← Chapters

သူ့အကြောင်း ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်

Vol. 24 Ch. 359

သူ့အကြောင်း ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်

Vol. 24 Ch. 359

"သူတို့ လူစားလဲနေကြပြီ။ သူတို့ လူစားလဲနေကြပြီ"

"မစ္စတာကျန်းက ကစားကွင်းထဲကိုဝင်လာပြီ"

"ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူ့ကိုပဲလွှတ်လွှတ် မထူးဘူး။ မစ္စတာကျန်းက ခြွင်းချက်မရှိကျွမ်းကျင်တယ်ဆိုရင်တောင် သူတို့မှာ ကစားသမားလေးယောက်ပဲရှိတာလေ။ ရန်သူဘက်က ၂၄ဆတောင် သာနေတာကို"

"ဘယ်သူကဂရုစိုက်မှာလဲ။ များများသတ်နိုင်လေ ကောင်းလေပဲ။ အနည်းဆုံးတော့ ပြိုင်ပွဲမှာ တိုက်ခိုက်ရေးစိတ်ဓာတ်ကိုတော့ ပြရမှာပဲ"

"ဟုတ်သားပဲ။ အမှန်ပဲ။ သူတို့တွေ အုပ်စုဖွဲ့ပြီး ငါတို့ဟွာရှားအသင်းကို ဝိုင်းတိုက်ရင်တောင် ငါတို့က သူတို့ဆီက အသားတစ်ပိုင်းပဲဖြစ်ဖြစ် သုတ်ချီသွားနိုင်တယ်ဆိုတာကို ပြရမယ်"

အောက်ဘက်ရှိ ဟွာရှားပရိသတ်များမှာ LSPအသင်း၏နာမည်ကို အော်ဟစ်အားပေးနေကြ၏။ ထိုအချိန်တွင် တစ်နိုင်ငံလုံးရှိ Esportsပရိသတ်များကလည်း LSPအသင်းကို အားပေးနေကြ၏။

"ဟမ့်! အဲဒီဆူညံသံတွေက ဘာအကျိုးရှိမှာမို့လို့လဲ"

အခြားအသင်းများ၏ နည်းပြများက လှောင်ရယ်ကြလေသည်။ ပရော်ဖက်ရှင်နယ်ကစားသမား၉၆ယောက်၏ စုပေါင်းတိုက်ခိုက်မှုအောက်တွင် သူတို့ဘက်က လိမ်လည်လှည့်စားပြီး ကစားခဲ့လျှင်ပင် လက်အပိုဘယ်နှချောင်းသုံးသုံး ထုတ်ပယ်ခံရမည်သာ။

"ကြည့်လိုက်ကြဦး။ မစ္စတာကျန်းက ဒီတစ်ခေါက် သူ့ကိုယ်ပိုင်အသုံးအဆောင်တွေယူလာတယ်။ League of Legendsပြိုင်ပွဲတုန်းက သူများရဲ့ကီးဘုတ်ကိုပဲ သုံးခဲ့တာမဟုတ်ဘူးလား"

"ကြည့်ရတာ ဒီတစ်ခေါက်တော့ မစ္စတာကျန်းက အတည်ပေါက်ကြီးလုပ်နေတဲ့ပုံပဲ"

ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများတွင် ကစားသမားများကို ကိုယ်ပိုင်ကိရိယာများ ယူလာခွင့်ပေးထားသည်။ သို့သော် ထိုပစ္စည်းများကို ပွဲအတွင်းရှိ ဒိုင်လူကြီးများကို စစ်ဆေးခွင့်ပေးရသေးသည်။

"မစ္စတာကျန်း..ကျုပ်တို့ ခင်ဗျားယူလာတဲ့ ပစ္စည်းကို စစ်ဆေးဖို့လိုပါတယ်"

"ပြဿနာမရှိပါဘူး"

ကျန်းမုန့်လောင်ကလည်း ကီးဘုတ်ကို လှမ်းပေးလိုက်သည်။

"သတိထားနော်။ ကျွန်တော့်ကီးဘုတ်ပေါ်မှာ စိန်၁၀၇ကာရတ် ဆင်ထားတာ"

ထိုစကားကိုကြားသော် ဒိုင်လူကြီး၏လက်မျာမှာ တုန်ယင်သွားရှာပြီး ကီးဘုတ်ကိုပင် ကြမ်းပြင်ပေါ်သို့ လွှတ်ချမိမတတ်ပင်။

သောက်ကျိုးနည်း… ကီးဘုတ်ပေါ်မှာ ဘာလို့ စိန်ဆင်ထားရတာလဲ။ စိန်တွေပေါ်လွန်းလို့ ဘယ်နေရာမှ သုံးစရာနေရာမရှိတော့လို့လား။ အိမ်သာခွက်မှာသာ ဒီစိန်တွေသွားတပ်လိုက်ပါတော့လား…

"ကိရိယာတွေက အဆင်ပြေပါတယ်"

ဒိုင်လူကြီးက ကီးဘုတ်ကို ကျန်းမုန့်လောင်ဆီသို့ ဂရုတစိုက်ပြန်ပေးလိုက်၏။

"စိတ်တိုင်းကျပြင်ဆင်ထားတဲ့ ဒီကီးဘုတ်က APM၈၀၀နဲ့အထက် တုံ့ပြန်မှုတွေကို ခံနိုင်ရည်ရှိတယ်"

"သောက်ကျိုးနည်းဟေ့။ APM၈၀၀တဲ့။ သူက လုပ်ဆောင်ချက်မြင့်မားတဲ့ဂီယာမျိုးကို လိုအပ်နေတာလား"

ပွဲကြည့်ပရိသတ်များမှာ ဒိုင်လူကြီး၏စကားကြောင့် အံ့ဩမှင်တက်ကုန်ကြ၏။

တကယ်တမ်းတွင် အနည်းငယ်မျှ အဆင့်မြင့်သော ကီးဘုတ်များသည် APMခပ်မြင့်မြင့်ကို ခံနိုင်ရည်ရှိသော်ငြား ၈၀၀ကမူ အလွန်များလှသော ပမာဏတစ်ခုဖြစ်၏။ သို့ဖြစ်လေရာ APM၈၀၀ကို တုံ့ပြန်နိုင်စွမ်းရှိခြင်းမှာမူ စင်စစ်ကြောက်မက်ဖွယ်ရာပင်။

ဥပမာဆိုရလျှင် တစ်စုံတစ်ယောက်က ကီးဘုတ်ပေါ်ရှိ ခလုတ်ဆယ်ခုကို တစ်စက္ကန့်အတွင်း နှိပ်မည်ဆိုလျှင် လုပ်ဆောင်မှုနိမ့်သော ကီးဘုတ်များက ခလုတ်ခြောက်ခု သို့မဟုတ် ခုနစ်ခုကိုသာ မှတ်မိနိုင်ပြီး နှိပ်လိုက်သောခလုတ်အရေအတွက်အတိုင်း အတိအကျမလုပ်ဆောင်ပေးနိုင်ချေ။

သို့သော် လုပ်ဆောင်မှုမြင့်သော ကီးဘုတ်တစ်ခုကမူ နှိပ်လိုက်သော ခလုတ်ဆယ်ခုစလုံးကို အတိအကျလုပ်ဆောင်ပေးနိုင်၏။ ဤသည်မှာ ကီးဘုတ်စွမ်းဆောင်မှု၏ ကွာခြားချက်ပင်။

သို့သော် တော်တော်များများကတော့ ဤကဲ့သို့တုံ့ပြန်နိုင်စွမ်းမြင့်မားသော ကီးဘုတ်မျိုးကို မလိုအပ်ကြချေ။ ကျန်းမုန့်လောင် ယခုလိုအဆင့်မြင့်ကိရိယာမျိုးကို ယူလာသည်ဆိုခြင်းမှာ သာမန်ကီးဘုတ်များက သူ့လုပ်ဆောင်မှု၏ အခြေခံလိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ကြောင်း ပြသနေသည်။

"အားလုံး အဆင်သင့်ဖြစ်ပြီလား"

ကျန်းမုန့်လောင်က သူ့နေရာတွင် ထိုင်ချလိုက်ပြီး လက်ဆစ်ချိုးလိုက်၏။

"အဆင်သင့်ပါပဲ"

ကျန်းမုန့်လောင်၏စွမ်းဆောင်မှုကို မြင်ထားပြီးဖြစ်သည့် အသင်းသားများအားလုံးကမူ တိုက်ခိုက်လိုစိတ်များ ဟုန်းဟုန်းတောက်နေချေသည်။

"ကောင်းတယ်"

ကျန်းမုန့်လောင် အော်လိုက်လေသည်။

"အခုကစပြီး ဒီနေရာကို ကျန်းမုန့်လောင်ရင်ပြင်လို့ ခေါ်မယ်"

...

"ဂိမ်းဆက်ကစားလို့ရပါပြီ"

ဒိုင်လူကြီး၏အသံ ထွက်ပေါ်လာသည်နှင့် ကစားပွဲလည်း စတင်လေပြီ။ ကျန်းမုန့်လောင်က သူ့ဇာတ်ကောင်ကို အမြန်ဆုံးအရှိန်ဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်ခိုင်းလိုက်ပြီးနောက် အနီးဆုံးအခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ ကျန်အသင်းသားသုံးယောက်ကမူ အနီးအနားတွင် ဆင်းသက်လိုက်၏။

သို့သော် သူတို့၏ဆယ်မီတာပတ်လည်တွင် အနည်းဆုံးရန်သူအယောက်နှစ်ဆယ်က ဆင်းသက်လိုက်ကြပြီး အရင်းအမြစ်များကို လဲလှယ်ကာ တိုက်ခိုက်ရေးစွမ်းရည်ကောင်းများလည်း ရရှိထားကြသည်။

ဖီလာအားဖြင့် ကံကောင်းခြင်းကမူ ကျန်းမုန့်လောင်နှင့် သူ့အသင်းထံသို့ ကျရောက်မလာခဲ့ပေ။ ကျန်အသင်းသားများခမျာ သာမန်လက်နက်များကိုသာ ရလိုက်သည်။

"သေစမ်း.. ကံဆိုးလိုက်တာ။ စက်သေနတ်တစ်လက်တည်းလား"

ပွဲကြည့်ပရိသတ်များမှာ ကျန်းမုန့်လောင်ဝင်သွားသည့် အခန်းထဲတွင် DP-28စက်သေနတ်နှင့် ကျည်အတောင့်၁၂၀၊ အဆင့်တစ်ခေါင်းဆောင်းနှင့် ကျောပိုးအိတ်တစ်လုံးသာ ရှိကြောင်း မြင်လိုက်ရသောအခါ စိတ်ဖိစီးသွားရလေသည်။

"သွားပြီ။ သူတို့ကို ရန်သူတွေကဝိုင်းထားပြီးပြီ။ အိမ်ထဲကထွက်ဖို့တောင်မလွယ်ဘူး။ သူ ခေါင်းထုတ်လိုက်တာနဲ့ သူ့နဖူးကို ရှစ်ဆချဲ့မှန်ပြောင်းနဲ့ ချိန်ထားမှာ"

"ကြက်သားမစားရတော့ဘူး။ ငါတို့တော့သွားပြီ"

SP-28ကား အလွန်အစွမ်းထက်လှသော စက်သေနတ်တစ်လက်ဖြစ်သော်ငြား အားနည်းချက်ကြီးတစ်ခုရှိ၏။ ၎င်း၏ပြန်ကန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ ကစားသမားကသာ ပြန်ကန်အားကို မထိန်းချုပ်နိုင်ပါက အချက်အနည်းငယ်ပစ်ပြီးသည်နှင့် သေနတ်ပြောင်းက မိုးပေါ်သို့ ထောင်တက်သွားပြီး လေယာဉ်များကို စတင်ပစ်ခတ်ပေလိမ့်မည်။

"ငါတို့နိုင်ပြီ"

ကျန်းမုန့်လောင်ကမူ သေနတ်ကိုရှာတွေ့လိုက်သည်နှင့် ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်၏။ သူ့အတွက်မူ မည်သည့်သေနတ်အမျိုးအစားပင်ဖြစ်စေ သေနတ်တစ်လက်ဖြစ်နေသရွေ့တော့ ပြန်ကန်အားသုညဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိ၏။

"မင်းတို့ရဲ့ပတ်ပတ်လည်မှာ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြ"

ကျန်းမုန့်လောင်က သူ့အသင်းသားများနှင့် တည်တည်ငြိမ်ငြိမ်ဆက်သွယ်လိုက်ချေသည်။

"ကျွန်တော်က နံပါတ်တစ်ပါ။ SW128တည်နေရာမှာရှိနေတယ်။ ကျွန်တော့်ပတ်ပတ်လည်မှာ အဖွဲ့လေးဖွဲ့အပြည့်ဝိုင်းထားတယ်။ လေးဖက်လေးတန်စလုံးမှာပဲ။ သူတို့ဘက်က မလှုပ်ရှားသေးဘူး။ စနိုက်ပါနှစ်ယောက်က ကျွန်တော့်ကိုစောင့်ကြည့်နေတယ်။ ကျန်တဲ့လူတွေကတော့ ကိရိယာတွေစုဆောင်းနေကြတုန်းပဲ"

"ကျွန်တော်က နံပါတ်နှစ်ပါ။ ကျွန်တော် ဆင်းလိုက်တာနဲ့ ငတုံးရှစ်ယောက်က ကျွန်တော့်နောက်ကိုလိုက်လာပြီး ထိုးတော့တာပဲ။ ကျွန်တော်လည်း သေနတ်တစ်လက်ကောက်ကိုင်ပြီး သူတို့သုံးယောက်ကို သတ်ပစ်လိုက်တယ်။ ပြီးတော့ သေနတ်ကိုင်ထားတဲ့ နောက်တစ်ကောင်က ကျွန်တော့်ကိုသတ်လိုက်ပြီ…"

"ကျွန်တော်က နံပါတ်သုံးပါ။ SE28တည်နေရာမှ ရှိနေပါတယ်။ ကျွန်တော့်ပတ်ပတ်လည်မှာတော့ အသင်းငါးသင်းရှိတယ်။ သူတို့က အခု အဆောက်အအုံထဲကို ဝင်လာဖို့ပြင်နေကြတယ်"

"ဘုန်း"

ရုတ်ခြည်းဆိုသလို ဗုံးပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။

"နည်းပြ ကျွန်တော် ဗုံးကြဲခံလိုက်ရပြီ.."

"စိတ်မပူနဲ့။ လဲနေရင်းနဲ့ အနိုင်ယူဖို့စောင့်နေလိုက်"

ကျန်းမုန့်လောင်က ရန်သူ၏လှုပ်ရှားမှုကို သိလိုက်ရပြီဖြစ်၏။ သူတို့ထဲရှိ သုံးပုံတစ်ပုံက ကိရိယာများ လိုက်ရှာနေဆဲပင်။ မည်သို့ပင်ဖြစ်စေ သူတို့သည် အနိုင်ရချင်ကြသောကြောင့် သူတို့ကို အမဲလိုက်ဖို့ရာ အာရုံစိုက်ထားမည်မဟုတ်။ ဤသည်မှာ LSPအသင်းအတွက်မူ အခွင့်အရေးတစ်ခုပင်။

"ဆင်းဆင်းချင်းမှာတင် အသင်းသားနှစ်ယောက်ပဲကျန်တော့တယ်။ ငါတို့က ဘယ်လိုတိုက်ရတော့မှာလဲ"

"မြန်မြန်ကြည့်လိုက်ကြ.. LSPအသင်းသားတစ်ယောက် အဝိုင်းခံထားရပြီ"

"သူ့ပစ်ချက်က တော်တော်တိကျတာပဲ။ တစ်ယောက်လေးယောက်တောင်မှ သူက နှစ်ယောက်ကိုရအောင် ပစ်နိုင်တယ်။ ကြမ်းချက်ကွာ"

"နှမြောစရာပဲ။ တရားမျှတတဲ့ပွဲစဉ်သာဆိုရင် သူတို့ သေချာပေါက် ချန်ပီယံဖြစ်နိုင်ဦးမှာ"

"အခု ဘော့စ်ကျန်းပဲ ကျန်တော့တယ်။ အယောက်ကိုးဆယ်ကျော်နဲ့ သူတစ်ယောက်တည်း တိုက်ရတော့မှာ။ ဘယ်လိုလုပ်နိုင်နိုင်မှာလဲ"

...

"ပထမဆုံးအဖွဲ့"

ကျန်းမုန့်လောင်က မြင်ကွင်းနှင့် ခြေသံများကို အာရုံစိုက်၍ တည်နေရာတစ်ခုတည်းရှိ ရန်သူလေးယောက်ကို မြင်လိုက်လေသည်။ သူတို့သည် GUNဟုခေါ်သော အဖွဲ့ဖြစ်၏။ သူကလည်း သူတို့ရှိရာနေရာတွင် ရှိနေကြောင်း သိထားကြလောက်သည်။ သို့သော် အဆောက်အအုံ၏ ဘယ်ဘက်ခြမ်းတွင် ရှိသလဲဆိုသည်ကိုမူ မသိကြချေ။

"ဒုတိယထပ်ပြတင်းပေါက်"

GUNအသင်းရှိ ကစားသမားတစ်ယောက်က ကျန်းမုန့်လောင် ပေါ်ထွက်လာသည်ကို မြင်လိုက်သော ပထမဆုံးကစားသမားပင်။ ပရော်ဖက်ရှင်နယ်ကစားသမားများ၏ လျင်မြန်လှသော တုံ့ပြန်မှုနှုန်းကြောင့် သူတို့ ဒုတိယထပ်ရှိ ပြတင်းပေါက်ဆီသို့ ချက်ချင်းအကြည့်ရွှေ့သွားနိုင်ကြသည်။

သို့သော် ထိုအချိန်မှာ ကျန်းမုန့်လောင်က စတင်ပစ်ခတ်လိုက်ပြီးလေပြီ။

"ဟာသပဲ။ စက်သေနတ်တစ်လက်တည်းနဲ့ ငါတို့လေးယောက်ကို ယှဉ်ချင်တယ်ပေါ့။ ကျည်ဆန်တိုင်းက ခေါင်းကိုထိမှဖြစ်နိုင်မှာ"

"ဒက်ဒက်ဒက်"

စက်သေနတ်ပစ်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် သေတ္တာလေးလုံးမှာ အစိမ်းရောင်မီးခိုးငွေ့များကို ထုတ်နေလေတော့သည်။

ကျည်ကပ်တစ်ခုတွင် ကျည်အတောင့်၄၇တောင့် ပါရှိသည်။ ကျန်းမုန့်လောင်တွင် အတောင့်လေးဆယ် ကျန်သေးသည်။ ထိုလေးယောက်ထဲတွင် သုံးယောက်က အဆင့်နှစ်ခေါင်းဆောင်းကို ဆောင်းထားသည်ဖြစ်ရာ သေနတ်နှစ်ချက်ပစ်ဖို့ လိုပေသည်။ ကျန်တစ်ယောက်မှာမူ ဘာခေါင်းဆောင်းမှမရှိချေ။ တစ်ချက်ပစ်ရုံမျှဖြင့် မှောက်သွားမည်သာ။ ကျန်းမုန့်လောင်၏ ကျည်ခုနစ်တောင့်က ရန်သူ့ခေါင်းများကို တိတိကျကျထိမှန်သွားခဲ့သည်။

သေနတ်များက အဆက်မပြတ်ပစ်ခတ်နေဆဲပင်။

ကျန်းမုန့်လောင်လည်း ပြတင်းပေါက်မှ လွှားခနဲခုန်ချလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ရောက်သည်နှင့် တည်နေရာတစ်ခုကို တစ်ချက်လှမ်းပစ်လိုက်၏။

နှစ်ရာမီတာကျော်အကွာတွင် ပြတင်းပေါက်အနောက်မှ ချောင်းနေသည့် စနိုက်ပါတစ်ယောက်ခမျာ ခေါင်းထဲမှ သွေးများပန်းထွက်လာလေသည်။

"ဘာဖြစ်သွားတာလဲ"

GUNအသင်းသားလေးယောက်ခမျာ ကြက်သေသေသွားကြရသည်။ သူတို့မှာ သေနတ်ပင် မပစ်ရသေးပေ။

သေသွားသည့်အချိန်ကို အနှေးပြကွက်ဖြင့် ပြန်ပြသည့်အခါ အံ့ဖွယ်ကောင်းသောမြင်ကွင်းကို သူတို့ မြင်လိုက်ရလေတော့သည်။ ကျန်းမုန့်လောင်၏စက်သေနတ်က ကျည်ခုနစ်ချက်ကို ဆက်တိုက်ထုတ်လွှတ်ပြီး သူတို့လေးယောက်၏ခေါင်းကိုတည်၍ ပစ်ခဲ့ခြင်းပင်။

"သူပဲ။ သူပဲ"

အသင်းသားတစ်ယောက်က လွန်ခဲ့သည့်တစ်လကျော်လောက်က PUBGကစားသမားများအကြား ပြောစမှတ်တွင်ခဲ့သည့် ဒဏ္ဍာရီတစ်ပုဒ်ကို ရုတ်တရက်သတိရလိုက်လေသည်။

"သူ… ကျန်းမုန့်လောင်က 'ငါကမင်းအဖေ'ဆိုတဲ့ အကောင့်ပိုင်ရှင်ပဲ"

************

All Chapters