အခန်း (၃၁)
Vol. 3 Ch. 31
မကြာမီတွင် ယောင်ယောင် သည် အမည်မသိ တောင်ထိပ်တစ်ခုဆီသို့ စိတ်လှုပ်ရှားစွာ ပြန်ပြေးလာခဲ့သည်။
တောင်ထိပ်များကြားတွင် တည်ရှိသော အိမ်ဝန်းလေးထဲသို့ အပြေးအလွှား ဝင်ရောက်ခဲ့ပြီး အတွင်းရှိ အလွန်တရာ လှပသော အမျိုးသမီးကို လှမ်းခေါ်လိုက်သည်- “ဆရာရေ၊ ဆရာ! ယောင်ယောင် နောက်ထပ် အရောင်းအဝယ်ကြီး တစ်ခုကို ရခဲ့ပြီ! တကယ်ကို ကြီးမားတဲ့ အရောင်းအဝယ်ပဲ၊ ငွေတေး ဆယ်သန်းကျော် တန်တယ်! ကျွန်မတို့ ချမ်းသာတော့မယ်! ဟား…ဟား..!”
“တကယ်လား?”
ထိုလှပသောအမျိုးသမီးက အနည်းငယ် စိတ်လှုပ်ရှားသွားပြီး၊ “ဒါဆိုရင် ဘယ်လိုအရောင်းအဝယ်မျိုးလဲဆိုတာကို ဆရာ့ကို အမြန်ပြောပြဦး” ဟု ပြောလိုက်သည်။
“ဆရာ၊ ကျွန်မပြောပြမယ်။ ဒီအရောင်းအဝယ်ကို မိုက်မဲလှတဲ့ ဧကရာဇ်လေးရဲ့ လက်ထဲကနေ ရအောင် ယောင်ယောင်က နွားကိုးကောင်အင်အားနဲ့ ကျားနှစ်ကောင်ရဲ့ အားထုတ်မှုလိုမျိုး ကြိုးစားပြီး လှည့်ဖြားယူခဲ့ရတာ” ဟု ယောင်ယောင်သည် အစအဆုံး အကြောင်းစုံကို ဆက်တိုက် ပြောပြလေတော့သည်။
ပြောပြီးနောက် ယောင်ယောင်သည် ချီးကျူးခံလိုသဖြင့် စိတ်လှုပ်ရှားစွာ ကခုန်ရင်း- “ဆရာ၊ အဲဒါတွေက တန်ဖိုးရှိတဲ့ တွင်းထွက်သတ္တုတွေပဲ။ သံ၊ ကြေးနီနဲ့ ငွေတွင်းတွေလည်း ပါတယ်! အဲ့ဒါတွေကို ပြန်ရောင်းလို့လည်း ရတယ်၊ လက်နက်တွေ ထုတ်လုပ်ဖို့အတွက်လည်း အသုံးပြုလို့ရတယ်”
“ကျွန်မတို့က ကုန်ပစ္စည်းတွေနဲ့သာ လဲလှယ်ရမှာဖြစ်ပြီး ၇၀ ရာခိုင်နှုန်းသာ ပေးရုံနဲ့ ဒီအရောင်းအဝယ်ကို အောင်မြင်အောင် လုပ်နိုင်ပြီ။ ဆရာ၊ ကျွန်မတို့ ကံကောင်းတယ်လို့ မထင်ဘူးလား?”
ထိုလှပသော အမျိုးသမီးက စကားမပြောနိုင်ဖြစ်သွားပြီး- “ယောင်ယောင်၊ သမီး သူ့လက်ထဲမှာ အရောင်းခံလိုက်ရပြီး သူ့အတွက် ပိုက်ဆံပါ ရေတွက်ပေးနေတုန်းပဲ!”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဆရာ! အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့!” ယောင်ယောင်သည် ခေါင်းခါရင်း ငြင်းဆိုလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆိုရင် ဆရာမက ဒီအကြောင်းကို သမီးနဲ့ ဆွေးနွေးကြည့်မယ်!”
အလွန်လှပသော အမျိုးသမီးက ရယ်မောရင်း- “ယောင်ယောင်၊ သမီးပြောတာက ရှ နိုင်ငံမှာ ကြေးနီနဲ့ သံလို တွင်းထွက်သတ္တုတွေ ပေါများတယ်၊ ဟုတ်တယ်မလား? သူတို့ နိုင်ငံအတွင်းမှာ အသုံးပြုတာအပြင် တခြားဘယ်သူတွေကို ရောင်းနိုင်သေးလဲ?”
ယောင်ယောင်က ချက်ချင်း ပြန်ဖြေလိုက်သည်- “ပတ်ဝန်းကျင်က နိုင်ငံတွေ၊ တခြား မျိုးနွယ်စုကြီးတွေကို ရောင်းလို့ရတာပေါ့!”
ထိုလှပသော အမျိုးသမီးက ခေါင်းခါလိုက်ပြီး- “အိမ်နီးချင်းနိုင်ငံတွေကို ရောင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ဒါတွေဟာ လက်နက်လုပ်ဖို့ အသုံးပြုနိုင်တဲ့ မဟာဗျူဟာမြောက် ပစ္စည်းတွေဖြစ်တယ်။ ရောင်းလိုက်ရင် ရန်သူကို အကူအညီပေးတာ ဖြစ်သွားနိုင်တယ်၊ သူက ဘယ်တော့မှ အဲလိုလုပ်မှာမဟုတ်ဘူး!”
“ဒါဆိုရင် တခြား မျိုးနွယ်စုကြီးတွေကို ရောင်းတာကရော?” ယောင်ယောင်က ထပ်မေးလိုက်သည်။
ထိုလှပသော အမျိုးသမီးက ထပ်၍ ခေါင်းခါလိုက်ပြီး- “ မျိုးနွယ်စုကြီးတွေကို ရောင်းဖို့ဆိုတာလည်း မဖြစ်နိုင်ပြန်ဘူး! ဘာလို့လဲဆိုတော့ ဒီမိသားစုတွေနဲ့ မျိုးနွယ်စုတွေက နောက်ကွယ်မှာ မင်းဆက်တွေနဲ့ အင်ပါယာတွေလို တခြားသော နိုင်ငံတစ်ခုခုကို မှီခိုနေရလို့ပဲ။ သူတို့ ကိုယ်ပိုင်အနေနဲ့ လက်နက်တွေ ထုတ်လုပ်တာက ပုန်ကန်ဖို့ ကြံစည်တာဖြစ်ပြီး သေဒဏ်ထိုက်တဲ့ ရာဇဝတ်မှုပဲ!”
“အကယ်၍ အဲ့ဒီမိသားစုတွေကသာ ဒါကို ဆက်လက်ပြီး ဝယ်ယူနေမယ်ဆိုရင် သူတို့ဟာ နောက်ကွယ်က နိုင်ငံတော်ကို ကိုယ်စားပြုပြီး လုပ်ဆောင်နေတာဖြစ်နိုင်ပြီး၊ ဒါဟာ တခြားနိုင်ငံတွေကို သွယ်ဝိုက်ရောင်းချတာနဲ့ တူတူပဲ။ ဒါဟာ ရန်သူကို အကူအညီပေးတဲ့ လုပ်ရပ်ပဲ!”
“သာမန် မြစ်ချောင်းနဲ့ ရေကန်တွေ ( သိုင်းလောက) လို နေရာမျိုးက အင်အားစုတွေကလည်း ဒီလောက်များပြားတဲ့ တွင်းထွက်သတ္တုတွေကို သုံးစွဲနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူက သူ့ရဲ့ တွင်းထွက်သတ္တုတွေကို ဆရာမတို့ဆီပဲ ရောင်းချနိုင်ပြီး၊ ယောင်ယောင်က စျေးနှုန်းကို လုံးဝလျှော့ချပြီး ဝယ်ယူနိုင်တယ်။ စျေးနှုန်းရဲ့ ၃၀% အထိ ဖိချလိုက်ရင်တောင် သူက နှာခေါင်းပိတ်ပြီး လက်ခံရဦးမှာပဲ!”
ယောင်ယောင်သည် အံ့အားသင့်သွားပြီး- “အမ်? တကယ်ပဲ အဲလိုလုပ်လို့ရတာလား?”
“ဒါ့အပြင် ယောင်ယောင်ပြောတဲ့ အတိုင်းဆိုရင် အဲ့ဒီဘက်က တွင်းထွက် သယံဇာတတွေက အခြေခံအားဖြင့် အတူတကွ စုစည်းနေပြီး၊ အားလုံးနီးပါးက မြေပေါ်ကနေ တူးဖော်ရတာဖြစ်ပြီး၊ မြို့တော်နဲ့လည်း နီးတဲ့အတွက် ကုန်ကျစရိတ်က သိသိသာသာ လျော့ကျသွားပြီ! ဥပမာ- သံပဲဖြစ်ဖြစ်၊ ကြေးနီပဲဖြစ်ဖြစ် သတ္တုရည်ကျိုဖို့အတွက် ကျောက်မီးသွေး လိုအပ်တယ်၊ ဒါပေမဲ့ ကျောက်မီးသွေးတွင်းကလည်း ဘေးချင်းကပ်လျက်မှာ ရှိနေတယ်လေ။ ဒါက ဘယ်လောက်တောင်မှ ပိုက်ဆံချွေတာလိုက်သလဲ?”
“သူ့ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်က အနည်းဆုံး ၅၀% လျော့ကျသွားရမယ်လို့ ဆရာ ခန့်မှန်းမိတယ်”
“ကုန်ကျစရိတ်က ၅၀% လျော့ကျသွားပေမဲ့ သူက သမီးကို ပေါက်စျေးနဲ့ ရောင်းနေတာ! ဆန်စပါးနဲ့ လဲလှယ်တဲ့အတွက် သမီးက ၃၀% သက်သာသွားပေမဲ့ သူကတော့ အမြတ်ကောင်းကောင်း ရနေတုန်းပဲ! ပြီးတော့ သမီးက အဲဒီကို စပါးနဲ့ ပစ္စည်းအမြောက်အမြားကို သယ်ယူရအုံးမယ်၊ ဒါက မလွဲမသွေ ကုန်ကျစရိတ်ကို တိုးစေပြီးတော့ ယောင်ယောင်က သိပ်အများကြီး မြတ်တော့မှာ မဟုတ်ဘူး!”
“နောက်ဆုံးမှာ တကယ်တမ်း ဘယ်သူက ပိုပြီး အမြတ်များသွားတာလဲ?”
ယောင်ယောင် ဒေါသထွက်သွားခဲ့သည်- “သေစမ်း! အဲဒီ မိုက်မဲလှတဲ့ ဧကရာဇ်ရဲ့ လှည့်စားတာကို ကျွန်မ ထပ်ခံလိုက်ရပြန်ပြီ! ပိုဆိုးတာက ကျွန်မက သူ့ကို နန်းတွင်း အစေခံတစ်ယောက်လို နှိပ်နယ်ပေးခဲ့ရသေးတယ်! ခွေးကောင်!”
အလွန်တရာ လှပသော အမျိုးသမီးသည် မရယ်ဘဲ မနေနိုင်တော့ဘဲ အသံတိုးတိုးလေး ရယ်မောလိုက်သည်။
သူမရဲ့ တပည့်မလေးဟာ အတော်လေး ခေါင်းမာပြီး စိတ်ထင်ရာ လုပ်တတ်သူ ဖြစ်သည်၊ ထက်မြက်ပြီး လျင်မြန်ဖြတ်လတ်သူ ဖြစ်ကာ လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့သူ မဟုတ်ပေ!
သို့သော်လည်း သူမသည် ထိုမိုက်မဲလှတဲ့ ဧကရာဇ်ရဲ့ လှည့်စားခြင်းကို တစ်ကြိမ်တည်းမဟုတ်ဘဲ နှစ်ကြိမ်တိုင်တိုင် ခံလိုက်ရသည်။
ဟားဟား၊ ဒါဟာ တကယ်ကို ရယ်စရာ ကောင်းလွန်းလှသည်!
သူမရဲ့ စိတ်ထဲမှာ လင်းပိုင်ဖန်ကို ပိုလို့တောင် သိချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
သူဟာ အပြင်လောကရဲ့ ကောလဟာလတွေလို တကယ်ပဲ မိုက်မဲလှတဲ့ ဧကရာဇ်လား?
သူက သိသိသာသာကြီးကို ထက်မြက်နေတာပဲ!
ဒါ့အပြင် သူ နန်းတက်ပြီးကတည်းက မိုက်မဲလှတဲ့ ဆုံးဖြတ်ချက်တွေ အများကြီး ချခဲ့ပေမဲ့ သူ အဲဒါတွေအတွက် ဘယ်တုန်းကမှ ဒုက္ခရောက်ခဲ့ပုံ မရဘူး!
ပိုပြီးရှုပ်ထွေးတာကတော့ သူ့ကံဟာ သာမန်ထက်ကို ကောင်းနေပုံရတယ်!
သူက သံသတ္တုတွင်းတစ်ခုနဲ့ မိုနိုင်ငံရဲ့ အလှဆုံးအမျိုးသမီးကို လဲလှယ်လိုက်ရုံပဲရှိသေးတယ်၊ ပြီးတော့ အဲဒီတွင်းမှာ မြေပြိုမှုဖြစ်ပြီး မို နိုင်ငံရဲ့ စစ်သည် ၂၀၀,၀၀၀က မြေအောက်ထဲ မြှုပ်နှံခံလိုက်ရတယ်။
စစ်တပ်နှစ်ခု တိုက်ပွဲဖြစ်နေစဉ်မှာလည်း ငလျင်လှုပ်ပြီး မို နိုင်ငံရဲ့ တပ်ဖွဲ့တွေကို ထပ်မံပြီး မြှုပ်နှံပစ်လိုက်ပြန်တယ်။
ဒါ့အပြင် ဒီငလျင်ကြောင့် တန်ဖိုးရှိတဲ့ တွင်းထွက်သယံဇာတ အများအပြားက ထွက်ပေါ်လာခဲ့ပြီး သူ့ကို ချမ်းသာစေခဲ့တယ်။
ဒီလိုအခြေအနေမျိုးကို သဘာဝလွန် ပညာရပ်တွေနဲ့တောင် ရှင်းပြလို့ မရနိုင်ဘူး!
တကယ်ကို မယုံနိုင်စရာပဲ!!!
“ယောင်ယောင်၊ အရမ်းလည်း ဒေါသ မထွက်ပါနဲ့၊ အမှန်တကယ်တော့ သမီးမှာလည်း အရှုံးမရှိဘူး၊ အများကြီး မမြတ်လိုက်ရတာပဲ ရှိတာ! ဟိုဘက်က အရောင်းအဝယ်ပမာဏက ကြီးမားတဲ့အတွက် ဆရာတို့ အမြတ်ရနိုင်ပါသေးတယ်။ ပိုပြီး တောက်ပလာမယ့် အနာဂတ်ကို ကြည့်ရမယ်” ဟု အလွန်လှပသော အမျိုးသမီးက အကြံပေးလိုက်သည်။
ယောင်ယောင်က သက်ပြင်းချလိုက်ပြီး “ဆရာ၊ ဆရာပြောတာလည်း မှန်ပါတယ်။ ကျွန်မတို့ အမြတ်တော့ ရခဲ့ပါတယ်၊ သိပ်မများတာပဲ ရှိတာ။ သူက နန်းတက်တာ မကြာသေးတဲ့ ငယ်ရွယ်တဲ့ ဧကရာဇ် တစ်ပါးဆိုတော့ တိုင်းပြည်ကို ထောက်ပံ့ဖို့ သူ့အတွက်လည်း မလွယ်ကူနေဘူး။ သူ့ကို ကူညီတယ်လို့ပဲ သဘောထားလိုက်ပါမယ်!”
“အဲဒါပေါ့!”
အလွန်လှပသော အမျိုးသမီးက ရယ်မောရင်း- “ဆိုရိုးစကားရှိတယ်လေ၊ ဖြောင့်မတ်သူက အကူအညီများစွာ ရရှိလိမ့်မည်၊ မဖြောင့်မတ်သူမှာ ထောက်ပံ့မှု နည်းလိမ့်မည်တဲ့။ ဆရာမတို့ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲပြီး မိတ်ဆွေ များများဖွဲ့ရမယ်။ မဟုတ်ရင် ဆရာမတို့ရဲ့ မြင့်မြတ်သော ဂိုဏ်းက ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာနိုင်တော့မှာလဲ? အဲဒီ လင်းပိုင်ဖန်က ကောလဟာလတွေထဲကလို မိုက်မဲတဲ့ပုံ မပေါ်ဘူး၊ ဒါကြောင့် သမီးသူ့ကို ပိုပြီး အနီးကပ်ကြည့်ရှု့ပြီး ဆရာမတို့ရဲ့ မြင့်မြတ်သော ဂိုဏ်းအတွက် အသုံးဝင်မလားဆိုတာ ကြည့်သင့်တယ်!”
“ဟုတ်ကဲ့ပါ!” ယောင်ယောင်က ခေါင်းညိတ်သည်။
“ဟုတ်သားပဲ။ သူပြောခဲ့တဲ့ စီးပွားရေးကို လည်ပတ်စေတဲ့ အင်ဂျင်သုံးခုရဲ့ သီအိုရီနဲ့ ငွေကြေးသီအိုရီကို ယောင်ယောင် ထပ်ပြီး ပြောပြပေးလို့ရမလား?”
ယောင်ယောင်က အံ့အားသင့်သွားပြီး- “ဆရာ၊ အဲဒါကို တကယ်နားလည်တာလား?”
အလွန်လှပသော အမျိုးသမီးက ခေါင်းညိတ်သည်- “တကယ်ပဲ၊ ဆရာ အဲဒါကနေ စိတ်ကူးစိတ်သန်းတွေ ရခဲ့တယ်၊ ဒါကြောင့် တစ်ခေါက်လောက် ထပ်နားထောင်ချင်လို့!”
“ကောင်းပါပြီ၊ ဒါဆို ကျွန်မ ရှင်းပြပါ့မယ်!”