ရှန်မိုမှာ ချင်းရွှမ်ဂိုဏ်း၏ အပြင်ဂိုဏ်းတပည့်အဖြစ် ပြန်လည်မွေးဖွားလာလေသည်။ အပြင်ဂိုဏ်းတပည့်များကြားမှ ထူးချွန်သည့် တပည့် ဖြစ်သည့်အလျောက် အတွင်းဂိုဏ်းဝင်ရန် ပြင်ဆင်နေစဉ် အဆိပ်မိကာ အခြေခံကျင့်စဉ်များ ပြင်းပြင်းထန်ထန် ပျက်စီးသွားရ၏။ သို့သော် ယခုအခါ ရုတ်တရက် လူတိုင်း၏ ဘဝဇာတ်ကြောင်းနှင့် ကံကြမ္မာကို မြင်လာရလေသည်။ မင်းက အင်အားကြီးနဲ့ ပြန်မွေးဖွားလာတာလား။ ကောင်းကင်အဆင့်ကျင့်စဉ်ကို လိုချင်တာလား။ လုပ်လိုက်လေ။ မင်းက အနာဂတ်မီးတောက်ဧကရာဇ်လား။ နေစွမ်းအင်မီးတောက်ကို မွမ်းမံမှာလား။ လုပ်လိုက်လေ။ မင်းက သိုင်းဘိုးဘေးရဲ့ အမွေဆက်ခံသူလား။ ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက် ရမှာလား။ လုပ်လိုက်လေ။ မင်းက မြေခွေးမျိုးနွယ်စုက မြင့်မြတ်တဲ့ အပျိုစင်လား။ နတ်သားရဲကောင် ထိန်းချုပ်ချင်တာလား။ အင်း… မင်းရော မင်းကံကြမ္မာရောက အခု ငါနဲ့ သက်ဆိုင်နေပြီ။

