ကျွန်တော်က သာမန်လူမသိသူမသိဘွဲ့လွန်ကျောင်းသားလေးတစ်ယောက်ပဲ ဖြစ်ချင်တာ
Vol. 20 Ch. 297
"ကျန်းမုန့်လောင်… မင်း ဒီကိစ္စကို ထပ်စဉ်းစားသင့်တယ်။ သူတို့ဘက်က မင်းကို ပါမောက္ခရာထူးပေးနိုင်ရင် ကျုပ်တို့လည်း ပေးနိုင်တယ်"
ဌာနမှူးပိုင်က သူ့နဖူးကို တစ်ချက်ရိုက်လိုက်လေရာ ရုတ်ခြည်းဆိုသလို ဉာဏ်အလင်းပွင့်လာလေသည်။
အမှန်ပင်။ ကျန်းမုန့်လောင်က သင်္ချာနယ်ပယ်ထဲတွင် ဤမျှကြီးမားသော အောင်မြင်မှုကြီးတစ်ခုကို ရထားသည့်တိုင် သူတို့ကတော့ သူ့ကို သာမန်ကျောင်းသားတစ်ယောက်သာသာ ဆက်ဆံခဲ့မိသည်။
သူ့လို ကျွမ်းကျင်မှုအဆင့်မျိုးဖြင့်ဆိုလျှင် သူ့ဆရာဖြစ်ဖို့ အရည်အချင်းပြည့်မီသည်ဟု မည်သူကများ ပြောရဲမည်နည်း။ သူ့ဆရာဖြစ်ဖို့ဆိုလျှင် သူတို့အနေနှင့် Riemann Hypothesisနှင့် ယှဉ်နိုင်သော အခြားပုစ္ဆာများကို ဖြေရှင်းပြရပေလိမ့်မည်။
တစ်ဖက်တွင်မူ ဟားဗက်တက္ကသိုလ်ကတော့ ကျန်းမုန့်လောင်ကို ပါမောက္ခရာထူးပေးခြင်းဖြင့် သူတို့၏စစ်မှန်မှုကို သက်သေပြခဲ့သည်။
ဌာနမှူးပိုင်က ဌာနမှူးတစ်ယောက်ဆိုသော်ငြား တက္ကသိုလ်ကလည်း ကျန်းမုန့်လောင်အတွက် နေရာတစ်နေရာပေးဖို့ လိုလားလိမ်မည်ဖြစ်ကြောင် သူ ယုံကြည်ထားသည်။ သာမန်ပါမောက္ခရာထူး မဆိုထားနှင့်။ ဌာနမှူးရာထူး သို့မဟုတ် ပါမောက္ခချုပ်ရာထူးကိုပေးဖို့ပင် စဉ်းစားပေးနိုင်ချေသည်။
"ဌာနမှူးပိုင်..ခင်ဗျားရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်ကိုတော့ ကျေးဇူးတင်ပါတယ်"
ကျန်းမုန့်လောင် ယဉ်ယဉ်ကျေးကျေးငြင်းလိုက်လေသည်။
"ကျွန်တော် ဒီပုစ္ဆာကို တမင်တကာဖြေရှင်းခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်က ဒါကို သာမန်မေးခွန်းတစ်ခုလို့ထင်ခဲ့မိတာ။ ဒါက ပညာရေးလောကမှာ အဓိကပုစ္ဆာကြီးတစ်ခု ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ကျွန်တော်က သာမန်ဘွဲ့လွန်ကျောင်းသားတစ်ယောက်ပဲ ဖြစ်ချင်တာပါ"
ထိုစကားကိုကြးသောအခါ ဌာနမှူးပိုင်၏ မျက်နှာကား တွန့်လိမ့်သွားရချေသည်။
"တမင်တကာလုပ်ခြင်းမဟုတ်"ဆိုသည်မှာ ဘာသဘောလဲ။ သင်္ချာပညာရှင်များကို နှစ်ပေါင်းတစ်ရာကျော် ဒုက္ခပေးခဲ့သော ပုစ္ဆာတစ်ပုဒ်ကို ကြိုးစားအားထုတ်ခြင်းမရှိဘဲ ဖြေရှင်းနိုင်ခဲ့သည်ဆိုလျှင် သူသာ ကြိုးစားလိုက်ပါက ဘာများဖြစ်လာနိုင်မည်နည်း။
ထိုသင်္ချာပညာရှင်များကမူ တစ်ဘဝလုံး အချိန်ဖြုန်းရင်း ဘာလုပ်နေကြလေသလဲ။ ဆယ်စုနှစ်ပေါင်းများစွာ အပြင်းအထန်သုတေသနလုပ်ခဲ့ရသည့်တိုင် သာမန်ဘွဲ့လွန်ကျောင်းသားလေးတစ်ယောက်ကိုပင် မယှဉ်နိုင်လေဘူးလား။
သူသာ သာမန်သုတေသီတစ်ယောက်ဆိုလျှင် တွဲဖက်ပါမောက္ခများ၊ ပါမောက္ခများနှင့် တော်ဝင်ပညာရှင်များဖြစ်ကြသော သူတို့က ဘာတွေလဲ။ သူတို့က အလကားဆန်ကုန်မြေလေးတွေလား။
"ပါမောက္ခပိုင်… အခုရော နောက်နောင်အတွက်ပါ ကျွန်တော့်ရဲ့ကနဦးရည်မှန်းချက်က ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ ပေါ်လီမာကုန်ကြမ်းပစ္စည်းမေဂျာပါ။ ခင်ဗျား အခုလိုစကားပါးရင်း အချိန်ဖြုန်းနေဖို့မလိုပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒါပေမဲ့ ကျန်းမုန့်လောင်.. သင်္ချာနယ်ပယ်ထဲက မင်းရဲ့အောင်မြင်မှုတွေက ပေါ်လီမာကုန်ကြမ်းပစ္စည်းမှာရထားတဲ့ အောင်မြင်မှုထက် အများကြီးသာလွန်နေတာ။ မင်းရဲ့လက်ရှိဂုဏ်သတင်းနဲ့တင် ဘယ်တက္ကသိုလ်မှာမဆို ဂုဏ်ထူးဆောင်ပါမောက္ခရာထူးကို ရနိုင်တဲ့ အရည်အချင်းရှိတယ်။ ပေါ်လီမာကုန်ကြမ်းပစ္စည်းဌာနကတော့ မင်းကို အဲဒါတွေ မပေးနိုင်ဘူး"
"ပြီးတော့ ကျုပ်ပြောတာကို အထင်တော့မလွဲပါနဲ့။ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က လက်ရှိမှာ အဆင့်နှစ်တက္ကသိုလ်တစ်ခုနော်။ ၉၈၅လည်းမဟုတ် ၂၁၁လည်းမဟုတ်ဘူး။ သူတို့ မင်းကိုကမ်းလှမ်းနိုင်တဲ့ အရင်းအမြစ်တွေကလည်း အကန့်အသတ်ရှိတယ်"
"ဌာနမှူးပိုင်"
ကျန်းမုန့်လောင် ပြုံးလိုက်၏။
"ကျွန်တော် ကျန်းမုန့်လောင်က ဘာအရင်းအမြစ်ကိုမှ မှီခိုနေစရာမလိုပါဘူး။ ဘယ်အရင်းအမြစ်ကများ ကျွန်တော့်မိသားစုနောက်ခံထက် ပိုအားကောင်းနိုင်မှာလဲ"
"ဒါက…"
ဌာနမှူးပိုင်ခမျာ ချက်ချင်းဆိုသလို ပြောစရာစကားရှာမရတော့ပေ။
ဌာနမှူပိုင်သည် ကျန်းမုန့်လောင်အကြောင်း အနည်းငယ်သိထားသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟူသော ဂုဏ်ပုဒ်ကို ဘေးဖယ်ထားလျှင်ပင် ကျန်းမုန့်လောင်၏စည်းစိမ်ချမ်းသာက စင်စစ်နက်နဲလှ၏။ သူသည် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို ကိရိယာတန်ဆာပလာများ တပ်ဆင်ပေးရန်အတွက် ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့သည့်အပြင် အမှုန်ခွဲခြမ်းစက်နှင့် နက္ခတ်တာရာကြည့်မှန်ပြောင်းပင် ပါသည်။
ဤမျှများပြားလှသော ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံတစ်ဝှမ်းရှိ အခြားတက္ကသိုလ်များ အားကျနေရုံသာ တတ်နိုင်သည့် အရာပင်။ ယန်ကျင်းတက္ကသိုလ်ပင် ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ရှိ အမှုန်ခွဲခြမ်းစက်ကို အသုံးပြုရန်အတွက် အခွင့်အလမ်းတစ်ခုကို အမြဲမပြတ်ချောင်းမြောင်းနေရပေသည်။
ကျန်းမုန့်လောင်သာ သုတေသနလုပ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါက သူ့ဘာသာပင် တက္ကသိုလ်တစ်ခုတည်ထောင်နိုင်သည်ဖြစ်ရာ သူ့စက်ပစ္စည်းကိရိယာများကလည်း ကမ္ဘာပေါ်ရှိ တက္ကသိုလ်တိုင်းထက် သာလွန်သွားပေလိမ့်မည်။
သင်ကြားရေးဝန်ထမ်းများနှင့် ထိုကဲ့သို့သော အဆောက်အအုံများ ရှိနေပါက သူသာ ကမ်းလှမ်းလိုက်ပါက မည်သည့်ထိပ်တန်းကျောင်းသားများက မလာဘဲရှိမည်နည်း။
သို့ဖြစ်လေရာ ကျန်းမုန့်လောင်၏ပညာရေးက မည်သည့်ကျောင်းကိုမှ မှီခိုနေစရာမလိုအပ်ချေ။
ဌာနမှူးပိုင်လည်း ကျန်းမုန့်လောင်ကို အကျိုးခံစားခွင့်များဖြင့် ကမ်းလှမ်းနေလည်း အလကားဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ တုံးအနေသူကား သူပင်ဖြစ်ချေသည်။
"အဲဒီလိုဆိုရင် ငါ မင်းကို ဖိအားမပေးတော့ပါဘူး"
ဌာနမှူးပိုင်လည်း သက်ပြင်းချလိုက်လေသည်။
သူ ဖုန်းချလိုက်သည်နှင့် ကျန်းမုန့်လောင်ထံသို့ ဟန်ကျင်းယွီက ဖုန်းခေါ်လာပြန်လေသည်။
"မုန့်လောင်.. မင်း မူလရည်မှန်းချက်ကိုပဲ စွဲစွဲမြဲမြဲဆုပ်ကိုင်ထားမယ်နော်။ သူများတွေရဲ့ အချိုသပ်စကားကြောင့် ယိမ်းယိုင်သွားလို့မဖြစ်ဘူး"
ဖုန်းကိုင်ကိုင်ချင်းမှာပင် စိုးရိမ်ကြောင့်ကြနေသောအသံကို ကျန်းမုန့်လောင် ကြားလိုက်ရသည်။
ဤကိစ္စအကြောင်း သိသွားပြီးနောက် ဟန်ကျင်ယွီ၏ ပထမဆုံးတုံ့ပြန်မှုကား ပျော်ရွှင်ခြင်းပေတည်း။ ဤမျှကြီးမားလှသော အောင်မြင်မှုကို ဆွတ်ခူးနိုင်သူမှာ သူ့ကျောင်းသားဖြစ်သောကြောင့် သူ့ဆရာအနေနှင့် သူသည်လည်း မျက်နှာပန်းပွင့်လေသည်။
သိုသော် နောက်ပိုင်းတွင်မူ စိုးရိမ်စိတ်များ ပေါ်ပေါက်လာ၏။ ဤမျှထူးချွန်လှသော ကျောင်းသားတစ်ယောက်ကို တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးက ပစ်မှတ်ထားကြတော့မည်မဟုတ်လား။
"မုန့်လောင် ငါတို့ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က တအားကောင်းတဲ့ကျောင်းတစ်ကျောင်း မဟုတ်ဘူးဆိုပေမဲ့ သူတို့ပေးနိုင်တဲ့အရာတွေကို ငါတို့လည်းပေးနိုင်ပါတယ်။ သူတို့ မပေးနိုင်တဲ့အရာတွေကိုလည်း ငါတို့က မင်းကို နည်းလမ်းတစ်ခုခုရှာပြီး သေချာပေါက်ပေးမှာ"
ကျန်းမုန့်လောင်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။
"ဆရာဟန်.. ကျွန်တော့်မေးလ်ဘောက်စ်ထဲမှာ ဒီရက်ပိုင်း ကမ္ဘာအနှံ့က ဖိတ်ကြားစာတွေနဲ့ ပြည့်နှက်နေတာ။ ဟားဗက်တက္ကသိုလ်ကဆိုရင် ကျွန်တော့်ကို ပါမောက္ခတောင် လာလုပ်ခိုင်းနေတာ"
"ဘာ? ဟားဗက်တက္ကသိုလ်က မင်းကို ပါမောက္ခလုပ်ခိုင်းနေတယ်ပေါ့လေ"
ဟန်ကျင်းယွီ၏မျက်နှာကား စိုးရိမ်ပူပန်ရိပ်များ ယှက်သန်းသွားချေသည်။ ကျန်းမုန့်လောင်က ယခုအချိန်တွင် အလွန်နာမည်ကြီးနေကြောင် သူသိသည်။
"ဒါပေမဲ့ ကျွန်တော် သူတို့တွေအကုန်လုံးကိုငြင်းလိုက်ပြီ"
"မင်းငြင်းလိုက်တာလား"
ဟန်ကျင်းယွီ တစ်ကိုယ်တည်းမေးခွန်းထုတ်မိသည်။ သူသာဆိုလျှင် ထိုကဲ့သိုသော သွေးဆောင်မှုမျိုးကို ခုခံရန် ခက်ပေလိမ့်မည်။
"ဆရာလည်းသိပါတယ်။ ကျွန်တော်က လူမသိသူမသိနေရတာကို ပိုသဘောကျတယ်လေ။ သာမန်ကျောင်းသားတစ်ယောက်အနေနဲ့ နေရတာက တော်တော်ကောင်းပါတယ်"
"ငါ့ဖင်ကို လူမသိသူမသိပါလား"
ကျန်းမုန့်လောင်ကို စော်ကားမိသွားမှာစိုးသောကြောင့်သာ မဟုတ်ပါက ဟန်ကျင်းယွီ အခုချက်ချင်းဆဲမိလောက်ပြီဖြစ်၏။ မင်းကိုယ်မင်း လူမသိသူမသိနေတယ်လို့သာ ခေါ်တယ်ဆိုရင် သာမန်ဘွဲ့လွန်စာမေးပွဲတစ်ခုမှာ နှစ်တစ်ရာကျော်လောက် ပညာရှင်တွေကို ခေါင်းခြောက်အောင်လုပ်ခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ကို ဘာလို့ဖြေရှင်းခဲ့ရတာလဲကွ။
ဤသည်မှာ ကျန်းမုန့်လောင် ကျွမ်းကျင်ပိုင်နိုင်ရာနယ်ပယ် မဟုတ်သေးပေ။
သိပ်မကြာခင်က ကျန်းမုန့်လောင်သည် သူကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ထားသော ချစ်ပ်ပြားတစ်ခုအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်၏ အရေးကြီးဆုံးအပိုင်းတစ်ခုဖြစ်သော ဖိုတိုလီသိုဂရက်ဖီစက်များတွင် အသုံးပြုသော ဖိုတိုရီဆစ်ကို ဟန်ကျင်းယွီအား ပေးခဲ့ချေသည်။
ကမ္ဘာတစ်ဝှမ်းတွင် ဖိုတိုရီဆစ်နည်းပညာကို ကုမ္ပဏီအနည်းငယ်ကသာ ထိန်းချုပ်ထားသည်။ ဟွာရှားနိုင်ငံတွင်မူ ယခုအချိန်အထိ မည်သည့်ပြည်တွင်းလုပ်ငန်းကမှ အထူးဖိုတိုရီဆစ်ကို ထုတ်လုပ်နိုင်ခြင်းမရှိသေးပေ။
ကျန်းမုန့်လောင်က သူ့ရှေ့တွင် ဖိုတိုရီဆစ်ဖော်မြူလာကို ချပြတုန်းက ဟန်ကျင်းယွီ အံ့အားသင့်ခဲ့ရသည်။ အထူးသဖြင့် များပြားလှသော စာရွက်စာတမ်းအထပ်လိုက်ကြီးက ကျန်းမုန့်လောင်၏ လက်ရေးမူ ဖြစ်နေခဲ့ခြင်းပင်။
ဤဖော်မြူလာမှာ ကျန်းမုန့်လောင်တို့မိသားစုထဲရှိ သုတေသနအဖွဲ့အစည်းတစ်ခုခု၏ ရလဒ်ဖြစ်နိုင်သည်ဟု ဟန်ကျင်းယွီ သံသယဖြစ်နေခဲ့မိသည်။ သို့သော် ယခုမူ ဤသည်မှာ ကျန်းမုန့်လောင်ကိုယ်တိုင် လုပ်ဆောင်ထားသောအရာဖြစ်နိုင်ကြောင်း သူ တွေးမိလာသည်။
သူတို့တီထွင်ထားသော ချစ်ပ်ပြားများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်လိုက်သည်နှင့် မည်မျှပွက်လောရိုက်သွားမလဲဆိုသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ လူမသိသူမသိနေချင်သတဲ့လား။ ဤသည်မှာ မေးခွန်းထုတ်စရာပင်မဟုတ်တော့ချေ။
သို့သော် တစ်စုံတစ်ခုကိုတော့ ဟန်ကျင်းယွီ နားလည်လိုက်သလိုလိုပင်။ ကျန်းမုန့်လောင်က ကျော်ကြားမှုတို့ ဂုဏ်ပုဒ်တို့ကို စိတ်မဝင်စားချေ။ သူ၏ တစ်ခုတည်းသော ပျော်ရွှင်မှုမှာ အခြားများ၏ အံ့ဩသွားသောအမူအရာကို ကြည့်ရခြင်းနှင့် သူတို့၏ချီးကျူးမှုကို ခံယူခြင်းတို့သာ ဖြစ်ဟန်တူသည်။ ရိုးရိုးပြောရလျှင် သူသည် ကြွားဝါခြင်းကို နှစ်သက်ပေသည်။
"မင်းက ဒီလိုတွေးထားတယ်ဆိုတော့ ငါ စိတ်အေးပါပြီ"
ဟန်ကျင်းယွီ ခေါင်းညိတ်ပြလိုက်လေသည်။
"ပြီးတော့ မုန့်လောင်… နောက်ထပ်ပြဿနာတစ်ခု ရှိသေးတယ်။ အဲဒါကမှ မင်းကို ဒီနေ့ ဖုန်းဆက်ရတဲ့ အဓိကအကြောင်းပြချက်ပဲ"
"ဘာဖြစ်လို့လဲ"
ကျန်းမုန့်လောင် မေးလိုက်မိသည်။
"ဖိုတိုရီဆစ်ထုတ်လုပ်မှုမှာ ပြဿနာတစ်ခုခုရှိလို့လား"
"ဟုတ်တယ်"
ဟန်ကျင်းယွီက ဆိုလာလေသည်။
"ဒီလထဲမှာ ငါတို့ ဖော်မြူလာကို အတည်ပြုပြီးပြီ။ ထုတ်လုပ်ဖို့လည်း အဆင်သင့်ဖြစ်နေပြီ။ စက်ကိရိယာတွေကလည်း လဝက်အတွင်း ရောက်လာတော့မှာ။ ဒါပေမဲ့ ပြဿနာတစ်ခုရှိနေတယ်။ ဖိုတိုရီဆစ်ကို အမြောက်အများထုတ်လုပ်ဖို့အတွက်ဆိုရင် ကုန်ကြမ်းပစ္စည်းတွေအများကြီးကို လိုအပ်တယ်။ ဖိုတိုအစပျိုးစက်တွေထဲက တစ်ခုက 'မြေစွေးသတ္တုရိုင်း'လို့ခေါ်တဲ့ တွင်းထွက်ပစ္စည်းတစ်ခုကနေ ထုတ်ယူရတဲ ဒြပ်စင်တွေပါတယ်။ လတ်တလောမှာ အဲဒါကိုတင်ပို့တာဆိုလို့ ကိုင်ဘွန်နိုင်ငံတစ်နိုင်ငံပဲရှိတယ်"
"သူတို့က မရောင်းလို့လား"
ကျန်းမုန့်လောင်၏မျက်ဝန်းများ ကျဉ်းမြောင်းသွားရချေသည်။
"ဟုတ်တယ်"
ဟန်ကျင်းယွီက ဆက်ပြောလေသည်။
"လတ်တလောမှာ ကုန်ကြမ်းပစ္စည်းထုတ်လုပ်မှုက သိသိသာသာကျဆင်းသွားလို့ ပြည်တွင်းလိုအပ်ချက်ကိုပဲ ဖြည့်ဆည်းနိုင်သေးတဲ့အတွက် ဘာတင်ပို့ကုန်မှမရှိဘူးလို့ ကြေညာထားတယ်"
"ဟုန်းရီ"
ကျန်းမုန့်လောင်က ဟုန်းရီကို ခေါ်လိုက်သည်။
"လတ်တလောမှာ ကိုင်ဘွန်နိုင်ငံရဲ့မြေဆွေးသတ္တုရိုင်းထုတ်လုပ်မှုက အခြေအနေဘယ်လိုရှိလဲ"
"ခဏလေးပါ"
ဟုန်းရီက သူမ၏ တက်ဘလက်ကိုဖွင့်ပြီးနောက် ပြန်ဖြေလာသည်။
"မစ္စတာကျန်း… မြေဆွေးသတ္တုရိုင်းဆိုင်တာက ရှားပါးတဲ့ကမ္ဘာ့ဒြပ်စင်တွေနဲ့ ဆင်တူတဲ့တွင်းထွက်ပစ္စည်းတစ်ခုဖြစ်ပြီး လက်ရှိမှာတော့ အာဆူတောင်လို့ခေါ်တဲ့ ကိုင်ဘွန်က မီးတောင်ရှင်တစ်ခုမှာပဲ တွေ့ရပါတယ်။ သိုလှောင်မှုကလည်း တော်တော်ပေါကြွယ်ဝပြီး နှစ်စဉ်ထုတ်လုပ်မှုကလည်း တစ်နှစ်ကို ၁၀ရာခိုင်နှုန်းလောက် မြင့်တက်နေတာပါ"
"ဟက်"
ကျန်းမုန့်လောင် လှောင်ရယ်လိုက်လေသည်။
"နှစ်တိုင်းမြင့်တက်နေတာဆိုရင် တမင်မရောင်းတာပေါ့"
"အဲဒီလိုပဲဖြစ်မှာပါ"
ဟန်ကျင်းယွီက ဆို၏။
"မင်း Silicon Moonlightကို ဝယ်လိုက်ပြီးကတည်းက လူတွေအများကြီးက ငါတို့ကို စောင့်ကြည့်နေကြတာ။ ဟွာရှားနိုင်ငံက အဆင့်မြင့်ချစ်ပ်ပြားတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်မှာကို ဘယ်သူကမှ မမြင်ချင်ကြဘူး။ တိုးတက်မှုလက္ခဏာလေးတစ်ခုပြမယ်ဆိုရင်တောင် သူတို့က အမြစ်ပြတ်ချေမှုန်းပစ်ချင်နေကြတာ"
"ကျွန်တော်နားလည်ပြီ။ ဒီကိစ္စကို ကျွန်တော့်တာဝန်သာထားလိုက်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဟုန်းရီ"
ကျန်းမုန့်လောင် ဖုန်းချလိုက်သည်။
"အခုလောလောဆယ်မှာ ငါတို့ဟွာရှားကနေ ကိုင်ဘွန်နိုင်ငံကို အများဆုံးတင်သွင်းနေတဲ့ မရှိမဖြစ်လိုအပ်တဲ့တင်သွင်းကုန်က ဘာလဲ"
**********