← Chapters

အဲဒါက ဘယ်လောက်တောင်ယုတ်မာလိုက်တဲ့စကားမျိုးလဲ

Vol. 25 Ch. 369

အဲဒါက ဘယ်လောက်တောင်ယုတ်မာလိုက်တဲ့စကားမျိုးလဲ

Vol. 25 Ch. 369

"သေခြင်းရှင်ခြင်းအဆောင်"၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် တင်းမူယွင်၏ခန္ဓာကိုယ်မှာ သူကိုယ်တိုင်ကုတ်ခြစ်ထားသောကြောင့် သွေးအလိမ်းလိမ်းဖြစ်နေပြီး သူ့ခမျာ တောင်းပန်ခယ၍ သည်းကြီးမည်းကြီးငိုကြွေးနေချေသည်။ အစောပိုင်းတုန်းက မာန်တက်မှုနှင့် မောက်မာမှုမျိုး မရှိတော့ပေ။

"ဒီသေခြင်းရှင်ခြင်းအဆောင်က ဒဏ္ဍာရီတွေထဲမှာ ပြောထားတဲ့အတိုင်း တကယ်အစွမ်းထက်တာကိုး"

ကျန်းမုန့်လောင်ကလည်း သေခြင်းရှင်ခြင်းအဆောင်ကို ပထမဆုံးအကြိမ်သုံးဖူးခြင်းဖြစ်၏။ ဤပစ္စည်းက အခြားညှဉ်းပန်းနည်းများထက် ဖိအားပေးဝန်ခံခိုင်းရာတွင် အသုံးဝင်နေသည်မဟုတ်ပါလော။

"မင်း.. မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"

တင်းမူယွင်လည်း မရေမရာဖြင့် မေးလိုက်မိသည်။

"မင်းက ရှေးဟောင်းသိုင်းမိသားစုထဲကဖြစ်ပြီး "နတ်ဘုရားတစ်ပိုင်းမိစ္ဆာတစ်ပိုင်း"ဆိုတဲ့ ဇာတ်လမ်းကိုတောင် မကြည့်ဖူးဘူးလား။ သေခြင်းရှင်ခြင်းအဆောင်ဆိုတာကို မကြားဖူးဘူးလား ပညာမတတ်တဲ့ကောင်.."

"မဖြစ်နိုင်တာ.. အဲဒါတွေက စိတ်ကူးယဉ်သိုင်းဝတ္ထုတွေထဲက စိတ်ကူးယဉ်နည်းပညာတွေလေ။ ဘယ်လိုလုပ်ပြီး တကယ်ရှိနိုင်မှာလဲ"

တင်းမူယွင်ခမျာ လုံးဝကြောက်ရွံ့သွားရလေသည်။

"မင်းမယုံရင်လည်း မတတ်နိုင်ဘူးပေါ့"

ကျန်းမုန့်လောင်လည်း လက်နှစ်ဖက်ကိုဖြန့်ကားလျက် ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။

"မစ္စတာကျန်း တောင်းပန်ပါတယ် ကျွန်တော်မှားသွားပါတယ်"

တင်းမူယွင်ခမျာ မျက်ရည်လည်ရွှဲဖြင့် တောင်းပန်ခယနေရှာသည်။

"ကျွန်တော် ခင်ဗျားကို မတိုက်ခိုက်ခဲ့သင့်ဘူး။ ခင်ဗျားကိုလည်း ရိုင်းရိုင်းပျပျမပြောခဲ့သင့်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွှတ်ပေးပါ"

"ငါ့ကို အဖေလို့ခေါ်လေ"

ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ်လေသံဖြင့် ပြောလိုက်၏။

"ဘာ"

"နားမလည်ဘူးလား။ ငါ့ကိုအဖေလို့ခေါ်ခိုင်းနေတာ"

ကျန်းမုန့်လောင်က ထပ်ပြောလိုက်ပြန်သည်။

"မင်း..မင်း ငါ့ကိုအနိုင်ကျင့်နေတာပဲ"

တင်းမူယွင်ခမျာ သူ့နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်သည်။

"ခွီး.. မင်းက ငါ့ကို အဖေလို့တောင်မခေါ်ရဲဘဲနဲ့။ ငါက မင်းကို ဘာလို့လွှတ်ပေးရမှာလဲ"

ကျန်းမုန့်လောင်ကလည်း စိတ်တိုတိုဖြင့်‌ ပြောလိုက်လေသည်။ ကျောင်းမှာတုန်းက သူနှင့် သူ့အတန်းဖော်များလည်း သားအဖခေါ်တမ်း ကစားခဲ့ကြဖူးသည်။ သူ အိပ်ရာမထချင်တိုင်း သူ့အတန်းဖော်တစ်ယောက်ကို "အဖေ"ဟုခေါ်ကာ စားစရာဝယ်ခိုင်းခြင်း၊ အတန်းထဲတွင် အတန်းတက်စာရင်းပေးခိုင်းခြင်းတို့ကို လုပ်ခိုင်းလေ့ရှိသည်။

"မင်း ငါ့ကိုသတ်ရဲရင် သတ်ပစ်လိုက်။ ဒါပေမဲ့ ငါကတော့ မင်းကို ဦးညွှတ်ပြီး အဖေလို့ခေါ်ဖို့ မဖြစ်နိုင်ဘူး"

တင်းမူယွင်က အာခံလိုဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ဒီရှေးဟောင်းသိုင်းပညာမိသားစုဝင်တွေက ဘာလို့ ဒီလောက်တောင်ခေါင်းမာရတာလဲ"

ကျန်းမုန့်လောင် ခေါင်းတခါခါလုပ်လိုက်မိသည်။

"ခင်ဗျားလိုသားမျိုး မွေးထားတဲ့လူကတော့ တော်တော်ကံဆိုးတာပဲ။ ခင်ဗျား ပြန်စဉ်းစားသင့်တယ်နော်။ သေခြင်းရှင်ခြင်းအဆောင် အသက်ဝင်တာ မိနစ်၂၀ကျော်သွားရင် ခင်ဗျားရဲ့အတွင်းအားတွေအကုန် ကုန်ခမ်းပြီး ခင်ဗျားလည်းသေရမှာ"

"အဖေ"

"အမှန်တရားရဲ့အနှစ်သာရစစ်စစ်က နောက်ကျရင်တောင် ရောက်တော့ရောက်လာတယ်ဆိုတဲ့ ဥပဒေသက တယ်မှန်ပါလား"

ကျန်းမုန့်လောင်အနေနှင့် တင်းမူယွင်အား အထင်ကြီးနေမိဆဲပင်။ သူသည် ခပ်မာမာစကားပြောနေသော်ငြား အဆုံးတွင်မူ သူလည်း သေခြင်းတရားကို ကြောက်ရွံ့သူတစ်ယောက်သာ ဖြစ်၏။

ကျန်းမုန့်လောင်က အညိုရောင်ဆေးတစ်လုံးကို တင်းမူယွင်၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ၎င်းမှာ သေခြင်းရှင်ခြင်းအဆောင်၏ ဖြေဆေးပင်။ ထိုအဆောင်ကို တစ်လမျှ အသက်ဝင်မလာအောင် ရပ်တန့်ပေးထားနိုင်သည်။ ဤအဆောင်ကို တစ်ခါတုန်းက ကျွန်းအရှင်များနှင့် လှိုဏ်ဂူအရှင်များကို ထိန်းချုပ်ရန်အတွက် ထျန်းရှန်မယ်တော်ကြီးက သုံးခဲ့ဖူးသည်။

ယခုမူ ဤကမ္ဘာထဲတွင် ထိုဖြေဆေးကို ကျန်းမုန့်လောင်တစ်ယောက်သာ ဖော်စပ်နိုင်စွမ်းရှိ၏။ သိုင်းနတ်ဘုရားကိုယ်တိုင် ဆင်းကယ်လျှင်ပင် သေခြင်းရှင်ခြင်းအဆောင်ကို အံမတုနိုင်ပေ။

ဆေး၏အာနိသင်ကြောင့် တင်းမူယွင်လည်း တဖြည်းဖြည်းပြန်သက်သာလာခဲ့သည်။ သူ့ခန္ဓာကိုယ်နှင့် မျက်နှာထက်တွင် ခြစ်ရာကုတ်ရာများဖြင့် ပြည့်နှက်နေပြီး အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ခံထားရသော အကျဉ်းသားတစ်ယောက်နှင့်ပင် တူနေချေသည်။ သူ့ခန္ဓာကိုယ်ထက်ရှိ ဈေးကြီးလှသောအဝတ်အစားများမှာလည်း အပိုင်းပိုင်းစုတ်ပြဲကာ ခပ်လှမ်းလှမ်းတွင် သတိလစ်မေ့မြောနေသော အကြီးအကဲထက်ပင် ပိုအဖြစ်ဆိုးနေပေသည်။

"အဘိုးကျန်း အဘိုးဝူ"

ထိုအချိန်မှာပင် အဆိပ်ဒဏ်ပြင်းထန်လာပြီး အတွင်းအားများ ကုန်ခမ်းသွားသော ချန်မိသားစုအကြီးအကဲနှစ်ယောက်လည်း ရုတ်တရက်ကြီးသွေးအန်ကာ လဲကျသွားကြလေသည်။ အဆိပ်ဒဏ်ကို သူတို့ မခံနိုင်ရှာတော့ပေ။

"မကောင်းတော့ဘူး"

ဉာဏ်ပညာဗဟုသုတပြည့်စုံသော ချန်မိသားစုအကြီးအကဲတစ်ယောက်က သူတို့ကို ခပ်မြန်မြန်စစ်ဆေးကြည့်လိုက်လေရာ သူ့အမူအရာကား ချက်ချင်းပင် စိုးရိမ်သောကရောက်သွားဟန် ပြလာလေသည်။

"ပင်းယွီ ဒီအကြီးအကဲတွေရဲ့ အတွင်းအားထဲက အဆိပ်တွေက မင်းအဘိုးထက်တောင် ပိုပြင်းထန်တယ်။ အဆိပ်ပျံ့တာလည်း မြန်တယ်။ သုံးနာရီအတွင်းမှာတင် နှလုံးနဲ့ဦးနှောက်အထိ ပျံ့သွားလိမ့်မယ်။ သူတို့ရဲ့အတွင်းအားက မင်းအဘိုးလောက် မသန်မာတော့ ငါစိုးရိမ်မိတာက…"

ချန်ပင်းယွီ၏မျက်လုံးထဲတွင် မျက်ရည်များ ဝေ့သီလာရတော့သည်။ သူ(မ)ကို ကာကွယ်ပေးခဲ့သောကြောင့်သာ မဟုတ်ပါက ဤအကြီးအကဲနှစ်ယောက်လည်း တင်းမိသားစု၏ လက်ထောက်အကြီးအကဲကို အဆင်အခြင်မဲ့စွာ တိုက်ခိုက်ခဲ့မည်မဟုတ်ချေ။

သို့သော် ဤအဆိပ်အတွင်းအားကို အဆိပ်ဖြေနိုင်မည့်သူမှာ တင်းမိသားစုဝင်သာ ဖြစ်၏။ သို့တိုင် တင်းမိသားစုဝင်များက ဖြေဆေးကို လိုလိုလားလားပေးလာမည်မဟုတ်။

ရုတ်ခြည်းပင် သူ(မ)၏အကြည့်က ကျန်းမုန့်လောင်ဆီသို့ ကျရောက်သွားသည်။ သူသည် ပြင်းထန်လှသော သူတို့၏အဆိပ်ကို ဖယ်ရှားပေးနိုင်စွမ်းရှိသော ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ယောက်ပင်။ သို့မဟုတ်ပါကလည်း တင်းမူယွင်ကို ဖြေဆေးထုတ်ပေးလာအောင် စေခိုင်းနိုင်ပေသည်။

"မစ္စတာကျန်း"

ချန်ပင်းယွီလည်း သတ္တိကိုစုစည်း၍ ပြောလိုက်လေသည်။

"ကျွန်မအဘိုးနဲ့ အကြီးအကဲနှစ်ယောက်ကို ကယ်ပေးဖို့ တောင်းပန်ပါတယ်။ ရှင် ကျွန်မကိုလာရှာတာမဟုတ်လား။ ကျွန်မ ရှင်နဲ့အတူ လိုလိုလားလားလိုက်ခဲ့ပါ့မယ်"

"ပင်းယွီ!'

ချန်ပင်းယွီ၏ဆွေမျိုးများမှာ သူ(မ)အား ချက်ချင်းတားဆီးရန် ကြိုးစားလာကြသည်။

"အလျင်စလိုမလုပ်နဲ့"

"မင်း ငါဘာလိုချင်တာလဲဆိုတာကိုတောင် မမေးတော့ဘူးလား"

ကျန်းမုန့်လောင်က စနောက်ကျီစယ်လိုဟန်အမူအရာကို လှစ်ဟပြ၍ ပြောလိုက်လေသည်။

"သူတို့ကိုသာ ကယ်ပေးမယ်ဆိုရင် ရှင်ခိုင်းတာ ဘာမဆိုလုပ်ပါ့မယ်"

ချန်ပင်းယွီလည်း အံတင်းတင်းကြိတ်လျက် ပြောလိုက်လေသည်။

ချန်ပင်းယွီမှာ မာနထောင်လွှားသူတစ်ယောက် မဟုတ်သော်လည်း သူ(မ)၏ရုပ်ရည်နှင့် အသွင်အပြင်ကိုမူ ယုံကြည်မှုအပြည့်ရှိသည်။ သူ(မ) ငယ်ငယ်လေးကတည်းက လူတော်တော်များများ၏ နတ်ဘုရားမဖြစ်ခဲ့သည်။ သို့မဟုတ်ပါက တင်းမူယွင်ကလည်း သူ(မ)အား ဤမျှအထိ စွဲလမ်းနေမည်မဟုတ်ချေ။

ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တစ်ယောက်ဖြစ်သော်လည်း ကျန်းမုန့်လောင်တွင် အခြားအဆင့်အတန်းတစ်ခုလည်း ရှိထား၏။ သူသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပင်။

ကျန်းမုန့်လောင် ယခင်က လုပ်ခဲ့ဖူးသော ထူးဆန်းလှသည့် ကိစ္စအမျိုးမျိုးအကြောင်း ချန်ပင်းယွီ သိထားသည်။ သူ(မ)၏အမြင်တွင်မူ ကျန်းမုန့်လောင်သည် ပညာမတတ်သော အမွေဆက်ခံသူတစ်ယောက်သာ ဖြစ်၏။

ပညာမတတ်သည့် အမွေဆက်ခံသူတစ်ယောက်က အမျိုးသမီးတစ်ယောက်ဆီမှ အခြားဘာများလိုချင်မည်နည်း။ ပုံမှန်အားဖြင့်ဆိုလျှင် ဒုတိယခန့်မှန်းချက်ဟူ၍ ထုတ်နေရန် မလိုအပ်ပေ။ ကျန်းမုန့်လောင်လည်း သူ(မ)၏ခန္ဓာကိုယ်ကို တပ်မက်နေခြင်းပင်။

သို့သော် ယခုမူ သူ(မ)တွင် ရွေးချယ်စရာမရှိတော့ပေ။ သူ(မ)၏အဘိုးနှင့် အကြီးအကဲနှစ်ယောက်ကိုလည်း အဆုံးရှုံးမခံနိုင်ပေ။

"ကောင်းပြီ။ မင်းပြောတဲ့စကားကို မှတ်ထားနော်။ ငါ သူတို့ကိုကယ်ပေးနိုင်တယ်။ ဒါပေမဲ့ ပြီးတာနဲ့ မင်း ငါနဲ့အတူ ချက်ချင်းလိုက်ခဲ့ရမယ်"

"ကောင်းပါပြီ"

ချန်ပင်းယွီလည်း လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်လေသည်။

"ယဲ့ရင် သူတို့ထဲက အတွင်းအားကို ထုတ်ယူလို့ရလား"

ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။

"ရပါတယ်။ ရှေးဟောင်းသိုင်းလောကထဲမှာ အဲဒီလိုလုပ်ဖို့ဆိုရင် ဒဏ္ဍာရီလာအဆင့်ခွန်အားကို လိုအပ်ပါတယ်"

ယဲ့ရင် ပြန်ဖြေလိုက်သည်။

"မစ္စတာကျန်းရဲ့ခွန်အားနဲ့ဆိုရင် တစ်ယောက်ချင်းစီရဲ့အတွင်းအားထဲက အဆိပ်ကို ပြေပျောက်အောင်လုပ်ဖို့အတွက် ဆယ်မိနစ်ပဲ ကြာမှာပါ"

"တစ်ယောက်ကို ဆယ်မိနစ်ဆိုတော့ ခွန်အားအမှတ်သုံးရာလိုတယ်။ လူသုံးယောက်ဆိုတော့ ကိုးရာ…အမလေး"

ကျန်းမုန့်လောင် ခပ်မြန်မြန်တွက်ချက်လိုက်သည်။ အခြားဆရာများဆီမှ အစွမ်းများကို ချေးယူမည်ဆိုလျှင်ပင် သူ့အနေနှင့် အနည်းဆုံး ခွန်အားအမှတ် သုံးရာတော့လိုတယ်။ ဒါက မနစ်နာလွန်းဘူးလား"

"ကိုယ်တိုင်လုပ်လို့ အကျိုးမရှိဘူးဆိုရင်…"

ကျန်းမုန့်လောင်၏ အန္တရာယ်ပေးလိုဟန်အကြည့်တို့က တင်းမူယွင်ဆီသို့ ကျရောက်သွားသည်။

ထိုအကြည့်ကြောင့် ချန်မိသားစုဝင်များမှာ ကျောချမ်းသွားရလေသည်။

"ပေးပါ့မယ်။ ပေးပါ့မယ်"

တင်းမူယွင်ခမျာ သတိလစ်နေသော အကြီးအကဲရှိရာဆီသို့ တွားသွားကာ သူ့ကိုယ်ပေါ်တွင် ခဏမျှရှာဖွေလိုက်ပြီးနောက် အဆုံးမှာတော့ ပုံပျက်ပန်းပျက်ဖြစ်နေသော ပုလင်းသေးသေးလေးတစ်လုံးကို ရှာတွေ့လိုက်သည်။

"ဒီဆေးကို ရေနဲ့ဖျော်သောက်လိုက်ပါ။ ပြီးရင် တခြားအတွင်းအားရဲ့အကူအညီနဲ့ဆိုရင် အတွင်းအားထဲက အဆိပ်က နာရီဝက်အတွင်း ပျောက်သွားလိမ့်မယ်"

တင်းမူယွင်လည်း ထိုပစ္စည်းကို ကျန်းမုန့်လောင်အား ပေးလိုက်၏။

"ရော့ ဖမ်းလိုက်"

ကျန်းမုန်ု့လောင်ကလည်း ချန်ပင်းယွီကို ပစ်ပေးလိုက်သည်။

"ဦးလေး အကြီးအကဲနှစ်ယောက်နဲ့ ကျွန်မအဘိုးကို စောင့်ရှောက်ပေးပါဦး"

ချန်ပင်းယွီက ထိုပုလင်းလေးကို သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ထံသို့ ဂရုတစိုက်ပေးအပ်လိုက်ချေသည်။

"နောက်တစ်ခုရှိသေးတယ်။ ငါ့ရဲ့တစ်ရာဘီလီယံကို ဘယ်တော့ပေးမှာလဲ"

ကျန်းမုန့်လောင်က တင်းမူယွင်ကို မေးလိုက်လေသည်။

ငါက မင်းကို ဘယ်တုန်းက ၁၀၀ဘီလီယံအကြွေးတင်နေလို့လဲ?

တင်းမူယွင်ခမျာ ရူးသွားတော့မတတ်ပင်။

"စိတ်မပူနဲ့။ ပိုက်ဆံစုဖို့အတွက် ခင်ဗျားကို တစ်လအချိန်ပေးမယ်။ သေခြင်းရှင်ခြင်းအဆောင်ကလည်း တစ်လအတွင်း ပြန်အသက်ဝင်လာမှာ။ ခင်ဗျားဘက်က ဆေးကုသစရိတ်နဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် ကျုပ် အဲဒီသေခြင်းရှင်ခြင်းအဆောင်ကို ဖယ်ရှားပေးမယ်။ မဟုတ်လို့ကတော့ ခင်ဗျားလည်း သင်္ဂြိုလ်ဖို့အတွက် နေရာတစ်ခုလောက်ရှာထားလိုက်တော့"

တင်းမူယွင်ခမျာ ထိုစကားကို ကြားလိုက်ရသည့်အခိုက် ထိတ်လန့်တုန်လှုပ်သွားလေသည်။

"ကျွန်တော် အခုချက်ချင်း ပိုက်ဆံသွားစုလိုက်ပါ့မယ်"

ထို့နောက် သူသည် အသက်ရှူရုံသာ ရှူတော့သည့် အကြီးအကဲကိုထူမ၍ ချန်မိသားစုနေအိမ်ထဲမှ အသက်လုကာ ထွက်ပြေးလာခဲ့လိုက်တော့သည်။

"ကောင်းပြီ… ငါတို့ရဲ့သဘောတူညီချက်အတိုင်း မင်း အခု ငါနဲ့လိုက်ခဲ့ရမယ်"

ကျန်းမုန့်လောင်က ချန်ပင်းယွီကို ပြောလိုက်လေသည်။

ချန်ပင်းယွီခမျာ ခဏမျှတွေဝေတုံ့ဆိုင်းနေပြီးမှ ရှေ့သို့တိုးသွားလိုက်သည်။

"ပင်းယွီ"

ချန်မိသားစုဝင်များလည်း ချန်ပင်းယွီကို ချက်ချင်းဆွဲထားကြလေတော့သည်။

"အဆင်ပြေပါတယ်။ မစ္စတာကျန်းက ကျွန်မကို အန္တရာယ်ပေးမှာမဟုတ်ပါဘူး"

ချန်ပင်းယွီက သူ(မ)၏မိသားစုဝင်များကို နှစ်သိမ့်စကားပြောလိုက်၏။

"ပင်းယွီ.. မင်း မလုပ်ချင်တဲ့အရာတစ်ခုခုကို သူလုပ်ခိုင်းခဲ့ရင် ငါတို့ချန်မိသားစုပျက်စီးသွားမယ်ဆိုရင်တောင်မှ မင်းအတွက် တရားမျှတမှုကို ရှာပေးမှာ"

ချန်ပင်းယွီ၏ဦးလေးက စစ်မှန်မှုအပြည့်ဖြင့် ပြောလာလေသည်။

...

တောင်အောက်သို့ ဆင်းလာချိန်ဝယ် လူခြေတိတ်သော တောအုပ်လေးထဲသို့ ကျန်းမုန့်လောင် ကားမမောင်းလာခင်အထိ သူတို့နှစ်ယောက်သား စကားတစ်ခွန်းမှမပြောကြပေ။

"အဆင်သင့်ပြင်ထား"

ကျန်းမုန့်လောင် ထိုသို့ဆိုလိုက်၏။

"ဒီ..ဒီမှာလား"

ချန်ပင်းယွီက ကျန်းမုန့်လောင်၏ Koenigseggကားကို ကြည့်လိုက်မိသည်။ ထို့နောက် လူချမ်းသာတော်တော်များများတွင် "ထိုအရာများ"ကို ထူးခြားသောနေရာများတွင် ပျော်မွေ့တတ်သည့် ထူးထူးဆန်းဆန်းအကျင့်များ ရှိတတ်ကြောင်း သတိရလိုက်မိသည်။

သို့သော် ကျဉ်းမြောင်းလှသော ဤပြိုင်ကားထဲတွင်မူ…

"ဒီနေရာမှာပဲ ခပ်မြန်မြန်လေးလုပ်လိုက်ရအောင်"

ချန်ပင်းယွီခမျာ နှုတ်ခမ်းကိုကိုက်လျက် ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချကာ သူ(မ)၏အဝတ်အစားများကို ချွတ်လိုက်လေတော့သည်။

"ဒါက ကျွန်မရဲ့ပထမဆုံးအကြိမ်လေ။ ရှင့်ကားကို ညစ်ပတ်သွားအောင် လုပ်မိမှာကို စိတ်မပူဘူးဆိုရင်လည်း ရှင့်သဘောပါ"

"သေလိုက်ပါတော့! မင်း ဘာလုပ်နေတာလဲ။ ငါက သိက္ခာရှိတဲ့လူတစ်ယောက်ပါနော်။ မင်း.. အရှုပ်ထုပ်တွေမလုပ်နဲ့"

"ရှင်…"

ချန်ပင်းယွီ၏မျက်နှာထက်ဝယ် အံ့အားသင့်သွားဟန် အမူအရာတစ်ခု ပေါ်ပေါက်လာချေသည်။

"ရှင် ကျွန်မကို ဒီနေရာခေါ်လာတာ ဒီကိစ္စအတွက်မဟုတ်ဘူးလား.."

"မင်းပြောတဲ့စကားကို မင်းပြန်နားထောင်ကြည့်ဦး။ ဘာပေါက်ကရတွေပြောနေတာလဲ။ မင်း ဘာတွေတွေးနေတာလဲ"

*************

All Chapters