← Chapters

နို့လက်ဖက်ရည်သောက်ပြီး ပွဲကြည့်နေကြပါ

Vol. 28 Ch. 410

နို့လက်ဖက်ရည်သောက်ပြီး ပွဲကြည့်နေကြပါ

Vol. 28 Ch. 410

"မစ္စတာကျိုး.. စိတ်မလှုပ်ရှားပါနဲ့။ ဖြည်းဖြည်းချင်းပြောပါ"

ကျန်းမုန့်လောင်က မစ္စတာကျိုး၏ စိတ်ခံစားချက်ကို အတတ်နိုင်ဆုံး ဖြေသိမ့်‌ပေးရန် ကြိုးစားလိုက်သည်။

မစ္စတာကျိုးကဲ့သို့ ဘဝတစ်လျှောက် အခက်အခဲပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရသူတစ်‌ယောက်က အသေးအဖွဲပြဿနာလေးတစ်ခုကြောင့်တော့ စိတ်ဖိစီး‌မည်မဟုတ်ပေ။

"ငါတို့ရဲ့ သုန်းဟွမ်းစနစ် တိုက်ခိုက်ခံနေရပြီ။ နည်းပညာဝန်ထမ်းတွေလည်း အခက်တွေ့နေတယ်"

"ဘာ?"

ဤတစ်ခေါက်မှာတော့ ကျန်းမုန့်လောင် တကယ်အံ့သြသွားရသည်။ သုန်းဟွမ်းစနစ်ကို သူကိုယ်တိုင် ဉာဏ်ရည်တုတစ်ခု ထည့်သွင်းပေးထားပြီး အဆင်မြှင့်တင်ပေးထားခဲ့သည်။ ထိုအရာမှာ လူသားတစ်ယောက်နီးနီး ကိုယ့်ကိုယ်ကိုယ်ခွန်အားမြှင့်တင်ပြီး ထိန်းသိမ်းကာကွယ်ရေးများ လုပ်ဆောင်နိုင်သည်။

ယခုဆိုလျှင် သုန်းဟွမ်းစနစ်၏ ခုခံရေးစွမ်းအားမှာ သုံးနှစ်မျှ ခေတ်ရှေ့ပြေးနေပြီဖြစ်၏။ ဤခေတ်၏နည်းပညာက ထိုစနစ်ကို ထိုးဖောက်ကျော်လွှားနိုင်စွမ်း မရှိပေ။

"တိုက်ခိုက်သူတွေက ဘယ်သူလဲဆိုတာသိလား"

ကျန်းမုန့်လောင် မေးလိုက်၏။

"သူတ်ို့ဘက်က စနစ်ထဲမှာရှိတဲ့အချက်အလက်တွေကို လိုချင်နေတာလို့ ငါထင်တယ်"

မစ္စတာကျိုးက ဆိုလာလေသည်။

"ဒါပေမဲ့ တစ်ဖက်လူရဲ့သရုပ်မှန်ကိုတော့ ငါတို့မသိသေးဘူး။ သူတို့ရဲ့တိုက်ခိုက်မှုကို ခုခံနေရတာနဲ့တင် ခက်ခဲလှပြီ။ သူတို့ရဲ့ဇစ်မြစ်ကိုလိုက်ဖို့ မဖြစ်နိုင်ဘူး"

"ဟိုနိုင်ငံတွေ ပြဿနာရှာပြန်ပြီထင်တယ်"

ကျန်းမုန့်လောင် ပြောလိုက်မိသည်။ သိပ်မကြာခင်ကမှ ၂နာနိုချစ်ပ်ပြားများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်ထားသည်ဖြစ်ရာ ဟွားရှားနိုင်ငံ၏ အဆုံးမရှိသော နည်းပညာတိုးတက်မှုကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများအနေနှင့် ဟွားရှားနိုင်ငံအပေါ်ထားသော စိုးရိမ်ပူပန်မှုအဆင့်က အမြင့်ဆုံးအထိ ရောက်သွားခြင်းပင်ဖြစ်ရမည်။ သို့ဖြစ်လေရာ အရေးကြီးအချက်အလက်များကို ခိုးယူရန်အတွက် ဟွာရှားနိုင်ငံ၏ သုန်ဟွမ်းစနစ်ကို တိုက်ခိုက်လာခြင်းမှာ ဆန်းတော့မဆန်းပေ။

ဤစနစ်ထဲတွင် သိမ်းဆည်းထားသော အချက်အလက်များမှာ သာမန်သုတေသနအချက်အလက်များနှင့် နည်းပညာကုန်ကြမ်းများတင် မဟုတ်ချေ။ ကျန်းမုန့်လောင် လွှဲပြောင်းပေးထားသော အချက်အလက်များကိုလည်း ထိုစနစ်ထဲတွင် သိမ်းဆည်းထား၏။ စနစ်ချိုးဖောက်ခံရသည်ဆိုပါက ပေါ့သေးသေးတော့ မဟုတ်ပေ။

"ဒီကိစ္စကို ကျွန်တော့်တာဝန်ထားလိုက်"

ကျန်းမုန့်လောင်၏အကြည့်က ကြောက်မက်ဖွယ်ကောင်းသွားလေသည်။

သူ့အတွက်တော့ တိုနီ၏ ဉာဏ်ရည်တုနည်းပညာကို ကျွမ်းကျင်ပြီးကတည်းက ကွန်ယက်တစ်ခုလုံး၏ နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့သည်။

သို့သော် သူသည်ဘဤနည်းပညာဖြင့် ကိုင်ဘွန်ကွန်ယက်ထဲသို့ ဝင်ရောက်ကာ ဆင်ဆာဖြတ်မထားသော အနုပညာလက်ရာများကို ကြည့်ရှုရာတွင် အများဆုံးအသုံးပြုနေသော်ငြား သူ့အစွမ်းအစက ထိုမျှမကချေ။

သူ့အတွက်တော့ ကမ္ဘာ့ကွန်ယက်က သူ့အိတ်ကပ်ထဲမှာပင် ရှိသည်။ သူသာ ဆန္ဒရှိလျှင် မည်သည့်နိုင်ငံ၏ လျှို့ဝှက်ချက်ကိုမဆို ဖော်ထုတ်နိုင်ပြီး နိုင်ငံ့ခေါင်းဆောင်များ၏ ကိုယ်ပိုင်ကွန်ပျူတာများကို ဖောက်ထွင်းပြီး ကောလာဟလသတင်းများကို ရှာဖွေနိုင်သည်။

ဟွာရှားနိုင်ငံ၏ကွန်ယက်မှာ သူ့ပိုင်နက်နယ်မြေပင်။

ယခုတော့ လူတစ်ယောက်က သူ့နယ်မြေထဲကို ကျူးကျော်လာရဲသည်။ ထိုအရာကို သူ ဘယ်လိုလုပ်သည်းခံနိုင်မည်နည်း။

ကျန်းမုန့်လောင်လည်း သူ့ကွန်ပျူတာကို ချက်ချင်းဖွင့်လိုက်ပြီးနောက် လက်ချောင်းများကို ကီးဘုတ်ပေါ်တွင် ပြေးလွှားစေလိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သုန်းဟွမ်းစနစ်ထဲသို့ သူ ဝင်ရောက်နိုင်ခဲ့ပြီး အမြင့်ဆုံးစီမံခန့်ခွဲခွင့်ကို ရယူလိုက်၏။

"မစ္စတာကျိုး ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲခွင့်အာဏာကို ပြန်ယူထားလိုက်ပြီ!"

"ဘာ? စနစ်ကို ချိုးဖောက်ဝင်ရောက်သွားတာလား?"

မစ္စတာကျိုး၏ မျက်နှာအရောင်မှာ သိသိသာသာပြောင်းလဲသွား၏။ စီမံခန့်ခွဲခွင့်အာဏာကို ပြန်လုယူလိုက်သည်ဆိုခြင်းမှာ စနစ်ချိုးဖောက်ခံလိုက်ရသည်ဟူသော သဘောပင်မဟုတ်လား။

"မဝင်ရသေးပါဘူး"

ချွေးရွှဲနေသော နည်းပညာရှင်တစ်ယောက်က ပြောလိုက်၏။

"တိုက်ခိုက်မှုက လုပ်နေတုန်းပါ။ ဒီလူက ကျွန်တော်တို့ရဲ့ ခုခံရေးစနစ်ကို ကျော်ဖြတ်ပြီး အမြင့်ဆုံးအခွင့်အာဏာကို ရယူလိုက်တာပဲဖြစ်မယ်။ သူ့အစွမ်းအစက အဲဒီတိုက်ခိုက်သူတွေထက် ပိုမြင့်မယ်ထင်တယ်"

"ဒီလိုအစွမ်းအစမျိုးကြောင့် လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက အဲဒီလူကိုတောင် သွားသတိရမိတယ်"

နည်းပညာရှင်များမှာ သိပ်မကြာခင်တုန်းက ဖြစ်ပွါးခဲ့သော ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုကို ရုတ်တရက်သတိရမိသည်။

ထိုလူမှာ သူတို့၏ စီမံခန့်ခွဲခွင့်အာဏာကို အသာလေးလုယူသွားသော်ငြား အချက်အလက်များကို ဖျက်ဆီးခြင်းနှင့် ခိုးယူခြင်းတို့ မလုပ်လိုက်ပါဘဲ ချို့ယွင်းချက်များကို ပြုပြင်ပေးလိုက်ပြီး စနစ်ကို အဆက်မပြတ်မြှင့်တင်ပေးနိုင်သော ဉာဏ်ရည်တုစနစ်ကိုပါ ထည့်သွင်းပေးလိုက်သေးသည်။

ထိုစဉ်တုန်းက ထိုကျွမ်းကျင်သူ၏ကျေးဇူးကြောင့်သာ မဟုတ်ပါက ယခုလောက်ဆိုလျှင် သူတို့၏စနစ်လည်း ထူးခြားဆန်းကြယ်သော ထိုတိုက်ခိုက်သူများ၏လက်ထဲသို့ ရောက်သွားလောက်ပြီဖြစ်၏။

"မုန့်လောင် အဲဒါ မင်းလား"

မစ္စတာကျိုးက အမြန်မေးလိုက်လေသည်။

"စိတ်မပူပါနဲ့။ စီမံခန့်ခွဲခွင့်အာဏာကို ကျွန်တော်ယူလိုက်တာပါ"

ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။

"နည်းပညာရှင်တွေကို ခဏနားခိုင်းထားလိုက်ပါ။ ကျွန်တော် သူတို့အတွက် နို့လက်ဖက်ရည်မှာပေးထားတယ်"

"နို့..နို့လက်ဖက်ရည်လား"

သူ့စကားအဆုံးမှာပင် မစ္စတာကျိုး၏တခြားဖုန်းတစ်လုံးက ထမြည်လာ၏။ ဒလီသမားတစ်ယောက်က ဖုန်းခေါ်လာခြင်းပင်။

"ဟယ်လို.. ချောင်သွမ့်ပို့ဆောင်ရေးဝန်ဆောင်မှုကပါ။ လူတစ်ယောက်က ခင်ဗျားတို့အတွက် နို့လက်ဖက်ရည်၁၂၇ခွက် မှာပေးထားလို့။ ကျွန်တော့်ကို လိပ်စာလေးပြောပြလို့ရမလား။ မြေပုံပေါ်မှာ ရှာမရလို့"

"ဒါက..."

မစ္စတာကျိုးခမျာ လုံးဝကြောင်အသွားရသည်။

ဤသည်မှာ သူ့သီးသန့်ဖုန်းနံပါတ်ပင်။ ကျန်းမုန့်လောင်ကိုလည်း ဤနံပါတ်ဖြင့် တစ်ခါမှမဆက်သွယ်ဖူးပေ။ ကျန်းမုန့်လောင်က ဤဖုန်းနံပါတ်ကို ဘယ်လိုလုပ်သိလေသလဲ။

ထို့ပြင် သုန်းဟွမ်းစနစ်၏ဌာနချုပ်က အလွန်လျှို့ဝှက်သော နေရာတစ်ခုတွင် တည်ရှိသည်။ ထိုလိပ်စာကို အများသုံးမြေပုံများတွင် ထည့်သွင်းထားခြင်းမရှိပေ။ သုန်းဟွမ်းစနစ်၏ဝန်ထမ်းကသာ ရှာနိုင်သော တည်နေရာပင်။

ပိုအံ့သြဖို့ကောင်းသည်မှာ ကျန်းမုန့်လောင်က ဤနေရာတွင် ဝန်ထမ်း၁၂၇ယောက်ရှိနေသည်ကို သိနေခြင်းပင်။ သူ ဤနေရာတွင် စီစီတီဗီကင်မရာများ တပ်ထားသလား။

"ဒီကောင်လေးမှာ တခြားဘာစွမ်းရည်တွေများ ထပ်ရှိနေသေးတာလဲ"

ကျန်းမုန့်လောင်၏အစွမ်းအစကြောင့် မစ္စတာကျိုး အံ့သြသွားရသည်။ နိုင်ငံတော်၏အရင်းအမြစ်များကို ထုတ်သုံးလျှင်ပင် ဤသို့လုပ်ဆောင်နိုင်မည်မဟုတ်။ ကျန်းမုန့်လောင်က သုန်းဟွမ်းစနစ်၏ ဌာနထဲ၌ အတွင်းလူများ ထည့်ထားလေသလား။

သို့သော် ထိုသို့ဖြစ်နိုင်ခြေမရှိ။ ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းမှာ တင်းကျပ်သော နိုင်ငံရေးဆိုင်ရာ စစ်ဆေးမှုကို ခံယူထားရသည်။ ဤကဲ့သို့သောပြဿနာမျိုး လုံးဝဖြစ်နိုင်ခြေမရှိပေ။

"ဒါက မယုံနိုင်စရာပဲ"

ကျန်းမုန့်လောင် နို့လက်ဖက်ရည်မှာပေးခြင်းမှာ သူတို့အား စိတ်သက်သောင့်သက်သာရှိစေရန်အတွက် သူ့အစွမ်းအစကို သက်သေပြသည့်အနေနှင့် ထုတ်ပြခြင်းဖြစ်သည်ဟု မစ္စတာကျိုး ခံစားမိသည်။

"မင်းတို့အားလုံး.. အနားယူလိုက်ကြဦး"

မိနစ်အနည်းငယ်အကြာတွင် မစ္စတာကျိုးက နို့လက်ဖက်ရည်ခွက်များသယ်လာသော လူတချို့နှင့်အတူ ဌာနချုပ်သို့ ပြန်ရောက်လာသည်။

"နို့လက်ဖက်ရည်သောက်ကြဦး။ အခု စနစ်ကို စိတ်မပူကြနဲ့တော့။ မင်းတို့ အေးအေးလူလူထိုင်ပြီး ပွဲကြည့်နေကြတော့"

"နို့လက်ဖက်ရည်သောက်ရမှာလား?"

"ပွဲထိုင်ကြည့်ရမယ်တဲ့လား"

နည်းပညာရှင်အားလုံးလည်း မယုံကြည်နိုင်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ဤသည်မှာ သုန်းဟွမ်းစနစ်ဖြစ်၏။ အကယ်၍ ချိုးဖောက်ခံလိုက်ရပါက နိုင်ငံတော်၏လျှို့ဝှက်ချက်များ ဆုံးရှုံးသွားနိုင်သည်။

ဘယ်လိုလုပ်ပြီးတော့များ သူတို့ကို အေးအေးလူလူထိုင်ပြီး နို့လက်ဖက်ရည်သောက်ခိုင်းထားရတာလဲ? မစ္စတာကျိုး ဒီနေ့ ဘာဖြစ်နေတာလဲ?

"ကြည့်ဦး.. စီမံခန့်ခွဲသူအကောင့်က ခုခံရေးကွန်ယက်အသစ်တွေကို စတည်ဆောက်နေပြီ"

"အရမ်းမြန်တယ်နော်.. သူ့မှာ လက်ဘယ်နှချောင်းတောင် ရှိတာလဲ"

"မဟုတ်ဘူး.. ဒါက လူသားလုပ်ဆောင်ချက်မဟုတ်ဘူး..ဉာဏ်ရည်တုရဲ့လုပ်ဆောင်ချက်ကြီး!"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဉာဏ်ရည်တုမှာ ဒီလိုတုံ့ပြန်နိုင်စွမ်းမျိုးရှိလို့လား"

"လက်ရှိနည်းပညာအဆင့်မျိုးနဲ့ ဒီလိုဉာဏ်ရည်တုမျိုးကို ဘယ်လိုလုပ်ဖန်တီးနိုင်မှာလဲ"

နည်းပညာရှင်များမှာ သူတို့၏ကွန်ပျူတာဖန်သားပြင်ပေါ်သို့ မျက်နှာကပ်ထားချင်စိတ် ပေါက်လာသည်။

"ဘာတွေဖြစ်နေတာလဲ"

မစ္စတာကျိုးက နည်းပညာအ​ကြောင်းအရာများကို လုံးဝနားမလည်သဖြင့် မေးလိုက်၏။

"စီမံခန့်ခွဲရေးခွင့်ပြုချက်ကို ယူထားတဲ့လူက သုန်းဟွမ်းစနစ်ထဲမှာ ဉာဏ်ရည်တုအသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပြီ။ ကျွန်တော့်ခန့်မှန်းချက်အရ ဒီဉာဏ်ရည်တုရဲ့အဆင့်က အနည်းဆုံး ၂၀၀ကျော်တယ်"

"ဉာဏ်ရည်တုအဆင့်လား"

"ဟုတ်ပါတယ်.. လက်ရှိနည်းပညာအဆင့်နဲ့ဆိုရင် ကိုင်ဘွန်နိုင်ငံကထုတ်လုပ်ထားတဲ့ အကောင်းဆုံးဉာဏ်ရည်တုရဲ့ ဉာဏ်ရည်အဆင့်က ၂.၄ရှိပြီး ကမ္ဘာ့အမြင့်ဆုံးအဆင့်အဖြစ် အသိအမှတ်ပြုထားပါတယ်"

"ဒီဉာဏ်ရည်တုက လက်ရှိအဆင့်မြင့်ဆုံးအဆင့်ထက် အဆပေါင်းတစ်ရာလောက် ပိုအဆင့်မြင့်နေတာ"

...

"ဂျာဗစ်.. ဒီလူတစ်စုကို ရှင်းလင်းပစ်ဖို့ ငါ့ကိုကူညီစမ်းပါ။ ပြီးရင် သူတို့ရဲ့တည်နေရာကို ခြေရာခံပေး။ သူတို့ကများ ဟွာရှားကို တိုက်ခိုက်ရဲတယ်ဆိုတော့ သူတို့ဘဝကြီးက သက်သောင့်သက်သာရှိလွန်းတယ်လို့ ထင်နေကြတာလားမသိဘူး"

ကျန်းမုန့်လောင်က တိုနီ၏ ဉာဏ်ရည်တုနည်းပညာကို သင်ယူထားသော်ငြား အဆင့်မြင့်ဉာဏ်ရည်တုကို ဖန်တီးရန်အတွက်မူ သူ့တွင် အချိန်မရှိသေးပေ။ မည်သို့ပင်ဖြစ်စေ ဂျာဗစ်ကလည်း တိုနီစတတ်ခ်၏ နှစ်ပေါင်းများစွာ ကြိုးပမ်းမှု၏ ရလဒ်တစ်ခုဖြစ်လေသည်။

ထို့ကြောင့် ကျန်းမုန့်လောင်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်မှ တိုနီ၏ဂျာဗစ်ကို ငှားရမ်းထားခြင်းပင်။

ကုန်ကျစရိတ်ကတော့ သိပ်မများပေ။ တစ်မိနစ်လျှင် ခွန်အားအမှတ်ငါးမှတ်သာ ကုန်ကျလေရာ ကျန်းမုန့်လောင် အနေနှင့် အလွယ်တကူပေးချေနိုင်သည်။

...

"မစ္စတာကျိုး.. သူတို့ရဲ့တိုက်ခိုက်မှုတွေကို တားဆီးလိုက်နိုင်ပါပြီ။ သူတို့ရဲ့တိုက်ခိုက်မှုက အားနည်းချက်နည်းနည်းလေးတောင် မရှာနိုင်တော့ပါဘူး"

"သိပ်ကောင်းတယ်.. ဒီလိုခုခံကာကွယ်ရေးစွမ်းအားမျိုးရှိရင်.. တိုက်ခိုက်မှုအင်အားကို ဆယ်ဆမြှင့်လိုက်ရင်တောင် သုန်းဟွမ်းစနစ်ကို ချိုးဖောက်ဝင်ရောက်ဖို့ မဖြစ်နိုင်တော့ဘူး"

"မစ္စတာကျိုး.. ဒါက ခင်ဗျားရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကယ်တင်ရှင်လား။ မယုံနိုင်စရာပဲ။ သူတို့ကို ဒီနေရာမှာအလုပ်လုပ်ဖို့ ဘာ​လို့မဖိတ်ခေါ်တာလဲ"

"ကောင်းပြီ ညီအစ်ကိုတို့..ဒီဆရာရဲ့တင်ဆက်မှုကို ကြည့်ကြရအောင်! နို့လက်ဖက်ရည်သောက်ဖို့ အချိန်ကျပြီ!"

"မင်းမှာ မိုင်လိုရှိလား။ ငါ ပူပူလေးသောက်ချင်တယ်"

"ငါကတော့ ပဲနို့သောက်ချင်တယ်"

"စူကာသီးဖျော်ရည်ကို ဘယ်သူသောက်ချင်လဲ"

**************

All Chapters