← Chapters

ခင်ဗျားပဲ ကျုပ်ကို အသေရိုက်သတ်ချင်တယ်ဆို

Vol. 25 Ch. 368

ခင်ဗျားပဲ ကျုပ်ကို အသေရိုက်သတ်ချင်တယ်ဆို

Vol. 25 Ch. 368

ချန်မိသားစုဝင်များမှာ ကျန်းမုန့်လောင် အရူးအပေါလို လျှောက်ပြောနေသည်ကို ကြည့်ရင်း အမူအရာများ ထူးဆန်းလာလေသည်။ လက်ရှိအခြေအနေက သူ့အတွက် အရေးမသာဘူးဆိုတာကို ကျန်းမုန့်လောင် မသိဘူးလား?

သူက ထွက်မသွားသည့်အပြင် သူတို့ထံမှ ပိုက်ဆံပါ တောင်းလိုက်သေးသည်။ ဝင်ကြေးနှင့် ကားရပ်နားခအတွက် တစ်ရာဘီလီယံတဲ့။ ဤသည်မှာ လိမ်လည်မှုပင် မဟုတ်တော့ပေ။ ဓားပြတိုက်နေခြင်းသာဖြစ်၏။

"တော်လိုက်တော့"

တင်းမူယွင်လည်း မခံမရပ်နိုင်တော့သဖြင့် အော်ဟစ်လိုက်သည်။

"ခင်ဗျားက မဟာမိတ်ဖွဲ့ဖို့ထက် ရှုံးဖို့ကိုပဲ ရွေးချယ်လိုက်တာကိုး။ ဒါဆို ဒီနေ့ ခင်ဗျားလည်း သူတို့နဲ့ အတူတူလိုက်သွားပေတော့။ လက်ထောက်အကြီးအကဲ.. ဘယ်သူ့ကိုမှအရှင်မထားနဲ့။ အကုန်သတ်ပစ်"

"မစ္စတာကျန်း..ကျွန်တော် သူတို့ကိုသတ်ပစ်လိုက်ရမလား"

ယဲ့ရင်၏အသံက ကျန်းမုန့်လောင်၏နားထဲ အေးတိအေးစက် ထွက်ပေါ်လာလေသည်။ သူ့စိတ်ထဲတွင်မူ ကျန်းမုန့်လောင်ကို မလေးမစားဆက်ဆံသူတိုင်း သေပွဲဝင်ရမည်သာ။

ကျန်းမုန့်လောင်က မိသားစုအမွေကို ဆက်ခံခဲ့ရသော်လည်း အများဆုံးရှိလှ နှစ်လသုံးလမျှသာ ကျင့်ကြံထားရသေးသည်။ သာမန်လူတစ်ယောက်အနေနှင့် အဆင့်ခုနစ်သိုင်းပညာရှင်အဆင့်ကို နှစ်လအတွင်း ရောက်ရှိခဲ့သည်။ ဤသတင်းသာ သိုင်းလောကထဲ ပျံ့နှံ့သွားပါက လူပေါင်းများစွာကို သေလောက်အောင် ထိတ်လန့်သွားစေလိမ့်မည်။

သို့သော် သူ့လက်ရှိခွန်အားဖြင့် တင်းကွေ့ကို ရင်ဆိုင်ရန်မှာ ကျွမ်းကျင်မှုမလုံလောက်သေးပေ။

"မင်း ဘာမှလုပ်စရမလိုပါဘူး။ ငါ့ဘာသာဖြေရှင်းမယ်"

"ဒါပေမဲ့…"

"စိတ်မပူနဲ့။ ငါ သူ့ကိုမနိုင်တော့ဘူးဆိုရင် မင်း ဝင်ကူပေးလို့ရတယ်"

"ဟုတ်ကဲ့"

...

"ကောထန်"

ကျန်းမုန့်လောင်၏လက်ချောင်းများက ကျောင်းအုပ်လက်စွပ်ကို အသာအယာပွတ်သပ်လိုက်သည်။

"ကျောင်းတော်ထဲက ဆရာတွေရဲ့ခွန်အားကို ငါ ခဏငှားသုံးလို့ရတယ်မလား"

"ဟုတ်ပါတယ်။ ကျောင်းအုပ်ကြီးသာ ခွန်အားအမှတ်တွေကို သုံးမယ်ဆိုရင် ဆရာတွေရဲ့ခွန်အားကို ယာယီယူသုံးနိုင်ပါတယ်။ ဆရာတွေရဲ့ခွန်အားအပေါ်မူတည်ပြီး ခွန်အားအမှတ်ကုန်ဆုံးမှုကလည်း ကွာသွားမှာပါ"

"အခုလက်ရှိ အဲဒီဆရာတွေရဲ့ ခွန်အားအဆင့်တွေက ဘယ်လိုရှိလဲ"

"သိုင်းပညာကျောင်းတော်ရဲ့ဆရာနဲ့ကျောင်းအုပ် ရှုန်းပါ့ရဲ့ခွန်အားအဆင့်က ဒဏ္ဍာရီလာအဆင့်ကိုးဖြစ်ပြီး အမှတ်ကုန်ကျစရိတ်ကတော့ တစ်မိနစ်ကို အမှတ်၃၀ဖြစ်ပါတယ်။ ကျောင်းအုပ်ဝူရှင်းယွင်ကတော့ ဒဏ္ဍာရီလာအဆင့်ခုနစ်ဖြစ်ပြီး တစ်မိနစ်ကို ၂၅မှတ်ပေးရပါတယ်။ ဆရာချန်ဖုန်းကတော့…"

"ရှုန်းပါ့ရဲ့ခွန်အားကို ယာယီသုံးလိုက်"

ကျန်းမုန့်လောင်လည်း အမိန့်ပေးလိုက်လေတော့သည်။

"ဟိတ်ဟန်ထုတ်တော့မယ်ဆိုရင်လည်း သေချာလုပ်ရမှာပေါ့"

"ဟုတ်ကဲ့ ကျောင်းအုပ်ကြီး"

လျှပ်တစ်ပြက်အတွင်းမှာပင် အံ့ဖွယ်ကောင်းလှသော အစွမ်းတစ်ခုက ကျောင်းအုပ်လက်စွပ်မှ ကျန်းမုန့်လောင်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာချေသည်။ သူ့အတွင်းအားများကလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အဆပေါင်းများစွာ များပြားလာသည်။ လက်သီးတစ်ချက်တည်းနှင့် တောင်တစ်တောင်လုံးကို ခြေမွှပစ်နိုင်သလိုပင် ခံစားရသည်။

အဆင့်ကိုးကိုကျော်ဖြတ်ထားနိုင်သော စိတ်စွမ်းအားရှင်များကဲ့သို့သော ဒဏ္ဍာရီလာအဆင့်ကျွမ်းကျင်သူများမှာ မည်သည့်အရေးယူမှုမျိုးမှ လုပ်ဆောင်ခြင်းမရှိရသည့် အကြောင်းအရင်းမှာ သူတို့သည် လက်ဟန်တစ်ခုမျှဖြင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်သောကြောင့်ပင်။ လူတစ်ယောက်တည်းနှင့် မြို့ငယ်လေးတစ်ခု သို့မဟုတ် နိုင်ငံငယ်လေးတစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သည်။ သူတို့၏ဖြစ်တည်မှုမှာ လူသားအသွင်ဖြင့်တည်ရှိနေသော နျူကလီးယားလက်နက်များဟုပင် သတ်မှတ်နိုင်သည်။

မဟာသခင်အဆင့် သိုင်းပညာရှင်များကပင် ကြီးလှစွာသော ပျက်ကိန်းကို ဖန်တီးနိုင်သည်ဖြစ်ရာ ဒုတိယကမ္ဘာအုပ်ချုပ်သူများက ထိုအချက်များကြောင့် ဤလူများကို ကန့်သတ်ချက်များ ချမှတ်ထားခြင်းဖြစ်၏။ သို့မဟုတ်ပါက လောကီကမ္ဘာကြီးလည်း ဟိုးယခင်ကတည်းက သူတို့လက်ချက်ကြောင့် ပျက်စီးသွားလောက်ပြီဖြစ်သည်။

ယနေ့အချိန်အထိ သိုင်းပညာရှင်များ သို့မဟုတ် စိတ်စွမ်းအားရှင်များထဲတွင် ဒဏ္ဍာရီလာအဆင့်ကိုးအထိ တက်လှမ်းနိုင်ခဲ့သူဟူ၍ တစ်ယောက်မှမရှိသေးပေ။

"အုန်း!"

ကမ္ဘာမြေတုန်လှုပ်ဖွယ် အရှိန်အဝါတစ်ခုက ကျန်းမုန့်လောင်အနားတွင် ပတ်လည်ဝိုင်းကာ မျက်စိဖြင့်မြင်နိုင်သော လှိုင်းလုံးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ထိုအခိုက်အတန့်တွင် သူ့ပတ်ပတ်လည်ရှိ လေထုကပင် အစိုင်အခဲတည်သွားသည့်အလားပင်။

"မင်း…မင်း…"

တိုက်ခိုက်တော့မည့် တင်းကွေ့ခမျာ ထိုလှိုင်းလုံးဒဏ်ကို ဦးစွာခံစားလိုက်ရသည်။ မွန်းကျပ်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်က သူ့အား အသက်ရှူရခက်ခဲစေသည်မှာ သူ့ပတ်ပတ်လည်ရှိ လေများကို လေစုပ်စက်တစ်ခုဖြင့် စုပ်ယူပစ်လိုက်သလိုပင်။

စွမ်းအားကင်းမဲ့သော စိတ်ခံစားချက်တစ်ခုက သူ့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ တိုးထွက်လာပြီး သူ့အမူအရာလည်း လုံးဝတောင့်ခဲသွားရသည်။

တစ်ခါတုန်းက သူသည် ကံကောင်းထောက်မ၍ ဒဏ္ဍာရီလာအဆင့်သိုင်းနတ်ဘုရားတစ်ပါးနှင့် တွေ့ခဲ့ရသည်။ သို့သော် ဤလူငယ်လေး၏ အရှိန်အဝါနှင့်ယှဉ်လိုက်လျှင် ထိုသခင်မှာ ကြက်ပေါက်လေးတစ်ကောင်နှယ် အားနည်းနေသည်။

ကျန်းမုန့်လောင်က ခပ်ဖွဖွပြုံးလျက် မြေပြင်၏အထက် မီတာဝက်ခန့်ရှိ လေထဲတွင် တစ္ဆေတစ်ကောင်အလား လွင့်မျောနေပေသည်။ လက်ကိုလည်း နောက်ပစ်ထားပေသည်။ သူ့ကိုယ်နေဟန်ထားမှာ ပြင်ပကမ္ဘာမှ ဧကစာကျင့်ကြံသူတစ်ယောက်နှင့် တူလှသည်။

လေထဲတွင်လွင့်မျောနေခြင်းမှာ ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တစ်ယောက်၏ အမှတ်သညာပင်။

"မင်းက မဟာသခင်အဆင့်သိုင်းပညာရှင်မဟုတ်ဘူးပဲ။ မင်း…မင်းက ဒဏ္ဍာရီလာအဆင့်…"

တင်းကွေ့၏အသံကား အလွန်အမင်းကြောက်ရွံ့မှုကြောင့် တုန်ယင်နေရှာသည်။ အသက်၂၂နှစ်အရွယ်၌ မဟာသခင်တစ်ပါးဖြစ်နေခြင်းကပင် အံ့ဖွယ်ကောင်းလှပြီဖြစ်၏။ သို့တိုင် သူသည် သူ့အဆင့်အမှန်ကို ဖုံးကွယ်ထားခဲ့သည်။ ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်များထဲမှာပင် သူသည် ပြိုင်ဘက်ကင်းသူတစ်ယောက်ဖြစ်၏။

မျက်နှာကိုသာ မြင်မထားပါလျှင် သိုင်းနတ်ဘုရား ဤနေရာသို့ ဆင်းသက်လာသည်ဟုပင် သူ ထင်မိပေလိမ့်မည်။

"တိုက်ခိုက်ရေးနတ်ဘုရားရဲ့အစွမ်းက တကယ်ကြောက်ဖို့ကောင်းတာပဲ"

အံ့ဖွယ်ကောင်းသော ဤခံစားချက်မှာ ကျန်းမုန့်လောင်ကို အနည်းငယ်မူးယစ်သွားစေသည်။ သို့သော် သူ့ဆဋ္ဌမအာရုံက ပြောပြနေသည်မှာ ဤအခြေအနေနှင့်ပင် သူသည် ယဲ့ရင်ကို မယှဉ်နိုင်သေးပေ။

"ဘယ်လိုလဲ။ အံ့ဩသွားလား"

ကျန်းမုန့်လောင်က စကားဆိုလိုက်သည်။

"ခင်ဗျားပဲ ကျုပ်ကို သတ်ချင်နေတာဆို။ လာလေ.. မတိုက်ခိုက်ရဲလို့ကတော့ ကျုပ်ကိုအရှက်ခွဲလိုက်တာပဲ။ ခင်ဗျားဘက်က ကျုပ်ကိုအရှက်ခွဲရင် ကျုပ်ဒေါသထွက်တော့မှ အပြစ်လာမတင်နဲ့ပေါ့"

"ဒါ…. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."

ကျန်းမုန့်လောင်သာ မဟာသခင်တစ်ပါးမျှသာ ဖြစ်ခဲ့ပါက တင်းမူယွင် သတိထားကောင်း သတိထားမိနိုင်သည်။ သို့သော် ကြောက်တော့မကြောက်ပေ။ သို့တိုင် သူသည် ဒဏ္ဍာရီလာအဆင့် ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်နေလိမ့်မည်ဟုတော့ ထင်မထားချေ။

"ငါတို့ချန်းမိသားစုတော့ ကယ်တင်ရှင်တွေ့ပြီပဲ"

ချန်မိသားစု၏ အကြီးအကဲနှစ်ယောက်ခမျာ နှုတ်ခမ်းထောင့်တွင် သွေးများစီးကျနေပြီး အသားအရောင်ကလည်း မည်းနက်နေသော်ငြား သူတို့မျက်နှာထက်တွင်မူ စိတ်လှုပ်ရှားမှုတို့က အတိုင်းသားထင်ဟပ်နေ၏။ အနည်းဆုံးတော့ မဟာမိတ်သဘောတရားအရ သူတို့က ကျန်းမုန့်လောင်နှင့် တစ်ဖက်တည်းတွင် ရှိလေသည်။ သို့မဟုတ်ပါက သူကလည်း သူတို့အား ကူညီလိမ့်မည်မဟုတ်။

"မတိုက်ရဲဘူးလား။ ဒီတော့ ခင်ဗျားက ကျုပ်ကို ဒေါသထွက်အောင် လာတွန်းအားပေးနေတာပဲ"

ကျန်းမုန့်လောင်လည်း အေးတိအေးစက်သရော်လိုက်၏။ ထို့နောက် အစွမ်းထက်လှသော အတွင်းအားစီးဆင်းမှုတစ်ရပ်က တင်းကွေ့၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်လေတော့သည်။

တင်းကွေ့၏ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုအလား မီတာပေါင်းများစွာအထိ လွင့်ထွက်သွားသည်။ သူ့ရင်ဘတ်လည်း ချိုင့်ဝင်သွားရပြီး သွေးများကလည်း ပါးစပ်ထဲမှ ဒရဟောစီးကျလာကာ မြေပြင်ပေါ်သို့ အဝတ်ရုပ်လေးတစ်ခုလို ပြုတ်ကျသွားလေတော့သည်။

သူသည် တန်ပြန်တိုက်ခိုက်မှုပင် မပြုရသေးပေ။ အရှိန်အဝါလှိုင်းလုံးတစ်ခုမျှဖြင့် အဆင့်ကိုးသိုင်းပညာရှင်တစ်ယောက်ကို သတ်ပစ်ရန် လုံလောက်နေပြီဖြစ်၏။

"ဒဏ္ဍာရီလာအဆင့် ဒါက ဒဏ္ဍာရီလာအဆင့်ပဲ…"

ချန်ပင်းယွီ၏မျက်ဝန်းများမှာ တောက်ပလျက် ကျန်းမုန့်လောင်အား အကြောင်သားငေးကြည့်နေမိသည်။

"ငါ့ကိုမကြွေမိစေနဲ့။ ငါက ဒဏ္ဍာရီအကျော်အမော်တစ်ယောက်သက်သက်ပဲ"

ကျန်းမုန့်လောင်ကမူ ချန်ပင်းယွီကို ပြုံးပြလိုက်သည်။

"ကောထန် ကိစ္စပြီးပြီ"

တစ်မိနစ်စာအတွက် ခွန်အားအမှတ်သုံးဆယ်ပေးလိုက်ရသဖြင့် ရင်နာမိသော်ငြား သူထုတ်ပြလိုက်သော အကွက်ကြောင့် ပတ်ပတ်လည်ရှိ လူအပေါင်းမှာ ထိတ်လန့်သွားကြလေဟန်တူသည်။ သူလည်း ခွန်အားအမှတ်တစ်ရာကျော်လောက် ရုတ်တရက် ရလိုက်လေရာ အမြတ်နည်းနည်းထွက်ခဲ့ပေသည်။

"သိပ်ကောင်းတဲ့လုပ်ဆောင်ချက်ပဲ။ ဒါကို မကြာမကြာသုံးပေးရမယ်"

ကျန်းမုန့်လောင်လည်း တင်းမူယွင်အနားသို့ လျှောက်သွားလိုက်သည်။ ထိုလူမှာ ယခုဆိုလျှင် သေးထွက်ကျမတတ် ကြောက်နေပြီဖြစ်၏။

ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တစ်ယောက်မှာ တင်းမိသားစုကိုပင် အသာလေးဖယ်ရှားပစ်နိုင်သည်။ တင်းမိသားစု၏ အနေအထားက အထွတ်အထိပ်သို့ ရောက်နေသည့်တိုင် အစွမ်းထက်လွန်းလှသော ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တစ်ယောက်ကိုမူ သူတို့ အံမတုနိုင်ပေ။

"မစ္စတာကျန်း…မစ္စတာကျန်း နားလည်မှုလွဲသွားတာပါဗျာ။ ခုနတုန်းက ကျွန်တော် နောက်နေတာပါ.."

"တကယ်လား။ ဒါပေမဲ့ ကျုပ်ကတော့ နောက်နေတာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ပြုံးပြုံးလေးနှင့် ပြောလိုက်၏။

"ဆေးကုသစရိတ်နဲ့ စိတ်ပိုင်းဆိုင်ရာနစ်နာကြေးအတွက် ၁၀၀၀ဘီလီယံပေးပြီးရင် သူ့ကိုပါ ခေါ်သွားလို့ရပြီ"

ငွေသား၁၀၀၀ဘီလီယံတဲ့လား။ တင်းမိသားစုတစ်ခုလုံးပေါင်းလျှင်ပင် ထိုမျှများပြားသော ငွေသားပမာဏကို မရှာနိုင်ပေ။ ငွေပမာဏပြည့်ဖို့အတွက် ပုံသေပိုင်ဆိုင်မှုများကိုပါ ထည့်တွက်ရမည်ဖြစ်သော်ငြား ဤသည်မှာ တင်းမိသားစု၏အုတ်မြစ်ဖြစ်သည်။

တင်းကွေ့၏မျက်နှာထက်၌ ကြမ်းတမ်းရက်စက်သော အမူအရာတစ်ခု ထင်ဟပ်လာသည်။

"မင်း ငါ့ကိုသတ်လိုက်ရင် အဲဒီလူအိုကြီးတွေလည်း ဘယ်တော့မှ အဆိပ်ဖြေဆေးရတော့မှာမဟုတ်ဘူး"

"ဪ အဲဒီလိုလား"

ကျန်းမုန့်လောင်ကမူ ထူးဆန်းလှသော အပြုံးတစ်ပွင့်ကို လှစ်ဟပြသလိုက်သည်။

"သေခြင်းရှင်ခြင်းအဆောင်ဆိုတာကို ခင်ဗျား ကြားဖူးလား"

"?"

တင်းမူယွင်ခမျာ တစ်ခဏမျှ ကြက်သေသေသွားချေသည်။ ဤသည်မှာ သိုင်းဝတ္ထုများထဲမှ နည်းစနစ်တစ်ခု မဟုတ်လား။

"ဒီပစ္စည်းသေးသေးလေးက ခင်ဗျားနဲ့အဆင်ပြေလိမ့်မယ်ထင်တယ်"

ကျန်းမုန့်လောင်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ သေခြင်းရှင်ခြင်းအဆောင်ဆိုသည်မှာ ရေခဲစိုင်သေးသေးလေးတစ်ခုဖြစ်ပြီး ထိုအရာကို လူတစ်ယောက်၏ အပ်စိုက်အမှတ်နေရာသို့ ထိုးသွင်းလိုက်ပါက ရှင်ရက်နှင့်သေနေသည့်အလား ဝေဒနာပြင်းထန်လှသော နာကျင်မှုကို ဖြေဆေးမရမချင်း ခံစားနေရပေလိမ့်မည်။

"ဒါပေမဲ့ ရေလည်းမရှိဘူး"

ကျန်းမုန့်လောင် ခဏမျှတွေးဆကြည့်လိုက်သည်။

"ထွီ"

ကျန်းမုန့်လောင်လည်း သူ့လက်ဝါးထဲသို့ တံတွေးသာထွေးချလိုက်သည်။ ချန်မိသားစုဝင်များမှာမူ ထိုအခြင်းအရာကိုကြည့်ပြီး ကြက်သေသေကုန်ကြ၏။

ဤလူမှာ ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တစ်ယောက်မှ ဟုတ်ပါလေစ။ သူ့ပုံစံက ဘာကြောင့်များ လူပေလူတေတစ်ယောက်နှင့် တူနေရသလဲ။

"သေခြင်းရှင်ခြင်းအဆောင်"

မမြင်နိုင်သော ရေခဲမှုန်လေးများမှာ တင်းမူယွင်၏ခန္ဓာကိုယ်ထဲသို့ ခဏတွင်းချင်း ဝင်ရောက်သွားလေသည်။

တစ်ခဏတွင်းမှာပင် ဖော်ပြ၍မရနိုင်သော ယားယံမှုတစ်ခုက တင်းမူယွင်၏ခန္ဓာကိုယ်ကို လွှမ်းမိုးလိုက်သည်မှာ မရေမတွက်နိုင်သော ပုရွက်ဆိတ်များ တွားတက်နေသလိုပင်။

"အား!"

တင်းမူယွင်လည်း အော်ဟစ်ညည်းတွားလိုက်ပြီးနောက် သူ့အဝတ်အစားများကို စတင်စုတ်ဖြဲပါလေတော့သည်။

ကျန်းမုန့်လောင်၏အကြည့်က တင်းမူယွင်၏ပေါင်ကြားသို့ ရောက်သွားသည်။

"ကျစ် ကျစ် ကျစ် အပ်မှိုလေးပဲ ဟမ့်"

ချန်မိသားစုမှ လူငယ်များကလည်း ကျန်းမုန့်လောင်၏အကြည့်လားရာအတိုင်း လိုက်ကြည့်ကြသည်။

"သွားကြားထိုးတံလေးလား"

"အဝတ်ချုပ်အပ်နဲ့တောင် ပိုတူသလိုပဲ"

"ငါ သေချာမမြင်ရဘူးဟ။ တစ်ယောက်ယောက် ငါ့အတွက် မှန်ဘီလူးတစ်လက်လောက် ယူလာပေးစမ်းပါ"

**************

All Chapters