← Chapters

လှိုင်းကဲ့သို့ စွမ်းအင်

Vol. 9 Ch. 122

လှိုင်းကဲ့သို့ စွမ်းအင်

Vol. 9 Ch. 122

ချင်းရွှမ်ဂိုဏ်း တောင်တန်းဂိတ်။

ဝါးတော အဆောင်။

ရှန်မိုတစ်ယောက် လက်နောက်ပစ်၍ ရပ်ရင်း အဆောင်အား လှမ်းကြည့်နေသည်။

သူ့မျက်လုံးများမှာ တစ်ခုခုကို ရေရာစွာကြည့်ခြင်း မဟုတ်ဘဲ အတွေးထဲ မျောလွင့်နေ၏။

ထို့နောက် နားလည်သွားပြီး သိုင်းကျင့်စဉ်တစ်ခုကို စတင်လေသည်။

စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ထွက်၍ ဘေးတွင် ကြေးတံခါးကြီး (၂) ခု ပေါ်လာ၏။

တံခါးပေါ်မှ ပုံရိပ်များမှာ အနုစိတ်ကျစွာ ရေးဆွဲထားပြီး အစစ်ဟု ထင်ရလောက်အောင် ရုပ်ကြွသည်။

ရှန်မို တံခါးများ ပေါ်လာပြီးနောက် မရပ်တန့်သေးဘဲ ပတ်ဝန်းကျင်ကို ထပ်ကြည့်လိုက်သည်။

ရုတ်တရက် သတ္ထု စိတ်ဝိညာဉ်စွမ်းအင်များ ပိုမို ကျရောက်ကာ တံခါးများကို ပြန်လည် ပုံဖော်နေသည်။

အချိန်ခဏကြာသောအခါ စွမ်းအင်များ ပြန်စုစည်း၍ တံခါးကြီးတစ်ခု ထပ်ပေါ်လာ၏။

သို့သော် အရင်ဆုံးပေါ်လာသော တံခါးများကဲ့သို့ မသေသပ်သော်ငြား အရမ်းလည်း မဆိုးလှ။

ရှန်မို တစ်ယောက် သူ့ဘေးပတ်လည်မှ ကြေးတံခါးကြီး (၃) ချပ်ကိုကြည့်ကာ သဘောကျနေသည်။

တစ်ချက်တွေးရုံဖြင့် တံခါးများမှာ လွတ်လပ်စွာ လွင့်သွားကြသည်။

ထို့နောက် အရပ်မျက်နှာအသီးသီးတွင် ပြန်ပေါ်လာ၏။

တစ်ခါတစ်ရံ တစ်နေရာတည်းတွင် အတူတူ ပြန်ပေါ်လာတတ်သည်။

ရှန်မို အလွန်ကျေနပ်နေ၏။

မြေအဆင့် ခုခံရေးကျင့်စဉ်ဖြစ်သော မှော်တံခါး (၄) ချပ်ကျင့်စဉ်ကို အဆင့် (၃) အထိ ကျင့်ကြံပြီးလေပြီ။

အဆင့် (၄) ဆက်သင်ရန် နီးစပ်နေပြီ ဖြစ်၏။

ထိုအခါ ကြေးတံခါး (၄) ချပ်ရကာ တစ်ခုပျက်စီးလျှင်ပင် ချက်ချင်း ပြန်လည်ပြုလုပ်နိုင်သည်။

သူရထားသော နတ်ဆိုးဝတ်စုံနှင့် ပေါင်းစပ်လိုက်ပါက ခုခံရေးမှာ အတော် အင်အားကြီးပေမည်။

ရှန်မို သူ့ပုံရိပ်ငယ်အား ပြန်ကြည့်မိ၏။

အထဲတွင် ပြောင်းလဲမှု အနည်းငယ် ရှိလေသည်။

စိတ်ဝိညာဉ်စွမ်းအင်ပင်လယ်ကြီး ပိုကျယ်ပြန့်၍ မြုတေဖွဲ့စည်းခြင်း ထိပ်ဆုံးသို့ ရောက်ရှိရန် လက်တစ်ကမ်းမျှသာ လိုတော့သည်။

ပင်လယ်ပြင်ကြီးပေါ်၌ နူးညံ့သော တာအိုအခြေခံရှိနေ၏။

ထိုထက်အပေါ်တွင်တော့ ရွှေအိုရောင် အမြုတေရှိပြီး အမြုတေနှင့် တာအိုအခြေခံကြား၌ ကြာပွင့်တစ်ပွင့် ရောက်နေလေသည်။

ပွင့်လွှာများမှာ လူသား၏လက်များနှင့်တူပြီး သေချာ အနီးကပ်ကြည့်မှ ပန်းပွင့်ချပ်များကို မြင်ရသည်။

ကြာပွင့် (၉) ပွင့် နေရာယူနိုင်လျှင် ခြေတည်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်တော့မည်။

ထိုစဉ် တံခါးခေါက်သံ ကြားရ၏။

“ရှန် ငါ ဝင်လာလို့ရမလား”

မူယုံးယွဲ့အသံ ဖြစ်သည်။

ရှန်မို ချက်ချင်း တံခါးထဖွင့်ပေးလိုက်၏။

“ခေါင်းဆောင် ရုတ်တရက် ဘာကိစ္စရှိလို့လဲ”

ရှန်မို ခြံထဲရှိခုံတွင် ဝင်ထိုင်ရင်း ပြောသည်။

မူယုံးယွဲ့ သူ့စကားကြောင့် ရယ်မောကာ

“ဘာလဲ ငါက ကိစ္စမရှိရင် မလာရဘူးလား”

ရှန်မို ပြုံးလျက်

“အဲ့လိုမဟုတ်ပါဘူးဗျာ”

မူယုံးယွဲ့ ရယ်မောလျက်ပင်

“ဟုတ်ပါပြီ အမှန်တော့ ကိစ္စကြီးရယ်လို့ မဟုတ်ပါဘူး…မိုးမုန်တိုင်းဂိုဏ်းက ခေါင်းဆောင်လျှိုက အထူး စွမ်းအင်အားကောင်းဆေး ပို့ပေးလိုက်လို့”

“ငါက မြုတေဖွဲ့စည်းခြင်းထိပ်ဆုံး ရောက်နေပြီလေ… သုံးလည်း ဘာမှ သိပ်မထူးဘူး… အဲ့ဒါကြောင့် မင်းအတွက် ယူလာတာ”

မူယုံးယွဲ့မှ ဆေးပုလင်းကို ထုတ်ပေး၏။

ထိုဆေးမှာ သာမာန် စွမ်းအင်ဆေး (၅) ပုလင်းနှင့် ညီမျှလေသည်။

ရွှမ်ကျန်း၏ ထိပ်တန်း (၅) ဂိုဏ်း အချင်းချင်းသာ လှည့်ပတ်၍ သုံးလေ့ရှိပြီး တစ်ခါတစ်ရံ ဆုလာဘ်အနေဖြင့် အပြင်ကို ရောက်လာတတ်သည်။

လျှိုမုန့်ဟူမှ ထိုသို့ပေးလာခြင်းမှာ သူတို့မိတ်ဖက် ဆက်ဆံရေးတည်မြဲရေးအတွက် ရည်ညွှန်း၏။

ရှန်မို မူယုံးယွဲ့ထံမှ လက်ဆောင်ရသောကြောင့် ကြည်နူးနေမိသည်။

“ခေါင်းဆောင် ကျွန်တော်လည်း ပြောစရာရှိတယ်”

ရှန်မို ပြုံး၍ ဆို၏။

မူယုံးယွဲ့ ရယ်မောလျက်

“ငါ့ကို ဘာပြန်ပေးမလို့လဲ”

ရှန်မို လက်ယမ်းလိုက်သောအခါ လက်ထဲတွင် ဆေးလုံး (၂) လုံး ပေါ်လာသည်။

မူယုံးယွဲ့ ရုတ်တရက် မှင်တက်နေပြီးမှ လန့်သွားကာ

“ထိုက်ရိ စိတ်ဝိညာဉ်အားဖြည့်ဆေးလား… မင်းမှာ (၂) လုံးတောင် ရှိတာလား”

“ဒါနဲ့ လျှိုမုန့်ဟူကို တစ်လုံးပေးလိုက်တယ်လေ”

ရှန်မို ဆေး (၃) လုံး ရထားသည့်အကြောင်းအား ပြန်ရှင်းပြလိုက်၏။

မူယုံးယွဲ့မှာ အလွန်အံ့ဩလွန်း၍ မယုံကြည်နိုင် ဖြစ်နေသည်။

“ဒီလို… ကံကောင်းခြင်းမျိုးက ရှိတာလား”

ရှန်မိုပြုံး၍

“ကျွန်တော်က တစ်ခါသုံးဖူးတယ်ဆိုတော့ ထပ်သောက်လည်း ဘာမှမထူးတော့ဘူး… ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်က မြေအဆင့်မြင့်မလား… ဒီဆေးနဲ့ဆိုရင် ကောင်းကင်အဆင့် ရောက်သွားနိုင်တယ်”

“ကောင်းကင်အဆင့်…”

ထိုစကားလုံးကြောင့် ရင်ထဲတွင် ဗလောင်ဆူနေ၏။

သူ့အတွက် အခွင့်အရေးကြီး ရောက်နေလေပြီ။

“မ… မဟုတ်သေးဘူး ဒါက မင်းရဲ့ ကံကြမ္မာလေ… မင်းက ပိုအရေးကြီးတယ် ငါ မယူနိုင်ဘူး”

မူယုံးယွဲ့ ခေါင်းယမ်းကာ ငြင်းလေ၏။

သို့သော် မျက်ဝန်းများမှာ မျှော်လင့်ချက်အပြည့် ဖြစ်နေသည်။

“ခေါင်းဆောင်က မလိုချင်ဘူး ပြောပေမဲ့ ခန္ဓာကိုယ်ကို လိမ်လို့ မရဘူးနော်”

မူယုံးယွဲ့ရှက်ကာ ပါးလေးများ ရဲသွား၏။

ထိုကဲ့သို့ ရတနာမျိုးကို မလိုချင်သူ မရှိလောက်ပါ။

“ခေါင်းဆောင်က ချင်းရွှမ်ဂိုဏ်းမှာ အင်အားအကြီးဆုံးလေ… ထိပ်တန်း (၅) ဂိုဏ်းက ခေါင်းဆောင်တွေနဲ့ ယှဉ်နိုင်ရမှာပေါ့”

မူယုံးယွဲ့ ခဏတွေဝေနေပြီးမှ

“မင်းပြောတာ ဟုတ်ပါတယ်”

“ဒါဆို ယူလိုက်ပါ”

မူယုံးယွဲ့ သက်ပြင်းချကာ

“ဟုတ်ပါပြီ ယူလိုက်ပါမယ်”

ရှန်မို ပြုံးကာ

“ဒါဆိုလည်း ဒီမှာပါ… ခေါင်းဆောင် ကျင့်ကြံနေတဲ့အချိန်မှာ ကျွန်တော် စောင့်ရှောက်ပေးပါမယ်”

“ကောင်းပါပြီ”

မူယုံးယွဲ့ ပြုံး၍ မျက်ရည်များဝဲကာ

“ငါ့တပည့်က ပြန်ပြီး စောင့်ရှောက်ပေးမယ့်နေ့မျိုး ရှိလာမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး”

သူ ချက်ချင်း ထိုက်ရိစိတ်ဝိညာဉ်ဆေးကို ထုတ်သောက်လိုက်သည်။

ဆေးစွမ်းအင်များမှာ တစ်ကိုယ်လုံး ပျံ့နှံ့၍ အသွေးအသားနှင့် အရိုးများထဲအထိ ထိုးဖောက် ဝင်ရောက်သွားသည်။

မူယုံးယွဲ့ နာကျင်မှုကြောင့် ညည်းတွားသံအချို့ ထွက်လာ၏။

မကြာမီ ချင်းရွှမ်ဂိုဏ်း ပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ် စွမ်းအင်များ ပျံ့နှံ့သွားလေသည်။

မူယုံးယွဲ့ဘေးတွင်လည်း လေပွေကဲ့သို့ စွမ်းအင် (၂) ခု ပေါ်လာ၏။

ဘယ်ဘက်တွင် မီးကဲ့သို့ ပူလောင်သော စိတ်ဝိညာဉ် စွမ်းအင်ရှိပြီး ညာဘက်တွင် ရေခဲကဲ့သို့ အေးစက်သည့် စွမ်းအင်များ ရှိသည်။

မူယုံးယွဲ့ ခန္ဓာကိုယ်မှာ မီးတောက်ရေခဲ ခန္ဓာကိုယ် ဖြစ်၏။

“ဒီလိုအရှိန်အဝါမျိုးက… ဘယ်လိုလူဆီက ထွက်နေတာလဲ”

အကြီးအကဲများ၊ တပည့်များ အံ့ဩနေကြသည်။

“အဲ့ဒါ ဝါးတောဆီကပဲ… ခေါင်းဆောင်ငယ်အဆောင်ကပေါ့”

“မဟုတ်သေးဘူး… ခေါင်းဆောင်ငယ်က ကောင်းကင်အဆင့် ခန္ဓာကိုယ်လေ ဘယ်လိုလုပ် ဒီလို ထပ်ပေါ်မှာလဲ”

“နေပါဦး ခေါင်းဆောင် အဲ့ဘက်သွားတာ တွေ့လိုက်တယ်… ခေါင်းဆောင်များလား”

“ဒီအတိုင်း စောင့်ကြည့်ရမလား”

ထိုအချိန်တွင် ဆန့်ကျင်ဘက်စွမ်းအင် (၂) ခု ပြင်းထန်စွာ လျှံထွက်လာပြီး အားလုံးအတွက် ပိုစိတ်ဝင်စားစရာ ဖြစ်နေ၏။

မူယုံးယွဲ့၏ ဝတ်ရုံဘယ်ဘက်ခြမ်းမှာ လောင်ကျွမ်း၍ ပြာပင်ကျနေလေပြီ။

သို့သော် ထိုအခြေအနေမှာ သိပ်မကြာလိုက်ပေ။

မူယုံးယွဲ့ ချက်ချင်း သတိထားမိ၍ မျက်နှာလေးရဲကာ ထအော်၏။

“ဟိုဘက်လှည့် ဟိုဘက်လှည့်”

All Chapters