နျူကလီးယားစွမ်းအင်သတိပေးချက်
Vol. 27 Ch. 398
"မိုက်လိုက်တာ မိုက်တယ်ဟေ့. ဥက္ကဋ္ဌကျန်းကတော့ ဟွာရှားနည်းပညာရဲ့ တောက်ပနေတဲ့ကြယ်ပွင့်လေးပဲ"
"ဘုရားရေ.. 2nmချစ်ပ်ပြားတွေကို ထုတ်လုပ်ပြီးပြီတဲ့။ တခြားနိုင်ငံတွေထက် သုံးနှစ်ကနေ ငါးနှစ်အထိတောင် ကျော်တက်သွားတာပဲ။ အခုကစပြီး ငါတို့တွေကို ပစ္စည်းတင်သွင်းနေရလို့ သည်းခံနေရတာမျိုး လာလုပ်ခိုင်းလို့မရတော့ဘူး"
"ဟားဟားဟား.. ဆက်ပိတ်ဆို့ဦးလေ။ ဆက်ပိတ်ဆို့ကြဦးလေ။ အခုချက်ချင်း ငါတို့ကိုတောင်းပန်ဖို့ ပြင်ထားပေတော့"
"မင်းတို့ အရင်က မာန်တက်ပြခဲ့တယ်နော်။ အခု မင်းတို့တွေ လူအိုကြီးတစ်ယောက်လို မာန်ချရတော့မယ်ကွ"
"ဟားဟားဟား ကိုယ့်လူတို့.. Silicon Moonlightကို ဥက္ကဋ္ဌကျန်း ထိန်းချုပ်ထားတာမလား။ ဥက္ကဋ္ဌကျန်းဆိုတာ ဘယ်သူမို့လို့လဲ။ သူက သဘောကောင်းတဲ့လူတစ်ယောက်များ ထင်နေလား"
"အဟားဟား ငါတော့ အခုကတည်းက ကြိုရယ်ထားလိုက်ပြီ။ ဒီနိုင်ငံတွေအတွက်တော့ ကြိုပြီး အမျှဝေထားလိုက်မယ်။ သူတို့ပိုက်ဆံအိတ်တွေ အဆင်ပြေပါစေလို့ ဆုတောင်းရင်းနဲ့ပေါ့"
….
ဤသတင်းကား ဟွာရှားနိုင်ငံတစ်ခွင်လုံးကို အလွန်အမင်း ပျော်ရွှင်မြူးတူးသွားစေခဲ့သည်။ အထူးသဖြင့် ဤကုမ္ပဏီကို ကျန်းမုန့်လောင်ပိုင်ကြောင်း အင်တာနက်အသုံးပြုသူများ သိသွားချိန်တွင် စိတ်ခံစားချက်များကို အဆမတန်မြင့်တက်ကုန်ကြသည်။
2nmချစ်ပ်ပြားများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်ခြင်းမှာ ဈေးကွက်အသစ်တစ်ခု စတင်ခြင်း၏ ကနဦးခြေလှမ်းပင်။
ယခုဆိုလျှင် Silicon Moonlightက ဤချစ်ပ်ပြားကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်ပြီဖြစ်ရာ အခြားနိုင်ငံများကလည်း သူတို့ထံမှ ဝယ်ယူချင်နေကြသည်။
ဘာ? မဝယ်ချင်ဘူးတဲ့လား? အဆင်ပြေပါတယ်။ ဘယ်သူကမှ ဖိအားပေးနေတာမှမဟုတ်ဘဲ.. ဒါပေမဲ့ ဈေးကွက်ထဲက ဖယ်ရှားခံရဖို့တော့ ပြင်ထားပေါ့…
2nmချစ်ပ်ပြားများ နာမည်ကြီးသွားပြီးနောက်ပိုင်းတွင် မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများနှင့် အခြားဆက်သွယ်ရေးကိရိယာများလည်း အချိန်တိုအတွင်း အရည်အသွေးပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်သာ။ လုပ်ဆောင်ချက်ကလည်း သိသိသာသာကောင်းမွန်လာပြီး စွမ်းအင်ကုန်ဆုံးမှုကလည်း နည်းပါးကာ ဈေးနှုန်းကလည်း အများဆုံးရှိလှ မူလဈေးထက် ဆယ်ရာခိုင်နှုန်းသာ ပိုလေသည်။
လုပ်ဆောင်ရည်ကောင်းမွန်လှသော ကိရိယာများရှိနေသည်ဖြစ်ရာ မည်သူကများ ခေတ်ကုန်နေသည့် ကိရိယာများကို သုံးမည်တဲ့လဲ။
ဤသည်မှာ အရပ်သားအသုံးပြုမှုသာ ရှိသေးသည်။ စစ်ရေးအသုံးပြုမှု၏ ကွာခြားချက်ဆိုလျှင် ပြောနေစရာပင်မလိုချေ။ သတင်းအချက်အလက်ခေတ်ကြီးထဲတွင် အချက်အလက်နောက်ကျနေမည်ဆိုပါက ကျော်တက်ခံရမည်သာ။
2nmချစ်ပ်ပြားများက သတင်းအချက်အလက်နည်းပညာကို 6Gခေတ်သို့ တွန်းပို့ပေးနိုင်သည်။ ၎င်းမှာ နိုင်ငံတစ်နိုင်ငံ၏အင်အားကိုပါ လွှမ်းမိုးနိုင်စွမ်းရှိသည်။
ဤသတင်းထွက်လာသည့် ညမှာပင် ကမ္ဘာအနှံ့ရှိ နိုင်ငံများမှာ အရေးပေါ်အစည်းအဝေးများ ချက်ချင်းလုပ်ဆောင်ကြပြီး ရေရှည်ပန်းတိုင်တစ်ခုကို ချမှတ်ခဲ့ကြသည်။ အကယ်၍ ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာ၌ နောက်ကျကျန်ရစ်မနေခဲ့ချင်ပါက ဟွာရှားနိုင်ငံမှ 2nmချစ်ပ်ပြားကို တင်သွင်းရပေလိမ့်မည်။
နောက်တစ်နေ့မှစပြီး နိုင်ငံအသီးသီးရှိ လေယာဉ်များမှာ ဟွာရှားနိုင်ငံသို့ ဦးတည်ပျံသန်းလာခဲ့သည်။ တချို့က စိတ်ရင်းစစ်မှန်ပြီး တချို့ကတော့ လေးစားမှုရှိ၏။ တချို့ကတော့ စိတ်မအေးလက်မအေးဖြင့် ရောက်လာကြသည်။
ရက်အနည်းငယ်အတွင်းမှာပင် ကျန်းမုန့်လောင်ပိုင်သော Silicon Moonlightကုမ္ပဏီ၏ စတော့ရှယ်ယာများ ဆယ်ဆလောက်ထိုးတက်သွားခဲ့သဖြင့် ရှယ်ယာရှင်အဟောင်းများနှင့် ကုမ္ပဏီဝန်ထမ်းများမှာ ပျော်ရွှင်ဝမ်းမြောက်နေကြတော့သည်။
တရားမျှတပြီး ပွင့်လင်းသော လေလံတစ်ခုဖြစ်စေရန်အတွက် ဤလေလံဆွဲပွဲကို ကမ္ဘာအနှံ့ တိုက်ရိုက်ထုတ်လွှင့်ပြသထားမည်ဖြစ်၏။
လေလံမစတင်ခင် ကျန်းမုန့်လောင်၏ Silicon Moonlightကို ချီးကျူးဂုဏ်ပြုစကားပြောရမည်ဖြစ်ပြီး နောက်ဆက်တွဲဆက်စပ်မေးခွန်းများကိုလည်း ဖြေကြားသွားပေမည်။
"မစ္စတာကျန်း.. ဒီ2nmချစ်ပ်ပြားနည်းပညာကို Silicon Moonlightက အမှီအခိုကင်းကင်းနဲ့ ထုတ်လုပ်ခဲ့တာပါလား"
ဥရောပသတင်းထောက်တစ်ယောက်က မေးလိုက်သည်။
"မှန်ပါတယ်"
ကျန်းမုန့်လောင်ကလည်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်တို့သိထားသလောက်ဆိုရင် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းကမှ ဟွာရှားရဲ့ချစ်ပ်ပြားထုတ်လုပ်မှုနည်းပညာက 22nmအဆင့်ပဲ ရှိသေးတာလေ။ နှစ်ဝက်အတွင်းမှာတင် ဒီလိုကမ္ဘာကျော်ထုတ်လုပ်မှုကြီးတစ်ခုကို ဘယ်လိုလုပ်ပြီး အောင်မြင်ခဲ့တာလဲ။ ခင်ဗျား တခြားနိုင်ငံက သုတေသနလျှို့ဝှက်ချက်တွေကိုများ ခိုးခဲ့တာလား"
"ဝှစ်"
ဤမေးခွန်းထွက်ပေါ်လာချိန်မှာပင် အခန်းထဲ၌ လှောင်ပြောင်ကဲ့ရဲ့သံများဖြင့် ပြည့်နှက်သွားလေသည်။ ဤသတင်းထောက်က သက်သက်ရန်စလိုက်ခြင်းသာ ဖြစ်၏။
"သေစမ်း! အရှက်မရှိလိုက်တာ.. မင်းတို့နိုင်ငံက အရည်အချင်းမရှိလို့ မလုပ်နိုင်တဲ့အရာကို ငါတို့နိုင်ငံကို လာရန်ရှာနေတာလား"
"ဟာသပဲ။ မင်းတို့မှာ ခိုးရလောက်တဲ့အထိ အစွမ်းထက်တဲ့ သုတေသနလျှို့ဝှက်ချက်တွေရှိတယ်ဆိုရင်လည်း အရင်ထုတ်လုပ်နိုင်တဲ့နိုင်ငံက ဘာလို့ ငါတို့ဖြစ်နေရမှာလဲ"
"လစ်စမ်း!"
"မင်းအမေ ဒီည အုပ်စုလိုက်လှုပ်ရှားမှုအတွင်း သေပါစေလို့ ဆုတောင်းပေးလိုက်တယ်"
…..
ဤကဲ့သို့သော မေးခွန်းမျိုးနှင့် ရင်ဆိုင်လိုက်ရသောအခါ ကျန်းမုန့်လောင် ပြုံးရုံသာပြုံးလိုက်သည်။
"ခင်ဗျားက ဘယ်နိုင်ငံကလဲဆိုတာ မေးလို့ရမလား"
"အမေရိက"
"ဪ"
ကျန်းမုန့်လောင် ပြုံးလိုက်ပြန်သည်။
"အမလေး..ခင်ဗျား ကျုပ်တို့ကိုမိသွားပြီပဲ! ဟုတ်တယ် ကျုပ်တို့နည်းပညာက ခင်ဗျားတို့ဆီက ခိုးထားတာလေ"
"ဟားဟားဟားဟား! ဥက္ကဋ္ဌကျန်းက သူ့ရဲ့လျှာစွမ်းထက်မှုကြီးကို ထုတ်ပြတော့မယ်ဆိုတာ ငါ ဒေါ်လာတစ်ရာနဲ့ လောင်းရဲတယ်"
"စွမ်းအင်မြင့် သတိပေးချက်!"
"မဟုတ်ဘူး! နျူကလီးယားစွမ်းအင်သတိပေးချက်ကွ! တပ်ဖွဲ့တွေအားလုံး ရှောင်တိမ်းဖို့ အသင့်ပြင်!"
….
"ဒီတော့ မစ္စတာကျန်းက ဒါကိုဝန်ခံတယ်ပေါ့"
ထိုသတင်းထောက်က ရန်လိုနေဆဲသာ။
"ကျုပ်လည်း မတတ်နိုင်ခဲ့ဘူးလေ။ ကျုပ်တို့နိုင်ငံမှာ ချစ်ပ်ပြားတင်သွင်းမှုကို ပိတ်ဆို့ခံထားရတော့ အလျင်လိုနေတာကိုး။ အဲဒါနဲ့ ဖုန်းကိုဆွဲထုတ်ပြီး ပိုင်တုမှာ အဆင့်မြင့်ချစ်ပ်ပြားတွေကို ထုတ်လုပ်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ရှာကြည့်လိုက်တာ။ အဲဒီမှာပဲ ကျုပ် ခင်ဗျားတို့ရဲ့အရင်းအမြစ်သိုလှောင်ထားတဲ့နေရာကို မတော်တဆဝင်မိသွားရော။ ကျုပ်လည်း အဲဒါကို ပိုင်တုစာရွက်စာတမ်းတွေဆီကိုသွားတဲ့ လင့်ခ်တစ်ခုလို့ ထင်လိုက်မိလို့ ဒီအတိုင်း ဒေါင်းလုတ်ဆွဲလိုက်မိပါလေရော။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့နိုင်ငံတော်လျှို့ဝှက်ချက်ကြီး ဖြစ်နေမှန်း နောက်မှသိလိုက်ရတယ်။ ကျုပ်ရဲ့ပေါ့ဆမှုကြောင့် ဖြစ်ရတာပါ"
"ဟားဟားဟား"
"မစ္စတာကျန်းကတော့ ယင်ယန်သခင်ကြီးပဲဟေ့။ ကျန်းမုန့်လောင်က လျှို့ဝှက်ချက်တွေကို ခိုးပါတယ်လို့ ဆက်ပြောနေဦးမယ်ဆိုရင် သူတို့ရဲ့လျှို့ဝှက်အချက်အလက်ကာကွယ်နိုင်စွမ်းက လူတိုင်းဝင်ရှာဖွေလို့ရတဲ့ ရှာဖွေရေးအင်ဂျင်တစ်ခုနဲ့တူတယ်လို့ ဝန်ခံရာရောက်သွားမှာပဲ။ အခု ဒါက ရှက်ဖို့ကောင်းမကောင်းဆိုတာ မင်း ဝန်ခံပြီလား"
"သိပ်တော်တာပဲ! အဲဒီလူယုတ်မာသတင်းထောက်က သူ့ကိုယ်သူ တတိယထပ်ကိုရောက်နေပြီဆိုပြီး မာန်တက်နေတာ။ ဒါပေမဲ့ ငါတို့ရဲ့ဘော့စ်ကျန်းက ခေါင်မိုးထပ်မှာ သူ့ကိုစောင့်နေတာလေ"
"သူစကားဟလိုက်တာနဲ့ တစ်ခုခုတော့ဉာဏ်ဆင်နေပြီဆိုတာ သိတယ်"
….
ထိုသတင်းထောက်၏မျက်နှာမှာ ရဲခနဲဖြစ်သွားပြီးနောက် ခပ်မြန်မြန်ပါးစပ်ပိတ်ကာ ထိုင်ချလိုက်လေတော့သည်။
"မစ္စတာကျန်း ဒီကလည်းမေးစရာရှိပါတယ်"
နောက်ထပ်သတင်းထောက်တစ်ယောက်က မတ်တတ်ထရပ်လိုက်သည်။
"လွတ်လွတ်လပ်လပ်မေးနိုင်ပါတယ်"
"ခင်ဗျားတို့ကုမ္ပဏီက ထုတ်ပေးထားတဲ့ စာရင်းအရဆိုရင် ဒီနည်းပညာရဲ့ပင်မအင်ဂျင်နီယာတွေက ကျွန်တော်တို့ချင်းချိုးနိုင်ငံသားတွေလေ။ ဒီတော့ ဒီနည်းပညာကလည်း ချင်းချိုးနိုင်ငံကပဲ ပိုင်ဆိုင်သင့်တာပေါ့။ ကျေးဇူးပြုပြီး နည်းပညာစာရွက်စာတမ်းတွေကို ကျွန်တော်တို့ဆီ ပြန်ပေးပါ"
"ဪ? အဲဒီလိုလား"
ကျန်းမုန့်လောင်လည်း လှောင်ပြောင်သရော်လိုဟန်ဖြင့် ရယ်လိုက်ချေသည်။
"တကယ်တော့ ခင်ဗျားတို့နိုင်ငံကို သိက္ခာချသလိုဖြစ်မှာစိုးလို့ ကျုပ် ပြောရမှာတွန့်နေတဲ့ကိစ္စတစ်ခုရှိတယ်"
ထိုသတင်းထောက်ခမျာ နားမလည်နိုင်ဖြစ်သွားလေသည်။ ဘာကများ သူ့နိုင်ငံကို သိက္ခာကျစေမှာပါလိမ့်?
"ခင်ဗျားဘက်က အခုလိုပြောလာပြီဆိုတော့ ကျုပ်လည်း ဒီသတင်းကို ချပြရုံအပြင်မရှိတော့ဘူး"
ကျန်းမုန့်လောင်ကား ခေါင်းတခါခါလုပ်နေပေသည်။
"ခင်ဗျားကတော့ သိချင်မှသိလိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ကျန်းမိသားစုက နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိတယ်။ ခင်ဗျားတို့ချင်းချိုးနိုင်ငံဆိုတာကလည်း ကျန်းမိသားစုထဲကနေ ချင်းချိုးကို ထွက်ပြေးသွားခဲ့တဲ့ အစေခံအုပ်စုက လွန်ခဲ့တဲ့နှစ်ရာဂဏန်းလောက်ကမှ တည်ထောင်ထားတဲ့နိုင်ငံလေးတစ်ခုလေ"
"ခင်ဗျားမယုံဘူးဆိုရင် ကျုပ်ဆီမှာ ကျွန်ဆွေစဉ်မျိုးဆက်ပြဇယားရှိတယ်"
ကျန်းမုန့်လောင်က အင်တာကွန်းမှတစ်ဆင့် စကားပြောလိုက်လေရာ သူ့အနောက်ရှိ ကြီးမားလှသော LEDမျက်နှာပြင်ကြီးတစ်ခုထက်၌ ရှည်လျားလှသော နာမည်စာရင်းများကို ချက်ချင်းထုတ်ပြလိုက်ပေသည်။
စာရင်း၏ အဆုံးသတ်နားတွင် ဘုရင်စနစ်ခေတ်တုန်းက ချင်းချိုးနိုင်ငံ၏ပထမဆုံးဘုရင် ဂျင်ဂျူဂွမ်၏နာမည်က ရှိနေပေသည်။ စာရင်းကို အထက်အထိ ခြေရာလိုက်ကြည့်မည်ဆိုလျှင် ဂျင်ဂျူဂွမ်၏မျိုးရိုးစဉ်ဆက်ရှိ နာမည်များကို ပြသထားသည်။ ထိပ်ဆုံးအထိ ဆန်တက်သွားလိုက်လျှင် ကျင်းရှန်ကုန်ဟုခေါ်သော ကျန်းမိသားစု၏အစေခံတစ်ယောက် ရှိနေပေသည်။
ဤသည်မှာ လုပ်ကြံဖန်တီးထားသလားဆိုတာတော့ မသေချာသော်ငြား အထက်မျိုးရိုးသုံးဆက်ကတော့ အကုန်ကိုက်ညီမှုရှိသည်။
"ခင်ဗျားပြန်ရောက်ရင် အဲဒီပထမဆုံးဘုရင်ရဲ့မျိုးဆက်ကို ပြန်ရှာပြီး ခင်ဗျားတို့ဆွေစဉ်မျိုးဆက်ဇယားနဲ့ ပြန်တိုက်ကြည့်လိုက်။ တူမတူဆိုတာကို သေချာစစ်ဆေးပြီးမှ ဒီကိုပြန်လာခဲ့။ ဟုတ်ပြီလား"
"ခင်ဗျား ကိုယ့်ဘိုးဘေးတွေနဲ့ ကိုယ့်မူလဇစ်မြစ်ကို အသိအမှတ်ပြုချင်လာပြီဆိုရင် ကျုပ် ဒီမှာပဲရှိပါတယ်။ ခင်ဗျား ကျုပ်ကို 'သခင်'လို့ ခေါ်လို့ရတယ်"
ကျန်းမုန့်လောင် ပြုံးနေဆဲသာ။
"ဟားဟားဟားဟား! ဘော့စ်ကျန်းရေ သိပ်တော်တာပဲ။ ရယ်သေပြီ"
"ဘယ်သူက ထင်ထားမှာလဲ ချင်းချိုးလူမျိုးတွေ? စကြဝဠာတစ်ခုလုံးကတော့ မင်းတို့ဟာပဲ။ ဒါပေမဲ့ မင်းတို့ဘိုးဘေးတွေက ဘော့စ်ကျန်းရဲ့ကျွန်တွေပါလား"
"ဒါက ညစ်ပတ်တဲ့စကားတစ်ခွန်းမှမပါဘဲ စော်ကားလိုက်တာပဲ။ ငါတော့ ဒူးထောက်နေရပြီ!"
……
"မစ္စတာကျန်း ကျုပ်တို့တွေက အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဖွံ့ဖြိုးတိုးတက်မှုခေတ်ကို ရောက်နေပါပြီ။ ဟွာရှားနိုင်ငံအနေနဲ့ ဒီနည်းပညာကို လူသိရှင်ကြားချပြသင့်တယ်လို့ ကျုပ်ထင်တယ်။ အဲဒါမှ လူသားတွေအားလုံး အတူတိုးတက်နိုင်မှာလေ"
"သေစမ်း! ကိုင်ဘွန်လူမျိုးလား?"
"သောက်ကျိုးနည်း.. ကိုယ်ကျင့်တရားနဲ့လာတိုက်ခိုက်တယ်ပေါ့"
"ဒါဆို မင်းတို့ရဲ့အဆင့်မြင့်နည်းပညာကို ဘာလို့ လူသိရှင်ကြားထုတ်မပြတာလဲ? ငတုံးရဲ့"
ဤမေးခွန်းကြောင့် လူတော်တော်များများက ထိုသတင်းထောက်၏မိသားစုကို ဆုမွန်ကောင်းတောင်းပေးကြလေတော့သည်။
"ဪ?"
ကျန်းမုန့်လောင်ကတော့ ပြုံးနေဆဲသာ။
"ဒါဆိုရင်တော့ ခင်ဗျားတို့နိုင်ငံက ဒီကဏ္ဍမှာ စင်စစ်ချီးကျူးထိုက်တဲ့လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ထင်တာပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့နိုင်ငံရဲ့ အချစ်အက်ရှင်ရုပ်ရှင်တွေကို တစ်ကမ္ဘာလုံးနဲ့အတူ ဝေမျှပြီး လူသားမျိုးနွယ်ရဲ့တိုးတက်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးခဲ့တယ်လေ"
ထိုသတင်းထောက်၏မျက်နှာလည်း ရဲခနဲဖြစ်သွားချေသည်။
ကျုပ်တို့ရဲ့အချစ်အက်ရှင်ဇာတ်လမ်းတွေအကြောင်း မပြောပါနဲ့တော့.. သောက်ကျိုးနည်းပဲ?
"ဟားဟားဟားဟား"
အခန်းထဲတွင် ရယ်မောသံတသောသော ထွက်ပေါ်လာလေသည်။
****************