← Chapters

တစ်တန်ကို ဒေါ်လာတစ်ထောင်ပဲ။ လိုချင်လား

Vol. 21 Ch. 307

တစ်တန်ကို ဒေါ်လာတစ်ထောင်ပဲ။ လိုချင်လား

Vol. 21 Ch. 307

"ခင်ဗျား ဘာပြောလိုက်တယ်"

ကျင့်ထျန်းကျင်းလောင်၏ မျက်နှာအမူအရာကား ရုတ်ခြည်းပြောင်းလဲသွားပေသည်။

အမှန်စင်စစ်တွင် သူသည် အစောပိုင်းက ရိုးရိုးရှင်းရှင်းလေးသာ‌ တွေးခဲ့မိသည်။ ကျန်းမုန့်လောင်ဘက်က လွယ်လင့်တကူသဘောတူလာသည့်အချိန် သူသည် တစ်ဖက်လူကို ခြိမ်းခြောက်လွှမ်းမိုးလိုက်နိုင်သည်ဟု ထင်ခဲ့မိသည်။ သို့သော် တကယ်တမ်းတွင် သူသည် လူပြက်တစ်ယောက် ဖြစ်နေခဲ့သည်သာ။

သဘာဝဓာတ်ငွေ့ထောက်ပံ့မှုကို ကြားဝင်ဖျက်ဆီးခြင်းကြောင့် ယခုနှစ်အတွက် ကျောက်မီးသွေးတင်သွင်းမှုမှာ အနည်းဆုံး တန်ချိန်သန်း၃၅၀ရှိရမည်ဟု အထက်က ညွှန်ကြားထားသည်။ ဈေးနှုန်းကိုလည်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ၈၀အထိသာ ပေးရမည်ဖြစ်ကြောင်း ဆိုထားလေသည်။

လက်ရှိနိုင်ငံတကာအခြေအနေအရ တစ်တန်လျှင် ၆၅ဒေါ်လာပေးလျှင်ပင် အတန်အသင့်မြင့်မားလှသောဈေးနှုန်းဟု သတ်မှတ်နိုင်သည်။

တစ်တန်လျှင် ၆၅ဒေါ်လာနှင့် တင်သွင်းပါက ပြည်တွင်းကျောက်မီးသွေးစွမ်းအင်လုပ်ငန်းများအတွက် အမြတ်အစွန်းများစွာရရှိမည်ဖြစ်ပြီး လူတိုင်းကလည်း ကြိတ်ကြိတ်တိုးဝယ်ယူကြပေလိမ့်မည်။

တစ်တန်လျှင် ဒေါ်လာ၈၀နှုန်းဖြင့် စုစုပေါင်းတန်ချိန်သန်း၃၅၀တင်သွင်းပါက ဒေါ်လာ၂၈ဘီလီယံ ကျသင့်မည်ဖြစ်လေရာ ဤသည်မှာ ယခုနှစ် ကျောက်မီးသွေးတင်သွင်းမှုအတွက် သူတို့ပြင်ဆင်ထားသော စုစုပေါင်းဘဏ္ဍာငွေပမာဏပင်။

သို့သော် ကျန်းမုန့်လောင်က လျော်ကြေးငွေ၂၇ဘီလီယံကို တောင်းလာလေသည်။ အကယ်၍ သူတို့သာ လျော်ကြေးငွေကို နှုတ်လိုက်ပါက တစ်ဘီလီယံသာ ကျန်တော့မည်ဖြစ်လေရာ ဘာများတင်သွင်းနိုင်ပါဦးမည်နည်း။

စာချုပ်ချုပ်ဆိုစဉ်က မည်သူကများ ထိုမျှမြင့်မားလှသော လျော်ကြေးငွေပမာဏကို သတ်မှတ်ခဲ့လေသလဲ။ အချိန်ကျလာလျှင် ထိုပမာဏကို မပေးချေနိုင်မှာကို မကြောက်ဘူးလား။

ကျင့်ထျန်းကျင်းလောင်ခမျာ ရူးသွပ်သွားတော့မတတ်ပင်။

သို့သော် ထိုစဉ်က ကျန်းမုန့်လောင် စာချုပ်ချုပ်ဆိုခဲ့ချိန်တွင် ဤပြဿနာကို လုံးဝမစဉ်းစားခဲ့မိပေ။

ပထမဆုံးအနေနှင့် ကျောက်မီးသွေးဝယ်ယူမည့် ငွေပမာဏကို တစ်နှစ်လုံးစာအတွက် ကျန်းမုန့်လောင် ငွေကြိုချေထားပြီးဖြစ်လေရာ သူ့အတွက်မူ စာချုပ်ဖောက်ဖျက်ရနိုင်ခြေ မရှိပေ။

ထိုကဲ့သို့သော အခြေအနေတစ်ခု ပေါ်ပေါက်လာပါက အမေရိကန်ဒေါ်လာ၂၇ဘီလီယံဆိုသည်မှာ သူ့အတွက်တော့ ဘာမှမပြောပလောက်ချေ။ ပေးရမည်ဆိုလျှင်လည်း ပေးလိုက်ရုံသာ။ ကျန်းမုန့်လောင် ဝယ်ယူခဲ့စဉ်က ထိုအမေရိကန်ဒေါ်လာ၂၇ဘီလီယံထက် ပိုများသော ထပ်ဆောင်းပမာဏကို ပေးချေခဲ့ရသည်။ ထိုငွေပမာဏကိုသာ သူ တကယ်ဂရုစိုက်ပါက ဈေးနှုန်းကို ဤမျှအထိ မြှင့်ခဲ့မည်မဟုတ်။

"ဘာဖြစ်လို့လဲ။ ကျွန်တော့်ကိုမယုံလို့လား။ ခင်ဗျားကို လှည့်စားမှာကြောက်နေတာလား"

ကျန်းမုန့်လောင်လည်း ဟုန်းရီကိုပြောလိုက်လေသည်။

"ဟုန်းရီ… မစ္စတာကျင့်ထျန်းကျင်းလောင် ကြည့်ရအောင်လို့ စာချုပ်မိတ္တူတွေဆွဲပေးလိုက်။ အဲဒါမှ သူတို့ပိုက်ဆံကို လိမ်ပါတယ်ဆိုပြီး ငါတို့ကိုလာမစွပ်စွဲမှာ"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

ဟုန်းရီက ပြောလိုက်၏။

"ဥက္ကဋ္ဌကျိုး.. ကျွန်မ ရှင့်ရဲ့မိတ္ထူစက်ကို ခဏငှားလို့ရမလား"

"မစ္စဟုန်း.. ဒီဘက်မှာပါ"

ခဏအကြာတွင် ဟုန်းရီက စာရွက်စာတမ်းအထပ်လိုက်ကိုသယ်၍ အစည်းအဝေးခန်းထဲသို့ ဝင်လာသည်။

"ကြည့်ကြည့်လိုက်ပါ မစ္စတာကျင့်ထျန်းကျင်းလောင်.."

ကျန်းမုန့်လောင်က ထိုစာရွက်စာတမ်းအထပ်လိုက်ကို ကျင့်ထျန်းကျင်းလောင်၏အရှေ့သို့ တွန်းပို့လိုက်၏။

"ဘိုဝမ်ကျောက်မီးသွေးတွင်း၊ လျော်ကြေးငွေက အမေရိကန်ဒေါ်လာ၁၀ဘီလီယံ"

"ဆစ်ဒနေကျောက်မီးသွေးတွင်း၊ လျော်ကြေးငွေက အမေရိကန်ဒေါ်လာ၄ဘီလီယံ"

"ဆူမားတြားကျောက်မီးသွေးတွင်း၊ လျော်ကြေးငွေက အမေရိကန်ဒေါ်လာ၅ဘီလီယံ"

...

ရင်သပ်ရှုမောဖွယ်ကောင်းအောင် မြင့်မားလှသော ကိန်းဂဏန်းများကို ကြည့်ရင်း ကျင့်ထျန်းကျင်းလောင်ခမျာ ထိန်းချုပ်၍မရလောက်အောင် လက်များ တုန်ယင်လာလေသည်။

လျော်ကြေးငွေသာမက စာချုပ်ထဲတွင် ချုပ်ဆိုထားသော တင်သွင်းမှုပမာဏများကိုလည်း ပေးချေရမည်သာ။ ဈေးအပေါဆုံးကျောက်မီးသွေးကပင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၂၂၀နှုန်းဖြင့် သတ်မှတ်ထား၏။

တစ်ခါတစ်ရံတွင် လျော်ကြေးငွေကို အတည်ပြုခြင်းရှိမရှိဆိုသည်မှာ နှစ်ဦးနှစ်ဖက်အကြား ညှိနှိုင်းဆွေးနွေးပြီး‌ ဖြေရှင်းနိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုကို ငြိမ်းငြိမ်းချမ်းချမ်းဖျက်သိမ်းရန် သဘောတူညီမှုရရှိပါက လျော်ကြေးငွေ လျှော့ပေးနိုင်ခြေလည်း ရှိပေသည်။

သို့သော် ဤကိစ္စကား လုံးဝမတူညီပေ။

ကိုင်ဘွန်နိုင်ငံက ပေးဖို့လိုလားသည့် အမြင့်ဆုံးဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ၈၀မျှသာ ဖြစ်ပြီး ကျန်းမုန့်လောင်တောင်းဆိုထားသော အနိမ့်ဆုံးဈေးနှုန်းမှာမူ သူတို့ထက် နှစ်ဆပိုများနေပေသည်။ တချို့ဆိုလျှင် တစ်တန်ကို အမေရိကန်ဒေါ်လာ၄၀၀အထိပင် ရှိ၏။

တစ်တန်လျှင် အမေရိကန်ဒေါ်လာရာဂဏန်းပေးထားသည့် ကျောက်မီးသွေးအရောင်းအဝယ်စာချုပ်ကို ဖျက်သိမ်းရန်သဘောတူပြီး တစ်တန်လျှင် ဒေါ်လာဆယ်ဂဏန်းဖြင့်သာ ပြန်ရောင်းရမည်ဆိုပါက ဦးနှောက်ကောင်းသူကတော့ ဤသဘောတူစာချုပ်ကို လက်ခံမည်မဟုတ်။

ကျန်းမုန့်လောင်ထံသို့ ရောင်းပေးလိုက်လျှင် သူတို့ဘက်က အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ အမြတ်ထွက်နိုင်သည်။ ထို့ပြင် ဤငွေပေးချေမှုမှာ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ချက်ချင်းရှင်းပေးခြင်းသာ ဖြစ်၏။

ကိုင်ဘွန်နိုင်ငံသို့ ရောင်းချမည်ဆိုလျှင် ကျန်းမုန့်လောင်၏ငွေစာရင်းထဲမှ အစွန်းထွက်လောက်ပင် အမြတ်အစွန်းမရနိုင်သည့်အပြင် သူတို့ပိုက်ဆံကို ခခယယနှင့် တောင်းရမည့်အကြောင်း စဉ်းစားကြည့်ရုံမျှဖြင့် စိတ်ဓာတ်ကျဖို့ကောင်းပေသည်။

"ဒီစာချုပ်ကိုဖျက်သိမ်းဖို့ ညှိနှိုင်းမယ်တဲ့လား။ အဲဒီလိုဖြစ်လာမယ်လို့တွေးနေရင်တော့ သူတို့ ဦးနှောက်ပျက်နေလို့ပဲ"

"အဲဒါကြောင့် စာချုပ်ဖောက်ဖျက်ကြေးအတွက် လျော်ကြေးငွေလျှော့ပေါ့ဖို့ အလားအလာမရှိဘူးပေါ့"

"မစ္စတာကျန်း.. အဲဒီလျော်ကြေးငွေက ခင်ဗျား အဲဒီကျောက်မီးသွေးတွင်းတွေနဲ့ လုပ်ထားတဲ့ သဘောတူညီမှုလေ။ စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးငွေကို ပေးဖို့ဆိုတာ ကျုပ်တို့အတွက် မတရားဘူးလေ ဟုတ်တယ်မလား"

ကျင့်ထျန်းကျင်းလောင်ဘက်က ထိုစကားများကို ပြောလာချိန်တွင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတို့ ကင်းမဲ့နေလေဟန်ပင်။

"မစ္စတာကျင့်ထျန်း.. ခင်ဗျားကပဲ တုံးနေတာလား။ ကျွန်တော်ကပဲ တုံးနေတာလား"

ကျန်းမုန့်လောင်က အနည်းငယ်မှအားနာမနေဘဲ ပြောချလိုက်သည်။

"မစ္စတာကျန်း စကားပြောဆင်ခြင်ပေးပါ"

သူ့မျက်နှာရှေ့တည့်တည့်တွင် သူ့ကို ငတုံးဟု သမုတ်လိုက်သောကြောင့် ကျင့်ထျန်းကျင်းလောင်၏အမူအရာမှာ အလွန်ရုပ်ဆိုးအကျည်းတန်သွားရလေသည်။

"မစ္စတာကျင်းလောင်.. ကျုပ်တို့နှစ်နိုင်ငံကြားက ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားပြီး ဒီကျောက်မီးသွေးတွေကို ခင်ဗျားလက်ထဲ လွှဲပြောင်းပေးဖို့ ကျုပ်ဘက်က စွန့်စားမှုအကြီးကြီးလုပ်ခဲ့ရတာနော်။ ခင်ဗျားကတော့ ကျုပ်ကို ငတုံးတစ်ယောက်လို သဘောထားနေတာလား။ ကျုပ် ပရဟိတလုပ်နေတယ်များထင်နေလား။ ဘာမှမရဘဲ အမေရိကန်ဒေါ်လာ၂၇ဘီလီယံကို အဆုံးခံရလောက်အောင်အထိလေ"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။

"ကျုပ် အဲဒီကျောက်မီးသွေးတွေကို ဝယ်တုန်းက စာချုပ်ချိုးဖောက်မှုအတွက် လျော်ကြေးငွေအပြည့် ပေးချေခဲ့တာ။ ကျုပ်သာ အဲ့လိုမပေးခဲ့ဘူးဆိုရင် ခင်ဗျား အဲဒီလျော်ကြေးငွေကို လွယ်လွယ်လေးနဲ့ ရမယ်လို့များ ထင်နေတာလား"

"ငါ ရင်နာလှပြီ"

ကျင့်ထျန်းကျင်းလောင်ခမျာ စိတ်ထဲမှ ခပ်ကျိတ်ကျိတ်ဆဲဆိုနေမိသည်။

မင်းအတွက် ကျောက်မီးသွေးတွေကို ဝယ်ဝယ်မဝယ်ဝယ် ဘာများကွာသွားလို့လဲ။ မင်းသာ အဲဒီကျောက်မီးသွေးတွေကို မဝယ်ရဘူးဆိုရင် ရေပူနဲ့ရေချိုးစရာမရှိတော့တာတို့ ထမင်းချက်စရာ မီးမရှိတောတာတို့ ဖြစ်မှာမို့လို့လား…

သူတို့ကိုင်ဘွန်နိုင်ငံကမူ ထိုကျောက်မီးသွေးကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် လိုအပ်နေပေသည်။ သူ့အတွက်မူ ချစ်ပ်ပြားများအတွက် ညှိနှိုင်းဆွေးနွေးမှုတစ်ခုမျှသာ ဖြစ်၏။

"မစ္စတာကျန်း..အဲဒီကျောက်မီးသွေးတွေက ခင်ဗျားအတွက် ဘာအကျိုးသက်ရောက်မှုမှမရှိပါဘူး။ ရင်နာစရာစွန့်လွှတ်မှုဆိုတာမျိုးလည်း မရှိပါဘူး ဟုတ်တယ်မလား"

"ခင်ဗျား ဘယ်လိုလုပ်ပြီး မရှိဘူးလို့ ပြောနိုင်ရတာလဲ"

ကျန်းမုန့်လောင်က သမာသမတ်ကျသော လေသံဖြင့် ငြင်းချက်ထုတ်လိုက်သည်။

"ကျုပ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတစ်ယောက်လေ။ အဲဒီကျောက်မီးသွေးတွေက စွမ်းအင်ခြွေတာရေးနဲ့ မီးခိုးထွက်မှုလျှော့ချရေးနဲ့ပတ်သက်တဲ့ ကျုပ်ရဲ့အိပ်မက်တွေ ပါဝင်နေတာ။ ကျုပ်သာ အဲဒါကို ခင်ဗျားကိုပေးလိုက်ရင် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုမဲ့ ကျုပ်ရဲ့အကြီးမားဆုံးအိပ်မက်ကို စွန့်လွှတ်လိုက်ရတာပဲလေ။ အဲဒါကရော စွန့်လွှတ်မှုတစ်ခုမဟုတ်ဘူးလား"

"ဝိုး..ကြီးမားလိုက်တဲ့အိပ်မက်..ငါ ငိုတောင်ငိုမိတော့မယ်"

ဟုန်းရီခမျာ အံ့ဩမှင်တက်နေသော အမူအရာဖြင့် နားထောင်နေသည်။ ကျန်းမုန့်လောင်၏ ပေါက်ကရပြောနိုင်သော စွမ်းရည်က တစ်နှစ်ထက်တစ်နှစ် ပိုအားကောင်းလာပေသည်။

"မစ္စတာကျန်း.. ကျုပ်တို့က စာချုပ်ဖောက်ဖျက်ကြေးအတွက် ဆွေးနွေးမှာမဟုတ်တဲ့အတွက် ခင်ဗျားကိုယ်တိုင် ကျုပ်တို့ကို တိုက်ရိုက်ရောင်းပေးပါ။ အဲဒီလိုဆိုရင်လည်း အတူတူပဲမလား"

"အဆင်ပြေသားပဲ"

ကျန်းမုန့်လောင်လည်း ပြုံးလျက် ပြောလိုက်ချေသည်။

"တစ်တန်ကို ဒေါ်လာတစ်ထောင်။ ခင်ဗျား ဘယ်လောက်လိုချင်လဲ"

"ဘာ? တစ်တန်ကို ဒေါ်လာတစ်ထောင်တဲ့လား"

"ကျုပ်တို့ကို ဓားပြလာတိုက်နေတာလား"

ကျင့်ထျန်းကျင်းလောင်နှင့် သူ့လက်ထောက်နှစ်ယောက်လည်း ဒေါသတကြီး မတ်တတ်ထရပ်လိုက်ကြသည်။ တစ်တန်လျှင် ဒေါ်လာတစ်ထောင်ဆိုသည်မှာ လက်ရှိပေါက်ဈေးထက် ဆယ်ဆကျော်ပိုများနေပေသည်။

သူတို့၏ဒေါ်လာ၂၇ဘီလီယံဖြင့်ဆိုလျှင် ကျောက်မီးသွေးတန်ချိန်သန်း၃၀ပင် မဝယ်နိုင်ချေ။

တန်ချိန်သန်း၃၀ဆိုသည်မှာ သူတို့အတွက်မူ တစ်လလောက်သာ ခံမည်ဖြစ်၏။

"ဓားပြတိုက်တယ်လို့ ပြောလိုက်တာလား။ သိပ်မရိုင်းပါနဲ့။ ကျုပ်က စီးပွားရေးသမားတစ်ယောက်လေ။ စီးပွားရေးသမားတစ်ယောက်အတွက် အမြတ်အစွန်းနည်းနည်းတော့ ရှိရမယ်မဟုတ်လား"

ကျန်းမုန့်လောင်က အခိုင်အမာထောက်ပြလိုက်သည်။

"အမေရိကန်လူမျိုးတွေက ကုန်ကျစရိတ်နှစ်ထောင်ကျော်ပဲရှိတဲ့ iPhoneတစ်လုံးကို အမေရိကန်ဒေါ်လာတစ်သောင်းနဲ့ ရောင်းချသေးတာပဲ။ အဲဒီလိုဆိုရင် လေးဆလောက် မြတ်နေပြီမဟုတ်ဘူးလား"

"ဒီကျောက်မီးသွေးရဲ့ ပျမ်းမျှစျေးနှုန်းက တစ်တန်ကို အမေရိကန်ဒေါ်လာ၃၀၀ရှိတယ်။ အဲဒါတောင် သယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်မှုအတွက် ကုန်ကျစရိတ်တွေကို ထည့်မတွက်ရသေးဘူးနော်။ တစ်တန်ကို အမေရိကန်ဒေါ်လာတစ်ထောင်နှုန်းနဲ့ ခင်ဗျားကိုရောင်းပေးတာ ဝယ်ဈေးရဲ့သုံးဆတောင်မရှိဘူး။ ကျုပ်ကို ဓားပြတိုက်တယ်လို့ ပြောရအောင် ခင်ဗျားမှာ ဘာလုပ်ပိုင်ခွင့်များရှိနေလို့လဲ"

"ပြီးတော့ အဲ့ဒီiPhoneတွေကိုတော့ ခင်ဗျား တကယ်ကြိုက်တဲ့ပုံပဲ"

"သူတို့ရဲ့ဈေးနှုန်းထဲမှာ ကုန်ကြမ်းပစ္စည်းဖိုးပဲပါတာ။ သုတေသနနဲ့ဖွံ့ဖြိုးရေး၊ ကြော်ငြာနဲ့ တခြားကုန်ကျစရိတ်တွေကို ပေါင်းလိုက်ရင် အဲဒီထက်မက ပိုများမှာ။ ဒီနှစ်ခုက ဘယ်လိုလုပ်တူမှာလဲ"

ကျင့်ထျန်းကျင်းလောင်က ပြန်ပက်သည်။

"ဒါဆို ကျုပ် သူတို့နဲ့ဖုန်းပြောပြီး ညှိနှိုင်းဆွေးနွေးရင်း ကုန်ခဲ့ရတဲ့အချိန်တွေကရော။ ကျုပ်ရဲ့အချိန်တွေ ခွန်အားတွေနဲ့ တံတွေးတွေကရော တန်ဖိုးရှိတယ်လို့ မသတ်မှတ်ဘူးလား"

"ခင်ဗျားက ကိုယ်အသာရဖို့ စကားကိုလှည့်ပြောနေတာပဲ"

"ကျုပ်အချိန်တွေက အဲဒီလောက်ပိုက်ဆံပမာဏနဲ့ ညီမျှတယ်"

ကျန်းမုန့်လောင် ဆိုလိုက်လေသည်။

"ကြိုက်ကြိုက်မကြိုက်ကြိုက်..တစ်တန်ကို ဒေါ်လာတစ်ထောင်ပဲ။ ယူချင်ယူ မယူချင်နေ။ မလိုချင်ရင် လစ်လိုက်တော့။ ကျုပ်လည်း ရောင်းမှာမဟုတ်ဘူး။ အရောင်းအဝယ်ကိုတော့ ဖိအားလာပေးလို့မရဘူးမလား"

"ကျန်းမုန့်လောင် လွန်မလာနဲ့နော်"

"ဘန်း!"

ကျန်းမုန့်လောင်က စားပွဲကိုရိုက်ချလိုက်ပြီး မတ်တတ်ထရပ်လေသည်။

"မှတ်ထားနော်။ ခင်ဗျားက တောင်းဆိုတဲ့လူ။ ဒီလိုအချိုးမျိုး လာမချိုးနဲ့။ ခင်ဗျားတို့ကိုင်ဘွန်နိုင်ငံအလံကို ဝေ့ပြရုံနဲ့ ကျုပ်က ကြောက်လိမ့်မယ်လို့ထင်မနေနဲ့"

ကျန်းမုန့်လောင်က စကားတစ်ခွန်းချင်းစီတိုင်းကို ပီပီသသပြောလိုက်၏။

"ကျုပ်မျက်လုံးထဲမှာ ခင်ဗျားက ဘာမှအရေးမပါတဲ့ အီးပေါလောကြီးတစ်ယောက်ပဲ"

***********

All Chapters