← Chapters

ငါ မင်းကို သွေးဘားသုံးခုအကျောပေးမယ်

Vol. 23 Ch. 343

ငါ မင်းကို သွေးဘားသုံးခုအကျောပေးမယ်

Vol. 23 Ch. 343

"မဖြစ်နိုင်ဘူး။ ဒါက လုံးဝမဖြစ်နိုင်ဘူး"

လော့လင်ခမျာ တစ်ခဏတွင်းချင်းမှာပင် ကြက်တူရွေးတစ်ကောင် ဖြစ်သွားသလိုပင်။ လက်လှုပ်ရှားမှုများပါ ရပ်တန့်သွားလေသည်။

Street Fighterသမိုင်းတွင် တစ်ဆက်တည်းဖြင့် စကေး၁၃ခုကို ကာကွယ်နိုင်ခဲ့သည့်အဖြစ်မျိုး ရှိခဲ့ဖူးသော်လည်း ယခုလို အကြိမ်ရေများစွာ ကာကွယ်နိုင်ခြင်းမှာမူ ရှားပါးလှသည်။

လွန်ခဲ့သောခြောက်နှစ်က Street Fighterကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် ကိုင်ဘွန်လူမျိုး ဒါအီဂိုအုမဲဟာရနှင့် အမေရိကန်တရုတ်ကပြားဂျက်စတင်တို့ ဗိုလ်လုပွဲစဉ်တွင် ယှဉ်ပြိုင်ခဲ့ကြစဉ်ကပင်။

ပွဲစသည်နှင့် ဂျက်စတင်၏ "ချန်းလီ"ဇာတ်ကောင်က ဒါအီဂို၏ "ကန်"ဇာတ်ကောင်ကို သွေးဘားအနည်းငယ်သာကျန်တော့သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်။ အစောပိုင်းတုန်းက ကျန်းမုန့်လောင်၏အဖြစ်နှင့် ဆင်တူလှ၏။ မည်သည့်တိုက်ခိုက်မှုမျိုးမဆို ထိမှန်လိုက်ပါက ဒါအီဂိုဟာ ရှုံးနိမ့်တော့မည်ဖြစ်၏။

ထိုအချိန်တွင် ဂျက်စတင်ထံ၌ သွေးဘားသုံးပုံတစ်ပုံသာ ကျန်တော့သည်ဖြစ်ရာ ကမ္ဘာ့အဆင့်မီကစားသမားတစ်ဦးအတွက် အနိုင်ရဖို့ သေချာနေသည့် အခြေအနေမျိုး ဖြစ်ခဲ့သည်။

ပွဲကြည့်ပရိသတ်များ၏ အားပေးသံများအကြား ဂျက်စတင်သည် ချွန်းလီ၏ အထင်ကရအကွက်တစ်ခုဖြစ်သော "Spinning Bird Kick"ကို အသုံးပြုခဲ့သည်။ ဤစကေးတွင် ၁၄ချက်ဆက်တိုက် အနီးကပ်တိုက်ခိုက်မှုများပါဝင်ပြီး တစ်ဟုန်ထိုးပြေးလွှားကာ ကန်ချက်တစ်ချက်ဖြင့် အားဖြည့်လိုက်ချိန်တွင်မူ ပြိုင်ဘက်ကို လေထဲသို့ လွင့်ထွက်သွားစေသည်။ ဤComboအတွင်း တိုက်ခိုက်မှုတစ်ခုချင်းစီ၏ စည်းချက်မှာ ကြိုတင်မှန်းဆရန် မဖြစ်နိုင်ပေ။

သီအိုရီအရဆိုလျှင် Street Fighterတွင် မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံရေးစနစ်ဖြင့် ကာကွယ်နိုင်သော်လည်း လက်တွေ့တွင်မူ ဤကဲ့သို့ ကာကွယ်နိုင်ရန် အလွန်ခက်ခဲလှသည်။ ဤအတွဲလိုက်တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက် တိုက်ခိုက်မှုတစ်ခုချင်းစီ၏ ထူးခြားသောလက္ခဏာနှင့် အချိန်ကိုက်ကို အတိအကျ ထိန်းချုပ်နိုင်ရပေမည်။

ထို့နောက်တွင်မူ Esportsသမိုင်း၌ ဂန္တဝင်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ League of Legendsဂိမ်းတွင် "လီ"အမည်ရှိသော ကစားသမားတစ်ဦးက "Zed"ဇာတ်ကောင်ဖြင့် သွေးအနည်းငယ်သာကျန်တော့သည့် အချိန်တွင် အံ့ဖွယ်ကောင်းစွာ အနိုင်ရခဲ့သည့် နာမည်ကျော်ဖြစ်ရပ်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

အံ့သြဖွယ်ကောင်းစွာပင် ဒါအီဂိုသည် သွေးအနည်းငယ်သာကျန်တော့သည့်အချိန်တွင် ပြိုင်ဘက်၏တိုက်ခိုက်မှု၁၅ချက်ကို ဆက်တိုက်ကာကွယ်နိုင်ခဲ့ပြီး အံ့ဖွယ်ကောင်းစွာ တန်ပြန်အနိုင်ရရှိခဲ့သည်။

ဤသည်မှာ ဘာကိုဆိုလိုသလဲ။

ဤကဲ့သို့သောကာကွယ်မှုမှာ ပြိုင်ဘက်၏တိုက်ခိုက်မှု ကျရောက်မလာခင် 7frameအတွင်းသာ အကျုံးဝင်သည်။ ဤဂိမ်း၏ နည်းပညာဆက်တင်များအရ တစ်စက္ကန့်လျှင် 60 framesဖြစ်သောကြောင့် 7 framesဆိုသည်မှာ ၀.၁၁၆စက္ကန့်သာရှိသည်။

ဆိုလိုသည်မှာ ဂျက်စတင်ဘက်က တရစပ်တိုက်ခိုက်သည့်အခါ ဒါအီဂိုတွင် တုံ့ပြန်ကာကွယ်ရန်အတွက် ၀.၁၁၆စက္ကန့်သာ အချိန်ရှိပြီး နောက်သုံးစက္ကန့်မှ ငါးစက္ကန့်အတွင်း ဤကဲ့သို့သောတုံ့ပြန်မှုမျိုးကို ၁၅ကြိမ်လောက် ထပ်ခါတလဲလဲလုပ်ဆောင်ရပေလိမ့်မည်။

ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက်တွင်ပင် ဤဒဏ္ဍာရီဆန်လှသောဗီဒီယိုမှာ အင်တာနက်ပေါ်တွင် မူကွဲမျိုးစုံဖြင့် ကြည့်ရှုသူပေါင်း ဘီလီယံနှင့်ချီ၍ ရှိနေဆဲပင်။ Esportsအသိုင်းအဝိုင်းတွင် ဤအခိုက်အတန့်ကို "EVO moment"ဟု သမုတ်ထားကြသည်။

ဆယ်စုနှစ်များစွာ ကြာပြီးသည့်တိုင် Street Fighterအသိုင်းအဝိုင်းတွင် ဤကဲ့သို့ဒဏ္ဍာရီဆန်သည့် အံ့ဖွယ်လုပ်ဆောင်ချက်မျိုးကို မည်သူမျှ ပြန်လည်မတုပနိုင်သေးပေ။ ဒါအီဂိုကိုယ်တိုင်ပင် မလုပ်ဆောင်နိုင်ခဲ့ပေ။

ကျန်းမုန့်လောင်၏ ၁၃ချက်ဆက်တိုက်ကာကွယ်မှုမှာ ဒါအီဂို၏စံချိန်ထက် နည်းနေသော်လည်း ကွာဟချက်မှာမူ သိပ်မများလှပေ။ ပထမဆုံးတစ်ကြိမ် ကာကွယ်လိုက်နိုင်ခြင်းကို ကံကောင်းသည်ဟု ဆိုနိုင်သော်လည်း ၁၃ချက်ချက်စလုံး ပြီးပြည့်စုံစွာကာကွယ်နိုင်ခြင်းမှာမူ ကံကောင်းမှုတစ်ခုတည်းဖြင့် ရှင်းပြ၍မရနိုင်ပေ။

"လာလေ ဆက်လုပ်စမ်းပါ"

ကျန်းမုန့်လောင်က လော့လင်ကို လက်ဟန်ပြလိုက်သည်။

"ဒီမှော်အတတ်ကို ငါမယုံဘူး"

လော့လင်က ပြန်လည်တိုက်ခိုက်ရန် စိတ်အားထက်သန်လာသော်လည်း ကျန်းမုန့်လောင်ကမူ ဆက်ရန်စမည့် အရိပ်အယောင်မရှိတော့ဘဲ အံ့ဖွယ်ကောင်းသော သူ့ကာကွယ်ရေးစကေးများကိုသာ ထပ်မံပြသခဲ့သည်။

ဤတစ်ကြိမ်တွင်မူ လော့လင်၏ ချွန်းလီဇာတ်ကောင်က သူ့အမှတ်သညာဖြစ်သော ၁၃ချက်ဆက်တိုက်တိုက်ခိုက်မှုကို ထုတ်လိုက်လေသည်။ အကောင်းဆုံးအခြေအနေမျိုးတွင် သူသည် ၄၁ချက်အထိ တိုက်ခိုက်နိုင်သည်။ ဤကဲ့သို့သော ဆက်တိုက်တိုက်ခိုက်မှုမျိုးမှာ သွေးဘားနှစ်ခုလုံးကို ကုန်ခမ်းသွားစေသည်။ ဤမြင်ကွင်းကား ကစားသမားနှစ်ဦးကြားတွင် စကေးကွာဟချက်ကြီးမားမှသာ တွေ့မြင်ရလေ့ရှိသည်။

ကျန်းမုန့်လောင်ထံမှ လှုံ့ဆော်ခံလိုက်ရသည့်အလား လော့လင်ကလည်း နတ်ဘုရားအဆင့် လုပ်ဆောင်ချက်များကို ပြသလာသည်။

"၃၇ ၃၈ ၃၉...၄၅"

အံ့ဖွယ်ကောင်းသော ၄၅ချက်ဆက်တိုက်တိုက်ခိုက်မှုမှာ Street Fighterသမိုင်းရှိ အမြင့်ဆုံးစံချိန်ကို ချိုးနိုင်လိုက်ပေသည်။

သွေးဘားကုန်သွားသည်နှင့် ပြိုင်ပွဲလည်း ပြီးဆုံးပြီဖြစ်သောကြောင့် ဆက်လက်တိုက်ခိုက်ရန်မှာ အလွန်ခက်ခဲလှသည်။ ကမ္ဘာ့အဆင့်ကစားသမားများသာ ထိုသို့စွမ်းဆောင်နိုင်ချေသည်။ ဤသည်မှာ တစ်ဖက်လူအပေါ် မလေးစားရာရောက်သော အပြုအမူဖြစ်သည့်အတွက် ပုံမှန်အားဖြင့် ရှောင်ကြဉ်လေ့ရှိသည်။ ၄၅ချက်ဆက်တိုက်တိုက်ခိုက်ခြင်းမှာ အလွန်ကြောက်ဖို့ကောင်းသော ပမာဏပင်။

"ဒါက..ဒါကတော့ များလွန်းသွားပြီ"

"ဘုရားရေ ဒါက လူရောဟုတ်သေးရဲ့လား"

"သူ့မျက်လုံးနဲ့ အာရုံကြောတွေက ဘယ်လိုအလုပ်လုပ်တာလဲဟ"

ကျန်းမုန့်လောင်ကလည်း ထို၄၅ချက်စလုံးကို ကာကွယ်နိုင်ခဲ့ပြီး ၁၅စက္ကန့်ကြာအောင် ထိန်းချုပ်ထားနိုင်ခဲ့သည်မှာ လူသားတစ်ယောက်၏လုပ်နိုင်စွမ်းကို ကျော်လွန်နေပေသည်။

"သူ့ရဲ့APMက ၃၅၀ကျော်လောက်မယ်"

"သေစမ်း။ ငါ မှတ်တမ်းမတင်ထားလိုက်ရဘူး။ အဲဒါကိုသာ ဗီဒီယိုရိုက်တင်လိုက်ရင် ဒီလောကထဲမှာ ငါ နာမည်ကြီးသွားမှာပဲ"

"ဒီတော့ မစ္စတာကျန်းက ပုန်းနေတဲ့ Esportsမာစတာတစ်ယောက်ပဲ"

"မစ္စတာကျန်းက Esportsလောကမှာ ပြိုင်ဘက်မရှိလို့ ကမ္ဘာ့အချမ်းသာဆုံးလူအဖြစ် အနားယူလိုက်တာပဲဖြစ်မယ်"

...

"မင်းက ဘာတွေငိုင်နေတာလဲ။ ပွဲမပြီးသေးဘူးကွ"

ကျန်းမုန့်လောင်၏လက်များက ထိန်းချုပ်စက်ပေါ်တွင် အလျင်အမြန်လှုပ်ရှားနေရင်း အကာအကွယ်ကို ထိုးဖောက်ကာ "နဂါးဖောက်ခွင်းရေး"အကွက်ဖြင့် လော့လင်၏ သွေးဘားကို လုံးဝကုန်ဆုံးသွားစေခဲ့သည်။

သို့သော် ပွဲကတော့ မပြီးသေးပေ။ တရစပ်တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်။

၁၂ ၁၃ ၁၄ …၂၇ ၂၈..၅၂ ၅၃…၇၁!

စုစုပေါင်းတရစပ်တိုက်ခိုက်မှု ၇၁ချက်ပင်။

"KO!"

"သေလိုက်ပါတော့..တရစပ်တိုက်ခိုက်မှု၇၁ချက်ကွ"

"သူက noobမဟုတ်ဘူးနော်။ နိုင်ငံအဆင့်ချန်ပီယံတစ်ယောက်ပဲ"

"ဒီအစွမ်းကြီးက ကြောက်ဖို့ကောင်းလိုက်တာ.. နိုင်ငံအဆင့်ချန်ပီယံနဲ့ကစားနေတာတောင် နိုင်ငံအဆင့်ချန်ပီယံက Noobတစ်ယောက်နဲ့ ကစားနေသလို လုပ်ပြသွားနိုင်တာပဲ"

"အရမ်းကြမ်းတာပဲ။ မစ္စတာကျန်းက ခုနတုန်းက သူတို့နှစ်ယောက်ကို ညံ့တယ်လို့ပြောတာ မထူးဆန်းတော့ပါဘူး။ သူက သူတို့ထက် အပြတ်အသတ်ကိုသာနေတာ။ သူတို့ကို ညံ့တယ်လို့ပြောတာကတင် မျက်နှာသာပေးရာကျနေပြီ"

"ဒါဆို ငါတို့ကရော ဘာတွေလဲ"

"အမှိုက်တွေလား။ အသုံးမကျတဲ့အမှိုက်လား။ ငါတို့က ဘာလဲ"

...

"ငါမယုံနိုင်ဘူး။ သွေးဘားနှစ်ခုရှိတာတောင် ခင်ဗျားရဲ့ သွေးနည်းနည်းလေးကို မဖြိုနိုင်ဘူးပေါ့"

လော့လင်၏မျက်နှာကား ရှုံ့မဲ့နေချေသည်။

စတုတ္ထမြောက်ပွဲစဉ်ကား ချက်ချင်းစတင်လိုက်၏။ လော့လင်ဘက်က လက်ဦးမှုရယူရန် ကြိုးစားလိုက်ပါသော်ငြား ကျန်းမုန့်လောင်၏အကွက်များက ပိုမြန်နေခဲ့သည်။ လော့လင်က အကွက်တစ်ခုလုံးကို ထုတ်မသုံးရသေးခင်မှာပင် ကျန်းမုန့်လောင်က သူ့အား နဂါးဖြိုခွင်းလက်သီးချက်ဖြင့် ပစ်ခွင်းကာ သူ့သွေးဘားကို ကုန်စင်သွားအောင် လုပ်လိုက်ပြီးနောက် အစမှ အဆုံးထိတိုင် သူ့အား ဘာမှတုံ့ပြန်ခွင့်မပေးခဲ့ချေ။

"လာစမ်းပါ။ မင်းကို ငါ နောက်ဆုံးအခွင့်အရေးတစ်ခု ထပ်ပေးမယ်"

ကျန်းမုန့်လောင်က နောက်ဆုံးပွဲစဉ်စတင်ချိန်တွင် ပြုံးပြုံးလေး ဆိုလာလေသည်။

ဤတစ်ကြိမ်တွင်မူ ကျန်းမုန့်လောင်က ဘာမှမလုပ်ဘဲ လော့လင်၏တရစပ်တိုက်ခိုက်မှုများကိုသာ ခံယူနေခဲ့သည်။ သို‌့သော် လော့လင်၏တိုက်ခိုက်မှုများအားလုံးကို ကာကွယ်နိုင်ခဲ့သဖြင့် လော့လင်ခမျာ စိတ်ပျက်အားငယ်သွားရလေတော့သည်။ ကျန်းမုန့်လောင်၏ကာကွယ်မှုများမှာ ကွန်ပျူတာတစ်လုံးကဲ့သို့ တိကျပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။

"ကဲ အချိန်ကျပြီ"

ကာကွယ်စရာနေရာနည်းနည်းသာ ကျန်တော့သည့်အတွက် ကျန်းမုန့်လောင်၏လက်နှစ်ဖက်ကလည်း မြန်နှုန်းနှစ်ဆဖြင့် လှုပ်ရှားလေတော့သည်။ အခြေအနေကား ခံစစ်မှ တိုက်စစ်ဘက်သို့ ရုတ်တရက်ပြောင်းလဲသွားလေတော့သည်။ အားပြင်းလှသော ကန်ချက်တစ်ချက်က ခုခံမှုကို ထိုးဖောက်လိုက်ပြီးနောက် ၆၆ချက်တရစပ်တိုက်ခိုက်မှုတစ်ခုဖြင့် ပွဲစဉ်ကိုအဆုံးသတ်ပစ်လိုက်သည်။

"မင်း မြင်လိုက်လား။ မစ္စတာကျန်းရဲ့ထိန်းချုပ်မှုက ကာကွယ်နေရင်းနဲ့တောင် တိုက်ခိုက်နိုင်တယ်"

"အဲဒီတိုက်ခိုက်မှုတွေကြားက ကွာဟချက်က 12 Frameပဲရှိတယ်။ မစ္စတာကျန်းက ၀.၂စက္ကန့်အတွင်း ကာကွယ်တာရော တိုက်ခိုက်တာရော လုပ်သွားတာ။ အဲဒီထိန်းချုပ်မှုရဲ့ ခက်ခဲမှုနဲ့အရှိန်က အစောပိုင်းကထက် အနည်းဆုံးနှစ်ဆပိုများတယ်"

"မစ္စတာကျန်းရဲ့APMက ဘယ်လောက်မြင့်လဲဆိုတာ မှန်းကြည့်လိုက်"

"အဲဒါတော့ အတပ်မပြောနိုင်ဘူး။ ဒါပေမဲ့ ၄၀၀တော့ကျော်မယ်ထင်တယ်။ ဟုတ်တယ်မလား"

"အမလေး.. ကမ္ဘာပေါ်မှာ APM ၄၀၀ကျော်တဲ့လူ ရှိလို့လား"

"ရှိတာပေါ့။ The King's Avatarကို ဖတ်ဖူးလား။ ယဲ့ချိုးလုပ်နိုင်တယ်"

"ဟားဟားဟား ..ဝတ္ထုထဲကဇာတ်ကောင်တွေကို ထည့်မတွက်ဘူးလေ"

...

"ယုံပြီလား"

ကျန်းမုန့်လောင်က ထိန်းချုပ်စက်ကို ချလိုက်ပြီးနောက် လော့လင်ကို ပြုံးပြုံးလေးကြည့်လိုက်လေသည်။

လော့လင်ခမျာ ခေါင်းငိုက်စိုက်ချ၍ တိတ်ဆိတ်နေချေသည်။ သူ့စိတ်အစဉ်ကလည်း ကျန်းမုန့်လောင်ဘက်က ထို၄၅ချက်စလုံးကို ကာကွယ်နိုင်ပြီးကတည်းက ပြိုလဲသွားခဲ့ပေသည်။

"မင်းရော စမ်းကြည့်ပါလား"

ကျန်းမုန့်လောင်က ဝေ့ဝေ့ဟိုင်ကိုကြည့်လိုက်၏။

"အပေးအယူက အတူတူပဲ။ ငါ့ကိုနိုင်ရင် တစ်နှစ်ဝင်ငွေငါးသန်း"

"ကျွန်တော်..ကျွန်တော်.."

ဝေ့ဝေ့ဟိုင်ခမျာ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရှာသည်။ သူ့စကေးများမှာ လော့လင်နှင့် အတူတူပင်။ အကယ်၍ လော့လင်သာ ထိုအတိုင်းအတာအထိ အနိုင်ပိုင်းခံခဲ့ရလျှင် သူက မည်သို့များ ပိုသာနိုင်မည်နည်း။

"သိပ်ကြောက်မနေပါနဲ့"

ကျန်းမုန့်လောင်ကလည်း မခံချိမခံသာဖြစ်အောင် ပြောလာလေသည်။

"ငါက တအားတော်လွန်းနေတယ်လို့ ထင်ရင်လည်း ငါ မင်းကို သွေးဘားသုံးခုအကျောပေးမယ်လေ"

***********

All Chapters