← Chapters

ငါလည်း ခြေထောက်နဲ့ကစားရတာ အကျင့်ဖြစ်နေပြီ 

Vol. 24 Ch. 354

ငါလည်း ခြေထောက်နဲ့ကစားရတာ အကျင့်ဖြစ်နေပြီ 

Vol. 24 Ch. 354

"ဘာလဲဟ။ အဲဒါ ကျန်းမုန့်လောင်မဟုတ်လား။ သူက ဘယ်လိုလုပ်ပြီးတော့ စင်ပေါ်ရောက်နေတာလဲ။ ဒီပွဲစဉ်အတွက် ဗျူဟာခင်းနေတာလား"

"မဖြစ်နိုင်ဘူး။ သူတို့အသင်းနည်းပြက ဟိုမှာရှိနေတုန်းပဲ။ Top Lanerပဲ ပျောက်နေတာ"

"ကြည့်လိုက်။ သူ Top Lanerတံဆိပ်ကို ကပ်ထားတယ်ဟ။ သူက Top Lanerကစားတော့မှာ"

"သူက နည်းပြချုပ်မဟုတ်ဘူးလား"

"ခုနကပဲ အိုလံပစ်ကော်မတီက ကြေညာချက်တစ်ခုထုတ်လိုက်တယ်။ LSPအသင်း စာရင်းသွင်းခဲ့တုန်းက ကျန်းမုန့်လောင်ကို နည်းပြချုပ်အနေနဲ့တင်မကဘူး။ ကစားနည်းအားလုံးအတွက် အစားထိုးကစားသမားအဖြစ်နဲ့ပါ စာရင်းသွင်းခဲ့တာတဲ့"

"ဒါက တကယ်ဖြစ်နိုင်ရဲ့လား"

"သီအိုရီအရဆိုရင်တော့ ဘာစည်းမျဉ်းမှ မချိုးဖောက်ဘူး။ အိုလံပစ်ပွဲတွေလိုပဲလေ။ မင်းမှာ လုံလောက်တဲ့ သက်လုံနဲ့ စွမ်းရည်ရှိရင် ပြိုင်ပွဲအားလုံးမှာ ဝင်ကစားလို့ရတယ်"

"ဒါပေမဲ့ သူ တကယ်ကစားနိုင်ပါ့မလား"

"ဒါ... ငါတော့ မထင်ဘူး"

"ကိုယ့်လူတို့ ငါ့ကိုမခြောက်ကြနဲ့နော်။ အမှတ်က 2:0 ဖြစ်နေပြီ။ နောက်တစ်ပွဲထပ်ရှုံးရင် SK2နဲ့ ချင်းချိုးနိုင်ငံက အဲဒီလူယုတ်မာတွေက ငါတို့ကို ဘယ်လိုလှောင်ကြမလဲဆိုတာ ဘုရားပဲသိလိမ့်မယ်"

"အရင်တုန်းက ဥက္ကဋ္ဌဝမ်က ကျန်းမုန့်လောင်နဲ့အတူ duoကစားပြီး တိုက်ရိုက်ထုတ်လွှင့်ဖူးတယ်။ သူ ဂိမ်းကစားတာက သေမင်းတမန်ရောက်လာသလိုပဲ။ သူသွားတဲ့နေရာတိုင်း အသင်းသားတွေ သေကုန်ကြတာပဲ။ wardလည်းမချဘူး။ မြေပုံပေါ်မှာ အမြဲပျောက်နေတာ"

"ငါတို့တော့ ငါးပါးမှောက်ပြီ"

...

ပွဲကြည့်စင်ရှိ ပရိသတ်တချို့က ထွက်သွားဖို့ ပြင်နေလေပြီ။ သူတို့အမြင်မှာမူ ဤပြိုင်ပွဲ၏ရလဒ်က သေချာနေပြီဟု ထင်နေကြလေသည်။ ယခုနှစ်အတွက် SK2၏လွှမ်းမိုးမှုက လွန်စွာကြောက်မက်ဖွယ်ကောင်းလှ၏။ ကစားသမားတစ်ယောက်ချင်းစီတိုင်းကလည်း S Tournament၏ FMVPအဆင့်သို့ ရောက်လုနီးနီးပင်။

သို့သော် သူတို့သတိမထားမိသည်မှာ ဤပွဲစဉ်တွင်မူ LSPအသင်းသားများ၏ မျက်နှာထက်ဝယ် စိတ်အားထက်သန်မှုနှင့် ယုံကြည်မှုများ ပြည့်နေနေချေသည်။ ပထမဂိမ်းနှစ်ပွဲတုန်းကနှင့် လုံးဝကွဲပြားနေလေ၏။

"ဘုရားရေ... LSPရဲ့Top Laner ကျန်းမုန့်လောင်က Vayne Top Laneကို ရွေးလိုက်ပြီ။ အဲဒါက ဒီဗားရှင်းအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုမဟုတ်ဘူး။ Vayneကို ဒီဗားရှင်းမှာ အကြီးအကျယ်nerfလုပ်ထားတာ။ eSportsသမိုင်းတစ်လျှောက် အခုအချိန်အထိ အဲဒါကို သုံးကြိမ်ပဲ ကစားဖူးသေးတယ်။ အဲဒီသုံးကြိမ်လုံး ရှုံးတာပါပဲ။ သူက metaကို စိန်ခေါ်နေတာလား"

"ခဏနေဦး...ကစားသမားကျန်းမုန့်လောင်က ရုတ်တရက်ကြီး ဖိနပ်ချွတ်နေပြီ။ သူ ဘာလုပ်နေတာလဲ။ ဖိနပ်က သက်သောင့်သက်သာမရှိလို့ သူ့စွမ်းဆောင်ရည်ကို ထိခိုက်မှာစိုးလို့လား"

"ကစားသမားကျန်းမုန့်လောင်က ထိုင်ခုံကို ညှိနေပါတယ်ဗျာ။ သူ လှဲချလိုက်ပါပြီ"

"ခြေအိတ်တွေလည်း ချွတ်ပစ်လိုက်ပြီး ခြေထောက်နှစ်ချောင်းကို ကီးဘုတ်နဲ့ မောက်စ်ပေါ်ကို တင်လိုက်ပါပြီ။ သူက ခြေထောက်နဲ့ ဂိမ်းကစားဖို့ ကြံစည်နေတာလား"

"ကျွန်တော်တို့ရဲ့ကွင်းမန်နေဂျာကို ကစားသမားကျန်းမုန့်လောင်ရဲ့လုပ်ရပ်တွေကို သွားပြီးအတည်ပြုခိုင်းလိုက်ရအောင်"

...

ဝန်ထမ်းတစ်ယောက်က စင်မြင့်ပေါ်ကို အလျင်အမြန်ပြေးတက်လာချေသည်။ ပြိုင်ပွဲအတွင်း ပွင့်လင်းမြင်သာမှုရှိရေးအတွက် ကစားသမားများနှင့် ပွဲစီစဉ်သူများအကြား ဆက်သွယ်မှုအားလုံးကို တိုက်ရိုက်ထုတ်လွှင့်ထားသည်။

"ကစားသမားကျန်းမုန့်လောင် ပြဿနာတစ်ခုခုရှိလို့လား"

"မရှိပါဘူး"

ကျန်းမုန့်လောင် ခေါင်းခါပြလိုက်သည်။

"စိတ်မပူပါနဲ့။ ကျွန်တော် ခြေထောက်ဆေးထားတယ်။ ဒီတော့ ဘယ်သူ့ကိုမှ မသေစေနိုင်ပါဘူး။ နောက်ပိုင်းကျရင် SK2ဘက်က ရှုံးမဲမဲပြီး ကျွန်တော့်ခြေထောက်တွေကြောင့် သူတို့စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်လို့ ပြောလာခဲ့ရင် ခင်ဗျား ကျွန်တော့်အတွက် သက်သေခံပေးရမယ်နော်"

"မစ္စတာကျန်း တကယ်ပဲ ခြေထောက်နဲ့ဂိမ်းကစားဖို့ စီစဉ်ထားတာလား"

"ဟုတ်တယ်"

ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်၏။

"SK2ရဲ့ Top Laner Janက နောက်တစ်ပွဲကျရင် ခြေထောက်နဲ့ကစားမယ်လို့ ပြောခဲ့တယ်မလား။ ဖြစ်ချင်တော့ ကျွန်တော်ကလည်း ခြေထောက်နဲ့ဂိမ်းကစားရတာ အကျင့်ဖြစ်နေပြီ"

"ဟားဟားဟား"

ပွဲကြည့်ပရိသတ်များမှာ အော်ရယ်လိုက်ကြသဖြင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ "ဟားဟားဟား"များနှင့် ပြည့်နှက်သွားလေသည်။

"အရမ်းစတိုင်ကျတယ်ဟေ့"

"အထိအခိုက်နည်းပေမဲ့ စော်ကားမှုကတော့ ပြင်းထန်တယ်"

"ငါ မစ္စတာကျန်းရဲ့ နည်းဗျူဟာကို နားလည်သွားပြီ။ သူက တစ်ယောက်ချင်းယှဉ်တိုက်ရင် ပြိုင်ဘက်Top Lanerကို မနိုင်နိုင်မှန်းသိလို့ ခြေထောက်နဲ့ကစားမယ်လို့ ရန်သွားစပြီး ဟိုဘက်က အဓိကကစားသမားတစ်ယောက်ကို ဖယ်ရှားချင်တာပဲ။ ဟိုဘက်က ခြေထောက်နဲ့မကစားခဲ့ဘူးဆိုရင် သူကြောက်နေတယ်လို့ ဆိုလိုတာပဲလေ။ သူတို့အနိုင်ရခဲ့ရင်တောင်မှ အလှောင်ခံရမှာ"

"အရမ်းကောင်းတယ်ဟေ့"

"မစ္စတာကျန်းရဲ့ထုံးစံအတိုင်းပေါ့။ လှည့်ကွက်တွေက အပြည့်ပဲ"

"ဒါ..."

ထိုဝန်ထမ်းလေးခမျာ ဒိုင်လူကြီးကို လှမ်းကြည့်လိုက်၏။

"ဘာလဲ။ ခြေထောက်နဲ့ဂိမ်းကစားလို့မရဘူးဆိုပြီး စည်းမျဉ်းတစ်ခုခု ထုတ်ထားလို့လား"

"ဒါက... တကယ်တော့ အဲဒီလိုစည်းမျဉ်းမျိုးမရှိပါဘူး"

ဒိုင်လူကြီးလည်း အတန်ငယ်ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။

"ဒါဆို ကျုပ်တို့လည်း ကစားသမားကျန်းမုန့်လောင်ရဲ့ ကစားနည်းကို လေးစားရမှာပေါ့"

ထိုဝန်ထမ်း စင်ပေါ်ကဆင်းသွားပြီးနောက် ပြိုင်ပွဲကလည်း ပုံမှန်အတိုင်း ပြန်စလေသည်။ သို့သော် ပွဲကြည့်စင်မှာတော့ အော်ဟစ်သံများ ညံစီနေလေတော့သည်။

"Jan ခြေထောက်နဲ့ကစားလိုက်"

"ဟုတ်တယ်။ မနေ့ကပြိုင်ပွဲမှာ ခြေထောက်နဲ့ကစားရင်တောင် အနိုင်ရနိုင်တယ်လို့ မင်းပြောခဲ့တာမဟုတ်လား။ ကြောက်နေပြီလား"

"အလကားပဲ။ ကမ္ဘာ့နံပါတ်တစ် Top Lanerဆိုတဲ့ ဂုဏ်ပုဒ်ကို ဖြီးလုံးဖြန်းလုံးတွေလျှောက်ပြောရင်း ရလာခဲ့တာလား"

...

"စိတ်မပူနဲ့။ မင်းက ခြေထောက်နဲ့ပဲကစား"

SK2နည်းပြက ပြောလိုက်လေ၏။

"အဲဒီလိုဆိုရင်တောင်မှ ငါတို့အသင်းသားလေးယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက သူတို့ကို အသာလေးကျော်ပစ်လို့ရတယ်။ လက်တွေ့အသုံးဝင်တဲ့ Top Lanerကိုရွေးလိုက်။ jungleက Top Lanerကို ပိုပြီးကူညီပေးလို့ရတယ်လေ။ သေချာပေါက်ဖမ်းမိမှာပဲ"

"ကောင်းပါပြီ"

...

ပြိုင်ပွဲကား စတင်ချေပြီ။ SK2၏ Top Laner Janက အားကိုးယုံကြည်ရသော Sionကို ရွေးချယ်လိုက်၏။ ၎င်းမှာ ခံနိုင်ရည်အမြင့်မားဆုံးဖြစ်ပြီး လူအုပ်ကိုထိန်းချုပ်နိုင်စွမ်းရှိသော ဟီးရိုးတစ်ယောက်ပင်။ အသင်းလိုက်တိုက်ပွဲများတွင် သူလုပ်ဖို့လိုသည့်အရာမှာ ရှေ့ဆုံးမှ တိုက်ခိုက်မှုကိုခံယူပြီး ရပ်နေရုံပင်။ အဆင့်မြင့်စကေးများလည်း မလိုအပ်ပေ။ ဤသည်မှာ "ခြေထောက်နှင့်ကစားဖို့" သင့်တော်သော ဟီးရိုးတစ်ယောက်ပင်။

"ငတုံး..ငါ့လိုမျိုး ခြေထောက်နဲ့ကစားကြည့်စမ်းပါ"

ကျန်းမုန့်လောင်က အေးစက်စက်ပြုံးပြီး သူ့စိတ်ထဲမှ နည်းဗျူဟာအားလုံးကို ပယ်ချလိုက်သည်။

သူလေ့ကျင့်ထားသည့် ဒြပ်စင်သုံးပါးအတွင်းအားစုစည်းရေးသိုင်းက ယွမ်တစ်ကျော့ပြန်သိုင်းအပေါ် အခြေခံထားရုံသာမက လူ့ခန္ဓာကိုယ်၏အစွမ်းအစများကို ဖွင့်ပေးပြီး မည်သည့်အင်္ဂါအစိတ်အပိုင်းကိုမဆို အပြည့်အဝထိန်းချုပ်နိုင်အောင် ကူညီပေးသော နည်းဗျူဟာတစ်ခုဖြစ်၏။

ကျန်းမုန့်လောင်သည် ဒြပ်စင်သုံးပါးအတွင်းအားပေါင်းစည်းရေးသိုင်းကို နက်နက်ရှိုင်းရှိုင်းကျွမ်းကျင်ထားပြီး သူ့ခွန်အားကလည်း စွမ်းအင်သိပ်သည်းမှုအဆင့်ခြောက်အထိ ရောက်နေပြီဖြစ်ရာ အဆင့်ခြောက်သန္ဓေပြောင်းလူသားနှင့် ညီမျှလေ၏။

လက်ချောင်းဖြစ်စေ၊ ခြေချောင်းဖြစ်စေ ကျန်းမုန့်လောင် အကုန်ထိန်းချုပ်နိုင်သည်။ သူ့အတွက်တော့ လက်နှင့်ကစားသည်ဖြစ်စေ၊ ခြေထောက်နှင့်ကစားသည်ဖြစ်စေ ကွာခြားချက်မရှိပါချေ။

ကွာခြားချက်တစ်ခုရှိခဲ့လျှင်လည်း ခြေထောက်နှင့်ကစားရခြင်းမှာ လှဲနေရသောကြောင့် ပိုပြီးသက်သောင့်သက်သာရှိ၏။

"တင်"

"တင်"

"တင်"

ကျန်းမုန့်လောင်၏ဟီးရိုးVayneက မီနီယွန်များကို ချောမွေ့စွာ နှိမ်နင်းနေလေသည်။ ရံဖန်ရံခါတွင် ပြိုင်ဘက်Sionကိုပါ ထိအောင်ပစ်နေပေသည်။ ဖီလာအားဖြင့် ပြိုင်ဘက်ကစားသမားကတော့ မီနီယွန်ပထမတစ်သုတ်တွင် နှစ်ကောင်ကိုသာ နှိမ်နင်းနိုင်ခဲ့ပြီး သွေးတစ်ဝက်လောက်လည်း ဆုံးရှုံးနေချေပြီ။

"သူ...သူ တကယ်ကြီး ခြေထောက်နဲ့ကစားနေတာလား။ သူ့လက်ချောင်းက ခြေထောက်မှာပေါက်နေတာလား..ဘာတုန်း"

"ငါ လက်နဲ့တောင် ဒီလောက်ချောချောမွေ့မွေ့ မကစားနိုင်ဘူး"

"သူက brushကိုသုံးပြီး မီနီယွန်damageကိုရှောင်နေတာကွ။ အဲဒီလိုလှုပ်ရှားမှုမျိုးက ဆက်တိုက်နှိပ်နေဖို့လိုတယ်"

"သူနေရာချလိုက်တဲ့ပုံကို မင်းမြင်လား။ အလိုအလျောက်တိုက်ခိုက်မှုတစ်ခါလုပ်တိုင်း နေရာကို ငါးခါလောက်ပြောင်းနေတာ။ uziတောင်မှ အလိုအလျောက်တိုက်ခိုက်မှုတစ်ခါပြီးတိုင်း သုံးခါပဲပြောင်းတာကို"

"သေစမ်း။ jungleရောက်လာပြီ။ အရှက်မရှိလိုက်တာ"

"သေလိုက်ပါတော့။ သူ့positioningက Gragasရဲ့ E flashကို ရှောင်လိုက်တယ်တဲ့။ ဒါက ကံကောင်းသွားတာလား"

"မဖြစ်နိုင်ဘူး"

"သူ သတ်နေပြီဟေ့"

"သတ်ပစ်။ ဘယ်သူ့ကိုမှ မလွတ်စေနဲ့"

"double kill! သူက ခြေထောက်နဲ့တောင် double killရတယ်ကွ"

"သောက်ကျိုးနည်း"

"ချီးပဲ"

"ငါ့အမေက ငါဘာလို့ဒူးထောက်ပြီး ဂိမ်းကိုကြည့်နေတာလဲလို့ မေးနေတယ်"

"ညီအစ်ကိုတို့.. ငါဒူးထောက်တဲ့ပုံစံက မှန်ရဲ့လား"

"ဟေ့ မင်းဒူးထောက်မယ်ဆိုရင်လည်း နည်းနည်းရွှေ့ပေးဦး။ ငါဒူးထောက်စရာ နေရာမရှိတော့ဘူး"

"ကျန်းမုန့်လောင် ထာဝရနတ်ဘုရား"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

SK2၏စခန်းထဲရှိ Top Laner Janခမျာ တည်ငြိမ်မှု ပျောက်ဆုံးသွားလေသည်။

ပရော်ဖက်ရှင်နယ်ကစားသမား ဆယ်နှစ်သက်တမ်းတွင် လီဟယ်နှင့်အတူ ကမ္ဘာ့ချန်ပီယံဆုကို သုံးကြိမ်ရခဲ့ဖူးသည့်တိုင် သူ့ဘဝတွင် တစ်နေ့၌ jungle၏ထောက်ပံ့ကူညီမှုရှိနေသည့်ကြားက ခြေထောက်နှင့်ကစားနေသော ပြိုင်ဘက်ထံတွင် double killခံလိုက်ရမည်ဟု လုံးဝထင်မထားပေ။ ဤသည်မှာ အဓိပ္ပာယ်မရှိချေ။

"လက်နဲ့ပဲ ကစားတော့"

လီဟယ်ကိုယ်တိုင်ကလည်း ကစားနေရင်း အမိန့်ပေးလိုက်လေသည်။

"ခေါင်းဆောင် ဒါပေမဲ့.."

"ဂုဏ်သိက္ခာထက် အနိုင်ရဖို့က ပိုအရေးကြီးတယ်။ ပရိသတ်တွေက မင်းကို ကမ္ဘာ့ချန်ပီယံအဖြစ်နဲ့ပဲ မှတ်မိမှာ။ ဘယ်လိုနည်းနဲ့ အနိုင်ရခဲ့တယ်ဆိုတာကို မှတ်မိမှာမဟုတ်ဘူး"

Janကလည်း ခေါင်းညိတ်ပြလိုက်ပြီး သရော်နေသော အော်သံများအကြား မောက်စ်နှင့်ကီးဘုတ်ကို အင်တင်တင်ဖြင့် ကောက်ကိုင်၍ သူ့ခြေထောက်များကို ပြန်ချလိုက်၏။

ထိုအချိန်မှာ ကျန်းမုန့်လောင်ကလည်း ခန္ဓာကိုယ်ကို နေရာရွှေ့လိုက်လေသည်။ လူတိုင်းကမူ သူ လက်နှင့်ပြောင်းကစားတော့မည်ဟု ထင်နေကြသော်ငြား ကျန်းမုန့်လောင်ကတော့ ပိုသက်သောင့်သက်သာရှိအောင် ခန္ဓာကိုယ်ကိုညှိပြီး ပြန်လှဲချလိုက်သည်။ ထို့ပြင် အနားရှိ ကော်ဖီခွက်ကိုကောက်ကိုင်ပြီး သောက်ပါလေတော့သည်။

"သူ ခြေထောက်နဲ့ ဆက်ကစားဦးမှာပဲ"

"ဒါက Esportsအိုလံပစ်ပြိုင်ပွဲတောင် ဟုတ်သေးရဲ့လား"

"စိတ်ပိုင်းဆိုင်ရာစစ်ပွဲနဲ့ သတ်ဖြတ်မှု... ဒီလိုလုပ်တာတောင် SK2ဆက်ရှုံးနေမယ်ဆိုရင် တစ်နိုင်ငံလုံးကို တောင်းပန်ရတော့မှာပဲ"

"သေစမ်း။ မဖြစ်ဘူး။ မစ္စတာကျန်းက ultimateဆီကို ချီတက်သွားပြီ"

"သူ့လှုပ်ရှားမှုတွေကိုသုံးပြီး Sionရဲ့ airborne controlကို ရှောင်လိုက်ပါပြီ"

"သူ့လှုပ်ရှားမှုတွေကိုသုံးပြီး Sionရဲ့ ultimate chain crashကို ရှောင်လိုက်ပါတယ်"

"အခုတော့ သူ rangeထဲမှာ kittingလုပ်နေပါပြီ။ Sionက သူ့ကို ထိတောင်မထိနိုင်ပါဘူး"

"နောက်ထပ် solo killရလိုက်ပြန်ပါပြီ"

"ကျန်းမုန့်လောင်က အံ့သြဖို့ကောင်းလိုက်တာ"

လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်က စိတ်ဓာတ်ကျမှုများဖြင့် လွှမ်းခြုံထားသော ပြိုင်ပွဲကွင်းပြင်ကား ယခုမူ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေတော့သည်။

**************

All Chapters