← Chapters

အဲ့တော့ သူကိုး

Vol. 9 Ch. 135

အဲ့တော့ သူကိုး

Vol. 9 Ch. 135

နှင်းဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် အရာအားလုံး တိတ်ဆိတ်နေ၏။

အချိန်မှာ တဖြည်းဖြည်း ကုန်ဆုံးလာသည်။

ကြာနီမီးတောက်သည် တောက်ပစွာ လောင်ကျွမ်း၍ နှင်းခဲများစွာ အရည်ပျော်ကျလာလေ၏။

ရှန်မို့အမူအရာ လင်းလက်သွားပြီး ပတ်ဝန်းကျင် အခြေအနေကို ကြည့်နေသည်။

“ရေခဲနဂါးခန္ဓာကိုယ်က အပေါက်ဖြစ်သွားပြီပဲ… အဲ့ဒါကြောင့် မြန်မြန်အရည်ပျော်တာ ဖြစ်မယ်”

ရှန်မို ခေါင်းယမ်း၍ ထိုအပေါက်ကို ကြည့်လိုက်သောအခါ အရွတ်များ အကုန်နီးပါး မရှိတော့ပေ။

သွေးအိတ်ခဲများသာ အနည်းငယ် ကပ်တွယ်ကျန်နေသည်။

“ဒီလောက်ဆို ငါ့အတွက် ရလောက်ပြီလား”

ရှန်မို သက်ပြင်းချလိုက်သည်။

သူ သွေးအရင်းအမြစ်အနေဖြင့် များစွာရမည်ဟု ထင်ထား၏။ သူ့ နတ်ဆိုးချပ်ဝတ်မှာလည်း သွေးစွမ်းအင်များစွာ လိုအပ်ပြီး ယခုအခြေအနေဖြင့် မလုံလောက်နိုင်သေးပါ။

…

အချိန် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားလေ၏။

ရှန်မို အခန်းထဲတွင် တိတ်ဆိတ်စွာထိုင်ရင်း အားဖြည့်ဆေး၏ စွမ်းအင်ကို မွမ်းမံနေသည်။ ထိုဆေးများမှာ မူယုံးယွဲ့ထံမှရခြင်း မဟုတ်ဘဲ ဖုန်လဲ့ရှန်ကို သတ်ပြီးနောက် သူ့သိုလှောင်လက်စွပ်ထဲမှ ရခြင်း ဖြစ်လေသည်။

ဖုန်လဲ့ရှန် မသုံးရသေးသော ဆေး (၂) လုံးမှာ ယခု ရှန်မို့အတွက် အကျိုးရှိသွား၏။

မကြာမီ ဆေးအစွမ်းဖြင့် အတွင်းအားများ စိမ့်ထွက်လာသည်။

ရွှေအမြုတေလည်း ပို၍ ကျယ်ပြန့်ကာ သာမာန် မြုတေဖွဲ့စည်းခြင်းအဆင့်ထက် များစွာ အင်အားကြီး၏။

“မြုတေဖွဲ့စည်းခြင်းအဆင့် လုံးဝ အောင်မြင်သွားပြီ”

ရှန်မို စိတ်လှုပ်ရှားကာ အမြန် အပြင်ထွက်လာသည်။

လတ်ဆတ်သောလေကို ရှူရှိုက်ရင်း ပြုံးမိ၏။

ထိုစဉ် စကားသံအချို့ ကြားရလေသည်။

“ကျောက်ဖြူမြို့တစ်ဝိုက်မှာ ထူးဆန်းတဲ့ရနံ့တွေ ပြည့်နေပေမဲ့ ဘာဖြစ်နေမှန်း ဘယ်သူမှ မသိကြဘူးတဲ့”

“ရတနာကောင်းတစ်ခုခု ပေါ်လာတာလို့ ပြောကြတယ်… ဒီလို မိုင်ပေါင်းများစွာ ပျံ့နှံ့နိုင်တာဆိုတော့ ခြေတည်ဝိညာဉ် ပျိုးထောင်နိုင်မယ့် ရတနာပဲ ဖြစ်ရမယ်… မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေ အများကြီး သွားနေကြပြီ”

“နှမျောစရာပဲ… ငါတို့သာ မြုတေဖွဲ့စည်းခြင်းအဆင့်ဆို ဒီလို အခွင့်ထူးနဲ့ ကြုံရမှာကို”

“ငါတို့ဂိုဏ်းက အကြီးအကဲတွေရော မသွားကြဘူးလား”

“ဘယ်သွားမှာလဲ… ငါတို့ဂိုဏ်းက ဒီတစ်လော အရမ်းကျယ်ပြန့်ပြီး ကာကွယ်ရမယ့်နေရာတွေ များတယ်လေ… ဘယ်အကြီးအကဲမှ မအားဘူး”

“ဟုတ်တယ်နော်… နှမျောလိုက်တာ… တကယ့် ရတနာကောင်းဖြစ်မှာ”

ရှန်မိုလည်း ပို၍ စိတ်ဝင်စားလာ၏။ ထိုတပည့်များအနား ကပ်သွားပြီး

“အခုရော ကျောက်ဖြူမြို့မှာ အခြေအနေ ဘယ်လိုလဲ”

တပည့် (၂) ဦး ရုတ်တရက် လန့်သွားပြီးမှ ရှန်မိုမှန်း သိသောအခါ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

ထို့နောက် သိထားသမျှကို အားလုံး ပြန်ပြောလိုက်လေ၏။

“ခေါင်းဆောင်ငယ် သွားကြည့်မလို့လား”

ရှန်မို ခေါင်းငြိမ့်ပြ၍

“စိတ်ဝင်စားစရာပဲ… အကြီးအကဲစုန်းနဲ့ အဆောင်သခင်ဝေ့ကို ငါ ကျောက်ဖြူမြို့ သွားတယ်လို့ ပြန်ပြောလိုက်ပါ… လုံခြုရေးကို ဘာမှ မစိုးရိမ်နဲ့လို့”

“ဟုတ်ကဲ့ အခုပဲ သွားပြောလိုက်ပါမယ်”

ရှန်မိုမှာတော့ မြောက်ဘက်ပိုင်းသို့ ချက်ချင်း ပျံသန်းသွားတော့သည်။

ခေါင်းဆောင်ငယ်တစ်ဦး ဖြစ်လာ၍ မပြောမဆို ပျောက်သွားသည်မျိုးမှာ အရေးကြီးပါသည်။

တစ်ခုခုဖြစ်၍ လိုက်ရှာလျှင်လည်း အစအန သိထားခြင်းက ပိုကောင်း၏။

…

ကျောက်ဖြူမြို့။

ထိုမြို့မှာ နှင်းမြို့၏ မြောက်ပိုင်းတွင်ရှိပြီး ရွှမ်ကျန်းဒေသ၏ အလယ်ပိုင်းခန့် ကျသည်။

ကျောက်ဖြူမြို့ကို အရင်က သွေးမြစ်ဂိုဏ်းမှ ထိန်းချုပ်ထားသော်လည်း သွေးမြစ်ဂိုဏ်း ပျက်စီးပြီးနောက် ချင်းရွှမ်၊ မြစ်ဖြူ၊ မိုးမုန်တိုင်းနှင့် ခရမ်းကြယ်ဂိုဏ်းတို့မှ အပြိုင်အဆိုင် လုနေပြီး မည်သည့်ဂိုဏ်းမှ မပိုင်ဆိုင်သေးပေ။

ချင်းရွှမ်မှာ အခြားကာကွယ်ရမည့်ဒေသများလည်း တိုးလာသောကြောင့် မူယုံးယွဲ့မှ လက်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီး ယခုအခါ ဂိုဏ်း (၃) ခုမှ ခွဲဝေရန် ဖြစ်လာသည်။

သို့သော် မြို့ထဲ၌ မခွဲဝေရသေးသော နယ်မြေကြီးများလည်းရှိကာ လတ်တလော အလွတ်တန်း ကျင့်ကြံသူများသာ ကျက်စားနေကြသည်။

ဤသို့ဖြင့် မြို့ထဲတွင် အားလုံး ရှုပ်ထွေးနေသည်။

လူသတ်မှု၊ ခိုးဝှက်လုယက်မှုများမှာ နေ့ခင်းကြောင်တောင်၌ပင် သာမာန်ဖြစ်နေ၏။

ထိုအချိန်တွင် ကျောက်ဖြူမြို့အဝင်ဝသို့ လူငယ်လေးတစ်ဦး ရောက်လာသည်။

သူသည် မီးတောက်ပုံများပါသော မျက်နှာဖုံးကို တစ်ဝက်ဝတ်ဆင်ကာ နှုတ်ခမ်းတစ်ခုတည်း ဖော်ပြထား၏။

သို့သော် အခြား မျက်နှာဖုံးတပ်ဆင်သူများလည်း အများအပြားရှိသောကြောင့် လူငယ်လေးမှာ ထူးဆန်းမနေပေ။

ထိုလူငယ်မှာ ရှန်မိုပင်။

သူ့ဖြစ်တည်မှုကို ဖုံးကွယ်၍ မလိုလားအပ်သော ပြဿနာများကို ရှောင်နိုင်ရန် ဖြစ်သည်။

“တကယ်ကို မွှေးလွန်းတဲ့ရနံ့ပဲ”

ရှန်မို မြို့ထဲစရောက်သည်နှင့် မွှေးရနံ့ကို ခံစားမိသည်။

အနည်းငယ် ရှူရှိုက်ရုံဖြင့် ပေါ့ပါးလန်းဆန်းသွားစေ၏။

ရွှေအမြုတေ၏ လည်ပတ်နှုန်းလည်း မြန်လာသည်။

“ဒါကို ဘယ်လိုရှာရမလဲ ရတနာက သေချာပေါက် မြေအောက်ထဲမှာ ရှိမှာ… သဲလွန်စမရှိဘဲ ရှာဖို့တော့ တော်တော် ခက်လိမ့်မယ်”

သူ ရှေ့သို့ဆက်သွားရင်း လမ်းဘေး၌ အလောင်းအချို့ကို တွေ့ရသည်။

မလှမ်းမကမ်းတွင် လက်နက်များဖြင့် တိုက်ခိုက်သံများလည်း ကြားရ၏။

ပြိုင်ဘက်အဖွဲ့များ တိုက်ပွဲစနေလေပြီ။

အချို့ အလွတ်တန်းကျင့်ကြံသူများမှာ ရှန်မို့ကို စိုက်ကြည့်နေကြသည်။

သို့သော် ရှန်မိုမှ လျင်မြန်စွာ ကြိုရှင်းထားသောကြောင့် အခြားသူများပါ ငြိမ်သွား၏။

ထို့နောက် ဆက်လျှောက်သွားရင်း အနောက်မှ ခြေသံအချို့ကို ကြားရသည်။

ရှန်မို မဲ့ပြုံး ပြုံး၍ ထိုနေရာကို အရှိန်မြှင့်ကာ ပတ်လိုက်သည်။

ခဏအကြာမှ လက်ဖက်ရည်ဆိုင်တစ်ခုထဲ ဝင်သွား၏။

“ဆိုင်ရှင်… လက်ဖက်ရည်အေး တစ်ခွက်ပေးပါ”

ရှန်မို တည်ငြိမ်စွာ ဝင်ထိုင်၍ ဆိုသည်။

“ကြွပါဗျ ခဏလေး စောင့်ပေးနော်”

ဆိုင်ရှင်ကြီးမှာ အင်အားကြီး ကျင့်ကြံသူမဟုတ်ဘဲ သာမာန် ခန္ဓာကိုယ်ကျင့်ကြံရုံသာ ရှိသည်။ အားကြီးသော လူသားရိုးရိုးနှင့်ပင် သိပ်မကွာလှချေ။

မကြာမီ လက်ဖက်ရည် ရောက်လာ၏။

ရှန်မို လက်ဖက်ရည်သောက်ရင်း ဆိုင်ထဲမှ အခြားကျင့်ကြံသူများ၏ စကားဝိုင်းများကို နားထောင်နေသည်။

“ဟိုမိန်းကလေးကို ကြည့်ပါဦး… အရမ်းလှတာပဲ… ငါတို့ လှုပ်ရှားမလား…”

“ရှူး … သူ့ဘေးကလူကို မတွေ့ဘူးလား… အဲ့ဒါ ချင်းရွှမ်ဂိုဏ်းက တပည့်လေ အခုတလော အဲ့ဂိုဏ်းက အရမ်းနာမည်ကြီးနေတာ သွားမစတာ ကောင်းမယ်”

“ချင်းရွှမ်ဂိုဏ်း… သူတို့က အဲ့လောက် အင်အားကြီးလို့လား… ငါတော့ သိပ်မကြားဖူးပါဘူး”

“မင်း လာနောက်နေတာလား… ချင်းရွှမ်ဂိုဏ်းကို မသိဘူးလား… ရွှမ်ကျန်းဒေသကရော ဟုတ်ရဲ့လား”

“မဟုတ်ဘူးလေ… ငါက ကျန်းတီဒေသက လာတာ… ငါတို့ဂိုဏ်း ဖျက်ဆီးခံလိုက်ရလို့”

“အာ စိတ်မကောင်းပါဘူးဗျာ”

“နေပါဦး ချင်းရွှမ်ဂိုဏ်းက ဘာလဲ ပြောပါဦး… ရွှမ်ကျန်းက ထိပ်တန်း (၅) ဂိုဏ်းပဲ သိတာ”

“အင်း… ချင်းရွှမ်ဂိုဏ်းအကြောင်း ပြောမယ်ဆိုရင် လူတစ်ယောက်အကြောင်းပါ သေချာပေါက် ထည့်ရမယ်… သူတို့ရဲ့ခေါင်းဆောင်ငယ် ရှန်မိုလေ… သူက ဂိုဏ်းတစ်ရာစုဝေးပွဲမှာ ပထမရသွားတာ… ထပ်ပြောရရင် မြုတေဖွဲ့စည်းခြင်း အစပိုင်းအဆင့်နဲ့ ထိပ်ဆုံးအဆင့် ကျင့်ကြံသူကိုလည်း သတ်ဖူးတယ်… ဒီလောက်ဆို လေးစားစရာမကောင်းဘူးလား ပြော”

“တကယ် အံ့ဩစရာပဲ”

“…”

ရှန်မို ထိုအကြောင်း နားထောင်၍ ရယ်မောမိသည်။

ကျောက်ဖြူမြို့၌ပင် သူ့သတင်းများ ပျံ့နေမည်ဟု မထင်ထားချေ။

ဒါနဲ့ ချင်းရွှမ်ဂိုဏ်းက တပည့်လား။

ရှန်မို ထိုစုံတွဲအား လှမ်းကြည့်မိ၏။

အမျိုးသားမှာ အရပ်ရှည်ရှည်နှင့် မိန်းကလေးသည် လူကောင်သေးသေး နုနုလေး ဖြစ်သည်။

ရှန်မို သူတို့ စနစ်ကံကြမ္မာအား လှမ်းကြည့်လိုက်၏။

“အဲ့တော့ သူကိုး”

ရှန်မို ရယ်မောမိလေသည်။

All Chapters