← Chapters

ရှန်မို နောက်တစ်ခါ ထပ်မသုံးနိုင်လောက်ဘူး

Vol. 9 Ch. 128

ရှန်မို နောက်တစ်ခါ ထပ်မသုံးနိုင်လောက်ဘူး

Vol. 9 Ch. 128

ဘုံး ဘုံး ဘုံး!

အေးစက်သောအရှိန်အဝါများ ပျံ့နှံ့ကာ သွေးမြစ်ဂိုဏ်းသားများအား လွှမ်းခြုံသွားသည်။

စက္ကန့်ပိုင်းအတွင်း ပတ်ဝန်းကျင်တွင် အပူချိန် လျော့သွားသောကြောင့် နှင်းစက်များ ဖြစ်လာ၏။

ဖုန်လဲ့ရှန်အပါအဝင် အားလုံး ကြက်သီးများထ၍ အရိုးအထဲစိမ့်နေအောင် ချမ်းလာသည်။

တပည့်များမှာ ခံနိုင်ရည်ရှိစေရန် စိတ်ဝိညာဉ်စွမ်းအင်များ သုံးရလေသည်။

သို့သော် အချိန်ခဏအတွင်း စွမ်းအင်များစွာ သုံးရပြီး မကြာမီ ချင်းရွှမ်ဂိုဏ်းကို သတ်ရန် နေနေသာသာ သူတို့ကိုယ်တိုင် အသက်ရှင်နိုင်ဦးမည်လားဟု တွေးစရာ ဖြစ်လာ၏။

ရှန်မို ပြုံးမိ၏။

အကာအကွယ်တစ်ခု၏ စွမ်းအင်မှာ ထိုအတိုင်းပင်။

သေချာပြင်ဆင်နိုင်ပြီး အချိန်ကိုက်ဖြစ်ပါက အင်အားကြီးမားသူကိုပင် အလှည့်အပြောင်း ဖြစ်စေပါသည်။

သူတို့၏ စိတ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးသွားသည်နှင့် အသေခံရန်စောင့်နေသည့် သားကောင်ငယ်များ ဖြစ်သွားတော့မည်။

“ဘ… ဘယ်လို အကာအကွယ်လဲ… ဒီလိုမျိုး ရှိတာလား”

ဖုန်လဲ့ရှန် လန့်လည်းလန့်၊ ဒေါသလည်း ထွက်နေ၏။

နှင်းဂူတွင် အကာအကွယ်တစ်ခုသာ ရှိကြောင်း ငိထားသော်လည်း ယခုမှ နောက်တစ်ခု ထပ်ပေါ်လာသည်လား။

လျှိုယွမ်ဖုန် လိမ်တာလား။

သူ ချင်းရွှမ်ဂိုဏ်းကို သစ္စာရှိလို့ ငါ့ကို တမင် သတင်းအမှားပေးတာလား။

ဖုန်လဲ့ရှန်တစ်ယောက် လျှိုယွမ်ဖုန်အား စိုက်ကြည့်ကာ

“လျှိုယွမ်ဖုန် မင်း ငါ့ကို လိမ်တယ်… သတင်းအမှားတွေ ပေးတယ်”

သူ မျက်လုံးပြူး၍ ဒေါသတကြီး အော်လေသည်။

စုန်းချောင်ဖုန်တို့မှာတော့ ရှန်မိုအား ပို၍ လေးစားစွာ ကြည့်နေမိ၏။

ရှန်မို့တွင် ဤမျှ အင်အားကြီးသော ဝှက်ဖဲ ရှိနေမည်ဟု မထင်ထားချေ။

သူ မည်သည့်နေရာက ရလာသည်ကိုလည်း မတွေးနိုင်အောင် ဖြစ်နေသည်။

ဖုန်လဲ့ရှန်စကားကြောင့် အားလုံး လျှိုယွမ်ဖုန်အား လှည့်ကြည့်မိသည်။

လျှိုယွမ်ဖုန်မှာ သက်ပြင်းချ၍ ချက်ချင်း ပြန်ပြော၏။

“ငါ လျှိုယွမ်ဖုန်က ချင်းရွှမ်ဂိုဏ်းကို အမြဲ သစ္စာရှိခဲ့တယ်… ငါ ဘယ်လို သတင်းပေးခဲ့တယ် ထင်လဲ”

“လောဘကြီးတဲ့ သွေးမြစ်ဂိုဏ်းစုတ်… ငါတို့ ချင်းရွှမ်ကိုများ ကျူးကျော်ရဲတယ်… မင်းတို့ဒီနေ့ သေရမယ်”

သူ ခါးထောက်၍ ဖုန်လဲ့ရှန်အား မော့ကြည့်ရင်း ပြောလေသည်။

မသိလျှင် ဂိုဏ်းအတွက် တမင်စီစဉ်ခဲ့ပုံပင်။

သို့သော် တပည့်များနှင့် အကြီးအကဲများမှာတော့ ယုံတစ်ဝက်၊ မယုံတစ်ဝက်ဖြင့် ကြည့်နေ၏။

အရင်ကလည်း သူ သစ္စာဖောက်သည့် ကိစ္စများကဲ့သို့ ကောလာဟလများ ထွက်ဖူးပါသည်။

ဖုန်လဲ့ရှန်မှာ အလွန် ဒေါသထွက်၍ မူးမေ့လဲမလို ဖြစ်နေ၏။

“ကောင်းပြီလေ ကောင်းပြီ”

“ဒီအကာအကွယ်လောက်နဲ့ ငါတို့ကို တကယ် သတ်နိုင်မယ် ထင်နေတာလား”

“ငါတို့သွေးမြစ်ဂိုဏ်းရဲ့ အားသာချက်က အင်အားပဲ”

“ငါတို့အင်အားမကုန်ခင် ပြန်သတ်နိုင်ရင် ရတာပဲ”

ထို့နောက် သွေးရောင်လက်ဝါးကြီးမှာ ရှန်မို့အပေါ်သို့ ကျရောက်လာသည်။

စုန်းချောင်ဖုန်နှင့် ဝေ့ရှောင်ထီတို့ လန့်ဖျပ်ကာ

“ခေါင်းဆောင်ငယ်”

ရှန်မို မြေပြင်ကို ဖနောင့်ဖြင့် ခပ်ကြမ်းကြမ်း ပေါက်လိုက်ရာ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များ စိမ့်ထွက်လာပြီး မကြာမီ ကြေးတံခါးကြီး (၃) ချပ် သူ့အရှေ့တွင် ပေါ်လာသည်။

ထိုအခါ သွေးလက်ဝါးသည် ကြေးတံခါးများကိုသာ ရိုက်ခတ်မိလေ၏။

ကြီးမားသော ပေါက်ကွဲသံကြီး ပေါ်လာပြီး နှင်းခဲများ ပြိုကျကုန်သည်။

လေထဲတွင်လည်း ဖုန်နှင့်နှင်းများ ရောထွေးကာ အမြင်များ ဝေဝါးနေစေ၏။

နှင်းဂူထဲမှ ဂိုဏ်းသားများမှာ အပြင်ကို သေချာ မမြင်ရတော့ဘဲ ပိုစိုးရိမ်သွားသည်။

“ခေါင်းဆောင်ငယ်…”

ဝေ့ရှောင်းထီ အံကြိတ်ကာ လှမ်းခေါ်၏။

“ဖုန်လဲ့ရှန်က မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးနော်… သူ ထိန်းနိုင်ပါ့မလား”

စုန်းချောင်ဖုန်လည်း မျက်နှာပျက်သွားမိ၏။

ရှန်မို ကျင့်ကြံမှု မည်မျှမြန်ပါစေ ဤမျှလောက် အင်အားရှိမည်ဟု မထင်ပါ။

ကျောက်ထင်တို့လည်း နှင်းမှုန်များကြားမှ အာရုံစိုက်ကာ ကြည့်နေ၏။

ဘုံး!

ဇာမဏီမီးတောက်မှာ ရုတ်တရက် တောက်ပလာပြီး ရေခဲမှုန်များကို အငွေ့ပျံစေသည်။

ထို့နောက် ပစ်မှတ်ဖြစ်သော ဖုန်လဲ့ရှန်ဆီသို့ တည့်တည့်ဝင်၍ တိုက်ခိုက်တော့၏

ဤသည်မှာ နတ်ဇာမဏီသိုင်း၏ ဒုတိယတိုက်ကွက် ဖြစ်လေသည်။

ဖုန်လဲ့ရှန် အလွန်လန့်သွား၏။

သူ့သွေးလက်ဝါးဖြင့် ရှန်မိုအား အနိုင်ရမည်ဟု ထင်ထားသော်လည်း ရုတ်တရက် အခြေအနေ ပြောင်းလဲသွားသည်။

ထို့ကြောင့် ခုခံရေးအတွက် ပြန်ပြင်ဆင်ရ၏။

ဘုံး!

ဇာမဏီမီးတောက်အရှိန်ကြောင့် ဖုန်လဲ့ရှန် လွင့်ထွက်ကာ ဒဏ်ရာများ ရသွားသည်။

သွေးမြစ်ဂိုဏ်းသားများလည်း မှင်တက်နေရာမှ အမြန်ပြေး၍ ထူပေးကြ၏။

ရှန်မိုမှာတော့ သူရဲကောင်းမာန်အပြည့်ဖြင့် တည်ငြိမ်စွာ ရှိနေသည်။

“ဒါ ဘယ်လိုသိုင်းကွက်လဲ… ဖုန်လဲ့ရှန်ကိုတောင် တိုက်ခိုက်နိုင်တယ်”

ဝေ့ရှောင်ထန် အံ့ဩတကြီး ရေရွတ်မိသည်။

စုန်းချောင်ဖုန် သက်ပြင်းချ၍

“မပြောတတ်တော့ပါဘူး ဒါပေမဲ့ ချင်းရွှမ်ဂိုဏ်းက ကျင့်စဉ်တော့ မဟုတ်ဘူး… သူ အပြင်က ရလာတာ ဖြစ်မယ်”

ထိုအချိန်တွင် ဖုန်လဲ့ရှန်အား သူ့ဂိုဏ်းသားများ ဝိုင်းကူညီပေးနေသော်လည်း ရင်ဘက်၌ မီးတောက်ဒဏ်ကြောင့် နီရဲနေသည်။

သူ့လက်ကျန် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ခုခံရဦးမည်။

“အနန္တမီးတောက်ပဲ”

သူ ရှန်မိုကိုကြည့်ကာ မှတ်ချက်ပြု၏။

“အားလုံး အတူတူ တိုက်ခိုက်ကြ ငါတော့ သူ ဒီကျင့်စဉ် ထပ်သုံးနိုင်မယ် မထင်ဘူး”

ဖုန်လဲ့ရှန် အော်လိုက်သည်။

“ဟုတ်ကဲ့ပါ”

အကြီးအကဲ (၆) ဦးတို့ စလှုပ်ရှားကြသည်။

အားလုံး ရှန်မို့ကိုသာ ဦးတည်တိုက်ခိုက်လေ၏။

“ခေါင်းဆောင်ငယ်ကို ကူညီပေးမှ ဖြစ်မယ်”

စုန်းချောင်ဖုန်မှ ဆို၏။

ဝေ့ရှောင်းထီလည်း သဘောတူကာ ပြေးထွက်လာကြသည်။

ရှန်မိုမှ အမြန်လှမ်းတား၏။

“နေဦး အင်အားချန်ထားကြပါဦး… ခဏနေ အကာအကွယ်စွမ်းအင် ကုန်တဲ့အခါ သူတို့ကို ဖမ်းရဦးမယ်လေ… အဲ့အခါ ကျွန်တော် တစ်ယောက်တည်း မနိုင်တော့ဘူး”

“အခု (၆) ယောက်က ထိန်းလို့ ရသေးတယ်”

“ကျွန်တော့်သိုင်းကွက်ကို တစ်ခါပဲ သုံးလို့ရမယ် ထင်နေပေမဲ့ ကျွန်တော်က ခဏခဏ သုံးနိုင်တယ်လေ”

ရှန်မိုပြုံးကာ ပြောလိုက်သည်။

ဇာမဏီငှက်၏ ဟိန်းဟောက်သံလည်း တစ်ဖန် ပေါ်လာပြန်၏။

All Chapters