← Chapters

စီနီယာ အဆင်ပြေရဲ့လား

Vol. 19 Ch. 272

စီနီယာ အဆင်ပြေရဲ့လား

Vol. 19 Ch. 272

မကြာမီ မီးသားကောင်များ ရှောင်ပြေးသွားကြ၏။

ကျန်နေခဲ့သည်မှာ သွေးအိုင်ကြီးနှင့် အပိုင်းပိုင်း အစစ ပြဲနေသည့် အသားများ၊ အဝတ်များသာ ဖြစ်သည်။

ချောမောလှပသည့် အမျိုးသမီးမှာတော့ တော်တော် ကြာကြာတည်းက ပျက်စီးသွားလေပြီ။

ယန်ဝူယွမ်နှင့် ယဲ့ယန်တို့ ရှန်မိုအား မော့ကြည့်မိ၏။

ထို့နောက် ဖျန်းခနဲ ကြက်သီးထသွားကြသည်။

ကြောက်ခြင်းလား။

လေးစား၍လား။

နှစ်ခုစလုံးကြောင့် ဖြစ်နိုင်၏။

လုတုံရွှမ် ရုတ်တရက် ရှေ့တိုးလာပြီး ရှန်မိုအား ဖက်လိုက်သည်။

“ဂျူနီယာလေး အရမ်းတော်တာပဲကွာ”

“ငါ့အသက်ကို ကယ်ခဲ့တာပဲ”

“မင်း ဘာလိုချင်လဲ အကုန်ပြောကွာ”

“မီးတောက်သေရည် ရှိတာပဲ… အဲ့ဒါပဲ ပြန်ပေးရမလား”

“…”

ရှန်မို စွံ့အသွား၏။

“စီနီယာ အဆင်ပြေရဲ့လား”

ရှန်မိုပြုံးကာ ပြန်မေးသည်။

“ဟားဟားဟား တကယ်ပါပဲ… ငါ ခုနက တကယ် သေတော့မယ်ထင်နေတာ… ကမ္ဘာပေါ်မှာ မသောက်ရသေးတဲ့ သေရည်တွေအများကြီး ရှိသေးတယ်လို့ တွေးမိရင် ကြောက်စရာကြီး”

“မင်းရှိလို့ တော်သေးတာပေါ့”

ဟီထျန်းချောင်တို့လည်း ရှေ့တိုးလာကြပြီး ဦးညွှတ်ကြ၏။

“အကြီးအကဲရှန် ကျေးဇူးတင်ပါတယ်ဗျာ”

ထို့နောက် အခြားအကြီးအကဲများပါ လာရောင် အရိုအသေပေးကြလေသည်။

တချို့မှာ ရှန်မိုထက် အဆင့်မြင့်သော်လည်း၊ အသက်ပိုကြီးသော်လည်း ကျေးဇူးတင်လွန်း၍ ထိုသို့ ပြုမူခြင်းဖြစ်သည်။

ထိုအခါ ယန်ဝူယွမ်နှင့် ယဲ့ယန်တို့ ပို၍ မျက်နှာပျက်လာ၏။

သူတို့အတွက် သတင်းကောင်းတော့ မဟုတ်ပါ။

တောင်ထိပ် (၁၀) ၏ ဂုဏ်သိက္ခာမှာ ထိပ်တန်း ရောက်သွားလိမ့်မည်။

“အကြီးအကဲတို့အားလုံးက ကျွန်တော့် စီနီယာတွေပါ… ဒီလိုတွေလုပ်ဖို့ မလိုပါဘူး”

ရှန်မို ဦးပြန်ညွှတ်ကာ ပြော၏။

သူ့အမူအရာမှာ ဘဝင်မြင့်မာန်တက်နေပုံ မပေါ်ပါ။

အကြီးအကဲများအနေဖြင့် သူ့ကို ရှားပါးထူးချွန်သူအဖြစ် လက်ခံကြလေသည်။

ထို့နောက် နားနေဆောင်ထဲ၌ ရပ်နေသော ယဲ့ယန်ကို လှမ်းကြည့်မိ၏။

သူ့အမည်းစက်ကိုလည်း ပြန်တွေးမိသည်။

လျှိုရူယွန်းကိုယ်တိုင် ရှန်မိုမှ မီးနဂါးများကို သတ်၍ ဟီထျန်းချောင်အား ကယ်ခဲ့သည်ဟု ပြောလေသည်။

ဤသည်မှာ ယဲ့ယန်ပြောသည်နှင့် ကွဲလွဲနေသောကြောင့် အဖြေမှာ မည်သူလိမ်နေမှန်း ရှင်းနေပြီ။

“ဘာလို့ ရပ်နေကြတာလဲ… မီးသားကောင်တွေ အမိန့်နာခံပြီး ငြိမ်နေတုန်း ငါတို့ လှုပ်ရှားရမယ်မလား”

လုတုံရွှမ် အားရပါးရ ရယ်မောကာ ပြောလိုက်၏။

မှန်ပါသည်။

မီးသားကောင်အမြုတေမှာ အလွန်ရှားပါးသော ရတနာဖြစ်၏။

ပုံမှန်အားဖြင့် ထိုကဲ့သို့ အင်အားကြီးသားကောင်များ တွေ့လျှင် ထွက်ပြေးရပါသည်။

ယခုတော့ မီးသားကောင်များမှာ ငြိမ်သက်နေ၍ အလွယ်တကူ အခွင့်အရေးယူရုံသာ ရှိသည်။

အကြီးအကဲများ တက်ကြွစွာဖြင့် စတင် သတ်ဖြတ်ကာ အမြုတေများ ယူကြ၏။

သို့သော် မီးနဂါးများကိုတော့ ရှောင်လေသည်။

ရှန်မို ထိုအပြုအမူကိုကြည့်၍ သဘောပေါက်သွား၏။

“ဒီလူတွေကတော့ နှစ်ပေါင်းရာနဲ့ချီပြီး နေခဲ့မှန်း သိသာတာပဲ”

သူ စိတ်ထဲမှ တွေးမိသည်။

“ဘယ်လိုမျိုး ပြုမူရမလဲ သိသားပဲ”

မီးနဂါးများတွင် နတ်ဆိုးအမြုတေများ ရှိရန် အခွင့်ပိုများ၏။

သို့သော် လောဘမကြီးဘဲ တမင် ချန်ထာရပေးကြသည်။

မည်သို့ပင်ဖြစ်စေ ရှန်မို့ဆေးမှုန့်ကြောင့် အောင်မြင်သွားခဲ့ခြင်း ဖြစ်၏။

ရှန်မို နားနေဆောင်ထဲ လှမ်းကြည့်မိသည်။

အထဲတွင် ယန်ဝူယွမ်၊ ယဲ့ယန်နှင့် တောင်ထိပ် (၂) မှ အကြီးအကဲ (၃) ဦးတို့ ရှိနေသည်။

အားလုံး အပြင်ဘက်တွင် ရတနာရှာနေချိန် သိက္ခာထိန်း၍ ငြိမ်နေ၏။

သို့မဟုတ် ကြောက်၍လည်း ဖြစ်နိုင်သည်။

ထိုထဲတွင် လောဘကြီးသည့် အကြီးအကဲတစ်ဦး ပါသော်လည်း ယန်ဝူယွမ်တို့ကြောင့် မလှုပ်ရဲပေ။

ရှန်မို ခပ်ပြုံးပြုံးဖြင့် မီးနဂါးများထံ လျှောက်သွားကာ ဗိုက်ကို ခွဲ၍ ရတနာများ ထုတ်ယူလေသည်။

ထိုစဉ် လူ (၂) ယောက် ရောက်လာကြသည်။

အားလုံး သေချာ လှမ်းကြည့်မှ အကြီးအကဲ (၃) နှင့် (၇) တို့ ဖြစ်၏။

သူတို့၏ အဖိုးတန်အဝတ်အစားများ စုတ်ပြဲကာ အသားအရည် အချို့နေရာများလည်း မီးကျွမ်းနေသည်။

သို့သော် နားနေဆောင်အနီးမှ မီးသားကောင်အလောင်းများကို တွေ့ပြီး မှင်တက်နေ၏။

အကြီးအကဲ (၃) မှ

“မင်း… မီးသားကောင်တွေကို တကယ်ရှင်းလိုက်တာလား”

အကြီးအကဲ (၇) လည်း စိုးရိမ်တကြီး အမြန်မေးလေသည်။

“ယဲ့ယန်နဲ့ ယန်ဝူယွမ်ရော ဘေးကင်းရဲ့လား”

ထိုအခါမှ ယန်ဝူယွမ်တို့ ရှေ့ထွက်လာပြီး မျက်နှာငယ်ဖြင့် ခေါင်းငြိမ့်ပြ၏။

သူတို့ မီးတောက်ဆေးတိုက်ထဲ မဝင်ခင်က ယန်ချီယဲ့ကိုယ်တိုင် သူ့ကို စောင့်ရှောက်ရန် မှာလိုက်သည်။

သူတို့သာ တစ်ခုခုဖြစ်လျှင် ယန်ချီယဲ့ကို မည်သို့ မျက်နှာပြနိုင်တော့မည်နည်း။

အကြီးအကဲ (၇) မှ

“ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ… အသေးစိတ် ပြောစမ်း”

ယန်ဝူယွမ် ငြိမ်နေ၏။

အကြီးအကဲ (၃) လည်း နားမလည်နိုင်စွာဖြင့် လုတုံရွှမ်အား ကြည့်ကာ

“မင်း ပြောစမ်းပါဦး”

လုတုံရွှမ် ခပ်ပြုံးပြုံးဖြင့် ရှင်းပြလိုက်သည်။

ထိုအကြောင်းများ ကြားသောအခါ အကြီးအကဲ (၂) ဦး နှလုံးရပ်မတတ် ဖြစ်သွားကြသည်။

“ဘယ်လိုဖြစ်တာလဲ… သစ္စာဖောက် လျှိုရူယွန်းရော ဘယ်ရောက်သွားလဲ… မီးသားကောင်တွေက အကုန် ဘယ်လိုသေသွားကြတာလဲ”

အကြီးအကဲ (၃) ထပ်မေး၏။

လုတုံရွှမ် ရယ်မောကာ ရှန်မို့ပုခုံးကိုဖက်၍

“ကျွန်တော့်ဂျူနီယာလေးကြောင့်ပေါ့”

“မီးသားကောင် ထိန်းချုပ်ဆေးမှုန့်ကို ကံကောင်းပြီး ရှာတွေ့သွားတယ်လေ”

“လျှိုရူယွန်းကတော့ မီးသားကောင်တွေ ပြန်တိုက်ခိုက်တာခံရပြီး ပျက်စီးသွားပြီ”

အကြီးအကဲ (၃) မျက်လုံးပြူးသွားပြီး

“မီးသားကောင် ထိန်းချုပ်ဆေးမှုန့်လား”

သူ မှင်တက်နေ၏။

ရှန်မို ခေါင်းငြိမ့်ပြကာ

“ကံကောင်းသွားလို့ပါ… ဒါပေမဲ့ အခုတော့ အကုန် သုံးလိုက်ပြီးပြီ”

အကြီးအကဲ (၃) သက်ပြင်းချ၍

“နှမျောစရာပဲ… ဆင်တူလေး ပြန်လုပ်ချင်သေးတာကို”

ထိုစဉ် အကြီးအကဲ (၇) မှ အသံမာမာဖြင့်

“လျှိုရူယွန်းကို ဘာလို့ သတ်လိုက်တာလဲ”

“သူ့ကို အသက်ရှင်အောင်ထားဖို့ အရေးကြီးတယ်လေ”

“ရုံးတော်နဲ့ ညှိနှိုင်းလို့လည်း ရနိုင်တယ်”

All Chapters