ကျောက်ဖြူမြို့မှ ရနံ့
Vol. 9 Ch. 134
“သခင်က ခွေးရိုင်းတွေကို တုတ်နဲ့ မောင်းတယ်… ဒါပေမဲ့ အဲ့ခွေးရိုင်းကို အိမ်မွေးခွေးအဖြစ် ကျင့်နိုင်တဲ့အခါ တုတ်ဟာ ခွေးရဲ့ ရန်ညှိုးကြောင့် ကျိုးလိမ့်မယ်”
ကျီရှီလုံ တောင်ဘက်ပိုင်းသို့ မျှော်ကြည့်ရင်း တတွတ်တွတ် ရေရွတ်မိ၏။
သူ့ဘေးတွင် လောင်ရွှမ်ဟန်မှာ တိတ်ဆိတ်စွာ ရပ်နေလေသည်။
လောင်ရွှမ်ရန် ပြန်ရောက်သည်နှင့် ရှန်မိုပြောသည့်စကားအား အသေးစိတ် တစ်လုံးမကျန် ပြန်ပြောလိုက်၏။
“သူ ဘာကိုဆိုလိုချင်တာလဲ သိလား”
ကျီရှီလုံ ရုတ်တရက် လှမ်းမေးသည်။
လောင်ရွှမ်ဟန် ခေါင်းယမ်းကာ
“ကျွန်တော်လည်း မသိတော့ပါဘူး”
ကျီရှီလုံ နှာခေါင်းရှုံ့ကာ
“မင်းက မသိတာမဟုတ်ဘဲ မပြောရဲတာပဲ ဖြစ်မှာပေါ့”
သူ့စကား မှန်နေ၍ လောင်ရွှမ်ဟန် ငြိမ်နေ၏။
ကျီရှီလုံ တည်ငြိမ်စွာဖြင့်
“ငါက ယုကျောက်ဒေသ အရှင်သခင်လို့ ယုံနေတာပဲ”
“ဒီကောင်လေး တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်… ရွှမ်ကျန်းဒေသ ပျက်စီးတော့မယ့် အချိန်မှာတောင် ငါ့အနာဂတ်ကို မြင်နိုင်တယ်”
လောင်ရွှမ်ဟန် တိတ်ဆိတ်နေဆဲပင်။
“ရွှမ်ကျန်းဒေသ ထိပ်တန်း (၅) ဂိုဏ်းကရော ဘာတွေ လှုပ်ရှားမှု ရှိသေးလဲ”
ထိုအခါမှ လောင်ရွှမ်ဟန်က
“နတ်ဓားဂိုဏ်းက ကျောက်ချင်းကန်က ဓားရွှေအမြုတေ (၇) ခုကို အောင်မြင်စွာ ဖွဲ့စည်းပြီး အဆင့်တက်နိုင်သွားပါပြီ”
“အဆိပ်နွယ်ဂိုဏ်းက မိုယုဟုန်လည်း နတ်ဆိုး ရွှေအမြုတေ (၁) သောင်း တည်ဆောက်ပြီး အဆင့်တက်သွားပါတယ်”
“တက်နေဝန်းဂိုဏ်းက ဟုန်ချီယူက နေနီရွှေအမြုတေ ဖွဲ့စည်းပြီး မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်သွားပါတယ်”
“မိုးကြိုးမီးတောက်ဂိုဏ်းရဲ့ ဝမ်ကျင်းကတော့ ရွှေအမြုတေ မဖွဲ့စည်းနိုင်ဘဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီး အနည်းဆုံး (၃) လလောက် နားရမှာပါ”
“နတ်ရေစင်ဂိုဏ်းမှာဆိုရင် ရှန်မိုက ဖုန်လဲ့ရှန်ကို သတ်လိုက်တဲ့ သတင်းကြားပြီး ယင်ရွှယ်ကျဲ မေ့လဲသွားပါတယ်တဲ့… အခု ခေါင်းဆောင် ကျန်းမိုက ပိုင်ကျီယွဲ့ကို ပြောင်းပြီး ပျိုးထောင်နေပါပြီ”
ကျီရှီလုံ ခပ်အေးအေးဖြင့်
“ထိပ်တန်း (၅) ဂိုဏ်းဆိုပေမဲ့ အခြေအနေတွေက အရမ်း ကွာနေတယ်နော်”
“နတ်ရေစင်ဂိုဏ်းက တခြား ဘာတွေ လှုပ်ရှားနေသေးလဲ”
“ခေါင်းဆောင်ကျန်းက မြစ်ဖြူဂိုဏ်းခေါင်းဆောင် လုရှင်းယွီနဲ့ ကိုယ်တိုင် သွားတွေ့ခဲ့ပေမဲ့ ဘာတွေ ပြောခဲ့လဲတော့ ဘယ်သူမှ မသိသေးပါဘူး”
ကျီရှီလုံ ခေါင်းငြိမ့်ကာ
“အဆိပ်နွယ်ဂိုဏ်းမှာရော မိုယုဟုန်ကလွဲပြီး တခြားသတင်း မရှိဘူးလား”
“ဟုတ်ကဲ့… အဆိပ်နွယ်ဂိုဏ်းက အခုတလော ငြိမ်နေပါတယ်… အဆိပ်ဖော်စပ်တာ၊ သားကောင် ပျိုးထောင်တာတွေလောက်ပဲ ရှုပ်နေတာပါ”
ကျီရှီလုံ လက်ယမ်း၍
“မင်းသွားလို့ ရပြီ”
“ဟုတ်ကဲ့ပါ”
ကျီရှီလုံ မျက်မှောင်ကြုတ်လျက် ကျန်ခဲ့၏။
“အဆိပ်နွယ်ဂိုဏ်းက မလှုပ်ရှားဘူးတဲ့လား… တစ်ခုခုတော့ ရှိရမယ်… ငါ့ဆီ သတင်းမပေါက်တာပဲ နေမှာ”
“အဆိပ်နွယ်ဂိုဏ်းနဲ့ နတ်ရေစင်ဂိုဏ်းတွေ ချင်းရွှမ်ကို အသုံးချပြီး ကစားဖို့ ကြံစည်နေမှာပဲ”
…
နှင်းဂူထဲတွင်။
ရှန်မို ရေခဲနဂါးအလောင်းဘေး၌ ထိုင်နေ၏။
ညာဘက်လက်မှာ ကြာနီမီးတောက်များ တောက်လျက် နဂါးခန္ဓာကိုယ်မှ ရေခဲများကို အရည်ပျော်စေသည်။
ဤသည်မှာ သူ လွန်ခဲ့သည့်ရက်ပိုင်းကမှ တတ်မြောက်ခဲ့သော ပညာဖြစ်၏။
လုပ်ငန်းစဉ်မှာ နှေးသော်လည်း ရေခဲနဂါးသွေးများကို ထပ်ရလာသည်။
စိတ်ရှည်ရှည် ဆက်သွားလျှင် ရေခဲနဂါး တစ်ကောင်လုံးအာ အရည်ပျော်စေနိုင်လောက်သည်။
သူ့အရိုး၊ အရွတ်၊ သွေးများအား အကုန် တစ်ပြိုင်တည်း ရနိုင်၏။
ထိုအခါ ရေခဲနဂါး အရည်ပျော်သွား၍ ဂူတစ်ခုလုံး အပူချိန် မြင့်လာပြီး နှင်းဂူမှာ တန်ဖိုးမရှိတော့ပေ။
အခြားဂိုဏ်းကို ရောင်းသည်ဖြစ်စေ၊ စွန့်ပစ်သည်ဖြစ်စေ ကိစ္စမရှိတော့ပါ။
ထို့အပြင် ရက်ပေါင်းများစွာ ဆက်တိုက် အရည်ပျော်ပြီးနောက် ကြာနီမီးတောက်အစွမ်း တိုးတက်လာသည်ကိုလည်း တွေ့ရ၏။
“နတ်ရေစင်ဂိုဏ်းမှာ ထူးခြားတာ မရှိဘူးလား”
ရှန်မို နဂါးအလောင်းဘေးတွင် ထိုင်ရင်း တွေးမိ၏။
ထို့နောက် သူ့စနစ်ကံကြမ္မာကို ကြည့်မိလေသည်။
[အနာဂတ်: မြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်တွင် ရပ်တန့်မည်။ (၃) လအကြာတွင် ချင်းရွှမ်ဂိုဏ်း တိုက်ခိုက်ခံရပြီး သင်လည်း ကျန်းမိုလက်ချက်ဖြင့် သေဆုံးမည်]
[လတ်တလောအခွင့်အရေး (၁): ယနေ့ ရေခဲနဂါး အရည်ပျော်ခြင်း မြန်ဆန်လာပြီး ခန္ဓာကိုယ်တစ်ဝက်ခန့် ပြီးစီးသွားမည်။ နဂါးရိုး (၁) ခုနှင့် အရွတ် (၁) ခု ရရှိမည်]
[လတ်တလောအခွင့်အရေး (၂): လဝက်ကျော်အချိန်တွင် ရေခဲနဂါးတစ်ကိုယ်လုံး အရည်ပျော်စေခြင်း ပြီးဆုံးကာ ရတနာများအားလုံး သိုလှောင်လက်စွပ်ထဲ သိမ်းထားနိုင်မည်]
[လတ်တလောအခွင့်အရေး (၃): တစ်လအကြာတွင် နောက်ဆုံး အားဖြည့်ဆေးကို သောက်၍ မြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိမည်]
[အလှည့်အပြောင်း (၁): နောက်ဆုံးအဆင့် ရောက်ရှိပြီးနောက် ရတနာတစ်ခုကဲ့သို့ မွှေးရနံ့ကို အနံ့ခံမိပြီး စစ်ဆေးရန် ကျောက်ဖြူမြို့ကို ဖြတ်သောအခါ မြစ်ဖြူဂိုဏ်း၏ ထောင်ချောက်ကို ကြုံရမည်။ ထို့နောက် အဖမ်းခံရပြီး နှင်းဂူနှင့် လဲလှယ်ရမည်]
[အလှည့်အပြောင်း (၂): မြစ်ဖြူဂိုဏ်းတွင် နှိပ်စက်ခံရပြီး ပုံရိပ်ငယ်ပျက်စီးကာ ချင်းရွှမ်သို့ ပြန်ရောက်ချိန်တွင် အသုံးမဝင်သူဖြစ်နေမည်]
ရှန်မို မျက်ခုံးပင့်မိ၏။
“အဓိကက ငါ မြစ်ဖြူဂိုဏ်းဆီက အဖမ်းခံရပြီး ပုံရိပ်ငယ် ပျက်စီးသွားလို့ကိုး”
“ဒီလိုသာဆို မူယုံးယွဲ့ သူ့မှာ အင်အားနည်းလည်း ရအောင် သွားတိုက်မှာ”
သူ မြစ်ဖြူဂိုဏ်းမှ လှုပ်ရှားလာမည်ဟု တွေးထားသော်လည်း ယခုလို တိုက်ရိုက် တိုက်ခိုက်မည်ဟုတော့ မထင်မိချေ။
“သူတို့ဆီက ရတဲ့အမွှေးနံ့က လက်တစ်ထောင် ကြာပွင့်လို ရှားပါးတဲ့ရတနာပဲ ဖြစ်ရမယ်… ငါ မရရအောင် ယူမှာ… ကျောက်ဖြူမြို့ကို ဘာလို့ မသွားရမှာလဲ”
“လာဖမ်းမယ့် မြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲကို သတိထားလိုက်ရင် ရပြီပဲ”
ရှန်မို တစ်ယောက်တည်း တွေးတောနေမိသည်။
“ဒီလောက် အကြီးအကဲကို မကိုင်တွယ်နိုင်စရာတော့ မရှိပါဘူး”
သူတို့၏ အဓိကအားနည်းချက်မှာ တိုက်ပွဲရှည်များကို ခံနိုင်ရည်မရှိပေ။
သူ တိုက်ရိုက်တိုက်ခိုက်မှုကို ရှောင်၍ အကွက်ဆင်နိုင်ပါက ပိုအကျိုးရှိလိမ့်မည်။
ထိုအခါ ချင်းရွှမ်မှ အခွင့်အရေးယူ၍ မြစ်ဖြူဂိုဏ်းအား တစ်ချက်တည်း တိုက်ခိုက်နိုင်ကာ နတ်ရေစင်ဂိုဏ်း မည်မျှ ဟန်ဆောင်နေသော်လည်း ကိုယ်တိုင် ထွက်လာရမည့်အချိန်သို့ ရောက်လာပေမည်။
“အားလုံး ပြင်ဆင်ပြီးတော့ အဲ့နေ့ ရောက်လာဖို့ စောင့်နေရုံပဲ ကျန်တော့တယ်”
ရှန်မို့အမူအရာမှာ အလွန် တည်ငြိမ်နေ၏။