← Chapters

အားလုံးက ငါ့ကို ပါမောက္ခလုပ်ပေးဖို့ တောင်းဆိုနေကြတယ်

Vol. 20 Ch. 296

အားလုံးက ငါ့ကို ပါမောက္ခလုပ်ပေးဖို့ တောင်းဆိုနေကြတယ်

Vol. 20 Ch. 296

"နည်းနည်းခက်တယ်တဲ့လား။ နည်းနည်းပဲခက်တာလား။ ငါက သင်္ချာငတုံးတစ်ယောက်ဆိုပေမဲ့ Riemann Hypothesisက ဘယ်လောက်ခက်လဲဆိုတာ သိတယ်။ အဲဒါက ကမ္ဘာတစ်ဝှမ်းက သင်္ချာပညာရှင်တွေကို နှစ်တစ်ရာကျော်လောက် ခေါင်းစားစေခဲ့တဲ့ ပုစ္ဆာတစ်ခုကွ။ အဲဒါကို မင်းက နည်းနည်းခက်တယ်လို့ လာပြောနေတာလား"

"မင်းက နောက်ကွယ်မှာ သင်္ချာပညာရှင်တစ်စုကို ငွေပေးပြီး သုတေသနလုပ်ခိုင်းထားတာလား"

ဝမ်လင် ခန့်မှန်းကြည့်လိုက်သည်။

ကျန်းမုန့်လောင်၏မိသားစုက လုပ်ဆောင်ရည်မြင့်မားလှသူများ ဖြစ်ကြောင်း သူသိထားသည်။ ထို့ကြောင့် ဤခန့်မှန်းချက်က အကြောင်းပြချက်မရှိဘဲ မှန်းဆခြင်းမျိုးမဟုတ်ပေ။

"ဒါပေမဲ့ အဲဒါလည်း မဟုတ်သေးပြန်ဘူး။ ပြီးတော့ ဒီလိုခက်ခဲတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို တစ်နာရီခွဲအတွင်း ဘယ်လိုလုပ်ပြီးဖြေရှင်းနိုင်မှာလဲ"

ဝမ်လင်ကား ဆက်လက်ခန့်မှန်းနေ၏။

"မင်း စာမေးပွဲမေးခွန်းထုတ်တဲ့လူကို လာဘ်ထိုးတာလား။ ဒါမှမဟုတ် စာမေးပွဲမေးခွန်းထုတ်တဲ့လူက မင်းတို့မိသားစုရဲ့ ဝန်ထမ်းတစ်ယောက်လား"

"မင်းရဲ့စိတ်ကူးက ဘယ်လိုလုပ်ပြီး တအားတွေထက်မြက်နေရတာလဲ"

ကျန်းမုန့်လောင်ကား ဆွံ့အနေရချေသည်။

"အဲဒါက အဆင့်မြင့်သင်္ချာမေးခွန်းလေးတစ်ခုပါကွာ။ မင်းက ဘာမို့လို့ ဒီလောက်တောင်အပိုတွေလုပ်နေတာလဲ"

"ငါလူး.. မင်းနဲ့စကားပြောရတာ မွန်းကျပ်လိုက်တာ။ ဒါပဲဟေ့"

ဝမ်လင်တစ်ယောက် ချက်ချင်းဖုန်းချသွားလေသည်။

"အရူး"

Riemann Hypothesisက ဘာလဲဆိုသည်ကို ကျန်းမုန့်လောင် တကယ်မသိပေ။ သူ ယခင်က အဆင့်မြင့်သင်္ချာကို သင်ယူခဲ့သော်ငြား နောက်ဆုံးစာမေးပွဲမတိုင်ခင် တစ်ပတ်အလို မရောက်ခင်အထိ တစ်ချိန်လုံး ဂိမ်းကစားနေခဲ့ခြင်းပင်။ Riemann Hypothesisက အဆင့်မြင့်သင်္ချာနယ်ပယ်ထက် ကျော်လွန်နေပြီဖြစ်၏။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ကျန်းမုန့်လောင် ဘာမှမသိပေ။

ထူးရှယ်နတ်ဘုရားကျောင်းတော်က အဆင့်မြှင့်တင်ပေးထားသော ကျေးဇူးကြောင့်သာ ကျန်းမုန့်လောင်၏ဦးနှောက်ဖွံ့ဖြိုးမှုမှာ အဆင့်မြင့်စံနှုန်းတစ်ခုသို့ ရောက်ရှိခဲ့ရခြင်းပင်။ မှတ်ဉာဏ်၊ ယုတ္တိတန်မှု၊ တီထွင်ဖန်တီးနိုင်စွမ်း အစရှိသောအရာအားလုံးမှာ အကန့်အသတ်မဲ့သော အဆင့်အထိ ရောက်ရှိခဲ့သည်။

အဆင့်မြင့်သင်္ချာသီအိုရီများနှင့် ဖော်မြူလာများမှာ အခြေခံသင်္ချာမှ ဆင်းသက်လာနိုင်လေသည်။ ကျန်းမုန့်လောင်သည် Riemann Hypothesisကို ပုံကြမ်းမှ ရုပ်လုံးပေါ်လာဖို့အတွက် သူ၏သာမန်သင်္ချာအခြေခံကိုသာ ထုတ်သုံးခဲ့ခြင်းပင်။

Riemann Hypothesisတစ်ခုလုံးကို အခြေခံသင်္ချာပုံကြမ်းမှ သက်သေပြနိုင်ခဲ့ကြောင်းကိုသာ အခြားလူများ သိသွားပါက ရူးကုန်ကြပေလိမ့်မည်။ ပါဝင်သော တွက်ချက်မှုများမှာ သာမန်လူသားဦးနှောက်ဖြင့် နားလည်နိုင်သောအရာမဟုတ်ချေ။

သို့သော် ကျန်းမုန့်လောင်၏ လက်ရှိဦးနှောက်တွက်ချက်နိုင်စွမ်းကား သာမန်လူသားများထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်၏။

လျှို့ဝှက်ချက်များကို ထာဝရသိမ်းဆည်းမထားနိုင်ချေ။ ကျန်းမုန့်လောင်၏အောင်စာရင်းကို စခရင်ရှော့ရိုက်၍ အွန်လိုင်းပေါ်သို့ ခပ်မြန်မြန်တင်လိုက်ကြသည်။

"အမှတ်၁၅၀တဲ့။ သေစမ်းကွာ.. အဆင့်မြင့်သင်္ချာမှာ ၁၅၀မှတ်ရတာတဲ့လား"

"သူက နောက်ဆုံးမေးခွန်းကိုပါ ဖြေရှင်းခဲ့တာလား။ အဲဒါက Riemann Hypothesisကြီးလေ"

"လွန်ခဲ့တဲ့တစ်လတုန်းက Clayသင်္ချာအဖွဲ့အစည်းက Riemann Hypothesisကို အောင်အောင်မြင်မြင်သက်သေပြနိုင်ခဲ့ပြီလို့ ကြေညာခဲ့တယ်။ အဲဒါက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတစ်ခုမှာ ဉာဏ်ကြီးရှင်တစ်ယောက် ဖြေရှင်းနိုင်ခဲ့တာဖြစ်မယ်လို့ တစ်ယောက်ယောက်က ရဲရဲဝံ့ဝံ့ခန့်မှန်းခဲ့သေးတယ်။ ဒီလထဲမှာ အောင်စာရင်းထွက်ဖို့ စောင့်နေကြတာလားမသိဘူး"

"မင်းတို့တွေ အဲဒီနေ့တုန်းက ဥက္ကဋ္ဌကျန်း အင်တာဗျူးဖြေခဲ့တဲ့ဗီဒီယိုကို မှတ်မိသေးလား။ သူက အဲဒီမေးခွန်းတွေအကုန်လုံးကို အမှိုက်တွေလို့ပြောခဲ့တာလေ။ ငါက သူ လေကျယ်နေတယ်လို့ပဲ ထင်ခဲ့မိတာ"

"မေ့လိုက်ပါတော့ကွာ။ ဥက္ကဋ္ဌကျန်းက စာမေးပွဲခန်းထဲမှာ နာရီဝက်လောက်အိပ်နေခဲ့တာလို့တောင် တချို့က ပြောခဲ့ကြသေးတာ။ နာရီဝက်က အဲဒီပုစ္ဆာတွေကိုတောင် ဖြေရှင်းဖို့ မလုံလောက်ဘူး။ အဖြေလွှာထဲကနေ ကူးချဖို့ဆိုတာ ဝေလာဝေး။ ငါတောင် အဲဒီလိုမကူးနိုင်ဘူး"

"ဥက္ကဋ္ဌကျန်း မလုပ်တတ်တာရော ရှိသေးလား"

...

"ကျန်းမုန့်လောင်ကို ဖိတ်ကြားစာတစ်စောင် မြန်မြန်ပို့လိုက်"

"သူ့ကို အမြင့်ဆုံးအကျိုးခံစားခွင့်တွေ အမြင့်ဆုံးပညာသင်ဆုတွေတို့ နိုင်ငံတကာကျောင်းသားဖလှယ်မှုတွေရော ပေးလိုက်။ သူလိုချင်တာမှန်သမျှသာ ပေးလိုက်"

ဟွာရှားနိုင်ငံရှိ တက္ကသိုလ်အားလုံး လှုပ်ရှားလာကြလေသည်။ ကျန်းမုန့်လောင်က ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသည်ဆိုသော်ငြား ကမ္ဘာ့အဆင့်သင်္ချာပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းနိုင်ခဲ့ခြင်းမှာ ကျန်းမုန့်လောင်ကို ခေါ်ယူရန်အတွက် နည်းလမ်းပေါင်းတစ်ထောင်ရှိသည်ဟူသော သဘောပင်။

Riemann Hypothesisကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ခဲ့သည်ဆိုပါလျှင် သူ့အတွက် ခက်ခဲသည်ဟု ယူဆ၍ရနိုင်သော ပုစ္ဆာများ ရှိပါဦးမလား။ သူတစ်ယောက်တည်းနှင့်ပင် အခြေခံသင်္ချာနယ်ပယ်ကို ဆယ်စုနှစ်စာလောက် ရှေ့ရောက်နေအောင် မြှင့်တင်ပေးနိုင်လောက်ပေသည်။

ပြည်တွင်းတက္ကသိုလ်များသာမက နိုင်ငံတကာတက္ကသိုလ်များကပါ လှုပ်ရှားလာကြသည်။

ဟားဗက်တက္ကသိုလ်ရှိ သင်္ချာဌာနတွင် သုတေသီပေါင်းများစွာ စုဝေးနေကြလေသည်။ သူတို့၏အလယ်တွင် ရှိနေသူမှာ သင်္ချာနယ်ပယ်တွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဟားဗက်တက္ကသိုလ်၏ သင်္ချာဌာနကို အဆင့်သုံးမှ ကမ္ဘာ့အဆင့်သင်္ချာဗဟိုဌာနအဖြစ်သို့‌ ပြောင်းလဲပေးခဲ့သူပင်။

သူ့နာမည်မှာ ဆင်းရ်ဖြစ်ပြီး သင်္ချာနယ်ပယ်ရှိ ဖီးလ်ဒ်ဆုတံဆိပ်၊ အေဘယ်ဆုတံဆိပ်နှင့် ဝုလ်ဖ်ဆုတံဆိပ်တို့ကို ရရှိထားသည်။

"ကျန်းမုန့်လောင်လို့ခေါ်တဲ့ ဟွာရှားက ဒီလူငယ်လေးကို ငါတို့ ရအောင်ခေါ်ရမယ်"

ဆင်းရ်က ခိုင်မာပြတ်သားလှသော လေသံဖြင့် ဆိုလာလေသည်။

"ငါတို့ သူ့ရဲ့သင်္ချာစွမ်းရည်ကို လိုအပ်တယ်။ သူ့ကိုသာ ဘုတ်အဖွဲ့ထဲမှာထားလိုက်ရင် သင်္ချာနယ်ပယ်ထဲက ခက်ခဲတဲ့ပုစ္ဆာခုနစ်ထဲက ကျန်တဲ့ခြောက်ခုကိုပါ ဖြေရှင်းနိုင်မယ်လို့ ငါယုံကြည်တယ်"

"ကျွန်တော် သူ့ကို ဖိတ်ကြားစာတစ်စောင် အမြန်ပို့ခိုင်းလိုက်ပါ့မယ်"

ဌာနမှူးက အဆောတလျင်ပြောလိုက်လေသည်။

"ဒါနဲ့တင် မလုံလောက်သေးဘူး"

နောက်ထပ်ပါမောက္ခတစ်ယောက်က ပြောလိုက်လေသည်။

"သူ့အဆင့်က တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်မှုကို ခံနေရလောက်ပြီ။ ကျုပ်တို့ သူ့ကို အကောင်းဆုံးအကျိုးခံစားခွင့်တွေ ပေးမှဖြစ်မယ်"

"သူ့အတွက် အစိမ်းရောင်ကတ်ထုတ်ပေးဖို့ ကျုပ် အစိုးရဆီကို ချက်ချင်းသွားလိုက်မယ်။ သူသာ ကျုပ်တို့ဆီကိုလာပြီး ပညာသင်မယ်ဆိုရင် အမေရိကန်နိုင်ငံသားအဖြစ် ချက်ချင်းခံယူလို့ရနိုင်တယ်"

"ငတုံး.. သူ့ကို အမေရိကန်နိုင်ငံသားဖြစ်ခွင့်နဲ့ ဆွဲဆောင်နိုင်မယ်ထင်လို့လား"

ဆင်းရ်က ကျယ်လောင်စွာမာန်မဲလိုက်ချေသည်။

"သူက ကမ္ဘာ့အချမ်းသာဆုံးလူနော်။ သူ ဘယ်နိုင်ငံသားဖြစ်ရမလဲဆိုတာကို ဂရုတောင်စိုက်မှာမို့လို့လား"

"ဒါက…"

အားလုံး ကြက်သေသေသွားကြသည်။ အမှန်ပင်။ ကျန်းမုန့်လောင် အရခေါ်ယူရန်အတွက် သူတို့တွင်ရှိသော နည်းလမ်းများမှာ ပညာသင်ခွင့်အပြည့်အဝနှင့် အခြားရုပ်ဝတ္ထုဆိုင်ရာခံစားခွင့်ကဲ့သိုသော အရာများသာ။ အစိမ်းရောင်ကတ်ဆိုသည်မှာ သာမန်လူတစ်ယောက်အတွက် ဆွဲဆောင်မှုရှိကောင်းရှိနိုင်သော်ငြား ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အတွက်မူ ထိုအရာများမှာ ဘာမှအရေးမပါချေ။

အစိမ်းရောင်ကတ်တဲ့လား။ ဤသည်မှာ အသုံးမကျသော ကတ်တစ်ခုသာသာပင်။

ပညာသင်ဆုတဲ့လား။ အခြားသူများအတွက်မူ ဤသည်မှာ ရက်ရောလှသော ပမာဏဖြစ်နိုင်သော်လည်း ကျန်းမုန့်လောင်အတွက်မူ သူ့မုန့်ဖိုးမျှပင် ရှိမည်မဟုတ်ပေ။

"ပြီးတော့ ကျုပ်တို့ဟားဗက်တက္ကသိုလ်ရဲ့သင်္ချာဌာနမှာ သူ့ဆရာဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့ လူတစ်ယောက်ယောက်များရှိမယ်လို့ထင်လား"

ဤစကားကြောင့် လူတိုင်း တစ်ဖန်ကြက်သေသေသွားရပြန်သည်။

ဟုတ်ပေသည်။ နှစ်ပေါင်းတစ်ရာကျော် မဖြေရှင်းနိုင်ခဲ့သော ဤသင်္ချာပုစ္ဆာကြောင့် လူပေါင်းမြောက်များစွာ၏ အားထုတ်မှုများ အချည်းနှီးဖြစ်ခဲ့ရသည်။

ကျန်းမုန့်လောင်ကတော့ စာမေးပွဲအချိန်နှစ်နာရီတည်းဖြင့် လုပ်နိုင်ခဲ့သည့်အပြင် အဖြေလွှာကိုလည်း စောစောအပ်ခဲ့သေးသည်။ ဤသည်မှာ သူတို့ လိုက်မမီသောအရာပင်။ ဆင်းရ်ကိုယ်တိုင်ပင် သူ့အား သင်ကြားပေးရန် အရည်အချင်းပြည့်မီသည်ဟု မဆိုရဲပေ။

"မစ္စတာဆင်းရ် ဒါဆို…"

"သူ့ကို ကျုပ်တို့ဟားဗက်တက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခလာလုပ်ပေးဖို့ ဖိတ်ခေါ်လိုက်။

...

"မစ္စတာကျန်း.. ဂါလီဒန်တက္ကသိုလ်နဲ့ ကိန်းဘရစ်တက္ကသိုလ်က ဖိတ်ကြားစာတွေ ရောက်နေပါတယ်"

ဟုန်းရီက စာရွက်စာတမ်းအထပ်လိုက်ကြီးကို ကိုင်ထားရင်း ပြောလာလေသည်။

"တခြားကျောင်းက ဖိတ်ကြားစာတွေကိုပါ ‌ပေါင်းလိုက်ရင် ဒီနေ့ စုစုပေါင်း၁၉၈စောင်ရထားပါတယ်။ ကြည့်ကြည့်မလား"

"မလိုဘူး"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်လေသည်။

"ဘေးမှာသာ ချထားလိုက်။ ငါကပေါ်လီမာကုန်ကြမ်းပစ္စည်းသိပ္ပံကို လျှောက်ထားတာလေ။ ဒီသင်္ချာဘာသာရပ်ဖိတ်ကြားစာတွေက ဘာလုပ်တာလဲ"

ဟုန်းရီခမျာ ကူကယ်ရာမဲ့စွာပြုံးလျက် ထောင့်နားတွင် တောင်တစ်တောင်အလား ပုံနေသော စာရွက်စာတမ်းအထပ်လိုက်ကြီးကို နေရာချလိုက်ချေသည်။

"မုန့်လောင် ဖုန်းလာတယ်"

လုရီယောင်က ဖုန်းကို‌ ပေါ့ပေါ့ပါးပါးကမ်းပေးလာသည်။

ကျန်းမုန့်လောင်လည်း ဖုန်းကိုယူကြည့်လိုက်လေရာ နံပါတ်စိမ်းတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

"ဟယ်လို ကျန်းမုန့်လောင်ပြောနေပါတယ်။ ဘယ်သူပါလဲ"

"မင်္ဂလာပါ ကျန်းမုန့်လောင်.. ကျုပ်က ချင်းပေ့တက္ကသိုလ်က သင်္ချာသိပ္ပံဌာနမှူး ပိုင်ကုန်းယွီပါ"

"ဪ မင်္ဂလာပါ ဌာနမှူးပိုင်"

ကျန်းမုန့်လောင်ကလည်း ဤသည်မှာ နောက်ထပ်ဖိတ်ခေါ်မှုတစ်ခုဖြစ်ကြောင်း သိလိုက်သဖြင့် ပြန်ဖြေလိုက်၏။

"မစ္စတာကျန်း.. ကျုပ်က ကျုပ်တို့ချင်ပေ့တက္ကသိုလ်အစား ကျုပ်တို့ရဲ့ဘွဲ့လွန်ပရိုဂရမ်ကို လာတက်ဖို့ မင်းကို လာဖိတ်တာပါ"

"ဌာနမှူးပိုင်.. ဖိတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်က ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ ပေါ်လီမာကုန်ကြမ်းပစ္စည်းမေဂျာကို လျှောက်ထားတာမို့…"

"ကျုပ်ရဲ့ကမ်းလှမ်းချက်ကို နားထောင်ပေးပါ"

ပိုင်ကုန်းယွီက ခပ်မြန်မြန်ကြားဖြတ်ပြောလာချေသည်။

"မင်းသာ ကျုပ်တို့ဆီမှာ လာသင်ကြားဖို့ သဘောတူမယ်ဆိုရင် ကျုပ်တို့ဘက်က မင်းကို မဟာဘွဲ့ကနေ ပါရဂူဘွဲ့အထိ တိုက်ရိုက်တက်ခွင့်ပေးမယ်။ ပညာသင်စရိတ်အားလုံးကလည်း အခမဲ့ဖြစ်တဲ့အပြင် နှစ်စဉ်ပညာသင်ဆုယွမ်နှစ်သိန်းပါ ပေးဦးမှာ။ နောက်ပြီးတော့ ယန်ကျင်းမှာလည်း နေစရာစီစဉ်ပေးမဲ့အပြင်…"

"ဌာနမှူးပိုင်…ကျွန်တော် ပိုက်ဆံကို တကယ်စိတ်မဝင်စားပါဘူး"

ကျန်းမုန့်လောင် ဆိုလိုက်လေသည်။

"ပြီးတော့ ခင်ဗျားတို့တက္ကသိုလ်က အဲဒီပညာသင်ဆုရန်ပုံငွေက ကြည့်ရတာတော့ ကျွန်တော့်အလှူငွေနဲ့ တည်ထောင်ထားတာမဟုတ်ဘူးလားလို့"

"ဘာရယ်"

ပိုင်ကုန်းယွီ၏အမူအရာကား ရုတ်တရက်ကြီးမွန်းကျပ်သွားလေဟန်ပင်။

"ပြီးတော့ ဟားဗက်တက္ကသိုလ်ဥက္ကဋ္ဌက ခုနကပဲ ကျွန်တော့်ကိုဖုန်းခေါ်ပြီး သူတို့ဌာနကို လာပေးနိုင်မလားလို့မေးသေးတယ်။ ကျွန်တော် သူ့ကို ငြင်းလိုက်တယ်လေ။ အဲဒါကြောင့်…"

ဖုန်းတစ်ဖက်ရှိ ပိုင်ကုန်းယွီ၏မျက်နှာထက်ရှိ ကြွက်သားများကား အနည်းငယ်တွန့်လိမ်သွားရလေတော့သည်။

ဟားဗက်တက္ကသိုလ်ဥက္ကဋ္ဌက ကိုယ်တိုင်ဖိတ်ကြားသတဲ့လား။ ပြီးတော့ ပါမောက္ခတာဝန်ပါ ပေးတယ်ပေါ့လေ။ အမေရိကသားတွေ ရူးကုန်ပြီလား…

အရေးအကြီးဆုံးကား ကျန်းမုန့်လောင်က ၎င်းကို ငြင်းလိုက်သတဲ့။

သူသည် ပိုက်ဆံပြတ်လပ်မနေချေ။ ဂုဏ်သတင်းကျော်ကြားမှုအတွက် PhDဘွဲ့ကို အရယူရန် ကြိုးစားနေသည်မဟုတ်ပါလော။ သူတို့က ပါမောက္ခရာထူးပင်ပေးထားသည့်တိုင် သူကတော့ ငြင်းလိုက်သည်တဲ့လား။

မင်း တကယ်တမ်း ဘာကိုလိုချင်နေတာလဲ…

***********

All Chapters