← Chapters

မင်းအသက်ကိုနုတ်ဖို့လာတာ

Vol. 7 Ch. 100

မင်းအသက်ကိုနုတ်ဖို့လာတာ

Vol. 7 Ch. 100

ရှန်မိုတစ်ယောက် သူ ခုနက တွေ့ခဲ့သူအားလုံး၏ ကံကြမ္မာစနစ်များကို ကြည့်ပြီးလေပြီ။

စုန်းချောင်ဖုန်မှာ လတ်တလောအခွင့်အရေး လုံးဝ မရှိသေးပေ။

ယာယီအားဖြင့် ယုံကြည်ထားနိုင်ပါသည်။

လျှိုယွမ်ဖုန်မှာတော့…

သူ့စကားများမှာ မာယာများ၏။

ချင်းရွှမ်ဂိုဏ်းအတွက်ဟု ဆိုသော်လည်း ရည်ရွယ်ချက်အမှန်မှာ ကျောက်မျက်ကျင့်စဉ်ကို ရရှိရန် ဖြစ်သည်။

[လတ်တလောအခွင့်အရေး: တစ်လအကြာတွင် တူ (၂) မျိုး၏ နည်းပညာကို နှင်းပျံဂိုဏ်းသို့ ရောင်းကာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) ထောင် ရရှိမည်။ အပြန်လမ်းတွင် ဆူးတောကို ဖြတ်ကာ အလွတ်တန်း ကျင့်ကြံသူများနှင့် တွေ့ဆုံပြီး ထိုအဖွဲ့ကို သတ်၍ အဝါအဆင့်ရတနာ အဆိပ်များကြားမှ နဂါးဖြူအမွေးကို ရရှိမည်]

“နဂါးဖြူအမွေး…”

ရှန်မို ခေါင်းယမ်းမိသည်။

သူ ထိုပစ္စည်းအကြောင်းမသ်၍ လေ့လာရပေဦးမည်။

သို့သော် အဝါအဆင့်ဖြစ်သောကြောင့် တန်ဖိုးကြီးလိမ့်မည်။

လျှိုယွမ်ဖုန်ကို မပေးနိုင်ပေ။

“လက်နက်ကြီးဂိုဏ်းက အရေးကြီးရတနာတွေကို ချင်းရွှမ်တောင်တန်းဂိတ်ကို ရွှေ့ပြီးပြီဆိုတော့ စာအုပ်တွေလည်း အဲ့မှာပဲ သွားကြည့်ရမယ်”

သူ ခဏစဉ်းစား၍ ချက်ချင်း ကျမ်းစာအဆောင်ဆီ ထွက်လာသည်။

နောက် (၅) ရက်အထိ ကျမ်းစာအဆောင်တွင်သာ မအိပ်မနား အလုပ်ရှုပ်နေ၏။

အဆောင်မှ တပည့်များ၊ ဝန်ထမ်းများမှာတော့ အလွန် အံ့ဩနေကြသည်။

အဆောင်လက်ထောက်အနေဖြင့် ပြုမူပုံမှာ ထူးဆန်းလှသည်။

ကျင့်ကြံခြင်း၊ ကျောက်မျက်လက်နက်များ လေ့လာခြင်း မဟုတ်ဘဲ စာအုပ်ဖတ်နေသည်လား။

အကြီးအကဲလီလည်း အံ့ဩနေသော်လည်း ပထမထပ်ကိုသာ စောင့်ကြပ်ရင်း ဂရုစိုက်ပေးနေ၏။

စုန်းချောင်ဖုန်မှာလည်း အလုပ်ကြိုးစား၍ လျှိုယွမ်ဖုန်အား စောင့်ကြည့်နေသောကြောင့် သူလည်း နေရကြပ်နေလေသည်။

(၅) ရက်အကြာတွင် ရှန်မို နောက်ဆုံးစာအုပ်ကို ပိတ်၍ သက်ပြင်းချလိုက်၏။

မစားမသောက်၊ မအိပ်ဘဲ နေသော်လည်း ပို၍ပင် လန်းဆန်းနေသေးသည်။

မြုတေဖွဲ့စည်းခြင်းအဆင့်တစ်ဦး၏ အကျိုးကျေးဇူးပင်။

“နဂါးဖြူအမွေး ရတနာက ရွှေအမြုတေ အင်အားတိုးဖို့ အကောင်းဆုံးထဲက တစ်ခုပဲ”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် တွေးနေသည်။

ထိုရတနာမှာ သူ့အတွက် အသင့်တော်ဆုံး ဖြစ်လေသည်။

ကျမ်းစာအဆောင်မှ ထွက်လာပြီးနောက် အကြီးအကဲလီနှင့် ပထမထပ်၌ တွေ့ကာ နှုတ်ဆက်ကြ၏။

မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံရေးအတွက် ဆူးတောကိုသွားမည့်အကြောင်း ရှင်းပြလေသည်။

အစက အကြီးအကဲလီ လိုက်သွားရန် တွေးသော်လည်း ရှန်မို ငြင်းလိုက်၍ မတတ်သာဘဲ နေခဲ့ရ၏။

သို့သော် ရှန်မို့တွင် အသက်ကယ်ကျောက်ပြားရှိ၍ ထွက်ပြေးနိုင်သောကြောင့် စိတ်ချထားလိုက်သည်။

…

လက်နက်ကြီးအဆောင်မှ ထွက်ကာ ရှန်မို သူ့နောက်သို့ လိုက်သည့်သူ မရှိမှန်း သေချာမှ ဆူးတောဆီသို့ ပျံသွား၏။

သူ ကြားထဲတွင် မရပ်မနားဘဲ ဆက်တိုက်ပျံသန်းရင်း မကြာမီ တောအုပ်ကြီးတစ်ခုကို တွေ့ရလေ၏။

တောအုပ်မှာ စိမ်းလန်းစိုပြေလှသည်။

သားကောက်များ၏ ဟိန်းဟောက်သံများကြောင့် တောရိုင်းကောင်များ ရှိနေမှန်းတော့ သိသာ၏။

ရှန်မို ဆူးတောအပြင်ဘက်မှ မြို့ငယ်လေးပေါ် သက်ဆင်းလိုက်သည်။

ထို့နောက် အစွယ်ပါသော အပြာရောင် မျက်နှာဖုံးအား ဝတ်ဆင်ရင်း လျှောက်လာ၏။

ထိုမြို့မှာ နှင်းပျံမြို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပါသည်။

ထို့ကြောင့် တစ်ယောက်ယောက် တွေ့သွားလျှင် ရှုပ်နိုင်၏။

မြို့ကိုဖြတ်သန်းလာရင်း ဈေးတစ်ခု ရောက်သောအခါ ပုံမှန်တွေ့နေကျအတိုင်း မြင်ရသည်။

ဈေးသည်များမှာ အော်ဟစ်လျက် အချို့လည်း ဆူးတောထဲဝင်ရန် အဖော်ညှိ၊ အဖွဲ့ဖွဲ့နေကြသည်။

မြို့မှာ အရမ်း မကျယ်လှသော်လည်း လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆောင်ကြာမြိုင်များအထိ ရှိ၏။

နှင်းပျံဂိုဏ်းတပည့်များ ကင်းလှည့်နေသည်ကိုလည်း တစ်ခါတစ်ရံ တွေ့ရသည်။

ရှန်မို လမ်းလျှောက်လာရင်း အနီးအနားမှ ကျင့်ကြံသူများ စကားပြောနေသည်ကို ကြားရ၏။

“မနေ့က မိန်းကလေးကို မြည်းလိုက်သေးလား။ အရမ်းမိုက်တယ်နော်။ အသားအရည်လေးက နူးညံ့ပြီး အသံလေးကလည်း ဆွဲဆောင်မှုရှိတယ်”

“ဒါပေါ့ အရမ်းကျေနပ်တယ်”

“ဒီနေ့ အဆင့်ပိုမြင့်တဲ့ထဲက တစ်ယောက်လောက် ရှာပြီး အဆိပ်နဂါးသခင်ကိုပါ ခေါ်ရမယ်”

ရှန်မို မျက်မှောင်ကြုတ်မိ၏။

အဆိပ်နဂါးအဖွဲ့၏ ခေါင်းဆောင်ဖြစ်ရမည်။

ထိုလူ (၂) ဦး၏ စနစ်ကံကြမ္မာအား အမြန် လှမ်းကြည့်လိုက်သည်။

ထို့နောက် ပို၍ပင် မျက်မှောင်ကြုတ်သွား၏။

သူတို့စကားအခြေအနေအရ ဆောင်ကြာမြိုင်မှ ပြန်လာပုံရသည်။

သို့သော် မြည်းခြင်းဟူသော စကားလုံးကြောင့် သာမာန် ပျော်ပါးခြင်းမဟုတ်ဘဲ ထူးဆန်းသလို ရှိ၏။

ရှန်မို ရွံ့ရှာစွာကြည့်၍ ရုတ်တရက် ထမေးသည်။

“အဆိပ်နဂါးက ဘယ်မှာလဲ”

ထိုလူ (၂) ဦး မှင်တက်ကာ သူ့ကို သေချာကြည့်၍

“မင်းက ဘယ်သူလဲ ငါတို့ဆရာဆီက ဘာလိုချင်လို့လဲ”

“သူ့ရဲ့ အသုံးမကျတဲ့ အသက်ပေါ့”

ကျင့်ကြံသူ (၂) ဦးမှာ အချင်းချင်းကြည့်၍ ရယ်မောရင်း လှောင်ပြောင်ရန် ပြင်လိုက်၏။

သို့သော် ရှန်မိုမှ ရုတ်တရက် ထရိုက်လိုက်သည်။

ဖြန်း!

ထိုလူ့ခေါင်းမှာ ၃၆၀ ဒီဂရီလည်ကာ အသက်ထွက်သွား၏။

ကျန်တစ်ဦး ဆက်မရယ်ရဲတော့ဘဲ ထိတ်လန့်စွာ ကြည့်နေသည်။

“ငါ့ကို အဆိပ်နဂါးဆီ ခေါ်သွားပေး”

ရှန်မို အေးစက်စက် ပြောလိုက်၏။

“ဟုတ် ဟုတ်ကဲ့။ ကျွန်တော့်နောက် လိုက်ခဲ့ပါ”

မကြာမီ ရှန်မိုတို့ အဆိပ်နဂါးရှိရာ အဆောက်အဦသို့ ရောက်လာသည်။

အနီးအနားတွင် တပည့်များပင် ကင်းမလှည့်ရဲဘဲ ရှင်းလင်းနေသည်။

ထိုအချိန်တွင် အဆိပ်နဂါးမှာ သာမာန်သေမျိုး အမျိုးသမီး (၂) ဦးကို ဖက်လျက် ထွက်လာ၏။

မိန်းကလေးများမှာ မျက်ရည်များရွှဲနေကြသည်။

သူတို့ဘေးတွင် ခြေတည်အဆင့် ကျင့်ကြံသူ (၆) ဦးရှိပြီး အားလုံး မျက်နှာထားတင်းတင်း ဖြစ်၏။

“ဆ ဆရာ… ဒီဆရာက ဆွေးနွေးစရာလေး ရှိလို့ပါတဲ့”

သူ ထိတ်လန့်စွာ မိတ်ဆက်ပြီးနောက် ချက်ချင်း ပြေးသွားတော့သည်။

သို့သော် ရှန်မို လက်ဖျောက်တီးလိုက်သောအခါ စိတ်ဝိညာဉ်စွမ်းအင်ကြိုးသည် ထိုလူ့နှလုံးသားကို ဖောက်သွားလေ၏။

အဆိပ်နဂါးလည်း မျက်မှောင်ကြုတ်လျက်

“ရာရာစစ ငါ့လူကို သတ်ရဲတယ်ပေါ့လေ”

ရှန်မို ကျန်လူအားလုံး၏ စနစ်ကံကြမ္မာကို ဖတ်ပြီးမှ တည်ငြိမ်စွာဖြင့်

“မင်းရဲ့ ရွံစရာအသက်ကို နုတ်ဖို့လာတာ”

“သူ့ကို ဖမ်းပြီး သတ်လိုက်ကြ”

သူ့စိတ်ထဲတွင်တော့ ထိုမျက်နှာဖုံးနှင့်လူမှာ အင်အားအလွန်ကြီးမှန်း ခံစားမိပါသည်။

All Chapters