← Chapters

အထူးရတနာ ယူလာပါတယ်

Vol. 19 Ch. 281

အထူးရတနာ ယူလာပါတယ်

Vol. 19 Ch. 281

လုတုံရွှမ်မှ လေးနက်စွာဖြင့်

“ဂျူနီယာလေး အရမ်းမစိုးရိမ်နဲ့နော်… အဘိုးကြီးက အချိန်ဆွဲပေးထားလိမ့်မယ်… မင်း ဒီအတောအတွင်း အဆင်ပြေမှာပါ”

“အချိန်ကို အကျိုးရှိရှိနဲ့ အသုံးချပြီး အရှေ့ပင်လယ်ဆီ အမြန်ဆုံးရောက်အောင်သာ ပြေးတော့”

ဟီထျန်းချောင် သိုလှောင်လက်စွပ်တစ်ခု လှမ်းပေး၏။

“အကြီးအကဲရှန် ဒီထဲမှာ ကျွန်တော်ရယ်၊ ဝူယန်ဝေ့ရယ်၊ တခြား အကြီးအကဲရှန်ကယ်ဖူးတဲ့ အကြီးအကဲတွေရဲ့ ကျေးဇူးတင်လက်ဆောင်တွေ ပါပါတယ်… ကျင့်ကြံမှုမှာ အများကြီး အထောက်အကူဖြစ်မှာပါ”

“အရှေ့ပင်လယ်သွားပြီး ကျင့်ကြံမှုပဲ အာရုံစိုက်နေနော်… နတ်ဘုရားပြောင်းလဲအဆင့်အထိ ရောက်မယ်လို့ ကျွန်တော်တို့ ယုံတယ်”

“အဲ့အဆင့်ရောက်တဲ့အခါမှ ဂိုဏ်းကို ပြန်လာလည်း နောက်မကျသေးပါဘူး”

သူပြောရင်း သိုလှောင်လက်စွပ်ကို အတင်းပေး၏။

ရှန်မိုမှာ နားမလည်နိုင်သေးပေ။

“ဘာတွေဖြစ်နေတာလဲ”

ကျောက်ယောင်လုမှ

“သန့်စင်ခြင်းဂိုဏ်းနဲ့ ရုံးတော်က ပူးပေါင်းပြီး တိုက်ခိုက်တယ်… သံသင်္ဘောပျံတွေရော ပါတယ်လေ… တစ်ရက်တည်းနဲ့ ငါတို့ဆီက (၂) မြို့တောင် ကျသွားပြီ… ဂိုဏ်းထဲက သစ္စာဖောက်တွေနဲ့လည်း ပေါင်းထားတော့ မြန်နေတာ”

“တော်သေးတာက… သန့်စင်ခြင်းဂိုဏ်းထဲမှာ ငါတို့သူလျှိုလည်းရှိလို့ သတင်းကြိုရတာနဲ့ စာရွက်စာတမ်းနဲ့ အရင်းအမြစ်တွေတော့ ရွှေ့လိုက်နိုင်တယ်”

“ဒါပေမဲ့ နယ်ပယ် (၄) ခုမှာ ရွှေသံဂူအပါအဝင် (၃) ခုကို ဝိုင်းထားပြီ”

ရှန်မို့အမူအရာ လေးနက်သွား၏။

ရွှေသံဂူမှာ ကျောက်စိမ်းဂိုဏ်း၏ လက်နက်ထုတ်လုပ်ရေးနယ်ပယ်တွင် အရေးပါသော နေရာဖြစ်ကြောင်း သူသိထားသည်။

သူတို့သုံးနေသည့် အဆင့်မြင့် လက်နက်များအားလုံး ထိုနေရာတွင် ထုတ်လုပ်၏။

ယခုတော့ ထိုဂူကို သန့်စင်ခြင်းဂိုဏ်းနှင့် ရုံးတော်မှ ဝိုင်းထားကြလေပြီ။

ယခုတော့ စမတိုက်ခိုက်ရသေးသော်လည်း အချိန်မရွေး ပေါက်ကွဲနိုင်သောကိစ္စဖြစ်နေ၏။

ထိုအခါ ကျောက်စိမ်းဂိုဏ်းအတွက် အကြီးအကျယ် ဆုံးရှုံးလိမ့်မည်။

လုတုံရွှမ် အံကြိတ်လျက်

“အခုထိတော့ အဲ့နေရာကို မတိုက်ခိုက်သေးပေမဲ့ ဂူကို အသင့်ဝိုင်းထားပြီ… သူတို့ပြောတာက အကြီးအကဲရှန်ကို လက်လွှဲပေးရင် ချက်ချင်း နောက်ပြန်ဆုတ်ပေးမယ်တဲ့”

“ယန်ချီယဲ့ကလည်း အကြီးအကဲ (၄) နဲ့ပေါင်းပြီး ဂိုဏ်းအကျိုးအတွက် အကြီးအကဲရှန်ကို စတေးခိုင်းဖို့ ပြောနေတယ်”

လုတုံရွှမ်မှ ဆက်၍

“ယန်ချီယဲ့ဘက်မှာ အကြီးအကဲ (၄)၊ (၇)၊ (၉) တို့ ရှိပေမဲ့ ကျွန်တော်တို့ဘက်မှာလည်း အကြီးအကဲချုပ်၊ အကြီးအကဲ (၅) နဲ့ (၈) တို့ ရှိပါသေးတယ်”

“အကြီးအကဲ (၃) နဲ့ (၆) ကတော့ တိတိကျကျ မဆုံးဖြတ်ဘဲ နေနေတယ်”

“ခေါင်းဆောင်လည်း အထင်အမြင်တွေ ဘာမှမပြောဘူး… ယန်ချီယဲ့တို့က သူ့စီနီယာဆိုတော့ စဉ်းစားရခက်မှာပေါ့”

“ဒီအခြေအနေကို ချိုးဖျက်ဖို့ ခေါင်းဆောင်က တစ်ခုတော့ ပြောတယ်… လွတ်နေတဲ့ရာထူး ခေါင်းဆောင်ငယ်နေရာအကြောင်းလေ”

“အကြီးအကဲရှန်ကို ခေါင်းဆောင်ငယ်နေရာ ထားဖို့ အကြံပေးနေတာ… ဒီရာထူးနဲ့ဆိုရင် ဂိုဏ်းက ဘယ်လိုဖြစ်ဖြစ် ကာကွယ်ရတော့မှာလေ”

“ဒါပေမဲ့ ယန်ချီယဲ့တို့အဖွဲ့က ငြင်းတာပေါ့”

“လက်ရှိအခြေအနေက ကြာကြာထားလို့ မရဘူးလေ… အချိန်နဲ့အမျှ ဆုံးရှုံးမှုပိုကြီးရင် တပည့်တွေ၊ အလုပ်သမားတွေပါ ထိခိုက်လာလိမ့်မယ်… အဲ့အခါ အကြီးအကဲရှန်ကို လွှဲပြောင်းပေးဖို့ပဲ ဝိုင်းပြောကြမှာ”

ဟီထျန်းချောင်လည်း သက်ပြင်းချ၍

“ဟုတ်တယ် ဘာပဲဖြစ်ဖြစ် အကြီးအကဲရှန်ကို ဂရုစိုက်မှာ မဟုတ်ဘူး… သူတို့လုံခြုံရေးနဲ့ အကြီးအကဲရှန်ရဲ့ အသက်ကို လဲမှာပဲ”

ရှန်မို ပြုံးလျက်

“အဲ့ဒါတွေ စိုးရိမ်နေစရာမလိုဘူး ထင်ပါတယ်”

“ခေါင်းဆောင်ငယ်ဖြစ်လာဖို့က လွယ်လွယ်လေး”

ကျောက်ယောင်လု ခေါင်းကုတ်ရင်း

“ဂျူနီယာလေးရဲ့ အရည်အချင်းနဲ့ အမှတ်တွေက တော်ရုံ အကြီးအကဲတွေ မယှဉ်နိုင်တာ မှန်ပေမဲ့ အခုလောလောဆယ် အကြီးအကဲတွေကိုယ်တိုင် နှစ်ဖက် ကွဲနေတာလေ… အခုလိုအချိန်မှာ ဒီရာထူးရဖို့ကတော့ တော်တော် မဖြစ်နိုင်ဘူး… အဲ့အခြေအနေတစ်ခုက လွဲရင်ပေါ့”

သူ ဆက်မပြောရက်ပေ။

လုတုံရွှမ် ခဏစဉ်းစားပြီးနောက်

“ဟုတ်တယ်… အစောင့်အရှောက်က ထောက်ခံတာမျိုးမှ မဟုတ်ရင် မလွယ်ဘူး”

ဟီထျန်းချောင်လည်း သက်ပြင်းများသာချလျက် ပြောစရာစကားမရှိ ဖြစ်နေ၏။

အစောင့်အရှောက်မှာ မူလတည်ထောင်သူ ခေါင်းဆောင် ထွက်သွားပြီးတည်းက ဂိုဏ်းကိစ္စများ ဝင်မပါတော့ချေ။

သူ့စည်းမျဉ်းသူ ဖောက်၍ ရှန်မိုကဲ့သို့ လူငယ်ကို ထောက်ခံရန်မှာ တွေးပင်မတွေးရဲကြ။

လုတုံရွှမ်မှထပ်၍

“အကြီးအကဲရှန် အစောင့်အရှောက်နဲ့ ဆက်ဆံရေး ပြေလည်တာတော့ သိပါတယ်… ဒါပေမဲ့ အဲ့လောက်နဲ့တော့ မရသေးဘူးလေ”

ဟီထျန်းချောင်မှလည်း ခေါင်းငြိမ့်လျက်

“အကြီးအကဲရှန် ကျွန်တော်တို့ ပြောတာကို နားထောင်ပါနော်… အခုအချိန်ရတုန်း အရှေ့ပင်လယ်ကို မြန်မြန်ပြေးပါတော့”

ရှန်မို ရယ်မော၍ ရင်ထဲတွင်တော့ နွေးထွေးနေ၏။

သူ့စီနီယာများ သူ့အတွက် ဤမျှပြင်ဆင် စိတ်ပူပေးကြမည်ဟု မမျှော်လင့်ထားမိပေ။

ရှန်မို သူတို့ကို သေချာကြည့်၍ ခေါင်းယမ်းပြ၏။

“ဟင့်အင်း ကျွန်တော် ထွက်ပြေစရာမလိုပါဘူး”

“အစောင့်အရှောက်က ကျွန်တော့်ကို ခေါင်းဆောင်ငယ် နေရာအတွက် ထောက်ခံပေးလိမ့်မယ်”

ရှန်မို နှုတ်ဆက်ကာ ဟုန်ထိုက်တောင်တန်းဆီ ပျံသန်းသွားလေ၏။

ကျောက်ယောင်လု၊ လုတုံရွှမ်နှင့် ဟီထျန်းချောင်တို့ စွံ့အ၍သာ ကျန်ခဲ့ကြသည်။

“အဲ့ဒါ အစောင့်အရှောက်ရဲ့ဂူ ရှိတဲ့ဘက်မလား”

လုတုံရွှမ်မှ ဆို၏။

“ဂျူနီယာလေးမှာ ဝှက်ဖဲတစ်ခုခုရှိတာများလား”

“သူ့နောက် လိုက်သွားကြရအောင်”

ကျောက်ယောင်လုမှ အကြံပေးလေသည်။

ထို့နောက် လုတုံရွှမ်တို့လည်း ထောက်ခံကာ အမြန် လိုက်သွားကြတော့၏။

နဂါးဂူ။

မီးနဂါးကြီးမှာ သစ်ကိုင်းခြောက်လေးကို သွားကြားထိုးတံသဖွယ် သုံး၍ အေးအေးလူလူ ရှိနေသည်။ ကျောက်စိမ်းဂိုဏ်းတွင် ဖြစ်ပျက်နေသော ကိစ္စများကို ဂရုမစိုက်လှပေ။

“ရှန်မို ဒီတလော ဘာလို့မလာတာပါလိမ့်”

“မီးတောက်ဆေးတိုက်ထဲဝင်ရင်း သေသွားပြီများလား”

“ဟွန့်… လီကျန်ထောင်းသာ သူ့ကို အဲ့လိုသေခိုင်းရင် ကောင်းကောင်းဆုံးမပစ်ဦးမယ်”

ထိုစဉ် ဂူဝင်ပေါက်တွင် အလင်းတန်းတစ်ခု ကျရောက်လာ၏။

တပည့်များမှာ ရင်းနှီးနေသော ထိုပုဂ္ဂိုလ်အား ဦးညွှတ်၍ ဝင်ခွင့်ပေးလိုက်သည်။ သို့သော် အကြည့်များမှာတော့ လေးစားမှု၊ ကြောက်ရွံ့မှု၊ သနားမှုများ ရောထွေးနေ၏။

ရှန်မို ပြုံး၍ ခေါင်းငြိမ့်ပြကာ ဝင်လာခဲ့သည်။

“အစောင့်အရှောက်ရေ ကျွန်တော် လာတွေ့ပါတယ်”

မီးနဂါးကြီး အလွန်ဝမ်းသာသွား၏။

“မင်းရောက်လာပြီလား… ငါ အရမ်း သတိရနေတာ”

“ဒီကြားထဲ လီကျန်ထောင်းလည်းမလာ၊ ယဲ့ယန်လည်း မလာ၊ မင်းကလည်းပျောက်နဲ့ ငါ ဘယ်လောက်တောင် ပျင်းနေရလဲ”

“ပြောပါဦး မင်း မီးတောက်ဆေးတိုက်ထဲ ဝင်တာ အခြေအနေကောင်းလား”

“ငါ့အတွက် ရတနာတွေ ရလာလား”

“ဂိုဏ်းထဲမှာလည်း ရှုပ်နေတယ်ဆို… ဒါပေမဲ့ မစိုးရိမ်ပါနဲ့… ငါရှိနေသရွေ့ မင်းကို လက်ဖျားနဲ့တောင် မထိစေရဘူး”

မီးနဂါးကြီး ရယ်မော၍ ပြောနေ၏။

ရှန်မို ရင်ထဲနွေးထွေးသွားပြန်သည်။

ထို့နောက် ပြုံး၍ ပြောလိုက်၏။

“ရတနာလည်း ယူလာပါတယ်ဗျာ… လုံးဝ ထူးခြားတဲ့ အရာပဲ”

All Chapters