← Chapters

ရှန်မို့ကို ရှင်းရမှာလား… လက်ဆောင်ပဲ ပေးမယ်

Vol. 9 Ch. 132

ရှန်မို့ကို ရှင်းရမှာလား… လက်ဆောင်ပဲ ပေးမယ်

Vol. 9 Ch. 132

ရွှမ်ကျန်းဒေသ၊ မြစ်ကြီးမြို့၊ အစိုးရရုံး။

ကျီရှီလုံတစ်ယောက် ရုံးအနောက်ဘက်ရှိ သစ်ပင်အောက်တွင် ရပ်ရင်း သူ့အရှေ့မှ မြင်ကွင်းအား ကြည့်နေသည်။

သူ့အနောက်တွင် လောင်ရွှမ်ဟန် ရှိ၏။

“ဂိုဏ်းတစ်ရာစုဝေးပွဲ ပြီးသွားတာ ဘယ်လောက်ကြာပြီလဲ”

ကျီရှီလုံ ရုတ်တရက် လှမ်းမေးသည်။

“(၄) လရှိပါပြီ အရှင်”

“နှစ်ဝက်တောင် ကျိုးတော့မှာပဲ… ဒီတစ်လော အားလုံး အေးဆေးပဲနော်… ဂိုဏ်းအသေးနဲ့ ဒုတိယအဆင့်ဂိုဏ်းတွေလည်း ပျောက်ကုန်ပြီ”

လောင်ရွှမ်ဟန် ဂရုတစိုက်ဖြင့်

“အားလုံး အရှင့်ရဲ့ ထက်မြက်တဲ့အစီအစဉ်ကြောင့်ပါ”

ကျီရှီလုံ ပြုံးမိသည်။

ထိုစဉ် အပြင်ဘက်မှ စစ်သည်တစ်ဦး လှမ်းအော်သည်။

“အရေးပေါ် သတင်းပါ… သွေးမြစ်ဂိုဏ်းခေါင်းဆောင် ဖုန်လဲ့ရှန်ကို ချင်းရွှမ်က ခေါင်းဆောင်ငယ် ရှန်မိုက သတ်လိုက်ပါတယ်… သူတို့ပိုင်ဆိုင်မှုကိုလည်း အနီးအနားဂိုဏ်းတွေ ခွဲယူလိုက်ကြပြီ”

ကျီရှီလုံ မျက်ခုံးပင့်လျက်

“ဝင်ခဲ့လေ”

ရှန်မို့အမည်ကြားသောအခါ လောင်ရွှမ်ဟန်လည်း မျက်မှောင်ကြုတ်မိ၏။

အရှင်ကိုယ်တိုင် ရုံးကိုခေါ်ချင်ခဲ့တဲ့တစ်ယောက်မလား။

စစ်သည်လေးမှာ အမြန်ပြေးဝင်လာပြီး ကျီရှီလုံအား စာရွက်စာတမ်းအချို့ ပေး၏။

ကျီရှီလုံ ဖွင့်ကြည့်လိုက်ပြီးနောက် အတော်လေး အံ့ဩသွားသည်။

“ကြည့်ပါဦး”

သူ ဖတ်ပြီးနောက် လောင်ရွှမ်ဟန်အား လှမ်းပေးသည်။

လောင်ရွှမ်ဟန် ယူဖတ်ပြီးနောက် အတော် စိတ်လှုပ်ရှားသွားသည်။

ကျီရှီလုံ ပြုံးလျက်

“ဟိုတစ်လောက နှင်းပျံဂိုဏ်းနဲ့ စိတ်ဝိညာဉ်သားကောင်ဂိုဏ်းတို့ အဂ္ဂိရက်ဆရာကြီးရဲ့ ဂူကို ဝင်ဖျက်ဆီးသေးတယ်လေ… အဲ့မှာလည်း ရှန်မို ဦးဆောင်ခဲ့တာတဲ့”

“အခု ဖုန်လဲ့ရှန်တို့အဖွဲ့လည်း ရှန်မိုသတ်တာ ခံရပြန်ပြီ”

“ကျစ် ကျစ် ဒါဆို အရင်တစ်ခါကိစ္စက ကောလာဟလ မဟုတ်ဘူးပေါ့”

“ရှန်မို သူ့အင်အားတွေ အများကြီး ဖွက်ထားတာပဲ”

လောင်ရွှမ်ဟန် ခေါင်းငြိမ့်ပြ၍

“အရှင် ဒီလူက တကယ် ပါရမီရှင် ဖြစ်ရမယ်”

“မြုတေဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်ကို သတ်နိုင်တာ သာမာန်တော့ မဟုတ်ဘူး”

“ဘယ်လို ဆက်လုပ်မယ်တွေးထားပါလဲ… ရှင်းပစ်သင့်လား”

ကျီရှီလုံ သူ့ကိုလှမ်းကြည့်၍ ပြုံးကာ

“ရှင်းရမှာလား… ဘာလို့လဲ”

“လောင်ရွှမ်ဟန် မင်းက အလားအလာရှိပေမဲ့ သင်ယူစရာတွေ ကျန်နေသေးတာပဲ”

လောင်ရွှမ်ဟန် ရုတ်တရက် မှင်တက်ကာ နားမလည်နိုင် ဖြစ်နေသည်။

“လောင်ရွှမ်ဟန် ငါ အမိန့်ချမယ်”

“ဟုတ်ကဲ့ပါ”

သူ ဒူးတစ်ဖက်ထောက်ကာ တရိုတသေ ဖြေသည်။

“အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၃၀၀၀)၊ ထိပ်တန်း သိမ်မွေ့နက်နဲခြင်းအဆင့် စိတ်ဝိညာဉ်လက်နက် (၂) ခု၊ သိမ်မွေ့နက်နဲခြင်းအဆင့်ဆေးပုလင်း (၂၀) ယူပြီး ချင်းရွှမ်ဂိုဏ်းကို သွားပါ… ပြီးရင် ရှန်မို့ကို ပေးခဲ့လိုက်”

“သူ့ကို ဒီတစ်ခါ ရအောင် ခေါ်လာခဲ့”

“ငါ့ဖြစ်တည်မှုက အရေးကြီးတယ်နော်… ငါ မြို့စားမင်းကပေးတယ်လို့ သေချာပြော”

လောင်ရွှမ်ဟန် ခဏတော့ တွေဝေနေမိသည်။

ကျီရှီလုံ၏ ရည်ရွယ်ချက်ကိုလည်း သဘောပေါက်လာ၏။

“နောက်ပြီးတော့…”

ကျီရှီလုံ လေးနက်စွာဖြင့်

“အရင်တစ်ခါ ဘာလက်ဆောင်တွေ ယူသွားတာလဲ… ဘယ်လိုပုံစံနဲ့ ပြောလိုက်လို့လဲ”

“ပါရမီရှင်ကို အဲ့လိုပဲ ဆက်ဆံရလား”

“အဲ့ဒါမျိုး ထပ်ဖြစ်ရင် ဒီရုံးမှာ မင်းအတွက်လည်း နေရာမရှိတော့ဘူးနော်”

လောင်ရွှမ်ဟန် လန့်သွား၏။

အရှင် ဘယ်လိုသိသွားတာလဲ။

“ဟုတ်ကဲ့ နားလည်ပါပြီ အခုပဲ သွားလိုက်ပါ့မယ်”

သူ ထပ်မမေးရဲတော့ဘဲ အမြန် ပြေးထွက်သွား၏။

ကျီရှီလုံမှာ လက်နောက်ပစ်လျက် သစ်ပင်ကြီးကို ငေးရင်း ကျန်ခဲ့လေသည်။

…

(၁၀) ရက်အကြာ၊ နှင်းဂူတွင်။

ရှန်မို့အမိန့်ဖြင့် တပည့်များမှ သိုင်းလေ့ကျင့်ရေးကွင်း တည်ဆောက်နေကြသည်။

နေရာမှာ အရမ်းမကျယ်သော်လည်း သီးသန့်ဆန်သည်။

ခေါင်းဆောင်၊ အကြီးအကဲများ၊ တပည့်အစစ်များသာ ဝင်ခွင့်ရှိကြ၏။

ထိုအချိန်တွင် ရှန်မိုမှာ သူ့စွမ်းရည်ကို စစ်ဆေးရန် ဝေ့ရှောင်းထီနှင့် အတူရှိနေသည်။

မလှမ်းမကမ်း၌ ကျောက်ထင်၊ လောင်ရှန်နန်တို့ လှမ်းကြည့်နေကြ၏။

“ခေါင်းဆောင်ငယ် ကျွန်တော် လာပြီနော်”

ဝေ့ရှောင်းထီ အော်ရင်း လက်သီးမှ လျှပ်စီးများ တောက်လျက် ရှန်မို့ရင်ဘက်အား ထိုးလိုက်သည်။

“ကောင်းတယ်”

ရှန်မို ပြုံး၍ပြောလိုက်ပြီး ချက်ချင်း ကြေးဂိတ်တံခါးများ ဆက်တိုက် ပေါ်လာသည်။

ချွမ် ချွမ် ချွင်!

လျှပ်စီးစွမ်းအင်များမှာ တံခါးများကိုသာ ထိခိုက်မိ၏။

ဝေ့ရှောင်းထီ စိတ်ဝိညာဉ်စွမ်းအင် ပိုသုံးကာ တိုက်ခိုက်ပြန်သည်။

သို့သော် ကြေးတံခါးများကိုသာ ထိမိလေသည်။

“ကျွန်တော့်မိုးကြိုးသိုင်းက အားအကြီးဆုံးပဲ… ဒါပေမဲ့ ခေါင်းဆောင်ငယ်ရဲ့ ခုခံမှုကို မကျော်နိုင်ဘူး”

ရှန်မို တစ်ခုခုပြောရန် ပြင်ပြီးမှ အပြင်ဘက်ရှိ တပည့်များကို သတိထားမိကာ ရေခဲပြင်နံရံများ ကာလိုက်သည်။

သူ့အမူအရာမှာ အေးစက်၍ တစ်ခုခုကို ဉာဏ်အလင်းရသွားပုံပင်။

ဝေ့ရှောင်းထီ လန့်သွားပြီးမှ သဘောပေါက်ကာ တိတ်တဆိတ် ထွက်လာခဲ့သည်။

အတော်လှမ်းလှမ်းရောက်မှ သက်ပြင်းချ၍

“လေ့ကျင့်ရေးကွင်းနား ဘယ်သူမှ မလာစေနဲ့ အားလုံးကို မှာထားလိုက်”

သူ ခပ်တိုးတိုး အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့ ကျွန်တော်တို့ စီစဉ်လိုက်ပါမယ်”

ကျောက်ထင်နှင့် လောင်ရှန်နန်တို့ ခေါင်းငြိမ့်ပြကြသည်။

ရှန်မို့အင်အားနှင့် ဉာဏ်ပညာမြင့်ကြောင်း သိသော်လည်း ယခုလို ရုတ်တရက်အခြေအနေမျိုးနှင့် မကြုံဖူးချေ။

အချိန် တဖြည်းဖြည်း ကုန်ဆုံးရင်း မနက်ခင်းမှ နေမွန်းတည့်ချိန်သို့ ရောက်လာသည်။

ရှန်မို့ဘေးတွင် ကြေးတံခါးကြီး (၃) ချပ် ဝဲလျက် ရွှေရောင်စိတ်ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံနေသည်။

စွမ်းအင်များ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး မကြာမီ (၄) ချပ်မြောက် ကြေးတံခါး ပေါ်လာ၏။

ရွှေရောင်စိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့ကာ ရေခဲစွမ်းအင်များ စိမ့်ဝင်သွားသည်။

ချက်ချင်းပင် ကြေးတံခါးမှ ရေခဲတံခါးအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် စက္ကန့်ပိုင်းအတွင်း ရေခဲစွမ်းအင်ကုန်ကာ မီးတောက်တံခါး ဖြစ်သွားပြန်သည်။

ထို့နောက် သစ်သားတံခါးအား နွယ်ပင်များ ရစ်ပတ်နေပုံ ပြောင်း၏။

ပြီးလျှင် ရေကဲ့သို့ကြည်လင်သော တံခါး ဖြစ်သွားသည်။

ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ စွမ်းအင် (၅) မျိုး ပြည့်စုံသွားလေပြီ။

လေ၊ လျှပ်စီး၊ ရေခဲတို့မှာ ပိုရှားပါး၍ အင်အားကြီးသော စွမ်းအင်များ ဖြစ်၏။

စိတ်ဝိညာဉ်စွမ်းအင် (၈) မျိုး ဆက်တိုက် ပေါ်ပေါက်ကာ တစ်မျိုးစီ ဖြစ်ပျက်နေသည်။

ထိုစဉ် ရှန်မို မျက်လုံးများ ပွင့်လာ၏။

(၄) ခုမြောက်တံခါးမှာ အခြေအနေပေါ် မူတည်၍ အမျိုးမျိုး ပြောင်းလဲနိုင်လေသည်။

ရှန်မို အလွန်ကျေနပ်နေမိ၏။

သူ့ခုခံစွမ်းအား ပိုတိုးတက်လာလေပြီ။

လေ့ကျင့်ရေးကွင်းအပြင်မှ ရုတ်တရက် ချီးကျူးအားပေးသံများကို ကြားရသည်။

“သိုင်းကျင့်စဉ်တစ်ခု ထပ်အောင်မြင်သွားတာ ဂုဏ်ယူပါတယ် ခေါင်းဆောင်ငယ်”

All Chapters