ရှန်မို့ကိုပေးရင် အားလုံး အသက်ရှင်မယ်
Vol. 21 Ch. 314
နတ်ဆိုးဧကရာဇ်တစ်ဦးကို နတ်ဘုရားပြောင်းလဲခြင်း အဆင့်တစ်ဦးသာ ထိပ်တိုက်တွေ့နိုင်သည်။
ခြေတည်ဝိညာဉ်အဆင့်များစွာ ရှိနေလျှင်ပင် သက်ရောက်မှုမကြီးလှပေ။
ထို့ကြောင့် ယခုလိုမြေအဆင့် အကာအကွယ်မှာ တစ်ဖက်အဖွဲ့အတွက် ပို၍ပင် ရယ်စရာဖြစ်နေတော့၏။
ကျောက်စိမ်းပင်လယ်မြို့ထဲတွင် အလန့်တကြား ရှုပ်ထွေးနေကြသည်။
အချို့လည်း အလွန်ကြောက်ရွံ့လွန်းကာ အားနည်း၍ မူးလဲကုန်သည်။
အချို့မှာ ဆီးမထိန်းနိုင်ဘဲ ထွက်ကျသည်လည်း ရှိ၏။
ရှန်မိုမှလွဲ၍ မူယုံးယွဲ့၊ ဟီထျန်းချောင်တို့ပင် မျက်နှာတွင် သွေးမရှိတော့သလို ဖြူလျော်နေသည်။
“နတ်ဆိုးဧကရာဇ်အဆင့်…”
မူယုံးယွဲ့ မှင်တက်နေ၏။
“သူတို့ကို မြင်ဖူးတယ်… ဘယ်ဘက်က နတ်ဆိုးနယ်မြေက မင်းသား (၄) ယွမ်ခုန်း… ညာဘက်က နဂါးနန်းတော်က မင်းသား (၂) အောင်းရှန်ပဲ… နဂါးနန်းတော်က ဘယ်လိုလုပ် ဝင်ပါလာတာလဲ”
ဟီထျန်းချောင် အံကြိတ်ကာ ပြော၏။
ရှန်မို တည်ငြိမ်စွာပင်
“ဘာလို့ဖြစ်ရမလဲ… အကျိုးအမြတ်ကြောင့်ပေါ့”
“ကျွန်တော်တို့ချည်းပဲဆိုရင်တော့ သူတို့ (၂) ယောက်ကို ယှဉ်မတိုက်နိုင်ဘူးနော်”
“ခေါင်းဆောင်ငယ် ကျွန်တော်တို့ ကာကွယ်ပြီး ထွက်ပြေးလို့ရအောင် လုပ်ပေးပါမယ်”
“ခေါင်းဆောင်ငယ် အရေးအကြီးဆုံးပဲ… ဂိုဏ်းကို မြန်မြန် ပြန်ပြေးပါတော့”
မူယုံးယွဲ့ နှုတ်ခမ်းလေးကိုက်လျက် ရှန်မို့ကို လှမ်းကြည့်နေသည်။
သူ နေခဲ့၍ ရှန်မို့ကို ထွက်ပြေးစေချင်နေမှန်း သိသာလှသည်။
ရှန်မို ခေါင်းယမ်းပြ၏။
“ဒီနေ့တိုက်ပွဲကို ကျွန်တော် ကြိုတွေးမိလို့ ပြင်ဆင်ထားပြီးသားပါ”
“အဆောင်သခင်ဟီရော၊ ဆရာမရော ဘာမှ စိတ်မပူနဲ့နော်”
သူတို့ အံ့ဩသွားကြ၏။
အစီအစဉ်လား။
သို့သော် ခြေတည်ဝိညာဉ်အဆင့်နှင့် နတ််ဘုရားပြောင်းလဲအဆင့်တို့မှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလွန်းသည်။
မည်သည့်အစီအစဉ်က တတ်နိုင်မည်နည်း။
ဟီထျန်းချောင် ငြင်းရန်ပြင်လိုက်စဉ် မူယုံးယွဲ့မှ စပြောလိုက်၏။
“မင်းကို ယုံပါတယ်”
“ချင်းရွှမ်ဂိုဏ်းမှာတည်းက ယုံခဲ့တယ်”
ဟီထျန်းချောင်မှာတော့ ယခုအချိန်တွင် ယုံကြည်မှုမှာ အရေးမကြီးဟု ထင်၏။
ရှန်မို မူယုံးယွဲ့လက်ကို ဆုပ်ကိုင်ထားသည်။
“ဆရာမ စိတ်ချလက်ချသာ ယုံလိုက်”
“အဆောင်သခင်ဟီလည်း မစိုးရိမ်နဲ့နော်”
သူ အံကြိတ်ကာ
“ဟုတ်ကဲ့ပါ… ဒါပေမဲ့ ကျွန်တော် တစ်ခုလောက် ထပ်ပြောပါရစေ… မင်း အခုထိ ထွက်ပြေးဖို့ အချိန် ရှိသေးတယ်နော်”
သူ အတော်လေး စိတ်ရှုပ်ထွေးနေမှန်း သိသာ၏။
ရှန်မို့ကို ခေါင်းဆောင်ငယ်ဟု မတပ်နိုင်တော့ဘဲ မင်းဟု အလွယ်သုံးမိနေသည်။
ရှန်မို ပြုံး၍သာ ငြိမ်နေ၏။
ဟီထျန်းချောင်ကို အပြစ်မမြင်ပါ။
သူ အဆင့်တက်ထားမည်ဟု မည်သူက ထင်မည်နည်း။
ယုကျောက်နှင့် ကျင်းနိုင်ငံတစ်ခုလုံးတွင် ဤမျှ ငယ်ရွယ်သော နတ်ဘုရားပြောင်းလဲခြင်းအဆင့် မရှိဖူးပေ။
…
ပင်လယ်ပြင်ထက်တွင်။
ယွမ်ခုန်းနှင့် အောင်းရှန်တို့ ကျောက်စိမ်းပင်လယ်မြို့ဘက်သို့ လှမ်းကြည့်နေသည်။
အပြာရောင်လက်နေသည့် အကာအကွယ်ကိုကြည့်ကာ ယွမ်ခုန်း မျက်ခုံးပင့်မိ၏။
“စိတ်ဝင်စားစရာပဲ… ကျောက်စိမ်းပင်လယ်မြို့က ကြိုပြင်ထားတယ်ပေါ့”
အောင်းရှန် ရယ်မောကာ
“အဲ့တော့ ဘာထူးမှာမို့လို့လဲ… သေမှာက သေမှာပဲလေ… ဒီလောက် အကာအကွယ်လေးနဲ့ ငါတို့ကို တားနိုင်မယ် ထင်နေလား”
“ဒါပေါ့ဗျာ”
“သူတို့ဆီမှာ နတ်ဘုရားပြောင်းလဲအဆင့် မရှိရင် မြို့က ငါတို့အပိုင်ပဲ”
“ကျောက်စိမ်းဂိုဏ်းက အဆင့်မြင့်တွေကလည်း သံကျောက်ဂူမှာ သန့်စင်ခြင်းဂိုဏ်းနဲ့ တိုက်ခိုက်နေတယ်”
“ကျန်တဲ့ နည်းနည်းပါးပါးဆိုတာကလည်း ကျင့်ကြံမှုတွေနဲ့ ရှုပ်နေလို့ လာမှာမဟုတ်ဘူး”
“အခုမှ အစပဲရှိသေးတယ်”
သူ ကျောက်စိမ်းဂိုဏ်းကို စိတ်ထဲပင် မထည့်ချေ။
အောင်းရှန်လည်း သူ့စကားများကို သဘောတူ၏။
ထို့နောက် တစ်ခုတွေးမိကာ ရယ်မောလျက်
“ဒါနဲ့ နဂါးမျိုးနွယ်က လူသားတွေနဲ့ အရောင်းအဝယ်တွေ ရှိတာ သိထားတယ်မလား”
ယွမ်ခုန်း ခေါင်းငြိမ့်ပြ၏။
“ဒါပေါ့… အရောင်းအဝယ်တင် မကဘူး… လူသားတွေ စုနေတာပါ သိတယ်”
အောင်းရှန် ရယ်မောကာ
“မင်းကိုတော့ ဘာမှမဖုံးနိုင်ဘူးပဲ”
“ဒီတလောကမှ သတင်းတစ်ခု ရထားတယ်”
ယွမ်ခုန်း ရယ်မော၍
“ပြောပါဦး”
အောင်းရှန် ကျောက်စိမ်းပင်လယ်မြို့ကို လက်ညှိုးထိုး၍
“ရှန်မိုက အဲ့ဘက်မှာ ရှိနေတယ်လေ”
သူ ရှန်မို့ကို တစ်ခါမှ မတွေ့ဖူးသော်လည်း မင်းသား (၉) သေဆုံးမှုကြောင့် ထူးချွန်သူဖြစ်ကြောင်း သိထားလေ၏။
ရှန်မို့ကိုသတ်ရန် အင်အားအာရုံစိုက်အရေး ကုမင်ကိုပင် မကြာခဏ အကြံပေးဖူးသည်။
သို့သော် ရှန်မို့ကို တောက်လျှောက် မတွေ့ခဲ့ရပေ။
ဤသို့ဖြင့် စောင့်ကြည့်ရင်း သူ လူဝံနတ်ဆိုးဧကရာဇ်အဆင့် တက်သွားသောအခါ မနာလိုစိတ်များလည်း ပျောက်သွားတော့၏။
အချိန် (၅) နှစ် ခဏအတွင်းကုန်ကာ စစ်ပွဲကြီး စနေလေပြီ။
ထို့အပြင် ရှန်မိုလည်း ကျောက်စိမ်းပင်လယ်မြို့ထဲ ရောက်နေ၏။
“ရှန်မိုက တကယ့်ရှားပါး ပါရမီရှင်ပဲ… သူ ဂိုဏ်းထဲက တောင်တစ်ခုခုမှာ ပုန်းနေမယ် ထင်ထားတာ… ပထမဆုံးပွဲမှာတင် ထိပ်တိုက်တွေ့ရမယ်လို့ မတွေးထားမိဘူး”
ယွမ်ခုန်းလည်း ပြုံးမိ၏။
အောင်းရှန် နှာခေါင်းရှုံ့ကာ
“တောင်ပင်လယ်ဘုရင်ကတောင် သူ့ကို ခဏခဏ ချီးကျူးဖူးတယ်… ပြိုင်စံရှား ပါရမီရှင်ဆိုပြီး… ဆက်ဆံရေးတိုးတက်အောင် စီစဉ်ဖို့လည်း လုပ်ဖူးတယ်”
“အခုတော့ ကျောက်စိမ်းပင်လယ်မြို့အောက် အမြှုပ်ခံရတော့မယ်”
ယွမ်ခုန်း ရယ်မောကာ
“အစ်ကိုရှန်ကတော့ တော်တော်ရန်ငြှိုးကြီးတာပဲ”
အောင်းရှန် မြို့ရိုးကို လက်ညှိုးထိုးကာ
“ဟိုမှာကြည့်… ငါတို့ ဘာမှမလုပ်ရသေးဘဲနဲ့တောင် ကြောက်ဒူးတုန်နေကြပြီ”
“ခဏနေ သူတို့ဘာသာ အညံ့ခံလာကြလိမ့်မယ်”
“ဟားဟားဟား… ရှန်မို့ကို လွှဲပေးရင် အသက်ရှင်ခွင့်ပေးမယ်သာ ပြောလိုက်ရင် သူတို့ ဘယ်လိုလုပ်မယ် ထင်လဲ”
“လူသားတွေဆိုတာ သူတို့အသက်ရှင်ဖို့ ဘာမဆို လုပ်လိမ့်မယ်”
“ဒါနဲ့ ခုနက မြို့ထဲမဝင်ခင် လူသားတွေအကုန် သတ်ပစ်မယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား”
အောင်းရှန်မှ
“ငါက သူတို့လို ငတုံးမှမဟုတ်တာ… ရှန်မိုနဲ့ မျှော်လင့်ချက်ပေးပြီးမှ အကုန် ရှင်းပစ်မှာပေါ့”
“သူတို့ရဲ့ ပြောင်းလဲတတ်တဲ့စိတ်ကို ကြည့်ချင်သေးတယ်”
“ရှန်မိုလည်း ဘယ်လိုလူ ဖြစ်မလဲမသိဘူး”
ယွမ်ခုန်း ခေါင်းငြိမ့်ပြ၍
“ရက်စက်မှုမှာဆိုရင်တော့ မင်းသား (၂) ကို ကျွန်တော် မနိုင်တော့ပါဘူးဗျာ”
အောင်းရှန်လည်း ရယ်မောရင်း ပိုစိတ်လှုပ်ရှားလာ၏။
ထို့နောက် ကောင်းကင်တွင် ပျံဝဲသွားပြီး မြို့ကြီးကို ခြုံငုံကြည့်လိုက်သည်။
လူသားများမှာ ကောင်းကင်ပေါ်မှ သူ့ကိုကြည့်၍ ပိုလန့်ဖျပ်နေ၏။
ခြေလက်များ တုန်ရီကာ မတည်မငြိမ်ဖြစ်နေသည်။
အောင်းရှန် မိုးကြိုးကဲ့သို့ ကျယ်လောင်တည်ငြိမ်သော အသံဖြင့်
“ကျောက်စိမ်းပင်လယ်မြို့သားတို့ သေချာနားထောင်ပါ… ငါက နဂါးနန်းတော်ရဲ့ မင်းသား (၂) အောင်းရှန်”
“မင်းတို့ကို သက်ညှာတဲ့အနေနဲ့ ကျောက်စိမ်းဂိုဏ်း ခေါင်းဆောင်ငယ် ရှန်မို့ကို လွှဲပေးလိုက်ပါ… ဒါဆိုရင် အားလုံး အသက်ရှင်ခွင့်ပေးမယ်”