← Chapters

ဘုရားရေ..သိုင်းနတ်ဘုရားက တုန်လှုပ်နေပြီ

Vol. 26 Ch. 386

ဘုရားရေ..သိုင်းနတ်ဘုရားက တုန်လှုပ်နေပြီ

Vol. 26 Ch. 386

"ဒီနေရာမှာ ထင်းခုတ်ဓားနဲ့ လာတိုက်ခိုက်တယ်ပေါ့လေ။ မင်းက ဒီလိုမှော်ဝင်လက်နက်မျိုးကို ထင်းခုတ်ဖို့သုံးနေတာပေါ့။ အသိတရားမရှိဘူးလား"

အဆင့်သုံးလက်နက်များကို တို့ဟူးတုံးလေးများကိုဖြတ်သလို ဖြတ်ပစ်နိုင်သတဲ့။ ထိုလက်နက်မျိုးမှာ အနည်းဆုံးတော့ အဆင့်လေးနှင့်အထက် ရှိရပေမည်။

သို့သော် အဆင့်လေးနှင့်အထက် လက်နက်များ၏ ပြုလုပ်နည်းများမှာ လွန်ခဲ့သည့်နှစ်ပေါင်းငါးရာကျော်ကတည်းက ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပြီး ရှိခဲ့လျှင်ပင် ရှေးပဝေသဏီတုန်းက အမွေအနှစ်များသာဖြစ်၏။

ယနေ့အချိန်အထိ အဆင့်လေးနှင့်အထက် လက်နက်များ၏ အရေအတွက်ဟာ ကန့်သတ်ချက်ရှိပြီး အနောက်တိုင်းဒဏ္ဍာရီများထဲတွင် ပေါ်ထွက်လာသော ပင်လယ်နတ်ဘုရား၏ သုံးခွချွန်ခက်ရင်း၊ အော်ဂတ်စ်၏ဆံနွယ်ရှည်၊ သေမင်းလှံတံ စသောလက်နက်များမှာ ထိုခေတ်က ကျွမ်းကျင်လက်မှုပညာရှင်များ၏ လက်ရာများသာ ဖြစ်၏။

ဟွာရှားနိုင်ငံတွင် အကျော်ကြားဆုံး အဆင့်လေးလက်နက်များမှာ ထိုမှော်ဝင်လက်နက်ဆယ်မျိုးဖြစ်ပြီး ပျောက်ဆုံးနေသော ရွှမ်းယွမ်ဓားမှာ ပို၍ပင်အံ့ဖွယ်ကောင်းသော အဆင့်ငါးလက်နက်တစ်ခုဖြစ်သည်။

တကယ်တမ်းတွင် ဟွားရှားပြတိုက်ထဲမှာ ပြသထားသော မှော်ဝင်လက်နက်ဆယ်မျိုးမှာ အတုများသာဖြစ်ပြီး ထိုမှော်ဝင်လက်နက်များမှာ နှစ်ပေါင်းတစ်ထောင်ကြာသွားလည်း ယခင်အတိုင်း ထက်ရှနေလိမ့်မည်သာ။ ထိုအရာများကို ပြတိုက်ထဲတွင် ထည့်သိမ်းထားခြင်းမှာ အလဟဿဖြစ်ရုံသာရှိသည်။

လက်ရှိအဆင့်လေးလက်နက်များမှာ လုံရှား၏ အဓိကအဖွဲ့ဝင်များထံတွင် ရှိ၏။ သိုင်းလောကတစ်ခွင်၌ သိုင်းနတ်ဘုရားတစ်ယောက်တည်းကသာ ထူးခြားသောအဆင့်အတန်းရှိသူ ဖြစ်သဖြင့် နိုင်ငံတော်က သူ့အား မှော်ဝင်လက်နက်တစ်ခုကို လက်ဆောင်ပေးထားခဲ့သည်။

ဟွာရှားနိုင်ငံသမိုင်းမှတ်တမ်းများအရ ဟွာရှား၏ရွှမ်းယွမ်ဓား၊ ဖန့်ကုပုဆိန်၊ အနောက်ဥရောပထာဝရလှံတံ၊ အောင်နိုင်ရေးဓားနှင့် ကိုင်ဘွန်နိုင်ငံ၏ မှော်ဝင်လက်နက်သုံးမျိုးကဲ့သို့သော လက်နက်များကသာ အဆင့်ငါးကို ရောက်နိုင်သည်။ ယနေ့အချိန်အထိပင် ဤပစ္စည်းများ တကယ်ရှိခဲ့ကြောင်း အထောက်အထားများမရှိသေးပေ။

အဆင့်ငါးလက်နက်များက ယနေ့ခေတ်ကမ္ဘာပေါ်မှာ လုံးဝရှာမတွေ့နိုင်တော့ဘူးဟု ပြောလျှင်လည်း မမှားချေ။ အကယ်၍ ပေါ်လာခဲ့လျှင်လည်း ဟွာရှားနိုင်ငံတစ်ခုတည်းသာမက တစ်ကမ္ဘာလုံးပါ လှုပ်လှုပ်ရှားရှားဖြစ်သွားကြလိမ့်မည်။

အဆင့်ငါးလက်နက်တစ်ခုတည်းကပင် ဟွာရှားနိုင်ငံကို ဒုတိယကမ္ဘာတွင် အာဏာလွှမ်းမိုးနိုင်အောင် မုချပြောင်းလဲပေးနိုင်သည်။

အဆင့်ငါးလက်နက်တစ်ခုကို ထင်းခုတ်ဖို့ သုံးနေသတဲ့လား။ မင်းရဲ့ဦးနှောက်က တံခါးကြား ညှပ်သွားတာလား။ မင်း ဒီလောက်တော်နေရင်လည်း ကောင်းကင်ဘုံကို တက်လှမ်းလိုက်ပါတော့လား?

"ဘာလဲ...မယုံကြဘူးလား?"

ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။

"ကျုပ် ဒါကို တကယ်ကြီး လယ်ကွင်းထဲကကောက်လာတာ။ မယုံရင် ကျုပ်ခွေးကို မေးကြည့်လေ!"

"ဝုတ် ဝုတ် ဝုတ်! (ငါသက်သေခံတယ်။ သူပြောနေတာ အမှန်ပဲ)"

ဤဓားမှာ ကျန်းမုန့်လောင် တကယ်ပင် မိသားစုပိုင်လယ်ကွင်းထဲက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုလိုပစ္စည်းများမှာ တစ်ခုတည်းမဟုတ်ပေ။

ဤပစ္စည်းများမှာ ကျန်းမုန့်လောင်၏ ဘိုးဘေးများက ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် အိုးယဲ့ကျီနှင့် ခန်ကျန်းတို့ကဲ့သို့ လက်နက်ဖန်တီးရေးပညာရှင်များထံမှ ပညာသင်ခဲ့ချိန်က ပြုလုပ်ခဲ့ခြင်းပင်။ လေ့ကျင့်ရန်အတွက်သာ ပြုလုပ်ထားသောကြောင့် အဆုံးတွင် လယ်ကွင်းထဲသို့ အပို့ခံလိုက်ပြီး အစေခံများကို ထင်းခုတ်ခြင်းနဲ့ မြက်ရိတ်ခြင်းတို့၌ အသုံးပြုခိုင်းခဲ့သည်။

မယုံနိုင်စရာကောင်းသော်ငြား ကျန်းမုန့်လောင်၏ မိသားစုစားဖိုမှူးများ အသားခုတ်ဖို့သုံးနေသည့် ဓားများကလည်း အဆင့်လေးနှင့် အဆင့်ငါးလက်နက်များပင်။ သို့သော် စားဖိုမှူးများမှာ ဤဓားများ၏တန်ဖိုးအစစ်ကို မသိကြဘဲ ပုံမှန်ဓားများထက် နည်းနည်းပိုထက်သည်ဟုသာ ထင်နေကြသည်။

ကျန်းမုန့်လောင် ဤဓားကို ကောက်ယူလာခဲ့ရသည့် အကြောင်းပြချက်မှာ ခရမ်းရောင်ကို သဘောကျသောကြောင့်ပင်။ ဤဓားကလည်း ခရမ်းရောင်ပင်။ ထိုမျှသာ။ ယဲ့ရင်၏အဆိုအရ ဤသည်မှာ နှစ်ပေါင်းသုံးရာကျော်သက်တမ်းရှိသော အဆင့်ငါးလက်နက်ဖြစ်၏။

"ကျုပ်ကတော့ ခင်ဗျားတို့မှာ မှော်ဝင်လက်နက်တွေရှိတယ်လို့ထင်နေတာ။ ဒါပေမဲ့ ထင်းခုတ်ဓားတစ်ချောင်းကိုတောင် မနိုင်ဘူးတဲ့လား"

သိုင်းပညာရှင်များခမျာ သူတို့၏စိတ်ထဲရှိ ခါးသီးမှုများကို ထုတ်မပြနိုင်ကြပေ။

သူတို့၏အဆင့်သုံးလက်နက်များမှာ အမေရိကန်ဒေါ်လာပေါင်းများစွာ တန်ဖိုးရှိသည်။ ယခုမူ ကျန်းမုန့်လောင်၏ပါးစပ်ထဲ၌ ထိုအရာအားလုံးက ဘာတန်ဖိုးမှမရှိသည့်အရာများ ဖြစ်သွားလေသည်။

သို့သော် သူတို့ ဘာများပြန်ငြင်းနိုင်မည်နည်း။ သူ့လက်ထဲရှိ လက်နက်ကို သူ့ဘာသာ ထင်းခုတ်ဓားအဖြစ် အသုံးပြုလျှင် ထင်းခုတ်ဓားဖြစ်ပြီး ခဲတံချွန်ဓားအဖြစ် အသုံးပြုလျှင် ခဲတံချွန်ဓားတစ်ချောင်း ဖြစ်လိမ့်မည်သာ။ ထိုဓားနှင့် နံရိုးခုတ်ဖို့သုံးလျှင် မီးခိုချောင်သုံးဓားတစ်ချောင်း ဖြစ်လိမ့်မည်သာ။

ကျန်းမုန့်လောင်၏ဓားနှင့်ယှဉ်ပါက သူတို့၏လက်နက်များသည် ဖန်ချပ်များနှယ် ကွဲလွယ်သည်မှာတော့ ငြင်းမရသော အမှန်တရားပင်။

"လုပ်စမ်းပါ။ ခင်ဗျားတို့တွေပေါင်းပြီး ကျုပ်ကို သင်ခန်းစာပေးချင်နေတာမဟုတ်ဘူးလား။ မြန်မြန်လုပ်.. ကျုပ်က ပီကာချူးရဲ့အစ်ကိုပဲ။ အရိုက်ခံချင်လို့ တုတ်တောင်းနေတာ"

ကျန်းမုန့်လောင်က အရိုက်နှက်ခံချင်နေလေဟန် အမူအရာတစ်ခုကို ထုတ်ဖော်ပြသလာသည်။ ထိုအခြင်းအရာမှာ ချန်ပင်းယွီနှင့် လျိုယွင်ယိတို့ကိုပင် ရှက်ရွံ့သွားစေသည်။

သေစမ်း! ဒီကျောင်းအုပ်ကြီးက မိုက်တော့မိုက်ပေမဲ့ ထက်မြက်ပုံတော့ မပေါ်ဘူး။

သိုင်းပညာရှင်များလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ တစ်ယောက်မှ ရှေ့မတိုးရဲကြပေ။

သူတို့သာ ကျန်းမုန့်လောင်ကို တိုက်ခိုက်ချင်ပါက သူတို့၏ခန္ဓာကိုယ်များက ထိုအဆင့်သုံးလက်နက်များလောက် အကြမ်းခံပါ့မလားဆိုသည်ကို ဦးစွာစဉ်းစားရန် လိုအပ်ပေသည်။

သိုင်းလောကထဲတွင် အတွင်းအားမကျင့်ကြံဘဲ သူတို့၏ခန္ဓာကိုယ်သာကျင့်ကြံကြသော ဂိုဏ်းခွဲများရှိသည်။

သို့သော် ဒဏ္ဍာရီလာအဆင့်၇သိုင်းပညာရှင်တစ်ယောက်ပင် ကြံ့ခိုင်မှုအရာ၌ အဆင့်သုံးလက်နက်နှင့် မယှဉ်နိုင်ပေ။ ကျန်းမုန့်လောင်၏ဓားဖြင့် အပေါ်ယံမျှလျှပ်ထိလိုက်လျှင်ပင် သူတို့ စုတ်ပြတ်သွားနိုင်သည်ဖြစ်ရာ မည်သူကများ ရှေ့တက်ရဲနည်နည်း။

"ခင်ဗျားတို့ထဲက တစ်ယောက်မှ ရှေ့မတက်ဘူးဆိုရင် ကျုပ် ဒီနေရာမှာပဲ ထိုင်လိုက်မယ်"

ကျန်းမုန့်လောင်က ခြေချိတ်ထိုင်လျက် ထိုနေရာမှာပင် အေးအေးလူလူဆက်ထိုင်နေလိုက်သည်။

"ကျန်းမုန့်လောင်..မင်း သတ္တိရှိရင် မင်းလက်နက်ကိုချထားပြီး တိုက်ခိုက်လှည့်။ ဘယ်လိုသူရဲကောင်းမျိုးက သံမဏိကိုတောင် ရွှံ့တုံးလိုဖြစ်အောင် လှီးဖြတ်နိုင်တဲ့ လက်နက်တစ်မျိုးကို မှီခိုနေလို့လဲ"

"ပေါက်ကရတွေတော်စမ်းပါ"

သတ္တုလက်စွပ်တစ်ကွင်းက ကျန်းမုန့်လောင်၏လက်မောင်းထက်တွင် ပေါ်လာပြီး သူ့ညာဘက်လက်မောင်းကို အရူးအမူးရစ်ပတ်လိုက်ပြီးနောက် လက်တစ်ချောင်းကို ဖုံးလွှမ်းပစ်လိုက်လေတော့သည်။

"ဘုန်း!"

အနီရောင်အလင်းတန်းတစ်ခုက ထိုသိုင်းပညာရှင်ဆီသို့ တိုက်ရိုက်ပစ်လွှတ်လိုက်၏။

"အဲဒါက သောက်ကျိုးနည်း ဘာကြီးလဲ?!"

သိုင်းပညာရှင်များလည်း ကြက်သေသေသွားရပြီးနောက် ထိုအနီရောင်အလင်းတန်းကို ခုခံရန်အတွက် အတွင်းအားများကို အလျင်အမြန်စုစည်းလိုက်ရသည်။ သို့သော် သူ၏ဒဏ္ဍာရီလာအဆင့်ငါးခွန်အားလေးမျှဖြင့် အနီရောင်အလင်းတန်းက သူ့ဆီသို့ လာထိမှန်ချိန်မှာ ထိုအတွင်းအားများလည်း ပြန့်ကျဲသွားလေတော့သည်။ ထို့နောက်တွင်မူ အင်အားကောင်းလှသော နောက်ဆက်တွဲလှိုင်းလုံးကြီးကြောင့် သူကိုယ်တိုင်လည်း လွင့်ထွက်သွားပြီး ရင်ဘတ်ပေါ်၌ အနီရောင်မီးလောင်ရာကြီးတစ်ခု ကျန်ရစ်နေခဲ့သည်။

"ကျန်းမုန့်လောင်.. မင်းက အရှက်မရှိဘူးပဲ!"

"မင်း နည်းပညာပိုင်းဆိုင်ရာလက်နက်တစ်ခုကိုတောင် သုံးတယ်ပေါ့"

"မင်းက သိုင်းလောကအတွက်တော့ အမည်းစက်တစ်ခုပဲ"

သိုင်းပညာရှင်များမှာ ချက်ချင်းဆဲဆိုကြလေတော့သည်။ သူတို့အသိုင်းအဝိုင်းထဲတွင် နည်းပညာလက်နက်များမှာ အထင်သေးချင်စရာအကောင်းဆုံးလက်နက်များပင်။ သာမန်နည်းပညာလက်နက်များမှာ သိုင်းပညာရှင်တစ်ယောက်ကို အန္တရာယ်မပေးနိုင်ပေ။ မီတာနှစ်ဆယ်အတွင်း၌ အဆင့်တစ်သိုင်းပညာရှင်တစ်ယောက်ပင် ထိုလက်နက်များထံမှလာသော တိုက်ခိုက်မှုများကို လျှော့ချနိုင်သည်။

အဆင့်လေးနှင့်အထက် သိုင်းပညာရှင်များဆိုပါက အတွင်းအားတစ်ခုတည်းနှင့် ထိုသာမန်ကျည်ဆန်များ၏ သက်ရောက်မှုကို ခံနိုင်ရည်ရှိသည်။ ဒဏ္ဍာရီလာသိုင်းပညာရှင်တစ်ယောက်ကို အလဲထိုးဖို့ဆိုလျှင် ကျန်းမုန့်လောင်၏လက်နက်က တစ်မူထူးခြားနေဖို့ လိုအပ်လေသည်။

"ကျန်းမုန့်လောင်က သိုင်းလောကသားတစ်ယောက်လို့ ဘယ်သူက ပြောလို့လဲ"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"ဆောရီး.. ခင်ဗျားတို့သိုင်းလောကရဲ့ စည်းမျဉ်းတွေနဲ့ ကျုပ်ကို ချည်နှောင်ထားလို့မရဘူး။ ကျုပ်က စည်းမျဉ်းတွေအားလုံးနဲ့ လွတ်ကင်းသူတစ်ယောက်ပဲ"

"အဆင့်၅လက်နက်နဲ့ ကြောက်စရာကောင်းတဲ့ဒုံးလက်နက်တဲ့။ ကျန်းမုန့်လောင်ရဲ့နောက်ခံက ဘာပါလိမ့်"

ကျန်းမုန့်လောင်၏နည်းလမ်းများမှာ သိုင်းပညာရှင်များကို ကြောက်လန့်သွားစေသဖြင့် ထိုအခိုက်အတန့်လေးမှာ အားလုံး တိတ်ဆိတ်သွားလေတော့သည်။

"တခြားဘယ်သူမှ ကျုပ်ကို စိန်မခေါ်ရဲတော့ဘူးဆိုရင် ဒီနေရာက ကျုပ်အပိုင်ပဲ"

ကျန်းမုန့်လောင်လည်း သံမဏိလူသား၏လက်မောင်းကို ပြန်သိမ်းလိုက်၏။

အဆင့်ငါးနှင့်အထက် သိုင်းပညာရှင်များကို အလဲထိုးရန်မှာ Mark20နှင့်အထက် မော်ဒယ်လ်တစ်ခုကို လိုအပ်သည်။ ထို့ကြောင့် တစ်မိနစ်အတွင်းမှာပင် ကျန်းမုန့်လောင်၏ခွန်အားအမှတ်များက ၁၀၀လောက် ကုန်ဆုံးသွားခဲ့သည်။

သို့သော် ဤကျွန်းပေါ်သို့ ခြေချပြီးကတည်းက ခွန်အားအမှတ်များက တရစပ်ဝင်နေခဲ့သည်။ ကြွားဝါခြင်းက သူ့အား ပျော်ရွှင်မှုကို သယ်ဆောင်လာပေးပြီး ပို၍လည်း သန်မာစေသည်။

"ဒီနှစ် သိုင်းလောကတွေ့ဆုံပွဲကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ ဟားဟားဟား"

ရုတ်ခြည်းပင် သြရှရှအသံတစ်သံက သိုင်းပညာရှင်များ၏နားထဲဝယ် ပဲ့တင်ထပ်သွားလေတော့သည်။

ထိုအသံကို ကြားသောအခါ အစောပိုင်းက စိတ်ဓာတ်ကျနေခဲ့သော သိုင်းပညာရှင်များမှာ တစ်ဖန် စိတ်ဓာတ်ပြန်တက်ကြွလာခဲ့သည်။

"သိုင်းနတ်ဘုရား! ဒါက သိုင်းနတ်ဘုရားရဲ့အသံပဲ!"

"ဟားးဟားဟား ကျန်းမုန့်လောင်.. သိုင်းနတ်ဘုရားရောက်လာပြီကွ။ ဒီနေ့ မင်းလုပ်ထားတဲ့ အရှုပ်ထုပ်ကို ဘယ်လိုပြန်ဖြေရှင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

"သိုင်းနတ်ဘုရား.. သိုင်းလောကရဲ့အမည်းစက်ကို ဖယ်ရှားပေးဖို့ တောင်းဆိုပါတယ်"

...

"ကျန်းမုန့်လောင်? အသက်၂၂နှစ် ဒဏ္ဍာရီလာအဆင့်ခွန်အားတဲ့လား? အံ့သြဖို့ကောင်းလိုက်တာ"

နှိမ့်ချမှုရှိသော အဘိုးကြီးတစ်ယောက်က ခန်းမ၏ထောင့်နားမှ ထွက်ပေါ်လာပြီး ခြေလှမ်းကို ပေါ့ပေါ့ပါးပါးတစ်လှမ်းချင်းလှမ်းနေသော်ငြား မှော်ဆန်စွာပင် သူ့ခြေတစ်လှမ်းက မီတာပေါင်းများစွာရောက်သည်။

"ကျန်းမိသားစုက ဒီလိုပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ အရည်အချင်းမျိုးမရှိပါဘူး"

ရိုးရှင်းသောရုပ်သွင်ဖြင့် ထိုအဘိုးကြီးက ကျန်းမုန့်လောင်ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။

"ဒါပေမဲ့ ပါရမီရှင်ဟုတ်ဟုတ်မဟုတ်ဟုတ် သိုင်းလောကကတော့ မင်းကို စည်းဖောက်ခွင့်ပေးမှာမဟုတ်ဘူး။ ဒီနေရာကထွက်သွား!"

"ယင်ဝူယီ အသက်၁၉၆နှစ် ဒဏ္ဍာရီလာအဆင့်၉အထွတ်အထိပ်"

ကျန်းမုန့်လောင် အတန်ငယ်အံ့သြသွားရသည်။ ဤသိုင်းနတ်ဘုရား၏ခွန်အားမှာ ရှုန်းပါ့နှင့် တစ်ဆင့်တည်းပင်။

"ယဲ့ရင် မင်း... မင်း သူ့ကိုအနိုင်ယူနိုင်လား"

ကျန်းမုန့်လောင် စိတ်လှုပ်ရှားမိသည်။ ယခု သူသည် ရှုန်းပါ့၏အစွမ်းကို သုံး၍မရပေ။ အကယ်၍ ယဲ့ရင်ကပါ မဖြေရှင်းနိုင်ဘူးဆိုပါက သူ ယနေ့ကြွားလုံးထုတ်ခဲ့သည့် အတိုင်းအတာအရ ဤနေရာမှာပင် သေပွဲဝင်ရလိမ့်မည်။

"မစ္စတာကျန်း စိတ်ချပါ။ သူ့ကိုသတ်တာက ကြက်လေးတစ်ကောင်လို သတ်ရသလောက်ပါပဲ"

ယဲ့ရင်၏တုံ့ပြန်မှုမှာ ယုံကြည်မှုအပြည့်ပင်။

"ကြားရတာ ဝမ်းသာစရာပဲ"

ကျန်းမုန့်လောင်လည်း ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားသည်။

"ဒီတော့ ခင်ဗျားက သိုင်းနတ်ဘုရားပေါ့"

"ဟားဟားဟား.. မင်းက ငါ့ကို ပမာမခန့်ပြောဖူးတဲ့ ပထမဆုံးလူငယ်လေးပဲ။ ငါ မင်းကို အခွင့်အရေးတစ်ခုတော့ ပေးလို့ရပါတယ်။ မင်း..."

သိုင်းနတ်ဘုရား၏စကားသံက ရုတ်တရက်ပြတ်တောက်သွားသည်။ သူ့အကြည့်ကား ကျန်းမုန့်လောင်ဝတ်ထားသော အဝတ်အစား၏ထောင့်နားရှိ သင်္ကေတတစ်ခုထံတွင် တရစ်ဝဲဝဲလည်နေချေသည်။

ထိုအခိုက်အတန့်ဝယ် သူ့လက်နှင့် လက်မောင်းများမှာ တုန်ယင်သွားလေသည်။ သူ့အမူအရာတွင်လည်း အေးစက်ခက်ထန်မှုများ ပျောက်ဆုံးသွားသည်။

"ငါ..ငါ ဘာမြင်လိုက်ရတာလဲ"

"ဘုရားရေ.. သိုင်းနတ်ဘုရား..တုန်နေပုံရတယ်..."

***************

All Chapters