← Chapters

ငါ ခြေထောက်တစ်ဖက်တည်းပဲ သုံးမယ်

Vol. 24 Ch. 357

ငါ ခြေထောက်တစ်ဖက်တည်းပဲ သုံးမယ်

Vol. 24 Ch. 357

ဒါရိုက်တာ၏ကင်မရာထဲတွင် ကျန်းမုန့်လောင်၏ မျက်နှာအမူအရာက တည်ငြိမ်နေချေသည်။ သူ့ဘယ်လက်ထဲတွင်လည်း နို့လက်ဖက်ရည်ခွက်တစ်ခွက်ကို ကိုင်ထားပြီး ပါးစပ်ထဲသို့ အေးအေးလူလူမော့နေလေ၏။ သူ့ညာလက်ကမူ သူ့ဘယ်လက်နှင့် ဆန့်ကျင်စွာ လှုပ်ရှားနေသည်။

ကျန်းမုန့်လောင်၏ကီးဘုတ်ကို ဒေါင်လိုက်နေရာချထားပြီး မောက်စ်နှင့် ကပ်လျက်တွဲထားသောကြောင့် လက်တစ်ဖက်တည်းနှင့် ကီးဘုတ်ရော မောက်စ်ပါ ထိန်းချုပ်နိုင်ပေသည်။ သူ့ညာလက်၏လက်သူကြွယ်နှင့် လက်သန်းကို မောက်စ်ကိုင်ဖို့ အသုံးပြုပြီး ကျန်လက်သုံးချောင်းကမူ ကီးဘုတ်ပေါ်တွင် ပြေးလွှားနေပြီး မြန်နှုန်းမြင့်လုပ်ဆောင်ချက်ကြောင့် လျင်မြန်စွာရွေ့လျားနေသော လက်ချောင်းများ၏ပုံရိပ်ကို ဝေဝေဝါးဝါးသာ မြင်နေရ၏။

"ကီးဘုတ်နဲ့မောက်စ်ကို လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်နေတာပဲ။ ဒီလိုလက်ချောင်းမျိုးကို စန္ဒရားတီးတဲ့နေရာမှာ မသုံးရရင် ဖြုန်းတီးရာကျလိမ့်မယ်"

"လန်လန်ကတော့ ဒါကိုမြင်ရင် စိတ်ဆိုးသွားနိုင်တယ်"

"သေစမ်းကွာ။ ဒါကိုမြင်ရင် ကာတိုတာကာတောင် ထိုင်ငိုလောက်တယ်။ အရမ်းကြောက်ဖို့ကောင်းတာပဲ။ အရမ်းကြောက်ဖို့ကောင်းတာပဲ"

"ဒါက ဒဏ္ဍာရီလာ ကောင်းကင်ဘုံအကျဉ်းထောင်ဖျက်ဆီးရေး မဟာလက်ချောင်းတွေများလား"

"ဒါကမှ ကီးဘုတ်စစ်သည်တော်အစစ်ပဲ။ ကျန်းမုန့်လောင်နဲ့ တစ်ယောက်ယောက်ကများ အွန်လိုင်းပေါ်မှာ ယှဉ်ချင်တယ်ဆိုရင် သူတို့တော့ သေချာပေါက်အဆုံးသတ်လှမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က တကယ့်လုပ်ကြံသတ်ဖြတ်ရေးသမားစစ်စစ်တစ်ယောက်ပဲ။ အဲဒီလမ်းပေါ်မှာ သူ ပထမဆုံးအကြိမ်ပေါ်လာတိုင်း ပြိုင်ဘက်က အရေးပေါ်စကေးတွေကို ထုတ်သုံးရတာပဲ။ ဒုတိယတစ်ခေါက်ပြန်ရောက်လာရင်တော့ သေပြီပေါ့"

LSPအသင်းကား ပြိုင်ဘက်ကင်းနေပြီး ပြိုင်ပွဲကလည်း အရေးအကြီးဆုံးအချိန်လေးကို ရောက်နေချိန်တွင် ဂိမ်းက ရုတ်တရက်ရပ်တန့်သွားပေသည်။

"ဘာဖြစ်တာလဲ။ မီးပျက်သွားတာလား"

"တစ်ယောက်ယောက်က လူမသိအောင် ပါဝါပိတ်လိုက်တာလား"

"သေစမ်း။ အရှက်မရှိလိုက်တာ။ ဟိုဘက်အသင်းလား"

"ချင်းချိုးနိုင်ငံက ရှုံးတာကို မခံနိုင်တော့လို့များလား"

ရုတ်ခြည်းဆိုသလို ပွဲကြည့်ပရိသတ်ထဲတွင် ဆူဆူညံညံဖြစ်သွားပြီး ကင်မရာကလည်း ပြိုင်ပွဲဧရိယာထဲရှိ ကစားသမားများကို အနီးကပ်ရိုက်ကူးပြလိုက်သည်။ SK2အသင်းရှိ ကစားသမားများမှာ စိတ်ရှုပ်ထွေးနေဟန် ပြသရင်း ရပ်တန့်လိုက်သူမှာ သူတို့မဟုတ်ကြောင်း ညွှန်ပြနေပေသည်။ LSPအသင်း၏ကစားသမားများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ဘာဖြစ်နေမှန်း မသိကြပေ။

"ဘာဖြစ်တာလဲ"

ဒိုင်လူကြီးက ပြိုင်ပွဲဧရိယာထဲသို့ ချက်ချင်းရောက်ချလာ၏။

"ဂိမ်းကို ဘယ်သူရပ်လိုက်တာလဲ"

"ကျွန်တော်ပါ။ ကျွန်တော်ရပ်လိုက်တာ"

ကျန်းမုန့်လောင်က လက်မြှောက်ပြလိုက်လေသည်။

"ဘာဖြစ်တာလဲ။ လက်တွေကို တအားမြန်မြန်ကြီးလှုပ်ရှားလိုက်ရလို့ ကြွက်တက်တာတော့ မဟုတ်ပါဘူးနော်"

"ဖြစ်နိုင်တယ်။ ပရော်ဖက်ရှင်နယ်ကစားသမားတော်တော်များများက လက်အခြေအနေကြောင့်ပဲ အနားယူသွားကြရတာ။ ဒီလိုလှုပ်ရှားမှုမြင့်တဲ့လုပ်ဆောင်မှုတွေကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ"

"မဟုတ်ဘူး။ ကြည့်လိုက်။ ကျန်မုန့်လောင်ရဲ့ကီးဘုတ်က မီးခိုးတွေထွက်နေပြီ"

"သောက်ကျိုးနည်း.. ငါ့ကောင်တို့ရေ..ငါတော့လန့်သွားပြီ။ အဲဒီကီးဘုတ်က ပေါက်ကွဲသွားတာလား"

"တောင်းပန်ပါတယ် ဒိုင်လူကြီး..ကျွန်တော့်ကီးဘုတ်က ပျက်သွားတဲ့ပုံပဲ"

ကျန်းမုန့်လောင်က ကီးဘုတ်အပျက်ကြီးကို မြှောက်ပြလိုက်၏။

"နည်းပညာအသင်း..မြန်မြန်လာကြည့်ပေးဦး"

ဒိုင်လူကြီးကလည်း ဟာ့ဒ်ဝဲပညာရှင်များကို ချက်ချင်းလှမ်းခေါ်လိုက်လေသည်။

နည်းပညာရှင်ကလည်း ကီးဘုတ်ကိုကောက်ယူ၍ ခဏမျှကြည့်ရှုစစ်ဆေးပြီးနောက် သူ့အမူအရာမှာ ပျက်ယွင်းသွားချေသည်။

"ဒါ..ဒါက မဖြစ်နိုင်တာ"

"ဘာဖြစ်တာလဲ။ ဒီကီးဘုတ် ဘာဖြစ်သွားတာလဲ"

"ကီးဘုတ်က သူ့ရဲ့တုံ့ပြန်နိုင်စွမ်းထက်ကျော်ပြီး လုပ်ဆောင်လိုက်ရလို့ ပျက်စီးသွားတာ။ ဒီကီးဘုတ်လုပ်ဆောင်နိုင်တဲ့ အမြင့်ဆုံးAPMက ၇၂၀ပဲ။ သဘောကတော့ တစ်စက္ကန့်အတွင်းမှာ လုပ်ဆောင်မှုစွမ်းရည်က ၁၂ဆရှိတယ်။ လက်ရှိအချိန်မှာ ကစားသမားတိုင်းရဲ့ မှတ်တမ်းတင်ထားတဲ့ အမြင့်ဆုံးAPMက လေးရာမကျော်ဘူး။ ဒါပေမဲ့ ဒါကတော့…"

"ဝိုး"

လူအုပ်ကြီးကား အံ့အားသင့်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိကြသည်။

"APM ၇၀၀နှုန်းတဲ့လား။ မစ္စတာကျန်းရဲ့လုပ်ဆောင်နှုန်းက APM၇၀၀ကျော်သွားတာလား။ သူ့လက်ချောင်းတွေက ဝိညာဉ်တွေအဖြစ် ပြောင်းထားတာများလား"

"သူ့APM ဘယ်လောက်လဲဆိုတာတော့ ငါမသိဘူး။ သူ့လက်ချောင်းတွေ ဘယ်လိုလှုပ်ရှားနေလဲဆိုတာ ငါ မမြင်ရဘူး"

"ငါ့တစ်သက် ကီးဘုတ်ကို အလွန်အကျွံသုံးလိုက်လို့ ပျက်သွားတယ်ဆိုတာမျိုး တစ်ခါမှမကြားဖူးဘူး"

"..."

"အား"

"ငါ့လက်က အဲဒီလောက်တောင်မြန်တာလား"

ကျန်မုန့်လောင်လည်း သူ့ကိုယ်သူ အနည်းငယ်အံ့ဩသွားရ၏။ နောက်ဆုံးတစ်ခေါက် သူစစ်ဆေးခဲ့စဉ်က ဤမျှမြင့်မားလှသော ပမာဏကို ပြသခဲ့ခြင်းမဟုတ်ကြောင်း သူ မှတ်မိသေးသည်။ "ဒြပ်စင်သုံးပါးပေါင်းစည်းရေး"သိုင်းကြောင့် သူ့ကျွမ်းကျင်မှုအဆင့် မြင့်တက်လာပြီး လက်၏အမြန်နှုန်းကပါ တိုးတက်လာလေသလား။

"သောက်ကျိုးနည်းဟေ့။ ကြွားလုံးထုတ်နေတာလား"

"မစ္စတာကျန်းပြောတာကို ငါ ဘာသာပြန်ပေးမယ်။ လက်လှုပ်ရှားမှုက အရမ်းမြန်နေတာကို ငါ စိတ်မဝင်စားဘူး။ ငါ့လက် ဒီလောက်မြန်မှန်း ငါကိုယ်တိုင်တောင်မသိဘူးတဲ့"

"မစ္စတာကျန်းရဲ့ကောင်မလေးကတော့ တကယ်ကံကောင်းတာပဲ"

"ညစ်ညမ်းတဲ့စကားတွေ ပြောတဲ့လူ.. အင်တာနက်က ဥပဒေရဲ့အထက်မှာမရှိဘူးနော်"

"ဘရို မင်းအကောင့်တော့ သွားရှာပြီ"

...

သိပ်မကြာခင်မှာပင် ကီးဘုတ်အသစ်တစ်လုံး ရောက်လာပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ နားချိန်မိနစ်ပိုင်းမျှ ရခဲ့သော်လည်း SK2အသင်းကမူ တွေဝေငေးငိုင်နေဆဲသာ။ မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့အသင်း၏အမှတ်က တစ်သောင်းကျော်မျှ နောက်ကျကျန်ရစ်နေခဲ့ပေသည်။

စကေးများက မည်မျှပင်ကောင်းမွန်နေပါစေ အမှတ်အများကြီးကွာဟနေသည့် အခြေအနေတွင် သေချာပေါက်အနိုင်ပိုင်းခံရမည်သာ။ ပထမဆုံးအသင်းလိုက်ပြိုင်ပွဲ၏ ဆယ့်သုံးမိနစ်အတွင်းမှာပင် LSPအသင်းက တစ်ဖက်အသင်းကို အပြတ်ရှင်းလင်းနိုင်ခဲ့ပြီးနောက် နဂါးဥမပေါက်ခင်မှာပင် အခြေစိုက်စခန်းကို ဖျက်ဆီးပစ်လိုက်၏။

"ပြီးသွားပြီလား"

"ဒါပဲလား။ ၁၈မိနစ်တည်းနဲ့ ပြီးသွားတာလား"

"ငါ့မှာ ဘောင်းဘီလေးချွတ်ရုံရှိသေးတယ်။ ဒါပဲတဲ့လား"

"သူတို့ကို အရမ်းကြီးကျယ်မြင့်မြတ်တယ်လို့ထင်နေတာ။ သူတို့က သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းနတ်ဘုရားတွေပါဆိုပြီး ကြေညာထားတာမလား"

...

"မစ္စတာကျန်း…ခင်ဗျား ကျွန်တော်တို့ကို ရှင်းပြဖို့တော့လိုနေပြီ"

ဖော့စ်က LSPအသင်း၏နားနေခန်းထဲသို့ ဒေါသတကြီးရောက်ချလာလေသည်။

"ဘာကိုရှင်းပြရမှာလဲ။ ကျုပ် ဘာလုပ်ခဲ့လို့လဲ"

ကျန်းမုန့်လောင်၏ပုံစံကား အပြစ်ကင်းစင်ဟန်ပေါက်၏။

"ပြိုင်ပွဲမစခင်တုန်းက ကျွန်တော်တို့ ခင်ဗျားကို သတိပေးခဲ့တယ်လေ။ အဲဒါကို ခင်ဗျား ဘာလို့များ အရှက်ကွဲမဲ့နည်းလမ်းတွေကို ဆက်သုံးနေရသေးတာလဲ"

"ကျုပ်က ခင်ဗျားပြောတဲ့အတိုင်း လုပ်ခဲ့တာပဲလေ"

ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်လိုက်၏။

"ခင်ဗျားတို့ပဲ ကျုပ်ကို လက်နဲ့ကစားဖို့ပြောခဲ့တာလေ။ အဲဒါကြောင့် ကျုပ် လက်နဲ့မကစားခဲ့ဘူးလား"

"ဒါပေမဲ့ လက်တစ်ဖက်တည်းသုံးဖို့လည်း မပြောခဲ့ဘူးလေ"

ဖော့စ်က အော်ဟစ်လိုက်လေသည်။

"လက်တစ်ဖက်တည်းမသုံးနဲ့လို့လည်း ခင်ဗျား မပြောခဲ့ပါဘူး"

ကျန်းမုန့်လောင်က လက်ဖြန့်ကားပြလိုက်ချေသည်။

"ပြီးတော့ ကျုပ်ကလည်း တမင်တကာ လက်တစ်ဖက်တည်းသုံးတာမှမဟုတ်တာ။ ခင်ဗျားလည်းမြင်သားပဲ။ ကျုပ်ရဲ့လက်တစ်ဖက်က အလကားနေနေတာမှမဟုတ်တာ။ နို့လက်ဖက်ရည်သောက်နေတာလေ"

"ပြိုင်ပွဲကစားနေတုန်းကြီး နို့လက်ဖက်ရည်သောက်တယ်ပေါ့လေ။ နို့လက်ဖက်ရည်က အဲဒီလောက်တောင် အရေးကြီးတာလား"

"ဒါပေါ့။ ပြိုင်ပွဲက ဘယ်လိုလုပ်ပြီး နို့လက်ဖက်ရည်ကို ယှဉ်နိုင်မှာလဲ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ပြိုင်ပွဲပြီးမှသောက်မယ်ဆိုရင် အေးသွားတော့ အရသာမရှိတော့ဘူး။ ခင်ဗျားရော တစ်ခွက်လောက်သောက်မလား။ အထူးထုတ်နို့နဲ့လုပ်ထားတာ။ မစ္စတာဖော့စ်.. ခင်ဗျား ဒါကို ဒီနိုင်ငံထဲမှာ ရှာမရဘူး"

"ခင်ဗျား…"

"ကျုပ်လား"

"ကျုပ် ခင်ဗျားကို အရည်အချင်းမပြည့်မီကြောင် ကြေညာချက်ထုတ်ပစ်မယ်"

"ကောင်းပြီလေ။ ဒါဆို ကျုပ်ကလည်း ဒီပြိုင်ပွဲအတွက် ပေးထားတဲ့ စပွန်ဆာတွေရော ဆုငွေတွေအကုန်လုံးကိုရော ပြန်ရုပ်သိမ်းလိုက်မယ်။ အဲဒီနေရာကိုအစားထိုးဖို့ ခင်ဗျားဘာသာ လူရှာပေတော့။ ဒိပြိုင်ပွဲကို ကျုပ်မဦးစီးတော့ဘူး"

"ခင်ဗျား…"

ဖော့စ်ခမျာ ဒေါသထွက်လွန်းသောကြောင့် ပန်းနာထလုနီးပါးဖြစ်သွားရသည်။

ဤသည်မှာ သာမန်အိုလံပစ်ပြိုင်ပွဲတစ်ခု ဖြစ်ပါလျှင် မည်သူကများ သူ့အား ယခုလိုပြောရဲမည်နည်း။

သို့သော် ဤတစ်ကြိမ်တွင်မူ ကျန်းမုန့်လောင်က ငွေရှင်ဖြစ်နေပေသည်။ အဆောက်အအုံများနှင့် ဆုငွေများအားလုံးအပါအဝင် ငွေကြေးပိုင်းဆိုင်ရာကိစ္စများအားလုံးကို ကျန်းမုန့်လောင်စပွန်ဆာပေးထားခြင်းပင်။ သူသာ ရန်ပုံငွေကို ပြန်ရုပ်သိမ်းလိုက်ပါက ဤEsportsအိုလံပစ်လည်း ဆက်လက်ကျင်းပနိုင်မည်မဟုတ်ချေ။ အားကစားကော်မတီကရော သူ့အား အလွတ်ပေးမည်တဲ့လား။

"ဟုန်းရီ..အားကစားကော်မတီကို မက်ဆေ့ချ်ပို့လိုက်။ သူတို့လွှတ်လိုက်တဲ့လူကို ငါ မကျေနပ်ဘူးလို့။ သူ့ကို နောက်လာမဲ့ Esportsအိုလံပစ်မှာ ဆက်မြင်ရဦးမယ်ဆိုရင် ငါကလည်း ပိုက်ဆံတစ်ပြားတစ်ချပ်မှ ပေးမှာမဟုတ်ဘူးလို့"

"ကောင်းပါပြီ မစ္စတာကျန်း… ကျွန်မ အားကစားကော်မတီရဲ့ဥက္ကဋ္ဌကို ချက်ချင်းဖုန်းဆက်လိုက်ပါ့မယ်"

"မစ္စတာကျန်း ကျွန်တော်.."

ဖော့စ်သည် တစ်ချိန်လုံးမာနဝင့်ကြွားနေခဲ့မိသည်။ ကျန်းမုန့်လောင်က သာမန်ကစားသမားတစ်ယောက်သက်သက်မဟုတ်ပါဘဲ ဤပြိုင်ပွဲ၏ပွဲစီစဉ်သူလည် ဖြစ်ကြောင်း သူ မေ့လုနီးပါးဖြစ်သွားရ၏။ သူသာ မရှိလျှင် ပြိုင်ပွဲလည်း မရှိနိုင်ပေ။ သူသည် ကျန်းမုန့်လောင်ကို ပြိုင်ပွဲမှထုတ်ပယ်မည်ဟုပင် ခြိမ်းခြောက်ခဲ့ပေသည်။ သူ အတိတ်မေ့ရောဂါ နောက်ဆုံးအဆင့်ကိုများ ရောက်နေလေသလား။

"လစ်စမ်း"

...

နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ပြီးနောက် SK2အသင်း၏ စိတ်ဓာတ်ခွန်အားလည်း ကျိုးပျက်လုနီးပါးဖြစ်သွားရသည်။ ကစားသမားငါးယောက်စလုံးမှာ အလွန်အထိနာနေပြီး ဤပွဲစဉ်သည်လည်း ရှုံးရဦးမည်ဖြစ်ကြောင်း ယုံကြည်ထားကြ၏။ တစ်ခုတည်းသော မေးခွန်းမှာမူ ကျန်းမုန့်လောင်က ခြေထောက်နှင့်ကစားမလား၊ လက်နှင့်ကစားမလားဟူသော မေးခွန်းပင်။

ကျန်းမုန့်လောင်က သူ့ထိုင်ခုံတွင် နေရာယူလိုက်ပြီးနောက် စားပွဲပေါ်သို့ ခြေထောက်တစ်ဖက်တင်လိုက်၏။ ထို့နောက် နို့လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ လှဲချလိုက်လေသည်။

"ကဲ ဒီတစ်ခေါက် ခြေထောက်တစ်ဖက်တည်းနဲ့ ကစားမယ်"

...

"LSPအသင်းက အခုဆိုရင် SK2အသင်းရဲ့အခြေစိုက်စခန်းဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်ပါပြီ။ သူတို့တွေ အခြေစိုက်စခန်းထဲ ဝင်မွှေနေကြပါပြီ"

"SK2အသင်းရဲ့ ကစားသမားတွေကတော့‌ စိတ်ဖိစီးနေကြပါတယ်။ ဒါပေမဲ့ သူတို့ ထွက်လည်းထွက်မလာရဲကြဘူးဗျ။ ထွက်လာရင် သေချာပေါက်သေမယ်ဆိုတဲ့သဘောပဲလေ"

"သူတို့ခမျာ LSPအသင်းရဲ့စူပါမီနီယွန်တွေ သူတို့ရဲ့ခရစ္စတယ်ကို ဖြိုချပစ်နေတဲ့မြင်ကွင်းကို ဘာမှမလုပ်ဘဲ ကြည့်နေရုံပဲ တတ်နိုင်ပါတယ်"

"သူတို့ တကယ်အဖြစ်ဆိုးတာပဲ။ ကောင်းကင်ဘုံကသာ ကျန်းမုန့်လောင်ကို ကောင်းချီးမပေးထားဘူးဆိုရင် Esportsအိုလံပစ်က ထာဝရစိတ်ပျက်ဖို့ကောင်းနေတော့မှာ"

"Esportsအိုလံပစ်ရဲ့ League of Legendsပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိသွားတဲ့အတွက် ဟွာရှားနိုင်ငံရဲ့ LSPအသင်းကို ဂုဏ်ပြုလိုက်ရအောင်။ ငွေတံဆိပ်ဆုရသွားခဲ့တဲ့ ချင်းချိုးနိုင်ငံရဲ့ SK2အသင်းကိုလည်း လက်ခုပ်ဩဘာသံနဲ့ ဂုဏ်ပြုလိုက်ရအောင်ဗျ"

...

ကမ္ဘာမြေတုန်လှုပ်ဖွယ် လက်ခုပ်ဩဘာသံများအကြားတွင် ကျန်းမုန့်လောင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့် သူ့နားကြပ်ကို အောက်ချလိုက်၏။

"Esportsက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ"

************

All Chapters