အကြွေးဆပ်ဖို့ သရုပ်ဆောင်မယ်
Vol. 23 Ch. 338
အင်ဖယ်လိုက်ခမျာ သွေးတစ်ပွက်မျှ အန်ထုတ်လုမိနီးပါးပင်။
"ပိုက်ဆံပါရင် ဘယ်သူမဆိုလာလို့ရတယ်ဆိုတာက ဘာသဘောလဲ"
ကျန်းမုန့်လောင်နှင့်တွေ့ပြီး တောင်းပန်ရန်အတွက် သူ့မှာ ဒေါ်လာတစ်ဘီလီယံကို လိုက်ချေးပြီး အသည်းအသန်စုခဲ့ရသည်။
"လက်ဆောင်ရောက်လာပြီဆိုတော့ ကျွန်တော် မစ္စတာအင်ဖယ်လိုက်ကို ထပ်ဆွဲမထားတော့ပါဘူး။ ကျွန်တော့်ကောင်မလေးကိုယ်စား ကျေးဇူးတင်ပါတယ်"
ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က တစ်ဖက်သို့လှည့်ကာ ထွက်သွားရန်ပြင်လေသည်။
"ဒုတ်"
အင်ဖယ်လိုက် ဒူးထောက်ချလိုက်လေသည်။
"မစ္စတာကျန်း ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ခင်ဗျားသာ ဒီနေ့ အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်းကို မဖျက်သိမ်းပေးဘူးဆိုရင် ကျွန်တော်လည်း သစ္စာဖောက်မှုနဲ့ ထောင်ချခံရတော့မှာ"
"အဲဒီလောက်တောင် ပြင်းထန်တာလား"
ကျန်းမုန့်လောင်က အံ့အားသင့်ချင်ယောင်ဆောင်နေလေသည်။
"ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့"
အင်ဖယ်လိုက်ခမျာ ကျန်းမုန့်လောင်၏ပေါင်နှစ်ဖက်ကို ဖက်ထားမိမတတ်ပင်။
"မစ္စတာကျန်း ကျွန်တော့်ကိုလွှတ်ပေးပါ။ ကျွန်တော် Silicon Moonlightကို ထပ်မထိရဲတော့ပါဘူး။ ကျွန်တော့်ရှယ်ယာတွေအကုန်လုံးကိုလည်း ရောင်းပြီးပါပြီ။ ကျွန်တော့်မှာ Silcion Moonlightကို ပစ်မှတ်ထားနိုင်တဲ့အစွမ်းလည်း မရှိတော့ပါဘူး။ ချေးငွေသန်းနှစ်ရာလည်း ယူခဲ့ရတယ်။ ကျွန်တော်မှားမှန်း တကယ်သိပါပြီ"
"ချေးငွေသန်းနှစ်ရာယူတာ ဒါကြောင့်လား"
ကျန်းမုန့်လောင်၏နှုတ်ခမ်းထက်တွင် အပြုံးခပ်ဖျော့ဖျော့တစ်ပွင့် ပေါ်ပေါက်လာပြီးနောက် အိုတို့ကို မျက်ရိပ်ပြလိုက်ချေသည်။
အိုတိုကလည်း ရှေ့တိုးလာပြီး သူ့ရှေ့တွင် စာရွက်စာတမ်းအထပ်လိုက်ကြီးကို ချပေးလိုက်သည်။
"ဒါက.."
အိုတိုခမျာ သူ့ရှေ့ရှိ စာရွက်စာတမ်းများကို ကြည့်လိုက်လေရာ သူကိုယ်တိုင်လက်မှတ်ထိုးပြီး ချေးငွေယူထားသည့် ထိုအွန်လိုင်းအဖွဲ့အစည်း၏ သဘောတူစာချုပ်ဖြစ်နေသည်ကို မြင်လိုက်ရသည်။
"ဒါက..ဒါက ဘယ်လိုလုပ်ပြီး ခင်ဗျားလက်ထဲကိုရောက်နေတာလဲ"
အင်ဖယ်လိုက် ကြောက်လန့်သွားရလေသည်။
"ဪ အဲဒီအဖွဲအစည်းက ကျုပ်ပိုင်တာလေ။ တိုက်ဆိုင်လိုက်တာ။ မစ္စတာအင်ဖယ်လိုက်နဲ့ ကျုပ်က ကံစပ်တာပဲ"
ငတုံးတစ်ယောက်သာ မင်းနဲ့ ကံစပ်ချင်မှာ…
အင်ဖယ်လိုက်၏စိတ်ထဲတွင် ကြောက်မက်ဖွယ်အတွေးတစ်ခု ရုတ်ခြည်းပေါ်ပေါက်လာ၏။ ချေးငွေယူရသည့်အခြေအနေအထိရောက်အောင် သူ့အား ခြိမ်းခြောက်ခဲ့ခြင်းတို့မှာ လက်တစ်ဖက်က နောက်ကွယ်မှတစ်ဆင့် အရာအားလုံးကို ထိန်းချုပ်နေသည့်အလား အဆုံးတွင်မူ အင်ဖယ်လိုက်ကို အနန္တချောက်နက်ကြီးထဲသို့ တွန်းပို့လိုက်လေပြီ။
"မင်း.. မင်း ငါ့ကို အကွက်ချခဲ့တာပဲ"
အင်ဖယ်လိုက်၏မျက်နှာကား ဒေါသနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ကြောင့် ရှုံ့တွသွားချေသည်။
"ခင်ဗျားကို အကွက်ချတာတဲ့လား။ ခင်ဗျားနဲ့တန်လို့လား"
ကျန်းမုန့်လောင်ကလည်း ပြန်ပက်၏။
"ငါ ပိုက်ဆံလိုနေတဲ့အချိန်နဲ့ မင်းတို့ရဲ့ချေးငွေကုမ္ပဏီပေါ်လာတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါတွေအားလုံးက မင်းရဲ့လက်ချက်ပဲဖြစ်ရမယ်"
"သေစမ်း။ ကျုပ်က တအားချမ်းသာနေရုံပဲ။ ပိုက်ဆံက ကျုပ်ပိုက်ဆံလေ။ ကျုပ်ဘာသာ ဘယ်နေရာမှာသုံးသုံး ခင်ဗျားနဲ့ဘာဆိုင်လဲ။ ပြီးတော့ ကျုပ်က ခင်ဗျားကို ပိုက်ဆံချေးဖို့ ဖိအားပေးခဲ့လို့လား။ အဲဒီထဲမှာ ရှင်းနေအောင်ရေးထားပြီးသား။ ခင်ဗျားကိုယ်တိုင် လိုလိုလားလားနဲ့ ချေးငွေယူခဲ့တာလေ။ ခင်ဗျားလက်မှတ်လည်း ဒီမှာရှိတယ်။ ဒါကသက်သေပဲ"
"ကောင်းပြီလေ"
အင်ဖယ်လိုက်ကမူ ထူးဆန်းစွာ ရယ်နေချေသည်။
"ငါ မင်းကို ဒီငွေတွေ မြန်မြန်ပြန်ဆပ်မယ်"
ယခုအချိန်တွင် အင်ဖယ်လိုက်၌ ဘာမှမရှိတော့သော်လည်း အစွမ်းအစတော့ ရှိသေးသည်သာ။ အချိန်သာလုံလုံလောက်လောက်ပေးပါက ချေးငွေနှစ်ဘီလီယံဆိုသည်မှာ ပြန်မဆပ်နိုင်သော ပမာဏမဟုတ်ချေ။
"စိတ်မကောင်းပါဘူး မစ္စတာအင်ဖယ်လိုက်…ခင်ဗျားကို အခုချက်ချင်း ဒီပိုက်ဆံပြန်ဆပ်ပေးစေချင်ပါတယ်"
"လာနောက်နေတာလား။ ပိုက်ဆံချေးပြီးပြီးချင်း ချက်ချင်းပြန်ဆပ်ခိုင်းတာ ဘယ်မှာရှိလို့လဲ။ စာချုပ်ထဲမှာ အဲဒီလိုရေးမထားပါဘူး"
"မစ္စတာအင်ဖယ်လိုက် ကျေးဇူးပြုပြီး စာချုပ်ထဲက နောက်ဆုံးစာကြောင်းကို သေချာကြည့်လိုက်ပါဦး"
"နောက်ဆုံးစာကြောင်းလား။ ဘယ်နောက်ဆုံးစာကြောင်းလဲ"
အင်ဖယ်လိုက်လည်း စာရွက်စာတမ်းကို စစ်ဆေးကြည့်လိုက်လေရာ ရုတ်တရက်ကြီး ထိတ်လန့်သွားရလေသည်။ အဆုံးနားတွင် စာကြောင်းတစ်ကြောင်း တကယ်ရှိနေပေသည်။
"နောက်ဆုံးအဆုံးအဖြတ်ကား အဖွဲ့အစည်း၏လက်ထဲတွင်သာ ရှိသည်"
ထိုစာကြောင်းက အလွန်ဖျော့တော့ပြီး စာလုံးများကလည်း သေးလွန်းလှသဖြင့် သေချာမစစ်ဆေးပါက မမြင်နိုင်လောက်သည့် အနေအထားမျိုးပင်။
"မင်း ငါ့ကို အကွက်ဆင်လိုက်တာပဲ"
အင်ဖယ်လိုက်က ကျန်းမုန့်လောင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်၏။
"အကုန်လုံးကို ဒီထဲမှာ ရှင်းရှင်းလင်းလင်းရေးထားတယ် မစ္စတာအင်ဖယ်လိုက်။ ခင်ဗျားက တော်တော်သတိလက်လွတ်နိုင်တာပဲ။ တစ်ယောက်ယောက်ကများ ခင်ဗျားရဲ့အကြွေးကို ပြန်ဆပ်ခိုင်းတဲ့အနေနဲ့ အသက်ကိုတောင်းလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျားအသက်တောင် ဆုံးရှုံးသွားနိုင်တယ်မဟုတ်လား"
ကျန်းမုန့်လောင်က ပြုံးရယ်လျက် ပြောလိုက်၏။
"မစ္စတာအင်ဖယ်လိုက်က လုပ်ငန်းခွင်မှာ တကယ်ကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ခင်ဗျားရဲ့လုပ်ဆောင်ရည်ကို အခြေခံပြီး နှစ်စဉ်လစာဒေါ်လာတစ်သန်းနှုန်းနဲ့တွက်ပေးမယ်။ အတိုးရော အရင်းပါ ပြန်ဆပ်ဖို့အတွက် ခင်ဗျား ကျွန်တော့်အတွက် နှစ်ပေါင်း၂၀၀အလုပ်လုပ်ပေးရမယ်။ မစ္စတာအင်ဖယ်လိုက်သာ ဒေါ်လာသန်းနှစ်ရာကို စောစောစီးစီးထုတ်ပေးနိုင်ခဲ့ရင်တော့ ကျွန်တော်တို့ဘက်ကလည်း လုပ်အားသဘောတူညီမှုစာချုပ်ကို ခပ်စောစောပယ်ဖျက်ပေးမှာပါ"
"မင်း!"
အင်ဖယ်လိုက်ခမျာ ယခုတော့ လုံးဝသေချာသွားလေပြီ။ ဤသည်မှာ ကျန်းမုန့်လောင်၏ထောင်ချောက်ပင်တည်း။
တကယ်တမ်းတွင် သူ ဘာမှမမှားခဲ့ချေ။ ချေးငွေအဖွဲ့အစည်းဟုခေါ်သော ဤအဖွဲ့အစည်းမှာ ကျန်းမုန့်လောင်၏တောင်းဆိုမှုအရ တစ်စုံတစ်ယောက်က ဝယ်ယူပေးခဲ့ခြင်းဖြစ်၏။ ကျန်းမုန့်လောင်သည် သံမဏိလူသားထံမှ ဆက်ခံထားသော ကွန်ပျူတာနည်းစနစ်များဖြင့် တစ်စုံတစ်ယောက်၏ကွန်ပျူတာကို ခိုးဝင်ရန်မှာ လွယ်ကူလွန်းလှသော ကိစ္စတစ်ရပ်ပင်။
သူသည် အင်ဖယ်လိုက်၏ပိုင်ဆိုင်မှုများကို အကဲဖြတ်ထားသည်ဖြစ်ရာ Qualcomm Electronics၏ စတော့ရှယ်ယာများ ကျဆင်းနေသည့်အခြေအနေမျိုးတွင် တစ်ဘီလီယံကို စုဆောင်းရမည်ဆိုပါက စတော့ရှယ်ယာများကို ရောင်းချရုံဖြင့် မလုံလောက်နိုင်ကြောင်း သိထားသည်။ ဘဏ်များကလည်း ယခုလိုအခြေအနေမျိုးတွင် သူ့အား ငွေချေးပေးချင်ကြမည်မဟုတ်။ သူ့အတွက် တစ်ခုတည်းသောလွတ်လမ်းမှာ အတိုးများသည့်ချေးငွေများကို ထုတ်ယူရန်ပင်။
ကျန်းမုန့်လောင်လည်း ဝက်ဘ်ဆိုက်မှတစ်ဆင့် သူ့ကွန်ပျူတာထဲသို့ ဖောက်ဝင်လိုက်သည်။ အင်ဖယ်လိုက်ကလည်း ငါးစာကို ဟပ်လိုက်သည်သာ။ ကျန်းမုန့်လောင်သည် အင်ဖယ်လိုက်ကို လွယ်လွယ်နှင့် လွှတ်ပေးလိုက်ဖို့ စိတ်ကူးလုံးဝမရှိခဲ့ပေ။
"ဒါပေါ့ မစ္စတာကအင်ဖယ်လိုက်.. ခင်ဗျား အခုချက်ချင်းထွက်သွားဖို့လည်း ရွေးချယ်နိုင်ပါတယ်"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလာလေသည်။
"ဒါပေမဲ့ မနက်ဖြန်ကျရင် ခင်ဗျားဆီကို တရားရုံးဆင့်ခေါ်စာ ရောက်လာမှာနော်။ ဒေါ်လာသန်းနှစ်ရာဆိုရင် ဘယ်နှနှစ်လောက် ကျမလဲ"
ဟွာရှားနိုင်ငံတွင် ချေးငွေပြန်မဆပ်နိုင်ခြင်းမှာ တရားမဥပဒေနှင့်သာ ငြိစွန်းသော်ငြား အမေရိကတွင်မူ ငွေကြေးပမာဏအများကြီးကို ပြန်မဆပ်နိုင်ခြင်းမှာ ထောင်ဒဏ်ကျနိုင်ပေသည်။
အင်ဖယ်လိုက်၏မျက်နှာပေါ်ရှိ ကြွက်သားများမှာ ထိန်းချုပ်၍မရနိုင်လောက်အောင် တွန့်လိမ်နေလေတော့သည်။ စီးပွားရေးလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုးလာခဲ့သည့် သူသည် အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသော ဟွာရှားလူငယ်လေးတစ်ယောက်၏လက်ချက်ဖြင့် ယခုလိုအခြေအနေအထိ ဆိုက်ရောက်လိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
"ကောင်းပြီလေ။ ငါ အလုပ်လုပ်ပြီး အကြွေးဆပ်ပေးမယ်"
အင်ဖယ်လိုက်က အံတင်းတင်းကြိတ်၍ ပြောလိုက်၏။ နှစ်ပေါင်းနှစ်ရာလောက် အလုပ်လုပ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့သော် အဆက်အသွယ်တချို့ထံမှ ပိုက်ဆံနည်းနည်းချေးယူ၍ ကျန်းမုန့်လောင်ကို စိတ်ငြိမ်အောင်လုပ်ပေးထားရန်မှာ ယခုလက်ရှိတွင် အရေးအကြီးဆုံးအရာဖြစ်၏။
"ခင်ဗျားရဲ့ကုမ္ပဏီက ဘယ်မှာရှိတာလဲ"
အင်ဖယ်လိုက်က မေးလေသည်။
"ဒါရိုက်တာအိုတို ဒီကိုလာပေးပါဦး"
ကျန်းမုန့်လောင်က မလှမ်းမကမ်းတွင် လက်ဖက်ရည်သောက်နေသော အာရှသားတစ်ယောက်ကို လှမ်းခေါ်လိုက်၏။
"ဒါရိုက်တာအိုတို"
အင်ဖယ်လိုက်၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုတို့က အထင်းသားပေါ်ပေါက်လာလေသည်။ ကျန်းမုန့်လောင်က သူ့အား ရုပ်ရှင်လောကထဲတွင် အလုပ်လုပ်ခိုင်းရန် ရည်ရွယ်ထားလေသလား။ သူက ဘာလုပ်နိုင်မှာတဲ့လဲ။ သရုပ်ဆောင်ရမှာလား။
"လာလေ မစ္စတာအင်ဖယ်လိုက်..ကျွန်တော် ခင်ဗျားကို မိတ်ဆက်ပေးမယ်။ ဒါက ကိုင်ဘွန်နိုင်ငံက နာမည်ကြီးဒါရိုက်တာအိုတိုတဲ့။ သူက အချစ်အက်ရှင်ရုပ်ရှင်တွေကို အဓိကအသားပေးပြီး ရိုက်တာလေ။ စတားတော်တော်များများကလည်း သူ့ကြောင့်ပဲ ကျော်ကြားသွားကြတာ"
အင်ဖယ်လိုက်လည်း ရုတ်ခြည်းပင် ကြက်သေသေသွားရလေသည်။
အချစ်အက်ရှင်ရုပ်ရှင်တဲ့လား။ ၎င်းမှာ ကိုင်ဘွန်နိုင်ငံ၏ အထင်ကရလုပ်ငန်းပင်မဟုတ်လော။ ကျန်းမုန့်လောင်က…
"ဒါရိုက်တာအိုတို…ဒါက ကျွန်တော် ခင်ဗျားအတွက်ရွေးထားတဲ့ သရုပ်ဆောင်ပါ။ သူ့အတွက် ရုပ်ရှင်တစ်ကားကို ဒေါ်လာတစ်သိန်းနှုန်းနဲ့ သတ်မှတ်ကြတာပေါ့။ မစ္စတာအင်ဖယ်လိုက်က နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုတော့ ဒီနှုန်းထားက သူ့အဆင့်အတန်းက ကိုက်ညီပါတယ်"
"ဟားဟားဟား..မစ္စတာကျန်း ထောက်ခံပေးတဲ့လူဆိုရင် ကျွန်တော်တို့ဘက်ကလည်း အတော်ဆုံးမင်းသမီးတွေနဲ့ တွဲပေးမှာပါ"
ဒါရိုက်တာအိုတိုက ရယ်မောလိုက်၏။
"ဒါဆို မစ္စတာကျန်း.. ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်"
"ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေပါစေ"
"ခဏနေပါဦး"
အင်ဖယ်လိုက်ခမျာ ရုတ်ခြည်းဆိုသလို စိတ်လှုပ်ရှားသွားရချေသည်။
"သရုပ်ဆောင်တဲ့လား။ အဲဒါက ဘာအဓိပ္ပာယ်လဲ"
"ဒါက ကျွန်တော် ခင်ဗျားအတွက် စီစဉ်ပေးထားတဲ့အလုပ်လေ"
"သာမန်အလုပ်တစ်ခုနဲ့သာဆိုရင် ဒီအကြွေးတွေကျေဖို့အတွက် အချိန်တွေတော်တော်ကြာမှာ မစ္စတာအင်ဖယ်လိုက်ရဲ့။ ဒါပေမဲ့ ဒီအလုပ်နဲ့သာဆိုရင် ထုတ်လုပ်မှုအရေအတွက်နဲ့ တွက်တာလေ။ ရုပ်ရှင်တစ်ကားကို ဒေါ်လာတစ်သိန်းဆိုတော့ ဒေါ်လာသန်းနှစ်ရာအတွက် ရုပ်ရှင်ကားပေါင်းနှစ်ထောင်ပဲ ရိုက်ရမှာ။ မစ္စတာအင်ဖယ်လိုက်သာ ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် တစ်နှစ်အတွင်းမှာပဲ အကြွေးကျေသွားနိုင်တယ်နော်"
"မင်း.. မင်း ငါ့ကို ဒီလိုရုပ်ရှင်မျိုးတွေ လာရိုက်ခိုင်းနေတာလား"
အင်ဖယ်လိုက်ခမျာ အလိုလိုနောက်ပြန်ဆုတ်လိုက်မိသည်။ တစ်နှစ်ကို ရုပ်ရှင်ကားပေါင်းနှစ်ထောင်ရိုက်ဖို့ဆိုသည်မှာ သူ့အသက်အရွယ်နှင့်ဆိုလျှင် ရိုက်ကွင်းထဲမှာပင် အသက်ထွက်သွားနိုင်သည်။
"မရဘူး။ ငါ ဒီလိုအလုပ်မျိုးကို လုံးဝလက်မခံနိုင်ဘူး"
"အဲဒါကို ခင်ဗျားဆုံးဖြတ်လို့မရဘူး"
ကျန်းမုန့်လောင်က စာချုပ်ကို တစ်ဖန်မြှောက်ပြလိုက်ပြန်သည်။
"ကုမ္ပဏီဘက်ကသာ ဆုံးဖြတ်ချက်ချခွင့်ရှိတာ။ အဓိပ္ပာယ်ကတော့ ကျုပ်ပေါ့လေ။ အခုလက်ရှိမှာ ဒီအလုပ်တစ်ခုတည်းပဲရှိတယ်။ ဒီတော့…"
ကျန်းမုန့်လောင်က နတ်ဆိုးဆန်သော အပြုံးတစ်ပွင့်ကို လှစ်ဟပြသလိုက်ချေသည်။
"မစ္စတာအင်ဖယ်လိုက်.. ခင်ဗျားရဲ့အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့အတွက် ရုပ်ရှင်တွေမှာ သရုပ်ဆောင်ဖို့ အသင့်ပြင်ထားပေတော့"
*********