ငါတို့ ပြည်တွင်းထုံးတမ်းအစဉ်အလာကို လိုက်နာသင့်တယ်
Vol. 28 Ch. 420
"ကျစ် ကျစ် ကျစ် ချမ်းသာလိုက်ပုံများတော့!"
"ရေကူးကန်ပါတဲ့ လေယာဉ်တစ်စီးကို ငါ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ"
"စူပါမော်ဒယ်လ်တွေက နှိပ်နယ်ပေးနေသတဲ့။ ဒီလိုအိပ်မက်မျိုးမက်နိုင်ဖို့ ဘယ်လိုပုံစံမျိုးနဲ့ အိပ်ရမလဲဆိုတာတောင် မသိဘူး"
ကျန်းမုန့်လောင်၏အခန်းဖော်များက ကြီးမားလှသော လေယာဉ်ခန်းထဲ၌ ပတ်သွားနေပေသည်။ Boeing 747က ချောချောမွေ့မွေ့ပျံသန်းနေချေသည်။ ထို့ကြောင့် သူတို့မှာ လေယာဉ်ပေါ်သို့ ရောက်လာခြင်းမဟုတ်ဘဲ အပန်းဖြေဗီလာတစ်ခုသို့ ရောက်နေသလို ခံစားရသည်။
"လူကြီးမင်းတို့ စီအီးအိုသုံးယောက်က အခုဆိုရင် စာရင်းဝင်ကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာတွေဖြစ်နေပြီလေ။ ဒီလိုအရာမျိုးတွေကြောင့် လန့်ဖျပ်နေတာ ဖြစ်သင့်ရဲ့လား"
ကျန်းမုန့်လောင်ကတော့ ဤလူနေမှုပုံစံနှင့် အသားကျနေခဲ့သည်မှာ ကြာလှလေပြီ။
"ငါတို့က နေ့တိုင်းအလုပ်များနေတာလေ။ ပိုက်ဆံတော်တော်စုမိတယ်ဆိုပေမဲ့ ငါတို့မှာ ဘယ်လိုလုပ်ပြီး ပျော်ပါးဖို့ အချိန်ရှိမှာလဲ။ ဒါက ငါတို့တွေ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အပန်းဖြေရတာပဲ"
"ဟေ့ လောင်ကျန်း.. မင်းက အတန်းဖော်တွေအကုန်လုံးကို အခုလိုစုဝေးပြီး ပြုစုရလောက်အောင် သဘောတွေကောင်းနေတယ်ပေါ့"
"ဟုတ်တယ်။ တခြားလူတွေကသာ မသိချင်မသိမယ်။ ဒါပေမဲ့ ငါတို့က မင်းနဲ့ သုံးနှစ်လောက် အတူနေလာတာဆိုတော့ မင်းက ဘယ်လိုလူစားမျိုးမှန်း မသိဘဲ နေပါ့မလား။ ဉာဏ်နီဉာဏ်နက်များလိုက်တဲ့ကောင်"
"ဒီခရီးက ဘာအတွက်လဲ။ ဒါက ဆင်ခြေသက်သက်မလား"
"ပြောစမ်းပါ။ ဒီတစ်ခေါက် မင်း ဘာတွေကြံစည်နေတာလဲ"
"အရင်တုန်းက အတွေ့အကြုံတွေအရဆိုရင် မင်း ချင်းချိုးနိုင်ငံကိုရောက်တာနဲ့ သူတို့ရဲ့ရေနဲ့စွမ်းအင်ကို ရက်ပေါင်းများစွာ ဖြတ်တောက်ပစ်လိုက်တယ်။ နောက်တော့ အမေရိကကိုသွားပြီး ဆန္ဒပြပွဲအကြီးစားတစ်ခုကို ဖန်တီးခဲ့တယ်။ ဒီတစ်ခေါက် ကိုင်ဘွန်နိုင်ငံကိုသွားမယ်ဆိုတော့ အဲဒီနိုင်ငံက လူတစ်ယောက်ယောက်က မင်းကို အပြစ်ပြုမိထားတယ်မလား"
"ပြီးတော့ မင်းက ဒီလောက်လူတွေအများကြီးခေါ်လာတာနော်။ စားတာသောက်တာတော့ ငါတို့တာဝန်ယူပေးနိုင်ပေမဲ့ တိုက်ဖို့ခိုက်ဖို့ဆိုရင် ငါတို့ကို ဆွဲမထည့်နဲ့နော်"
ခေါင်မိုးတစ်ခုတည်းအောက်တွင် နှစ်ပေါင်းများစွာ အတူနေလာခဲ့သော သူငယ်ချင်းများ ပီသပါပေသည်။ စွန်းယွီလဲ့တို့တစ်သိုက်မှာ ကျန်းမုန့်လောင်၏ စရိုက်ကို ကောင်းကောင်းနားလည်ပေသည်။
"ဟားဟား ငါ့စိတ်ကို မင်းတို့တွေ မှန်းနိုင်သားပဲ"
"သေစမ်း!"
"တကယ်ကြီးလား? သူတို့ မင်းကို ဘာလုပ်ထားလို့လဲ"
"သူတို့ တစ်ခုခုကို ခိုးကြောင်ခိုးဝှက်ရိုက်ကူးသွားလို့ မင်း ဒေါသထွက်နေတာလား။ အဲဒါကြောင့် မင်း သူတို့ကို ပြဿနာသွားရှာမလို့ပေါ့"
"လေးစားပါတယ်။ ကျန်းမုန့်လောင် ပီသပါပေတယ်။ ဒီအကြောင်းပြချက်က တော်တော်ယုတ္တိရှိတယ်"
"လစ်စမ်း"
ကျန်းမုန့်လောင် ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"ငါ ဆုကြေးငွေထုတ်ထားတဲ့ ဟွိုက်ရွေ့ကို မှတ်မိလား"
"မမှတ်မိစရာရှိလား။ တစ်ထရီလီယံဆုကြေးငွေလေ။ နိုင်ငံတော်တော်များများရဲ့ တစ်နှစ်စာ၀င်ငွေစုစုပေါင်းထက်တောင် မြင့်သေးတယ်။ အခု ကမ္ဘာပေါ်က လူဘယ်နှယောက်လောက်က အဲဒီဟွိုက်ရွေ့ကို လိုက်ရှာနေလိုက်သလဲ"
"ပိုက်ဆံနဲ့တင် သူ့ကို အနိုင်ပိုင်းပစ်နိုင်တဲ့ မင်းကို ရန်လာမိတာ အဲဒီကောင် တော်တော်ကံဆိုးတာပဲ"
"ဒါပေမဲ့ သူက မင်းကို ဘာလုပ်ထားလို့ သူ့ကိုရှာဖို့ ဒီလောက်ဆုငွေအများကြီး ထုတ်ရတာလဲ"
"သူ မင်းကို လိမ်သွားလို့လား"
"မင်းတို့မိသားစုရဲ့ဆန်တွေကို ခိုးသွားလို့လား"
"မင်းတို့မိသားစုရဲ့အုတ်ဂူကို ဖောက်သွားလို့လား"
"မင်းတို့ ပိုတန်ဖိုးရှိတဲ့ မေးခွန်းတွေများ မထုတ်နိုင်ကြတော့ဘူးလား"
ကျန်းမုန့်လောင် ရယ်ကာမောကာဖြင့် ဆဲလိုက်မိသော်ငြား သူ့မျက်လုံးများမှာ ရုတ်တရက်လေးနက်သွားသည်။
"ငါ့ကုမ္ပဏီက အခုနောက်ပိုင်း ၂နာနီမီတာချစ်ပ်ပြားတွေကို ထုတ်လုပ်နိုင်ခဲ့တယ်ဆိုတာ မင်းတို့ သိတယ်မလား။ ကိုင်ဘွန်နိုင်ငံက အမ်... စပိုင်အဖွဲ့တစ်ဖွဲ့ကိုလွှတ်ပြီး ငါ့ဒေတာတွေကို ခိုးခိုင်းခဲ့တာ"
"ကြည့်ရတာတော့ သူတို့ ဘာမှမခိုးနိုင်ခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ သူ့ကို လိုက်ရှာဖို့အတွက် ဒီလောက် ပိုက်ဆံအများကြီး သုံးဖို့လို့လို့လား"
"ဟမ်!"
ကျန်းမုန့်လောင် နှာခေါင်းရှုံ့လိုက်မိသည်။
"ဒါတင်ပဲဆိုရင် သင်ခန်းစာပေးရုံနဲ့တင် လုံလောက်ပြီ။ ဒါပေမဲ့ ငါခွင့်မလွှတ်နိုင်တာက သူတို့ ဟွာရှားထဲကို ဖောက်ဝင်လာတုန်းက ငါတို့ ဟွာရှားစစ်သားတစ်ဖွဲ့ကို သတ်သွားတယ်လေ"
"ဘာ? သူတို့က သေချင်နေတာလား"
"သေစမ်း! ငါ အဲဒီကိုင်ဘွန်လူမျိုးတွေကို ဖျက်ဆီးပစ်မယ်"
"ငါတို့ ဒါကို သည်းခံနေစရာလား။ သူတို့က ချင်မင်းဆက်လို့များ ထင်နေကြတာလား။ ချင်မင်းဆက်ကဖြင့် ပြိုလဲသွားတာ ကြာလှနေပြီ"
"စုစုပေါင်းရှစ်ယောက်ရှိတာ။ ခုနှစ်ယောက်ကိုတော့ အရှင်ဖမ်းမိခဲ့ပေမဲ့ နောက်ဆုံးတစ်ယောက်က ထွက်ပြေးသွားတယ်"
ကျန်းမုန့်လောင် ပြောလိုက်လေသည်။
"ဒါပေမဲ့ ဒါက မပြီးသေးဘူး။ ငါ အခု ခရီးထွက်လာတယ်လို့ ပြောထားပေမဲ့ မင်းတို့ တကယ့်ရည်ရွယ်ချက်အစစ်ကို နားလည်ပါတယ်"
ကျန်းမုန့်လောင် ဆက်ပြောလိုက်လေသည်။
"မင်းတို့သိတဲ့အတိုင်း ကိုင်ဘွန်နိုင်ငံက သေးသေးလေးရယ်။ ပိုက်ဆံနဲ့ ဖိနှိပ်လိုက်လို့လည်းရတယ်။ သူတို့ရဲ့စွမ်းအင်တင်သွင်းကုန်တွေကိုလည်း ငါ အချိန်မရွေးဝယ်ပြီး သူတို့နိုင်ငံရဲ့စီးပွားရေးကို ဖျက်ဆီးပစ်လို့ရတယ်။ သူတို့ရှေ့မှာ ဒေါ်လာထရီလီယံနည်းနည်းလောက်နဲ့ လမ်းခင်းလိုက်ရင် သူတို့ရဲ့စီးပွားရေးလည်း အမြန်ဆုံး ပြိုလဲသွားမှာ။ ဒါပေမဲ့ အဲဒါက စိတ်ကျေနပ်ပို့မကောင်းဘူး"
ဒါဆို မင်းစဉ်းစားနေတာက..."
"ဟုတ်တယ်။ ငါ သူတို့ကို နေ့တိုင်းနေ့တိုင်း အကြောက်တရားနဲ့ ရှင်သန်စေချင်တယ်"
ကျန်းမုန့်လောင် အေးစက်စက်ပြုံးလျက် ပြောလိုက်၏။
"ငါ့ကိုပြောစမ်းပါဦး။ မင်းတို့နိုင်ငံရဲ့စီးပွါးရေးကို အချိန်မရွေးပြိုလဲအောင်လုပ်နိုင်တဲ့ လူတစ်ယောက်က မင်းတို့နယ်မြေထဲကိုဝင်လာပြီး လာပျော်ပါးနေမယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ"
"အိမ်သာတောင်ဖြောင့်အောင်တက်နိုင်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင်၏အတန်ဖော်များမှာ သူ့ရည်ရွယ်ချက်ကို သဘောပေါက်သွားဟန်ပင်။
"အမှန်ပဲ။ သူတို့အိပ်နေရင်တောင် သူတို့အိပ်မက်ထဲကို ငါလိုက်သွားချင်တယ်"
ကျန်းမုန့်လောင်က ဆိုလေသည်။
"ဒီတစ်ခေါက် ငါတို့ကို ဧည့်ခံဖို့အတွက် အထူးအဖွဲ့တစ်ခုကို သူတို့ စီစဉ်ထားလိမ့်မယ်။ ဒါပေမဲ့ တကယ်တော့ ကိုင်ဘွန်နိုင်ငံမှာ ငါ ဘာမှမလုပ်နိုင်အောင် စောင့်ကြည့်ကြမဲ့လူတွေ"
"ဒါဆို မင်းရဲ့အစီအစဉ်က ဘာလဲ"
"လူတစ်ယောက်က ငါ့ကို ဧည့်ခံကျွေးမွေးချင်နေတယ်ဆိုမှာတော့ ငါဘာလုပ်မယ်လို့ မင်းတို့ထင်လဲ"
ကျန်းမုန့်လောင်က ယုတ်မာရက်စက်လေဟန်အပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်သည်။
"သူတို့ပိုက်ဆံနဲ့ ဈေးအကြီးဆုံးဆိုတာတွေကို စားသောက်ပျော်ပါးကြမယ်။ ငါတို့ ဒီလိုပဲလုပ်မှာ"
"စိတ်မပူနဲ့။ မင်းတို့ ဘယ်လောက်ဖြုန်းဖြုန်း ကိစ္စမရှိဘူး။ သူတို့ဘက်က တစ်ခွန်းပြောရဲရင် ငါရှုံးသွားတယ်ဆိုတဲ့သဘောပဲ"
ကျန်းမုန့်လောင် ပြောလိုက်လေသည်။
"အခုလောလောဆယ်တော့ ငါ့ကို ပျော်ပါးပြီးတာနဲ့ အိမ်ပြန်ဖို့ပဲ သူတို့မျှော်လင့်နေကြတာမို့ ငါ တောင်းဆိုသမျှကို သူတို့ ခြွင်းချက်မရှိ ဖြည့်ဆည်းပေးကြမှာ"
"စိတ်ကြိုက်ဖြည့်ဆည်းပေးမှာလား။ ဒါဆို ငါ နေ့တိုင်း ပြိုင်ကားစီးလို့ရောရလား"
"ရတယ်!"
"ငါ အကောင်းဆုံးဆယ်လ်မွန်ဆာရှီမီကို နေ့တိုင်းစားပြီး အကောင်းဆုံးPresidential Suiteမှာ နေ့တိုင်းတည်းချင်တယ်"
"ရတယ်"
"ငါကတော့ ကိုင်ဘွန်နိုင်ငံရဲ့အတော်ဆုံးအဆိုတော်ကို ငါနဲ့အတူ KTVကို လိုက်ထိုင်စေချင်တယ်!"
"မင်းတို့ကြိုက်တဲ့လူကို အဖော်ပြုခိုင်းလို့ရတယ်။ မင်းတို့ဘာသာ စိတ်ကြိုက်ရွေးကြ"
"ငါ ဆရာဆန်းဂျို့နှိပ်ပေးတာကို ခံချင်တယ်"
"လုပ်သာလုပ်! ရှိသမျှလူတွေအကုန်ခေါ်လို့လည်းရတယ်။ ဒါပေမဲ့ မင်းတို့ခန္ဓာကိုယ်က မခံနိုင်ရင်တော့ ငါ့ကို အပြစ်မတင်ကြနဲ့နော်"
"ငါ အီရှီယွမ်ဆာတိုမီနဲ့ တစ်ညအတူကုန်ဆုံးချင်တယ်"
ရုတ်ခြည်းပင် သူတို့၏အကြည့်က ရှုလီထံသို့ ကျရောက်သွားသည်။
"မင်းက ငါ့မိန်းမကို တပ်မက်ရဲတယ်ပေါ့လေ"
"သေစမ်း! မင်းကတော့ သေချင်နေတာပဲ။ ဆယ်ဒေါ်လာကောင်မလေးတွေက ငါ့အပိုင်ပဲ!"
"မင်းကများ ငါ့နတ်ဘုရားမကို စော်ကားရဲတယ်ပေါ့"
...
ခဏမျှသောင်းကျန်းပြီးနောက် သူတို့လေးယောက်သား ဆိုဖာပေါ်သို့ ပုံခနဲလဲကျသွားကြသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ အဲဒီကိုရောက်တာနဲ့ မင်းတို့တတ်နိုင်သလောက်သာ သုံးကြဖြုန်းကြ။ ကောင်းကောင်းမဖြုန်းရင်တော့ ငါ မင်းတို့ကို စိတ်ဆိုးမှာနော်။ တခြားကိစ္စတွေကိုအသာထား။ အစားအသောက်တစ်မျိုးတည်းနဲ့တင် သူတို့ကို အနည်းဆုံး ဒေါ်လာဘီလီယံနဲ့ချီပြီး ကုန်ပါစေ"
"ငါ့ကောင်..ငါတို့က အယောက်၂၀၀နော်။ ဒေါ်လာဆယ်ဘီလီယံဆိုရင် တစ်ယောက်ကို ဒေါ်လာငါးသန်းဖိုးစားရမှာ။ ငါတို့ကို ဝက်တွေများမှတ်နေလား"
"စားလို့မကုန်ဘူးလား။ ပါဆယ်ထုပ်လာလိုက်လို့ရတယ်လေ။ မင်းတို့သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေဆီကို နိုင်ငံတကာပို့ဆောင်ရေးစနစ်နဲ့ ပို့လို့မရဘူးလား။ ကိုင်ဘွန်နိုင်ငံမှာ ငါတို့သုံးသမျှအတွက် တာဝန်ယူပြီးရှင်းနေရတဲ့လူကို ပို့ဆောင်ခပါ ပေးခိုင်းလိုက်တာပေါ့"
"ဟားဟားဟား မင်းက သိပ်ဉာဏ်ကောင်းတာပဲ။ ငါတို့ အဲဒီလိုမတွေးမိဘူး"
"မင်းက ထက်မြက်ပါပေတယ်။ ငါတို့အတွက် ဒီလိုကိစ္စကောင်းလေးတွေ တွေးပေးတတ်တယ်"
"ဒီသုံးနှစ်အတွင်း မင်းနဲ့အတူဖြတ်သန်းခဲ့တာ အလကားမဖြစ်ဘူးပဲ"
"လစ်!"
...
လေယာဉ်က ကိုင်ဘွန်နိုင်ငံ၏ အကြီးဆုံးလေဆိပ်သို့ ဆင်းသက်လိုက်သည်။ ထိုနေရာတွင် ကြီးမားလှသော ကိုယ်ပိုင်ဂျက်လေယာဉ်၁၉စင်းက အစီအရီတန်းစီနေသောကြောင့် စူးစမ်းနေကြသူများလည်း များလှသည်။
"ဟေး..မစ္စတာ ကျုပ်တို့ လေဆိပ်ကိုရောက်နေပြီ"
ကျန်းမုန့်လောင်လည်း ထိုလူ့ထံသို့ ချက်ချင်းဖုန်းဆက်လိုက်၏။
"ခင်ဗျားရဲ့ဝန်ဆောင်မှုက အဲဒီလောက်လည်း မကောင်းပါဘူး။ လေယာဉ်ဆင်းပြီးတာတောင် ခင်ဗျားရဲ့လူတွေကို အခုထိမမြင်သေးဘူး။ ခင်ဗျား ကျုပ်ကို စိတ်တိုအောင်လုပ်နေတာလား။ သိပ်မကြာခင်ကမှ ခင်ဗျား အာဖရိကကတင်ပို့တဲ့ဆီတွေကို ရထားတယ်လို့ကြားတယ်။ ခင်ဗျားရဲ့ခွဲတမ်းကို..."
"မစ္စတာကျန်း.. ကျွန်တော်စီစဉ်ပေးထားတဲ့ ဝန်ထမ်းတွေက အဲဒီကိုရောက်နေပါပြီ။ ကျွန်တော်တို့က ခင်ဗျားကို ဘယ်လိုလုပ်ပြီးစောင့်ခိုင်းထားရမှာလဲ"
ဖုန်းတစ်ဖက်မှ သာယာနာပျော်ဖွယ်ကောင်းသော ရယ်သံတစ်သံထွက်ပေါ်လာသည်။
"ခင်ဗျားကိုကြိုဆိုဖို့အတွက် ကျွန်တော် သူတို့ကို လေဆိပ်ထဲကို ဝင်လာခိုင်းလိုက်ပါ့မယ်"
"မြန်မြန်လုပ်.. ဒီနေရာက နေနည်းနည်းပူတယ်။ အသားဖြူတဲ့ ကျုပ်ရဲ့အတန်းဖော်တွေ နေလောင်ပြီး ဒေါသထွက်သွားရင် ကျုပ်လည်း ဒေါသထွက်မိမှာ။ ကျုပ် ဒေါသထွက်ရင်..."
"မစ္စတာကျန်း! မစ္စတာကျန်း! ကျွန်တော် ရောက်ပါပြီ!"
သူ့စကားမဆုံးခင်မှာပင် ယာဉ်တန်းတစ်ခုက သူတို့မြင်ကွင်းထဲသို့ ရောက်လာသည်။ Maybachကားများကို Rolls-Royceကားတစ်စီးက ဦးဆောင်လာခြင်းပင်။ ခန့်ညားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က သူ့အား လက်ယမ်းပြနေချေသည်။
ထိုလူမှာ ကားထဲမှ ထွက်လာပြီးနောက် ကျန်းမုန့်လောင်အနားသို့ အပြေးအလွှားရောက်လာသည်။
"မစ္စတာကျန်း ကျွန်တော်က ခင်ဗျားကိုကြိုဆိုဖို့လွှတ်လိုက်တဲ့ နိုကီကီမူရာပါ"
"သြော် မင်္ဂလာပါ"
ကျန်းမုန့်လောင်လည်း ယဉ်ကျေးစွာပြောလိုက်၏။
"ကျုပ်က ကျန်းမုန့်လောင်ပါ။ သူတို့ကတော့ ကျုပ်ရဲ့အချစ်ဆုံးသူငယ်ချင်းတွေပေါ့"
"တွေ့ရတာဝမ်းသာပါတယ်"
နိုကီကီမူရာလည ရှုလီတို့သုံးယောက်နှင့် ကျန်းမုန့်လောင်ကြရှိ မူမမှန်သောပတ်သက်မှုကို သတိထားမိလိုက်သည်။ ဤလူများမှာ သူတို့ ကောင်းကောင်းမွန်မွန်ဂရုစိုက်ပေးရမည့် ဒိတ်ဒိတ်ကြဲသူဌေးများပင်။
"လူကြီးမင်းတို့ကို ဘယ်လိုခေါ်ရမလဲလို့ မေးပါရစေ"
"သြော် ငါတို့က ကိုင်ဘွန်နိုင်ငံကို ရောက်နေတာဆိုတော့ ဒေသခံဓလေ့ထုံးတမ်းကို လိုက်နာသင့်တယ်။ ကျွန်တော့်ရဲ့ကိုင်ဘွန်နာမည်က ခါဇူရာကျူဂျီရိုပါ"
"တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ဟီခါဝတာအိပါ"
"ကျွန်တော့်ကိုတော့ ဂန္ဓာမာပန်းအိုးအဖုံးလို့ခေါ်ကြတယ်"
...
"ကျန်တဲ့လူတွေလည်း ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လိုက်ကြဦး။ ငါတို့ကို ယဉ်ကျေးမှုမရှိဘူးလို့ မထင်စေနဲ့"
"ငါက မာဆုရှီမာ နာနာကိုပါ"
"ငါက စီချွမ်တန့်တန့်ခေါက်ဆွဲလို့ခေါ်ကြတယ်"
"ငါကတော့ ဝမ်ကျိုက်QQသကြားလုံး"
"ငါက ပျော်ရွှင်ဖွယ်မတ်-၃"
"ငါက အွန်လိုင်းဆယ်လီပေါက်စီ"
...
"ကျွန်တော်ကတော့ အိုဂူရုအာအိကိုပါ"
"ကျွန်မကတော့ ဆွဲဆောင်တတ်တဲ့ပိုးဖလံလေး'
"ကျွန်တော်က ကြက်သွန်မြိတ်အိတ်ကပ်"
"ကျွန်တော်က ကိုတိုနဲ ဆာအိကို"
"ကျွန်တော့်ကတော့ ကာမဲတဲ့အီချီဂီအာအို"
ကျန်းမုန့်လောင် : "မင်းတို့က ပါရမီရှင်တွေပဲကွ! ဆက်လုပ်.. ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပေးလိုက်ကြဦး"
*************