← Chapters

တိုက်ပွဲကိုရပ်နိုင်မဲ့နည်းလမ်းက နှစ်ဖက်စလုံးကို သတ်ပစ်ဖို့ပဲ

Vol. 24 Ch. 346

တိုက်ပွဲကိုရပ်နိုင်မဲ့နည်းလမ်းက နှစ်ဖက်စလုံးကို သတ်ပစ်ဖို့ပဲ

Vol. 24 Ch. 346

"Cheatsသုံးတာ မဖြစ်နိုင်ဘူး"

နည်းပြက ချက်ချင်းမတ်တတ်ထရပ်လိုက်ပြီး အော်ပြောလိုက်၏။

"ငါ လူတိုင်းရဲ့ကွန်ပျူတာထဲမှာ အာရုံခံစနစ်တွေ တပ်ထားတယ်။ Cheatsသုံးရင် ကွန်ပျူတာက အပြာရောင်မျက်နှာပြင်ကို ထုတ်ပြမှာ"

"ဒါဆို သဘောက... သေစမ်း"

"ကိုယ့်လူတို့..မှော်ဆရာတစ်ယောက် လှုပ်ရှားနေတာကို လာကြည့်ကြဟေ့"

"လေ့ကျင့်နေတာ ရပ်လိုက်တော့။ အားလုံးပဲ လေ့ကျင့်နေတာကို ရပ်လိုက်ကြ။ ဘော့စ်ကျန်းရဲ့ပြပွဲကို သွားကြည့်ကြ"

ခေါ်သံကိုကြားသောအခါ အခြားEsportsအသင်းမှ ကစားသမားများကလည်း သူတို့၏လေ့ကျင့်ရေးအခန်းထဲမှ ကပျာကယာထွက်လာခဲ့ကြပြီး လေ့ကျင့်ရေးခန်းမကြီးထဲသို့ အပြေးသွားကြလေတော့သည်။

ထိုအချိန်တွင် ကိရိယာအသစ်ကို တပ်ဆင်ထားသော ကျန်းမုန့်လောင်က အခြားအသင်းနှစ်သင်းရောက်အလာကို စောင့်ဆိုင်းနေသည့် မုဆိုးတစ်ယောက်အလားပင်။

"သူတို့ဘယ်ရောက်သွားတာလဲ"

တိုက်ပွဲဖြစ်ပွားထားသောနေရာသို့ ထိုအသင်းနှစ်သင်းရောက်လာချိန်တွင် သေတ္တာအလွတ်လေးခုသာ ကျန်တော့သည်။

"ဘန်း!"

ကျယ်လောင်လှသော ဆူညံသံတစ်သံ ထွက်ပေါ်လာပြီးနောက် လူအုပ်ထဲရှိ ကစားသမားတစ်ယောက်မှာ မြေပြင်ပေါ်သို့ လဲကျသွားချေသည်။

"W140 ဘယ်ဘက်ကို"

ကျွမ်းကျင်ကစားသမားများ ဖြစ်ကြသည့်အတွက် သေနတ်သံကြားရာ တည်နေရာကို ချက်ချင်းဆိုသလို အတည်ပြုနိုင်လိုက်လေသည်။

သို့သော် ထိုအချိန်မှာပင် ကျန်းမုန့်လောင်က သူ့စနိုက်ပါရိုင်ဖယ်ကို အစောပိုင်းက AK47နည်းတူ ခပ်ကြမ်းကြမ်းရိုင်ဖယ်တစ်လက်နှင့် အစားထိုးလိုက်ပြီးဖြစ်၏။

"ခေါင်မိုးပေါ်မှာ"

သို့သော် အချိန်ကား နောက်ကျသွားလေပြီ။

"ဒိုင်းဒိုင်းဒိုင်း..."

သေနတ်သံ၁၂ချက်ထွက်ပေါ်လာပြီးနောက် ခေါင်းဆောင်းခြောက်ခုလည်း လွင့်ထွက်သွားချေသည်။ လေးယောက်အဖွဲ့တစ်ဖွဲ့လည်း သေတ္တာလေးလုံးအဖြစ် ရုတ်ခြည်းပြောင်းလဲသွားချိန်ဝယ် ကျန်းမုန့်လောင်ကတော့ အကာအကွယ်နောက်သို့ ခပ်မြန်မြန်ပြန်ဝင်သွားပေသည်။

"သေစမ်း.. အဲဒါကြီးက အရမ်းမိုက်တာပဲ"

"ဒါက ဒဏ္ဍာရီတစ်ပါးပဲ။ ကျည်တစ်တောင့်မှ အလကားဖြစ်မသွားဘူး"

"ဒီတွက်ချက်နိုင်စွမ်းကို လူသားတစ်ယောက်က တကယ်လုပ်နိုင်မှာတဲ့လား"

"ငါ ဘော့စ်ကျန်းရဲ့လက်တွေကိုကြည့်နေတာ။ သူ ပြန်ကန်အားကို ဘယ်လိုထိန်းချုပ်လဲဆိုတာ ငါ မြင်တောင်မမြင်ရဘူး"

"ခဏနေဦး မင်းတို့တွေ"

နည်းပြက ရုတ်တရက်ဆိုသလို ဘေးသို့ပြေးသွားပြီး ကွန်ပျူတာတစ်ခုကို ဆွဲယူလိုက်သည်။

"မင်းတို့ရဲ့ကွန်ပျူတာတွေက အထူးသီးသန့်တည်ဆောက်ထားတာ။ စနစ်ကတစ်ဆင့် ဂိမ်းကစားနေရင်း မင်းတို့ရဲ့APMကို စစ်ဆေးကြည့်လို့ရတယ်။ ဘော့စ်ကျန်းရဲ့APMက ဘယ်လောက်ရောက်နေပြီလဲဆိုတာ ငါ ကြည့်မှဖြစ်မယ်"

နည်းပြက စနစ်ကိုဖွင့်၍ မကြာသေးခင်က မှတ်တမ်းကို ဆွဲထုတ်လိုက်၏။ ကိန်းဂဏန်းကို သူမြင်လိုက်ရချိန်မှာတော့ အလိုလိုအသက်ပြင်းပြင်းရှူလိုက်မိသည်။

"နည်းပြ ဘယ်လောက်တဲ့လဲ။ ပြောစမ်းပါဗျာ"

"ဟုတ်တယ် နည်းပြရွှယ်.. APMက ဘယ်လောက်တဲ့လဲ"

ကစားသမားများအားလုံးမှာ အလွန်သိချင်နေကြ၏။

"၀.၈စက္ကန့်အတွင်း ဘော့စ်ကျန်း ရန်သူလေးယောက်ကိုသတ်တဲ့နှုန်းက AMP 480ရှိတယ်"

"ခုနတုန်းက အကွက်ကတော့ APM 572ရှိတယ်"

"ဟစ်"

"သေစမ်း"

"ဒီလိုAPMရဖို့ ဘယ်နှနှစ်လောက် Soloလေကျင့်ထားရမှာပါလိမ့်"

"ကမ္ဘာပေါ်မှာ အဲဒီလောက်မြင့်တဲ့ APMရော ရှိနိုင်ရဲ့လား။ ဒါက ဘာအကူမှမသုံးဘဲ အကုန်လုပ်သွားတာ"

"ဒါက ဒဏ္ဍာရီလာသေနတ်သိုင်းများလား"

"နှမြောစရာပဲ။ တစ်ယောက်က လွတ်သွားသေးတယ်"

"ဘာကိုလွတ်သွားတာလဲ။ ဘော့စ်ကျန်းပြုံးနေတာကို မမြင်ဘူးလား"

"အဲဒီအပြုံးက… ငါ ဘာလို့ကြက်သီးထနေတာပါလိမ့်"

"ဘော့စ်ကျန်းက သူ့ကို တမင်လွှတ်ပေးလိုက်တာလို့ ငါသံသယဖြစ်မိတယ်"

"ယုံကြည်မှုရှိစမ်းပါ။ သံသယဖြစ်မိတယ်ကိုဖြုတ်လိုက်"

...

"ဘာတွေဖြစ်နေတာလဲ။ ဟွာရှားလူမျိုးတွေက Cheatsသုံးထားတာလား"

"မြန်မြန်လုပ်.. ပွဲစီစဉ်သူတွေကို မြန်မြန်တိုင်ကြားလိုက်။ ငါတို့ ဟွာရှားလူမျိုးတွေရဲ့အပြင်အဆင်ကို စစ်ဆေးဖို့တောင်းဆိုမယ်"

"ခေါင်းဆောင်..ပြိုင်ပွဲဝန်ဆောင်မှုဧရိယာရဲ့ စီမံခန့်ခွဲသူက အကြောင်းပြန်လာပါတယ်။ ပြိုင်ဘက်အသင်းရဲ့စနစ်မှာ ဘာပြဿနာမှမရှိပါဘူးတဲ့"

"ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ AKတစ်လက်နဲ့ စုစုပေါင်းကျည်၁၂ချက်ပစ်တာ ခေါင်းတွေအားလုံးကိုမှန်တယ်တဲ့။ အဲဒါကလည်း တစ်နေရာစီမှာရှိနေတဲ့ လူခြောက်ယောက်နော်။ ဒါက Cheatsသုံးထားတာမဟုတ်ဘူးလား"

"ဒါပေမဲ့ ပြိုင်ပွဲဆာဗာတွေအားလုံးက ပွဲစီစဉ်သူတွေရဲ့ ထိန်းချုပ်မှုအောက်မှာချည်းပဲလေ။ သူတို့ဘက်က ဘာဟာကွက်မှမရှိပါဘူး"

"ဟွာရှားလူမျိုးထဲမှာ ကြောက်ဖို့ကောင်းတဲ့ကစားသမားတစ်ယောက် ထွက်ပေါ်လာတာလား"

...

ထိုအချိန်တွင် အသင်းသုံးသင်းထဲမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်နေသူက နံရံတစ်ခုနောက်တွင် ပုန်းနေပြီး သူ့အသင်းဖော်များကမူ သူ့ဆီကိုလာရန် ကြိုးစားနေကြပေသည်။

"သေစမ်း..ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကိုင်ဘွန်ကစားသမားခမျာ ချွေးဒီးဒီးကျနေပြီး ဟွာရှားကစားသမား ပုန်းနေသောနေရာသို့ ကြည့်နေလေသည်။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ပွဲကို လက်စသတ်ရန်အတွက် သူ နောက်ထပ်ဆက်မပစ်တော့ပေ။

"ငါ့ကို အရင်ဆွဲတင်ပေး"

အခြားကိုင်ဘွန်ကစားသမားတစ်ယောက်က ပြောလာလေသည်။

"ငါ မင်းကိုလမ်းညွှန်ပေးမယ်။ ငါ့ကို ဆွဲတင်ပေး"

"ကောင်းပြီ"

စက္ကန့်အနည်းငယ်ကြာသောအခါ လဲကျနေသော ကိုင်ဘွန်ကစားသမားတစ်ယောက်ကို အသင်းဖော်တစ်ယောက်က ကယ်တင်လိုက်ပြီးနောက် သွေးပြန်ဖြည့်ရန်အတွက် ဆေးသောက်ရန် စီစဉ်လိုက်သည်။

"ဖွီး"

ဝှစ်ခနဲအသံတစ်သံထွက်ပေါ်လာပြီးနောက် မြားတစ်စင်းက သူ့တင်ပါးကို လာစိုက်နေကာ တစ်စတစ်စလျော့ပါးနေသော သူ့သွေးများမှာ တစ်ဖန်ကုန်ဆုံးသွားပြန်လေသည်။

"အဲဒီဟွာရှားလူမျိုးက ထောင့်နားကနေ မြားနဲ့လှမ်းပစ်နေတာ"

"အိမ်ထဲကိုဝင်..အိမ်ထဲကိုဝင်"

"ဝှစ်"

နောက်ထပ်မြားတစ်စင်း ပျံသန်းလာပြီးနောက် သူ၏ဂန္ဓမာပန်းဧရိယာနားကို တိတိကျကျထိမှန်ကာ လဲကျနေသော ကိုင်ဘွန်ကစားသမားတစ်ယောက်ကို သတ်ပစ်လိုက်လေတော့သည်။

"ဖောက် ဖောက်"

နောက်ထပ်မြားနှစ်စင်း ထပ်ရောက်လာပြီး လဲကျနေသော နောက်ကစားသမားနှစ်ယောက်ကို ထိမှန်ပြန်သည်။

"ဟားဟားဟား မကောင်းဆိုးဝါးပဲ။ သူက တကယ့်ကို မကောင်းဆိုးဝါးပဲ"

"အပျက်အစီးတော့မများပေမဲ့ တော်တော်အရှက်ကွဲတာပဲ။ ဘော့စ်ကျန်းက တစ်ယောက်တည်းကိုပဲ ဘာလို့အသက်ရှင်ခွင့်ပေးထားလဲဆိုတာ ငါ နားလည်သွားပြီ"

"ဘန်း"

ကိုင်ဘွန်ကစားသမားခမျာ တံခါးကို ဆောင့်ပိတ်ချလိုက်ပြီးနောက် ကျန်းမုန့်လောင်ရှိနေခဲ့သော အခန်းထဲသို့ ‌ပြေးဝင်ကာ ပတ်ဝန်းကျင်ကို သတိကြီးကြီးထား၍ အကဲခတ်နေချေသည်။

"မင်းရဲ့လက်နက်တွေအားလုံးကို ပစ်ချလိုက်။ အဝတ်အစားတွေနဲ့ဘောင်းဘီတွေကိုရော ချွတ်လိုက်။ ပြီးရင် ဒီအိမ်ကို သုံးခေါက်ပတ်ပြေး..ဒါဆို ငါ မင်းကိုလွှတ်ပေးမယ်"

ကျန်းမုန့်လောင်က Voice Chatကိုဖွင့်လိုက်ပြီးနောက် ကိုင်ဘွန်ဘာသာစကားဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောလိုက်လေ၏။

"ဟွာရှားလူမျိုး.. မင်း အိပ်မက်မက်နေတာပဲ"

ကိုင်ဘွန်ကစားသမားက ကျန်းမုန့်လောင်၏တည်နေရာကို အတည်ပြုရန် ကြိုးစားလိုက်ပါသော်ငြား သူ့ကို ဘယ်နေရာမှာမှ မမြင်မိပေ။

ကျန်းမုန့်လောင်က ပတ်ပတ်လည်ရှိ အတားအဆီးများကို အသုံးပြုပြီး ကိုင်ဘွန်ကစားသမား၏ မြင်ကွင်းကို တိကျစွာပိတ်ဆို့ထားသည်။ သူ့ခြေသံကိုပါ ဖုံးကွယ်ထားလေရာ ကိုင်ဘွန်ကစားသမားလည်း ကျန်းမုန့်လောင် ထောင့်တစ်ထောင့်ဆီသို့ တိတ်တဆိတ်ချဉ်းကပ်နေကြောင်း သတိမထားမိပေ။

ကျန်းမုန့်လောင်သည် ကျောပိုးအိတ်ထဲတွင် သေနတ်အားလုံးကို ဖယ်ထုတ်ထားပြီး ထိုအလောင်း၁၁လောင်းဆီမှ ဗုံးများကို အိတ်အပြည့်စုဆောင်းထားသည်။

"ဟွာရှားလူမျိုး.. မင်းရဲ့နာမည်ကို သတ္တိရှိရင် ပြောခဲ့စမ်းပါ"

ကိုင်ဘွန်ကစားသမားက ပြောလိုက်လေသည်။

"ငါ့နာမည်က Thorပဲ"

ကိုင်ဘွန်လူမျိုးဘက်က ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သူရှိနေသော အခန်းထဲသို့ ဗုံးတစ်လုံးပြီးတစ်လုံး ပျံဝင်လာလေသည်။

"ဘုန်း ဘုန်း ဘုန်း"

...

တရစပ်ပေါက်ကွဲမှုကြောင့် ကိုင်ဘွန်လူမျိုးခမျာ ပုန်းချိန်ပင် မရလိုက်သောကြောင့် ပြတင်းပေါက်မှ ခုန်ချလိုက်ရသည်။ သို့သော် အနက်ရောင်ဒယ်ပြားတစ်လုံးက သူ့အား ကြိုဆိုနေချေသည်။

"ဒန်း"

ခပ်ဆတ်ဆတ်အသံတစ်သံနှင့်အတူ သူလည်း သေတ္တာတစ်လုံးအဖြစ် အသွင်ပြောင်းသွားရလေတော့သည်။

"အာ သေစမ်း"

မွန်းကျပ်နေသော ကိုင်ဘွန်ကစားသမားမှာ လေ့ကျင့်ရေးအခန်းထဲတွင် ခပ်ကျယ်ကျယ်ဆဲရေးနေချေသည်။

"သူက ငါတို့ကိုအရှက်ခွဲလိုက်တာပဲ"

"သောက်ဟွာရှားလူမျိုး"

"လုံးဝCheatsသုံးထားတာပဲ။ AKတစ်လက်နဲ့ ပစ်လိုက်တဲ့ကျည်အတောင့်တိုင်းက ဘယ်လိုလုပ်ပြီး အကုန်မှန်နေရတာလဲ။ လုံးဝကို Cheatsသုံးထားတာ"

သူတို့လည်း ကျန်းမုန့်လောင်ကို တိုင်ကြားရန် ကြိုးစားပါသော်ငြား ပြန်ရလာသည့် အကြောင်းကြားစာမှာမူ ပြိုင်ဘက်အသင်းက အထူးကိရိယာများ မသုံးထားကြောင်းပင်။

PUBGတာဝန်ခံများက ဤပြိုင်ပွဲကို စီစဉ်ထားခြင်းဖြစ်ပြီး ဘက်လိုက်မှုလည်း ကင်း၏။ ထို့ပြင် နည်းပညာပိုင်းဆိုင်ရာဟာကွက်လည်း မရှိနိုင်ပေ။ ဤသဘောမှာ ဟွာရှားလူမျိုးက သူ့ကိုယ်ပိုင်ခွန်အားဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင်။

မယုံနိုင်စရာကောင်းသော်ငြား ဤသည်မှာ အမှန်တရားပင်။

ကျန်းမုန့်လောင်က သူတစ်ယောက်တည်းဖြင့် ဤပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။ ထိုအချိန်၌ ဂိမ်းထဲတွင် ကစားသမားအယောက်ခြောက်ဆယ်ကျော် ရှိနေဆဲပင်။ ဤIDတစ်ခုတည်းထံမှ ဆက်တိုက်သတ်ဖြတ်ခံနေရသူများ များလာသဖြင့် ကစားသမားအားလုံးလည်း ထိုအိုင်ဒီကို အာရုံစိုက်မိသွားကြသည်။

ဤပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်သောကြောင့် ဒါရိုက်တာများကလည်း ကင်မရာကို ဤကစားသမားဘက်သို့ လှည့်လိုက်လေသည်။

ပြိုင်ပွဲအစီရင်ခံတင်ဆက်သူကလည်း ဤဟွာရှားကစားသမား၏ ရှုထောင့်မှတစ်ဆင့် ပြိုင်ပွဲကို စတင်တင်ပြနေလေတော့သည်။

"ငါက မင်းအဖေပဲ။ ဒါကတော့ ဟွာရှားအသင်းက ကစားသမားပဲဖြစ်ပါတယ်"

"သူက တစ်မိနစ်အတွင်းမှာတင် ကစားသမား၁၁ယောက်ကို ဖြုတ်ခဲ့တာပါ။ ကျွန်တော်တို့ရထားတဲ့ မှတ်တမ်းတွေအရဆိုရင် ဟွာရှားအသင်းက မြေပြင်ပေါ်ကို ဆင်းဆင်းချင်း အဖွဲ့သုံးဖွဲ့ဆီက အဝိုင်းခံခဲ့ရပါတယ်။ သူ့အသင်းဖော်သုံးယောက်စလုံး အသတ်ခံလိုက်ရပြီး သူတစ်ယောက်တည်း ကျန်တော့တဲ့အခြေအနေမှာ အံ့ဖွယ်ကောင်းတဲ့ အောင်မြင်မှုတစ်ခုကို ဖန်တီးခဲ့တာပါ"

"ဘုရားရေ..သူက ကျည်၂၁တောင့်တည်းသုံးပြီး ကစားသမား၁၂ယောက်ကို သတ်ပစ်လိုက်တာပဲ။ ကျည်အတောင့်၂၀က AK47ရိုင်ဖယ်ကဖြစ်ပြီး တစ်တောင့်ကတော့ 98Kကပါ။ နောက်ဆုံးတစ်ယောက်ကိုတော့ ဒယ်ပြားနဲ့ ထုသတ်ပစ်လိုက်တာပါ။ ဒါက မယုံနိုင်စရာပဲ။ ဒါက အရှေ့အရပ်ကလာတဲ့ ထူးခြားဆန်းကြယ်တဲ့ အစွမ်းများလား"

"ကျွန်တော်တို့ရဲ့စောင့်ကြည့်စစ်ဆေးမှုအရဆိုရင် ဒီကစားသမားရဲ့အကောင့်က သန့်ရှင်းပါတယ်။ ဘာဆော့ဖ်ဝဲကိုမှလည်း သုံးမထားပါဘူး။ ဒါကြီးက သိပ္ပံနည်းတော့မကျဘူးဗျ"

"အခု သူတစ်ယောက်တည်းနဲ့ ပြိုင်ပွဲကို ဆက်ပြိုင်ရတော့မှာပါ။ ကျွန်တော်တို့ သူ့ကို အာရုံစိုက်ထားပြီး သူတစ်ယောက်တည်း ပြိုင်ပွဲကို ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကြည့်လိုက်ရအောင်"

"ကြည့်လိုက်ကြပါဦး။ ဘေးဘက်မှာ အဖွဲ့နှစ်ဖွဲ့တိုက်ခိုက်နေတာကို သူမြင်သွားပြီ။ သူ ချီတက်သွားပြီဗျ"

"သူ့ကို အဖွဲ့နှစ်ဖွဲ့က ဝိုင်းထားလိုက်ကြပါပြီ"

"မဟုတ်ဘူး။ မှားတယ်။ သူတစ်ယောက်တည်းနဲ့ အဲဒီအဖွဲ့နှစ်ဖွဲ့ကို ဝိုင်းထားတာဗျ"

"အဖွဲ့နှစ်ဖွဲ့စလုံးကို ရှင်းထုတ်ဖို့အတွက် သူ ၁၉စက္ကန့်ပဲ အချိန်ယူလိုက်ရပါတယ်။ တစ်ချက်လေးတောင် မလွဲဘူး"

"သူ့ကို အဖွဲ့နှစ်ဖွဲ့က ထပ်ဝိုင်းထားပြန်ပါပြီ။ သူက တိုက်ပွဲကို ဖျန်ဖြေဖို့ရောက်လာတာလား။ သူဖျန်ဖြေတဲ့နည်းလမ်းကတော့ နှစ်ဖက်စလုံးကို သတ်ပစ်လိုက်တဲ့နည်းပါပဲ။ အရမ်းမိုက်တယ်"

"သူ နောက်ဆုံးစက်ဝိုင်းထဲကို ချီတက်နေပါပြီ။ သူတစ်ယောက်တည်းနဲ့ အဖွဲ့နှစ်ဖွဲ့ကို အပြတ်ရှင်းနေပါတယ်။ သူတို့ကတော့ အလျင်စလိုပြေးမဝင်သွားရဲဘူးဖြစ်နေတယ်ဗျ။ သူတို့ ဆေးပစ္စည်းတွေကုန်နေကြပြီလေ"

"ပြိုင်ပွဲပြီးသွားပါပြီ။ သူကတော့ တကယ့်နတ်ဘုရားအစစ်ပါပဲ"

***********

All Chapters