← Chapters

အချင်းချင်း ဘယ်လိုခေါ်ရမလဲ

Vol. 21 Ch. 301

အချင်းချင်း ဘယ်လိုခေါ်ရမလဲ

Vol. 21 Ch. 301

မီးတောက်လှံကြီး ရုတ်တရက် ပေါ်လာသောကြောင့် မင်းသား (၉) နှင့် စစ်သည်တို့ အလွန်ထိတ်လန့်သွားကြသည်။

လှံအတွင်းမှ စွမ်းအင်ကြီးကိုလည်း အရည်ပျော်မတတ် ခံစားရသည်။

ကျောက်ယောင်လုပင် မှင်တက်နေမိ၏။

မီးတောက်လှံမှ ထူးခြားသော မီးတောက် (၂) မျိုးကို ထင်ထင်ရှားရှား ခံစားမိသည်။

ရှန်မို ဘယ်တုန်းက မီးတောက် ဒုတိယပုံစံကို ထိန်းချုပ်နိုင်သွားတာလဲ။

ပိုအံ့ဩရသည်မှာ မီးတောက်၏ ခံနိုင်ရည်အား ဖြစ်၏။

ပုံမှန်အားဖြင့် ထိန်းချုပ်ရန်ခက်ခဲသော မီးတောက်ကို ခန္ဓာကိုယ်ထဲ၌ (၂) မျိုး ပေါင်းစည်းထားသည်။

ဤအခြေအနေမှာ လုံးဝ မထင်ထားလောက်အောင်ပင်။

ရှန်မို မီးတောက် (၂) ခုကြားက အခြေအနေကို ဘယ်လို ညှိလိုက်တာလဲ။

“ငါ့ကို ကာကွယ်ပေး… မြန်မြန် ကာကွယ်ပေး”

မင်းသား (၉) ကြောက်လန့်တကြား အော်ဟစ်နေသည်။

ယခုတိုက်ခိုက်မှုတွင် သေချာပေါက် မရှင်သန်နိုင်တော့မှန်း သိနေလေ၏။

ခြေတည်ဝိညာဉ်အဆင့် လူသားများမှာ ခန္ဓာကိုယ် ပျက်စီးလျှင်ပင် ဝိညာဉ်ထွက်ပြေး၍ အခွင့်အရေးရလျှင် ခန္ဓာကိုယ် ပြန်တည်ဆောက်နိုင်သည်။

သို့သော် နတ်ဆိုးမျိုးနွယ်၌ ခန္ဓာကိုယ် သေဆုံးခြင်းမှာ အဆုံးသတ်ပင်။

စစ်သည်မှာ အံကြိတ်၍ သူ့တာဝန်ကို နားလည်လိုက်၏။

“ကျွန်တော့်အနောက်မှာ နေ”

“ကျွန်တော့်အသက်ကို ရင်းပြီး ကယ်ပေးပါမယ်”

စစ်သည်လေး အသက်ဝအောင်ရှူပြီးနောက် သွေးများ စိမ့်ထွက်လာသည်။

ပါးစပ်နှင့် နှာခေါင်းမျှသာမက တစ်ကိုယ်လုံး ရှိသမျှ အပေါက်များအားလုံးမှ စီးကျလာခြင်း ဖြစ်သည်။

မင်းသား (၉) သည် သူ့အနောက်တွင် အတတ်နိုင်ဆုံး ကိုယ်ကိုကျုံ့၍ ပုန်းနေ၏။

ထိုအချိန်တွင် ကြီးမားလွန်းသော သူ့ခန္ဓာကိုယ်ကြီးအား နောင်တရမိသည်။

ငါ ဘာလို့ ဒီထက်ပိုမသေးတော့တာလဲ။

“ငရဲသွေး အကာအကွယ်”

စစ်သည်မှ အော်၍ သွေးများခဲကာ ဒိုင်းကြီးတစ်ခုအဖြစ် သူနှင့် မင်းသား (၉) တို့ကို ကာရံထား၏။

အင်အားကြီး၍ ထွားကျိုင်းခဲ့သော ထိုစစ်သည်မှာ ယခုအခါ အရိုးပေါ်အရည်တင်၍ ရှုံ့တွနေသည်။

ကျောက်ယောင်လု လှမ်းကြည့်ရင်း ခေါင်းယမ်းမိ၏။

သူ ဝူကျောက်ဒေသတွင် နတ်ဆိုးများနှင့် တိုက်ပွဲများစွာ ဆင်နွှဲဖူးသောကြောင့် အတွေ့အကြုံများ ရှိနေလေပြီ။

မင်းသား (၄) ၏တပ်များ ရုတ်တရက် တိုက်ခိုက်သည့် ပွဲတွင် သူကိုယ်တိုင် မင်းသား (၄) ကို သတ်နိုင်မည်အထိ ဖြစ်ခဲ့၏။ နောက်ဆုံးအချိန်မှ စစ်သည်တစ်ဦး ပေါ်လာပြီး ကယ်သွား၍ အခွင့်အရေး လွတ်သွားရသည်။

ယခုလိုပင် အသက်စွန့်၍ ငရဲသွေးအကာအကွယ်ဖြင့် မင်းသား (၄) ကို ကယ်ခဲ့ခြင်း ဖြစ်၏။

ထိုအကာအကွယ်သည် အလွန်ပြင်းထန်သောကြောင့် သူ မတတ်သာဘဲ လွှတ်ပေးလိုက်ရ၏။

တိုက်ကွက်၏ အဖိုးအခမှာလည်း ကြီးသည်။

ခန္ဓာကိုယ်ရှိ သွေးအားလုံးအပြင် အရိုးများ၊ ကိုယ်တွင်းအင်္ဂါများထဲမှ ခြင်ဆီများအထိ ညှစ်ထုတ်ရသောကြောင့် အသက်ရှင်လျှင်ပင် အလောင်းတစ်ခုကဲ့သို့ ပြန်လည် မကောင်းမွန်နိုင်တော့ပေ။

နဂါးသွေးသောက်စစ်သည်များမှာ ထိုအခြေအနေအတွက် နတ်ဆိုးဧကရာဇ်ကိုယ်တိုင် လေ့ကျင့်ပေးထားခြင်း ဖြစ်၏။

“မင်းသား (၉) ကို မသတ်နိုင်လည်း နဂါးသွေးသောက် စစ်သည်ကို သတ်နိုင်ရင် ရတာပဲ”

ကျောက်ယောင်လု တွေးရင်း ဆုံးဖြတ်ချက်ချလိုက်၏။

“အသက်ရှင်ချင်တာလား”

“ငါ့ခွင့်ပြုချက် ရလို့လား”

ရှန်မို ထိုမြင်ကွင်းကိုကြည့်၍ ပြုံးနေသည်။

သူ့ပုံရိပ်ငယ်ထဲတွင် ဝိညာဉ်လေးသည် ရွှေသရဖူကို ဆောင်းလျက် မျက်လုံးမှိတ်ကာ ကျင့်ကြံနေရင်း ရုတ်တရက် မျက်လုံးပွင့်သွား၏။

ရွှေရောင်စွမ်းအင်များလည်း စိမ့်ထွက်လာသည်။

ရှန်မို မီးတောက်လှံကို လက်ညှိုးထိုးလိုက်သောအခါ လှံအရွယ်အစား ပိုကြီးလာပြီး ကောင်းကင်သို့ပင် ထိုးဖောက်နေသည်။

လှံတံမှာ မလှုပ်ရှားရသေးသော်လည်း ထွက်လာသော အပူစွမ်းအင်များကြောင့် ကြည့်ရှုသူများပင် မူးဝေ အားနည်းလာ၏။

နဂါးသွေးသောက် စစ်သည်လည်း မျက်နှာဖြူဖျော့၍ တုန်လှုပ်နေသည်။

သူ့အရှေ့မှ ခြိမ်းခြောက်မှုကြီးကို ကောင်းကောင်း ခံစားရ၏။

ပထမဆုံးအနေဖြင့် မရေရာခြင်း ဖြစ်သည်။

ဒီအကာအကွယ်က မီးတောက်လှံကို ခံနိုင်ရည် ရှိပါ့မလား။

ထိုစဉ် လှံကြီးသည် အကာအကွယ်ကို လာထိခိုက်၏။

ချက်ချင်းပင် အလင်းရောင်များပွင့်၍ တောက်ပလာသည်။

ထိုမီးပွင့်သည် မိုင်ပေါင်းထောင်ချီ၍ ပျံ့နှံ့သွားပြီး ထိုအဝေးမှလူများပင် မြင်နိုင်၏။

လေထဲတွင် ဖုန်များထ၍ ကျောက်ခဲများ ကြေမွကာ မီးတောက်သည် ပတ်ဝန်းကျင်မှ အစိုင်အခဲများကို ဝါးမြိုသွားသည်။

မြင်ကွင်းကြီးတစ်ခုလုံး ကမ္ဘာပျက်သကဲ့သို့ ထင်ရ၏။

အလယ်နားတွင်လည်း ချိုင့်ကြီးဖြစ်ကာ အောက်ခြေ၌ မည်းတူးနေသည့် အလောင်း (၂) ခုကို မြင်နိုင်သည်။

ပုံမှန်အားဖြင့် မည်သူမှန်း မသိနိုင်သော်လည်း နဂါးသွေးသောက်စစ်သည်နှင့် မင်းသား (၉) တို့ ဖြစ်၏။

ကျောက်ယောင်လု မျက်လုံးပြူးလျက် လန့်နေသည်။

ဒီတစ်ချက်တည်းနဲ့ နှစ်ယောက်စလုံးကို တကယ် သတ်လိုက်တာလား။

ရှန်မို နှစ်အနည်းငယ်အတွင်း ဘယ်လိုလုပ် ဒီလောက် အင်အားကြီးလာတာလဲ။

ရှန်မို မြေပြင်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

ထို့နောက် ပြုံး၍

“စီနီယာ မတွေ့တာ ကြာပြီနော်”

ကျောက်ယောင်လု နှာခေါင်းရှုံ့လျက် သူ့အရှိန်အဝါများ ပြန်သိမ်းလိုက်သောအခါ သေးငယ်၍ ချစ်စရာကောင်းသော ကလေးမလေး ပြန်ဖြစ်သွားသည်။

သို့သော် အရင်ထက် ပိုကြီးသလို ထင်ရပြီး ယခုအခါ (၁၀) နှစ်အရွယ်နှင့် တူ၏။

“အဲ့တော့ မင်း ငါ့မျိုးနွယ်ကို အရင်တည်းက သိထားတာပေါ့”

ကျောက်ယောင်လု မျက်စောင်းထိုး၍ ပြောသည်။

ရှန်မို ပြုံးရုံသာပြုံး၍ ပြန်မဖြေ။

ကျောက်ယောင်လု သက်ပြင်းချ၍

“ဟုတ်ပါပြီ… မင်းက ငါ့ဂျူနီယာဆိုတော့ သိတော့လည်း သိပါစေပေါ့”

နှစ်ယောက်သား မတွေ့ရသော နှစ်များက အဖြစ်အပျက်များအကြောင်း ဟိုဟိုဒီဒီပြောပြီးနောက် အလောင်းများမှ သိုလှောင်လက်စွပ်များ သိမ်းလိုက်ကြသည်။

“စီနီယာ ယူချင်လား”

ကျောက်ယောင်လု စိတ်ဝင်စားမိသော်လည်း စီနီယာပီသစွာ တွေးလေ၏။

“ဒီနတ်ဆိုးတွေကို မင်းသတ်လိုက်တာဆိုတော့ ပစ္စည်းတွေလည်း မင်းပိုင်ပါတယ်… ငါ ဘယ်လိုလုပ် ယူမှာလဲ”

“ပြီးတော့ ငါက စီနီယာလေ… လျှော့ပေးရမှာပေါ့”

သူ့ရင်ဘက်သူပုတ်၍ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

ရှန်မိုလည်း ရယ်မောကာ ခေါင်းငြိမ့်ပြ၏။

ထိုစဉ် စိတ်ဝိညာဉ်စွမ်းအင်များ ခံစားမိပြီး မကြာမီ လူ (၂) ယောက် ရောက်လာသည်။

“ရှန်…”

မူယုံးယွဲ့ ရှန်မို့ကို ဘေးကင်းစွာ တွေ့ရသောကြောင့် အလွန်ဝမ်းသာသွား၏။

ကျောက်ယောင်လု မျက်ခုံးပင့်မိကာ သူတို့၏ ဆက်ဆံရေးကို စူးစမ်းလိုက်သည်။

အမျိုးသမီး၏ ခံစားချက်မှာ ထူးဆန်းနေပါသည်။

ရှန်မို သူ့အနားလျှောက်လာပြီး ကပိုကရိုကျနေသော ဆံပင်များကို သပ်ပေး၍

“ခေါင်းဆောင် ကျွန်တော် အဆင်ပြေပါတယ်… နဂါးသွေးသောက်စစ်သည်နဲ့ မင်းသား (၉) လည်း သေပြီ”

“အခု စိတ်လျှော့လိုက်ပါတော့”

မူယုံးယွဲ့ နှင့် ဝူယန်ဝေ့တို့မှာ အချင်းချင်းကြည့်၍ ပိုလန့်သွားသည်။

“သူတို့က… သေပြီလား”

ဝူယန်ဝေ့ ချိုင့်ခွက်ထဲမှ အလောင်းများအား ပြေးကြည့်မိ၏။ ထိုအခါ ပို၍ပင် မျက်လုံးပြူးသွားသည်။

အလောင်းများမှာ အလွန်ဆိုးရွာစွာ သေဆုံးထားပုံ ပေါ်သည်။

“မင်းတို့ နောက်မှလိုက်ခဲ့လေ… ငါ တပ်ရင်း ပြန်နှင့်တော့မယ်”

ကျောက်ယောင်လု လက်ပြပြီးနောက်

“ဪ… ဟိုအဘိုးကြီးကို အရက်ဖြတ်ဖို့ ပြောလိုက်ဦး… ငါလည်းမရှိရင် သူ့အတွက် ပိုက်ဆံထောက်မယ့်သူ မရှိဘူး”

ရှန်မို ရယ်မောကာ

“ဟုတ်ကဲ့ပါ… ကျွန်တော် ပြောလိုက်ပါမယ်”

ထို့နောက် သူ တောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။

“အဲ့ဒါ ဘယ်သူလဲ”

မူယုံးယွဲ့ မေးလိုက်သည်။

ဝူယန်ဝေ့မှ

“သူက ခေါင်းဆောင်ငယ်ရဲ့ စီနီယာ ကျောက်ယောင်လုပါ”

“ဪ… သူက စီနီယာကိုး”

ရှန်မို ရယ်မောကာ

“ပိုဆိုးတာက ခေါင်းဆောင်သာ ကျောက်စိမ်းဂိုဏ်းကို လာရင် သူ့ရဲ့ဂျူနီယာဖြစ်မှာနော်… ဪ ကျွန်တော့်ကိုရော စီနီယာလို့ ခေါ်ရမှာထင်တယ်”

“ကျွန်တော်တို့ ပတ်သက်မှု ဘယ်လိုဖြစ်မှာလဲ”

မူယုံးယွဲ့ မျက်နှာလေး နီလာ၏။

“မင်းက ငါ့ကိုခေါင်းဆောင်ပဲခေါ်… ငါလည်း စီနီယာလို့ ခေါ်မယ်”

All Chapters