← Chapters

တခြားလူတွေအတွက်လည်း အခွင့်အရေးနည်းနည်းချန်ထားပေးပါဦး

Vol. 24 Ch. 352

တခြားလူတွေအတွက်လည်း အခွင့်အရေးနည်းနည်းချန်ထားပေးပါဦး

Vol. 24 Ch. 352

"S11ကမ္ဘာလုံးဆိုင်ရာဗိုလ်လုပွဲကို ဆက်လက်ရွှေ့ဆိုင်းထားလိုက်ပါပြီ။ ကျင်းပချိန်ကို နိုဝင်ဘာလအဖြစ် ခန့်မှန်းထားပါတယ်"

"Riot Gamesက Esportsအိုလံပစ်မှာ League of Legendsပြိုင်ပွဲကို ကျင်းပခွင့်ပြုလိုက်ပါပြီ"

"ဘန်းထားတဲ့အကောင့်တွေအားလုံးကိုလည်း ပြန်ဖွင့်ပေးလိုက်ပါပြီ။ တောင်းပန်တဲ့အနေနဲ့ Skinတွေအားလုံးကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ၃၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ ရောင်းချပေးပါ့မယ်။ Limited Edition Skinတွေအားလုံးကို မဲစနစ်နဲ့ သုံးရက်အတွင်း ထုတ်ပေးသွားမှာပါ"

ကုမ္ပဏီကို မာဟွားလက်လွှဲယူပြီးသည်နှင့် အစီအစဉ်အမြောက်အများကို ဆက်တိုက်အကောင်အထည်ဖော်ပါတော့သည်။

"သေစမ်း။ မာဟွားက ဥက္ကဋ္ဌဖြစ်သွားပြီလား။ သွားပြီ။ အခုကစပြီး League of Legendsက Krypton Gold Leagueဖြစ်တော့မယ်"

"အမှန်ပဲ။ ဒါပေမဲ့ အရင်တုန်းက ရှားပါးတဲ့ Limited Skinတွေက မဲစနစ်ကတစ်ဆင့် ရဖို့ခက်တယ်မလား။ ဒီသုံးရက်အတွင်း အဲဒါတွေကိုရနိုင်တယ်ဆိုတာ ကောင်းတာပဲမဟုတ်လား"

"ဒါက ငွေညာစားတဲ့ထောင်ချောက်တစ်ခုဆိုတာ ငါ သေချာပေါက်သိတယ်။ ဒါပေမဲ့ ငါ့လက်တွေကိုလည်း ထိန်းမရပြန်ဘူး"

"ကိုယ့်လူရေ ငါရောပဲ"

...

အနည်းငယ်ဈေးနှုန်းညှိနှိုင်းပြီးနောက် အပြီးသတ်လိုင်စင်ကြေးကို အမေရိကန်ဒေါ်လာသန်း၁၅၀ဟု သတ်မှတ်လိုက်၏။ ထို့ပြင် ဤSkinရောင်းရငွေများနှင့်ပါ ပေါင်းလိုက်သော် လဝက်စာဝင်ငွေကို သုံးရက်အတွင်း ရရှိခဲ့ပြီး ယခင်လတုန်းက အရှုံးများကို ကာမိသွားခဲ့သည်။

ဤလုပ်ရပ်ကား Skinတန်ဖိုးများကို ကျဆင်းသွားစေနိုင်ပြီး ကစားသမားများ၏ ငွေသုံးချင်စိတ်းကို ခဏမျှပျောက်ကွယ်သွားစေနိုင်သော်ငြား မာဟွားက မည်သူလေလဲ။ သူ့ဘက်က ရှားပါးSkinများကို ထုတ်ပေးမည်ဖြစ်ပြီး ရနိုင်ခြေမှာ ၁ရာခိုင်နှုန်းရှိသည်ဟု သူပြောလာသည့်စကားကို ယုံမိလျှင် ငတုံးပင်ဖြစ်ချေမည်။

မာဟွား၏လက်ထဲသို့‌ ရောက်သွားသည်နှင့် Riot Gamesကလည်း မြောက်များလှစွာသော ငွေကြေးများကို ဖန်တီးနိုင်သည့်စက်ယန္တရားတစ်ခု ဖြစ်လာပေလိမ့်မည်။ ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း ကစားသမားများလည်း ကောင်းကောင်းသိထားကြသည့်တိုင် ထိုထောင်ချောက်ထဲသို့ သက်ဆင်းမိဆဲသာ။ ဤသည်မှာ သူ့အရည်အချင်းပင်။

Riot Gamesဘက်က လက်လျှော့လိုက်သည်ကို မြင်သောအခါ Blizzardကလည်း သုံးရက်အကြာတွင် သူတို့၏လိုင်စင်ကို ချပေးလိုက်ပြီဖြစ်ကြောင်း ကြေညာလာခဲ့ပြီး ကျန်းမုန့်လောင်ဆီသို့ Esportအိုလံပစ်တွင် ဂိမ်းနှစ်ခုအတွက် ပြိုင်ပွဲကျင်းပခွင့်ကို အမေရိကန်ဒေါ်လာသန်း၂၀၀ဖြင့် ရောင်းချခဲ့လေသည်။

ထို့ကြောင့် Esportsအိုလံပစ်လည်း တရားဝင်စတင်ခဲ့ပေသည်။

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့်ဒေသပေါင်းနှစ်ရာကျော်မှာ မြောက်များလှစွာသော ဤဆုကြေးငွေကို မသိချင်ယောင်ဆောင်မထားနိုင်ကြပေ။ နိုင်ငံငယ်လေးများကပင် အစိုးရ၏ညွှန်ကြားမှုကြောင့် အသင်းများ ဖွဲ့စည်းခဲ့ကြသည်။ အစကမူ လှည့်ကွက်များရှိခဲ့သော်ငြား Esportsအိုလံပစ်ဘက်က အစိုးရနောက်ခံဖြင့် ရောက်လာမည့် အသင်းများ ပေါ်ပေါက်လာသည့်အခါ ရုတ်တရက်အဆင့်မြှင့်လိုက်လေသည်။

စာရင်းသွင်းရမည့် နောက်ဆုံးအပတ်တွင် စာရင်းသွင်းသူအရေအတွက်မှာ မြင့်တက်လာခဲ့လေသည်။ မပြည့်စုံသေးသော စာရင်းများအရ နိုင်ငံပေါင်း၁၇၈နိုင်ငံမှ အသင်းများက စာရင်းသွင်းခဲ့ကြပြီး ယှဉ်ကြည့်မည်ဆိုလျှင် ၂၀၀၈ခုနစ်၌ ယန်ကျင်းတွင် ကျင်းပခဲ့သော တကယ့်အိုလံပစ်အစစ်တွင်ပင် နိုင်ငံပေါင်း၂၀၄နိုင်ငံသာ ဝင်ပြိုင်ခဲ့ကြသည်။

မြို့နယ်အဆင့်ပြိုင်ပွဲများမှစတင်၍ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီးနောက် နယ်ပယ်တစ်ခုချင်းစီတွင် အသင်းသုံးသင်းစီရွေးချယ်ကာ နိုင်ငံတိုင်းမှ အသင်းသုံးဆယ်စီကို ဟွာရှားသို့ စေလွှတ်ခဲ့သည်။

အလုပ်အပ်သူ၏လုပ်ဆောင်ရည်က နိမ့်လွန်းလှသဖြင့် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုတချို့ရှိခဲ့သည်။

ပြင်းထန်လှသော အရည်းအချင်းစစ်ပြိုင်ပွဲများ တစ်လကြာအောင် ကျင်းပအပြီးတွင် နိုင်ငံပေါင်း၁၇၈နိုင်ငံ၊ အသင်းပေါင်းနှစ်ထောင်ကျော်နှင့် စုစုပေါင်းပရော်ဖက်ရှင်နယ်ကစားသမားအယောက်၁၆၀၀၀ကျော်က ဟွာရှားသို့ ရောက်လာခဲ့ကြ၏။

အရွယ်အစားကြီးမားလှသော ဤပြိုင်ပွဲကြီး၏ ဆွဲဆောင်နိုင်စွမ်းမှာ အိုလံပစ်ထက် မနိမ့်ချေ။ ထို့ပြင် ကျန်းမုန့်လောင်၏ အမျ်ိုးမျိုးသောကြော်ငြာအစွမ်းကြောင့် မျက်လုံးပေါင်းများစွာက ဟွာရှားနိုင်ငံ၏ ကျန်းနန်မြို့သို့ ကျရောက်လာခဲ့သည်။ သို့ဖြစ်လေရာ သူတို့မြို့၏ လူသိများမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း သိသိသာသာအကျိုးဖြစ်ထွန်းခဲ့လေသည်။

ကျန်းနန်မြို့၏ ယဉ်ကျေးမှုဗျူရိုကလည်း အစွမ်းကုန်ကြိုးစား၍ ကျန်းနန်အိုလံပစ်စင်တာကို ကျန်းမုန့်လောင်အတွက် တစ်လလုံးလုံး အခမဲ့ငှားပေးခဲ့သည်။ ထိုအချိန်တွင် ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့၏ Esportsရုံးချုပ်တည်ရှိရာနေရာဖြစ်သော Esportsမြို့တော်ကား Esportsအိုလံပစ်ရွာလေးတစ်ရွာအဖြစ် ပြောင်းလဲသွားချေသည်။

ပရော်ဖက်ရှင်နယ်လေ့ကျင့်မှုကို တစ်လကြာအောင် လုပ်ဆောင်ပြီးနောက် ကလပ်အဖွဲ့ဝင်များမှာ ကျန်းမုန့်လောင်၏ လေ့ကျင့်ရေးနည်းလမ်းများကို အထင်ကြီးသွားကြလေသည်။ သူတို့၏လက်ထိန်းချုပ်မှု၊ သတိရှိမှုနှင့် အရှိန်တို့မှာ သိသိသာသာတိုးတက်လာခဲ့ပြီး ကလပ်၏တိုက်ခိုက်ရေးစွမ်းရည်ကလည်း အံ့ဘနန်းမြင့်တက်လာချေသည်။

သူတို့သည် နာမည်ကြီးအသင်းများစွာကိုပင် ဆက်တိုက်အနိုင်ရခဲ့ပြီး ယခင်ကမ္ဘာ့ချန်ပီယံအသင်းဟောင်းများပင် ပါလေသည်။ LSPကလပ်၏နာမည်ကလည်း တစ်လအတွင်း ကျော်ကြားသွားလေတော့သည်။

Esportsပြိုင်ပွဲဆယ်မျိုးတွင် သူတို့သည် တစ်ခုချင်းစီတိုင်းတွင် ထိပ်ဆုံးသုံးနေရာအထိ ရောက်အောင် လုပ်နိုင်ခဲ့ကြသည်။ ပြိုင်ပွဲတိုင်းတွင် ပရော်ဖက်ရှင်တယ်ဒိုင်လူကြီးများနှင့် တိုက်ရိုက်ထုတ်လွှင့်သူများ ရှိနေသောကြောင့်သာ မဟုတ်ပါက တချို့က Esportsအိုလံပစ်ကို လုပ်ပွဲဟုပင် သံသယဖြစ်နိုင်လောက်သည်။

LSPအသင်း၏ ရုတ်တရက်တိုးတက်လာမှုက အာရုံစိုက်မှုအများအပြားကို ဆွဲဆောင်လိုက်နိုင်လေသည်။ သူတို့၏နည်းဗျူဟာများနှင့် ကစားသမားတစ်ယောက်ချင်းစီ၏ ခွန်အားများကို လေ့လာရန်အတွက် သတင်းအချက်အလက်များကို အသည်းအသန်ရယူခဲ့ကြသည်။

သို့သော် LSPအသင်း၏ နည်းပြချုပ်က မည်သူမည်ဝါဖြစ်ကြောင်းမှာမူ ယနေ့အချိန်အထိတိုင် လျှို့ဝှက်ဆန်းကြယ်နေပေသည်။ ဤမျှတိုက်ခိုက်ရေးစွမ်းရည်ကောင်းမွန်သော ကလပ်တစ်ခုကို တည်ထောင်ရန်မှာ နည်းပြချုပ်၏အစွမ်းအစက ထူးချွန်မှသာ ဖြစ်နိုင်ပေသည်။

Esportsအိုလံပစ်၏ ဖွင့်ပွဲအခမ်းအနားကို ကျန်းနန်အိုလံပစ်စင်တာတွင် တရားဝင်ကျင်းပခဲ့သည်။ ဤနေရာသို့ ရောက်လာကြသော ပွဲကြည့်သူတစ်သိန်းခန့်ကလည်း ဤပရော်ဖက်ရှင်နယ်ကစားသမားများ၏ ခွန်အားကို ကြည်ညိုရန် ရောက်လာကြခြင်းပင်။ မီဒီယာများကလည်း ထိုအကြောင်းကို အားတက်သရောသတင်းယူနေကြ၏။

အသင်းများမှာ တစ်သင်းပြီးတစ်သင်း အထင်ကြီးဖို့ကောင်းသော အသွင်များဖြင့် ခန်းမအပြင်ဘက်၌ ပေါ်လာကြသည်။

"သောက်ကျိုးနည်း.. ဒီလူတွေက သူတို့ရထားတဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်။ လူအယောက်သုံးဆယ်အတွက် မော်တော်ဆိုင်ကယ်နှစ်စင်းပဲလိုတယ်တဲ့။ သူတို့က သံမဏိခြင်္သေ့တွေလို တကယ်ကြမ်းတမ်းတာပဲ"

"ငါ့ကောင်ရေ.. တိုက်ခိုက်ရေးနိုင်ငံဆိုမှ သတိရတယ်။ ဒီနေ့က Esportsအိုလံပစ်ကျင်းပမဲ့နေ့ဆိုတာကိုသာ ငါမသိခဲ့ရင် ဒီလူတွေက UFCပြိုင်ဖို့အတွက် ရောက်လာတယ်လို့တောင် ငါထင်မိမှာ"

"နတ်ဘုရားမေ့ရောက်လာပြီ။ နတ်ဘုရားမေ့ရောက်သွားပြီ။ ဒီနှစ်လည်း သူ့ရဲ့နာမည်ကျော်နတ်ဘုရားနည်းစနစ်ကို ထုတ်သုံးနိုင်ဖို့ ငါမျှော်လင့်မိတယ်"

"ကြည့်လိုက် LSPအသင်း ရောက်လာပြီ"

ရုတ်ခြည်းပင် လူအုပ်ထဲမှ အားပေးသံတစ်သံ ထွက်လာချေသည်။

"အား! အဲဒါ ကံကြမ္မာပဲ။ သူက လူကိုယ်တိုင်တွေ့ရတာ အရမ်းချောလိုက်တာ"

"သူတို့က အလွတ်တမ်းရွေးချယ်မှုကတစ်ဆင့် ဒီအထိရောက်လာခဲ့တာလို့ ငါကြားထားတယ်။ ပြိုင်ပွဲတစ်ခုကို ရှုံးခဲတယ်တဲ့။ ချင်းချိုးနိုင်ငံက SK2အသင်းတစ်သင်းပဲ အဲဒီလိုစံချိန်မျိုးကို လိုက်မီတာ"

"SK2ရဲ့ခွန်အားက တကယ်ကြောက်စရာပဲနော်။ League of Legendsကမ္ဘာ့ချန်ပီယံဆုကို သုံးကြိမ်တောင် နိုင်ထားတာ။ ဒီEsportsအိုလံပစ်ကတော့ တကယ့်ကို ကြည့်ကောင်းတော့မှာပဲ"

"LSPအသင်းရဲ့နာမည်က ဘာအဓိပ္ပာယ်လဲဆိုတာ တစ်ယောက်လောက် ငါ့ကိုရှင်းပြပေးနိုင်မလား"

"အသိသာကြီးလေ။ "Old Color Critics"တဲ့။ ကစားသမားကအစ ပိုင်ရှင်နဲ့ နည်းပြတွေအထိ အကုန်လုံးက ခေတ်ဟောင်းဝေဖန်ရေးသမားတွေချည်းပဲ"

"ဗီဒီယိုရိုက်ထားကြ။ သူတို့တွေက ဗီဒီယိုရိုက်ရတာကို သဘောကျကြတယ်"

"ချာတူးလံဓာတ်ပုံသမားတွေ..သူတို့တွေရိုက်သမျှက ချာတူးလံတွေချည်းပဲ"

"ပေါက်ကရပြောရတဲ့ ငါအကြိုက်ဆုံးအပိုင်းကိုရောက်လာပြီ…"

ချင်းချိုးနိုင်ငံမှ ကိုယ်စားပြုအသင်းသုံးသင်းက အမူအရာကင်းမဲ့စွာဖြင့် ဧည့်ခံလမ်းကြောင်းမှတစ်ဆင့် လျှောက်လာပြီး သူတို့၏မျက်လုံးများကလည်း LSPအသင်းထံမှ သွေဖည်မသွားချေ။

SK2၏နည်းပြချုပ် ကျင်းဟွေ့အာက အေးတိအေးစက်ဆိုလာလေသည်။

"ဒီLSPအသင်းက ဘယ်လောက်သန်မာသန်မာ ဒီနှစ်အတွက် ငါတို့SK2ကလပ်ရဲ့ ပန်းတိုင်းကတော့ အနည်းဆုံး ထိပ်ဆုံးချန်ပီယံဆုသုံးဆုပဲ။ ငါတို့ချင်းချိုးနိုင်ငံက အသန်မာဆုံးEsportsနိုင်ငံတစ်နိုင်ငံပဲ။ ဟွာရှားလူမျိုးတွေ ငါတို့နဲ့တွေ့ရင် ရှုံးဖို့ကလွဲပြီး ဘာမှမတတ်နိုင်ဘူး"

...

"အဝေးကြီးကနေ ရောက်လာပေးကြတဲ့ ဧည့်သည်တော်တွေကို ကြိုဆိုပါတယ်။ ခင်ဗျားတို့ရောက်လာပေးလို့ ပထမဆုံးEsportsအိုလံပစ်ပွဲတော်က အသက်ဝင်နေတာပါ။ နိုင်ငံအသီးသီးကရောက်လာတဲ့ အသင်းတွေနဲ့ မိတ်ဆက်ပေးပါရစေ"

Esportsအိုလံပစ်စင်တာရှိ ဖန်သားပြင်ကြီးထက်တွင် ပထမဆုံးအသင်းကို ပြသ၍ ကြေညာလိုက်ပေသည်။

"ပထမဆုံးအသင်းကတော့ အမေရိကန်ရဲ့MVPကလပ်ဖြစ်ပြီး အသင်းဝင်၂၇ယောက်ပါဝင်ပါတယ်။ ၁၂ယောက်ကတော့ ကမ္ဘာချန်ပီယံဂုဏ်ပုဒ်ကို ဆွတ်ခူးထားပါတယ်။ ဒီနှစ် သူတို့ရဲ့နည်းပြချုပ်ကတော့ Esportsလောကထဲမှာ ဆယ်နှစ်ကျော်သက်တမ်းရှိတဲ့ ရွှေတံဆိပ်ဆုရှင်နည်းပြမစ္စတာစတိဗ်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ကမ္ဘာ့ချန်ပီယံဆုကို သုံးကြိမ်တိုင်တိုင်ရရှိထားပါတယ်"

"နောက်တစ်သင်းကတော့ NQအသင်းဖြစ်ပါတယ်။ CSကမ္ဘာ့ချန်ပီယံပွဲကို ၁၂နှစ်ကြာအောင် ဆက်တိုက်အနိုင်ရခဲ့တဲ့ ဒဏ္ဍာရီလာကစားသမားတစ်ယောက်ပါတဲ့ အသင်းပါ။ ဒီနှစ် တစ်ယောက်ယောက်ကများ ဒဏ္ဍာရီလာဂုဏ်ပုဒ်ကို ချိုးဖောက်နိုင်မလား။ သူတို့ရဲ့နည်းပြချုပ်ကတော့ မစ္စတာလီယိုဖြစ်ပါတယ်"

...

"ဒါကတော့ ရင်းနှီးနေပြီးသားဖြစ်တဲ့ SK2ကလပ်ဖြစ်ပါတယ်။ အန်းကျင်းလက်ထပ်ပြီးကတည်းက ချင်းချိုးနိုင်ငံမှာ League of Legendsကို လွှမ်းမိုးလုနီးပါးဖြစ်ခဲ့တဲ့အသင်းဖြစ်ပြီး လီရဲ့ခွန်အားကို နောက်တစ်ဆင့်မြှင့်ပေးခဲ့ပါတယ်။ ကြည့်လိုက်ပါဦး။ သူ့အသင်းဖော်သွေ့ပန်းက ပြုံးတောင်ပြုံးနေပါတယ်။ သူက Season 7အတွက် ချီးကျူးနေတာလား"

...

"နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ဟွာရှားရဲ့ LSPကလပ်ပဲဖြစ်ပါတယ်။ သူတို့တွေက Esportsအိုလံပစ်ပြိုင်ကွင်းအထိရောက်ဖို့ အခက်အခဲတွေအများကြီးကို ဖြတ်ကျော်ခဲ့ရတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဆက်လက်ပြီးတော့ အကြီးဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ သူတို့ရဲ့နည်းပြချုပ်ကို ဖော်ထုတ်ပေးချင်ပါတယ်"

"အမလေး! သူတို့ရဲ့နည်းပြချုပ်က..ကျန်းမုန့်လောင်လား"

"သေစမ်း! အဲဒါက ဒဏ္ဍာရီလာနည်းပြလား"

"ငါ့ကောင်ရေ! သူက ပိုက်ဆံလည်းရှာနိုင်တယ်။ သင်္ချာပညာရှင်ဆိုလည်း ဟုတ်တယ်။ အခု သူက Esportsနယ်ပယ်ဘက်ကိုပါ ခြေချနေပြီလား"

"ကျန်းမုန့်လောင်.. ငါ မင်းကိုတောင်းပန်ပါတယ်။ ကြွားနေတာကိုရပ်ပြီး တခြားလူတွေအတွက်လည်း အခွင့်အရေးတချို့ချန်ထားပေးလိုက်ပါဦး"

**********

All Chapters