ခြေကျိုးနေတဲ့ခွေးတောင် နိုင်အောင်ကစားနိုင်တယ်
Vol. 24 Ch. 355
League of Legends ပေါ်ပေါက်လာသည့်အချိန်ကတည်းက ပြိုင်ပွဲအကြီးစားများရော အသေးစားများပါ အမြောက်အများကျင်းပခဲ့သော်လည်း ယနေ့ကဲ့သို့ထူးခြားလှသောဟန်ပန်ဖြင့် ကစားသည့်ပွဲမျိုးကိုမူ ယခင်က တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
S Tournamentထက် ဂုဏ်သတင်းကြီးမားသည်ဟုသတ်မှတ်ခံရသော Esportsအိုလံပစ်၏ League of Legendsပြိုင်ပွဲတွင် နည်းပြချုပ်ကိုယ်တိုင် ကစားသမားအဖြစ် ပါဝင်လာသည်မှာ အံ့ဩစရာပင်။
နည်းပြချုပ်၏ကစားဟန်မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းသော်ငြား ခြေထောက်နှင့် ဂိမ်းကစားသူကိုတော့ မည်သူမှ မြင်ဖူးကြမည်မဟုတ်ပေ။
ခြေထောက်နှင့် ကစားခြင်းက တစ်ကဏ္ဍပင်။ သူတစ်ယောက်တည်းနှင့် ရန်သူနှစ်ယောက်သုံးယောက်ကို လိုက်လံဖမ်းဆီးရိုက်နှက်နေသည်မှာ ဘာအဓိပ္ပာယ်လေလဲ။
ခဏအကြာတွင်မူ ပွဲကြည့်ပရိသတ်များလည်း ကျန်းမုန့်လောင်၏အစွမ်းအစကပင် အလွန်မြင့်မားနေလေသလား၊ သို့တည်းမဟုတ် SK2အသင်းသားများက အလွန်အားနည်းနေသလားဆိုသည်ကို မဆုံးဖြတ်နိုင်တော့ပေ။
Jungle၏ ပူးပေါင်းတိုက်ခိုက်မှုများဖြင့် ကျန်းမုန့်လောင်သည် တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းပစ်ကာ တစ်ကိုယ်တည်း top laneကို ချိုးဖျက်နိုင်လုနီးပါးပင်။
LSPအသင်း၏ အခြားအသင်းသားများမှာ သူတို့၏တာဝါအောက်၌ ပုန်းအောင်းနေပြီး မီနီယွန်များကိုသာ စားနေကြသည်။ သူတို့အနေနှင့် ထိတ်လန့်ဖွယ်ကောင်းသော ကျန်းမုန့်လောင်၏ကျွမ်းကျင်မှုနှင့် နိုးကြားမှုကို မြင်တွေ့လိုက်ရပြီးနောက် ကစားသမားငါးယောက်က သူ့ကိုဝိုင်းထားပါသည့်တိုင် ကျန်းမုန့်လောင်ကမူ အသာလေးလွတ်မြောက်သွားမည်ဖြစ်ပြီး တစ်ယောက်နှစ်ယောက်ကိုပင် သတ်သွားနိုင်မည်ဟု ယုံကြည်နေကြလေတော့သည်။
"အခုမှ ရှစ်မိနစ်ပဲရှိသေးတယ်။ သူက high groundကိုတောင် ဝင်နေပြီ။ ငါတို့ သူ့ကို အခုနေသာ မဖမ်းဘူးဆိုရင် ယှဉ်နိုင်တော့မှာမဟုတ်ဘူး"
SK2၏ Top Lanerက သူ့အသင်းသားများကို အလျင်စလိုခေါ်ယူခဲ့သည်။
"အတူသွားရအောင်။ ငါးယောက်ပေါင်းပြီး သူ့ကိုဖမ်းကြမယ်။ ငါတို့ သူ့ကို တစ်ခါလေးတောင် မသတ်နိုင်ဘူးဆိုတာ ငါမယုံဘူး"
လီဟယ်က အံတင်းတင်းကြိတ်လိုက်လေသည်။ ငါးယောက်တစ်ယောက်ဝိုင်းထားခြင်းမှာ အကျိုးယုတ်စေနိုင်သော်လည်း ကျန်းမုန့်လောင်သာ ဤကဲ့သို့ဆက်အနိုင်ပိုင်းနေပါက သူတို့အသင်း၏ စိတ်ဓာတ်ခွန်အားကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။ တစ်ခါပင်ဖြစ်စေ သူ့ကို သတ်နိုင်မှဖြစ်မည်။
"သူတို့ အခု ကြံရာမရဖြစ်နေပြီ။ သူတို့ ကြံရာမရဖြစ်နေပြီ"
"သေစမ်း။ အရှက်မရှိချက်။ ငါးယောက်တစ်ယောက်တဲ့"
"ဘော့စ်ကျန်း ပြေးထား။ သူတို့ ခင်ဗျားဆီကိုလာနေပြီ"
"မင်းတို့တွေက နဂါးနဲ့ တာဝါကို သွားသိမ်းကြ"
ပွဲကြည့်ပရိသတ်များက SK2အသင်းသားများ ကျန်းမုန့်လောင်၏ Top Laneဆီသို့ ဝိုင်းလာကြသည်ကို အထင်းသားမြင်နေရသည်။ ကျန်းမုန့်လောင်ကမူ ရန်သူ၏ high groundရှေ့တွင် တစ်ယောက်တည်း အရှေ့သွားလိုက်၊ အနောက်သွားလိုက် လုပ်နေလေသည်။ ကစားသမားJanခမျာ ထွက်မလာရဲရှာပေ။ ပစ္စည်းကိရိယာများ၏ ကွာဟချက်မှာလည်း ကြောက်စရာကောင်းလှပေသည်။ အချက်အနည်းငယ်မျှ ထိရုံဖြင့် တာဝါအောက်မှာပင် သေဆုံးသွားနိုင်သည်။
"ကျန်းမုန့်လောင်က အရမ်းမောက်မာနေတာပဲ။ သူက ဒါကို သာမန်ကစားပွဲတစ်ခုလို့ ထင်နေတာလား"
"ရန်သူရဲ့ high groundရှေ့မှာ တစ်ယောက်တည်း စိန်ခေါ်နေတာ။ SK2ရဲ့ တခြားကစားသမားတွေက အလှပြထားတာလို့ ထင်နေတာလား"
ချင်းချိုးနိုင်ငံမှ ကြည့်ရှုသူများမှာ အံတင်းတင်းကြိတ်ထားမိကြသည်။ ကျန်းမုန့်လောင်ပြသခဲ့သော လွှမ်းမိုးမှုမှာ သူတို့အား အလွန်စိတ်မသက်မသာဖြစ်စေသည်။
ချင်းချိုးနိုင်ငံ၏အမြင်တွင် esportsဆိုသည်မှာ သူတို့၏ အားသာချက်တစ်ခုပင်။ ယနေ့မှာမူ ဟွာရှားလူမျိုးတစ်ယောက်က ခြေထောက်နှင့်ကစားပြပြီး သူတို့အား ဖိနှိပ်ထားခဲ့လေသည်။ ဤသို့ဖြစ်ပြီးနောက် သူတို့က မည်သို့နှယ် ခေါင်းမော့ထားနိုင်တော့မည်နည်း။
"သူတို့လာပြီ"
သူ့အသင်းသားအားလုံး ရောက်လာသည်ကို မြင်သောအခါတွင်မူ Janလည်း ပြုံးလိုက်မိပြီး ထိန်းချုပ်ရန် ထွက်လာခဲ့လိုက်သည်။
"ဒီကားအစုတ်ကြီးက ငါ့ကိုထိနိုင်မယ်ထင်လား"
ကျန်းမုန့်လောင်ကိုကြည့်ရသည်မှာ အေးအေးလူလူပင်။ သို့သော် သူ့အာရုံကတော့ ဆက်တိုက်အာရုံစူးစိုက်ထားသည်။ သူ့ဦးနှောက်က ကွန်ပျူတာတစ်လုံးနှယ် အလုပ်လုပ်နေပြီး သူ့ပြိုင်ဘက်၏လှုပ်ရှားမှုများ၊ စကေးထုတ်လွှတ်မှုများနှင့် ထိန်းချုပ်မှုများကို အမြဲမပြတ်စောင့်ကြည့်နေချေသည်။
သူသည် လှုပ်ရှားမှုတစ်ခုတည်းဖြင့် Sion၏ ultimateကို အလွယ်လေးရှောင်တိမ်းခဲ့ပြီးနောက် သူ့ကိုထိန်းချုပ်ကာ နံရံကိုသာ ထိမှန်စေခဲ့သည်။
"တင် တင် တင်"
အခြေခံတိုက်ခိုက်မှုသုံးခုက သူ့သွေးသုံးပုံတစ်ပုံကို ကုန်ဆုံးသွားစေသည်။
သို့သော် ထိုအချိန်တွင် အခြားအသင်းသားများ ရောက်ရှိလာပြီး ကျန်းမုန့်လောင်ကို စကေးများဖြင့် အကြမ်းပတမ်းပစ်ကြလေတော့သည်။ တစ်ချက်မျှထိမှန်ပါက damageပေါက်ကွဲပြီး ချက်ချင်းသေသွားနိုင်သည်။
သို့တိုင် ထိုအခိုက်အတန့်လေးတွင် ကျန်းမုန့်လောင်က သူတို့စကေးများ၏ နောက်ဆက်တွဲများနှင့် ရှုထောင့်များကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်၏။
"ဘာလဲဟ။ အဲဒီစကေးအတွက် သူ့ရဲ့လှုပ်ရှားမှုကို ငါ ခန့်မှန်းထားတာလေ။ သူက အဲဒါကို ဘယ်လိုလုပ်ရှောင်နိုင်လိုက်တာလဲ"
"သူက မင်းရဲ့ခန့်မှန်းချက်ကို ကြိုတင်ခန့်မှန်းထားတာ"
"ဒါက ဘယ်လိုစစ်ဆင်ရေးကြီးလဲ။ သူက ကွန်ပျူတာလား။ အဲဒီလိုအနုစိတ်လှုပ်ရှားမှုမျိုးကို ဘယ်လိုများလုပ်နိုင်တာလဲ"
ကျန်းမုန့်လောင်ကမူ လူအုပ်ထဲတွင် ကျွမ်းကျွမ်းကျင်ကျင်လှုပ်ရှားသွားလာနေပြီး ပစ်မှတ်မရှိသော စကေးများကလည်း သူ့ကို မထိမှန်ချေ။ ရှောင်တိမ်း၍မရနိုင်သော Damageများမှာမူ သူ့အပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ပေ၏။
အံ့ဘနန်းလှုပ်ရှားမှုများမှာ တိုက်ရိုက်ကြည့်ရှုနေသူများကိုရော ထုတ်လွှင့်မှုကိုကြည့်ရှုနေသူများကိုပါ စိတ်လှုပ်ရှားမှုတို့ ပွက်ပွက်ဆူစေသည်။ ဤပြိုင်ပွဲက ဘိုရူတိုထက်ပင် ပိုစိတ်လှုပ်ရှားဖို့ကောင်းနေသည်မဟုတ်လား။
"သတ်ပစ်။ သူတို့တွေအကုန်လုံးကိုသတ်ပစ်။ တစ်ယောက်တောင်မလွတ်စေနဲ့"
"သေစမ်းကွာ။ သူ အဲဒါကို ဘယ်လိုလုပ်ပြီးရှောင်နိုင်တာလဲ"
"အဓိပ္ပာယ်မရှိလိုက်တာ။ သူက Hookကိုတောင် ကြိုတင်ခန့်မှန်းထားတာဟ"
"ဘော့စ်ကျန်းက သူ့ခန့်မှန်းချက်ကို ပြန်ခန့်မှန်းထားတာလေ"
"ဒါဆို ဒီစကေးရော"
"ကျန်းမုန့်လောင်က သူတို့ရဲ့ကြိုတင်ခန့်မှန်းချက်ကို သူခန့်မှန်းထားတယ်ဆိုတာကို ပြိုင်ဘက်က ကြိုတင်ခန့်မှန်းထားမှန်း ခန့်မှန်းထားပြီးသား"
"ဒီတစ်သုတ်မှာ ပြိုင်ဘက်က ပထမအလွှာမှာရှိနေတုန်းက ကျန်းမုန့်လောင်ကတော့ ထိပ်ဆုံးကိုရောက်နေတာပဲ"
"ဂန္တဝင်အသင်္ချေအလွှာကိတ်လှုပ်ရှားမှုပဲ"
"ပြိုင်ဘက်အသင်းရဲ့ Top Lanerကို ကြည့်လိုက်ဦး။ တော်တော်အထိနာနေပြီ"
"ဟားဟားဟား.. သူ့အမူအရာကိုကြည့်ရတာ ခွေးနဲ့တူနေပြီ"
...
"Double Kill, Triple Kil, Quadruple Kill!"
လူငါးယောက်က ကျန်းမုန့်လောင်ကို ဝိုင်းထားပါသော်ငြား သူကတော့ အံ့ဘနန်းလှုပ်ရှားမှုများဖြင့် သူတို့လေးယောက်ကို သတ်ပစ်ခဲ့ပြီး လီဟယ်ကိုမူ သွေးအနည်းငယ်မျှ ကျန်ရစ်ရုံအနေအထားဖြင့် လွှတ်ပေးထားလိုက်သည်။ သူ့ကိရိယာ၏ကျေးဇူးကြောင့် ကျန်းမုန့်လောင်မှာမူ သွေးအပြည့်ဖြစ်သွားခဲ့သည်။
"သေစမ်း။ ငါးယောက်တစ်ယောက်ချတာတောင် လေးယောက်အသတ်ခံလိုက်ရတယ်တဲ့။ မင်းတို့ကောင်တွေ ကစားရောကစားတတ်ရဲ့လား"
"မင်း ဘာတွေပြောနေတာလဲ။ ဒါက အခြေခံပဲလေ"
"သောက်ကျိုးနည်း.. ငါးယောက်တစ်ယောက်ချတာတောင် တစ်ယောက်ကလွတ်သွားသေးတယ်။ ကျန်းမုန့်လောင်.. မင်း ကစားရောကစားတတ်ရဲ့လား"
"အမှန်ပဲ။ မင်းတို့က ငါးယောက်တစ်ယောက် ချောင်ပိတ်ပြီးချတာတောင် အဲဒီတစ်ယောက်က လွတ်ဖြစ်အောင်လွတ်သွားသေးတယ်။ ခြေထောက်နဲ့မကစားနိုင်ရင်လည်း မကစားကြနဲ့လေ"
"လေသံကိုနားထောင်ပြီး ငါ အတပ်ပြောနိုင်တယ်။ အဲဒါ သေချာပေါက် သရော်စကားပြောဟန်ပဲ"
SK2အသင်းက ကျန်းမုန့်လောင်ကို ချောင်ပိတ်ဖမ်းရန်အတွက် ကစားသမားငါးယောက်ကို စုဝေးခိုင်းခဲ့သော်ငြား သူကတော့ ထိုလေးယောက်စလုံးကို တစ်ယောက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။ သူ့အသင်းသားများကတော့ အရင်းအမြစ်များကို ချက်ချင်းသိမ်းယူကာ တာဝါများကိုချိုးပြီး ပစ္စည်းပမာဏကွာဟချက်အကြီးကြီးကို ဖန်တီးခဲ့လေသည်။
"ပြီးသွားပြီ.."
ကျန်းမုန့်လောင်၏ဦးဆောင်မှုဖြင့် ရပ်တန့်၍မရနိုင်သော LSPအသင်းက ပြိုင်ဘက်၏ High Groundကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် သောင်းကျန်းခဲ့ပြီး ၁၂မိနစ်အတွင်းမှာပင် ကစားပွဲကို အဆုံးသတ်ပစ်ခဲ့လေသည်။
"လွန်လွန်းတာပေါ့။ အခုမှ ၁၅မိနစ်တောင်မပြည့်သေးဘူး။ သူတို့ကို လက်နက်ချခွင့်လေးတောင် မပေးဘူး"
"အမှန်ပဲ။ သူတို့ကို နားချိန်လေးတော့ပေးလိုက်ပါဦး။ နိုင်ငံတကာဂယက်တွေကို ထည့်စဉ်းစားဦးလေ"
"ဘော့စ်ကျန်းက သူတို့ကို နားချိန်ပေးထားသားပဲ။ သူတို့က ခြေထောက်နဲ့ကစားပေးထားတာတောင် အမီမလိုက်နိုင်ရှာဘူးလေ"
...
"ဘာ? ကျန်းမုန့်လောင်က ကစားပွဲထဲကိုဝင်ခဲ့တယ်တဲ့လား။ ပြီးတော့ ခြေထောက်နဲ့ကစားရင်း အနိုင်ရသွားတယ်ပေါ့"
"သောက်ကျိုးနည်း.. ငါ အစောကြီးထွက်လာခဲ့မိတာ။ အခုပြန်သွားပြီး ကြည့်လို့ရသေးလား"
ဤသတင်းကို ကြားသောအခါ ထွက်ခွာသွားကြသော ပွဲကြည့်ပရိသတ်များမှာ ခန်းမထဲသို့ ပြန်ရောက်လာပြီး အတန်ငယ်လူသူကင်းမဲ့နေသော အားကစားကွင်းကို ချက်ချင်းပြန်လည်ရှင်သန်လာစေခဲ့သည်။
ပွဲစဉ်တစ်ခုအပြီးတိုင်းတွင် တင်ဆက်သူများက အနိုင်ရအသင်းကို တွေ့ဆုံမေးမြန်းတတ်လေရာ ဤပွဲစဉ်အတွက်မူ ကျန်းမုန့်လောင်က ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ဖြစ်လာခဲ့၏။
"မစ္စတာကျန်း.. နည်းပြချုပ်အနေနဲ့ ခင်ဗျား ကစားပွဲထဲကို ဘာလို့ဝင်ခဲ့တာပါလဲ"
"အိုး.ကျွန်တော်တို့ကလပ်ကကျွေးတဲ့ အစားအသောက်တွေက အရမ်းကောင်းတယ်လေ။ မနေ့တုန်းက ကျွန်တော်တို့ ညစာကို ပင်လယ်စာစားခဲ့ကြတယ်။ Top Lanerနဲ့ အစားထိုးကစားသမားတွေအကုန် ဝမ်းလျှောကုန်ကြလို့ ကျွန်တော်ပဲ ယာယီဝင်လိုက်ရတာ။ ကျွန်တော်ကစားသွားတာ သိပ်လည်းမကောင်းပါဘူး။ စိတ်ထဲမထားပါနဲ့"
တင်ဆက်သူခမျာ စိတ်ထဲမှ ခပ်ကျိတ်ကျိတ်ရယ်လိုက်မိသည်။ ကျန်းမုန့်လောင်ကတော့ သူ့သရော်စကားမျာကို စတင်လာချေပြီ။
"ဒီတော့ မစ္စတာကျန်း..ဒီပွဲစဉ်မှာ ခြေထောက်နဲ့ကစားဖို့ ဘာလို့ဆုံးဖြတ်ခဲ့တာပါလဲ။ ဒါက ချင်းချိုးကစားသမားတွေကို မလေးမစားလုပ်တာလို့ တော်တော်များများကထင်နေကြပါတယ်"
"လုံးဝပါပဲ။ သူတို့ရဲ့ Top Lanerက ဒီပွဲစဉ်ကို ခြေထောက်နဲ့ကစားမယ်လို့ ပြောခဲ့တာလေ။ ကျွန်တော်သာ လက်တွေသုံးပြီးကစားရင် အနိုင်ကျင့်သလိုဖြစ်မသွားဘူးလား။ ဒါပေမဲ့ သူ ဒါကိုတောင် ရင်မဆိုင်နိုင်ပါဘူး"
"ဒီပွဲစဉ်ကို အနိုင်ရခဲ့တဲ့ အဓိကအကြောင်းအရင်းက ဘာလို့ထင်ပါသလဲ။ LSPအသင်းရဲ့စည်းလုံးမှုက တော်တော်တင်းကျပ်တယ်လို့ ကျွန်တော်သတိထားမိတယ်။ အသင်းသားတစ်ယောက်ချင်းစီက ခွဲလို့တောင်မရဘူး"
တင်ဆက်သူက ကျန်းမုန့်လောင်အား သူ့ဦးဆောင်ရာအတိုင်း လိုက်ပါလာရန် ရှင်းရှင်းလင်းလင်းအရိပ်အမြွက်ပေးနေလေသည်။
"ကျွန်တော်တို့က အရမ်းကောင်းလွန်းလို့မဟုတ်ပါဘူး"
ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်လေသည်။
"အဓိကကတော့ တစ်ဖက်အသင်းက အရမ်းအားနည်းနေလို့ပါ။ အဲဒီလိုအသင်းမျိုးနဲ့ကစားရမယ်ဆိုရင် တွေ့ရာခွေးတစ်ကောင်ကို Top Lanerရာထူးပေးလိုက်ရင်တောင် ဂိမ်းကိုနိုင်အောင် ကစားနိုင်တယ်"
ဤပွဲစဉ်ကို ကျန်းမုန့်လောင်ကသာ သယ်ဆောင်သွားခဲ့ကြောင်း လူတိုင်း အတပ်မြင်ခဲ့ရသည်။ သူသာမရှိလျှင် LSPအသင်း၏ ကံကြမ္မာကား ပထမပွဲစဉ်နှစ်ခုနှင့် သိပ်ကွာခြားနိုင်မည်မဟုတ်ချေ။
Top Laneတွင် တကယ်တမ်းသာ နောက်ထပ်ခွေးတစ်ကောင်ရှိပါက သူတို့၏အသင်းလည်း သာမန်အသင်းတစ်သင်းကိုပင် ယှဉ်နိုင်မည်မဟုတ်။ သို့ဖြစ်လေရာ ဤစကားသည် SK2ကို အသုံးမကျသည့်အသင်းဟု စော်ကားနေခြင်းပင်။
*************