နည်းပြချုပ်က သွေးပူလေ့ကျင့်ခန်းလုပ်နေပြီ
Vol. 24 Ch. 353
"သောက်ကျိုးနည်း.. အဲဒါက ဘာအကွက်လဲ။ LSPအသင်းက ကစားသမားတွေက ဘယ်လိုလုပ်ပြီး တအားကြမ်းနေရတာလဲ"
"ဟွာရှားအသင်းက Dotaနဲ့ Warcraftမှာ သန်မာတယ်ဆိုတာတော့ ငါသိပါတယ်။ ဒါပေမဲ့ King of Fightersနဲ့ Street Fighterတို့လို တိုက်ခိုက်ရေးဂိမ်းမျိုးမှာ ဥရောပနဲ့ အမေရိကန်ကစားသမားတွေကပဲ အမြဲလွှမ်းမိုးထားခဲ့တာလေ"
"အဲဒီဟွာရှားကစားသမားက ဘယ်သူလဲ"
"ငါသိတယ်။ သူ့နာမည်က လော့လင်းတဲ့။ သူက မနှစ်တုန်းက ဟွာရှားရဲ့အင်တာနက်ကဖေးပြိုင်ပွဲမှာ ချန်ပီယံရခဲ့တာမလား"
"အင်တာနက်ကဖေးပြိုင်ပွဲလား။ ဒါပေမဲ့ သူက မနှစ်တုန်းက ကမ္ဘာ့ချန်ပီယံနဲ့ ပြိုင်ရတာမလား။ ဒါက ဟဲဗီးဟိတ်ပြိုင်ပွဲလား"
"ဘာကမ္ဘာ့ချန်ပီယံလဲ။ အင်တာနက်ကဖေးချန်ပီယံတစ်ယောက်က ကမ္ဘာ့ချန်ပီယံကို အနိုင်ပိုင်းနိုင်တာမျ မြင်ဖူးလို့လား။ အဓိပ္ပာယ်မရှိတာ"
"ဟုတ်တယ်။ ကြည့်ရတာ ဒီကမ္ဘာ့ချန်ပီယံရဲ့စကေးက ချဲ့ကားထားတာနဲ့တူတယ်"
"KO!"
"ပြိုင်ပွဲ ပြီးဆုံးသွားပါပြီ။ Street Fighterပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရသွားတဲ့အတွက် ဟွာရှားနိုင်ငံရဲ့ LSPအသင်းကို ဂုဏ်ပြုပါတယ်။ အမေရိကန်ရဲ့ MVPကလပ်ကတော့ နှမြောဖို့ကောင်းစွာနဲ့ပဲ ဒုတိယနေရာ ရသွားပါတယ်။ ချင်းချိုးနိုင်ငံကတော့ ကြေးတံဆိပ်ရသွားပါတယ်။ သူတို့အတွက် အားပေးလိုက်ရအောင်"
"LSP!"
"LSP!"
"ခေတ်ဟောင်းဝေဖန်သူ"
"သောက်ကျိုးနည်း သူတို့တွေ ငါတို့ကို ဆဲနေတယ်လို့ ဘာလို့ခံစားမိတာပါလိမ့်"
LSPအသင်းသားများ၏ မျက်နှာထက်တွင် ရှက်ရွံ့ဟန်ပေါ်လာလေသည်။
"ပြီးတော့ LSPအသင်းရဲ့ ကစားသမားတွေကို အင်တာဗျူးလိုက်ရအောင်ပါ"
အစီအစဉ်တင်ဆက်သူက အနိုင်ရအသင်းနားသို့ လျှောက်လာလေသည်။
"ကျေးဇူးပြုပြီး ပြောပြပေးပါဦး။ LSPအသင်းသားတွေအနေနဲ့ ဒီလိုအဓိကပြိုင်ပွဲကြီးတစ်ခုမှာ ပထမဆုံးအကြိမ် ကြိုးစားမှုမှာတင် ချန်ပီယံဟောင်းတွေကို ကျော်တက်ပြီး ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ဘယ်လိုခံစားရလဲ"
လော့လင်းက သူ့နှာခေါင်းကို ထိလိုက်လေသည်။
"အာ... ကျွန်တော်တို့ အရမ်းအားကောင်းနေတာကြောင့်လို့တော့ မထင်ဘူး။ ကျွန်တော်တို့ပြိုင်ဘက်တွေက နည်းနည်းအားနည်းနေတာပါ။ ကျွန်တော် အစွမ်းကုန်ထုတ်မသုံးရသေးခင်မှာတင် သူတို့က လဲကျကုန်ရော"
ဝေ့ဝေ့ဟိုင်ကား ခေါင်းတခါခါလုပ်နေလေသည်။
"အမှန်အတိုင်းပြောရရင် ဘာခံစားချက်ရယ်လို့မှ ထူးထူးခြားခြားမရှိပါဘူး။ ဒီလိုလုပ်ဆောင်မှုအဆင့်မျိုးက ကျွန်တော်တို့LSPအသင်းထဲက တွဲဖက်ပါတနာတစ်ယောက်အတွက်တောင် အရည်အချင်းမရှိဘူး။ အဲဒါကြောင့် အောင်မြင်မှုရဲ့ခံစားချက်ကို အပြည့်အဝမခံစားလိုက်ရဘူး"
အဖွဲ့ဝင် A : "ပွဲစဉ်သုံးခုမှာ ကျွန်တော် ဝင်ကစားဖို့တောင် အခွင့်အရေးမရလိုက်ဘူး။ ဒီတော့ ဘာမှပြောစရာမရှိပါဘူး"
အဖွဲ့ဝင် B : "ကမ္ဘာ့ချန်ပီယံဆုကို အနိုင်ယူဖို့အတွက် ကျွန်တော် လုံးဝတွေးမထားပါဘူး။ ကျွန်တော်က ကမ္ဘာ့ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကို နည်းနည်းလေးတောင် စိတ်မဝင်စားပါဘူး"
အစားထိုးကစားသမား : "ကျွန်တော်ကတော့ တစ်ခုပဲပြောချင်တယ်။ နည်းပြချုပ်က အရမ်းမိုက်တာပဲ"
"သူတို့ကို ကျန်းမုန့်လောင်လေ့ကျင့်ပေးထားတယ်ဆိုတာ သံသယမရှိတော့ပါဘူး။ တစ်ယောက်ချင်းစီရဲ့ဟိတ်ဟန်က သူ့အတိုင်းပဲ"
"ဒီသရော်စကားက ဘယ်လိုဖြစ်တာလဲ။ သူတို့တွေအကုန်လုံးက ငါ့အတွက်တော့ နတ်ဆိုးဂိုဏ်းအဖွဲ့ဝင်တွေလိုပဲ"
ထိုနေရာရှိ ပွဲကြည့်ပရိသတ်များအကြား ရယ်သံတသောသော ပြည့်နှက်သွားလေသည်။ MVPကစားသမားများ၏ မျက်နှာများကမူ ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
မနှစ်က ကမ္ဘာ့ချန်ပီယံပွဲတွင် လော့လင်နှင့် ဝေ့ဝေ့ဟိုင်တို့နှစ်ယောက်စလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ သို့သော် တစ်ယောက်မှ ကွာတားဖိုင်နယ်သို့ မတက်နိုင်ခဲ့ပေ။ တစ်နှစ်အတွင်း သူတို့၏အစွမ်းအစမှာ ဤမျှအတိုင်းအတာအထိ တိုးတက်လာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ချေ။
"ဒီနည်းပြချုပ်မှာ အထူးလေ့ကျင့်ရေးနည်းလမ်းတွေ ရှိနေတာဖြစ်မယ်။ သူက အရမ်းအားကောင်းတယ်"
MVPနည်းပြမှာ သူ့ကစားသမားများကို အပြစ်မတင်ခဲ့ပေ။ သူတို့၏ပွဲစဉ်တစ်ခုလုံးကို သူ စောင့်ကြည့်နေခဲ့သဖြင့် ပြိုင်ဘက်များ၏ အစွမ်းအစများက တစ်မိနစ်အတွင်း ထိရောက်မှုရှိသော လုပ်ဆောင်ရည်အရာ၌ဖြစ်စေ၊ အခွင့်အရေးကို အရယူနိုင်စွမ်း၌ဖြစ်စေ သူတို့ထက် အပြတ်သာနေချေသည်။ သူ့ကစားသမားများနှင့် ယှဉ်၍ပင်မရပေ။
"နည်းပြချုပ်.. အခုလိုဆက်ဖြစ်နေရင် LSPအသင်းက Esportsအိုလံပစ်မှာ ရွှေတံဆိပ်ဆုတွေအားလုံးကို အိမ်ပြန်သယ်သွားလိမ့်မယ်"
"မဖြစ်ဘူး။ ဟွာရှားလူမျိုးတွေကို ဂုဏ်တက်ဖို့ အခွင့်အရေးပေးလို့မဖြစ်ဘူး"
"ဒါပေမဲ့ သူတို့ရဲ့ခွန်အားက အရမ်းကြောက်ဖို့ကောင်းတယ်။ ထိပ်တိုက်ရင်ဆိုင်ကြရင် လက်ကျန်ပြိုင်ပွဲတွေမှာ ငါတို့ သူတို့ကို အနိုင်ယူနိုင်ဖို့ ယုံကြည်မှုမရှိဘူး"
နည်းပြတစ်ယောက်က ဆိုလာလေသည်။
LSPအသင်း၏ ပြိုင်ပွဲဗီဒီယိုတိုင်းကို သူ လေ့လာထားပြီးဖြစ်၏။ သူ့နောက်ဆုံးကောက်နုတ်ချက်မှာ သူ့အား စိတ်ပျက်အားလျော့သွားစေသည်။
"ဒါဆို သူတို့နဲ့ ထိပ်တိုက်ရင်မဆိုင်နဲ့"
MVP၏နည်းပြချုပ် စတိဗ်က သုန်မှုန်နေသောအမူအရာဖြင့် ပြောလိုက်လေသည်။
"ဘာတွေပဲဖြစ်ဖြစ် ငါတို့ ဟွာရှားလူမျိုးတွေကို ရွှေတံဆိပ်ဆုတွေအားလုံး ယူသွားခွင့်ပေးလို့မရဘူး။ နိုင်ငံတကာမှာ သူတို့ရဲ့ဂုဏ်သတင်းက အခုတောင် တော်တော်ကောင်းနေပြီ။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ငါတို့ သူတို့ကို ထပ်ပြီးသြဇာညောင်းခွင့် ပေးလို့မဖြစ်တော့ဘူး"
"အဲဒါက ဘာသဘောလဲ"
"လာမဲ့တနင်္လာနေ့ကျရင် PUBGပြိုင်ပွဲရှိတယ်။ ဒီတိုက်ပွဲတွေက မတရားတာမျိုးမရှိဘူး"
စတိဗ်က ဆိုလာလေသည်။
"တခြားနိုင်ငံတွေကလည်း အခုလိုအနိုင်ပိုင်းခံရတဲ့ကိစ္စအတွက် သိပ်အစာကြေမှာမဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်။ ဒီည မင်း သူတို့ကို သွားဖိတ်လိုက်။ ငါ သူတို့ကို သောက်စရာနဲ့ ဧည့်ခံလိုက်မယ်"
...
ပြိုင်ပွဲမှာ အရှိန်ရလာပြီး LSPအသင်းသားများမှာလည်း CHEATသုံးထားသည့်အလား စစ်မြေပြင်ထဲတွင် ဆက်လက်ချီတက်နေချေသည်။ သူတို့သည် သတိကြီးမှုအရာတွင် တစ်ပန်းသာနေပြီး လက်ကလည်း အလွန်မြန်လှသည်။ အသင်း၏ပူးပေါင်းဆောင်ရွက်မှုမှာ ပြစ်ချက်ကင်းလှသည်။
LSPအသင်းကား ပြိုင်ပွဲဆယ်မျိုးထဲတွင် ငါးခု၌ ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး ကျန်လေးခုတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော လွှမ်းမိုးမှုကို ပြသခဲ့ကြသည်။
နောက်ဆုံးပြိုင်ပွဲဖြစ်သော League of Legendsတွင် LSPအသင်းနှင့် ချင်းချိုးနိုင်ငံရှိ SK2အသင်းတို့က မတူညီသောနယ်မြေများတွင် နေရာချခံခဲ့ရသဖြင့် ခွန်အားကွာဟချက်ကို ယာယီအားဖြင့် မမြင်သာခဲ့ပေ။ သူတို့၏သက်ဆိုင်ရာနယ်မြေများတွင်မူ လွှမ်းမိုးနိုင်စွမ်းရှိသော သြဇာအာဏာကို ကိုယ်စီပြသခဲ့ကြ၏။
LSPအသင်းနှင့် SK2အသင်းနှစ်သင်းစလုံးမှာ သူတို့၏နယ်မြေထဲတွင် မိုးကြိုးနှင့်လျှပ်စီးကိုပင် အမိန့်ပေးနိုင်စွမ်းရှိကြသည်။ LSPအသင်းသည် ဟွာရှားနိုင်ငံ၏ ဝါရင့်RDGအသင်းကို ပွဲစဉ်အသေးလေးတစ်ခုတွင် ရှုံးခဲ့သည်ကလွဲလျှင် ကျန်ပွဲစဉ်အားလုံးကို အနိုင်ရခဲ့ပေသည်။
SK2အသင်းက ပို၍ပင် ကြောက်ဖို့ကောင်းသေးသည်။ ယခုနှစ်အတွက် ကစားသမားလီဟယ်၏ လုပ်ဆောင်ချက်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက သူ့အထွတ်အထိပ်ကာလတုန်းကထက်ပင် ပိုသာနေခဲ့သည်။ သူတို့သည် သူတို့၏နယ်မြေထဲတွင် ယှဉ်ပြိုင်၍မစွမ်းသာသော စံချ်န်တစ်ခုဖြင့် ဖိုင်နယ်ပွဲစဉ်သို့ တက်လာခဲ့ကြသည်။
အခမ်းနားဆုံးEsportsပြိုင်ပွဲတစ်ခုအနေနှင့် ဤဖိုင်နယ်ပွဲစဉ်အတွက် လက်မှတ်များမှာ တစ်ပတ်အလိုကတည်းက ရောင်းကုန်သွားခဲ့ပေသည်။ အွန်လိုင်းလက်မှတ်ဈေးနှုန်းများမှာလည်း မူလတန်ဖိုးထက် သုံးဆမြင့်သွားခဲ့ရသည်။
အယောက်နှစ်သိန်းဆံ့သော ပွဲကြည့်စင်ကား လုံးဝပြည့်နှက်သွားခဲ့ပြီး ခန်းမ၏ဗဟိုတွင်မူ ဧရာမLEDမျက်နှာပြင်ကြီးထက်၌ ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေပေသည်။
အယောက်နှစ်သိန်းကမူ တိုက်ရိုက်ကြည့်နေကြပြီး နိုင်ငံတကာကြည့်ရှုသူများမှာမူ တိုက်ရိုက်ထုတ်လွှင့်မှုတွင် အယောက်သန်းတစ်ရာကျော်သွားခဲ့သည်။ ဤချန်ပီယံပြိုင်ပွဲမှာ S Tournentထက်ပင် ဂုဏ်သတင်းပိုကြီးမားလှပေသည်။
"ဇာတ်ကောင်ဘန်းခြင်း ပြီးဆုံးပါပြီ။ အခု ကစားပွဲကို တရားဝင်စတင်လိုက်ရအောင်"
ပွဲအစီရင်ခံသူများက စိတ်လှုပ်ရှားဖွယ်ကောင်းသော ဤပြိုင်ပွဲအတွက် တိုက်ရိုက်ထုတ်လွှင့်အစီရင်ခံမှုကို သိသာလှသောဖိအားများအောက်တွင် စတင်လိုက်ကြသည်။
"SK2ကစားသမားတွေက အရမ်းကြမ်းနေပါတယ်။ သူတို့က အခုကတည်းက အဖွဲ့လိုက်စုပြီး LSPအသင်းရဲ့Jungleကို ကျူးကျော်နေပါတယ်"
"မဖြစ်ဘူး။ LSPအသင်းရဲ့ SOAကစားသမားက တစ်ယောက်တည်းပိတ်မိသွားပြီ။ လီကောရဲ့ Galioက အဆင့်တစ်မှာ Tauntကို သင်ယူလိုက်ရပါပြီ"
"SOAပိတ်မိသွားပါပြီ။ အသတ်ခံလိုက်ရပါပြီ"
"သူ့အသင်းသားတွေ ရောက်လာပေမဲ့ ပြိုင်ဘက်အသင်းရဲ့ လူငါးယောက်စလုံးရောက်နေပါတယ်"
"အာ! အဆင့်တစ်အဖွဲ့လိုက်တိုက်ပွဲမှာတင် ကစားသမားသုံးယောက် ဆုံးရှုံးလိုက်ရတဲ့အပြင် သူတို့ရဲ့Jungleကပါ ကျူးကျော်ခံထားရတဲ့အတွက် LSPအသင်းရဲ့စမှတ်က အကျိုးယုတ်နေပါပြီ"
SK2ဆိုသည်မှာ ဝါရင့်အင်အားကြီးအသင်းတစ်ခု ဖြစ်၏။ သူတို့သည် ပြိုင်ပွဲကြီးများတွင် အတွေ့အကြုံများစွာ ရှိထားလေသည်။ LSPအသင်း၏ ကစားသမားများကို ကျန်းမုန့်လောင် လေ့ကျင့်ပေးထားသည်ဆိုသော်ငြား သူတို့အဖွဲ့ကို ဖွဲ့စည်းထားသည်မှာ တစ်လသာရှိသေးသည်။ အသင်းသားများအကြားရှိ ပူးပေါင်းလုပ်ဆောင်မှုမှာ အချင်းချင်းနားလည်နိုင်စွမ်း ကောင်းသည့်အဆင့်အထိ မရောက်သေးပေ။
ထို့ပြင် အများစုက ယခင်က ပရော်ဖက်ရှင်နယ်ကစားသမားများ မဟုတ်ကြပေ။ သို့ဖြစ်လေရာ ဖိအားများအောက်တွင် အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ရန်မှာ အလွန်ခက်ခဲလှပေသည်။
ပထမဆုံးပွဲစဉ်တွင် အစကနဦးမကောင်းခဲ့သည့်အတွက် SK2အသင်းက ၁၈မိနစ်အတွင်းမှာပင် အခြေစိုက်စခန်းကို ဖျက်ဆီးနိုင်ခဲ့သည်။
"ဟုတ်ပြီ။ ဟားဟားဟား... ဟွာရှားဂုဏ်ဆောင် LSPအသင်းဆိုတာ ဘာလဲ။ ငါတို့ချင်းချိုးနိုင်ငံရဲ့ အသင်းကမှ အတော်ဆုံးပဲ"
SK2၏နည်းပြက ဂုဏ်မောက်နေဟန်ဖြင့် သူ့ကစားသမားများကို ကြည့်နေချေသည်။ လွန်ခဲ့သည့်ရက်များတုန်းက သူတို့၏အခြားအသင်းများမှာ ဆိုးဆိုးဝါးဝါးအနိုင်ပိုင်းခံခဲ့ရသည်။ ယခုတော့ သူတို့ အဖတ်ပြန်ဆည်နိုင်ခဲ့လေပြီ။
"စိတ်မပူနဲ့။ အားလုံးပဲ.. အကောင်းဆုံးသာ ကြိုးစားကြ။ နောက်တစ်ပွဲကျမှ ပြန်ပြီးအသာစီးယူကြမယ်"
LSPအသင်းနည်းပြက ကစားသမားများကို အားပေးလိုက်လေသည်။ သို့သော် ဖိုင်နယ်ပွဲစဉ်ဖြစ်လေရာ ရှုံးနိမ့်နေရသည့် အခြေအနေအောက်တွင် ကစားနေရသည့်အတွက် ကစားသမားများ၏ စိတ်ဓာတ်ခွန်အားမှာ အလွန်ကျဆင်းလာချေသည်။
ဒုတိယပွဲစဉ်တွင် LSPအသင်း၏လုပ်ဆောင်ချက်မှာ အားရစရာမကောင်းလှပေ။ ကစားသမားများမှာ ဆက်တိုက်အမှားလုပ်မိနေကြပြီး ရထားသည့်အဆင့်ကိုပင် ကမောက်ကမဖြစ်သွားစေသည်။ လီကောနှင့် Push'N Bangတို့က ရဲရင့််မှုကိုထုတ်ပြ၍ ပြိုင်ပွဲကို စိတ်ဝင်စားဖွယ်ကောင်းအောင် ဆွဲခေါ်သွားခဲ့သည်။
ဟွာရှားပရိသတ်များကို ဒေါသထွက်စေသည့်အရာမှာ ပွဲစဉ်တစ်ခုချင်းစီ၏ အဆုံးသတ်တိုင်းတွင် SK2၏ Top Lanerက လက်တစ်ဖက်တည်းနှင့် ကစားပြသွားပြီး ကျန်လက်တစ်ဖက်ကမူ နို့လက်ဖက်ရည်ခွက်ကို ကိုင်ထားကာ LSP၏အခြေစိုက်စခန်းကို အသာလေးဖျက်ဆီးပစ်လိုက်ချေသည်။
"သေစမ်း။ ဂိမ်းပဲကစားလေ။ ငါတို့ကို စော်ကားနေတာက ဘာသဘောလဲ"
"ဘုရားရေ.. ဒီလောက်ညံ့တဲ့စကေးမျိုးနဲ့ သူတို့က သူတို့ကိုယ်သူတို့ နိုင်ငံတကာအသင်းလို့ သတ်မှတ်ရဲတယ်ပေါ့"
"တကယ်ရှက်ဖို့ကောင်းလိုက်တာ"
...
SK2ကလပ်ဘက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူတို့၏ဆိုရှယ်မီဒီယာတွင် ပို့စ်တစ်ခု တင်လိုက်လေသည်။
"LSPအသင်းက နောက်တစ်နာရီနေရင် ညစာဘာစားမလဲဆိုတာကို စဉ်းစားထားလို့ရပြီ"
League of Legendsဂိမ်း၏ လက်ကျန်ပွဲချိန်ကား တစ်နာရီမကျော်ပေ။ ဖိုင်နယ်ပွဲစဉ်ကား ပွဲစဉ်ငါးခု ပြိုင်ရပြီး သူတို့ဘက်က တစ်ပွဲအနိုင်ရထားလေသည်။ သို့ဖြစ်လေရာ နောက်တစ်ပွဲသာ သူတို့ဆက်နိုင်လျှင် LSPအသင်းကို 3:0မှတ်ဖြင့် အနိုင်ရပြီဟု ညွှန်းဆိုနေခြင်းပင်။
ဤရန်စမှုကြောင့် ဟွာရှားပရိသတ်များအကြား ဒေါသမီးများ တောက်လောင်လာလေသည်။ သို့သော် ယခုလိုအခြေအနေမျိုးနှင့် ကြုံနေရချိန်ဝယ် သူတို့တွင်လည်း ပြန်ပြောရန် ယုံကြည်မှုမရှိချေ။
ထိုအချိန်တွင် LSPအသင်း၏ Top Lanerက ရှေ့ဆက်သွားပြီး သူ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ပစ်လိုက်၏။
"ငါ နောက်ဆုံးပွဲစဉ်ကို ခြေထောက်နဲ့ကစားဖို့ စီစဉ်ထားတယ်"
...
"မစ္စတာကျန်း ကျွန်တော်တို့ တောင်းပန်ပါတယ်"
စိတ်ဓာတ်ကျနေသော အသင်းသားများမှာ လေ့ကျင့်ရေးအခန်းထဲသို့ ပြန်ရောက်သောအခါ တစ်ယောက်ပြီးတစ်ယောက် တောင်းပန်စကားဆိုလာလေသည်။
"အဆင်ပြေပါတယ်။ မင်းတို့ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်"
ကျန်းမုန့်လောင်က အသင်းသားများကို အားပေးနှစ်သိမ့်လိုက်၏။
"ငါ အစကတော့ ဝင်မပါဘူးလို့ ဆုံးဖြတ်ထားတာ။ ဒါပေမဲ့ သူတို့က ငါတို့ကို ရန်လာစနေတော့ ငါလည်း ထပ်သည်းမခံနိုင်တော့ဘူး"
...
"LSPအသင်းကရတဲ့ သတင်းအရ နောက်ဆုံးပွဲစဉ်မှာ သူတို့ဘက်က အစားထိုးကစားသမားတစ်ယောက်ကို ထည့်သွင်းကစားခိုင်းမှာဖြစ်ပါတယ်။ ကြည့်ရတာတော့ သူတို့တွေ ဝှက်ဖဲတစ်ခု ပြင်ဆင်လာပုံပဲဗျ"
"အိုး! သူတို့ထွက်လာပြီ။ သူတို့ရဲ့အစားထိုးကစားသမားက ဘယ်သူလဲဆိုတာ ကြည့်လိုက်ရအောင်"
"ဟမ်.. အဲဒါက သူတို့ရဲ့နည်းပြချုပ်မဟုတ်ဘူးလား"
"ကြည့်လိုက်..နည်းပြချုပ်က သွေးပူလေ့ကျင့်ခန်းလုပ်နေပြီ"
***********