွင်းချင်း ထွက်ခွာသွားလေတော့သည်။
*********