← Chapters

ကျုပ်က ဒီတောင်တန်းရဲ့ပိုင်ရှင်ပဲ

Vol. 25 Ch. 366

ကျုပ်က ဒီတောင်တန်းရဲ့ပိုင်ရှင်ပဲ

Vol. 25 Ch. 366

"ခင်ဗျားက တင်းမိသားစုထဲက မဟုတ်ဘူးလား"

အကြီးအကဲနှစ်ယောက်လည်း လန့်ဖျပ်သွားလေသည်။ ကျန်းမုန့်လောင်၏အမူအရာမှာ လိမ်ညာနေဟန်မတူပေ။ သို့သော် သူက စကားစလိုက်သည်နှင့် ဘာကြောင့်များ ချန်ပင်းယွီကို တောင်းဆိုရသလဲ။

"အကြီးအကဲ ကျွန်မကိုသိလို့လား"

ချန်ပင်းယွီ ရှေ့သို့ တိုးသွားလိုက်သည်။ ကျန်းမုန့်လောင်တွင် မကောင်းသောရည်ရွယ်ချက်များ မရှိကြောင်း သူ(မ)၏မသိစိတ်က ပြောနေပေသည်။

"ငါ မင်းကိုမသိပါဘူး"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်သည်။

"ထားလိုက်တော့။ ဟန်ဆောင်မနေတော့ဘူး။ တကယ်တော့ ငါ မင်းကိုလာရှာတာ"

"ကျွန်မကိုလာရှာတာလား။ အကြီးအကဲ ကျွန်မက…"

"ရပ်လိုက် ရပ်လိုက်။ ငါ့ကို အကြီးအကဲလို့မခေါ်နဲ့တော့။ ငါက အခုမှ ၂၂နှစ်ပဲရှိသေးတာ။ မင်းကတောင် ငါ့ထက် အသက်ကြီးချင်ကြီးနေဦးမယ်"

"၂၂နှစ်လား"

ထိုနေရာရှိ လူအားလုံးမှာ ရုတ်ခြည်းမှင်တက်သွားကြလေသည်။ ဤမဟာသခင်က သူ့ကိုယ်သူ အသက်၂၂နှစ်ဟု ဆိုနေပေသည်။ သူ့ရုပ်ရည်ကို နုပျိုနေအောင် အထူးနည်းလမ်းတစ်ခုခုများ သုံးထားလေသလား။

"ဘာလဲ။ မယုံဘူးလား"

ကျန်းမုန့်လောင်လည်း သူ့ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှိုက်လိုက်၏။

ချန်မိသားစုထဲရှိ သိုင်းပညာရှင်များမှာ ချက်ချင်းဆိုသလို သတိကပ်သွားကြပြီး အကြီးအကဲနှစ်ယောက်ပင် သူတို့ခန္ဓာကိုယ်ထဲရှိ အတွင်းအားများ အတက်အကျဖြစ်သွားလေသည်။

"ခင်ဗျားတို့တွေ ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေကြတာလဲ"

ကျန်းမုန့်လောင်က မှတ်ပုံတင်ကတ်တစ်ကတ်ကို ဆွဲထုတ်လိုက်ခြင်းပင်။း

"ကြည့်လိုက်။ ကျုပ်က ၉၅ခုနစ်ဖွားတစ်ယောက်။ ကျုပ်ကို အကြီးအကဲလို့ မခေါ်ကြနဲ့တော့။ ခင်ဗျားတို့လုပ်လို့ ကိုယ့်ကိုယ်ကိုယ်အသက်ကြီးသွားသလို ခံစားရတယ်"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ချန်မိသားစုဝင်များမှာ မှတ်ပုံတင်ထဲမှ ဓာတ်ပုံနှင့် ကျန်းမုန့်လောင်၏မျက်နှာကို ယှဉ်ကြည့်လိုက်ကြသည်။ မှတ်ပုံတင်ဓာတ်ပုံထဲတွင် ငယ်ရုပ်ပေါက်နေသော်လည်း ဘာကွာခြားမှုမှ မရှိပေ။ သူသည် မှတ်ပုံတင်ထဲရှိ လူငယ်လေးပင် ဖြစ်ချေသည်။

သို့သော် အသက်၂၂နှစ်အရွယ်မဟာသခင်တစ်ယောက်တဲ့လား။ သူတို့အား သတင်းပို့ထားသော တပည့်များမှာ သတင်းမှားတစ်ခုခုများ ရထားခြင်းလေလား။

"နေဦး.. ရှင်က ကျန်းမုန့်လောင်လား"

အဆုံးတွင်မူ ဤမျက်နှာကို ဘာကြောင့် ရင်းနှီးနေမှန်း ချန်ပင်းယွီ မှတ်မိလိုက်သည်။

သူ(မ)က ရှေးဟောင်းသိုင်းပညာရှင်မိသားစုထဲမှ ဖြစ်သော်ငြား မိသားစု၏ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲနေရသည့်အပြင် သူ(မ)၏ပင်းယွီမီဒီယာကလည်း ချန်မိသားစု၏လုပ်ငန်းများထဲမှ တစ်ခုဖြစ်၏။ ကုမ္ပဏီဥက္ကဋ္ဌတစ်ယောက်အနေနှင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကို မသိဘဲ မနေပေ။

"ပင်းယွီ မင်း သူ့ကိုသိလို့လား"

အကြီးအကဲကျန်းက သူ(မ)အား မေးလိုက်သည်။

"သူက လက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လေ။ လောကီကမ္ဘာထဲမှာ သူ့ကိုမသိတဲ့လူ မရှိဘူး"

ချန်ပင်းယွီကလည်း ပြန်ဖြေလိုက်သည်။

"သူက တကယ်ကြီး ၂၂နှစ်ပဲရှိသေးတာလား"

အကြီးအကဲကျန်းခမျာ ယုံရခက်နေဆဲပင်။

"မီဒီယာတွေရဲ့သတင်းကသာ မမှားဘူးဆိုရင် သူက ဒီနှစ်မှ ၂၂နှစ်ပြည့်တာ။ ပြီးတော့ လက်ရှိမှာ တက္ကသိုလ် စီနီယာကျောင်းသားတစ်ယောက်တဲ့"

"နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ငါ့ကို မှတ်မိပြီပဲ။ ခင်ဗျားတို့သိုင်းပညာရှင်တွေအကုန်လုံးက အင်တာနက်မသုံးကြဘူးလို့ ထင်နေတာ"

ကျန်းမုန့်လောင်မှာ သူ့မှတ်ပုံတင်ကတ်ကို အိတ်ကပ်ထဲသို့ ပြန်ထိုးထည့်လိုက်သည်။

"အခု ကျုပ်က အသက်၂၂နှစ်ဆိုတာ ယုံကြပြီလား"

"အသက်၂၂နှစ်အရွယ် မဟာသခင်တစ်ယောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တဲ့။ ဒီလူငယ်လေးက ဘယ်သူလဲ။ ဘာလို့ ချန်ပင်းယွီကို လိုချင်ရတာလဲ"

အကြီးအကဲကျန်းခမျာ အတွေးများရလေတော့သည်။

...

"အိုး? လူတွေအများကြီးပါလား။ ဒီနေ့ ကျုပ်လာမယ်ဆိုတာ သိနေကြတာလား"

ထိုအချိန်တွင် ဆောင့်ကြွားကြွားနိုင်ပြီး ငယ်ရွယ်ပျိုမျစ်သော အသံတစ်သံက အဝေးတစ်နေရာမှ ထွက်ပေါ်လာလေသည်။

ဤအသံကား အတွင်းအားဖြင့် သယ်ဆောင်လာခဲ့ခြင်းပင်။ လူမမြင်ရသေးခင် အသံကြားရခြင်းမှာ ယခုလိုအခြေအနေမျိုးပင်တည်း။

အနက်ရောင် Rolls-Royceကားတစ်စီးက ဗီလာဝင်ပေါက်၌ ထိုးရပ်လိုက်သည်။

ပေါ့ပေါ့ပါးပါးဝတ်စားထားသော လူငယ်တစ်ယောက်က ကားထဲမှ ပထမဆုံးဆင်းလာခဲ့သည်။ ထိုလူသည် ခန့်ညားသည်ဟု သတ်မှတ်၍ရသော်လည်း သူ့မျက်လုံးနှင့် မျက်ခုံးဆီမှ နေမထိထိုင်မသာဖြစ်စေသော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေလေရာ ဗီလိန်တစ်ယောက်၏ ရုပ်ရည်နှင့် မခြားပေ။ အစောပိုင်းတုန်းက အသံကလည်း သူ့ဆီမှ ရောက်လာခြင်းပင် ဖြစ်ရမည်။

ထို့နောက် ဆံဖြူမုတ်ဆိတ်ရှည်အကြီးအကဲတစ်ယောက်က ကားနောက်ခန်းမှ ဆင်းလာသည်။ ထိုလူ့တွင် ထူးကဲသာလွန်သော ဟန်ပန်မျိုးရှိပြီး လူငယ်၏အနောက်နားတွင် ရပ်လိုက်၏။

"ထူးဆန်းလိုက်တာ။ သူ့ဆီကနေ သက်သောင့်သက်သာမဖြစ်တဲ့ ခံစားချက်မျိုး ဘာလို့ခံစားနေမိတာပါလိမ့်"

ဤခံစားချက်မှာ ထိုလူငယ်၏အသွင်အပြင်နှင့် စိတ်နေစိတ်ထားကြောင့် မဟုတ်ပါဘဲ သူထုတ်လွှတ်နေသော မူမမှန်သည့် အတွင်းအားကြောင့်ပင်။ ထိုအရာမှာ အတန်ငယ် အော်ဂလီဆန်ချင်စရာကောင်းလှသည်။

"မစ္စတာကျန်း… သူ့ရဲ့အတွင်းအားက ထူးဆန်းတယ်"

ယဲ့ရင်က ဆိုလာလေသည်။

"ဒီအတွင်းအားထဲမှာ ပြင်းထန်တဲ့အဆိပ်ဓာတ်တစ်မျိုး ပါပါတယ်။ ကြည့်ရတာတော့ ဇီဝအဆိပ်တစ်မျိုးဖြစ်နိုင်တယ်။ တကယ်ထူးဆန်းတဲ့အရာပဲ"

ကျန်းမုန့်လောင်လည်း သူ့ရှေ့ရှိ အမျိုးသားနှစ်ယောက်ကို ခပ်မြန်မြန်အကဲခတ်လိုက်လေသည်။ ထိုလူငယ်လေး၏အမည်မှာ တင်းမူယွင်ဖြစ်ပြီး အဆင့်လေးသိုင်းပညာရှင်တစ်ယောက်ဖြစ်၏။ ထိုအကြီးအကဲကမူ တင်းကွေ့ဖြစ်ပြီး အဆင့်ကိုးသိုင်းပညာရှင်တစ်ယောက်ပင်။ သို့သော် သူတို့၏အလားအလာညွှန်ကိန်းမှာ သာမန်ဆန်လှပြီး ၁၀မှတ်ကိုပင် မရောက်ပေ။

"ကြည့်ရတာ ဒီလူတွေက ခုနတုန်းက အကြီးအကဲကျန်းပြောတဲ့ တင်းမိသားစုဝင်တွေထင်တယ်"

ယနေ့ သူသည် ကိစ္စကြီးတစ်ခုနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ကျန်းမုန့်လောင် ချက်ချင်းသဘောပေါက်လိုက်ပေသည်။

...

"ကြည့်ရတာတော့ ခင်ဗျားတို့တွေ ကျုပ်ဆီကို လူအပ်နှံဖို့ ဆုံးဖြတ်ပြီးသွားကြပြီထင်တယ်"

တင်းမူယွင်က ရှေ့သို့လျှောက်လာလေသည်။ သူ့အကြည့်က ကျန်းမုန့်လောင်ထံသို့ ခဏမျှဆိုက်ရောက်သွားသော်ငြား ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်သည်။ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်လေးတစ်ယောက်ကို နှစ်ခါပြန်ကြည့်နေစရာမလိုဟု သူ တွေးမိလိုက်ခြင်းပင်။

"ပင်းယွီ.. မင်း အစကတည်းကသာ သဘောတူခဲ့ရင် အခုလိုပြဿနာတွေလည်း ဖြစ်စရာမလိုဘူး"

တင်းမူယွင်က ပြုံးစစနှင့် ပြောလာလေသည်။

"ငါတို့တင်းမိသားစုက အရင်လိုမဟုတ်တော့ဘူးနော်။ မကြာခင် သိုင်းလောကတစ်ခွင်က ငါတို့တင်းမိသားစုကို ရိုသေလေးစားကြတော့မှာ။ တင်းမူယွင်ဆိုတဲ့ ငါ လိုချင်သမျှအရာတိုင်းကိုလည်း ပိုင်ဆိုင်ရမှာပဲ"

"တင်းမူယွင် အခုချက်ချင်း အဆိပ်ဖြေဆေး ထုတ်ပေးစမ်း"

ချန်ပင်းယွီက ဒေါသတကြီးဖြင့် သူ့အား စိုက်ကြည့်လိုက်၏။

"ဒါပေါ့။ ဖြေဆေးပေးမှာပါ"

တင်းမူယွင်ကလည်း ခွန်းတုံ့ပြန်လိုက်၏။

"မင်း ငါ့ကိုလက်ထပ်မယ်ဆိုရင်ပေါ့။ ငါတို့ မိသားစုတွေဖြစ်ပြီဆိုတာနဲ့ မင်းအဘိုးကလည်း ငါ့အဘိုးပဲလေ။ ဒီတော့ ငါ သူ့ကို သေချာပေါက် ဖြေဆေးထုတ်ပေးမှာပါ"

"မျက်နှာပြောင်တိုက်လိုက်တာ"

"ချန်ပင်းယွီ"

တင်းမူယွင် ဒေါသတကြီးအော်လိုက်မိသည်။

"ငါ မင်းကို စိတ်ဝင်စားနေတယ်ဆိုတာနဲ့ပဲ မင်း ငါ့ကို မောက်မောက်မာမာပြန်ပြောလို့ရမယ် မထင်လိုက်နဲ့နော်။ ငါ မင်းကို သည်းခံပေးနေတာ လုံလောက်ပြီ။ ငါ့စိတ်ကို လာမစမ်းနဲ့"

"ငါ မင်းကို နောက်ထပ်တစ်ကြိမ် အခွင့်အရေးထပ်ပေးမယ်။ ငါ့မိန်းမအဖြစ် လက်ခံပေး။ ပြီးရင် ချန်မိသားစုကို တင်းမိသားစုဆီမှာ အညံ့ခံခိုင်းလိုက်။ အဲလိုမှမဟုတ်ရင် ဒီနေ့ ငါ့ဘက်က မသက်ညှာလို့ဆိုပြီး အပြစ်လာမတင်နဲ့"

ချန်မိသားစုဝင်များ၏ အမူအရာများမှာ ပြောင်းလဲသွားကြလေတော့သည်။ သူတို့ဘက်က ချန်မိသားစုကို အညံ့ခံခိုင်းနေလေပြီ။

သာမန်မိသားစုတစ်ခုဖြစ်ခဲ့သော တင်းမိသားစုက ဘယ်တုန်းကများ ဤမျှရည်မှန်းချက် ကြီးသွားရလေသလဲ။ သူတို့ ယခုနောက်ပိုင်း ဘာတွေများ တွေ့ကြုံခံစားခဲ့ရသလဲ။ သူတို့အကြီးအကဲနှစ်ယောက်၏ခွန်အားများ သိသိသာသာတိုးတက်လာရုံသာမက ရည်မှန်းချက်များပင် ကြီးမားလာခဲ့ကြသည်။ သူတို့ အစွမ်းထက်သော နောက်ခံအင်အားတစ်ခုကိုများ ရှာတွေ့ခဲ့လေသလား။

"မင်းကများ ငါတို့ကို ခြိမ်းခြောက်နိုင်တယ်လို့ ထင်နေတယ်ပေါ့လေ တင်းမူယွင်… ချန်မိသားစုဝင်တွေက ဘာမှမလုပ်နိုင်ဘူးများ ထင်နေလား"

ချန်မိသားစု၏ အကြီးအကဲနှစ်ယောက်ကလည်း မလျှော့စတမ်း အရှေ့တိုးသွားလိုက်လေသည်။

"ကောင်းတယ်။ ကျုပ်ကလည်း ကြမ်းရရမ်းရတာကိုပဲ သဘောကျတာ"

တင်းမူယွင်က ပြုံးလျက် ပြောလိုက်ချေသည်။

"လက်ထောက်အကြီးအကဲ.. ခေါင်းမာတဲ့ ဒီလူအိုကြီးနှစ်ယောက်ကို ရှင်းပေးပါဦး"

"ဟုတ်ကဲ့ပါ သခင်လေး"

လက်ထောက်အကြီးအကဲက တင်းမူယွင်ကို ဦးညွှတ်လိုက်ပြီးနောက်တွင် သူ့အတွင်းအားများက ကြောက်မက်ဖွယ်ကောင်းသော အသွင်တစ်ခုအလား ပေါက်ကွဲထွက်လာလေသည်။ ထို့နောက် ထိုအတွင်းအားများက ချန်မိသားစုအကြီးအကဲနှစ်ယောက်ဆီသို့ ချီတက်သွားလေတော့သည်။

ချန်မိသားစုအကြီးအကဲနှစ်ယောက်ကလည်း မဟာသခင်နှစ်ပါးဖြစ်ကြသော်ငြား အဆင့်ခုနစ်နှင့် အဆင့်ကိုးကြားရှိ အစွမ်းကွာခြားချက်မှာ ကြီးမားလွန်းလှပေသည်။ သေစေနိုင်သော အတွင်းအားများ၏ တိုက်စားမှုကိုပါ ထည့်ပေါင်းလိုက်လျှင် အဘိုးကြီးနှစ်ယောက်ကို ရှင်းထုတ်ပစ်ရန်မှာ လှုပ်ရှားမှုတစ်ခုမျှဖြင့် လုံလောက်သည်။

"အကြီးအကဲ"

ပတ်ပတ်လည်ရှိ ချန်မိသားစုတပည့်တပန်းများမှာ ချက်ချင်းပင် စုဝေးလိုက်ကြလေသည်။

"နောက်ဆုတ်နေ"

အကြီးအကဲနှစ်ယောက်ကမူ ထိုသို့သာ အော်ပြောလိုက်၏။ မှောင်မိုက်ပြီး အဆိပ်ပြင်းသော အရှိန်အဝါတစ်ခုက သူတို့အား ဝန်းပတ်ထားလိုက်၏။ ဤမျှပြင်းထန်လှသော အဆိပ်ဓာတ်များကိုသာ ထိမိလိုက်ပါက မဟာသခင်အဆင့် သိုင်းပညာရှင်များပင် အသက်အန္တရာယ်ကြုံရနိုင်သည်။

"လက်ထောက်အကြီးအကဲ.. ချန်ပင်းယွီကလွဲရင် အကုန်လုံးကိုသတ်ပစ်လိုက်"

တင်းမူယွင်က ထိုသို့အမိန့်ပေးပြီးနောက် သူ့ကားဆီသို့ ပြန်လှည့်သွားလေတော့သည်။

"ကျုပ်တို့တင်းမိသားစုနဲ့ ရန်ငြိုးဖွဲ့တာက သေခြင်းတရားကို တောင်းဆိုတာပဲ"

ပြင်းထန်လှသော အဆိပ်အတွင်းအားများက တစ်ဖန် ထွက်ပေါ်လာပြန်လေသည်။ ထိုအခိုက်အတန့်လေးတွင် အကြီးအကဲနှစ်ယောက်မှာ ယခင်တစ်ခေါက်တိုက်ခိုက်မှုကို ခုခံထားရသည်ဖြစ်ရာ ဤရိုက်ချက်ကို ခံနိုင်ရည်အား မရှိကြတော့ပေ။

ထိုရိုက်ချက်ကိုသာ ခံလိုက်ရပါက သူတို့လည်း အပြင်းအထန်ဒဏ်ရာရလျှင်ရ မဟုတ်ပါက ပွဲချင်းပြီးသေဆုံးသွားနိုင်သည်။

"ယွမ်တစ်ကျော့ပြန်သိုင်း!"

"ဘာလဲဟ"

တင်းကွေ့၏အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားလေတော့သည်။ မြောက်များလှစွာသော ခွန်အားတစ်ရပ်က သူ့ဘက်မှ ထွက်ပေါ်လာသည်။ များပြားလှသော အတွင်းအားစက်ဝန်းတစ်ခုပင်။ သူ့အစွမ်းကား အလွန်ပြင်းထန်လှသဖြင့် ဖြတ်သန်းသွားရာနေရာတိုင်းရှိ ကျောက်ဆောင်များကိုပင် ကြေမွစေနိုင်သည်။

သူလည်း ထိုခွန်အားကို လက်ဝါးနှင့် တန်ပြန်ခုခံရုံသာ တတ်နိုင်ပေသည်။ ထိုအင်အားမှာ သူ့အား ခြေလှမ်းဆယ်လှမ်းစာနီးပါး နောက်ပြန်ဆုတ်သွားစေသည်။ ထို့နောက်မှသာ သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းလိုက်ရသည်။

"မင်း..မင်းက ဘယ်သူလဲ"

တိုက်ခိုက်လာသူမှာ သူတို့ အစောပိုင်းတုန်းက အထင်သေးခဲ့မိသော လူငယ်လေးဖြစ်ကြောင်း တင်းကွေ့ သိလိုက်ရသည်။

"ကျုပ်က ဒီတောင်တန်းရဲ့ပိုင်ရှင်ပဲ"

ကျန်းမုန့်လောင်ကလည်း ကြေညာချက်ထုတ်လိုက်သည်။

"ခင်ဗျားတို့က ကျုပ်ကာကွယ်စောင့်ရှောက်မှုအောက်မှာရှိတဲ့ လူတွေကို ကျုပ်ရဲ့ပိုင်နက်ထဲမှာတင် လာအနိုင်ကျင့်ရဲတယ်ဆိုတော့ ကျုပ်ကို အရေးမလုပ်တာလား"

*************

All Chapters