← Chapters

စိတ်ကြိုက်နှုတ်ယူသွားကြ

Vol. 28 Ch. 408

စိတ်ကြိုက်နှုတ်ယူသွားကြ

Vol. 28 Ch. 408

"မစ္စတာကျန်း..မိန်းကလေးဟုန်းရီက မင်းရဲ့သူငယ်ချင်းက နှစ်တစ်ထောင်ဂျင်ဆင်းကို လိုချင်နေတယ်လို့ ပြောထားတယ်"

"ဟုတ်ပါတယ်"

ချင်းဖန်လည်း အလျင်အမြန် ဝင်ဖြေလိုက်သည်။

"နှစ်ပေါင်းဘယ်လောက်ကြာတဲ့ဟာကို လိုချင်တာလဲ"

"အဟွတ် အဟွတ် အဟွတ်"

ချင်းဖန် အပြင်းအထန် ချောင်းဆိုးလိုက်မိပြန်သည်။

ဒီလိုမေးခွန်းမျိုးမေးတာကြီးက တခြားသူတွေက လေကြီးလိုက်တာလို့ ကဲ့ရဲ့မှာမကြောက်ဘူးလား?

"ဦးလေးကျုံး အခုချက်ချင်း သွားကြည့်လိုက်ရအောင်"

"ကောင်းပါပြီ မစ္စတာကျန်း... အားလုံးပဲ ဒီဘက်ကိုကြွပါ"

ဦးလေးကျုံးက သူတို့ကို ဆေးဖက်ဝင်စိုက်ခင်း၏ အနက်ဆုံးနေရာဘက်သို့ ခေါ်သွားသည်။

"မစ္စတာကျန်း..ကျွန်တော်တို့ ဒီနေရာမှာ ဂျင်ဆင်းသုံးမျိုးကို စိုက်ပျိုးထားပါတယ်။ ဒီမျိုးစိတ်တွေကို ဟိုးအရင်ကတည်းက စိုက်ပျိုးထားတာပါ။ ဒီမျိုးစိတ်တွေမှာ ဂျင်ဆင်နိုဆိုက်ဒ်ပါဝင်မှုမြင့်မားပြီး အပင်သက်တမ်းကြာလာတာနဲ့အမျှ သူတို့ရဲ့အန်တီအောက်ဆီးဒင့်စွမ်းရည်ကလည်း ပိုအားကောင်းလာပါတယ်"

ဦးလေးကျုံးက လမ်းလျှောက်ရင်း ရှင်းပြသည်။

"ဒီလိုဂျင်ဆင်းမျိုးက တကယ်ပဲ အသက်ရှည်စေနိုင်တဲ့ အာနိသင်မျိုးရှိလား"

ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။

"နှစ်၅၀၀သက်တမ်းအောက်မှာရှိတဲ့ ဂျင်ဆင်းတွေကတော့ တည်ငြိမ်တဲ့ အာနိသင်မျိုး မရှိပါဘူး"

ကျုံးကျယ်ရှန်းက ပြောလိုက်သည်။

"မစ္စတာကျန်း.. ကျွန်တော်က ဒီသုတေသနရဲ့တာဝန်ခံဖြစ်တဲ့အတွက် ဒီအကြောင်းကို ကျွန်တော့်အဘိုးထက် ပိုနားလည်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိသုတေသနဒေတာအရ နှစ်ပေါင်း၅၀၀ကနေ ၁၀၀၀အထိရှိတဲ့ ဂျင်ဆင်းတွေက လူသားဆဲလ်တွေရဲ့ အောက်ဆီဂျင်တိုက်စားနှုန်းကို ၁ရာခိုင်နှုန်းကနေ ၂ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး ကျန်းမာတဲ့လူတစ်ယောက်ရဲ့သက်တမ်းကို တစ်နှစ်ဝန်းကျင် ပိုရှည်စေနိုင်ပါတယ်"

"နှစ်ငါးထောင်ဂျင်ဆင်းဆိုရင်ရော"

ချင်းဖန် ဆက်မေးလိုက်သည်။

"လူတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်အခြေအနေပေါ် မူတည်ပြီး ပုံမှန်အားဖြင့်တော့ ၅နှစ်ကနေ ၈နှစ်အထိ အသက်ရှည်စေနိုင်တယ်။ အဲဒါကလည်း ပထမဆုံးအကြိမ် စားသုံးမှုကပဲ ထိရောက်မှုရှိမှာပါ။ ဒုတိယအကြိမ်စားသုံးမှုကတော့ ကျန်းမာရေးကောင်းစေတဲ့ အကျိုးကျေးဇူးကိုပဲ ရမှာ"

"ရောက်ပြီ"

ကျုံးကျယ်ရှန်းက ကျယ်ပြန့်လှသော မြေဆီလွှာအားကောင်းသည့် နေရာတစ်ခုကို လက်ညှိုးထိုးပြသည်။

"ဒါက ဂျင်ဆင်းတွေ စိုက်ပျိုးတဲ့နေရာပါ။ ဒီနေရာရဲ့ မြေဆီလွှာက ကျွန်တော်တို့ရဲ့သုတေသနအရ အာဟာရမြင့်အရောအနှောတစ်မျိုးပါ။ တစ်စတုရန်းမီတာကို ယွမ်၂၇၀၀၀၀တန်ဖိုးရှိတယ်လေ"

"တစ်စတုရန်းမီတာကို ၂၇၀၀၀၀လား"

ကြီးကျယ်ခမ်းနားသော မြင်ကွင်းပေါင်းစုံကို ​မြင်ဖူးသည့် ဝမ်လင်တောင် ထိုအချိန်မှာ အေးဆေးတည်ငြိမ်မှု မရှိတော့ပေ။ စတုရန်းကီလိုမီတာ​ပေါင်းများစွာရှိသော ဤမြေဆီလွှာတစ်ခုလုံးဆိုပါက များပြားလှသောပမာဏတစ်ခုပင် ဖြစ်ချေမည်။

"ဒါတွေအားလုံးက ဂျင်ဆင်းတွေလား"

ကျန်းမုန့်လောင်က ဒူးထောက်ထိုင်ချလိုက်ပြီး မြေကြီးကို ပေါ့ပေါ့ပါးပါး တူးဆွလိုက်လေရာ ဂျင်ဆင်းမြစ်တစ်ပိုင်းကို တွေ့လိုက်ရသည်။

"အမလေး.. ဒီလောက်တောင်ရှည်တယ်လား"

ကျန်းမုန့်လောင်လည်း ထိုအရာကို မြေကြီးထဲမှ ဆွဲနှုတ်လိုက်၏။ အမြစ်များက တစ်မီတာကျော်လောက်ရှိသည်။

"သောက်ကျိုးနည်း"

ချင်းဖန်က ကျန်းမုန့်လောင်၏လက်ကို ရိုက်ချလိုက်သည်။

"မင်းမှာ အသိတရားမရှိဘူးလား။ ဒါက မုန်လာဥနှုတ်သလို နှုတ်လို့ရတယ်များထင်နေတာလား။ မင်း ဒီလိုနှုတ်လိုက်ရင် အမြစ်ဘယ်နှစ်ခုလောက် ကျိုးသွားမလဲ"

ချင်းဖန်ခမျာ ကျိုးပဲ့သွားသော အမြစ်များကို စိတ်မကောင်းဟန်ဖြင့် ကြည့်နေလေသည်။

"ဒီလောက်ရှည်တဲ့အမြစ်ထွက်နှုန်းမျိုးနဲ့သာဆိုရင် အနည်းဆုံး နှစ်ပေါင်းနှစ်ရာသုံးရာတော့ ရှိမယ်ထင်တယ်နော်"

"ဟုတ်ပါတယ်"

ကျုံးကျယ်ရှန်းက ပြုံးရယ်လျက် ပြောလိုက်သည်။

"ဒီနေရာမှာရှိတဲ့ ဂျင်ဆင်းတွေကို ချင်မင်းဆက်နှောင်းပိုင်းကတည်းက စိုက်ပျိုးခဲ့တာပါ။ ခန့်မှန်းခြေအားဖြင့် နှစ်ပေါင်းနှစ်ရာသုံးရာလောက်ရှိပြီ။ ဈေးကတော့ သိပ်မများပါဘူး။ တစ်သောင်းသုံးထောင်ကျော်လောက်ပဲ"

"တစ်သောင်းသုံးထောင်ကျော်လား"

နှစ်ပေါင်းနှစ်ရာသုံးရာသက်တမ်းရှိသော သာမန်ဂျင်ဆင်းကိုပင် သန်းဂဏန်းဖြင့် အလွယ်တကူရောင်းချနိုင်သည်။ ဤဂျင်ဆင်းများမှာ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသော ဂျင်ဆင်းများပင်။ ဤဂျင်ဆင်းတစ်မျိုးတည်းနှင့်ပင် ဟွာရှားယွမ်ငွေ ဘီလီယံပေါင်းများစွာ ရနိုင်လောက်လေသလား။

"ဒီနေရာမှာ ဂျင်ဆင်းစုစုပေါင်း ဘယ်လောက်ရှိလဲ"

ကျန်းမုန့်လောင် ဆက်မေးလိုက်မိသည်။

"နှစ်၅၀၀အောက်သက်တမ်းရှိတဲ့ ဂျင်ဆင်းတွေက ငါးသောင်းဝန်းကျင်ရှိပါတယ်။ ဒါပေမဲ့ ပမာဏအများဆုံးကတော့ သက်တမ်းနှစ်ငါးရာကနေ နှစ်တစ်ထောင်အတွင်းရှိတဲ့ ဂျင်ဆင်းတွေပါပဲ။ တစ်သိန်းနှစ်သောင်းဝန်းကျင်ရှိပါတယ်။ နှစ်၁၀၀၀ကနေ၂၀၀၀အတွင်း၊ နှစ်၂၀၀၀ကနေ ၃၀၀၀အတွင်းနဲ့ နှစ်၃၀၀၀ကနေ ၄၀၀၀အတွင်းရှိတဲ့ ဂျင်ဆင်းတွေက နှစ်သောင်းဝန်းကျင်စီ ရှိပါတယ်။ နှစ်ပေါင်း၄၀၀၀ကနေ ၅၀၀၀အတွင်းကတော့ တစ်သောင်းဝန်းကျင်ရှိပြီး နှစ်ငါးထောင်ကျော်တဲ့ ဂျင်ဆင်းကတော့ လေးသောင်းကျော်ရှိပါတယ်"

"နှစ်ငါးထောင်ဂျင်ဆင်းတွေက လေးသောင်းကျော်လား။ အဲဒါက ဘယ်လောက်တန်လဲ"

ကျန်းမုန့်လောင်လည်း ဤနေရာမှာစိုက်ထားသည့် ဂျင်ဆင်းများ၏တန်ဖိုးကို မမှန်းနိုင်ပေ။

"နှစ်ငါးထောင်ကျော်သက်တမ်းရှိတဲ့ ဂျင်ဆင်းတွေက မင်းရဲ့ဘိုးဘေးတွေ ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးရတဲ့အလုပ်ကို တော်တော်စိတ်ဝင်စားနေတဲ့အချိန်တုန်းက စိုက်ပျိုးထားတဲ့ ပထမဆုံးအသုတ်လေ။ အဲဒါကြောင့် အဲ့ဒီအသုတ်ရဲ့ပမာဏက တော်တော်များတယ်။ အစကတော့ နှစ်သိန်းကျော်ရှိခဲ့ပေမဲ့ ဝမ်းနည်းစရာကောင်းတာက လွန်ခဲ့တဲ့နှစ်ပေါင်း၁၂၀၀တုန်းက မြေပထဝီပြောင်းလဲမှုတစ်ခုကြောင့် အဲဒီဂျင်ဆင်းတစ်ဝက်ကျော် ပျက်စီးခဲ့ရတယ်"

"ရင်နာလိုက်တာ"

ကျန်းမုန့်လောင် သူ့ရင်ဘက်ကိုကိုင်ပြီး ညည်းညူလိုက်မိသည်။

နှစ်ငါးထောင်ဂျင်ဆင်းတစ်သိန်းခွဲတဲ့လား။ ဒါက အပြစ်တစ်ခုပဲ...

"လောင်ကျန်း... မင်းတို့မိသားစုက တော်တော်အံ့သြဖို့ကောင်းတာပဲ။ ဒီလိုအရာမျိုးနဲ့ မင်းတို့တွေက အမတနတ်ဘုရားတွေဖြစ်အောင် ကျင့်ကြံနေကြတာလား"

အံ့သြမှုကလွဲ၍ သူ့ထိတ်လန့်မှုကို ဖော်ပြရန်အတွက် ချင်းဖန်မှာ အခြားနည်းလမ်းမရှိပေ။

တကယ်တော့ ချင်းဖန်၏စကားမှာ တစ်ဝက်မှန်ပေသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ပိုအံ့သြဖို့ကောင်းသော ဆေးဖက်ဝင်စိုက်ခင်းတစ်ခုရှိသော်ငြား ထိုနေရာရှိ ပစ္စည်းများကို ထုတ်ယူလာဖို့အတွက် တန်ရာတန်ကြေး ပေးဆပ်ရမည်။ ထို့ကြောင့် ကျန်းမုန့်လောင်၏ ဘိုးဘေးများက ကိုယ်တိုင်စိုက်ပျိုးမှုကို စတင်ခဲ့ကြသည်။ မျိုးရိုးဗီဇမြှင့်တင်ရေးနည်းပညာကိုသုံးပြီး ထိုဆေးဖက်ဝင်အပင်များ၏ဂုဏ်သတ္တိများကို ဤနေရာရှိ အပင်များထဲသို့ ပေါင်းစပ်ထည့်သွင်းခဲ့ကြသည်။

ကျန်းမိသားစု လက်ရှိဖော်စပ်နေသော ပြဒါးရှင်လုံးအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများမှာ တကယ်တမ်းမှာတော့ ဤဆေးဖက်ဝင်စိုက်ခင်းထဲမှ ရလာခြင်းပင်။ ကျင့်ကြံရေးကိစ္စကား အမှန်တကယ် ကိုက်ညီမှုရှိ၏။

"မင်းတို့ဘာသာ သွားယူချေ။ ပေါင်နည်းနည်းလောက် ပိုယူလည်းရတယ်။ ပြဿနာမရှိဘူး"

ကျန်းမုန့်လောင်က ရက်ရက်ရောရော ပြောလိုက်သည်။ သူငယ်ချင်းများနှင့် ပတ်သက်လာလျှင် သူ လုံးဝကပ်စေးမနည်းပေ။

"ကျေးဇူးပါပဲကွာ"

ချင်းဖန်ခမျာ ချက်ချင်း ဝမ်းသာသွားရသည်။ သူ့မိသားစုထဲရှိ အကြီးအကဲက အသက်တစ်ရာရှိပြီဖြစ်သောကြောင့် ထိုအသက်အရွယ်မျိုးမှာ ဘယ်တော့လောက် အချိန်ကျမလဲဆိုသည်ကို မည်သူမှမသိနိုင်ပေ။ အကယ်၍ သူ့ကို နောက်ထပ်နှစ်အနည်းငယ်လောက် ဘဝနေဝင်ချိန်ကို ခံစားခွင့်ပေးနိုင်မည့် နည်းလမ်းတစ်ခုရှိပါက ချင်းမိသားစုအနေနှင့် ဘယ်လိုတန်ရာတန်ကြေးမျိုးမဆို ပေးဆပ်ဖို့ ဆန္ဒရှိသည်။

"ကျယ်ရှန်း.. သူ့အတွက် ဂုန်နီအိတ်နည်းနည်းလောက် ယူပေးပါဦး"

"ဂုန်နီအိတ်တဲ့လား။ မင်း တကယ်ပဲ ငါတို့ မုန်လာဥနှုတ်ကြမယ်များ ထ​င်နေတာလား"

ချင်းဖန်က သူ့ကျောပိုးအိတ်ကိုဖွင့်ပြီး ခေါက်ထားနိုင်အောင် ပြုလုပ်ထားသည့် သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ သူ သေချာပြင်ဆင်လာသည်မှာ သိသာလှ၏။

ချင်းဖန်က သူ့ဘောင်းဘီအနားစကို လိပ်တင်ပြီး စိတ်အားထက်သန်သော ကောက်ရိတ်သူတစ်ယောက်အလား ဂျင်ဆင်းစိုက်ခင်း၏ အနက်ဆုံးနေရာကို ပြေးသွားလေတော့သည်။

"လောင်ကျန်း ငါ..."

ဝမ်လင်က ချက်ချင်းဆိုသလို သူ့နားကိုကပ်လာပြီး ပြုံးဖြဲဖြဲလုပ်ပြလေသည်။

"ဦးလေးကျုံး.. ဒီကကျွန်တော့်သူငယ်ချင်းအတွက်လည်း နည်းနည်းလောက် နှုတ်ပေးပါဦး။ ကျွန်တော်တို့ပြန်တဲ့အခါ ယူသွားမလို့"

"ဟုတ်ကဲ့ မစ္စတာကျန်း"

"တခြားဘာရှိသေးလဲ"

ကျန်းမုန့်လောင် မေးလိုက်လေသည်။

"ပိုထူးခြားတဲ့ဟာမျိုးလေ"

"ရှိပါတယ်"

ကျုံးကျယ်ရှန်းက ပြောလာသည်။

"ဆောင်ဦးတိမ်တိုက်လို့ခေါ်တဲ့ မျိုးစိတ်တစ်ခုရှိပါတယ်။ သူ့မှာ ကင်ဆာကိုကုသပေးနိုင်တဲ့ ဂုဏ်သတ္တိမျိုးရှိပြီး နှစ်ပေါင်း၁၈၀၀ကျော်ကတည်းက မျိုးသုဉ်းသွားပါပြီ။ အဲဒါကကင်ဆာကို လုံးဝမပျောက်ကင်းစေနိုင်ပေမဲ့ ကင်ဆာဆဲလ်ပျံ့နှံ့မှုကို ထိထိရောက်ရောက်ဟန့်တားနိုင်ဖို့အတွက်သုံးတဲ့ ဓာတုကုထုံးထက်တော့ အဆ​ပေါင်းများစွာ ပိုထိရောက်ပါတယ်။ အနည်းဆုံးတော့ ရောဂါကို တည်ငြိမ်အောင်လုပ်ပေးနိုင်တယ်လေ။ ပုံမှန်စားသုံးပေးမယ်ဆိုရင် ကင်ဆာရောဂါသည်တွေအနေနဲ့ သာမန်လူတွေလို သက်တမ်းစေ့နေထိုင်နိုင်ပါတယ်"

"အံ့သြစရာပဲ"

ကျန်းမုန့်လောင် တအံ့တသြရေရွတ်မိသည်။ ဤပစ္စည်းကိုသာ ဈေးကွက်ထဲမှာရနိုင်မည်ဆိုလျှင် ကင်ဆာရောဂါသည်​များလည်း ငွေ​ကုန်ကြေးကျများခြင်းကို ခြွေတာနိုင်လိမ့်မည်ဖြစ်၏။

"ယန်နဂါးနေကြာပန်းလို့ခေါ်တဲ့ မျိုးစိတ်တစ်ခုလည်း ရှိပါသေးတယ်။ သူ့အသီးက ကာမအားတိုးစေတဲ့ အာနိသင်ရှိတယ်။ ယောက်ျားရောဂါကို ကုသဖို့အတွက်နဲ့ ယောက်ျားခွန်အားတိုးမြှင့်တဲ့နေရာမှာ ထိရောက်မှုရှိတယ်"

"ဒီပစ္စည်းကို ဘာအတွက်လိုအပ်တာလဲ"

ကျန်းမုန့်လောင် စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။

"မင်းတို့ရဲ့သုတေသနဌာနက သိပ်ပြီးတော့ မလေးနက်ဘူးလို့ ငါ ဘာလို့ခံစားမိတာလဲ"

"ဟို.."

ကျုံးကျယ်ရှန်းက ခေါင်းတကုတ်ကုတ်လုပ်ရင်း ပြောလိုက်လေသည်။

"ဒါက မင်းရဲ့အဘိုးကြောင့်လေ... သူ့မှာ ဝါသနာတစ်ခုရှိတယ်။ မိန်းမလှလေးတွေပေါ့။ သူက ညတိုင်းလိုလို သူ့ညအိပ်ဖော်ကို ပြောင်းချင်နေတာ။ ဒီတော့ မင်းလည်း သိတဲ့အတိုင်း..."

"သောက်ကျိုးနည်း! ငါ့မှာ အဲလိုဖောက်လွဲဖောက်ပြန်နိုင်တဲ့ ဘိုးဘေးတစ်ယောက်လည်း ရှိတာပဲ"

....

"ဟက်ချိုး"

သုန့်ချီသောင်းကျန်းသော ကမ္ဘာတစ်ခုတွင် ကျန်းမုန့်လောင်နှင့် ရုပ်ချင်းဆင်သော လူတစ်ယောက်က ရုတ်တရက်နှာချေလိုက်သည်။

"သေစမ်း ဘယ်ကောင် ငါ့ကို​ဆဲနေတာလဲ?"

"ကျန်းမော့နန်.. ရှင် ကျွန်မကိုသတ်မယ်ဆိုရင်လည်း သတ်လိုက်။ အခုလိုချည်တုပ်ထားတာ ဘာသဘောလဲ။ ရှင်က သုန့်သူတော်စင်​တစ်ယောက်ဆိုရင်တောင် ကျွန်မ ရှင့်ကို လုံးဝအညံ့ခံမှာမဟုတ်ဘူး"

ကျန်းမော့နန်ကလည်း အယုတ်တမာပြုံးပြုံးလိုက်လေသည်။

"ဘုရင်မမယ်ဒူဆာ..မင်း ဘာလို့ ငါ့ကိုငြင်းနေတာလဲ။ ငါ့မှာ ယင်ယန်ပေါင်းစည်းရေးလို့ခေါ်တဲ့ ကောင်းကင်ဘုံအဆင့်ကျင့်ကြံရေးနည်းလမ်းတစ်ခုရှိတယ်။ ငါတို့သာ အတူကျင့်ကြံမယ်ဆိုရင် သုန့်ချီကို ခပ်မြန်မြန်ကျော်လွှားနိုင်တယ်..."

"အိပ်မက်မက်နေလိုက်လေ။ ဒီကမ္ဘာမှာ ရှင့်ကို ပြန်တိုက်နိုင်တဲ့လူမရှိဘူးလို့ထင်နေလား။ သုန့်သူတော်စင်က ဒီကမ္ဘာရဲ့ထိပ်ဆုံးအဆင့်မဟုတ်သေးဘူး"

"မင်းက သုန့်တိကိုပြောတာလား? သြော် ဟုတ်သားပဲ.. မ​နေ့ကပဲ ငါ ဧကရာဇ်ဟွမ်တျန့်ရဲ့ လူတစ်ယောက်ကို ရိုက်နှက်ဆုံးမပစ်ခဲ့တာ။ အခုတော့ သူ့ကို ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲကို ထည့်ထားတယ်။ သူ့မိန်းမကတော့ ငါ့အိပ်ရာထဲမှာပေါ့"

...

"လောင်ကျန်း!"

ဝမ်လင်က ကျန်းမုန့်လောင်ကို ဘေးဘက်သို့ အမြန်ဆွဲခေါ်လိုက်၏။

"ငါ့အတွက်ရော နည်းနည်းလောက်ယူလို့ရလား။ ငါ့သူငယ်ချင်းတစ်ယောက်က နည်းနည်းမစွမ်းဆောင်နိုင်လို့လေ.. ငါ့ကို ဒီလိုဆေးမျိုးရှာခိုင်းထားတာ ငါ..."

"သြော် နားလည်ပြီ"

ကျန်းမုန့်လောင်ကမူ ဝမ်လင်၏အောက်ပိုင်းကို တစ်ချက်ငုံ့ကြည့်လိုက်မိသည်။

"မင်းသူငယ်ချင်းက လိုနေတာကိုး။ ငါသိပြီ"

**********

All Chapters