မြို့ (၅) ခု ကျသွားပြီ
Vol. 17 Ch. 247
ဂူထဲတွင် မီးနဂါးကြီး လဲလျောင်းလျက် ရှိသည်။
အစိမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူတစ်ဦးသည် တင်ပျဉ်ခွေထိုင်ရင်း အရှိန်အဝါများ တောက်ပနေ၏။
အချိန်မှာ ရေအလျင်ကဲ့သို့ လျင်မြန်စွာ စီးဆင်းသွားပြီး (၁) ရက်၊ (၂) ရက်မှ (၆) လအထိ ကြာသွားသည်။
သူ့အရှိန်အဝါများမှာလည်း ခြေတည်ဝိညာဉ်အဆင့် ပြီးပြည့်စုံခြင်းအထိ ရောက်ရှိနေလေပြီ။
ကောင်းကင်ကျယ်မှာ ကြည်လင်၍ လေနုများ တိုက်ခတ်နေ၏။
မီးနဂါးကြီးမှ
“နောက်ဆုံးတော့ နိုးလာပြီပဲ… ငါ စောင့်ရတာ တော်တော် ပျင်းနေပြီ”
ရှန်မို မတ်တပ်ထရပ်ကာ ပြုံး၍
“ကျွန်တော့်ကို ကာကွယ်ပေးထားတာ ကျေးဇူးတင်ပါတယ် အစောင့်အရှောက်”
မီးနဂါး လက်ယမ်းပြ၍
“ကောင်လေး မင်းအနာဂတ်က တကယ် တောက်ပနေတာပဲ… ငါစောင့်ပေးရလို့ ပြဿနာ မရှိပါဘူး”
ရှန်မိုလည်း ရယ်မောကာ
“ကျွန်တော် ကျင့်ကြံတာ ဘယ်လောက် ကြာသွားလဲ”
မီးနဂါးကြီး ခဏစဉ်းစား၍
“အချိန်လား…အဲ့ဒါက အတိအကျတော့ မရေတွက်ထားမိဘူး… (၆) လလောက်တော့ ရှိမယ်… လီကျန်ထောင်း ငါ့ကိုလာတွေ့ရင်း မင်းအဆင့်တက်နေတာ မြင်တော့ စကားနည်းနည်းပဲ ပြောပြီး ပြန်သွားတတ်တယ်… ဪ တောင်ထိပ် (၁၀) က အဘိုးကြီးလည်း မင်းကို လာရှာသေးတယ်”
ရှန်မို မျက်ခုံးပင့်လျက်
“တောင်ထိပ် (၁၀) ကဆိုရင် အကြီးအကဲ ဝမ်မူရွှမ်လား… ကျွန်တော့်ကို ဘာလို့လဲ”
မီးနဂါး ခေါင်းကုတ်လျက်
“အဂ္ဂိရက်အကြောင်း ထင်တာပဲ… သေချာတော့ နားမထောင်မိဘူး”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“ဖြစ်နိုင်တယ်… ကျွန်တော် ပြီးရင် တောင်ထိပ် (၁၀) သွားလိုက်မယ်”
“သွားလေ ဒါပေမဲ့ ကတိပေးထားတာတော့ မမေ့နဲ့နော်… ဟိုနဂါးဥ ဝိုင်းရှာပေးဦး”
“ဘာမှစိတ်မပူနဲ့”
ရှန်မို ခပ်အေးအေးပြော၍ ထွက်သွား၏။
တောင်ထိပ် (၁၀)။
မျက်စိတစ်မှိတ်အတွင်း ရှန်မို တောင်ထိပ် (၁၀) သို့ ရောက်လာသည်။
ထင်ထားသည့်အတိုင်း ကျောက်စားပွဲဘေးတွင် လူအချို့ စုရုံးကာ လောင်းကစားပွဲကို ကြည့်နေသည်။
ကျောက်ယောင်လုသည်လည်း အရင်အတိုင်း ပွဲကို ဦးဆောင်နေ၏။
လာသမျှအကြီးအကဲတိုင်း အရှုံးနှင့်သာ ရင်ဆိုင်ရလေသည်။
ကျောက်ယောင်လု ရှန်မို့ကို သတိထားမိသွားပြီး လက်လှမ်းပြ၍
“ဪ ဂျူနီယာလေးပဲ… အဲ့မှာ ခဏစောင့်ဦးနော်… ဒီလူတွေကို ရှင်းလိုက်ဦးမယ်”
ရှန်မို ခေါင်းငြိမ့်ပြ၍ အနီးတွင် ထိုင်နေ၏။
မကြာမီ အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ခေါင်းငိုက်စိုက်ကျလျက် ထွက်သွားကြသည်။
ကျောက်ယောင်လုမှာ လောင်းကြေးများ သိမ်းရင်း ပျော်ရွှင်နေ၏။
ရှန်မို ချောင်းဟန့်ပြမှ ကျောက်ယောင်လု ပြန်သတိရကာ သူ့အနား ရောက်လာသည်။
“ဂျူနီယာလေး ဘာကိစ္စရှိလို့လဲ”
ရှန်မိုမှ မီးနဂါးပြောသည့်ကိစ္စအား ပြန်ပြောပြလိုက်သည်။
ကျောက်ယောင်လု ခေါင်းကုတ်ကာ
“ငါလည်း မသိဘူးလေ”
“ဒါပေမဲ့ သူ အခု ဘယ်မှာရှိနေလဲတော့ သိတယ်… လာ ငါ လိုက်ပြမယ်”
ထို့နောက် နှစ်ယောက်သား ဟုန်ထိုက်တောင်တန်းသို့ ပျံသန်းသွားကြလေ၏။
ထိုက်တောင်တန်းဒေသမှာ ကျောက်စိမ်းဂိုဏ်း လက်အောက်တွင်ရှိလေသည်။
ပျံသန်းသွားရင်း အောက်ဘက်တွင် မြို့အချို့ တွေ့ရကာ ရှန်မို လွမ်းဆွေးသလိုခံစားရ၏။
သူ တစ်သက်လုံး ကျင့်ကြံမှုဖြင့်သာ အချိန်ကုန်နေခဲ့၍ လူသားလောက၏ နွေးထွေးမှုနှင့် အတော်ကြာအောင် ဝေးကွာနေခဲ့သည်။
“အောက်က မြို့ (၄) ခုကို တွေ့လား… အနီရောင်ဒေသတွေက အကောင်းဆုံးပဲ… အဘိုးကြီးကလည်း အဲ့နေရာတွေ သွားလေ့ရှိတယ်”
“ငါတို့ လူခွဲပြီး ရှာကြတာပေါ့… မင်းရှာတွေ့ရင် ငါ့ကို အကြောင်းကြားလိုက်”
ထို့နောက် နှစ်ယောက်သား လမ်းခွဲ၍ ဆင်းသက်လိုက်ကြ၏။
ရှန်မိုလည်း အရှိန်အဝါဖုံးကွယ်ကာ သာမာန်ဝတ်ရုံ ပြောင်းဝတ်ထားလိုက်သည်။
သာမာန် မြုတေဖွဲ့စည်းခြင်းအဆင့်ပုံဖြစ်၍ လူစိတ်ဝင်စားခံရသည်လည်းမဟုတ်၊ တော်ရုံ အန္တရာယ်လည်း မကြုံရတော့ပေ။
ရှန်မို မြို့ထဲဝင်လာပြီး မကြာမီ ချီစုစည်းခြင်း ကျင့်ကြံသူအုပ်စုမှာ အချင်းချင်း တီးတိုးပြောဆိုနေကြသည်ကို ကြားရသည်။
“မြူခိုးဒေသမှာ အခြေအနေဆိုးနေပြီ… တစ်ရက်တည်းနဲ့ မြို့ (၅) ခု ရှင်းလင်းခံရတာ… တစ်ယောက်မှ မရှင်ဘူးတဲ့… အဲ့ဒါ နတ်ဆိုးဧကရာဇ်ကိုယ်တိုင် လှုပ်ရှားတာလို့ ပြောကြတယ်”
“တကယ်လား… မြူခိုးဒေသရဲ့ တပ်ဖွဲ့က နတ်ဆိုးတစ်သောင်းနယ်မြေကို မနိုင်ဘူးလား… ဘယ်လိုဖြစ်တာလဲ”
“အစတည်းကမှ မယှဉ်နိုင်တာ… ဒေသရဲ့ တစ်ဝက်လောက် ကျသွားပြီတဲ့”
“နတ်ဆိုးတစ်သောင်းနယ်မြေက ယုကျောက်ဒေသအထိ ကျူးကျော်လာမယ် ထင်လား”
“ပြောရတော့ ခက်တယ်… ငါတို့ စပြီး ပြင်ဆင်ထားမှဖြစ်မယ်”
ရှန်မို အကြည့်များ အေးစက်သွားသည်။
သူ သွေးစက်မှ ဝိညာဉ်စာချုပ်ကို ဖယ်ရှားစဉ်က ထိုစကားကို ပြန်မှတ်မိလာသည်။
ဤမျှလွယ်လွယ်ကူကူ ရှင်းလင်းပစ်မည်ဟု သူ မထင်ထားခဲ့မိ၍ ဖြစ်၏။
မြူခိုးဒေသမှာလည်း ထင်ထားသည်ထက် အားနည်းနေသည်။
ဒီပုံအတိုင်းဆိုလျှင် ယုကျောက်ဒေသအထိ ရောက်လာနိုင်၏။
ထို့နောက် သူ့ကံကြမ္မာအား စစ်ဆေးကြည့်လိုက်သည်။
[အနာဂတ်: (၁၅) နှစ်အကြာတွင် နတ်ဆိုးတစ်သောင်း နယ်မြေမှာ ယုကျောက်ဒေသအား သိမ်းပိုက်မည်။ ဂိုဏ်းများ ပျက်စီးကာ လီကျန်ထောင်း၊ ဝမ််မူရွှမ်၊ မီးနဂါးတို့၏ ကာကွယ်ပေးမှုကြောင့် ရှန်မို ကပ်သီကာ လွတ်သွားမည်။ သို့သော် နတ်ဆိုးဧကရာဇ်၏ အရှိန်အဝါ အရိပ်ကြောင့် အဆင့်မတက်နိုင်တော့ဘဲ အထီးကျန်၍ သေဆုံးမည်]
“မှန်နေတာပဲ…”
သူ သက်ပြင်းချမိ၏။
နတ်ဆိုးဧကရာဇ်၏အရိပ်မှာ သူ့တစ်ဘဝလုံးကို ခြောက်လှန့်နေတော့မည်။
သူ့အတွက် အချိန် (၁၅) နှစ်သာ ရ၏။
ရှန်မို အနီရောင်နေရာများကို ဆက်လျှောက်လာရင်း မကြာမီ ပေါင်ဒါနံ့ပြင်းပြင်းများ ရလာသည်။ အကွာအဝေးမှာ (၁၀) မိုင်မျှသာ ရှိလောက်၏။
ရှန်မို သတိထားရင်း အဆောက်အဦ၏ ဒုတိယထပ်သို့ တက်လာသည်။
အထဲတွင် အကြီးအကဲ ဝမ်မူရွှမ်သည် အဝတ် အနည်းငယ်သာ ဝတ်ထားသည့် မိန်းမငယ် (၂) ဦးကို ပန်းအစီအစဉ်များအကြောင်း ရှင်းပြနေသည်။
ရှန်မို စိတ်ပျက်လက်ပျက်ကြည့်ရင်း စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ချောင်းဟန့်အသံပေးလိုက်သည်။
သာမာန်လူများ မကြားနိုင်သော်လည်း အဆင့်မြင့် ကျင့်ကြံသူ အချင်းချင်းသာ သိ၏။
ဆံပင်ဖြူဖြူနှင့်လူ ထွက်လာပြီး
“ဪ ရှန်မို ဒီကို ဘာကိစ္စလဲ”
“အားနာလိုက်တာကွာ… ဒီမှာ ဆွေးနွေးတာ တန်းလန်းဖြစ်နေလို့ ခဏစောင့်ဦးနော်… ငါဆင်းလာခဲ့မယ်”
မကြာမီ လှေကားအောက်တွင် နှစ်ယောက် ဆုံမိလေ၏။
သို့သော် ဝမ်မူရွှမ်၏ လည်ပင်းနှင့် အဝတ်များတွင် နှုတ်ခမ်းနီရာများ၊ ရေမွှေးနံ့ပြင်းပြင်းများ စွဲကပ်နေသည်။