← Chapters

ငါ မင်းတို့ကို ဒီအတိုင်းခေါ်ကြည့်လိုက်တာ

Vol. 26 Ch. 390

ငါ မင်းတို့ကို ဒီအတိုင်းခေါ်ကြည့်လိုက်တာ

Vol. 26 Ch. 390

မင်းတို့မိသားစုထဲက ကိုယ်ရံတော်တွေရဲ့အဆင့်လောက်ပဲ ရှိသေးတယ်တဲ့လား? မင်းတို့မိသားစုထဲက ကိုယ်ရံတော်တွေအကုန်လုံးက ကောင်းကင်ဘုံဖျားအဆင့်တွေလား? မင်းတို့က ဘယ်လိုလုပ်ပြီး တအားတွေတော်တတ်နေရတာလဲ?

ကြောက်မက်ဖွယ်ကောင်းသော ကျန်းမုန့်လောင်၏မိသားစုကလွဲလျှင် ယင်ဝူယီက သိုင်းလောကထဲတွင် နှစ်ပေါင်းတစ်ရာအတွင်း ဤအဆင့်ကို တက်လှမ်းနိုင်သည့် ပထမဆုံးလူပင်။ ကျန်းမိသားစုထဲတွင်လည်း ထိုအရာမှာ ပင်မမိသားစုဝင်များသာ စွမ်းဆောင်နိုင်သောအရာတစ်ခု ဖြစ်သင့်သည်မဟုတ်လား။

"သေစမ်း! ခင်ဗျားတို့ ကျုပ်ကိုမယုံဘူးပေါ့"

အစကတော့ ထိုစကားကိုပြောလိုက်လျှင် အနည်းဆုံးတော့ ခွန်အားအမှတ်နှစ်ရာလောက်ရလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်ထားမိသည်။ သို့သော် တစ်မှတ်မှမရလိုက်ချေ။ ဤလူများသည် သူ ပေါက်ကရများပြောနေသည်ဟု ထင်နေကြခြင်းပင်။

"အခု အကုန်ချပြတော့မယ်။ ဘာမှဟန်ဆောင်မနေတော့ဘူး။ ဒီနေ့ ကျုပ် နည်းနည်းတော့ ကြွားလိုက်ဦးမယ်"

ကျန်းမုန့်လောင် ကြေညာလိုက်လေသည်။

"ယဲ့ရင်.. ထွက်လာပြီး နှုတ်ဆက်လိုက်ပါဦး"

"မစ္စတာကျန်း… လူကြီးမင်းက ဘယ်တုန်းကများ ခပ်လျှိုလျှိုနေဖူးလို့လဲ"

ယဲ့ရင်က ထိုသို့တီးတိုးရေရွတ်ရင်း ကျန်းမုန့်လောင်၏အနောက်နားတွင် ဖြည်းဖြည်းချင်းရုပ်လုံးဖော်လိုက်သည်။

"မင်းကများ ထပ်ပြောရဲသေးတယ်ပေါ့! အသာငြိမ်နေစမ်းပါ"

ကျန်းမုန့်လောင်လည်း ယဲ့ရင်၏ခေါင်းကို အချက်ရေနည်းနည်းလောက် ရိုက်ချလိုက်သည်။

"လူတွေအများကြီးရှေ့မှာ ငါ မျက်နှာသာရဖို့လိုသေးတယ်လေ"

ယဲ့ရင်ခမျာ မကျေနပ်ဟန်ပြလာသော်လည်း ဘာစကားတစ်ခွန်းမှ မပြောရဲပေ။

"ဒါက.. သူ့ဘေးမှာ လူတစ်ယောက်က တစ်ချိန်လုံးရှိနေခဲ့တာလား"

"ငါတို့တစ်ယောက်မှ သူ့ကို သတိမထားမိခဲ့ကြဘူး။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ အသက်နှစ်ဆယ်စွန်းစွန်းပဲရှိဦးမှာ"

"သူက ကျန်းမုန့်လောင်ရဲ့ကိုယ်ရံတော်လား"

ယင်ဝူယီသည် ကောင်းကင်ဘုံဖျားအဆင့်ကို တက်လှမ်းနိုင်ခဲ့သည့်အတွက် အပျော်လုံးစို့နေဆဲပင်။ သို့သော် ယဲ့ရင်ကို မြင်လိုက်ရချိန်မှာတော့ သူ့ပျော်ရွှင်မှုမှာ ပျောက်ကွယ်သွားလေတော့သည်။

သာမန်လူများအတွက်တော့ ယဲ့ရင်သည် အတွင်းအားအနည်းငယ်မျှပင် မပိုင်ဆိုင်ထားသော သာမန်လူငယ်လေးတစ်ယောက်ဟု မြင်နိုင်သော်ငြား ယခုလေးတင်မှ ကောင်းကင်ဘုံဖျားအဆင့်ကို တက်လှမ်းထားနိုင်သော ယင်ဝူယီကတော့ သူတို့ထက် ပိုသိနိုင်လေသည်။

ကောင်းကင်ဘုံဖျားအဆင့်သို့ တက်လှမ်းနိုင်ပြီးနောက် ယင်ဝူယီ၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော အတွင်းအားများမှာ အဆင့်ပိုမြင့်သော အစွမ်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရှေးစာပေကျမ်းဂန်များထဲတွင် ကောင်းကင်ဘုံဖျားအဆင့်သိုင်းပညာရှင်များမှာ သိုင်းပညာအဆင့်မြင့်မားသဖြင့် ယွမ်ခွန်အားဟုခေါ်သော အရာတစ်ခုက သူတို့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည်ဟု ဆိုထားသည်။

ယခုဆိုလျှင် သူသည် ယခင်ကထက် ဆယ်ဆပိုပြီး သန်မာလာပြီဖြစ်၏။

သို့သော် ယဲ့ရင်ရှေ့မှာတော့ သူသည် မြင့်မားလှသော တောင်တန်းကြီးတစ်ခုကို ငေးမောနေရသည့်အလား အံ့ဩမှင်တက်ရဆဲသာ။ သူ့ခွန်အားမှာ ယဲ့ရင်၏ရှေ့မှာတော့ အသေးအမွှားမျှသာ ဖြစ်ဟန်တူသည်။

ဤပုဂ္ဂိုလ်မှာ ကောင်းကင်ဘုံဖျားအဆင့်သိုင်းပညာရှင် သို့မဟုတ် ထိုအဆင့်ထက်ပိုမြင့်သော သိုင်းပညာရှင်တစ်ယောက်ပင် ဖြစ်ရမည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ကျန်းမုန့်လောင်၏ကိုယ်ရံတော်ဖြစ်နေချေသည်။

အစောပိုင်းတုန်းက သူ အမြင်မှားနေခြင်းမျိုးမဟုတ်ပေ။ ကျန်းမုန့်လောင်သည် ထူးချွန်ထက်မြက်လှသော ဤသိုင်းပညာရှင်ကို လူအများကြီးရှေ့မှာတင် ဆူပူကြိမ်းမောင်းကာ ခေါင်းကို နှစ်ချက်ရိုက်လိုက်သည့်တိုင် တစ်ဖက်လူကတော့ ဒေါသမထွက်သည့်အပြင် အမူအရာပင် တစ်ချက်မပြောင်းချေ။

"ခင်ဗျားတို့အားလုံးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ကျုပ်ရဲ့ကိုယ်ရံတော်ပေါ့"

ကျန်းမုန့်လောင် ပြောလိုက်၏။

"သာမန်ထျန်းယွမ်အဆင့်သိုင်းပညာရှင်တစ်ယောက်ပါ။ သူက လေတစ်ချက်လည်လိုက်ရုံနဲ့ အယောက်တစ်ရာ ဒါမှမဟုတ် အယောက်ရှစ်ဆယ်လောက်ကို ဖောက်ခွဲပစ်နိုင်တယ်"

"မစ္စတာကျန်း.. ရှေးဟောင်းသိုင်းလောကရဲ့စနစ်အရဆိုရင် ကျွန်တော့်အစွမ်းက ကောင်းကင်ဘုံဖျားအထွတ်အထိပ်အဆင့်ပဲ ရှိသေးတယ်။ ကျွန်‌တော် လေတစ်ချက်လည်လိုက်ရင် အများဆုံးမှ သာမန်ကောင်းကင်ဘုံဖျားသိုင်းပညာရှင်တစ်ယောက်ကိုပဲ ထိခိုက်အောင်လုပ်နိုင်တာပါ။ အယောက်တစ်ရာ အယောက်ရှစ်ဆယ်ကိုတော့ တစ်ပြိုင်တည်းမဖောက်ခွဲပစ်နိုင်ဘူးလေ"

ယဲ့ရင်က ရိုးရိုးသားသားဆိုလာလေသည်။

"မင်း ဘာလို့ ပေါက်ကရတွေဝင်ဝင်ပြောနေတာလဲ။ ငါက ရတယ်ဆိုရင် ရလိုက်ပေါ့"

ကျန်းမုန့်လောင်က အသံခပ်တိုးတိုးဖြင့် ကြိမ်းမောင်းပြန်လေသည်။

"အခု တိတ်တိတ်နေတော့။ ဘာမှထပ်မပြောနဲ့။ မင်းကြောင့် ငါ့ဟိတ်ဟန်ပျက်တော့မှာပဲ"

"ဟုတ်သားပဲ။ ကျုပ်ရဲ့ကိုယ်ရံတော်တွေအကုန်လုံးက ကောင်းကင်ဘုံဖျားအဆင့်ရှိတယ်ဆိုတာကို ခင်ဗျားတို့မယုံကြဘူးမလား"

ကျန်းမုန့်လောင် စိန်ခေါ်လိုက်လေသည်။

မည်သူမှစကားမဟလာကြချေ။ ကျန်းမုန့်လောင်၏သရုပ်မှန်နှင့် အဆင့်အတန်းကို တွက်ဆကြည့်ပါက ကောင်းကင်ဘုံဖျားသိုင်းပညာရှင်တစ်ယောက်ကို ကိုယ်ရံတော်အဖြစ် ထားခြင်းမှာ သိပ်မထူးဆန်းလှပေ။ သို့သော် သူ့မိသားစုထဲက ကိုယ်ရံတော်အားလုံးက ကောင်းကင်ဘုံဖျားအဆင့်တဲ့လား? ဤသည်မှာမူ အဓိပ္ပာယ်မရှိချေ။

"ကောင်းပြီ။ ကျုပ်နားလည်ပြီ။ ခင်ဗျားတို့က ကျုပ်ကို မယုံသေးဘူးပဲ"

ကျန်းမုန့်လောင်လည်း ပခုံးတွန့်ပြလိုက်မိသည်။

"တကယ်တော့ ကျုပ်က ဘာကိုမှကြွားချင်ဝါချင်စိတ်မရှိဘူးနော်။ ကျုပ်ကိုယ်ကျုပ် ရိုးသားတဲ့လူတစ်ယောက်ဆိုတာကိုပဲ သက်သေပြချင်တာ"

"ယဲ့ရင်"

ကျန်းမုန့်လောင်က ယဲ့ရင်အား အကြည့်တစ်ချက် ပစ်လွှတ်လိုက်၏။

ထိုအကြည့်၏အဓိပ္ပာယ်ကို ရိပ်စားမိသော ယဲ့ရင်ကလည်း သူ့အင်္ကျီလက်ကို ပင့်တင်လိုက်၏။ ထိုအခါမှသာ ကျန်းမုန့်လောင်လည်း ယဲ့ရင်၏လက်ကောက်ဝတ်ပေါ်တွင် ကျန်းမိသားစု၏ အမှတ်တံဆိပ်ကို တက်တူးထိုးထားကြောင်း ပထမဆုံးအကြိမ် သတိထားလိုက်မိသည်။

ထိုဂိုဏ်းအမှတ်တံဆိပ်တက်တူးမှာ ဆက်သွယ်ရေးကိရိယာတစ်ခုအလား လုပ်ဆောင်ရင်း အစိမ်းရောင်ခပ်ဖျော့ဖျော့ အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ရုတ်ခြည်းပင် ကမ္ဘာပေါ်ရှိ နေရာအသီးသီးမှာရှိနေကြသည့် ထိုတက်တူးထိုးထားကြသူများ၏ လက်ကောက်ဝတ်များမှာ ပူလောင်လာသည်။

"ဂိုဏ်းအမှတ်တံဆိပ်… သခင်က ငါတို့ကို ဆင့်ခေါ်နေပြီ"

"ဟွာရှားနိုင်ငံရဲ့အရှေ့တောင်ဘက်ကပဲ"

……

သိုင်းပညာရှင်စုဝေးပွဲခန်းမကြီးလည်း ရုတ်တရက်တိတ်ဆိတ်သွားပြီး လူတိုင်း၏အကြည့်က ကျန်းမုန့်လောင်နှင့် ယဲ့ရင်ထံသို့ ကျရောက်လာသည်။

ထို့နောက် လေပြည်တစ်ချက် ဝေ့တိုက်သွားပြီးနောက် လှိုင်းလုံးတစ်ခုက သူတို့ပတ်ပတ်လည်ရှိ လေထုကို ဖြတ်သန်းသွားချေသည်။

"ဝှစ်!"

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျွန်းအထက်ရှိ ကောင်းကင်ယံတွင် သိပ်သည်းများပြားလှသော ပုံရိပ်များဖြင့် ပြည့်နှက်သွားသည်။ ထိုလူများမှာ ရုပ်ရွှေ့ပြောင်းလာသည့်အလား ရုတ်တရက်ပေါ်ထွက်လာခြင်းပင်။

သူတို့အားလုံးဟာ တူညီဝတ်စုံများကို ဝတ်ဆင်ထားပြီး တစ်ယောက်ချင်းစီမှာ ကျောဘက်တွင် ကျန်းမိသားစုဂိုဏ်းအမှတ်တံဆိပ်ပါသော အနက်ရောင်ဝတ်ရုံရှည်ကြီးတစ်ထည်ကိုပင် ခြုံထားသေးသည်။ သူတို့၏တည်ရှိမှုကပင် ပြိုင်ဘက်ကင်းသော လေထုတစ်မျိုးကို ထုတ်လွှတ်ပေးနေချေသည်။

"ဒါ… ဒါ.. အယောက်တစ်သောင်းလား? နှစ်သောင်းလား"

ယင်ဝူယီအတွက် လွန်ခဲ့သည့်နှစ်၇၀တုန်းက မြင်ခဲ့ရသော မြင်ကွင်းက ထိတ်လန့်ဖွယ်အကောင်းဆုံးဟု သတ်မှတ်ရမည်ဆိုလျှင် လက်ရှိမြင်ကွင်းကတော့ ထိုထိတ်လန့်မှုကို လုံးဝပြောင်းပြန်လှန်ပစ်နိုင်သည်ဟုပင် ဆိုရပေမည်။

ကောင်းကင်ထက်၌ ပြည့်သိပ်နေသော ပုဂ္ဂိုလ်များမှာ သူ့ထက် ပိုအားနည်းသော အရှိန်အဝါမျိုးရှိ၏။ နောက်တစ်နည်းဆိုရသော် သူတို့သည် ကောင်းကင်ဘုံဖျားအဆင့်ရှိသူများပင်။

"ကျန်းမိသားစုရဲ့ ပထမအစောင့်အရှောက်တပ် အဖွဲ့ဝင်တစ်ထောင် အခစားရောက်ရှိပါပြီ"

"ကျန်းမိသားစုရဲ့ ဒုတိယအစောင့်အရှောက်တပ် အဖွဲ့ဝင်တစ်ထောင် အခစားရောက်ရှိပါပြီ"

…..

"ကျန်းမိသားစုရဲ့ဆယ့်ရှစ်ခုမြောက်အစောင့်အရှောက်တပ် အဖွဲ့ဝင်တစ်ထောင် အခစားရောက်ရှိပါပြီ"

"ကျန်းမိသားစုရဲ့ ကိုယ်ရေးအစောင့်အရှောက်တပ် အဖွဲ့ဝင်နှစ်ရာ အခစားရောက်ရှိပါပြီ"

"ကိုယ်ရေးအစောင့်အရှောက်တပ်…"

ယင်ဝူယီခမျာ ကောင်းကင်အထက်နားရှိ လူအယောက်နှစ်ရာကို အကြောင်သားငေးကြည့်နေမိသည်။ သူတို့ထံမှ ခံစားရ‌သော ခံစားချက်မှာ ယဲ့ရင်ထံမှရသော ခံစားချက်အလားပင်။

"ထျန်းယွမ်အဆင့်က တစ်သိန်းရှစ်သောင်း.. ထျန်းယွမ်အထွတ်အထိပ်အဆင့်က နှစ်ရာ"

ယင်ဝူယီ၏မျက်နှာကား တောင့်တင်းသွားရလေသည်။

"ထျန်းယွမ်အဆင့်ပညာရှင်တွေအများကြီး ကမ္ဘာပေါ်မှာ ပုန်းအောင်းနေခဲ့တာပဲ။ ငါကတော့ ကမ္ဘာပေါ်မှာ ငါက အသန်မာဆုံးလို့ ထင်နေခဲ့တာ"

"ဟားဟားဟား…"

ထိုမြင်ကွင်းကြောင့် လှုံ့ဆော်ခံလိုက်ရသော ယင်ဝူယီခမျာ ခါးသက်သက်ရယ်မောလိုက်မိသည်။

…….

"သခင်. ကျန်းမိသားစုရဲ့အစောင့်အရှောက်တပ်ဖွဲ့တွေအားလုံး စုဝေးပြီးပါပြီ။ အမိန့်ပေးပါတော့"

"ဪ ဘာမှမဟုတ်ပါဘူး။ မင်းတို့တွေ ပြန်လို့ရပြီ။ ငါက ဒီတိုင်းလှမ်းခေါ်ကြည့်လိုက်တာ"

ကျန်းမုန့်လောင်လည်း ထိုသို့သာပြောလိုက်သည်။

"မင်းတို့တွေ အရမ်းပင်ပန်းနေကြမှာပဲ။ ဒီတော့ စိတ်ဖိစီးမှုတွေမရှိရလေအောင် အပြင်ထွက်ပြီး ခံစားချက်အပြောင်းအလဲဖြစ်အောင် လေညင်းခံဖို့လိုတယ်လေ"

"ငါ ရုတ်တရက်ကြီး သူ့ကို သတ်ပစ်ချင်လာတယ်"

"ထျန်းယွမ်အဆင့်သိုင်းပညာရှင်တွေ အယောက်တစ်သောင်းကျော်တောင် ရှိနေတာနော်။ လာနောက်နေတာလား ကိုယ့်လူ"

"သူ…သူက တော်တော်လွန်တာပဲ။ သူ့လက်အောက်ငယ်သားတွေဆီက အသတ်ခံရမှာကို မကြောက်ဘူးလားမသိဘူး"

"ဟုတ်ကဲ့ပါ"

လူအယောက်တစ်သောင်းကျော်ဟာ ထူးခြားဆန်းကြယ်စွာ‌ ပေါ်လာခဲ့သလိုပင် မကျေနပ်ချက်တစ်စိုးတစ်စိမျှ မရှိပါဘဲ ခပ်မြန်မြန်သာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူတို့ချန်ထားရစ်ခဲ့သော ထိတ်လန့်မှုကတော့ အချိန်အတော်ကြာသည်အထိ တည်ရှိနေခဲ့သည်။

"ကောင်းပြီ။ ငါက ခပ်လျှိုလျှိုနေတတ်တဲ့လူတစ်ယောက်ဆိုတော့ ဒီသတင်းကို မဖြန့်ကြနဲ့နော်"

ကျန်းမုန့်လောင်က သူ့လက်ထဲရှိ ပုလင်းနှစ်လုံးကို လှုပ်ခါလိုက်လေရာ ပုလင်းထဲရှိ ပြဒါးရှင်လုံးများ၏ တချွင်ချွင်မြည်သံကြောင့် သိုင်းပညာရှင်များအားလုံး ရှက်သွားရသည်။

"ကျောင်းသားလက်ခံမဲ့ကိစ္စကိုပဲ ‌ပြောကြရအောင်"

ကျန်းမုန့်လောင် စကားစလိုက်သည်။

"ကျုပ်ရဲ့ကျောင်းမှာ ဒီလိုပြဒါးရှင်လုံးတွေကိုလည်း ‌ထောက်ပံ့‌ပေးမှာ။ ခင်ဗျားတို့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိသရွေ့ စိတ်ကြိုက်သောက်လို့ရတယ်"

"ပြဒါးရှင်လုံးတွေအများကြီးလား"

"ငါ အခုနားလည်သွားပြီ! ခုနတုန်းက သူ့ရဲ့ကိုယ်ရံတော်တွေလည်း ဒီနည်းလမ်းနဲ့ပဲ ကျင့်ကြံခဲ့တာဖြစ်မယ်? ထျန်းယွမ်အဆင့်သိုင်းပညာရှင်တွေကို ဒီနည်းနဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်ခဲ့တာလား?"

"ဒါဆို ငါတို့ သူ့ကျောင်းမှာတက်မယ်ဆိုရင် သိပ်မကြာခင် ငါတို့လည်း ထျန်းယွမ်အဆင့်ကို တက်လှမ်းနိုင်မှာလား"

"သေစမ်း! ငါတို့ ခုနတုန်းက ဘာလို့တွေဝေနေကြတာလဲ? ငါတို့က ငတုံးတွေလား?"

"မစ္စတာကျန်း.. ကျွန်တော့်မှာ အရမ်းအရည်အချင်းရှိတဲ့ သားတစ်ယောက်ရှိပါတယ်။ အသက်၂၂နှစ်ရှိပြီး အဆင့်သုံးသိုင်းပညာရှင်တစ်ယောက်ပါ။ သူက ခင်ဗျားရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှာသေချာပါတယ်"

"မစ္စတာကျန်း… ကျွန်တော့်မှာတော့ သားနှစ်ယောက်ရှိတယ်။ သူတို့က အရည်အချင်းပြည့်မီလား။ တကယ့်လို့ မပြည့်မီဘူးဆိုရင်လည်း ကျွန်တော် ဒီညပဲ ကျွန်တော့်မိန်းမနဲ့ ထပ်ဖန်တီးလိုက်ပါ့မယ်"

"မစ္စတာကျန်း… ကျွန်တော်က လောကီကမ္ဘာထဲမှာ ပိုင်ဆိုင်မှုတွေအများကြီးရှိပါတယ်။ နေရာတစ်နေရာအတွက် ဒေါ်လာ၂၀၀ဘီလီယံနဲ့လဲဖို့ အဆင်သင့်ပါပဲ"

"လစ်စမ်းပါ! ဒေါ်လာ၂၀၀ဘီလီယံကိုများ စကားထဲထည့်ပြောရဲသေးတယ်ပေါ့။ ကျုပ် ဒေါ်လာ၅၀၀ဘီလီယံ ပြန်ပေးလိုက်မယ်"

"မစ္စတာကျန်း.. ကျွန်တော့်သမီးကလည်း ပါရမီရှင်တစ်ယောက်ပါပဲ။ သူက အရမ်းလည်းလှတယ်။ ကျုပ်တို့မိသားစုအနေနဲ့ ထုတ်ပြောလို့မရတဲ့စည်းမျဉ်းတွေကိုလည်း လက်ခံနိုင်ပါတယ်။ သူ့မှာ အမြွှာညီမတစ်ယောက်ရှိသေးတယ်။ သူ့ကိုပါ ပို့ပေးနိုင်ပါတယ်"

…..

ကျန်းမုန့်လောင်၏မျက်နှာထက်တွင် ရှက်ရွံ့နေလေဟန် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

"ခင်ဗျား…ခင်ဗျားတို့တွေက တော်တော်နောက်တီးနောက်တောက်နိုင်ကြတာပဲ…"

*****************

All Chapters