← Chapters

ဗီလိန်များ

Vol. 24 Ch. 347

ဗီလိန်များ

Vol. 24 Ch. 347

"အွန်လိုင်းပြိုင်ပွဲမှာ အနိုင်ရရှိတဲ့အတွက် ဟွာရှားနိုင်ငံက LSPအသင်းကို ဂုဏ်ပြုပါတယ်။ 'ငါက မင်းအဖေ'ဆိုတဲ့ ကစားသမားက လူ၃၇ယောက်ကို အံ့ဖွယ်ကောင်းအောင်သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် MVPဆုကို ရရှိသွားပါတယ်"

"ဒီကိစ္စမှာ မသမာမှုတစ်ခုခုရှိတာတော့ သေချာတယ်။ သူ မညစ်ထားဘူးဆိုတာ ငါမယုံဘူး"

"သေနတ်တစ်လက်တည်းနဲ့ အဆိပ်စက်ကွင်းအပြင်ဘက်က လူတစ်ဒါဇင်လောက်ကို ပိတ်ထားနိုင်တဲ့လူကို မင်းတို့မြင်ဖူးလား"

"အဲဲဒါက ဘာမှမဟုတ်သေးဘူး။ ငါတို့အသင်းက ပိုဆိုးတာတောင် မြင်လိုက်ရတာ။ သူက ၈၀၀မီတာအကွာကနေ ငါတို့စနိုက်ပါတွေကို နှစ်ချက်တည်းနဲ့ ထုတ်ပစ်လိုက်တာနော်"

"အဲဒါက ဘာမှမဟုတ်ပါဘူးကွာ။ ငါတို့အသင်းကို သူက လေးနဲ့မြားကိုသုံးပြီး ထုတ််ပစ်လိုက်တာကွ"

"အဲဒါက ကလေးအကွက်တွေပါကွာ။ ငါဆိုရင် အနီးကပ်တိုက်ပွဲမှာ စက်သေနတ်နဲ့ချတာ။ သူက ငါ့ကျည်တွေအကုန်လုံးကို ဒယ်ပြားနဲ့ကာလိုက်တော့ ကျည်တစ်တောင့်က ငါ့ဆီပြန်လာပြီး သေရတာပဲ"

"ငါတို့ အမေရိကန်အသင်းတစ်သင်းနဲ့ ပွဲစဉ်တွေအများကြီး ကစားခဲ့တယ်။ သူပေါ်လာတိုင်း ရန်ပွဲကို လာဖျန်ဖြေတာချည်းပဲ။ ငါတို့လည်း သူ့ကို ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်ဖို့ ပြောခဲ့ပါသေးတယ်။ သူကတော့ ငါတို့တွေအကုန်လုံးကို ဒီအတိုင်းသတ်ပစ်လိုက်တာဟေ့"

"CHEATထားရင်တောင် ဒီလောက်အဓိပ္ပာယ်မရှိတာမျိုး ဖြစ်မှာမဟုတ်ဘူး"

အဖွဲ့တစ်ဖွဲ့ချင်းစီတိုင်းမှ ကစားသမားများခမျာ ပြောစရာစကား ကင်းမဲ့သွားရလေသည်။ ဤဂိမ်း ပေါ်ပေါက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး သူတို့လည်း ပွဲစဉ်ပေါင်းများစွာ ကစားခဲ့ပြီးဖြစ်၏။ သို့သော် ယခုလိုသတ်ဖြတ်မှုမျိုးကိုတော့ မည်သူမှမမြင်ဖူးချေ။

အဖွဲ့တစ်ဖွဲ့တွင် ကစားသမားတစ်ယောက်တည်းသာ ကျန်တော့ပါက အတတ်နိုင်ဆုံး ရှင်သန်လွတ်မြောက်နိုင်ဖို့ ကြိုးစားရမည်သာ။ မည်သူကများ အသင်းနှစ်သင်းကြားရှိ ရန်ပွဲထဲသို့ အရူးအမူးပြေးဝင်သွားမည်တဲ့လဲ။

သို့သော် မည်မျှပင် ဆန္ဒပြနေကြပါစေ၊ တရားဝင်တုံ့ပြန်မှုမှာကား "ငါက မင်းအဖေ"ဟူသော ဟွာရှားကစားသမားက မည်သည့်လှည့်ကွက်မှ မသုံးထားပါဟူ၍သာ။

ထိုနေ့တုန်းက ကမ္ဘာတစ်ဝှမ်းရှိ PUBGကစားသမားအားလုံးနီးပါးမှာ ဤအိုင်ဒီကို မှတ်မိသွားကြသည်။ ပထမလူ၏ ပြိုင်ပွဲဗီဒီယိုသည် အွန်လိုင်းပေါ်သို့ ရောက်သွားခဲ့ပြီး ပထမဆုံးနေ့မှာပင် ကြည့်ရှုသူသန်းပေါင်းများစွာ ရရှိခဲ့၏။

"ငါတို့ နိုင်သွားတာလား။ ငါတို့ တကယ်နိုင်သွားတာလား"

"ငါ အိပ်မက်မက်နေတာလား။ ပြီးခဲ့တဲ့ပွဲတုန်းက ကမ္ဘာ့ချန်ပီယံတွေဖြစ်တဲ့ Bull Teamလည်း ပါတယ်ဟ"

"Bull Teamလား။ ကားမောင်းနေတုန်း ဘော့စ်ကျန်းဆီက ဗုံးတစ်ထုပ်လှမ်းပစ်ခံလိုက်ရတဲ့ ကြက်ပေါက်လေးတို့အဖွဲ့လား"

"သြော် သူတို့ကိုး။ ငါက သာမန်ကလပ်တစ်ခုက ကြက်ပေါက်လေးတွေလို့ ထင်နေတာ။ မနှစ်တုန်းက ကမ္ဘာ့ချန်ပီယံတွေမှန်း ငါမသိဘူး"

ပြိုင်ပွဲပြီးဆုံးသွားသောအခါ အသင်းသားများအားလုံး ကြက်သေသေသွားကြချေသည်။ ကျန်းမုန့်လောင်၏ ကစားကွက်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ သူ့ဖန်သားပြင်မှာ မြင်ကွင်းတစ်ခုအတွက် တစ်စက္ကန့်ထက်ပိုပြီး ကြာကြာငြိမ်မနေပေ။ ရုပ်ပုံများအတွက် သူ့ဦးနှောက်၏လုပ်ဆောင်မှုအရှိန်၊ လျင်မြန်သောတုံ့ပြန်မှုများနှင့် ပစ်ခတ်ရေးစွမ်းရည်တို့က ပရော်ဖက်ရှင်နယ်ကစားသမားများကိုပင် ဒူးထောက်ပြီး ကိုးကွယ်ချင်စိတ်ပေါက်လာစေသည်။

"အဲဒါကိုကြည့်ရတာ နည်းနည်းတောင်ခေါင်းမူးတယ်။ ငါ သွားအန်ဖို့လိုနေပြီ"

"ငါရောပဲ။ ငါလည်း ပရော်ဖက်ရှင်နယ်ကစားသမားပါ။ ငါ 3Dကြောင့် ရုပ်ရှင်ဓာတ်မတည့်မှုရသွားတာလား"

"ကျန်းမုန့်လောင် ဖန်သားပြင်တွေကိုပြောင်းလိုက်တဲ့အရှိန်နဲ့ ရှုထောင့်တွေက သာမန်ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ထက် အဆပေါင်းများစွာပိုမမြန်ဘူးလား"

နည်းပြကလည်း ခေါင်းညိတ်ပြလိုက်၏။

"ငါရထားတဲ့ အချက်အလက်တွေအတိုင်းဆိုရင် မစ္စတာကျန်းရဲ့ပျမ်းမျှAPMက ၄၅၀ကျော်တယ်။ ခလုတ်ကြိမ်နှုန်းကလည်း သာမန်ပရော်ဖက်ရှင်နယ်ကစားသမားတွေထက် သုံးဆပိုများတယ်။ ပစ်ခတ်မှုတွေဆိုရင်တော့ ကြောက်စရာကောင်းလောက်အောင် တိကျတာ။ ကျည်တစ်ချက်မှမလွဲဘဲ ခေါင်းကိုပဲတည့်မှန်တာ"

"သေစမ်း။ စက်နဲ့ချိန်ပစ်ရင်တောင် ဒီလောက်တိကျမှာမဟုတ်ဘူး!"

"မင်းတို့တွေက ဘာတွေငေးငိုင်နေကြတာလဲ။ ဒါတွေက ငါ့အတွက်တော့ အခြေခံတွေပဲရှိသေးတာ။ ငါ့အစွမ်းကို သုံးပုံတစ်ပုံတောင် ထုတ်မပြရသေးဘူး"

ကျန်းမုန့်လောင်က မတ်တတ်ထရပ်လိုက်သည်။

"ငါ PUBGအသင်းရဲ့ နည်းပြချုပ်ရာထူးကို တာဝန်ယူမယ်။ ကန့်ကွက်စရာရှိလား"

တစ်ယောက်မှ မကန့်ကွက်ကြပေ။ အကြောင်းမှာ ယခုလေးတင် ပြီးဆုံးသွားသောပြိုင်ပွဲတွင် ကျန်းမုန့်လောင်သည် အံ့မခန်းဖွယ်ရာပစ်ခတ်မှုစွမ်းရည်ကိုသာမက လှပပြေပြစ်ပြီး ခန့်မှန်း၍မရနိုင်သော နည်းဗျူဟာများကိုပါ ပြသသွားခဲ့သည်။ မြက်ခင်းထဲမှာ တွားသွားခြင်းနှင့် ပုန်းအောင်းခြင်းတို့မှာ မည်သူမဆိုလုပ်နိုင်ပေသည်။ သို့သော် အကောင်းဆုံးသောအကာအကွယ်ကို ရှာဖွေသောနည်းလမ်းနှင့် ရန်သူတစ်ဦးကို သတ်ဖြတ်ပြီးနောက် မည်သို့ဆက်လှုပ်ရှားရသလဲဆိုသည်တို့ကို သိနားလည်ခြင်းမှာ အလွန်နက်နဲလှသော စွမ်းရည်တစ်ခုဖြစ်၏။

"ကျန်းမုန့်လောင်.. မင်း ဒီရက်ပိုင်း လျှို့ဝှက်လေ့ကျင့်ရေးတစ်ခုခု ဆင်းထားတာလား"

ဝမ်လင်က ကျန်းမုန့်လောင်ကို ဘေးတစ်ဖက်သို့ တိတ်တိတ်လေး ဆွဲခေါ်သွားချေသည်။

ဝမ်လင်သည် ယခင်ကလည်း ကျန်းမုန့်လောင်နှင့်အတူ PUBGကစားဖူးသည်။ သို့သော် ကျန်းမုန့်လောင်၏ "အညှာအတာကင်းမဲ့သောပစ်ခတ်နည်း"နှင့် "လူပုံရိပ်ကိုပစ်မှတ်ထားနည်း"တို့မှာ မည်သူ့ကိုမှ မထိမှန်ခဲ့ဖူးပေ။

ကစာသမားကောင်းတစ်ယောက်က သူ့ကို ကူညီပေးလျှင်ပင် ကျန်းမုန့်လောင်၏ ပျမ်းမျှသတ်ဖြတ်နှုန်းမှာ တစ်ပွဲလျှင် ၀.၇၅သာရှိ၏။ သူ၏အဓိကအလုပ်မှာ ရန်သူကိုဆွဲဆောင်ရန်နှင့် လှုပ်ရှားနိုင်သော ကျည်သိုလှောင်ရုံနှင့် ဆေးအကူအဖြစ် လုပ်ဆောင်ပေးရန်ပင်။

သို့သော် ယနေ့တွင်မူ သူ့ကစားဟန်သည် လူအသွင်ယူထားသော ကွန်ပျူတာတစ်လုံးနှင့်တူနေပြီး လူသားမဆန်လှချေ။

"အမှန်အတိုင်းပြောရရင် တစ်နေ့တုန်းက ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်လမ်းကြောင်းတွေက ရုတ်တရက်ပွင့်သွားတာကွ။ အဲ့ဒီကတည်းက ငါ့ကျွမ်းကျင်မှုတွေက အဆင့်ခုန်တက်သွားတော့တာပဲ။ ဘယ်ဂိမ်းပဲဖြစ်ဖြစ် နှစ်ခါလောက်ကစားကြည့်ရုံနဲ့ အကုန်လုံးကိုကျော်တက်နိုင်တယ်"

"ဆက်ကြွားနေလိုက်"

ကျန်းမုန့်လောင်၏ စကားကြီးစကားကျယ်များကို ဝမ်လင်ကတော့ တစ်လုံးမှမယုံကြည်သော်ငြား ဆန်းကြယ်နက်နဲလှသော ကျန်းမုန့်လောင်၏နောက်ခံနှင့် လွန်ခဲ့သောလအနည်းငယ်ခန့်က တွေ့ခဲ့ရသော "ယဲ့ရင်"အမည်ရှိသည့် ပြိုင်ဘက်ကင်းကိုယ်ရံတော်အကြောင်း သတိရမိသောအခါ ကျန်းမုန့်လောင်ထံတွင် ဖြစ်ပျက်နေသော ထူးထူးဆန်းဆန်းကိစ္စများမှာ သိပ်မထူးဆန်းတော့သလိုပင်။

"League of Legendsအဖွဲ့ဝင်တွေ..ဒီကိုလာခဲ့"

ဝမ်လင်က အသံခပ်ကျယ်ကျယ် အော်ခေါ်လိုက်သည်။

အဖွဲ့ဝင်၁၂ယောက်ခမျာလည်း ချက်ချင်း စုဝေးလိုက်ကြသည်။

"ဘော့စ် ဘာများညွှန်ကြားချင်လို့လဲ"

"ယွင်ဝေ့..ဒါရိုက်တာကျန်းရဲ့စကေးကို စမ်းသပ်ဖို့အတွက် မင်းတို့ကနဦးကစားသမားငါးယောက်က ဒါရိုက်တာကျန်းနဲ့အတူ တစ်ပွဲလောက်ကစားကြည့်ကြ။ ဒါရိုက်တာကျန်းရေ..မင်းကတော့ အသင်းထဲက နောက်ထပ်လေးယောက်ကို ရွေးနိုင်တယ်မလား"

ဤဂိမ်းကို ကျန်းမုန့်လောင် မည်မျှအထိ ကောင်းကောင်းကစားနိုင်သလဲဆိုသည်ကို ဝမ်လင် ကြည့်ချင်မိသည်။

"ဒါဆို မင်းတို့လေးယောက်ပေါ့"

ကျန်းမုန့်လောင်က ဘာမှစဉ်းစားမနေဘဲ လက်ညှိုးထိုးပြလိုက်သည်။

"မင်းတို့က မီနီယွန်တွေကိုပဲအာရုံစိုက်ထား။ Junglerကတော့ တောကိုစောင့်ကြည့်နိုင်ရင်ပြီးရော။ အလယ်လမ်းကတော့ ငါ့ဟာပေါ့"

"မင်းက Destinyနဲ့ ထိပ်တိုက်တွေ့မလို့လား"

ဝမ်လင် အံ့အားသင့်သွားရ၏။

"ဒီကောင်လေးက အလယ်လမ်းကစားတဲ့နေရာမှာ နာမည်ကြီးနော်။ soloပွဲတွေမှာ အစ်ကိုလီကို အကြိမ်ရေတော်တော်များများ သတ်ခဲ့ဖူးတယ်။ သူ့ပစ်ခတ်မှုရဲ့ တိကျနှုန်းကလည်း တော်တော်မြင့်တယ်။ သူက ရန်သူရဲ့လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းတဲ့နေရာမှာ အရမ်းတော်တာ"

"ပြဿနာမရှိဘူး။ သွားရအောင်"

ကျန်းမုန့်လောင်ကမူ မတွန့်မဆုတ်ပါဘဲ အသင်းကိုဦးဆောင်ကာ သူတို့၏လေ့ကျင့်ရေးအခန်းထဲသို့ သွားလေတော့သည်။

ကျန်းမုန့်လောင်က လှည့်ဖြားသူ LeBlancကို သာမန်ကာလျှံကာရွေးလိုက်ချိန်တွင် ယွီယွင်ဝေ့ကမူ သူ့အမှတ်သညာဖြစ်သော ချန်ပီယံXerathကို ချက်ချင်းရွေးလိုက်သည်။ Xerath၏စွမ်းရည်အားလုံးမှာ ပစ်ခတ်ရေးစွမ်းရည်များဖြစ်သဖြင့် အဖျက်စွမ်းအား မြင့်မားလှသော်ငြား တိကျနှုန်းမြင့်သော ကစားသမားကိုလည်း လိုအပ်ပေသည်။

ပစ်ခတ်နှုန်းက အလွန်နိမ့်ခဲ့ပါလျှင် ဂိမ်းတစ်ခုလုံး၏ ပျက်စီးနှုန်းမှ ၄၃၉၆ထက် လျော့နည်းနိုင်သည်။ သို့ဖြစ်လေရာ Xerathကစားလျှင် Infinity Edgeနှင့် Statikk Shivကိုပါ ရင်းနှီးမြှုပ်နှံရမည်ဟူသော ဆိုရိုးစကားကို အတည်ပြုရာရောက်ပေသည်။

သို့သော် ယွီယွင်ဝေ့ ကလပ်ထဲကို ဝင်လာပြီးကတည်းကသူကစားခဲ့သော ခြေစမ်းကစားပွဲများနှင့် အဆင့်မြင့်ပွဲစဉ်များကို မှတ်တမ်းတင်ထားခဲ့သည်။ သူ့Xerathတွင် ပစ်ခတ်ရေးစွမ်းရည်တိကျမှုက ၇၈.၂၁ရာခိုင်နှုန်းရှိသည်ဖြစ်ရာ အလွန်များပြားလှသော ပမာဏပင်။

"ဒါက ဘာအကွက်လဲ"

ယွီယွင်ဝေ့က အစွမ်းများကို ချက်ချင်းပစ်လွှတ်လိုက်ပါသော်ငြား ကျန်းမုန့်လောင်၏လှုပ်ရှားမှုမှာ ဇာတ်ညွှန်းကြိုတိုက်ထားသည့်အလား သူပစ်လိုက်သောအစွမ်းငါးခုစလုံးကို ရှောင်ရှားနေလေရာ ယွီယွင်ဝေ့ခမျာ မီနီယွန်များကိုပင် လွဲချော်သွားရလေသည်။

အလိုအလျောက်တိုက်ခိုက်မှုကို အသက်သွင်းဖို့ ကြိုးစားလိုက်တိုင်းလည်း ကျန်းမုန့်လောင်က အလိုအလျောက်တိုက်ခိုက်နိုင်သည့် သတ်မှတ်နယ်မြေထဲက ပြီးပြည့်စုံစွာထွက်ခွာသွားသည်။ သူ လက်မြှောက်လိုက်ချိန်မှာပင် အလိုအလျောက်တိုက်ခိုက်မှုမှာ ဖယ်ရှားခံလိုက်ရ၏။

ကျန်းမုန့်လောင်က အချိန်ကောင်းကို စောင့်ဆိုင်း၍ လျှပ်စီးတစ်ချက်နှင့်အတူ ပြီးပြည့်စုံလှသော တိုက်ခိုက်မှုတစ်ခုကိုပါ ထုတ်သုံးလိုက်ပြီး ပထမဆုံးသတ်ဖြတ်မှုကို လွယ်လင့်တကူရရှိလိုက်သည်။

ပထမဆုံးသတ်ဖြတ်မှု ပေါ်ပေါက်လာပြီးနောက် ကစားပွဲကလည်း ကျန်းမုန့်လောင်၏ပြပွဲအဖြစ်သို့ လုံးဝပြောင်းလဲသွားရလေတော့သည်။ သူသွားလိုက်သည့် လမ်းကြောင်းတိုင်းတွင် သူသည် ပြိုင်ဘက်ကို အရေးကြီးသည့်စကေးတစ်ခုခုကို လွဲချော်သွားအောင် လုပ်တတ်သည်ချည်းသာ။ သူ့ပစ်ခတ်မှုတိကျနှုန်းကလည်း တစ်ရာရာခိုင်နှုန်းအထိ အံ့ဖွယ်ကောင်းအောင် မြင့်တက်သွားချေသည်။

"Double Kill, Triple Kill, Quadruple Kill, Penta Kill!"

ကျန်းမုန့်လောင်၏ LeBlancက သေမင်းတမန်အလား စစ်မြေပြင်ထဲတွင် လှည့်လည်သွားလာ၍ ပြိုင်ဘက်အားလုံးကို ချောင်ပိတ်ထားပေသည်။

"အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့ဘက်က ဘာမှမမြင်ရဘူးလေ။ ငါ အဲဒီနေရာမှာရှိမှန်း သူ ဘယ်လိုလုပ်သိတာလဲ"

"ဒါက ဘယ်လိုအကွက်လဲ။ သူ့ကြိုးတွေက သူများထက် ဘာလို့ နှစ်ဆပိုရှည်နေရတာလဲ"

"သေစမ်း.. အခုမှ ၁၅မိနစ်ပဲရှိသေးတာကို ဆယ့်နှစ်ယောက်လောက် သတ်ပြီးပြီတဲ့လား။ ဒီလိုမျိုး ဘာလို့ကစားနေသေးတာလဲ"

"သူ့ချန်ပီယံက ပျံသန်းရေးနင်းဘတ်စ်ကို သင်ထားတာလား။ သူ့ရဲ့နေရာယူပုံနဲ့ Brush Jukeတွေနဲ့ အလိုအလျောက်တိုက်ခိုက်မှုတွေကို ဘယ်လိုတောင်ရှောင်နိုင်ရတာလဲ"

ဆယ့်ငါးမိနစ်အတွင်းမှာပင် ကျန်းမုန့်လောင်သည် ရပ်တန့်၍မရနိုင်လောက်အောင် ဖြစ်သွားပြီး ဆယ့်ခုနစ်မိနစ်တွင်မူ ပြိုင်ဘက်ငါးယောက်လုံးကို သူတစ်ယောက်တည်းဖြင့် ရေပန်းထဲတွင် ပိတ်မိနေအောင် လုပ်ထားလိုက်သည်။ ဤသည်မှာ စစ်သည်တစ်ယောက်မဟုတ်ပါဘဲ လုပ်ကြံသတ်ဖြတ်ရေးမှော်ဆရာတစ်ယောက်ပင်။

"APMက.. ပျမ်းမျှ၅၇၁"

နည်းပြက ပါးစပ်အဟောင်းသားဖြစ်ဖွယ်ကောင်းသော ပမာဏကို တစ်ဖန်ထုတ်ဖော်ပြသလာချေသည်။

"အခု ငါ နည်းပြချုပ်လုပ်မဲ့ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်စရာရှိသေးလား"

ကျန်းမုန့်လောင်၏အကြည့်က နည်းပြများအားလုံး၏ မျက်နှာပေါ်မှ ဖြတ်သန်းသွားပြီးနောက် အဆုံးတွင်မူ ဝမ်လင့်ဆီသို့ ဆိုက်ရောက်လာခဲ့သည်။

"မင်း ငါ့အစွမ်းကို သံသယဖြစ်နေသေးတယ်ဆိုရင် ငါတို့ နောက်ထပ်ဂိမ်းတွေကိုလည်း ဆက်ကစားလို့ရတယ်နော်။ မင်းကစားချင်တဲ့ ဘယ်ဂိမ်းပဲဖြစ်ဖြစ် အဆင်ပြေတယ်"

"ငါယုံပါပြီ"

ယခုမူ ဝမ်လင်လည်း ငြင်းပယ်ရန် အကြောင်းပြချက်ကို ရှာမရတော့ပေ။

"ပြီးတော့ အဖွဲ့တိုင်းမှာ အစားထိုးကစားသမားတစ်နေရာကို ချန်ထားပေး"

ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်၏။

"မင်းလုပ်ချင်နေတာက..."

"မင်းတို့တွေ သူတို့ကို နိုင်အောင်မတိုက်ခိုက်နိုင်ခဲ့ရင် နည်းပြချုပ်ဖြစ်တဲ့ ငါက အဲဒီတာဝန်ကိုယူရလိမ့်မယ်"

ရုတ်ခြည်းဆိုသလိုပင် ကလပ်ထဲရှိ လူတိုင်းသည် ညစ်ကျယ်ကျယ်အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်ကြ၏။ သူတို့အနေနှင့် ကျန်းမုန့်လောင်၏ ဂိမ်းစွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ ခံစားခဲ့ရပြီးချေပြီ။

အကယ်၍သာ ဤEsportsအိုလံပစ်တွင် ကျန်းမုန့်လောင် ဝင်ပြိုင်လိုက်ပါက...

ကျစ် ကျစ် ကျစ်.. တွေးကြည့်ရုံနဲ့တင် ကြမ်းတမ်းပြီး ရက်စက်လွန်းလှပါရဲ့!

**********

All Chapters