← Chapters

အဲဒီအရာ ထပ်ပေါ်လာပြီ!

Vol. 26 Ch. 387

အဲဒီအရာ ထပ်ပေါ်လာပြီ!

Vol. 26 Ch. 387

"ဘာတွေဖြစ်နေတာလဲ?"

သိုင်းနတ်ဘုရားထူးဆန်းနေသည်ကို လူတိုင်း သတိထားမိသည်။

လွန်ခဲ့သည့်နှစ်ပေါင်း၇၀ကျော်တုန်းကတိုက်ပွဲကြီး ပြီးကတည်းက သိုင်းနတ်ဘုရား၏နာမည်က ဒုတိယကမ္ဘာတစ်ခွင် သြဇာညောင်းလှပေသည်။ ကမ္ဘာတစ်ဝှမ်းရှိ စိတ်စွမ်းအားရှင်များ၊ သန္ဓေပြောင်းလူသားများအပြင် အဆင့်မြင့်ပညာရှင်အချို့ကလွဲလျှင် ကျန်လူအားလုံးမှာ သိုင်းနတ်ဘုရား၏အမည်ကို ကြားလိုက်ရလျှင်ပင် ကြောက်ဒူးတုန်ကုန်ကြသည်။

သိုင်းနတ်ဘုရားက ဘယ်လိုအခက်အခဲကိုမဆို မျက်နှာမပျက်ရင်ဆိုင်ခဲ့ပြီး လုံရှားအကြီးအကဲတစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာပင် စိုးရိမ်ကြောက်ရွံ့လေဟန် လက္ခဏာတစ်ခုကိုမှ မပြသခဲ့ပေ။

သို့သော် ယခုအချိန်မှာတော့ သိုင်းနတ်ဘုရား၏မျက်နှာပေါ်ရှိ ထိတ်လန့်တုန်လှုပ်မှုကိုသာမက ကြောက်ရွံ့မှုလက္ခဏာများကိုပါ သူတို့ ရှင်းရှင်းလင်းလင်းမြင်နေရသည်။

"သိုင်းနတ်ဘုရားက အဲဒီသင်္ကေတကို ဘာလို့စိုက်ကြည့်နေတာလဲ"

တစ်စုံတစ်ယောက်က သိုင်းနတ်ဘုရား၏အကြည့်မှာ ကျန်းမုန့်လောင်ဝတ်ထားသော အဝတ်အစားထောင့်စွန်းရှိ အမှတ်တံဆိပ်တစ်ခုကို ဆက်တိုက်စိုက်ကြည့်နေကြောင်း သတိထားမိလိုက်သည်။

၎င်းမှာ ဆဋ္ဌဂံနှင့်ဆင်တူသော သင်္ကေတတစ်ခုဖြစ်ပြီး ဘေးနှစ်ဖက်တွင် သားရဲကောင်နှစ်ကောင်၏ ခေါင်းများလည်းပါ၏။ ကြည့်ရသည်မှာ အဝတ်အစား၏လိုဂိုဖြစ်ဟန်တူသည်။

"သူ ဘာဖြစ်နေတာလဲ"

သိုင်းနတ်ဘုရားကိုကြည့်ရင်း အကြောင်သားဖြစ်သွားသော ကျန်းမုန့်လောင်က မေးခွန်းထုတ်လာလေသည်။ သူ့အနေနှင့် ရှုန်းပါ့၏အစွမ်းကို ထုတ်သုံး၍မရတော့သည့်အတွက် သိုင်းနတ်ဘုရားနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ နည်းလမ်းမရှိတော့ပေ။ သို့ဖြစ်လေရာ ယဲ့ရင်ကို အကူအညီတောင်း၍ တိုက်ခိုက်ခိုင်းရမည်ဖြစ်သောကြောင့် ယဲ့ရင်၏နောက်ကြောင်းရာဇဝင်ကို ဘယ်လိုလုပ်ဇာတ်ခင်းရမလဲဆိုသည်ကိုပင် စဉ်းစားနေပြီဲဖြစ်၏။

အခြေအနေက ဇာတ်ညွှန်းနှင့် သွေဖည်နေကြောင်း မည်သူက ထင်ထားမည်နည်း။ သိုင်းနတ်ဘုရားက သူ့အဝတ်အစားပေါ်ရှိ လိုဂိုကိုမြင်လိုက်ရရုံဖြင့် အသည်းအသန်ကြောက်ရွံ့သွားပေသည်။ ဤအပြုအမူက ဘာလဲ။

"ယဲ့ရင်.. ဒါကြီးက ဘာကြီးတုန်း"

ကျန်းမုန့်လောင် သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။

"ငါမှတ်မိသလောက်ဆိုရင် ငါ့အဝတ်အစားတိုင်းမှာ ဒီလိုသင်္ကေတမျိုးပါတယ်မလား။ ဒါက ငါတို့မိသားစုရဲ့ ကိုယ်ပိုင်အဝတ်ချုပ်ဆိုင်လိုဂိုမဟုတ်လား"

ဤအမှတ်တံဆိပ်ကို ကျန်းမုန့်လောင် လုံးဝဂရုမစိုက်မိခဲ့ပေ။ သူ့မိသားစုရှိ အစေခံများနှင့် ဝန်ထမ်းများ၏ အဝတ်အစားပေါ်တွင်လည်း ဤသင်္ကေတမျိုး ရှိသည်။

သိုင်းနတ်ဘုရားက လိုဂိုတစ်ခုကြောင့် ကြောက်လန့်သွားသတဲ့လား?

"မစ္စတာကျန်း ဒါက အဝတ်ဆိုင်ရဲ့လိုဂိုမဟုတ်ပါဘူး။ လူကြီးမင်းတို့မိသားစုရဲ့ ဂိုဏ်းအမှတ်အသားပါ"

ယဲ့ရင်က လေးနက်စွာ စကားဆိုလာလေသည်။

"ဒီသင်္ကေတက လွန်ခဲ့တဲ့နှစ်လေးထောင်ကတည်းက တည်ရှိလာခဲ့တာလေ။ ဒါက လူကြီးမင်းတို့မိသားစုရဲ့ဂုဏ်သရေနဲ့ သမိုင်းကြောင်းကို ကိုယ်စားပြုပါတယ်"

"သောက်ကျိုးနည်း.. ငါတို့မိသားစုမှာ ဂိုဏ်းအမှတ်တံဆိပ်လည်း ရှိတာလား?"

"လွန်ခဲ့တဲ့နှစ်တစ်ရာ နှစ်ရာလောက်ကမှ ပေါ်လာတဲ့ မိသားစုသေးသေးလေးတွေတောင် ဂိုဏ်းအမှတ်တံဆိပ်ရှိကြသေးတာပဲ။ လူကြီးမင်းရဲ့မိသားစုက ဘာလို့မရှိရမှာလဲ"

ယဲ့ရင် ရယ်လိုက်လေသည်။

"လူကြီးမင်းရဲ့ဘိုးဘေးတွေက ဆန္ဒမရှိခဲ့တာကြောင့်သာမဟုတ်ရင် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက သူတို့ ကမ္ဘာကြီးကို အုပ်စိုးပြီးလောက်ပြီ"

ယဲ့ရင် ဆက်ပြောလိုက်သည်။

"လူကြီးမင်းကတော့ သတိထားမိမှာမဟုတ်ဘူး။ ဒါပေမဲ့ သာမန်ဝန်ထမ်းတွေက ဂိုဏ်းအမှတ်တံဆိပ်ကို ဝတ်ဆင်ခွင့်မရှိပါဘူး။ ကျန်းမိသားစုဝင်စစ်စစ်တွေကပဲ ဂိုဏ်းအမှတ်တံဆိပ်ကို ဝတ်ဆင်ခွင့်ရှိတယ်"

"ဂိုဏ်းအမှတ်တံဆိပ်တွေကလည်း အဆင့်အလိုက် အမျိုးမျိုးကွဲပြားတယ်။ မစ္စတာကျန်း လူကြီးမင်းက ကျန်းမိသားစုရဲ့မျိုးဆက်ဖြစ်တဲ့အတွက် လူကြီးမင်းရဲ့အမှတ်တံဆိပ်က အဆင့်အမြင့်ဆုံးပါပဲ။ သားရဲကောင်းနှစ်ကောင်ရဲ့ခေါင်းကို သုံးထားတာက မိသားစုမျိုးဆက်ထဲမှာ အဆင့်အမြင့်ဆုံးဆိုတာကို ကိုယ်စားပြုပါတယ်။ တခြားလူတွေက သားရဲကောင်းနှစ်ကောင်ပါတဲ့ အမှတ်တံဆိပ်ကို ဝတ်ဆင်ခွင့်မရှိပါဘူး"

"ဒီလိုကိုး"

ကျန်းမုန့်လောင်၏အာရုံက သိုင်းနတ်ဘုရားဆီသို့ ပြန်ရောက်သွားသည်။

"ငါ့မိသားစုရဲ့ဂိုဏ်းအမှတ်တံဆိပ်ကို သူမှတ်မိနေတာများလား? ဒါပေမဲ့ မှတ်မိတယ်ဆိုရင်တောင် ဒီလိုကြောက်နေစရာမလိုဘူးမလား"

"သိုင်းနတ်ဘုရားရဲ့ခေတ်တုန်းက ကိစ္စကိုတော့ ကျွန်တော် တကယ်မသိပါဘူး။ ခဏစောင့်ပေးပါ။ ကျွန်တော် မစ္စဟုန်းရီကို စုံစမ်းခိုင်းလိုက်ပါ့မယ်"

...

ယင်ဝူယီက ထိုအမှတ်တံဆိပ်ကို တကယ်မှတ်မိသည်။ နှစ်ပေါင်းခုနစ်ဆယ်ကျော် မေ့လျော့နေခဲ့သော မှတ်ဉာဏ်တစ်ခုက သူ့စိတ်ထဲမှ ရုတ်တရက်ပြန်ပေါ်လာခဲ့သည်။

ထိုနေ့မှာ ဟွာရှားနိုင်ငံ၏အနာဂတ်ကို အဆုံးအဖြတ်ပေးမည့်နေ့ပင်။ ယင်ဝူယီနှင့် လုံရှားအဖွဲ့အစည်း၏ လက်ရှိခေါင်းဆောင်မုန့်ထျန်းဟယ်တို့သည် ဒုတိယကမ္ဘာရှိ အင်အားကြီးနိုင်ငံများ၏ ကျွမ်းကျင်သူ၁၆ယောက်နှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုအချိန်တုန်းက သူတို့ထဲမှ တစ်ယောက်သည် ဒဏ္ဍာရီလာအဆင့်ခုနစ်သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်မှာမူ နတ်ဘုရားအဆင့်ခုနစ်စိတ်စွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး ထိုစဉ်တုန်းက ဟွာရှားနိုင်ငံ၏ အမြင့်ဆုံးတိုက်ခိုက်ရေးခွန်အားကို ကိုယ်စားပြုခဲ့သည်။

သို့သော် သူတို့၏ပြိုင်ဘက်များကလည်း မခေခေ။ ရန်သူ၁၆ယောက်တွင် ၁၂ယောက်မှာ သူတို့နှင့် အဆင့်ချင်းတူသော အဆင့်မြင့်ပညာရှင်များဖြစ်ပြီး ကျန်လေးယောက်မှာမူ အနည်းငယ်မျှသာ အားနည်ပေသည်။

ဤသည်မှာ ဟွာရှားနိုင်ငံ၏ နောက်ဆုံးအခွင့်အရေးပင်။ တစ်ယောက်ချင်းပြိုင်ပွဲသာဆိုပါက သူတို့အနေနှင့် မည်သူ့ကိုမှ မရှုံးနိုင်ကြောင်း ယုံကြည်မှုရှိသော်လည်း နှစ်ယောက်နှင့်ဆယ့်ခြောက်ယောက်ဖြစ်နေလေရာ သူတို့ရှုံးရဖို့မှာ အနှေးနှင့်အမြန်ပင်။ သူတို့မှာ ရှင်သန်လွတ်မြောက်နိုင်ခြေကိုပင် တွေးမထားခဲ့ပေ။

တကယ်တမ်းတွင် ထိုတိုက်ပွဲက သူတို့နှစ်ယောက်မှ စတင်ခဲ့ခြင်းမဟုတ်ချေ။ ထိုစွမ်းအားရှင်၁၆ယောက်က ဟွာရှားနိုင်ငံအတွက် နောက်ဆုံးအခွင့်အရေးအဖြစ် ပေးလာခဲ့သော တိုက်ပွဲပင်။ အကယ်၍ ဟွာရှားလူမျိုးများသာ အနိုင်ရခဲ့လျှင် သူတို့လည်း ဟွာရှားက ထွက်သွားပေးမည်။ သို့သော် သူတို့နှစ်ယောက်သာ ရှုံးခဲ့ပါက နှစ်ငါးထောင်သက်တမ်းရှိသော ယဉ်ကျေးမှုကြီးလည်း ပျောက်ကွယ်ရမည်သာ။

ထို့ကြောင့် ဤစစ်ပွဲကား နောက်ပြန်ဆုတ်စရာမြေမရှိခဲ့ပေ။

တိုက်ပွဲကား အလွန်ကြမ်းတမ်းရက်စက်လှသဖြင့် စလာကတည်းက ယင်ဝူယီနှင့် မုန့်ထျန်းဟယ်တို့ အပြင်းအထန်ဒဏ်ရာရခဲ့သည်။ သို့သော် နတ်ဘုရားအဆင့်ခြောက်စိတ်စွမ်းအားရှင်များနှင့် သန္ဓေပြောင်းလူသားများကို လျှပ်တပြက်သတ်နိုင်သော တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်နိုင်ခဲ့သည်။

သို့သော် ထိုအကွက်တစ်ခုတည်းနှင့် သူတို့၏ခွန်အားများ ကုန်ဆုံးခဲ့ရဿည်။ ယင်ဝူယီ၏ရင်ညွန့်ရိုးမှာ Thorဟုခေါ်သော ဥပရောပစိတ်စွမ်းအားရှင်တစ်ယောက်ကြောင့် ကြေမွသွားခဲ့ရသည်။ ထို့ပြင် အစွမ်းထက်လှသော လျှပ်စီးကြောင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အကြောသေသွားစေခဲ့သည်။

မုန့်ထျန်းဟယ်ကတော့ အဆင့်လေးလက်နက်တစ်ခု စိုက်ဝင်နေချေသည်။ ထိုလက်နက်မှာ အနောက်တိုင်းမှ ဒဏ္ဍာရီလာလက်နက်တစ်ခုဖြစ်၏။ အားခီးယပ်စ်၏လှံရှည်ပင်တည်း။

ဤလှံတံတွင် အသက်ဓာတ်ကို ဝါးမျိုနိုင်သည့် စွမ်းအင်တစ်မျိုး ပါရှိသည်။ နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တစ်ယောက်၏ အသက်ဓာတ်က အလွန်ဒူပေနာပေခံသောကြောင့်သာ မဟုတ်ပါက ထိုလှံတံက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည့် တစ်ခဏလေးအတွင်းမှာပင် သူလည်း သေသွားလောက်ပြီဖြစ်၏။

သို့သော် သူတို့ ထင်မှတ်မထားသည့်အရာမှာကား ဖိတ်ခေါ်မထားသော ဧည့်သည်တစ်ယောက်က သူတို့၏စစ်မြေပြင်ထဲသို့ ရောက်ချလာသည်။ ဟွားရှားလူမျိုးမှန်း သိသာနေသော ခပ်ချောချောအမျိုးသားတစ်ယောက်က ထူထဲလှသော လေကာကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး နှင်းလျှောစီးဘုတ်ပြားပေါ်တွင် မတ်တတ်ရပ်ကာ ဟိမဝန္တာတောင်တန်းပေါ်၌ နှင်းလျှောစီးနေလေသည်။

ဤမြင်ကွင်းကြောင့် သူတို့ ကြောင်အသွားရလေသည်။ သူတို့သည် ဧရဝတ်တောင်တွင် တိုက်ခိုက်နေခြင်းမျိုး မဟုတ်သော်လည်း ဤနယ်မြေကား အမြင့်ပေခြောက်ထောင်ကျော်ရှိသည်ဖြစ်ရာ မည်သူကများ ထိုနေရာတွင် နှင်းလျှောစီးမည်နည်း။ နည်းပညာပိုင်းဆိုင်ရာ ကိရိယာများ ပေါကြွယ်ဝသည့် ခေတ်မျိုးမှာပင် သာမန်လူတစ်ယောက်အနေနှင့် နှင်းလျှောစီးဖို့မဆိုထားနှင့်။ ဤမျှအမြင့်ကြီးအထိ တောင်တက်လာခြင်းကပင် လက်ခံနိုင်ဖွယ်ရာမရှိပေ။ ဤသည်မှာ ကိုယ်သေတွင်းကိုယ် တူးနေခြင်းသာ။

မည်သူထင်ထားမည်နည်း။ ထိုအမျိုးသားက သူ့နှင်းလျှောစီးမက်စ်ကိုချွတ်ကာ သူတို့၏တိုက်ခိုက်မှုကြောင့် နှင်းတောင်ပြိုကုန်သဖြင့် သူ ရက်ပေါင်းများစွာရှာထားရသော နှင်းလျှောစီးကွင်းပြင်ကို ဖျက်ဆီးလိုက်ကြောင်း ဆဲဆိုပါလေတော့သည်။ ထို့ပြင် သူက သူတို့ကို ချက်ချင်းထွက်သွားဖို့ပါ ပြောလိုက်သေးသည်။

ဂျာမနီနိုင်ငံမှ စိတ်စွမ်းအားရှင်တစ်ယောက်က ချက်ချင်း တုံ့ပြန်လိုက်လေသည်။ သူတို့၏အမြင်မှာတော့ ဟွာရှားလူမျိုးတစ်ယောက်ကို သတ်ဖြတ်ခြင်းမှာ ကြက်လေးငှက်လေးတစ်ကောင်ကို သတ်ရသည်နှင့် မခြားပေ။

ဤဂျာမနီစိတ်စွမ်းအားရှင်က ရေခဲနှင့်ဆီးနှင်းဘုရင်ဟု လူသိများပြီး သူ့တွင် ရေခဲနှင့် ဆီးနှင်းဆိုင်ရာ အထူးစွမ်းရည်များ ပိုင်ဆိုင်ထားသည်။ ထိုစွမ်းရည်မှာ အလွန်အစွမ်းထက်လှသောကြောင့် စိတ်ထဲမှ တစ်ချက်တွေးလိုက်ရုံမျှဖြင့် မိုင်ပေါင်းတစ်ထောင်အကွာရှိ အရာများကိုပင် ရေခဲရုပ်တုများ ဖြစ်သွားအောင် ပြောင်းလဲနိုင်စွမ်းရှိသည်။

သို့သော် ဤလူငယ်လေးရှေ့မှာတော့ သူ့စွမ်းရည်များက အချည်းနှီးဖြစ်သွားရသည်။

ဆက်ဖြစ်လာသော မြင်ကွင်းမှာမူ ယင်ဝူယီ တစ်သက်မမေ့နိုင်လောက်သော မြင်ကွင်းတစ်ခုပင်။

ဤလူငယ်လေး၏ အကြည့်တစ်ချက်မျှဖြင့် ဧရာမရေခဲစိုင်တစ်ခုနှင့် ပေတစ်ရာကျော်မြင့်သော ဆီးနှင်းထုကြီးတစ်ခုက တောင်ပေါ်မှ ပြိုကျလာခဲ့ပြီးနောက် ထိုလူသည် လက်သီးတစ်ချက်စာ ပစ်ခွင်းလိုက်ရုံဖြင့် ရေခဲနှင့်ဆီးနှင်းဘုရင်ဟုခေါ်သော ထိုလူကို တစ်စစီဖြစ်သွားအောင် ခြေမွပစ်လိုက်သည်။

ရေခဲနှင့်ဆီးနှင်းဘုရင်ဆိုသည်မှာ မည်သူလဲ။ ကမ္ဘာတစ်ဝှမ်း ခွန်အားကြီးသည်ဟု နာမည်ကျော်ကြားနေသော အဆင့်ခုနစ်စိတ်စွမ်းအားရှင်တစ်ယောက်မှာ အမည်မသိလူငယ်လေးတစ်ယောက်၏ အကြည့်တစ်ချက်မျှဖြင့် အသတ်ခံလိုက်ရသည်။ ဤအဖြစ်မှာ ကြောက်လန့်စရာမကောင်းပေဘူးလား?

အနောက်တိုင်းရှိ နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်များနှင့် သန္ဓေပြောင်းလူသားများကလည်း ဤလူငယ်လေးကို ဟွာရှားနိုင်ငံမှ လွှတ်လိုက်သော အဆင့်မြင့်စစ်ကူတစ်ယောက်ဟု ထင်မှတ်မှားသွားပြီး သူ့အား အဆက်မပြတ်တိုက်ခိုက်ကြလေတော့သည်။

သို့သော် ထိုလူငယ်လေးကတော့ အေးတိအေးစက်လှောင်ရယ်လိုက်၏။ ထို့နောက် ကောင်းကင်ထက်မှ ပေတစ်ရာကျော်ရှည်သော ရွှေရောင်ဓားအရိပ်တစ်ခု ဆင်းသက်လာပြီးနောက် တောင်တန်းတစ်ခုလုံးကို နှစ်ပိုင်းခြမ်းပစ်လိုက်သည်။ မြေမျက်နှာသွင်ပြင်အပြင်းအထန်လှုပ်ရှားမှုကြောင့် နောက်ထပ်တောင်ထွတ်တစ်ခုပင် ပေါ်ပေါက်လာခဲ့သည်။

ထိုသန္ဓေပြောင်းလူသားများနှင့် စိတ်စွမ်းအားရှင်များမှာ အရိုးပင် ရှာမရခဲ့ပေ။

ယင်ဝူယီနှင့် မုန့်ထျန်းဟယ်တို့အတွက်တော့ ဆန်းကြယ်လှသော ဤလူငယ်လေး ရောက်ရှိလာခြင်းမှာ ကောင်းကင်ဘုံမှ ဂမ္ဘီရလက်နက်တစ်ခု ဆင်းသက်လာသည့်အလားပင်။ ဤစွမ်းအားရှင်များ တိုက်ပွဲကျသွားသည့်နောက် အခြားဒုတိယကမ္ဘာရှိ စွမ်းအားရှင်များမှာ သူတို့အတွက်တော့ ဘာခြိမ်းခြောက်မှုမှ မပေးနိုင်တော့ပေ။

သူတို့လည်း ထိုလူငယ်လေးအား ဖြစ်စဉ်အစအဆုံးကို ပြောပြပြီး ဝင်ရောက်ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ခဲ့သည်။ သို့သော ထိုလူငယ်လေးကတော့ နည်းနည်းမျှဂရုမစိုက်ပါဘဲ ထွက်မသွားခင် ဤကိစ္စအတွက် တာဝန်ရှိသူမှာ သူဖြစ်ကြောင်း မည်သူ့ကိုမှ ထုတ်မပြောဖို့ မှာသွားခဲ့သည်။

သူတို့ကြားတွင် အနည်းငယ်ဆွေးနွေးတိုင်ပင်ပြီးနောက် အဆုံးမှာတော့ ထူးခြားဆန်းကြယ်လှသော ထိုလူငယ်လေး၏သရုပ်မှန်ကို ဖုံးကွယ်ပေးထားရန် ဆုံးဖြတ်လိုက်ကြသည်။ သို့ဖြစ်လေရာ ဤလုပ်ရပ်အားလုံးကို သူတို့လက်ချက်ဟုသာ ခံယူခဲ့ရသည်။

ထိုလူငယ်လေးက သူ့နာမည်ကို ပြောမပြသွားသလို မျက်နှာကလည်း နှင်းများဖြင့် ဖုံးလွှမ်းနေသဖြင့် သေချာမမြင်ခဲ့ရပေ။ သူတို့မှတ်မိလိုက်သော တစ်ခုတည်းသောအရာမှာ သူ့အဝတ်အစားပေါ်ရှိ အမှတ်တံဆိပ်ပင်။

နှစ်ပေါင်း၇၀ကြာခဲ့ပြီးနောက် ယင်ဝူယီလည်း သိုင်းနတ်ဘုရားဖြစ်လာခဲ့သဖြင့် ထိုဖြစ်ရပ်နှင့် ထိုပုဂ္ဂိုလ်ကို မေ့လုနီးနီးဖြစ်သွားခဲ့သည်။ ထိုမဟာတိုက်ပွဲ၏ ဇာတ်လမ်းအကြောင်းကို အကြိမ်ထောင်ပေါင်းများစွာတိုင်အောင် ကြားရဖန်များလာသဖြင့် သူတို့က ဤဇာတ်လမ်း၏ဇာတ်လိုက်များဟု သူတို့ကိုယ်တိုင် ထင်မှတ်မှားခဲ့ရသည်။

ယနေ့မှာတော့ ထိုအမှတ်တံဆိပ်ကား တစ်ဖန်ပြန်ပေါ်လာခဲ့လေပြီ။

***************

All Chapters