← Chapters

ခေါင်းဆောင် လောလောဆယ် မဝတ်ထားတာ ကောင်းမယ်

Vol. 9 Ch. 123

ခေါင်းဆောင် လောလောဆယ် မဝတ်ထားတာ ကောင်းမယ်

Vol. 9 Ch. 123

ရှန်မို ချောင်းဟန့်၍ အနောက်သို့ အမြန် လှည့်လိုက်သည်။

ထို့နောက် အနောက်ဘက်မှ အင်္ကျီလဲသည့် အသံတဂျစ်ဂျစ်ကို ကြားနေရသည်။

သို့သော် မူယုံးယွဲ့၏ အရှိန်အဝါများ တောက်ပနေဆဲပင်။

ခန္ဓာကိုယ် လုံးဝတိုးတက်ပြောင်းလဲသွားရန် အချိန်တစ်ခုတော့ ယူရပေမည်။

ထင်ထားသည့်အတိုင်း မကြာမီ အနောက်မှ အော်သံတစ်ခုကို ထပ်ကြားရပြန်၏။

ရှန်မို နေရခက်စွာဖြင့်

“ခေါင်းဆောင် လောလောဆယ် ဘာမှမဝတ်သေးတာတော့ ပိုကောင်းမယ် ထင်တယ်”

မူယုံးယွဲ့၏ ပါးလေးများမှာ လတ်ဆတ်သော ပန်းသီးကဲ့သို့ နီရဲနေသည်။

ဝတ်စုံမည်မျှလဲပါစေ နောက်ဆုံး လောင်ကျွမ်းသွားမည်သာ ဖြစ်၏။

သို့သော် တပည့်နှင့်အတူ ရှိနေသော အခန်းထဲ၌ ခန္ဓာကိုယ်တစ်ဝက် ဖော်ပြနေခြင်း မဖြစ်သင့်ပါ။

“ခေါင်းဆောင် ကျွန်တော့်ကို စိတ်ထဲမထားပါနဲ့… မရှိဘူးလို့ပဲ သဘောထားပါ”

ရှန်မို ပြုံး၍ ပြောလိုက်၏။

မူယုံးယွဲ့ နှုတ်ခမ်းလေးကိုက်ကာ

“ဟုတ်ပါပြီ ဒါပေမဲ့ မင်း လုံးဝ လှည့်မလာနဲ့နော်… မဟုတ်လို့ကတော့ ဂိုဏ်းကနေ ထုတ်ပစ်မယ်”

ရှန်မို ရယ်ချင်သွား၏။

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ… ကျွန်တော် နားထောင်ပါ့မယ်”

ရှန်မို တင်ပျဉ်ခွေထိုင်ရင်း မလှုပ်မယှက် ရှိနေသည်။

မူယုံးယွဲ့လည်း စိတ်တည်ငြိမ်အောင်ထိန်းကာ ဆေးကို ဆက်၍ မွမ်းမံ၏။

နာရီဝက်မျှအကြာတွင် ဆေးစွမ်းအင်များ လုံးဝ စုပ်ယူနိုင်သွားလေပြီ။

မူယုံးယွဲ့၏အရှိန်အဝါလည်း ထိပ်ဆုံးအထိ ရောက်သွား၏။

ဘုံး!

ကောင်းကင်ယံတွင် အလင်းရောင်နှစ်ခု ထိုးဖောက်၍ ကမ္ဘာမြေကြီးပင် တုန်ခါသွားသကဲ့သို့ ခံစားရသည်။

ချင်းကန်တောင်တစ်လျှောက် အလွတ်တန်း ကျင့်ကြံသူများလည်း ထိုအခြေအနေကြောင့် လန့်သွား၏။

“ဒီဘက်ဆိုရင်… ချင်းရွှမ်ဂိုဏ်းကပဲပေါ့”

“ချင်းရွှမ်မှာ ကောင်းကင်အဆင့် တပည့်တစ်ယောက် ရှိတယ်လို့ ကြားဖူးတယ်… ဘယ်သူရယ်လို့ တိုက်ရိုက် ထုတ်မပြောပေမဲ့ ရှန်မိုလို့ လူတိုင်းသိတာပဲ”

“အခု နောက်တစ်ယောက် ထပ်ပေါ်လာတာလား”

“ကျစ် ကျစ် ချင်းရွှမ်ဂိုဏ်းရဲ့ အောင်မြင်မှုကတော့ အတိုင်းအဆမဲ့ပဲ… သူတို့ကို သွားထိလို့ မဖြစ်တော့ဘူး… ခင်အောင် ကြိုးစားထားတာ ပိုကောင်းမယ်”

“ဟုတ်တယ်”

…

“ဟင်း”

မူယုံးယွဲ့ သက်ပြင်းချကာ ဝတ်ရုံအသစ် အမြန် လဲလိုက်သည်။

ထို့နောက် နူးညံ့သောအသံလေးဖြင့်

“ကောင်းပြီ အခု အရှေ့ပြန်လှည့်လို့ ရပြီ”

ရှန်မို ပြန်လှည့်လာသောအခါ ရင်းနှီးပြီးသော ပုံရိပ်ဖြင့် မူယုံးယွဲ့ကို တွေ့ရသည်။ အရှိန်အဝါမှာတော့ ပိုတောက်ပနေ၏။

“အခု ကောင်းကင်အဆင့် ခန္ဓာကိုယ် ဖြစ်သွားပြီလား”

ရှန်မိုမှ မေးလိုက်သည်။

မူယုံးယွဲ့ ခေါင်းငြိမ့်ပြကာ

“ဟုတ်တယ် ကောင်းကင်အဆင့် ရောက်သွားပြီ”

“ကျန်းမိုနဲ့ ထပ်တွေ့ရင် သူ ငါ့ကို မနိုင်တော့ဘူး”

မူယုံးယွဲ့ ယုံကြည်ချက်အပြည့် ဖြစ်နေ၏။

ရှန်မိုပြုံး၍ ဆေး (၁) လုံး ထပ်ပေးကာ

“ဒါကို ခေါင်းဆောင်ပဲ သိမ်းထားလိုက်ပါ… လေလံဆွဲချင်ရင်လည်း ရတယ်”

မူယုံးယွဲ့ ခဏတွေဝေနေပြီးမှ ခေါင်းငြိမ့်ပြ၍

“အဲ့ဒါ ပိုကောင်းမှာပါ ငါ့နာမည်နဲ့ လေလံဆွဲလိုက်တာက လုံခြုံလိမ့်မယ်”

“ငါ… ငါ အရင် သွားနှင့်တော့မယ်… မင်းလည်း ကြိုးစားပြီး ကျင့်ကြံနော်”

မူယုံးယွဲ့ နှုတ်ဆက်ကာ အမြန် ပြေးထွက်သွားလေ၏။

ရှန်မိုမှာတော့ ရယ်မော၍ ကျန်ခဲ့လေ၏။

ထိုကဲ့သို့အချိန်မျိုးတွင် မူယုံးယွဲ့မှာ ချာတိတ်မလေး တစ်ဦးနှင့် ပိုတူပါသည်။

သို့ရာတွင် ပြင်ပလောက၌ အတွေ့အကြုံရှိသည့် ခေါင်းဆောင်တစ်ဦး ဖြစ်၏။

“အဂ္ဂိရက်ပညာရှင်ကြီးရဲ့ လိုဏ်ဂူကိစ္စ ပြီးသွားတာ လဝက်လောက် ရှိပြီ… အခုလောက်ဆို နှင်းပျံဂိုဏ်းနဲ့ စိတ်ဝိညာဉ်သားကောင်ဂိုဏ်း ပျက်စီးသွားတဲ့သတင်းလည်း ပျံ့ပြီးလောက်ပြီပေါ့”

ရှန်မို ထိုင်ရင်း တစ်ယောက်တည်း တွေးနေမိ၏။

ထိုပျက်စီးခြင်းမှာ ဂိုဏ်းအားလုံးအပေါ် သက်ရောက်မှု ရှိနိုင်ပြီး အထူးသဖြင့် နတ်ရေစင်ဂိုဏ်းမှာ အဓိက ထိခိုက်သွားလိမ့်မည်။

ထို့နောက် ရှန်မို စနစ်ကံကြာကို ပြန်ကြည့်မိ၏။

[အနာဂတ်: မြုတေဖွဲ့စည်းခြင်း အောင်မြင်မှုကြီးတွင် ရပ်တန့်မည်။ နှစ်ဝက်အချိန်တွင် သွေးမြစ်ဂိုဏ်းနှင့် မြစ်ဖြူဂိုဏ်းတို့ ပူးပေါင်းကြံစည်သည့် အကာအကွယ်ကြောင့် သေဆုံးမည်]

[လတ်တလော အခွင့်အရေး: (၂) ရက်အကြာတွင် နှင်းဂူထဲဝင်ရင်း ရေခဲနဂါးအလောင်းကို တွေ့ကာ ရေခဲနဂါးသွေး ရရှိမည်]

[လတ်တလော အလှည့်အပြောင်း: နှင်းဂူမှ ထွက်လာပြီးနောက် သွေးမြစ်ဂိုဏ်းမှ ကျင့်ကြံသူများ ဝိုင်းထားသည်ကို တွေ့ရသည်။ မြုတေဖွဲ့စည်းခြင်း (၆) ဦးနှင့် တိုက်ခိုက်ရင်း ထိခိုက်မည်။ ချင်းရွှမ်ဂိုဏ်းသို့ အသက်လုပြန်လာပြီး နှစ်ဝက်ကြာအောင် ဆေးကု၍ မကျင့်ကြံနိုင်တော့ဘဲ ရှိမည်]

ရှန်မို အံ့ဩသွား၏။

နှင်းဂူထဲမှာ ရေခဲနဂါး ရှိနေတာလား။

“ဒါနဲ့ သွေးမြစ်ဂိုဏ်းက ဘာလို့ ရုတ်တရက် လာတိုက်ခိုက်တာလဲ… နတ်ရေစင်ဂိုဏ်းက ခိုင်းတာများလား”

ရှန်မို သေချာတွေးတောနေမိသည်။

“ဒါပေမဲ့ နှင်းဂူကိုတော့ ဖြစ်အောင် သွားရမှာပဲ… ငါ့အခွင့်အရေး ရှိနေတယ်လေ”

ထို့နောက် စိတ်ဆုံးဖြတ်ကာ ချက်ချင်း ထထွက်လာခဲ့သည်။

ချီစွမ်းအင်ဖြင့် ပျံသန်းလာသော်လည်း အချိန် တစ်နာရီဝန်းကျင် ကြာလေ၏။

မကြာမီ ရေခဲပြာဂူကို တွေ့ရတော့သည်။

ရှန်မို မြေပေါ်သို့ ခပ်ဖြည်းဖြည်း ဆင်းသက်လာ၏။

အစောင့်များ သူ့ကိုတွေ့သောအခါ ဂရုတစိုက် နှုတ်ဆက်ကြလေသည်။

“မင်္ဂလာပါ ခေါင်းဆောင်ငယ်”

ရှန်မို ခေါင်းငြိမ့်ပြလိုက်၏။

ဂူမှအအေးဓာတ်အရှိန်ကြောင့် အစောင့်များမှာ ဝတ်ရုံအထူများကို ဝတ်ထားရသည်။

သို့သော် ရှန်မိုမှာတော့ နေမီးတောက်ခန္ဓာကိုယ်ကြောင့် အအေးဓာတ်ကို မခံစားရပေ။

“နှင်းဂူကို ဘယ်သူ တာဝန်ယူထားတာလဲ”

“အကြီးအကဲ စုန်းချောင်ဖုန်နဲ့ အဆောင်သခင် ဝေ့ရှောင်ထီပါ”

“ဝေ့ရှောင်ထီလား”

“ဟုတ်ပါတယ် သုက သံလက်သီးအဆောင်မှူးပါ”

ရှန်မို ခေါင်းငြိမ့်ပြ၏။

ထိုလူမှာ ချင်းရွှမ်ဂိုဏ်းအား အလွန် သစ္စာရှိ၍ သူ ယုံကြည်ချက်အပြည့်ဖြင့် နှင်းဂူဘက် ဆက်လျှောက်လာသည်။

လမ်းတစ်လျှောက်တွင် တပည့်များ၊ အကြီးအကဲများ စသဖြင့် ရင်းနှီးသူများစွာကို တွေ့ရ၏။

“အစ်ကိုရှန်… အာ မဟုတ် ခေါင်းဆောင်ငယ် ဘယ်လို ရောက်လာတာလဲ”

All Chapters