← Chapters

နှင်းဂူသို့ ဝင်ခြင်း

Vol. 9 Ch. 124

နှင်းဂူသို့ ဝင်ခြင်း

Vol. 9 Ch. 124

အံ့ဩသည့်အသံတစ်ခု ကြားရ၏။

ရှန်မို လှည့်ကြည့်လိုက်သောအခါ ခပ်ပိန်ပိန်နှင့် အင်အားကြီးသော အမျိုးသမီးတပည့်လေးကို တွေ့ရ၏။

ကျောက်ရူ ဖြစ်လေသည်။

“မင်းလည်း ဒီမှာ တာဝန်ကျနေတာလား”

ရှန်မို ပြုံး၍ ပြောလိုက်သည်။

ကျောက်ရူ ခေါင်းငြိမ့်ပြကာ

“အစ်ကိုက ဒီနှင်းဂူကို တောင်းလိုက်တယ် ကြားလို့ အကြီးအကဲတွေရဲ့ ခွင့်ပြုချက် ရအောင် တောင်းပြီး လာတာ”

ရှန်မို ခေါင်းငြိမ့်ပြကာ

“မိုးမုန်တိုင်းဂိုဏ်းက နှင်းဂူကို ဒီလို လွယ်လွယ် ပေးမယ်လို့ မထင်ဘူးလေ”

ကျောက်ရူ ရယ်မော၍

“ဟုတ်တယ် အစကကြားတုန်းက သူတို့ သိပ်မပေးချင်ဘူးဆို နောက်တော့ ဘာစိတ်ကူးပေါက်လဲ မသိဘူး ရုတ်တရက် စိတ်ပြောင်းပြီး ထိန်းချုပ်ခွင့် ပေးလိုက်တာပဲ… ဆေး (၅) မျိုးဈေးပဲ ပေးလိုက်ရတယ်”

ရှန်မို ခေါင်းငြိမ့်ပြလိုက်သည်။

ကျောက်ရူ ခပ်တိုးတိုးဖြင့်

“အစ်မရှန်နန် ပြောတာတော့ အဆိပ်နွယ်ဂိုဏ်းရဲ့ အမိန့်ကြောင့်တဲ့… မိုးမုန်တိုင်းဂိုဏ်း သဘောတူလိုက်တာ”

သူ နှုတ်ခမ်းလေး စူလျက်

“အစ်မရှန်နန်က ပြောသေးတယ်… မိုယုဟုန်က အစ်ကို့ကို ကြိုက်နေလို့ ဒီလိုတွေ လုပ်ပေးတာတဲ့”

သူ့အသံမှာ သဝန်တိုနေမှန်း သိသာ၏။

ရှန်မို သူ့ပုံစံလေးကြောင့် ရယ်မောမိလေသည်။

သူ မိုယုဟုန်နှင့် ထူးထူးခြားခြား မပတ်သက်ဖူးဘဲ မည်သို့ လာကြိုက်မည်နည်း။ ဝတ္ထုများထဲတွင် ပါနေကျ ဇာတ်ကွက်နှင့် တူနေ၏။

“ဪ ဟုတ်သားပဲ အစ်ကိုရောက်တုန်း ဂိုဏ်းကိုပြန်ရန် ဒါလေး ယူသွားပါ”

သူ တစ်ခုခု သတိရသွားပြီး သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်မျိုးထုတ်၍ ပေးလိုက်သည်။

ရှန်မို ဖွင့်ကြည့်လိုက်သောအခါ ရေခဲပယင်းပြာ အခု (၃၀) ကို တွေ့ရသည်။

နှင်းဂူမှထွက်သည့် နှင်းပယင်း ဖြစ်လေသည်။

“ဒီလောက် ရက်ပိုင်းလေးနဲ့ အဲ့လောက် အများကြီး ရတာလား”

ရှန်မို အံ့ဩနေမိ၏။

ကျောက်ရူ တောက်ပစွာ ပြုံးလျက်

“မဟုတ်ဘူး နှင်းဂူဂိုဏ်းအကြီးအကဲရဲ့ သိုလှောင်လက်စွပ်ထဲက ရတာလေ”

“သူက နှင်းပျံဂိုဏ်းကို တစ်လ (၃၀) ပဲ ထွက်တော့တယ်လို့ပြောပြီး ခိုးနေတာ”

ရှန်မို ပြုံးမိ၏။

ထိုကဲ့သို့ လူမျိုးမှာ နေရာတိုင်းတွင် တွေ့ရတတ်ပါသည်။

ကျောက်ရူမှ ဆက်၍

“အစ်ကို အစ်မရှန်နန်နဲ့ လျှိုယွန်းရွှမ်တို့လည်း တစ်ယောက်ကို (၃) ခုစီ ရကြတယ်… အကြီးအကဲစုန်းနဲ့ အဆောင်သခင်ဝေ့ကတော့ (၅) ခုစီ ယူသွားတယ်”

“အဲ့ဒါ သေချာဆွေးနွေးပြီးတော့ ကျန်တဲ့ (၃၀) ကို အစ်ကို့ကို ပေးဖို့ ဆုံးဖြတ်လိုက်ကြတာ”

“တခြားအကြီးအကဲတွေ ဝေစုကတော့ နောက်မှ ဆုံးဖြတ်လိမ့်မယ်”

သူ့အသံမှာ အားကျစိတ်အပြည့် ဖြစ်နေသည်။

ရှန်မို သူ့ကို ပစားပေးသည်အား တွေးကာ ရယ်မောမိလေ၏။

“ခေါင်းဆာင်ငယ် ရုတ်တရက် ဘာကိစ္စရှိလို့လဲ… ဘာမှလည်း ကြိုမပြောဘူး”

“ဟားဟားဟား ခေါင်းဆောင်ငယ်ကို မတွေ့တာကြာတော့ လွမ်းနေတာ”

ထိုစဉ် ရယ်မောသံများ ခပ်လှမ်းလှမ်းမှ ထွက်လာ၏။

စုန်းချောင်ဖုန်နှင့် ဝေ့ရှောင်းထီတို့ ရှန်မို့အနား ရောက်လာပြီး ဦးညွှတ်နှုတ်ဆက်ကြ၏။

ရှန်မို ပြုံးပြ၍

“နှင်းဂူအကြောင်း စိတ်ဝင်စားလို့ လာကြည့်တာပါ… ဘာမှမစိုးရိမ်နဲ့ ကျွန်တော် အလုပ်ကို ဝင်မစွက်ဖက်ပါဘူး”

“ခေါင်းဆောင်ငယ် ရောက်လာတော့ ကျွန်တော်တို့ လိုက်ပို့ပေးရမှာပေါ့…ဒါပေမဲ့ အကာအကွယ်တွေ ချတာ အခုထိ မပြီးသေးလို့ နည်းနည်း လောနေရတယ်”

စုန်းချောင်ဖုန်မှ ပြော၏။

“အကာအကွယ်ချဖို့က အရေးကြီးတာပေါ့”

ရှန်မို ခေါင်းငြိမ့်ပြသည်။

ထို့နောက် သူတို့နှစ်ဦး၏ ကံကြမ္မာစနစ်အား ကြည့်လိုက်၏။

ဝေ့ရှောင်းထီမှာ သွေးမြစ်ဂိုဏ်း အကြီးအကဲ (၃) ဦး၏ သတ်ဖြတ်ခြင်း ခံရမည်ဖြစ်ပြီး စုန်းချောင်ဖုန်မှာ ဒဏ်ရာပြင်းထန်စွာ ရနေချိန် အညံ့မခံသောကြောင့် အသတ်ခံရမည် ဖြစ်သည်။

နှင်းဂူထဲမှ တပည့်များ၊ အလပ်သမားများ တစ်ဝက်ကျော် သေဆုံးမည်ဖြစ်ကာ ၃၀% အောက်သာ ထွက်ပြေးနိုင်လိမ့်မည်။

အညံ့ခံရန် ငြင်းဆိုသည့် ကျောက်ထင်၊ လောင်ရှန်နန်နှင့် ကျောက်ရူတို့လည်း သုတ်သင်ခံရသည့်ထဲ ပါမည်။

ထိုနေရာတွင် (၂) ရက်အတွင်း သွေးချောင်း စီးသွားမည် ဖြစ်၏။

ရှန်မို ထိုအဖြစ်အပျက်ကို ပြောင်းလဲရမည်။

“ကျောက်ရူ ခေါင်းဆောင်ငယ်နဲ့အတူ လိုက်သွားပြီး နေရာပြပေးလိုက်ပါလား”

ဝေ့ရှောင်းထီမှ ပြော၏။

“ဟုတ်ကဲ့ပါ အစ်ကို ဘယ်သွားချင်လဲ ခေါ်သွားပေးမယ်လေ”

ကျောက်ရူ ပြုံး၍ မေးလိုက်သည်။

ရှန်မို ပြုံးလျက်

“နှင်းဂူထဲသာ ခေါ်သွားပေးပါ”

“ရတာပေါ့ ဒါပေမဲ့ အထဲမှာ ဝင်္ကပါလို ဖြစ်နေလို့ ကျွန်မနားမှာ သေချာကပ်နေနော်”

ဤသို့ဖြင့် နှစ်ယောက်သား ဂူထဲ ဝင်သွားကြသည်။

ဂူထဲ၌ အလုပ်လုပ်နေကြသော အသံများကို ကြားရ၏။

ရှန်မို ပတ်ဝန်းကျင်ကို စူးစမ်းကြည့်သောအခါ အနည်းဆုံး အပြင်ဂိုဏ်းတပည့် (၁၀၀) ခန့် ရှိသည်။

အားလုံး စိတ်လှုပ်ရှားစွာဖြင့် အင်အားအပြည့် သုံးကာ ကြိုးစားနေကြသည်။

ထိုစဉ် နှင်းပယင်းကိုတွေ့၍ စိတ်လှုပ်ရှားစွာ အော်ဟစ်သံကို ကြားလိုက်ရသည်။

အခြားတပည့်များလည်း တအံ့တဩ ပြေးကြည့်ကြ၏။

ဤသို့ဖြင့် ဆက်လျှောက်လာရင်း တပည့်တစ်ဦး ပြေးလာပြီး

“စီနီယာကျောက်ရူ ဒုတိယအဆင့် နတ်ဆိုးသားကောင်ကြီး ရုတ်တရက် ပေါ်လာပါတယ်… ကျွန်တော်တို့ မရှင်းနိုင်လို့ ချီမွမ်းမံခြင်းအဆင့် စီနီယာတွေတောင် ထိခိုက်ကုန်ပြီ”

ကျောက်ရူ မျက်မှောင်ကြုတ်လျက်

“မင်း ဒီမှာပဲ စောင့်နေ ငါ အခုသွားလိုက်မယ်”

ရှန်မိုမှ

“နတ်ဆိုးသားကောင်တွေ တွေ့နေကျလား”

ကျောက်ရူ ခေါင်းယမ်းပြကာ

“ဒီတစ်လောမှ ဆက်တိုက်တွေ့နေရတာ… အင်အားလည်း ကြီးကြတယ်”

ရှန်မို ခေါင်းငြိမ့်ပြ၍

“မင်း သွားကူပေးလိုက်ပါဦး”

ကျောက်ရူ အမြန် ထွက်သွား၏။

ရှန်မိုမှာတော့ တွေးတောရင်း ကျန်ခဲ့လေသည်။

နတ်ဆိုးသားကောင်များ ပေါ်လာခြင်းမှာ ရေခဲနဂါးနှင့် ပတ်သက်နေနိုင်၏။

All Chapters